သနားညှာတာမှုကင်းမဲ့ခြင်း
Vol. 167 Ch. 2384
နတ်ဆိုးဓားက ကောင်းကင်မှ အောက်ရောက်သည်ထိ ရွေ့လျားလာသည်။ ၎င်းသည် လေဟာနယ်ကို ထက်ခြမ်းခွဲကာ ဝမ်မြန်ထံ ဦးတည်လိုက်သည်။
ဝမ်မြန်က အောက်ဘက် မြေပြင်သို့ လေ့လာကြည့်လိုက်ပြီး ထိုအချိန်၌ နတ်ဝင်္ကပါအဖြစ် ပေါင်းစပ်သွားခဲ့ပြီး ဖြစ်သည်။ ရုတ်တရက် သူရှိနေသည့်နေရာမှ နတ်အလင်းတို့ ပေါက်ကွဲထွက်လာပြီး ယူချင်းရှိနေရာသို့ ထိုသတ်ဖြတ်ခြင်းနတ်အလင်းတို့ ကျဆင်းလာသည်။
ချက်ချင်းပင် ယူချင်းက ထိုဖျက်ဆီးခြင်းနတ်အလင်းတို့အောက် နစ်မြုပ်သွားပုံရသည်။ နတ်ဆိုးဓားသွားများသာလျှင် ကျန်ရစ်ပြီး ကောင်းကင်သို့ ရိုက်ခတ်ကာ အလင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ထိတ်လန့်ခြောက်ခြားဖွယ် ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခုက ပတ်ဝန်းကျင်အတွင်း လွှမ်းခြုံလာသည်။ ယူချင်း ဖန်တီးထားသည့် မိစ္ဆာနတ်ဆိုးက ခပ်တိုးတိုး အသံပြုလိုက်ကာ သူ၏ ဓားက အထက်သို့ အရှိန်နှင့် လှုပ်ရှားသွားပြီး ထိုနတ်အလင်းတန်းများကို ခုတ်ပိုင်းလိုက်သည်။ သို့သော် ထိုဖျက်ဆီးခြင်းနတ်ဆိုးဓားတို့က စတင်အက်ကွဲလာပြီးနောက် တစ်လက်မချင်း စတင်ဖျက်ဆီးခံလာရသည်။
ဓားက ကျိုးပျက်သွားသော်လည်း ဓားစွမ်းအားတို့က အကောင်းပကတိ ကျန်ရစ်နေဆဲ ဖြစ်သည်။
မိစ္ဆာနတ်ဘုရား၏ ထိုပုံရိပ်က ကောင်းကင်ထက် နားခိုနေကာ အလွန် လွှမ်းမိုးနိုင်စွမ်းရှိလှပေသည်။ ဓားက ကောင်းကင်ထက်သို့ ခုတ်ပိုင်းလိုက်ကာ နတ်ဝင်္ကပါအစီအရင်အနီး ချဥ်းကပ်လာသည်။
ထိုအချိန်တွင် ဖေးရှန့်နှင့် ကျန်းချင်းဖုန်းတို့ကလည်း ယူချင်း ရှိရာကို ငုံ့ကြည့်လိုက်သည်။ သူတို့က နတ်ဝိညာဥ်တေးသွား သက်ရောက်မှုအောက် ကျရောက်နေခဲ့ပြီး သူတို့၏ စွမ်းအားများကို ကြီးစွာ မတည်မငြိမ် ဖြစ်သွားစေခဲ့သည်။ သူတို့ စွမ်းအားများကို နတ်ဝင်္ကပါအတွင်းသို့ အပြည့်အဝ ပေါင်းထည့်လိုက်သည့်အတွက် ယခုအချိန်၌ သူတို့က ယူချင်းကို တိုက်ခိုက်ရန် ခွန်အားအပို မရှိတော့ပေ။
သို့ဆိုလျှင်ပင် ယူချင်းက သူ့လမ်းကို ဆက်လက်သွားနေခြင်းမှ ရပ်တန့်ဖို့ရာ နောက်ဆုံး အားထုတ်ရန် သူတို့နှစ်ယောက်လုံးထံမှ အစွမ်းထက်စွမ်းအားတို့ ပေါက်ကွဲထွက်လာပေသည်။
သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်၌ ပုံရိပ်တစ်ခုက ယူချင်းဘေးသို့ ရောက်လာခဲ့သည်။ ၎င်းက ပါးလွှာသည့် လေထုအတွင်း ထွက်ပေါ်လာသည်။ ထိုပုံရိပ်က ပြိုင်ဘက်ကင်း ထူးခြားလှသော အလှလေးတစ်ယောက် ဖြစ်သည်။ ထိုသူက ဟွားဂျီယူ ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် ဟွားဂျီယူ၏ လှပမှုက စွဲမက်ဖွယ်ရာ ကောင်းလှပေသည်။ သူမ၏ နက်မှောင်သော ဆံပင်များက လေထဲတွင် လွင့်ဝဲနေသည်။ သူမ၏ အကြည့်များက ဖေးရှန့်နှင့် ကျန်းချင်းဖုန်းတို့ထံ ကျရောက်သွားပြီး ပြင်းထန်လှသည့် စွမ်းအားတစ်ခုက သူတို့၏ စိတ်ထဲသို့ ဝင်ရောက်လာပေသည်။ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ် စွမ်းအားတို့က ထိုနေရာတစ်ခွင်ကို လွှမ်းခြုံလာပြီး အချိန်က ရပ်တန့်သွားသလို ထင်မှတ်ရပေသည်။
"ဘာတွေဖြစ်နေတာလဲ။" လူအများက မော့ကြည့်လိုက်ပြီးနောက် နတ်ဘုရားကု့ချင်း တီးခတ်နေသည့် ပုံရိပ်အား ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ဟွားဂျီယူက ရှိနေခဲ့၏။ သူမ၏ ပုံရိပ်က ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။
ထိုပုံရိပ်က ဟွားဂျီယူ၏ ပုံရိပ်ယောင်ထက် အစစ်အမှန်နှင့် ပို၍ တူပေသည်။
"သူမရဲ့ ဝိညာဥ်က သူ့ခန္ဓာကိုယ်ကနေ ထွက်သွားတာပဲ။" ကျင့်ကြံသူတချို့က ရေရွတ်လိုက်သည်။ ဟွားဂျီယူက ယူချင်းအား ကူညီရန် ဝိညာဥ်ခွဲထွက်ခြင်း နည်းစနစ်ကို အသုံးပြုကာ ကောင်းကင်ထက်၌ ပေါ်ပေါက်လာပေသည်။
ဘုန်း...
ယူချင်း၏ ဓားက အထက်သို့ ဆက်လက်တက်သွားခဲ့သည်။ ကျဆင်းလာသည့် နတ်အလင်းတို့က ပြိုကွဲပျက်စီးသွားပေမယ့် ယူချင်း၏ ဓားကလည်း ပိုမိုတိုလာခဲ့သည်။ နောက်ဆုံးတွင် ၎င်းက အပြည့်အဝ ကျိုးပဲ့ပျက်စီးသွားပေသည်။ ဓားစွမ်းအားတို့က ကုန်ခမ်းသွားပြီး တဖြေးဖြေး ဖျက်ဆီးခံလိုက်ရပေသည်။
နတ်ဝင်္ကပါထက်ရှိ ဝမ်မြန်၏ မျက်နှာက အေးစက်နေခဲ့ပြီး သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်တို့ လင်းလက်လာခဲ့သည်။ သို့သော် ထိုအချိန်၌ ယူချင်း၏ အောက်ဘက် နေရာတွင် အလင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အကန့်အသတ်မဲ့ တောက်ပသော နတ်အလင်းတို့ ဖြစ်ပေသည်။ ပုံရိပ်တစ်ခုက သူ့ကို ဖြတ်သန်းသွားပြီး နတ်ဝင်္ကပါအောက်ဘက်တွင် ပေါ်ပေါက်လာ၏။
ထိုထွက်ပေါ်လာသည့် ပုံရိပ်က မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း ဖြစ်လေသည်။
သူ ရောက်ရှိလာသည့် အခိုက်အတန့်တွင် ဟွားဂျီယူက ပျောက်ကွယ်သွားပြီး သူမ စိတ်ဝိညာဥ်က သူမခန္ဓာကိုယ်ထံသို့ ပြန်လည်ရောက်ရှိသွားပေသည်။ ချက်ချင်းပင် သူမက အောက်ဘက်သို့ ပြန်ရောက်သွားပြီး နတ်ဘုရားကု့ချင်းအား ဆက်လက်တီးခတ်လိုက်သည်။ အစောပိုင်းက မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သလို ထင်မှတ်ရပေသည်။
ယူချင်းထံမှ တိုက်ခိုက်မှုသည် နတ်ဝင်္ကပါအား အမှန်တကယ် ချိုးဖျက်ရန် ကြိုးစားခြင်းမဟုတ်ဘဲ ရီဖူရှင်းအတွက် လမ်းရှင်းပေးရုံမျှသာ ဖြစ်သည်။ သူက ရီဖူရှင်း အများကြီး အားမထုတ်ရဘဲ နတ်ဝင်္ကပါအလယ်ဗဟိုသို့ နီးကပ်စွာ ရောက်ရှိနိုင်စေရန် လမ်းရှင်းပေးခဲ့ခြင်း ဖြစ်သည်။ သို့မှသာ သူက နတ်ဝင်္ကပါအစီအရင်ကို ရင်ဆိုင်ရန် ခွန်အားအပြည့် အသုံးပြုနိုင်ပေလိမ့်မည်။
ဘုန်း...
ဓားက ဖျက်ဆီးခံလိုက်ရပြီးနောက် နတ်အလင်းတို့က ယူချင်းပေါ်သို့ သွန်းလောင်းကျဆင်းလာသော်လည်း နတ်ဆိုးအကြေးခွံတို့၏ တားဆီးခြင်းကို ခံလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ သူက အောက်ဘက်မြေပြင်သို့ ရိုက်ချခံလိုက်ရသေးသည်။ ယခု မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက သူ့နေရာကို အစားဝင်လိုက်ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်း နတ်အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။
မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ဆက်တိုးလာခဲ့သည်။ ဤရုပ်ကြွင်းကိုယ်တိုင်က မဟာအင်ပါယာတစ်ပါး၏ ရုပ်ကြွင်းဖြစ်နေသည့်အတွက် နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။
မရေတွက်နိုင်သော အက္ခရာသင်္ကေတများ ဝန်းရံခံထားရပြီး လောကတစ်ခုလုံးက ဓားလောကအဖြစ် ပြောင်းလဲသွားကာ နတ်ဝင်္ကပါအစီအရင်၏ ဗဟိုချက်ကို ရိုက်ခတ်လိုက်သည်။
ယူချင်းနှင့် ဟွားဂျီယူက သူ့အတွက် လမ်းရှင်းပေးကြသည်။ ၎င်းက အလင်းတန်းအနည်းငယ်ကို ဖြတ်သန်းကာ ချိုးဖျက်ထားသည်။ နတ်ဘုရားရုပ်ကြွင်းက နတ်ဝင်္ကပါအစီအရင်ကို ထိပ်တိုက်ဝင်ရောက် တိုက်ခိုက်လိုက်သည်။ ၎င်းမှာ အတိအကျ ဝမ်မြန် ရှိနေသည့် နေရာ ဖြစ်လေသည်။
အောက်ဘက်တွင် ရှိနေသည့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများအားလုံးက လေဟာနယ်အတွင်း ဖြစ်ပေါ်နေသည့် မြင်ကွင်းကို စိုက်ကြည့်လိုက်ကြသည်။ သူတို့နှလုံးသားများက တဒိတ်ဒိတ်ခုန်ပေါက်နေခဲ့သည်။ သူတို့က ထိတ်လန့်တုန်လှုပ်သည်ထက် ပို၍ သာလွန်သော ခံစားချက်တို့အား ခံစားခဲ့ရပေသည်။
သူက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်နှင့် နတ်ဝင်္ကပါအစီအရင်အတွင်း ပြေးဝင်သွားရန် ကြံရွယ်နေသည်လား။
ဤသည်က မည်သို့သော တိုက်ခိုက်မှုမျိုးနည်း။ ထိုအချိန်တွင် ကောင်းကင်၌ ဆူညံသံများ ထွက်ပေါ်လာသည်။ စွမ်းအားများ ထိပ်တိုက်တွေ့ဆုံမိသည့် နေရာမှ အလင်းများ ဖြာထွက်လာကာ ကောင်းကင်နှင့် မြေကြီးကြား ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကျန်းချင်းဖုန်းနှင့် ဖေးရှန့်တို့သည်ပင် နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။ ထိပ်တိုက်တွေ့ဆုံမှု၏ အလယ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် အင်အားတို့ ပေါက်ကွဲထွက်လာ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်အာဏာစက်မြို့အတွင်းမှ လူတိုင်းသည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံလာသော နတ်အလင်းတို့ကို မြင်လိုက်ရသည်။ ကောင်းကင်အာဏာစက်မြို့အထက် ကောင်းကင်တစ်ခွင်လုံးက လင်းလက်လာသည်။
ကြောက်မက်ဖွယ် တုန်ခါသံများကို ကြားလိုက်ရပြီး ကောင်းကင်ထက်ရှိ ထိုနတ်ဝင်္ကပါက ပြိုကျပျက်စီးကာ အဆက်မပြတ် တစစီပြိုကွဲထွက်လာသည်။ မကြာခင်၌ ကောင်းကင်၏ တစ်နေရာကို လွှမ်းခြုံထားသော နတ်ဝင်္ကပါက အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ပေသည်။ အလင်းများက ကောင်းကင်နှင့် မြေကြီးအလယ်ဗဟို၌ အလင်းတို့ ထိုးဖောက်လာကာ နောက်ထပ် အလင်းတန်းက ကောင်းကင်အမြင့်သို့ ထိုးတက်သွားသည်။
ဘုန်း...
နောက်ထပ် ကျယ်လောင်သည့် ပေါက်ကွဲထွက်လာပြီး နတ်ဝင်္ကပါအစီအရင်က အက်ကွဲပြိုကျလာပေသည်။ ဖျက်ဆီးခြင်းလေထုက ရစ်ပတ်လာသည့်အခါ မရေတွက်နိုင်သော လူများက ကောင်းကင်ထက်သို့ အာရုံစိုက်လာကြသည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ထိုနေရာ၌ ရပ်နေခဲ့ပြီး ထိုနတ်ခန္ဓာက နတ်ဝင်္ကပါအတွင်း အတင်းအကျပ် တိုးဝင်ရန် ကြိုးစားနေခဲ့သည်။ ထိုအချိန်၌ ဝမ်မြန်က ကောင်းကင်ထက်၌ ပေါ်ပေါက်လာသည်။ သူက ရွှေရောင်နတ်လှံကို ကိုင်ဆောင်ထားဆဲ ဖြစ်သော်လည်း သူ၏ ပါးစပ်ထောင့်မှ သွေးတို့ စီးကျလာကာ ခပ်တိုးတိုး ညည်းညူလိုက်သည်။ သူ့ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေခဲ့၏။
သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်။ ရှင်းလင်းစွာပင် သူက ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပေသည်။
‘အဲဒါက ပျက်စီးသွားပြီ’ ဟု လူတိုင်းက တိတ်တဆိတ် ရေရွတ်လိုက်ကြသည်။ သူတို့၏ နှလုံးသားများက ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ ကောင်းကင်မွမ်းမံနတ်ဘုရားပညာရပ်က ချိုးဖျက်ခံလိုက်ရသည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ထာဝရရှင်သန်သော ဖြစ်တည်မှုတစ်ခုကဲ့သို့ ထင်မှတ်ရကာ နတ်ဝင်္ကပါကို တိုက်ရိုက်ထိုးဖောက်၍ ပြင်းထန်သော အင်အားဖြင့် ချိုးဖျက်ခံရပေသည်။
တိုက်ပွဲအတွင်း ရှေးဟောင်းနတ်ဘုရားကလန်မှ ထိပ်သီးပုဂ္ဂိုလ်များစွာက လက်ကမ်းကူညီခဲ့သော်လည်း သူတို့က ရီဖူရှင်းတို့အဖွဲ့ကို ရင်ဆိုင်ရင်းနှင့် ဆိုးဆိုးဝါးဝါး ကျဆုံးခဲ့ပေသည်။
လက်ရှိတွင် ဖေးရှန့်နှင့် ကျန်းချင်းဖုန်းတို့က ဆက်လက်တိုက်ခိုက်နိုင်သည့် စွမ်းရည်ရှိနေလျှင်ပင် ရီဖူရှင်းတို့ သုံးယောက်အဖွဲ့အား အနိုင်ယူရန် မဖြစ်နိုင်လုနီးပါး ဖြစ်သည်။
သူတို့ထဲက မည်သူမှ ရီဖူရှင်းကို သူတို့ကိုယ်ပိုင်အင်အားနှင့် အနိုင်ယူနိုင်ရန် စွမ်းရည်မရှိကြောင်း သိသာပေသည်။ သူတို့ထဲက မည်သူမှ မဟာအင်ပါယာရှန်ကျား၏ စွမ်းအားတို့ဖြင့် တိုက်ပွဲစွမ်းရည်တို့ကို တိုးမြှင့်ထားသည့် ရီဖူရှင်းအား ယှဥ်နိုင်စွမ်း ရှိကြလိမ့်မည် ဖြစ်သည်။ သူတို့က ယူချင်း နှင့် ဟွားဂျီယူကိုပင် ရှုံးနိမ့်အောင် လုပ်နိုင်သည့် အနေအထားမရှိပေ။
လေဟာနယ်အထက်တွင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ရှိနေသေးပြီး ကောင်းကင်ထက်၌ ရှိနေသည့် ဝမ်မြန်အား ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က ထိုနေရာ၌ ကျောက်ရုပ်နှစ်ခုကဲ့သို့ ရပ်နေခဲ့၏။ မည်သည့် လှုပ်ရှားမှုမှ မရှိခဲ့ပေ။ အမှန်တွင် ရီဖူရှင်းကိုယ်တိုင်သည်လည်း ကြီးစွာသော ဖိအားအောက် ရောက်ရှိနေခဲ့ပေသည်။ အဆုံးမှာတော့ ၎င်းက သူ၏ ကိုယ်ပိုင်မဟုတ်ဘဲ နတ်ဘုရားရုပ်ကြွင်း ဖြစ်ပေသည်။
ဝမ်မြန်က အောက်ဘက်မှ နတ်ဘုရားရုပ်ကြွင်းအား စိုက်ကြည့်လိုက်သည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ၎င်းဂုဏ်သတင်းနှင့် ထိုက်တန်လှသည်။ ၎င်းက နတ်ဝင်္ကပါအစီအရင်အား တိုက်ရိုက်ထိုးဖောက်ကာ ဖျက်ဆီးပစ်လိုက်သည်။
သူတို့အောက်မှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက ကောင်းကင်သို့ ထိုးဖောက်တက်လာကာ လူအများက မျက်မှောင်ကြုတ်လိုက်ကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများအပြင် ကောင်းကင်ထက်မှ ရီဖူရှင်းနှင့် သူ့လူများ၏ မျက်လုံးများထဲ၌ စိတ်အနှောက်အယှက် ဖြစ်သည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။ သိသာစွာပင် သူတို့သည် အောက်ဘက်မှ ရောက်လာသော ဖိနှိပ်လွှမ်းမိုးနိုင်သည့် အရှိန်အဝါအား ခံစားမိနိုင်ပေသည်။
လေဟာနယ်အတွင်းရှိ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းက အဆုံးသတ်သွားခဲ့ပြီး ရီဖူရှင်းနှင့် သူ့လူများသည် ကောင်းကင်ဒေသ၏ ထိပ်သီးပုဂ္ဂိုလ်များ၏ စုပေါင်းတိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ သို့သော် သူတို့၏ ပြိုင်ဘက်များက ရပ်တန့်ရန် စိတ်ကူးမရှိပုံရလေသည်။ ဤတိုက်ပွဲက အခုထိ အဆုံးမသတ်သေးပေ။