← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 167 Ch. 2380

နောက်ဆုံးတိုက်ပွဲ

Vol. 167 Ch. 2380

တိုက်ပွဲနေရာတွင် ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်လာသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ပူးပေါင်းမှုတွင် တိုက်ပွဲသည် ဘက်မျှသွားဟန်ရသည်။ ယူချင်းက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရသေးသော်လည်း ထိုတန်ခိုးရှင်လေးဦးမှာ ပြဿနာတက်နေပြီ ဖြစ်သည်။

သူတို့မှာ အရှက်ရဖွယ်အခြေအနေသို့ ရောက်နေသည်ကို လက်ခံရန် ခက်ခဲလှ၏။ သူတို့မှာ တစ်ဘက်ပြိုင်ဘက်၏ခံစစ်ကို မချိုးဖျက်နိုင်သလို ကု့ချင်းသံမှာလည်း သူတို့၏တိုက်ခိုက်ရေးစွမ်းအားအပေါ် ယုတ်လျော့လာစေသည်။

ရီဖူရှင်း၏ကု့ချင်းသံစဉ်က သူတို့အား မသက်ရောက်ခြင်းမှာ သူ၏ကျင့်ကြံဆင့်နိမ့်ပါး၍သာ ဖြစ်သည်။ ယခု ဟွာဂျီယူက ရီဖူရှင်း၏စိတ်ဖြင့် ကု့ချင်းကို တီးခတ်သည်တွင် ပတ်ဝန်းကျင်သည် တခဏအတွင်း ပြောင်းလဲသွားပြီး အဆုံးမဲ့သော လေဟာနယ်သည် ဝမ်းနည်းကြေကွဲသော အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားသည်။ တိုက်ပွဲကို အဝေးမှ ကြည့်နေသူများသည်ပင် အလွန်အမင်း ဝမ်းနည်းသော ခံစားချက်များ စိတ်နှလုံးထဲ၌ လှိုက်စားလာတော့သည်။

အဆုံးမဲ့သော လေဟာနယ်ထဲ၌ ကု့ချင်းသံသည် ငြိမ့်ညောင်းစွာ စီးဆင်းနေခဲ့ကာ ကောင်းကင်အာဏာစက်မြို့တော်သို့အထိ လွှမ်းမိုးလာခဲ့သည်။ တေးသံမှာ မြို့သို့ရောက်သောအခါ သိသိသာသာအားနည်းသွားပြီ ဖြစ်သော်လည်း မရေမတွက်နိုင်သော တန်ခိုးရှင်များကို အကြီးအကျယ် ဝမ်းနည်းစေပြီး တချို့မှာ ထိန်းချုပ်မရတော့ဘဲ ငိုချင်းချကြရသည်။

တိုက်ပွဲအလယ်၌ ထိပ်သီးရန်ဟောင်လေးဦးသည် ကု့ချင်းသံစဉ်၏ကြီးမားသော ဖိအားအောက်၌ ရောက်နေပြီ ဖြစ်သည်။ သည်မတိုင်ခင် ရီဖူရှင်း၏တိုက်ခိုက်မှုကြောင့် သူတို့၏စိတ်နှလုံးမှာ အနည်းနှင့်အများ မတည်မငြိမ် ဖြစ်နေပြီ ဖြစ်သည်။ ယခု သူတို့၏စိတ်ထဲ၌ မြုတ်ကွယ်နေသော မှတ်ဉာဏ်များနှင့် ပုံရိပ်များသည် တရိပ်ရိပ်ပေါ်လာခဲ့ကာ စိတ်ခံစားချက်များ ရှုပ်ထွေးလာကြ၏။

သူတို့၏စိတ်နှလုံးအတွင်းဆုံးမှနေ၍ ဝမ်းနည်းခြင်းအမြစ်သည် စတင်ခြေကုပ်ယူကာ အားကောင်းစွာဖြင့် အသွေးအသား၊ စိတ်နှလုံးတို့ထံသို့ ပျံ့နှံ့လာ၏။ သူတို့သည် အတိတ်မှ မေ့ပျောက်ထားခဲ့သော မှတ်ဉာဏ်များကို ပြန်အမှတ်ရလာသည်။

သူတို့က ကောင်းကင်နှင့် မြေပြင်အကြားမှ မဟာလမ်းစဉ်စွမ်းအားကို အာရုံခံစားနိုင်စွမ်းမှာလည်း တဖြေးဖြေးအားနည်းလာနေသည်ကို ခံစားမိကြ၏။

ရီဖူရှင်းသည် ထိုတန်ခိုးရှင်များ ဖြစ်ပေါ်နေသော အပြောင်းအလဲများကို သိမြင်သည်။ အောက်မေ့ခြင်းတေးသွားသည် မည်မျှ အားကောင်းသည်ကို သူ သိနားလည်၏။ ၎င်းစွမ်းအားသည် ပုံသဏ္ဌာန်မဲ့ကာ ဖျက်ဆီးခြင်းစွမ်းအားမှာ တိုက်ရိုက်အားဖြင့် မဟုတ်သော်လည်း ဟွာဂျီယူ၏စိတ်စွမ်းအားတို့ဖြင့် ပေါင်းစပ်ပါက အရာအားလုံးကို ထိန်းချုပ်ရန်မှာ အချိန်တစ်ခုသာ လိုအပ်ပေသည်။

ရီဖူရှင်းက သဏ္ဌာန်မဲ့ကြိုးများကို အဆက်မပြတ် ထိခိုက်လိုက်သည်တွင် ၎င်းသည် နားထောင်သူများ၏စိတ်နှလုံးများကို အဆက်မပြတ် လှုပ်ခါစေသည်။ ၎င်းသည် သူတို့အား ဒဏ်ရာမရစေနိုင်သော်လည်း သူတို့၏စိတ်ဒဏ်ရာများကို အဆက်မပြတ် ဖိအားပေးနေပြီး နောက်ဆုံး မဟန်နိုင်တော့ဘဲ ပြိုလဲပေလိမ့်မည်။

သူတို့ရှေ့ကို လှမ်းတက်လိုက်သည်တွင် ပိုမိုအားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ နတ်အလင်းများအောက်တွင် အရှင်ဟောင်ထျန်း၏အရိပ်သည် တဖန် ဖိအားပေးလာပြီး ဟောင်ထျန်းမုဒြာအား ထုတ်လွှတ်သည်။ သို့တိုင်အောင် ကောင်းကင်ဒေသမှ လူများသည် တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားမိကြ၏။

“ဟွားကျွင်းမော့ ကြည့်ရတာ တစ်ခုခုမှားနေပုံပဲ” တစ်ယောက်က တီးတိုးပြောသည်။

“အင်း… အောက်မေ့ခြင်းတေးသွားကနေ လွတ်မြောက်ဖို့က ဒီအနေအထားမှာ မလွယ်ကူဘူး။ သူ ထုတ်လွှတ်တဲ့ ဟောင်ထျန်းမုဒြာက ဘာအရှိန်အဟုန်မှ မပါဘူး” ထိပ်သီးတန်ခိုးရှင်များက ပြောသည်။

ရီဖူရှင်း၏အမူအရာက ပြောင်းလဲခြင်း မရှိချေ။ သူက ကြိုးများကို ထိခတ်လိုက်သည်တွင် များစွာသော ဓားဝိညာဉ်အားများ စုစည်းလာပြီး နတ်ဓားများအဖြစ် အသွင်ပြောင်းကာ မုဒြာအား ဖျက်ဆီးကြ၏။ တစ်ဝုန်းဝုန်းပေါက်ကွဲသံများအပြီး မုဒြာမှာ အစအနမကျန်အောင် ပျက်စီးသွားရသည်။

ဟွာဂျီယူနှင့် ယူချင်းတို့၏ပူးပေါင်းတိုက်ခိုက်မှုက ကောင်းကင်ဒေသမှ ထိပ်သီးရန်ဟောင်လေးဦးအား အရေးနိမ့်သော အနေအထားသို့ ရောက်လာစေသည်။

“နတ်ကု့ချင်းနဲ့ အောက်မေ့ခြင်းတေးသွား တို့ပေါင်းစပ်တာ အရမ်းအားကောင်းတယ်။ ဒီကု့ချင်းကလည်း မဟာအင်ပါယာအမွေအနှစ်ဖြစ်တယ်လေ” ဝမ်မြန်က ပြောသည်။ သူက တခြားလူသုံးယောက်ကို ပြောသည် “ဒါက မင်းတို့ရဲ့ အစွမ်းကုန်ဆိုရင် ငါတို့ မကြာခင် ရှုံးသွားမှာ သေချာတယ်”

ဟွားကျွင်းမော့၊ ဖေးရှန့်နှင့် ကျန်းချင်းဖုန်းတို့မှာ အခြေအနေကို ကောင်းကောင်း နားလည်ကြသည်။ သူတို့က ကု့ချင်းတီးခတ်နေသော စုံတွဲအား ကြည့်၏။ အကယ်၍ တိုက်ပွဲကြောင့်သာ မဟုတ်ပါက မြင်ကွင်းမှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။

ဝုန်း…

နတ်အလင်းများ သူတို့အပေါ်သို့ ကျဆင်းလာခဲ့သည်။ သူတို့၏မျက်လုံးထဲတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေ၏။

သူတို့၏ခွန်အားမှာ ဆက်လက်တိုးပွားနေသည်။ သူတို့လေးယောက်၏အရှိန်အဝါမှာ ပိုမိုကြောက်စရာကောင်းလာပြီး ဝိညာဉ်စွမ်းအားမှာလည်း ပိုမိုသန်မာစွာဖြင့် ကု့ချင်းတေးသွားကို ခုခံကြသည်။

“သူတို့က အစစ်အမှန်တိုက်ပွဲမတိုင်ခင် လျှို့ဝှက်နည်းစနစ်တွေကို ထုတ်သုံးတော့မှာလား” တစ်ယောက်က တီးတိုးပြောသည်။

“သူတို့က အဆုံးအဖြတ်တိုက်ပွဲကို မတိုက်ခိုက်ချင်တာ မဟုတ်ဘူး။ ကု့ချင်းတေးသွားအောက်မှာ သူတို့လှုပ်ရှားမှုက အကန့်အသတ်ရှိတယ်။ သူတို့ တိုက်ခိုက်ရင်တောင် တခြားလူရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲ။ မဟာလမ်းစဉ်စွမ်းအားကို ထိန်းချုပ်ရာမှာ အားနည်းသွားတာက သူတို့အတွက် အရမ်းဆိုးဝါးတဲ့အချက်ဖြစ်တယ်။ သူတို့က ရီဖူရှင်းရဲ့ခံစစ်ကို မချိုဖျက်နိုင်ရင်လည်း နောက်ပိုင်းမှာ စိတ်ဓာတ်ပြိုလဲသွားမှာ ကြောက်ရသေးတယ်”

“အချိန်ကြာလေ စွမ်းအားတွေ ယုတ်လျော့လေ အခြေအနေမှာ သူတို့က အစွမ်းကုန်ထုတ်သုံးပြီး တိုက်ခိုက်လိုက်တာက ပိုပြီး မှန်ကန်တဲ့နည်းလမ်းပဲ” လူအများအပြားက အခြေအနေကို မြင်ကြသည်။ သူတို့လေးယောက်က လက်ရှိအခြေအနေတွင် အချိန်ဆွဲတိုက်ခိုက်ပါက တဖြေးဖြေး သူတို့၏ခွန်အားများ ယုတ်လျော့ကာ အရှုံးနှင့်ရင်ဆိုင်ရပေလိမ့်မည်။

ဟွားကျွင်းမော့သည် နတ်အလင်းများအောက်တွင် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ သူက လေထဲကို ဖျတ်ခနဲ ပျံတက်သွားကာ နတ်ဘုရားတစ်ပါး၏ပုံရိပ်သည်လည်း လေထဲ ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင် သူကိုယ်တိုင်က နတ်ဘုရားတစ်ပါးအလား အသွင်ပြောင်းသွား၏။ သူသည် ဟောင်ထျန်းအရှင်၏ကိုယ်ပွားအလား ကမ္ဘာမြေသို့ ဆင်းသက်လာခဲ့သည်။

မကြခင် ဖေးရှန့်နှင့် ကျန်းချင်းဖုန်းတို့ကလည်း အသွင်ပြောင်းလိုက်ကာ နတ်ဘုရားများကဲ့သို့ ဖြစ်လာသည်။

ဝမ်မြန်သည် လေထဲသို့ ပျံတက်သွား၏။ နတ်အလင်းများသည် အဆုံးမဲ့သော လေဟာနယ်ထဲ ဖုံးလွှမ်းနေသည်။ သူ့ခန္ဓာမှ ထွက်လာသော အလင်းများသည် ကောင်းကင်နှင့်မြေပြင်၏စွမ်းအားများအား ဝါးမျိုဟန်ရ၏။ သူက လက်ဝှေ့ယမ်းလိုက်သည်တွင် သူ့လက်အတွင်း၌ စူးရှသော အလင်းတစ်ခု တောက်လာကာ လှံရှည်တစ်လက် ပေါ်လာသည်။ ၎င်းသည် မဟာလမ်းစဉ်လေဟာနယ်စွမ်းအားမှ ဖန်တီးထားခြင်းဖြစ်ကာ လောက၏အထက်ရှဆုံးလက်နက်ဖြစ်၏။ တချိန်တည်းတွင် ဝမ်မြန်ထံ၌ များစွာသော မုန်တိုင်းစက်ကွင်းများ ပေါ်လာသည်။

ဝုန်း…

ဖျက်ဆီးခြင်းရွှေရောင်အလင်းများ ကျဆင်းလာခဲ့ကာ လေဟာနယ်ထဲ၌ အက်ကြောင်းများ ဖြစ်လာခဲ့သည်။ ဤသည်ကား ပထမထုတ်လွှတ်သည့်စွမ်းအားထက် များစွာ သာလွန်အားကောင်းသည်။

“မဟာအင်ပါယာရှန်ကျားရဲ့ရုပ်ကြွင်းကို ထုတ်ပေးလိုက်မယ်ဆိုရင် နောက်မကျသေးဘူး။ ငါမင်းကို လွှတ်ပေးလိုက်လို့ ရတယ်” ဝမ်မြန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူ၏လေသံက အေးစက်နေ၏။

ရီဖူရှင်းက ပြုံးလျှက် ငေါ့တော့တော့ ပြောသည် “ငါက မင်းအလိုရှိသလို တောင်းတိုင်းပေးရမယ့်လူလား”

တချိန်တည်းတွင် ယူချင်းထံမှ အလွန်အားကောင်းသော နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ့ထံမှ နတ်ဘုရားပစ္စည်းတစ်ခု ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်နတ်ဆိုးဝိညာဉ်စွမ်းအားသည် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

All Chapters