တိကျပြတ်သားသော တိုက်ကွက်
Vol. 167 Ch. 2383
ရီဖူရှင်းက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏ နတ်စွမ်းအားမှ ကူညီထောက်ပံ့မှုနှင့် ကောင်းကင်က နတ်ဝင်္ကပါအစီအရင်အဖြစ် ပြောင်းလဲသွားပေသည်။ မရေတွက်နိုင်သော နတ်အလင်းများက လှိုင်းထလာပြီး ကောင်းကင်အတွင်ရှိ မဟာလမ်းစဥ်စွမ်းအားကို မွမ်းမံကာ နတ်ဝင်္ကပါအစီအရင်အဖြစ် ပြောင်းလဲသွားသည်။
ကျယ်ပြောလှသော အဆုံးမဲ့ လေဟာနယ်အတွင်း နတ်အလင်းတန်းများက အောက်သို့ ထိုးဆင်းလာပြီး ဆူညံသံများကို ကြားလိုက်ရသည်။ အောက်ဘက်တွင် ရှိနေသည့် ကောင်းကင်ဒေသမှ ထိုကျင့်ကြံသူများက လေးနက်သော အမူအရာတို့ ဖြစ်ပေါ်လာကာ သူတို့ပေါ် ကျဆင်းလာသည့် နတ်အလင်းတို့ကို တားဆီးရန် မဟာလမ်းစဥ် ခုခံကာကွယ်ခြင်းစွမ်းအားတို့ ထုတ်လွှတ်လိုက်သည်။
"ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်က ကောင်းကင်အတွင်း မဟာလမ်းစဥ်စွမ်းအားတွေကို မွမ်းမံပြီး နတ်ဝင်္ကပါအဖြစ် ပြောင်းလဲလိုက်တယ်။ အဲဒီစွမ်းအားတွေက ရန်သူတွေအားလုံးကို သတ်ဖြတ်နိုင်အောင် လုံလောက်တယ်။" ကောင်းကင်ဒေသမှ ကျင့်ကြံသူများက တီးတိုး အံ့သြချီးကျူးလိုက်ကြသည်။ ကောင်းကင်မွမ်းမံနတ်ဘုရားပညာရပ်ကို ထျန်းယန်မဟာအင်ပါယာက ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဝင်္ကပါအစီအရင်များ ဖွဲ့စည်းခြင်း၊ လက်နက်ပြုလုပ်ခြင်းနှင့် အခြားသူများအား သတ်ဖြတ်ခြင်းတို့အတွက် အသုံးပြုနိုင်သည်။
လက်နက်အဖြစ်ပြုလုပ်ခြင်းတွင် ၎င်းက အစွမ်းထက်ဆုံးသော ဝင်္ကပါအစီအရင်အား ထုတ်ဖော်နိုင်စွမ်းရှိပြီး သတ်ဖြတ်ခြင်းတွင်လည်း အလွန် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး နည်းစနစ်တို့ကို လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ ဤနတ်ဘုရားနည်းစနစ် လွှမ်းခြုံသွားသည့် နေရာတိုင်း ဖျက်ဆီးခံရပေလိမ့်မည်။
ဒဏ္ဍာရီများအရ ထျန်းယန်မဟာအင်ပါယာသည် သူ၏ အထွတ်အထိပ်၌ ရှိနေစဥ်အခါက ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်ကို ဖန်တီးခဲ့သည်။ ၎င်း၏ စွမ်းအားများသည် တစ်လောကလုံးကို ဖုံးလွှမ်းသွားသည့်တိုင်အောင် လေဟာနယ်တစ်ခုလုံးအား လုံလောက်အောင် လွှမ်းခြုံထားနိုင်ပေသည်။ အတွေးတစ်ချက်နှင့် ထိုနေရာအတွင်းမှ လူတိုင်း သတ်ဖြတ်ခံလိုက်ရနိုင်ပေသည်။ ၎င်း၏ စွမ်းရည်က အစွမ်းထက်လှပေသည်။
သို့သော် ယခုအချိန်၌ ဝမ်မြန်က ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်ကို ထုတ်လွှတ်လိုက်သည်။ ရှင်းလင်းစွာပင် ၎င်း၏ စွမ်းအားတို့သည် ယခင်က မဟာအင်ပါယာထျန်းယန် ထုတ်ဖော်ခဲ့သည့် တစ်စုံတစ်ရာနှင့် ယှဥ်နိုင်လိမ့်မည် မဟုတ်သော်လည်း ၎င်းမှ ထုတ်လွှတ်သော စွမ်းအားတို့က အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်သာ ဖြစ်သည်။ သူက ကောင်းကင်မွမ်းမံနတ်ဘုရားဝင်္ကပါအောက် ရပ်နေခဲ့ပြီး လက်ထဲမှ ရွှေရောင်နတ်လှံအား မြှောက်လိုက်သည်။ ဝင်္ကပါအတွင်း နတ်စွမ်းအားတို့က မြင့်တက်လာပြီး မရေတွက်နိုင်သော နတ်အလင်းတန်းတို့က နတ်စွမ်းအားတို့နှင့်အတူ ကျဆင်းလာပေသည်။
"ကျုပ် မင်းကို ကူညီမယ်။" အသံတစ်ခုက ပြောလိုက်သည်။ ထိုသူမှာ ဝမ်မြန်ကို ကူညီရန်ကမ်းလှမ်းလာသည့် ကျန်းချင်းဖုန်းမှလွဲ၍ အခြားသူမဟုတ်ပေ။
"အင်း" ဝမ်မြန်က ခေါင်းညိတ်လိုက်သည်။ ကောင်းကင်မွမ်းမံနတ်ဘုရားပညာရပ်က ကောင်းကင်မှ မဟာလမ်းစဥ်တို့အား စွမ်းအားတို့ကို မွမ်းမံပြင်ဆင်နိုင်သည်။ ကျန်းချင်းဖုန်းက သူနှင့်အတူ ပူးပေါင်းရန်ဆန္ဒရှိလျှင် သူက စွမ်းအားများကို မွမ်းမံနိုင်ပြီး ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်၏ စွမ်းအားပမာဏကို မြှင့်တင်နိုင်ပေသည်။
"ကျုပ်လည်း ကူညီမယ်။" အခြား တစ်စုံတစ်ယောက်ကလည်း ပြောလိုက်သည်။ ၎င်းက ဖေးရှန့် ဖြစ်၏။ သူက လျှောက်သွားလိုက်ပြီး သူတို့သုံးယောက်က ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားဝင်္ကပါအောက်၌ ရပ်နေခဲ့သည်။ သူတို့နှစ်ယောက်က တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ပြီး သူတို့၏ နတ်စွမ်းအားများက နတ်ဝင်္ကပါအစီအရင်အတွင်းသို့ စီးဆင်းသွားပေသည်။
ချက်ချင်းပင် ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်၏ စွမ်းအားက တစ်ဖန် သိသာစွာ တိုးမြင့်လာပြီ ဖြစ်သည်။ ပို၍ပင် တောက်ပသော နတ်အလင်းများက ကျဆင်းလာပြီး လေဟာနယ်ကို ခုတ်ဖြတ်မည့် ပုံပေါ်ပေသည်။
ထို့ပြင် ကျဆင်းလာနေသည့် နတ်အလင်းတို့က ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားသလို ထင်မှတ်ရပြီး နေရာအနှံ့ ပျံ့နှံ့လာသည်။
"ဒါက..."
လူတိုင်းသည် ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားဝင်္ကပါအတွင်းမှ စွမ်းအားများ မြင့်တက်လာသည်ကို စောင့်ကြည့်နေကြပြီး ကြောက်မက်ဖွယ် စွမ်းအားတို့ ထုတ်လွှတ်လာသည်ကို ခံစားမိပေသည်။ ဝမ်မြန်၊ ဖေးရှန့်နှင့် ကျန်းချင်းဖုန်းတို့က နောက်ဆုံး၌ ပူးပေါင်းသွားခဲ့ပြီ ဖြစ်သည်။ ထိုအင်အားစုသုံးခုမှ ကျင့်ကြံသူတို့က စွမ်းအားများကို အတူတကွ စုစည်းလာစေပြီး ထိုနတ်ဘုရားနည်းစနစ်၏ စွမ်းအားများ တိုးမြင့်လာစေရန် ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်အတွင်း သွန်းလောင်းပေးနေသည်။ လက်ရှိတွင် ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်က ဝမ်မြန်တစ်ယောက်တည်း ဖွဲ့စည်းခဲ့သည့်အချိန်ကထက်ပို၍ အစွမ်းထက်ပေသည်။
ဆူညံသည့်အသံများက အဆုံးမဲ့နတ်အလင်းများ ကျဆင်းကာ ထွက်ပေါ်လာသည်။ ကျယ်ပြောလှသော လေဟာနယ်ကမ္ဘာက သီးခြားဖြစ်သွားခဲ့ပြီး မရေတွက်နိုင်သော အပိုင်းအစများအဖြစ် အပြည့်အဝ ခွဲခြားခံလိုက်ရ၏။
သို့သော် ကျင့်ကြံသူများစွာက လေဟာနယ်အတွင်း ရှိနေခဲ့သည်။ ထိုနေရာ၌ လူမည်မျှများများ ရှိပါစေ သူတို့က ဤတိုက်ခိုက်မှုကို တူညီစွာ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထိုနတ်ဘုရားနည်းစနစ်၏ တိုက်ခိုက်မှုကနေ မည်သူမှ ထွက်ပြေးလွတ်မြောက်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။
ရီဖူရှင်း၊ ယူချင်းနှင့် ဟွားဂျီယူတို့က အောက်ဘက်၌ ရပ်နေခဲ့သည်။ သူတို့က ဤတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူတို့က ထိုအင်အားကို ထိပ်တိုက်ရင်ဆိုင်ရန်သာ တတ်နိုင်ကြပေသည်။
ထျန်းယန်မြို့မှ ကျင့်ကြံသူများသည် ခေါင်းကိုမော့ကာ အထက်ရှိ တိုက်ပွဲမြေပြင်အား မော့ကြည့်လိုက်သည်။ ထိုတိုက်ပွဲတွင် ကောင်းကင်ဒေသက မည်သည့် အင်အားစုမှ မပါဝင်ခဲ့ပေ။ ဗုဒ္ဓနတ်ဘုရားသားတော်နှင့် ဟွားကျွင့်မော့ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားခဲ့သည့်အခါကပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ အဆုံးမှာတော့ ရန်ဟောင်အထွတ်အထိပ်အဆင့်မှ လူများသည် သူတို့ လှုပ်ရှားလိုက်သည်နှင့် မသေသရွေ့ မည်သည့်အကျိုးဆက်ရလဒ်ကိုမဆို ခံနိုင်ရည်ရှိပေလိမ့်မည်။
ထိုတိုက်ပွဲက မည်သည့်ရလဒ်ထွက်ပါစေ လူတိုင်းအတွက် အလွန် ရှားပါးသော တိုက်ပွဲတစ်ခု ဖြစ်ပေသည်။
ကောင်းကင်မွမ်းမံနတ်ဘုရားပညာရပ် စွမ်းအားဖြင့် ဝန်းရံခံရသည့် ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ အကူအညီနှင့် ၎င်းကို ခံနိုင်ရည် ရှိလာစေရန် စွမ်းဆောင်နိုင်ပါမည်လား။ ထို့ပြင် နတ်ဆိုးအကြေးခွံထဲရှိ ယူချင်းကရော မည်သို့ ဖြစ်မည်နည်း။ ကု့ချင်းတီးခတ်နေသည့် ဟွားဂျီယူသည်ရော ခံနိုင်ရည် ရှိပါနိုင်မည်လား။
သူတို့သုံးယောက်လုံးက သတ်ဖြတ်ခြင်းစွမ်းအားများအတွင်း အသတ်ခံလိုက်ရနိုင်ပေသည်။
ထိုလေဟာနယ်အတွင်းတွင် ယူချင်း ဆင့်ခေါ်ခဲ့သော မိစ္ဆာနတ်ဘုရားများ၏ ပုံရိပ်များ ထွက်ပေါ်လာသည်။ သတ်ဖြတ်ခြင်းနတ်အလင်းတို့ ကျဆင်းလာသည့်အခါ စူးရှသည့် အသံများကို ကြားလိုက်ရပေသည်။ ထိုပုံရိပ်များက ပြိုကွဲပျက်စီးသွားပြီးနောက် မရေတွက်နိုင်သော နတ်အလင်းများအောက်၌ ဖျက်ဆီးခံလိုက်ရသည်။ ၎င်းတို့က အစအနပင် မကျန်တော့အောင် ပြိုကွဲပျက်စီးသွားခဲ့ပေသည်။
ယူချင်းအနီး၌ ကြောက်မက်ဖွယ် ဓားစွမ်းအားတို့က အလင်းလွှာအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ အလင်းလွှာပေါ်သို့ တိုက်ခိုက်မှုများ ကျရောက်လာသောအခါ ဆူညံသံများ ထုတ်လွှတ်လာသော်လည်း ၎င်းကို ဖျက်ဆီးနိုင်ခြင်း မရှိပေ။
ရီဖူရှင်း အနီးတဝိုက်တွင်လည်း အလားတူပင် ဖြစ်သည်။ ကျဆင်းလာသည့် နတ်အလင်းတို့မှ ကာကွယ်ရန် သူ့ခန္ဓာကိုယ်အနီး၌ ဓားအလင်းလွှာတစ်ခု ပေါ်ပေါက်လာသည်။
ထိုစဥ်တွင် အောက်ဘက်ရှိ ဟွားဂျီယူက နတ်တေးသွားကို ဆက်လက်တီးခတ်နေပြီး ရီဖူရှင်း၏ ရုပ်ခန္ဓာက သူမ ဘေးတွင် ရှိနေခဲ့သည်။ သတ်ဖြတ်ခြင်းအလင်းတစ်ခုက ကျဆင်းလာပြီး သူမ ရှိနေသည့် နေရာသို့ ချဥ်းကပ်လာသည့်အခါ ထိတ်လန့်အံ့သြဖွယ်ကောင်းသော အင်အားတစ်ခု ပေါ်ပေါက်လာသည်။ လေဟာနယ်က အေးခဲခံလိုက်ရသလို ထင်မှတ်ရပေသည်။ သူတို့အနီး၌ လေဟာနယ်ရပ်ဝန်းတစ်ခု ဖြစ်တည်လာပေသည်။
ထိုအခိုက်အတန့်တွင် တိုက်ပွဲမြေပြင်က အနည်းငယ် ထူးဆန်းလာပုံရသည်။ လူတိုင်းက ထိုနေရာ၌ မရွေ့လျားဘဲ ရပ်နေသော်လည်း သူတို့အားလုံးသည် ယခု လက်ရှိ အခြေအနေက အလွန် အန္တရာယ်များကြောင်း သိကြပေသည်။ ယခု အချိန်သည် ရလဒ် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာအောင် ပြတ်ပြတ်သားသား လုပ်နိုင်သည့် အခိုက်အတန့် ဖြစ်နိုင်ပေသည်။
တိတ်ဆိတ်သော လေဟာနယ်အတွင်း သတ်ဖြတ်ခြင်းနတ်အလင်းတို့က သူတို့ပေါ်သို့ ကျဆင်းလာပေသည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများက တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့သည် ရီဖူရှင်းနှင့် သူ့လူများက ထိပ်တန်းကျင့်ကြံသူသုံးယောက် အတူတကွ ပူးပေါင်းပြီး ဖန်တီးထားသည့် ဤနတ်ဝင်္ကပါအစီအရင်ကို ရင်ဆိုင်နိုင်မည်လား သိချင်နေကြသည်။ သူတို့က ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်ကို ချဲ့ထွင်ကာ ဖန်တီးရန် ကြိုးစားနေသည်လား။
၎င်း၏ စွမ်းအင်အား လျော့နည်းသွားအောင် မလုပ်နိုင်လျှင် ရီဖူရှင်းတို့ သုံးယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်လိမ့်မှာ အလွန် ဖြစ်နိုင်ချေမြင့်မားပေသည်။
ဝမ်မြန်၏ လက်များက မြှောက်ထားဆဲ ဖြစ်ပြီး ခေါင်းငုံ့ကာ အောက်ဘက်ရှိ သုံးယောက်ကို ကြည့်လိုက်သည်။ သူက နတ်ဝင်္ကပါကို တစ်ဖန် မော့ကြည့်လိုက်ပြီး သူ့ပုံရိပ်က ဝင်္ကပါအတွင်းသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။ ရုတ်တရက် အဆုံးမဲ့ ကြီးမားလှသည့် ပုံရိပ်က ဝင်္ကပါအလယ်၌ ပေါ်ပေါက်လာသည်။ ၎င်းက ဝမ်မြန်၏ မျက်နှာပင် ဖြစ်လေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ပို၍ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်းနတ်အလင်းတို့က ကျဆင်းလာသည်။ ချက်ချင်းပင် အောက်ဘက်၌ နက်ရှိုင်းသည့် ထိတ်လန့် ခြောက်ခြားဖွယ်ရာ အက်ကြောင်းတို့ ပေါ်ပေါက်လာသည်။ ရုတ်တရက် ရွှေရောင်နတ်အလင်းနှင့် နက်မှောင်သည့် အက်ကြောင်းတို့ ရောယှက်ကာ ရီဖူရှင်းတို့ သုံးယောက်ကို သတ်ဖြတ်ရန် နည်းလမ်းရှာဖွေနေသည်။
ထိုတိုက်ခိုက်မှု ဆင်းသက်လာသောအခါ ကောင်းကင်တစ်ခွင်လုံးက တိတ်ဆိတ်သွားခဲ့ပေသည်။
"ဂရုစိုက်။" အောက်ဘက်၌ ရှိနေသည့် ကောင်းကင်ဒေသမှ ကျင့်ကြံသူအချို့က သတိပေးလိုက်သည်။ ထိုမျှ ကြောက်မက်ဖွယ် ကောင်းလှသည့် တိုက်ခိုက်မှုတို့ ကျဆင်းလာသောအခါ အဝေးမှ သူများသည်ပင် ထိုစွမ်းအား၏ ဖိနှိပ်မှုကို ခံစားလိုက်ရသည်။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီးသော ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ ကာကွယ်ရန် အစွမ်းထက်သော အင်အားတို့ကို စုစည်းရန် အလုပ်များနေကြသည်။ ထိုစွမ်းအားများကလည်း သူတို့ကဲ့သို့ အားကောင်းလှသည့်အတွက် အနည်းငယ် သတိမမူမိသည်နှင့် ထိုတိုက်ခိုက်မှုများက သူတို့၏ ခုခံကာကွယ်မှုကို ထိုးဖောက်လာနိုင်ပေသည်။
ယခုအချိန်တွင် ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်သည် မဟာလမ်းစဥ်၏ ပထမအဆင့် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သူတို့ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည့် တိုက်ခိုက်ရေးစွမ်းအားမျိုးပင် ဖြစ်သည်။
ဘုန်း...
ထိုအခိုက်တွင် ယူချင်းက ရှေ့သို့ ရုတ်တရက် ခြေလှမ်းလိုက်သည်။ ထိုပြိုင်ဘက်ကင်းမိစ္ဆာနတ်ဘုရားက ရီဖူရှင်းအထက်တွင် တိုက်ရိုက်ပေါ်ပေါက်လာ၏။ ၎င်းက သူ့အထက်၌ ပိတ်ဆို့ကာဆီးလာသည်။ ထိုတိုက်ခိုက်မှုက ဆင်းသက်လာသည့်အခါ သူက ခုခံကာကွယ်ရေး ပထမစည်း ဖြစ်လာပေလိမ့်မည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် မားမားမတ်မတ် ရပ်တည်နေသည့်အကန့်အသတ်မဲ့ ကြီးမားသော မိစ္ဆာနတ်ဘုရားတစ်ပါး ပေါ်ပေါက်လာသည်။ မရေတွက်နိုင်သော မိစ္ဆာနတ်ဘုရားများ၏ ပုံရိပ်တို့က ကောင်းကင်တွင် ပြည့်နှက်လာပြန်သော်လည်း ဤတစ်ကြိမ်၌ ၎င်းတို့က ပုံရိပ်ယောင်များသာလျှင် ဖြစ်သည်။ သို့သော် အားလုံးသော ထိုပုံရိပ်များသည် သဟဇာတဖြစ်စွာဖြင့် နတ်ဆိုးအရှင်သခင်၏ ခေါ်ဆိုမှုကို တုန့်ပြန်လာသည်။
ယူချင်း၏ အနီးဝန်းကျင်၌ စစ်မှန်သော မိစ္ဆာနတ်ဘုရားများ၏ ပုံရိပ်တို့ ပေါ်ပေါက်လာသည်။ ၎င်းတို့က သူတို့၏ ခန္ဓာကိုယ်ပေါ် ဖုံးလွှမ်းသွားပုံရသည်။ ယင်းတို့က နတ်ဆိုးဓားများကို တပြိုင်တည်း ထုတ်လွှတ်လိုက်ပေသည်။ ယူချင်းက တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည့်အခါ ထိုပုံရိပ်များကလည်း တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြသည်။
ထို နှိုင်းယှဥ်မရအောင် အစွမ်းထက်သော တိုက်ခိုက်မှုများက အတူတကွ စုစည်းလာပြီး ဓားတစ်လက်တည်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ ခုတ်ပိုင်းချလိုက်သည်။ ယူချင်း၏ ခန္ဓာကိုယ်က ဓားအလင်းနှင့်အတူ လှုပ်ရှားသွားပြီး အထက်သို့ တက်သွားခဲ့သည်။
ရီဖူရှင်းက ၎င်းကို မြင်သည့်အခါ သူသည် ယူချင်း မည်သည်ကို လုပ်ဆောင်ရန် ကြိုးစားနေသည်အား နားလည်သွားသည်။