← Chapters

လက်တွဲတိုက်ခိုက်ခြင်း

Vol. 167 Ch. 2378

လက်တွဲတိုက်ခိုက်ခြင်း

Vol. 167 Ch. 2378

ရီဖူရှင်းနှင့် ဟွာဂျီယူတို့သည် အချင်းချင်း ပူးပေါင်းဆက်နွယ်သွားသည်။ တစ်ယောက်သည် ထိုင်လျှက် ကု့ချင်းတီးိနေပြီး နောက်တစ်ယောက်က ရပ်နေသည်။ နတ်အလင်းများ သူတို့ကို ရစ်ပတ်ထားသည်တွင် အရာအားလုံးမှာ တစ်ပေါင်းတစည်းတည်း ဖြစ်သွား၏။ သူတို့၏စိတ်မှာ ပေါင်းစည်းသွားကာ ဝိညာဉ်စွမ်းအားများမှာလည်း ဆက်နွယ်နေ၏။

မဟာအင်ပါယာရှန့်ယင်သည် အောက်မော့ခြင်းကောင်းကင်တေးသွားဖြင့် နာမည်ကျော်ကြားစဉ်က သူ၏ခေတ်အခါ၌ အတော်ဆုံး ဂီတပညာရှင်အဖြစ် လူသိများသည်။ သူ၏ဂီတအဆင့်အတန်းကို ခန့်မှန်းနိုင်၏။ သူသည် မရေတွက်နိုင်သော ကု့ချင်းတေးသွားများကို ဖန်တီးခဲ့ကာ ထိုတေးသွားတစ်ခုစီသည် အကောင်းဆုံးလက်ရာများလည်း ဖြစ်သည်။ ၎င်းတို့က ကောင်းကင်တေးသွား အဆင့်အတန်း၌ ရှိကြသည်။

သို့သော်လည်း အောက်မေ့ခြင်းကောင်းကင်တေးသွားကား အလွန်ထူးခြားလှသည်။ ထိုတေးသွားကို တီးခတ်လှှင် တစ်လောကလုံးမှာ အောက်မေ့ပူဆွေးခြင်းကို ခံစားကြရ၏။ ထို့ကြောင့်ပင် ကောင်းကင်တေးသွားဟု သမုတ်ကြရသည်။

ယခု အောက်မေ့ခြင်းတေးသွားကို နောက်ခံထား၍ ရီဖူရှင်းသည် နောက်ထပ်တေးသွားတစ်ခုဖြစ်သော ‘နှစ်လုံးသားများ တစ်ပေါင်းစည်းတည်း’ ကို တီးခတ်သည်။

စွန့်ပစ်ခံကလန်၌ ရီဖူရှင်း တီးခတ်ခဲ့သော တေးသွားသည် ကျောက်ဆောင်ဝင်္ကပါအား ဆင့်ကဲပြောင်းလဲစေပြီးနောက်တွင် ရီဖူရှင်း၌ အတွေးစိတ်ကူးတချို့ ရှိနေခဲ့သည်။ အမှန်တကယ်အားဖြင့် ထိုတေးသွားသည် ‘နှလုံးသားများ တစ်ပေါင်းစည်းတည်း’ ဖြစ်လာရင် အခြေခံကျ၏။

ထိုကု့ချင်းတေးသွားသည် မဟာအင်ပါယာရှန့်ယင်က သူ၏လက်တွဲဖော်နှင့် အတူတူ ချစ်ခင်စုံမက်စွာ ကျင့်ကြံရင်း ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ သူတို့သည် အရာအားလုံးကို မျှဝေခံစားကာ အခက်အခဲများနှင့် ပျော်စရာများကို အတူတူ ရင်ဆိုင်ခဲ့ကြသည်။ သူတို့၏အချစ်မှာ နက်ရှိုင်းလွန်းကာ စစ်မှန်သော အချစ်အား ကိုယ်စားပြုရင်း နောက်ဆုံးတွင် အောက်မေ့ခြင်းတေးသွားကို ဖန်တီးနိုင်ခဲ့သည်။

ချက်ချင်းပင် ပိုမိုအားကောင်းသော တေးသံများ ထွက်ပေါ်လာခဲ့ပြီး ရီဖူရှင်းထံမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားမှာလည်း ပိုမိုအားကောင်းလာသည်။ သူ့ထံမှ ထွက်ပေါ်လာသော တီးလုံးတိုင်းမှာ နက်ရှိုင်းသော အနုပညာရသသိများ ပါဝင်လာသည်။

ကောင်းကင်ဒေသမှ တန်ခိုးရှင်များဖြစ်စေ၊ ထိပ်သီးရန်ဟောင်လေးဦးဖြစ်စေ သူတို့အားလုံးက ကု့ချင်းတေးသွား ပိုမိုအားကောင်းလာသည်ကို ခံစားမိကြ၏။

ဤသည်က မည်သို့သော စွမ်းအားနည်း။

ချိပ်ပိတ်ထားသော လေဟာနယ်ထဲမှ ဖြစ်ပျက်နေသည်များအား ခံစားမိသည်တွင် ဝမ်မြန်၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ရီဖူရှင်းသည် တခြားလူတစ်ယောက်၏ကျင့်ကြံခြင်းအား ငှားယူသုံးစွဲနိုင်သည်။ သူက ထိုသို့သော နည်းစနစ်ကို ကြားဖူးသော်လည်း ၎င်းသည် အလွန်ရှားပါးကာ အပြင်တွင် အမှန်တကယ် ရှိမှန်းပင် သူက သိပ်မသေချာ။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ပေါင်းစပ်ခြင်းအတွက် ပေးဆပ်ရသည်များလည်း ရှိပေသည်။ ရီဖူရှင်းက ဟွာဂျီယူ၏စိတ်စွမ်းအားကို ခံနိုင်ရန်လိုကာ ဟွာဂျီယူကလည်း ရီဖူရှင်းအပေါ် လုံးဝဥသုံ ယုံကြည်မှုရှိပြီး အရာအားလုံးကို ဖွင့်ပေးထားရန် လိုသည်။ ဤသည်က သူမသည် ရီဖူရှင်းအပေါ် အသက်အား ပုံအပ်ထားသည်နှင့် အတူတူဖြစ်သည်။

တခြားလူတစ်ယောက်က ဤနည်းစနစ်အား တတ်ကျွမ်းလျှင်ပင် အသုံးပြုရန် မဖြစ်နိုင်သလောက် ဖြစ်သည်။

“ငါ သိပြီ။ ဒါက ဂျီယူရဲ့ ကျင့်ကြံနည်းစနစ်ပဲ” ဟွာဂျီယူ၏စိတ်နယ်ပယ်ကို မြင်သောအခါ ရီဖူရှင်းက ဝမ်းသာစွာ ရေရွက်မိသည်။ ဂျီယူသည် ကောင်းကင်ဒေသ၌ ကြီးမားသော အခွင့်အလမ်းတချို့အား ဆုပ်ကိုင်နိုင်ခဲ့သည်။

ကု့ချင်းသံသည် ကောင်းကင်နှင့်မြေပြင်အကြား ပျံ့လွင့်သည်တွင် ချိပ်စည်းပိုင်နက်သည် ရီဖူရှင်း၏ထိန်းချုပ်မှုအောက်သုံး လုံးဝ ကျဆင်းသွားပြီ ဖြစ်သည်။

ရွှေရောင်လှံချွန်များသည် အောက်သို့ အဆက်မပြတ် ကျဆင်းလာ၏။ သို့သော်လည်း ရီဖူရှင်းက ကု့ချင်းကြိုးများကို တစ်ချက်တီးခတ်လိုက်သည်နှင့် ထိုလှံများမှာ  အစိတ်စိတ်အပိုင်းပိုင်း ကြေပျက်သွားကြသည်။

နတ်တံတိုင်းတွင် လက်ဝါးကပ်ထားလျှက်ပင် ဝမ်မြန်သည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်နေ၏။ သူက ဖြစ်ပျက်နေသည်များအား မြင်သည်။ ရီဖူရှင်းတို့နှစ်ဦးမှာ အချင်းချင်း ပေါင်းစပ်သွားပြီ ဖြစ်သည်။

ကု့ချင်းတီးလုံးတစ်ချက်မျှဖြင့် သူ့တိုက်ခိုက်မှုများအားလုံးမှာ ကြေပျက်သွားရသည်။ လူနှစ်ဦး၏ပေါင်းစပ်စိတ်စွမ်းအားသည်သာ ထိုသို့ စွမ်းရည် ရှိသည်။

နတ်တံတိုင်းများမှ ရောင်ဝါများ အဆက်မပြတ် ထွက်ပေါ်နေသည်။ အလင်းစီးကြောင်းများသည် စက်သွားအသွင်ဖြင့် အဆက်မပြတ်် လည်ပတ်ကြသော်လည်း ကု့ချင်းတီးလုံးအောက်တွင် တဖြေးဖြေး ပြိုကွဲပျက်စီးလာကြသည်။ နောက်ဆုံးတွင် တစ်ဝုန်းဝုန်းမြည်သံဖြင့် နတ်တံတိုင်းများအားလုံး ပေါက်ကွဲပျက်စီးသွားတော့သည်။

ရီဖူရှင်း၊ ဟွာဂျီယူနှင့် ယူချင်းတို့သည် တန်ခိုးရှင်တို့ရှေ့၌ တဖန် ထွက်ပေါ်လာ၏။ သို့သော်လည်း ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏အရှိန်အဝါမှာ ယခင်လို မဟုတ်တော့။ သူတို့နှစ်ဦးထံတွင် လွှမ်းခြုံနေသော နတ်အလင်းများသည် အလွန်အားကောင်းကာ နတ်ဖက်သော စုံတွဲအလား ထင်မှတ်ရ၏။

“မဆိုးဘူး…” ဝမ်မြန်က ပြောသည်။ သူက အရှိန်အဝါများအားထုတ်ဖော်လျှက် ရှေ့ကို တက်သွားသည်။ သူ၏အမူအရာက ပိုမိုလေးနက်လာ၏။ သို့သော်လည်း ကု့ချင်း၏လွှမ်းမိုးမှုအောက်တွင် သူ့စိတ်မှာ မတည်မငြိမ် ဖြစ်လာသည်။ သူသည်ထင်ယောင်ထင်မှား ပုံရိပ်များနှင့်အတူ စိတ်နှလုံးမှာလည်း ကြီးစွာသော ဝမ်းနည်းပူဆွေးမှုကို ခံစားလာရ၏။

တခြားသော တန်ခိုးရှင်သုံးဦးမှာလည်း ထိုနည်းတူ ခံစားလာရသည်။ အဆုံးမဲ့သော ကောင်းကင်၌ တေးသွားသည် အဆက်မပြတ် လွင့်မြောနေကြကာ မမြင်ရသော ဂီတမုန်တိုင်းအသွင်ဆောင်လာသည်။ ၎င်းတို့သည် သူတို့၏စိတ်နယ်ပယ်သို့ အဆက်မပြတ် ကျူးကျော်တိုက်ခိုက်နေကြသည်။

“အချိန်ကျပြီ” ဝမ်မြန်က ပြောသည်။ ဟွားကျွင်းမော့၊ ဖေးရှန့်နှင့် ကျန်းချင်းဖုန်းတို့ကလည်း ခေါင်းညိတ်သည်။ သူတို့က ရီဖူရှင်းကို ပြိုင်တူ ကြည့်လိုက်ကြသည်။ သူတို့အားလုံးထံမှ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

ထိုအခိုက်တွင် အဆင့်ကိုးရန်ဟောင်လေးဦးသည် အမှန်တကယ် အလေးအနက်ထား တိုက်ခိုက်ကြတော့မည် ဖြစ်သည်။ သည်မတိုင်ခင်က သူတို့သည် ပြိုင်ဘက်အား လျှော့တွက်ခဲ့ကြ၏။ သို့သော် ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ပေါင်းစပ်မှုတွင် သူတို့က အန္တရာယ်၏အငွေ့အသက်အား ခံစားလာရသည်။

မဟာလမ်းစဉ်၏အသံများပေးကာ ဟွားကျွင်းမော့၏နောက်၌ ရှေးနတ်ဘုရားပုံရိပ်တစ်ခု ပေါ်လာသည်။ အရှင်ဟောင်ထျန်းကိုယ်ပိုင် လောကကြီးသို့ ဆင်းသက်လာသည့်အလား သူသည် ကောင်းကင်၌ ထည်ဝါခန့်ညားစွာ ရပ်နေသည်။

ဟွားကျွင်းမော့က လက်ဆန့်တန်းလိုက်သည်တွင် အရှင်ဟောင်ထျန်းကလည်း ထိုနည်းတူ ပြုမူပြီး လက်ထဲ၌ ဟောင်ထျန်းချိပ်စည်းတစ်ခု စတင်ဖွဲ့စည်းဖြစ်ပေါ်လာသည်။ ၎င်းချိပ်စည်းမှ အလင်းများသည် ခပ်သိမ်းသော လေဟာနယ်တို့အား ပိတ်ဆို့ထား၏။

အတွေးတစ်ချက်မျှဖြင့် ဖေးရှန့်သည် ထိုနေရာတစ်ခုလုံးကို ပုံရိပ်ယောင်များဖြင့် ပြည့်နှက်စေသည်။ သူ၏အစစ်အမှန်ခန္ဓာက လက်ဝေ့ယမ်းသည်တွင် ၎င်းပုံရိပ်များသည် နတ်ဓားများကို ဝှေ့ယမ်းလျှက် ရီဖူရှင်းတို့ထံသို့ တိုးဝင်လာကြသည်။

ကျန်းချင်းဖုန်းက ခြေဆောင့်လိုက်သည်တွင် လေထဲသို့ တိုက်ရိုက်ရောက်သွားပြီး ကြောက်မက်ဖွယ် လေဟာနယ်မုန်တိုင်းအား ဆင့်ခေါ်ကာ ပတ်ဝန်းကျင်ကို ဝရုန်းသုန်းကား ဖြစ်စေသည်။

ဝမ်မြန်၏နောက်တွင်ကား ထူးဆန်းသော ရွှေရောင်စက်သွားတစ်ခု ပေါ်လာသည်။ ၎င်းသည် အဆက်မပြတ် လည်နေပြီး ဧရာမကြီးထွားလာခဲ့ကာ နေမင်းကိုပင် ပိတ်ဆို့သွားသည်။ တဝုန်းဝုန်းမြည်သံများပေးကာ ၎င်းသည် မဟာလမ်းစဉ်စွမ်းအားများအားလုံးကို စုပ်ယူဝါးမျို၏။ မရေမတွက်နိုင်သော နတ်အလင်းတန်းများ ထွက်လာပြီး ထိုနေရာအား ကမ္ဘာပျက်ကဒ်အလား တိုက်ခိုက်ဖျက်ဆီး၏။

ဝုန်း… ဝုန်း… ဝုန်း…

ကြောက်မက်ဖွယ်ဆူညံသံများ ထွက်လာသည်။ မုန်တိုင်းများ၊ လှံသွားများနှင့် အဆက်မပြတ်သော တိုက်ခိုက်မှုများ ကျဆင်းလာသည်တွင် အရာအားလုံးမှာ ပျက်စီးတော့မည့်အား ထင်မှတ်လာရ၏။

All Chapters