အလဲအလှယ်
Vol. 167 Ch. 2385
ရီဖူရှင်းက ခေါင်းကို ငုံ့ကာ ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် အလင်းတို့က သူ၏ မျက်လုံးများမှ တောက်ပလာ၏။ သူက အောက်ဘက်ရှိ ကောင်းကင်ဒေသ၏ ကျင့်ကြံသူများကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ "ခင်ဗျားတို့ ဆန္ဒရှိတဲ့ တိုက်ပွဲက အဆုံးသတ်သွားပြီ။ အခု ဘာဆက်လုပ်ဖို့ အစီအစဥ်ရှိလဲ။"
မိစ္ဆာနတ်ဆိုးသဏ္ဌာန်နှင့် ယူချင်းကလည်း အောက်ဘက်ရှိ ကျင့်ကြံသူများကို စိုက်ကြည့်နေခဲ့ကြသည်။ သူ၏ နက်မှောင်သော နတ်ဆိုးမျက်လုံးများက ကြောက်မက်ဖွယ် ကောင်းလှသည်။ သူနှင့်အတူ ပါလာသည့် နတ်ဆိုးကျင့်ကြံသူများက ချက်ချင်းပင် ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး ထိုနေရာအား အကဲခတ်လိုက်သည်။
ထိုမြင်ကွင်းသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ထူးဆန်းသည့် အမူအရာတို့ ဖြစ်ပေါ်လာစေသည်။ ယူချင်းနှင့် ရီဖူရှင်းက အလွန် ရင်းနှီးနေခဲ့ပြီး သူတို့က သေခြင်းရှင်ခြင်းကို အတူတကွ ဖြတ်ကျော်ခဲ့ရသော သွေးသောက်ညီအစ်ကိုများ ဖြစ်သည်။ ထိုကျင့်ကြံသူများက ရီဖူရှင်းကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့လျှင် သူတို့က ယူချင်းနှင့် ကျိန်းသေ တိုက်ခိုက်ရပေလိမ့်မည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူများကလည်း တိုက်ပွဲ၌ တိုက်ရိုက်ပါဝင်လာလိမ့်မည် ဖြစ်ပေသည်။
ထို့ပြင် ယူချင်းက နတ်ဆိုးလောက၌ ထူးခြားလှသော အဆင့်အတန်း ရှိပုံရလေသည်။ လူအုပ်ကြီးသည် ထိုတိုက်ပွဲမှတဆင့် ကိစ္စတော်တော်များများကို ဆုံးဖြတ်နိုင်ခဲ့ပေသည်။ ယူချင်းက နတ်ဆိုးအင်ပါယာ၏ ပညာရပ်အချို့ကို ကျွမ်းကျင်ခဲ့သည်။ ထို့ပြင် သူသည် နတ်ဆိုးအကြေးခွံနှင့် မိစ္ဆာနတ်ဆိုးများ၏ စွမ်းအားတို့ကို ထိန်းချုပ်ထားနိုင်သည်။ ထိုသည်ကို ကြည့်လျှင် သူတို့က နတ်ဆိုးလောက၌ ယူချင်း၏ အဆင့်အတန်းကို ပြောနိုင်ပေသည်။ သူသည် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်ဟူသည့် အဆင့်အတန်းထက် ပိုပေလိမ့်မည်။ ယူချင်းက နတ်ဆိုးအင်ပါယာ ရွေးချယ်ထားသည့် အလားအလာရှိသော ဆက်ခံသူတစ်ယောက် ဖြစ်သည်။
ယူချင်းက နတ်ဆိုးလောက၌ ကောင်းစွာ လွှမ်းမိုးနိုင်သူဖြစ်လျှင် သူက စစ်တပ်ကိုပင် ထိန်းချုပ်နိုင်စွမ်းရှိနိုင်ပေသည်။ ထိုသို့ဖြစ်လျှင် ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများသည်ပင် သူနှင့် သူ့စစ်တပ်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
"ရန်ဟောင်ရီ ခင်ဗျားကိုယ်တိုင်က ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပြီး တခြားလောက တခြားလောက အင်အားစုတွေကို တိုက်ခိုက်တဲ့အခါ ကျုပ်တို့ အတူတူပူးပေါင်းတိုက်ခိုက်သင့်တယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ခင်ဗျားက အခု နတ်ဆိုးလောက ကျင့်ကြံသူတွေနဲ့ ပူးပေါင်းနေတာလား။" လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ စကားပြောလိုက်သူက ရီဖူရှင်းနှင့် သူ့လူများကို ဆန့်ကျင်မိမှာ စိုးရိမ်မှာ သူ့တည်နေရာအား ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသည်။ ရီဖူရှင်းက နတ်ဆိုးလောကမှ ကျင့်ကြံသူများနှင့် ပူးပေါင်းကြံစည်နေသည်ဟူသော ကောလာဟလကို မည်သူက စတင်လိုက်ကြောင်း မည်သူမှ မသိပေ။
ရီဖူရှင်းသည် အောက်ဘက်ရှိ လူအုပ်ကြီးကို အေးစက်စွာ ကြည့်လိုက်သည်။ ကောင်းကင်ဒေသမှ ထိုကျင့်ကြံသူများက သူ့ကို အမှန်တကယ် သူတို့ထဲမှ တစ်ယောက်အဖြစ် ဆက်ဆံပါရဲ့လား။
သူတို့က သူ့ကို တိုက်ခိုက်ရန် ပူးပေါင်းခဲ့ကာ သူ့အား သတ်ဖြတ်ရန် တုံ့ဆိုင်းတွေဝေမှုအား အနည်းငယ်မျှ မပြသခဲ့ပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျင့်ကြံသူများ ရှိရာဘက်မှ အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ "ခင်ဗျားတို့အားလုံးက ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာပြီး အဆင့်ခုနစ်ရန်ဟောင်ပဲ ရှိသေးတဲ့ ကောင်းကင်အာဏာစက်ကျောင်းအုပ်ကို တိုက်ခိုက်ဖို့အတွက် ကောင်းကင်ဒေသ ထိပ်သီးကျင့်ကြံသူတွေ ပူးပေါင်းခဲ့ကြတယ်။ ခင်ဗျားတို့ အဲဒီလို အရှက်မရှိ ပြုမူစဥ်က ကျုပ်တို့ကို ကောင်းကင်ဒေသနဲ့ တစ်ပေါင်းတစ်စည်းတည်းပါလားလို့ သတ်မှတ်ခဲ့ရဲ့လား။ ကျောင်းအုပ်နဲ့ ယူချင်းက ဟိုးအစကတည်းက သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့တာ။ ပူးပေါင်းကြံစည်တယ်ဆိုတဲ့အရာမျိုး မရှိဘူး။ ခင်ဗျားတို့အားလုံးက နစ်နာသူကို အပြစ်တင်တာ သိပ်တော်ကြတာပဲ။ ကောင်းကင်ဒေသ ထိပ်သီးကျင့်ကြံသူတွေက ဒီတိုက်ပွဲကို ရှုံးနိမ့်ခဲ့တယ်။ ခင်ဗျားတို့ အခုထိ လက်လွှတ်ဖို့ ဆန္ဒမရှိရင် ဆန္ဒရှိသလို တိုက်ခိုက်လို့ရတယ်။ ခင်ဗျားတို့ အပြုအမူတွေကို တရားမျှတတယ်လို့ ဆင်ခြေပေးဖို့အတွက် အကြောင်းပြချက်ရှာစရာမလိုဘူး။"
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ထိုစကားလုံးများကို ကြားလိုက်ရသောအခါ သူတို့၏ အမူအရာများက ပို၍တင်းမာအေးစက်လာပေသည်။ သူတို့အားလုံးက ဒေါသထွက်နေခဲ့ကြ၏။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ကိစ္စများကို အမှန်တကယ် အဆုံးထိ တွန်းပို့ချင်နေကြသည်။ ယခုထိတိုင် သူတို့က သူတို့၏ လွန်ကဲသော အပြုအမူများအတွက် ဆင်ခြေရှာနေကြဆဲ ဖြစ်ပေသည်။
ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။ ၎င်းသည် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ရပ်နေသည့် နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ ရှီးချီယောင်က အပြုံးနှင့် ပြောလိုက်သည်။ "ဒီနေ့ ကောင်းကင်ဒေသ ကျင့်ကြံသူတွေနဲ့ တိုက်ပွဲမှာ ရန်ဟောင်ရီရဲ့ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းကို ကျွန်မတို့အားလုံး မျက်မြင်တွေ့ခဲ့ရတယ်။ ကောင်းကင်ဒေသမှာ ဒီလိုပါရမီရှိတဲ့ တစ်စုံတစ်ယောက်ရှိတာ ကံကောင်းမှုလို့ ပြောလို့ရတယ်။ သူက ကောင်းကင်ဒေသရဲ့ ထောက်တိုင်ဖြစ်လာမှာ ကျိန်းသေတယ်။ ရန်ဟောင်ရီက ဒီတိုက်ပွဲမှာ သူ့ကိုယ်သူ သက်သေပြခဲ့တယ်။ ဒါကြောင့် ဆက်ပြီး တိုက်ခိုက်ဖို့ မလိုအပ်တော့ဘူး။ လူတိုင်း ဘာလို့ ဒီမှာ မရပ်လိုက်ကြတာလဲ။"
ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ရှီးချီယောင်၏ စကားလုံးများကို ကြားသောအခါ သူတို့အကြည့်များက အေးစက်သွားခဲ့သည်။ ဤရှီးချီယောင်က အကြံအစည်ကြီးစွာဖြင့် ရီဖူရှင်းကိုယ်စား စကားပြောပေးနေခဲ့သည်။ ယခင်က သူမသည် ကောင်းကင်အာဏာစက်ကျောင်းတော်၌ ကျင့်ကြံရန် သဘောတူခဲ့၏။ ရီဖူရှင်းကလည်း သူမ၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရီဖူရှင်း၏ ကြောက်မက်ဖွယ် အလားအလာကို မြင်သောအခါ သူနှင့် မိတ်ဆွေဖြစ်ချင်ခဲ့ကြသည်။
သို့သော် နောက်ထပ် အင်အားကြီး အဖွဲ့တစ်ဖွဲ့ကလည်း ပါဝင်လာသည်။ သူတို့က ရှန်းယိကုန်းမြေကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည့် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ ဖြစ်ပေသည်။ သူတို့က ကောင်းကင်အမြင့်တွင် ရပ်နေခဲ့ပြီး ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။ "ဒီနေ့ အဖြစ်အပျက်က အရင် စွန့်ပစ်ခံကလန်မှာ ဖြစ်ခဲ့တာနဲ့ တူတယ်။ အခု စွန့်ပစ်ခံကလန်က ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ မဟာမိတ်ဖွဲ့ခဲ့ပြီး ကျုပ်တို့အားလုံးက ကောင်းကင်ဒေသရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့တယ်။ ကောင်းကင်ဒေသက တခြားအင်အားစုတွေကသာ ကျုပ်တို့ကို အခုထိ လက်မခံနိုင်သေးဘဲ ကျုပ်တို့ကို ရွေးချယ်စရာမရှိ တိုက်ခိုက်ရအောင် လုပ်ခဲ့တာမလား။"
စွန့်ပစ်ခံကလန်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက တစ်လှေတည်းစီးနေခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းထံ၌ တစ်ခုခု ဆိုးဝါးသည့်အရာ ဖြစ်ပွားခဲ့လျှင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများ အပါအဝင် စွန့်ပစ်ခံကလန်လည်း ပါဝင်ပတ်သတ်ရပေလိမ့်မည်။
ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ ရီဖူရှင်းအား ဖျက်ဆီးပစ်မည့် ဆုံးဖြတ်ချက်က ယိမ်းယိုင်သွားခဲ့ပေသည်။ သူတို့အားလုံး၌ မတူညီသည့် အတွေးများ ရှိနေကြသည်။
လက်ရှိတွင် ရီဖူရှင်းနှင့် သူ့မဟာမိတ်များက ကောင်းကင်ဒေသမှ သက်ဆိုင်ရာ အင်အားစုများထက် အများကြီး အားနည်းသော်လည်း သူတို့အား လွယ်ကူစွာ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့အားလုံးကို တစ်ချက်တည်းနှင့် တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ အဆုံးမှာတော့ သူတို့က မတူညီသော အင်အားစုများမှ ဖြစ်ကြပေသည်။
ကောင်းကင်ဒေသမှ အင်အားစုများက သီးခြားတိုက်ခိုက်လျှင် သူတို့က စွန့်ပစ်ခံကလန်ကို ဆန့်ကျင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် ယခု သူတို့ ရီဖူရှင်းအား တိုက်ခိုက်ခြင်းက ယူချင်းကို ဆန့်ကျင်လိုက်ခြင်းနှင့်လည်း တူပေသည်။
ထို့ကြောင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ရီဖူရှင်းအား စစ်ကြေညာလိုလျှင် မည်သည်တို့ကို ရင်ဆိုင်ရလိမ့်မည်အား ကြိုတင်စဥ်းစားထားရပေလိမ့်မည်။ ထို့ပြင် ထိုအဖြစ်အပျက်အား မင်းသမီးဒွန်ဟောင်က မည်သို့ တွေးလိမ့်မည်နည်း။
ထိုစဥ်တွင် အလွန် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုက ထွက်ပေါ်လာပြီး နတ်အလင်းတို့ ဖြာလင်းလာသည်။ လူတိုင်းက အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ သူတို့သည် ထောင့်တစ်နေရာ၌ ရပ်နေသည့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်ကို သတိပြုမိလိုက်ကြ၏။ ကြောက်မက်ဖွယ် ကောင်းလှသည့် သူ့အရှိန်အဝါက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
"သူက ထျန်းယန်မြို့ရဲ့ မြို့သခင် ဝမ်မိသားစုခေါင်းဆောင်ပဲ။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။
ထိုလူကို မြင်သောအခါ လူအုပ်ကြီး၏ နှလုံးသားက တုန်ယင်သွားခဲ့သည်။ သူက ကောင်းကင်ဒေသအတွင်း ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိသလို အထွတ်အထိပ်၌ ရပ်တည်နေသည့် လူများထဲမှ တစ်စုံတစ်ယောက် ဖြစ်ပေသည်။ သူက မဟာအင်ပါယာအဆင့်အောက် အသန်မာဆုံး ကျင့်ကြံသူဖြစ်သည်။ သူက ဒုတိယအဆင့် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည့် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် လူတိုင်းသည် သူ့ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် ထက်ရှသော အရှိန်အဝါကို ခံစားမိနိုင်ပေသည်။
ထျန်းယန်နယ်မြေသည် အတိတ်က မဟာအင်ပါယာတစ်ပါးဖြစ်သော ထျန်းယန်မဟာအင်ပါယာကြောင့် ကျော်ကြားလာခြင်း ဖြစ်သည်။ ထျန်းယန်မြို့သည် နယ်မြေ၏ ဗဟိုတွင် တည်ရှိ၏။ နယ်မြေသခင်အိမ်တော်သည်ပင် ထျန်းယန်မြို့မှ ကျင့်ကြံသူကို မျက်နှာသာပေးရသည်။ ထိုရှေးဟောင်းနတ်ဘုရားကလန်က ထျန်းယန်နယ်မြေ၏ အကြွင်းမဲ့အုပ်စိုးသူများ ဖြစ်ကြသည်။ သူတို့သည် နယ်မြေအတွင်းမှ နောက်ဆုံး ပြောရေးဆိုခွင့်ရှိသူများ ဖြစ်သည်။
ထျန်းယန်မြို့သည် လက်နက်ဖန်တီးသော ထိပ်သီးအင်အားစုဖြစ်သည့်အတွက်ကြောင့် မြင့်မားသော အဆင့်အတန်း ရှိပေသည်။ ထျန်းယန်မြို့မှ ကျင့်ကြံသူအားလုံးက ဂုဏ်ယူဝင့်ကြွားသည့် စိတ်ထားရှိကြသည်ကို အစောပိုင်းက ဝမ်မြန်၏ သဘောထားကို အခြေခံ၍ လူတိုင်း ပြောနိုင်ပေသည်။
ထျန်းယန်မြို့သခင်ကလည်း ကောင်းကင်ဒေသ၌ ကျိန်းသေ အာဏာရှိသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
ယခု သူက အမှန်တကယ်ပင် ထိုပြဿနာထဲ၌ ရှေ့ထွက်လာပေသည်။ ကိစ္စများက ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာပြီ ဖြစ်၏။
သူ၏ အဆင့်အတန်းနှင့် သူက မည်သူ့ကိုမှ ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။
"ဝမ်မြန် ဆင်းမလာသေးဘူးလား။" ထျန်းယန်မြို့သခင်က ကောင်းကင်ထက်သို့ ကြည့်ကာ ပြောလိုက်သည်။ ချက်ချင်းပင် ဝမ်မြန်က ဆင်းလာပြီး မြို့သခင်၏ ရှေ့တွင် ခေါင်းငုံ့ကာ ရပ်လိုက်သည်။ ဝမ်မြန်က အဆင့်ကိုးအထွတ်အထိပ်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်လျှင်ပင် သူသည် မြို့သခင်ရှေ့၌ မည်သည့်မောက်မာမှုမှ မပြသရဲပါချေ။ မြို့သခင်က ထျန်းယန်မြို့၏ အုပ်ချုပ်သူ ဖြစ်လေသည်။
မြို့သခင်က ဝမ်မြန်ကို မကြည့်ခဲ့ပေ။ ထို့အစား သူက ခေါင်းကိုမော့ကာ ရီဖူရှင်းနှင့် ယူချင်းအား ကြည့်လိုက်သည်။ သူက ယခု တိုက်ပွဲတစ်ခုလုံးကို စူးစမ်းလေ့လာနေခဲ့သည်။ မဟာအင်ပါယာရှန်ကျားက အသွေးအသားနှင့် မဟုတ်ဘဲ ရုပ်ကြွင်းတစ်ခုသာ ဖြစ်သော်လည်း နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ဖြစ်သည်။ ၎င်းသည် အမှန်တကယ်ပင် ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားဝင်္ကပါအစီအရင်ကို ထိုးဖောက်ကာ နတ်ဘုရားပညာရပ်အား အတင်းအကျပ် ရပ်တန့်စေခဲ့သည်။
ဤနတ်ဘုရားရုပ်ကြွင်းအတွင်း၌ အဆင့်မြင့်နတ်ဘုရားဝင်္ကပါအစီအရင်တစ်ခု ပုန်းကွယ်နေခဲ့ခြင်း ဖြစ်နိုင်သည်။
ထျန်းယန်မြို့သခင်က ပြောလိုက်သည်။ "မိတ်ဆွေလေးရီ အရင်က ဝမ်မြန် မဆင်မခြင် ပြုမူလှုပ်ရှားခဲ့တယ်။ ဒါပေမယ့် ထျန်းယန်မြို့က တကယ်ပဲ မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို စိတ်ဝင်စားမိတယ်။ မင်း အဲဒီ မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်း ကျုပ်ဆီ ငှားပေးနိုင်မလား။ ကျုပ်လည်း မင်းကို အဖိုးအခ ပြန်ပေးမှာပါ။ ထျန်းယန်မြို့က အလဲအလှယ်အဖြစ် နတ်ဘုရားလက်နက်တွေ အသုံးပြုခွင့် ပေးအပ်ဖို့ ဆန္ဒရှိတယ်။" သူ့ စကားလုံးများက ကျန်သော ကျင့်ကြံသူများ၏ နှလုံးသားတို့ကို လျင်မြန်စွာ ခုန်ပေါက်လာစေသည်။
နတ်ဘုရားရုပ်ကြွင်းကို နတ်ဘုရားလက်နက်နှင့် အလဲအလှယ် လုပ်မည်လား။
ထျန်းယန်မြို့၏ မြို့သခင်သည် သူ ပိုင်ဆိုင်ထားသော နတ်ဘုရားလက်နက်များအကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။ ကောင်းကင်ဒေသအတွင်း လက်နက်ဖန်တီးသည့် ထိပ်သီးအင်အားစုတစ်ခုအနေနှင့် လက်နက်ဖန်တီးရာ၌ ထူးချွန်သော မဟာအင်ပါယာ ပညာရပ်များ၏ ဆက်ခံသူများရှိသည့် ထျန်းယန်မြို့သည် အမှန်တကယ်ပင် နတ်ဘုရားလက်နက် အရေအတွက်များစွာရှိသည့် အင်အားစုတစ်ခု ဖြစ်သည်။
သို့သော် နတ်ဘုရားလက်နက်က အမှန်တကယ် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းနှင့် တန်ဖိုးချင်း ညီပါရဲ့လား။
နတ်ဘုရားလက်နက်တွင် မဟာအင်ပါယာများ၏ စွမ်းအားတို့ ထည့်သွင်းထားပေသည်။ လက်နက်များတွင် အားကောင်းသော စွမ်းအားတို့ ပါဝင်နေလျှင် ၎င်းက အမှန်တကယ် အစွမ်းထက်လှမည်ဖြစ်ပြီး ၎င်းတန်ဖိုးက နတ်ဘုရားရုပ်ကြွင်းထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။