← Chapters

နတ်ဆိုးလောကမှ စီနီယာအကြီးအကဲတစ်ယောက်

Vol. 167 Ch. 2386

နတ်ဆိုးလောကမှ စီနီယာအကြီးအကဲတစ်ယောက်

Vol. 167 Ch. 2386

ရီဖူရှင်းက ခေါင်းငုံ့ကာ အောက်ဘက်ရှိ လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူတို့က ရတနာများအား လုယက်ရန် ကြိုးစားရာ၌ ကျရှုံးခဲ့သည့်အတွက် ယခု နောက်ထပ်နည်းလမ်းတစ်ခုနှင့် သူ့ကို ဖိအားပေးရန် ထပ်မံကြိုးစားလာပုံရသည်။

သူက ထိုသူတို့အား နတ်ဘုရားရုပ်ကြွင်းကို ငှားပေးရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

မည်သူက သူတို့၏ နတ်ရတနာများကို အခြားလူများအား ငှားရမ်းလိမ့်မည်နည်း။ လောကအတွင်းရှိ မည်သူမှ ထိုသို့ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ တောင်းဆိုချက်က အနည်းငယ် လွန်ကျူးနေပေသည်။

တန်ဖိုးအရဆိုလျှင် မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းက နတ်ဘုရားစစ်တပ်ထက် ပို၍ အဖိုးတန်သည်မှာ သေချာပေသည်။ ထိုရုပ်ကြွင်းတွင် ကျင့်ကြံသူများ ကျင့်ကြံရာတွင် အထောက်အကူပြုနိုင်သော စွမ်းအားများ ပါဝင်နေသည်။ ၎င်းသည် မဟာအင်ပါယာရှန်ကျား၏ လျှို့ဝှက်ချက်များ ပါဝင်နေပြီး မဟာအင်ပါယာက သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို မည်သို့ သန့်စင်ဖွဲ့စည်းခဲ့သနည်းဟူသည်ကို နားလည်သဘောပေါက်နိုင်လျှင် ကျင့်ကြံသူများကို အထောက်အကူ အများကြီးပေးပေလိမ့်မည်။ ထျန်းယန်မြို့မှ ကျင့်ကြံသူများသည်လည်း ထိုအကြောင်းပြချက်ကြောင့် နတ်ဘုရားရုပ်ကြွင်းကို ရရှိရန် အမျိုးမျိုး ကြံစည်နေကြခြင်း ဖြစ်သည်။

သူတို့က နတ်ဘုရားရုပ်ကြွင်းအတွင်းမှ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ဆန္ဒရှိနေကြပေသည်။ သူတို့က ထိုလုပ်ဆောင်ချက်ကို နမူနာယူရန် ကြိုးစားပြီး အစွမ်းထက် လက်နက်များ ထုတ်လုပ်ရန်အတွက် အသုံးပြုချင်ကြသည်။

ထို့ကြောင့် ရီဖူရှင်းအတွက် နတ်ဘုရားရုပ်ကြွင်းကို သူတို့နှင့် အလဲအလှယ်ပြုလုပ်ရန် မဖြစ်နိုင်ပေ။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း၏ တန်ဖိုးမှာ သာမန် နတ်ဘုရားလက်နက်တို့နှင့် ယှဥ်ရန် အလွန် ဝေးကွာလွန်းလှပြီး ရီဖူရှင်းက သူတို့၏ တောင်းဆိုချက်ကို သဘောတူလိုက်လျှင်ပင် တစ်ဖက်လူက အစစ်အမှန် နတ်ဘုရားလက်နက်များနှင့် အမှန်တကယ် လဲလှယ်လိုစိတ်ရှိမရှိ မသေချာပေ။

ရီဖူရှင်းက မြို့သခင်၏ တောင်းဆိုချက်ကို ​တိုက်ရိုက်ငြင်းပယ်လိုက်သည်။ "မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းက ကျုပ်နဲ့ ပေါင်းစည်းနေပြီး ကျုပ်ရဲ့ တိုက်ပွဲစွမ်းရည်ကို တိုးတက်လာအောင် အသုံးပြုနိုင်တယ်။ ကျုပ် သေချာပေါက် အလဲအလှယ်လုပ်မှာ မဟုတ်ဘူး။ စီနီယာအနေနဲ့ နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"

ထျန်းယန်မြို့၏ အကြီးအကဲက ကောင်းကင်ထက်၌ တောက်ပသော နတ်အလင်းတို့နှင့် ဝန်းရံခံထားရသည့် ပုံရိပ်ကို ထက်ရှသော စိုက်ကြည့်လိုက်သည်။

သဏ္ဌာန်မဲ့စွမ်းအားတို့က ကောင်းကင်ထက်တွင် လွှမ်းခြုံလာ၏။ ထျန်းယန်မြို့သခင်က အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ သူက စွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည့်အခါ ကောင်းကင်အာဏာစက်မြို့တစ်ခွင်မှ လူတိုင်း မွန်းကြပ်သည့် ဖိအားကို ခံစားလိုက်ရပေသည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွင်း ရောက်ရှိနေသော ရီဖူရှင်း၏ စိတ်ဝိညာဥ်သည်ပင် အလွန် အစွမ်းထက်သည့် အရှိန်အဝါတစ်ခုက သူ့ပေါ်သို့ ဖိနှိပ်လာကြောင်း ခံစားမိပေသည်။

"ကျုပ်က လိုချင်တယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။" ထျန်းယန်မြို့သခင်က ပြောလိုက်သည်။ သူ့အရှိန်အဝါက ပို၍ပင် ခြိမ်းခြောက်လာနိုင်ကာ နတ်အလင်းတို့ လေဟာနယ်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။ သူက ရီဖူရှင်းအား အတွေးလေးတစ်ချက်နှင့်မျှဖြင့် သတ်ဖြတ်နိုင်ပေသည်။

သူက ထိုသို့ပြောလိုက်သည်နှင့် ထိုနေရာတစ်ခွင်က ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပေသည်။ ကောင်းကင်ဒေသရှိ ထိပ်သီးအင်အားစုမှ ကျင့်ကြံသူများက တိတ်တဆိတ် ပျော်ရွှင်သွားကြသည်။ ယခင်က သူတို့သည် ရီဖူရှင်းကို တိုက်ခိုက်ခြင်းက နတ်ဆိုးလောကကို ဆန့်ကျင်မိသွားမည်ကို စိုးရိမ်နေကြသည်။ သို့သော် ထျန်းယန်မြို့သခင်က ထိုသို့သော အရာများကို ဂရုစိုက်ပုံမရပေ။

ထို့ပြင် သူ၏ အဆင့်အတန်းက အလွန် ထူးခြားမြင့်မားလှသည့်အတွက် သူက နတ်ဘုရားရုပ်ကြွင်းအား ဖိအားပေးကာ လုယူနိုင်စွမ်းရှိပေသည်။

ရီဖူရှင်းသည် သူ့ပေါ်သို့ ကျရောက်လာသည့် အစွမ်းထက်ဖိအားကို ခံစားမိလိုက်သည်။ နတ်ဘုရားရုပ်ကြွင်းအထက်၌ ရှေးဟောင်းအက္ခရာများ၏ ရောင်ဝါတို့က တောက်ပနေခဲ့ပြီး ဖိအားကို တောင့်ခံနေခဲ့သည်။ ရီဖူရှင်း၏ အကြည့်များက ဓားတစ်လက်ကဲ့သို့ ထက်ရှနေကာ အောက်ဘက်တွင် ရပ်နေသည့် ထျန်းယန်မြို့သခင်ကို စိုက်ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ "စီနီယာက ယုံကြည်ချက်တော်တော်ရှိနေတဲ့ပုံပဲ။"

"ဟုတ်လား။" ထျန်းယန်မြို့သခင်က ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ နတ်အလင်းတန်းတစ်ခုက လေဟာနယ်ကို တိုက်ရိုက် ထိုးဖောက်လာသည်။ ကျန်သည့်သူများမှာ ထိုနတ်အလင်း၏ လှုပ်ရှားမှုအလင်းကို ဖမ်းမိနိုင်ခြင်းပင် မရှိခဲ့ပေ။ ရီဖူရှင်းက ကြီးမားသော အန္တရာယ်ကို ခံစားမိလိုက်သည်။

ဘုန်း...

နတ်ဘုရားရုပ်ကြွင်းအတွင်းမှ အော်မြည်သံများ ထွက်ပေါ်လာပြီး ရီဖူရှင်း၏ မဟာလမ်းစဥ် အရှိန်အဝါက ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ် ဓားစွမ်းအားက အောက်ဘက်သို့ တွေဝေခြင်းမရှိ ဆင်းသက်လာပေသည်။ သို့သေည် နတ်အလင်းတန်းက အထက်သို့ တည့်မတ်စွာ ထိုးတက်လာသည်။

ဘန်း…

ကျယ်လောင်သည့် အသံနှင့် စွမ်းအင်လှိုင်းခတ်မှုကြောင့် နောက်ဘက်သို့ လွင့်ပျံသွားခဲ့ပေသည်။ ရုပ်ကြွင်းအတွင်း ရှိနေသည့် ရီဖူရှင်း၏ စိတ်ဝိညာဥ်က ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။ လူအုပ်ကြီးသည် လေဟာနယ်ကို ထိုးဖောက်လာသော ရွှေရောင်နတ်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ နက်ရှိုင်း၍ ကြောက်မက်ဖွယ် ကောင်းလှသည့် အက်ကြောင်းများက သူတို့နှစ်ယောက်ကြားတွင် ပေါ်ပေါက်လာသည်။ နတ်အလင်းက အနက်ရောင်အက်ကြောင်းများထဲ ပေါင်းစပ်သွားသည်။

ထျန်းယန်မြို့သခင်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များက သာမန်တိုက်ခိုက်မှုလေးဖြင့် လေဟာနယ်၏ တည်ငြိမ်မှုကို ပြိုကွဲသွားစေပြီး လေဟာနယ်အတွင်း အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ အတွေးတစ်ချက်နှင့် သူ၏ နတ်အလင်းက လေဟာနယ်ကို တိုက်ရိုက်ထိုးဖောက်လာပြီး သူ၏ ပြိုင်ဘက်က မည်မျှ ဝေးကွာသည့်နေရာ၌ ရှိနေပါစေ တိုက်ရိုက်ကျဆင်းသွားနိုင်ပေသည်။

မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအကူအညီနှင့်ပင် ရီဖူရှင်းက မြို့သခင်နှင့် မယှဥ်နိုင်ခဲ့ပေ။ သူတို့၏ ကျင့်ကြံခြင်း အဆင့်က အလွန် ကွာခြားနေခဲ့သည်။ နတ်ဘုရားရုပ်ကြွင်း၏ အကူအညီနှင့် ရီဖူရှင်းသည် မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေး ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သူအား အနိုင်ယူနိုင်ခဲ့သည်။ သို့သော် သူက ထျန်းယန်မြို့သခင်ကဲ့သို့ အဆင့်မှ ကျင့်ကြံသူနှင့် ရင်ဆိုင်ရသည့်အခါ အကူအညီမဲ့သလို ခံစားနေရဆဲ ဖြစ်သည်။

နတ်ဘုရားရုပ်ကြွင်းအတွင်းရှိ ရီဖူရှင်း၏ စိတ်ဝိညာဥ်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ယူချင်းနှင့် ဟွားဂျီယူက သူ့ဘေးသို့ ရောက်လာခဲ့ပေသည်။

"ငါ အဆင်ပြေပါတယ်။" ရီဖူရှင်းက ခေါင်းကို ယမ်းရင်း ပြောလိုက်သည်။ သူတို့နှစ်ယောက်က ထိုစကားကို ကြားသည့်အခါ စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့နောက် သူတို့က ထျန်းယန်မြို့သခင်အား အလွန် အေးစက်သည့် အကြည့်တို့နှင့် ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များ၌ အလွန် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တို့ဖြင့် လောင်ကျွမ်းနေခဲ့သည်။

ထျန်းယန်မြို့သခင်က လေထဲသို့ ခြေလှမ်းလိုက်ကာ အထက်ကို တက်လာခဲ့သည်။

သို့သော် ထိုအခိုက်အတန့်တွင် သူ့ရှေ့၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်ထံမှ နတ်ဆိုးစွမ်းအားများက အော်မြည်ကာ လှည့်ပတ်နေခဲ့သည်။ သူက ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက ကျိန်းသေ နတ်ဆိုးလောကမှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေလိမ့်မည်။

ဤနတ်ဆိုးကျင့်ကြံသူ၏ အရှိန်အဝါက ထိတ်လန့်ဖွယ် ကောင်းလှသော်လည်း သူက အနည်းငယ် အိုမင်းနေပုံရသည်။ ထျန်းယန်မြို့သခင်သည် တစ်ဖက်လူ၏ အသွင်အပြင်ပေါ်မူတည်၍ သူ့ အဆင့်အတန်းကို ထုတ်ဖော်ရန် ကြိုးစားနေသည်။

ထိုကဲ့သို့သော အဆင့်မျိုးနှင့် ကျင့်ကြံသူများက ကျင့်ကြံခြင်းလောက၌ ရှားပါးလှသည်။ သူတို့က အနည်းဆုံး တစ်ယောက်နှင့်တစ်ယောက် အမည်ကိုဖြင့် သိကြပေလိမ့်မည်။ သူတို့သည် ယခင်က လူကိုယ်တိုင် မတွေ့ဆုံဖူးလျှင်ပင် အနည်းဆုံး တစ်ဖက်လူ၏ အမည်ကို ကြားဖူးလိမ့်မည် ဖြစ်ပေသည်။ ပုံမှန်အားဖြင့် မြို့သခင်က နတ်ဆိုးလောကမှ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို သိရှိနိုင်ပေသည်။

သို့သော် ထျန်းယန်မြို့သခင်က သူ့ရှေ့မှ ထိုပုဂ္ဂိုလ်၏ သရုပ်မှန်ကို အမှန်တကယ် ဂရုမစိုက်ပေ။ သူက  ကောင်းကင်ဒေသမှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်ပေသည်။ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများသာလျှင် သူ့ကို ထိတ်လန့်ကြောက်ရွံ့သွားအောင် ပြုလုပ်နိုင်ပေမည်။

"နတ်ဆိုးလောကရဲ့ ကျင့်ကြံသူတစ်ယောက်က တကယ်ပဲ မူလဘုံ ကျင့်ကြံသူကို ကူညီမှာလား။" ထျန်းယန်မြို့သခင်က မေးခွန်းထုတ်လိုက်သည်။ နတ်ဆိုးကျင့်ကြံသူ၏ အရှိန်အဝါက ခမ်းနားထည်ဝါလှသည်။ သူ့အနီးတွင် အကြွင်းမဲ့နယ်မြေတစ်ခု ဖြစ်တည်လာကာ ရီဖူရှင်းနှင့် ကျန်လူများအား တိုက်ခိုက်မှုမှ ကာကွယ်တားဆီးပေးထားသည်။

"သူက ဘယ်သူလဲ။" ကောင်းကင်ဒေသမှ ကျင့်ကြံသူများကလည်း ထိုနတ်ဆိုးကျင့်ကြံသူအား ပြောလိုက်သည်။ သူ၏ အသက်အရွယ်နှင့်ဆိုလျှင် သူက နတ်ဆိုးလောကမှ နတ်ဆိုးသူတော်စင် သို့မဟုတ် နတ်ဆိုးစစ်သူကြီး တစ်ယောက်ယောက် ဖြစ်နိုင်ပုံမရပေ။ သူတို့သည် ယခင်က ထိုသူ၏ တည်ရှိမှုကို မကြားဖူးခဲ့ချေ။

သို့မဟုတ်လျှင်....

ကျင့်ကြံသူများက စဥ်းစားတွေးတောနေသည့် အမူအရာတို့ ထုတ်ဖော်လာသည်။ ထိုနတ်ဆိုးကျင့်ကြံသူက ယခင် မျိုးဆက်မှ အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်နိုင်သည်လား။

ကျင့်ကြံခြင်းလောကသမိုင်းတွင် ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များ မရေတွက်နိုင်အောင် ရှိခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်များ၏ အမည်များသည် အချိန်ကြာမြင့်စွာကပင် သမိုင်းမှတ်တမ်းများ၌ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူတို့က မတည်ရှိတော့ဟု မဆိုလိုခဲ့ပေ။ ကျင့်ကြံခြင်းတွင် ပို၍ မြင့်မားသော အဆင့်သို့ ရောက်ရှိသော ကျင့်ကြံသူများသည် ဤလောကအတွင်း သီးခြားနေထိုင်ကျင့်ကြံနေသော အစွမ်းထက် ပုဂ္ဂိုလ်များစွာ ရှိနေသေးကြောင်း သိရှိနားလည်လာပေသည်။ သူတို့က လောကအတွင်း ပုန်းကွယ်နေပြီး လူမသိသူမသိ နေထိုင်နေကြသည်။

ဘုန်း....

နတ်အလင်းက အလင်းဖြာလာပြီး ကောင်းကင်နှင့် မြေကြီးအကြား ပြင်းထန်သည့် အော်မြည်သံများကို ကြားကြရပေသည်။ ကြောက်မက်ဖွယ် နတ်သဘာဝဖြစ်စဥ်တို့က ထျန်းယိမြို့သခင်၏ နောက်ဘက်၌ ပေါ်ပေါက်လာခဲ့၏။ ကြီးမားသော ဝင်္ကပါအစီအရင်တစ်ခု ပေါ်ပေါက်လာပြီး ၎င်းအစီအရင်အတွင်းတွင် မရေတွက်နိုင်သော နတ်လက်နက်များ ပေါင်းစပ်ပါဝင်နေသည်။ နတ်လက်နက်တစ်ခုချင်းစီက လောကအတွင်း အလွန် အစွမ်းထက်သည့် သတ်ဖြတ်ခြင်း လက်နက်များကဲ့သို့ ထင်မှတ်ရပေသည်။

"သွား...” ထျန်းယန်မြို့သခင်က အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် လေဟာနယ်က ပြိုကျပျက်စီးလာသလို ထင်မှတ်ရသည်။ အဆုံးမဲ့နတ်အလင်းတို့က ကောင်းကင်နှင့် မြေကြီးကြား ထိုးဖောက်လာသလိုပင်ဖြစ်ကာ နတ်ဆိုးကျင့်ကြံသူထံ တိုးဝင်လာသည်။ လူအုပ်ကြီးသည် လေဟာနယ်အတွင်း ဒေါသတကြီး အက်ကွဲလာသည့် ကြောက်မက်ဖွယ် အက်ကြောင်းများကို မြင်တွေ့ရပေသည်။

သို့သော် ထိုစီနီယာအကြီးအကဲနောက်၌ ကြောက်မက်ဖွယ် လေပွေလှိုင်းတစ်ခု ပေါ်ပေါက်လာသည်။ နတ်ဆိုးစွမ်းအားတို့က ကောင်းကင်၌ ပြည့်နှက်နေခဲ့သည်။ ၎င်းက အားလုံးသော စွမ်းအားတို့ကို စုပ်ယူနိုင်သည့် ခြောက်ခြားဖွယ် အနက်ရောင်တွင်းနက်ကြီးကဲ့သို့ပင် ဖြစ်သည်။ လေဟာနယ်အတွင်း အက်ကြောင်းများသည်ပင် အထဲသို့ စုပ်ယူခံလိုက်ရသည်။

သူ့ထံ တိုးဝင်လာသည့် နတ်လက်နက်များက ချက်ချင်းပင် ထိုတွင်းနက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ၎င်းတို့က အထဲသို့ တည့်မတ်စွာ တိုးဝင်သွားသည်။ အနက်ရောင်တွင်းပေါက်များက အောက်ခြေမရှိသကဲ့သို့ အလွန် နက်ရှိုင်းလှသည်။

နတ်ဆိုးလောကမှ အကြီးအကဲ၏ မျက်လုံးများကလည်း အနက်ရောင်တွင်းပေါက်များကဲ့သို့ ဖြစ်လာခဲ့သည်။ ထျန်းယန်မြို့သခင်က သူ့ကို ကြည့်သောအခါ သူ၏ စွမ်းအားများကိုပင် စုပ်ယူခံလိုက်ရသည့်ပုံပေါ်သည်။

ဘုန်း..

ထျန်းယန်မြို့သခင်၏ ခန္ဓာကိုယ်မှ အလွန် ထက်ရှသော အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။ သူ့အကြည့်များက ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့ အကြည့်များက ဆုံစည်းသွားသည်နှင့် အဆုံးမဲ့နတ်အလင်းတို့က သူ၏ မျက်လုံးများမှ ထိုးထွက်လာသည်။

'အဲဒါက သူပဲ။' ထျန်းယန်မြို့သခင်က တစ်စုံတစ်ခုကို ပြန်စဥ်းစားလိုက်မိသည့်အခါ သူ့ နှလုံးသားက တုန်ယင်သွားသလို ထင်မှတ်ရပေသည်။ ထိုအဘိုးအိုက အမှန်တကယ် မသေဆုံးသေးပေ။

ကောင်းကင်ဒေသမှ အကြီးအကဲတချို့က ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့က တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပုံရသည်။ သူတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

နတ်ဆိုးလောကမှ ထိုနတ်ဆိုးအိုကြီးက အမှန်တကယ် အသက်ရှင်နေသေးပေသည်။

All Chapters