← Chapters

တိုက်ပွဲအတွင်း စွန့်ပစ်ခံကလန် ပါဝင်လာခြင်း 

Vol. 167 Ch. 2387

တိုက်ပွဲအတွင်း စွန့်ပစ်ခံကလန် ပါဝင်လာခြင်း 

Vol. 167 Ch. 2387

နတ်ဆိုးလောကမှ ထိုစီနီယာအကြီးအကဲ ကျင့်ကြံသူက သူ၏ အညှာအတာမဲ့ ရက်စက်စွာ သတ်ဖြတ်တတ်မှုအတွက် နတ်ဆိုးလောကအတွင်း ရှေးဟောင်းနတ်ဆိုးတစ်ပါးဟု ကျော်ကြားပေသည်။ ကောင်းကင်ဝါးမြိုနတ်ဆိုးအရှင်သခင်ဟု ကျော်ကြားသည်။ သူက မရေတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူ၏ ကြောက်ရွံ့မှုကို ခံရပေသည်။ နတ်ဆိုးလောက၌ပင် သူက စိုးရိမ်ပူပန် ကြောက်ရွံ့မှုကို ပေးစွမ်းနိုင်သည့် လူမျိုး ဖြစ်သည်။

ထိုနတ်ဆိုးအကြီးအကဲ၏ လက်များတွင် မဆရတွက်နိုင်သော လူတို့၏ သွေးများ စွန်းထင်းနေခဲ့သည်။ သူက အလွန် အစွမ်းထက်သော ကျင့်ကြံသူများအပါအဝင် မရေတွက်နိုင်သော ရန်ဟောင်အဆင့် ကျင့်ကြံသူတို့ကို ဝါးမြိုပြီး သူ့ကိုယ်သူ တိုးတက်အောင် လုပ်ဆောင်နိုင်သည်။ သူ ကျင့်ကြံသည့် နတ်ဆိုးပညာရပ်က အခြေခံအားဖြင့် ဆိုးယုတ်ကာ လွှမ်းမိုးနိုင်စွမ်းရှိလှသည်။

တစ်ခါက နတ်ဆိုးလောက၏ ကျင့်ကြံသူများစွာက သူ့ကို သုတ်သင်ရန် အင်အားစုများ ပူးပေါင်းခဲ့သောအခါက မရေတွက်နိုင်သော ကျင့်ကြံသူများစွာ ထိုတိုက်ပွဲတွင် သေဆုံးခဲ့ရသည်ဟု ဆိုကြပေသည်။ သို့သော် သူက ထွက်ပြေးလွတ်​မြောက်နိုင်ခဲ့ပေသည်။ လူအများက သူ့နောက်သို့ ဆက်လက် လိုက်လံတိုက်ခိုက်ကြသည်။ အချို့က ပြောသည်မှာ သူက သေသွားခဲ့ပြီဟူ၍ ဖြစ်သည်။ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားပြီးနောက် ယခုအခါ ပြန်ထွက်ပေါ်လာသည့်အခါ၌ သူက နတ်ဆိုးအင်ပါယာနန်းတော်အတွက် အလုပ်လုပ်ပေးနေခဲ့မည်ဟု မည်သူမှ ထင်မထားမိခဲ့ပေ။

ဤနတ်ဆိုးအိုက လက်ရှိနတ်ဆိုးအင်ပါယာမတိုင်ခင်ကပင် ကျော်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့တွေးလိုက်မိသည့်အခါ ဤနှစ်များတလျှောက် သူ့ကို အပြင်လောက၌ မျက်နှာပြခွင့်မပြုဘဲ နတ်ဆိုးအင်ပါယာ၏ ကိုယ်ပိုင်အင်အားစုအတွင်း ပူးပေါင်းစေရန် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ လက်ရှိနတ်ဆိုးအင်ပါယာက ပြိုင်ဘက်ကင်းသော ဖြစ်တည်မှုတစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်နိုင်သည်။

ထိုမျှနှစ်ပေါင်းများစွာ ကြာပြီးနောက် သူက တူညီသော ကျင့်ကြံဆင့်၌ ရှိနေဆဲ ဖြစ်ပြီး နောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးပေ။ ကြည့်ရသည်မှာ ထိုအတားအဆီးက သူ မည်သည့်အခါမှ မကျော်ဖြတ်နိုင်သော အန္တိမတောင်တန်းဖြစ်နေပုံရသည်။

ပို၍ အရေးကြီးသည်မှာ နတ်ဆိုးအင်ပါယာလက်အောက်မှ ထိုစီနီယာအကြီးအကဲကဲ့သို့သော ပုဂ္ဂိုလ်က ယူချင်းကို ကာကွယ်ပေးနေခြင်း ဖြစ်သည်။ ယူချင်းက နတ်ဆိုးအင်ပါယာအတွက် မည်မျှ အရေးပါသည်ကို လူတိုင်း မြင်တွေ့နိုင်ပေသည်။

ထိုကောင်းကင်ဝါးမြိုနတ်ဆိုးအရှင်သခင်၏ စွမ်းအားအဆင့်က မဟာနတ်ဆိုးသူတော်စင်သုံးပါးနှင့် တန်းတူညီပေလိမ့်မည်။

နတ်ဆိုးသူတော်စင်တစ်ပါး သို့မဟုတ် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်တစ်ယောက်သည်ပင် သူ့အား ဦးညွှတ်နှုတ်ဆက်ရမည် ဖြစ်သည်။ ထိုနေရာ၌ နတ်ဆိုးသူတော်စင် စုစုပေါင်း မည်မျှသာ ရှိသနည်းဟု တွေးထားရပေမည်။

ဤသည်မှာ နတ်ဆိုးလောကအတွင်းမှ ယူချင်း၏ အဆင့်အတန်းသည် အစက သူတို့တွေးထားသည်ထက် မြင့်မားနေပုံရပေသည်။

"လွန်ခဲ့သော နှစ်တစ်ထောင်လောက်က ကျော်ကြားခဲ့တဲ့ နတ်ဆိုးအရှင်သခင်တစ်ပါးနဲ့ တွေ့ဆုံရလိမ့်လို့ မတွေးမိဘူး။ ကျုပ်တို့ အခု တွေ့ရပြီဆိုတော့ ခင်ဗျားရဲ့ စွမ်းအားကို အတွေ့အကြုံ ယူကြည့်ရမှာပေါ့။" ထျန်းယန်မြို့သခင်က ပြောလိုက်သည်။ သူ့နောက်တွင် ထွက်ပေါ်လာသည့် ထူးခြားဆန်းကြယ်သော သဘာဝဖြစ်စဥ်က ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ တစ်ချိန်တည်းတွင် သူက မေးလိုက်၏။ "ခင်ဗျားတို့က မတိုက်ခိုက်သေးဘဲ စောင့်ကြည့်ရုံပဲ ကြည့်ဖို့ စီစဥ်နေတာလား။"

ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများမှ အခြားကျင့်ကြံသူတို့က ထျန်းယန်မြို့သခင် စကားများကို ကြားသည့်အခါ ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ ကောင်းကင်ဝါးမြိုနတ်ဆိုးအရှင်သခင်က ဤနေရာ၌ ရှိနေရာ ထျန်းယန်မြို့သခင်က အလွန် အစွမ်းထက်လျှင်ပင် သူက တိုက်ပွဲကို အလွယ်တကူ အဆုံးသတ်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့က ရီဖူရှင်းကို ဖမ်းဆီးနိုင်ရန် ပူးပေါင်းကြရမည် ဖြစ်သည်။

ဘုန်း...

စူးရှသည့် အသံတစ်ခုက လေထဲ၌ ပဲ့တင်ထပ်လာသည်။ ပုံရိပ်တစ်ခုက ရှေ့သို့ လျှောက်လာပြီး လွှမ်းမိုးနိုင်သော ရွှေရောင်အလင်းတစ်ခု သူ့ထံမှ ထိုးထွက်လာကာ ကျယ်ပြောသော လေဟာနယ်ကို လွှမ်းခြုံသွားသည်။ ၎င်းက ဗုဒ္ဓဘုံ၏ အရှင်သခင် ဖြစ်သည်။ သူ၏ နတ်အလင်းများက တဟုန်ထိုးထွက်ပေါ်လာပြီး ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။

နောက်တစ်နေရာမှ ဟောက်ထျန်းကလန်ခေါင်းဆောင်သည်လည်း ရှေ့သို့ လှမ်းလာခဲ့သည်။ အခြားသော ခေါင်းဆောင်ကျင့်ကြံသူများစွာကလည်း ရှေ့သို့ ထွက်လာကြသည်။ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ရန်ဟောင်ရီက နတ်ဆိုးလောကနဲ့ ဆက်စပ်ပတ်သတ်မှုကို ရှင်းပြဖို့လိုမယ် ထင်တယ်။"

"နတ်ဆိုးလောကထဲက ယူချင်းရဲ့ အဆင့်အတန်းအရ သူ ငယ်ငယ်ကတည်းက ရီဖူရှင်းနဲ့ ဘယ်လိုသူငယ်ချင်းဖြစ်ခဲ့တယ်ဆိုတာကို ကြည့်ရင် ရီဖူရှင်းရဲ့ မူလဇာစ်မြစ်မှာ လျှို့ဝှက်ချက်တချို့ ရှိနေပုံရတယ်။ အဲဒီလျှို့ဝှက်ချက်က ဘာလဲဆိုတာ ကျုပ်တို့ သိချင်မိတယ်။" နောက်တစ်ယောက်က ပြောလိုက်သည်။ လက်ရှိရှိနေသော အဆင့်မြင့်ကျင့်ကြံသူများက ဝင်ရောက်စွက်ဖက်ရန် ဆင်ခြေရှာနေကြပုံရလေသည်။ ထိုအထွတ်အထိပ် ကျင့်ကြံသူများ ရှေ့ထွက်လာသည့်အခါ သူတို့၏ အရှိန်အဝါတို့က မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း လူတိုင်း ခန့်မှန်းနိုင်ပေသည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်မှ စွမ်းအားများနှင့်ပင် ရီဖူရှင်းသည် မွန်းကြပ်သော ခံစားမှုအား ခံစားရသေးပေသည်။ စစ်ခုန်းနန်နှင့် အခြားကျင့်ကြံသူများက သူ့ကို လျင်မြန်စွာ တားဆီးလိုက်ကြသည်။

ချက်ချင်းပင် ရီဖူရှင်းက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက တိမ်များထဲသို့ တည့်မတ်စွာ တိုးဝင်သွားကာ ကောင်းကင်ထက်သို့ ဆက်လက်ပျံသန်းသွား၏။ သူက ထိုအဆင့်မှ ကျင့်ကြံသူများအား အမှန်တကယ် ဆန့်ကျင်၍ တိုက်ခိုက်ခဲ့လျှင် သူတို့၏ မည်သည့် လှုပ်ရှားမှုကမဆို မဟာလမ်းစဥ်အား ပြိုကျပျက်စီးသွားစေနိုင်သည်။ သူတို့က အလွန်မြင့်မားသော အမြင့်၌ ရောက်နေပြီဖြစ်သော်လည်း ချက်ချင်း တိုက်ပွဲဖြစ်ပွားခဲ့လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်ကို အထိအခိုက်များ ဖြစ်ပေါ်လာစေမည် ဖြစ်ကာ သူတို့အတွက် ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာစေလိမ့်မည်။

စွန့်ပစ်ခံကလန် ကျင့်ကြံသူများက ရီဖူရှင်းနောက် လိုက်ပါလာပြီး ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။ အင်အားစုအသီးသီးမှ ခေါင်းဆောင်ပုဂ္ဂိုလ်များကလည်း မော့ကြည့်ကာ အထက်သို့ တက်သွားကြသည်။ သူတို့၏ အမူအရာတို့က ခံစားချက်ကင်းမဲ့နေဆဲပင် ဖြစ်သည်။

မကြာခင်၌ ကောင်းကင်ထက် အမြင့်သို့ တက်သွားသည့် ရီဖူရှင်းနှင့် အခြားလူများသည် ကောင်းကင်အာဏာစက်ဘုံမှ ထွက်သွားလုနီးပါး ထင်မှတ်ရသည်။ သူတို့က အနန္တလေဟာနယ်အပြင်ဘက် လေထုအလွှာအတွင်း ရောက်ရှိသွားသလိုပင် ဖြစ်သည်။ ရီဖူရှင်းက ထိုနေရာ၌ ရပ်နေခဲ့ပြီး စွန့်ပစ်ခံကလန် ကျင့်ကြံသူများက သူ့အနီးဝန်းကျင်မှ နေရာအသီးသီး ယူလိုက်ကြသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတို့က သူတို့ထံမှ ပေါက်ကွဲထွက်လာပေသည်။

အကန့်အသတ်မဲ့ လေဟာနယ်အတွင်း ရှေးဟောင်းနတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပြီး ကောင်းကင်ထက် မားမားမတ်မတ် ရပ်နေခဲ့ကြသည်။ သူတို့ကြားတွင် ထပ်တူညီမှုအချို့ ရှိနေပုံရလေသည်။

အချိန်တစ်ခုအတွင်း ကောင်းကင်မှ အဆင့်မြင့်အရှိန်အဝါတို့ စီးဆင်းလာကာ သူတို့နောက်သို့ လိုက်လာသော ကျင့်ကြံသူများအားလုံးကို ဖိအားပေးပြီး ရပ်တန့်စေခဲ့သည်။ ထိုသူများက ရပ်တန့်ကာ ကောင်းကင်သို့ မျှော်ကြည့်လိုက်ကြသည်။

"ပေါင်းစပ်။" အသံထွက်ပေါ်လာသည်နှင့် နတ်အလင်းတို့က ကောင်းကင်၌ ထွန်းလင်းလာခဲ့သည်။ ရှေးဟောင်းနတ်ဘုရားများ၏ ပုံရိပ်တို့က ကောင်းကင်အထက် နေရာအနှံ့တွင် ပေါ်ပေါက်လာပေသည်။ ၎င်းတို့က နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုင်ပေါင်းသန်းချီထိ ကျယ်ပြန့်လာကာ လောကတစ်ခွင်ကို ဖုံးလွှမ်းထားသည်။

ကောင်းကင်၌ ပေါ်ပေါက်လာသည့်မြင်ကွင်းက အလွန်ခမ်းနားထည်ဝါလှသည်။ အဆုံးမဲ့လေဟာနယ်အတွင်း အကန့်အသတ်မဲ့ ကြီးမားလှသည့် လောကချိပ်စည်းများ ထွက်ပေါ်လာသည်။ ထို့ပြင် ထိုချိပ်စည်းတစ်ခုချင်းစီက ရှေးဟောင်းနတ်ဘုရားတစ်ပါးမှ ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။

"ကျောက်တုံးတိုက်ပွဲဝင်္ကပါ။"

ကျင့်ကြံသူများ၏ နှလုံးသားတို့က ပြင်းထန်စွာ တုန်ယင်လာသည်။ ရှေးဟောင်းနတ်ဘုရားများက တသားတည်းဖြစ်နေပြီး သူတို့၏ စွမ်းအားများက ကောင်းကင်ထက် ကြီးစွာသော ဖိအားတို့ဖြင့် ပျံ့နှံ့လာပေသည်။ ထိုအထဲမှ ထွက်ပေါ်လာသည့် အဆင့်မြင့်အရှိန်အဝါကို ကျင့်ကြံသူအားလုံး ခံစားမိနိုင်ပေသည်။

ထိုစဥ်၌ တိုက်ပွဲဝင်္ကပါအတွင်းမှ ကု့ချင်းသံတစ်ခု ပဲ့တင်ထပ်လာပြီး ကျင့်ကြံသူတို့၏ အမူအရာများက ပြောင်းလဲသွားသည်။ သူတို့က ခေါင်းမော့ကာ ဝင်္ကပါအတွင်းသို့ ကြည့်လိုက်လျှင် တင်ပျဥ်ခွေကာ ထိုင်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းက ရီဖူရှင်း ဖြစ်ပေသည်။ သူ့ရှေ့တွင် နတ်ဘုရားကု့ချင်းတစ်လက်ရှိပြီး ဟွားဂျီယူက သူ့ထံသို့ ပြန်ပေးလိုက်ခြင်း ဖြစ်သည်။ မဟာအင်ပါယာ၏ စွမ်းအားက သူထံမှ ပေါက်ကွဲထွက်လာသည်။ သူက ကု့ချင်းတီးခတ်ရင်း သူ၏ စွမ်းအားများကို အဆုံးစွန်ထိ တွန်းပို့လိုက်သည်။

ထိုတေးသွားက ထိုမျှထိ အစွမ်းမထက်သော်လည်း ပြိုင်ဘက်ကင်းမှော်ဆန်သော သက်ရောက်မှုရှိပေသည်။ ကု့ချင်းတေးသွားနှင့် လိုက်ကာ ကျောက်တုံးဝင်္ကပါအတွင်းမှ ကျင့်ကြံသူများ၏ စွမ်းအားများနှင့် ပေါင်းစည်းနေခဲ့သည်။ အချိန်တိုအတွင်း ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် တိုက်ပွဲဝင်္ကပါ၏ အရှိန်အဝါက ဆက်လက်၍ မြင့်မားလာသည်ကို ခံစားမိနိုင်ပေသည်။ ပေါင်းစည်းလာသည့် စွမ်းအားက ပိုမို အစွမ်းထက်လာသည်။

သူတို့က ထိုအရာကို ခံစားမိလိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်ကြသည်။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများကြားတွင် သူတို့က အစွမ်းထက်ဆုံး ကျင့်ကြံသူများ ဖြစ်နေခဲ့ပြီး ဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သူများ ဖြစ်ကြသည်။ ပထမအဆင့်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သူများလည်း ရှိသည်။ ထိုအထွတ်အထိပ် ကျင့်ကြံသူများသည် အတူတကွ ပူးပေါင်းကာ ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ဖန်တီးလိုက်ပြီး စွမ်းအားများကို သဟဇာတဖြစ်ကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းရန် ကြိုးစားနေကြသည်။ သူတို့၏ အရှိန်အဝါများက မည်မျှအစွမ်းထက်လှမည်ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲလှပေ။

ဗုဒ္ဓဘုံမှ အရှင်သခင်က ချက်ချင်းပင် လက်များကို လက်အုပ်ချီသကဲ့သို့ ပူးကပ်လိုက်သည်။ လောကအတွင်း ကြောက်မက်ဖွယ် အသံတစ်ခု ပဲ့တင်ထပ်လာသည်။ သူ၏ ခန္ဓာကိုယ်ထက်တွင် အဆုံးမဲ့ ကြီးမားသော ဗုဒ္ဓရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်ပေါက်လာကာ ၎င်းက ဆက်လက်ကြီးမားလာသည်။ ရှေးဟောင်းနတ်ဘုရားက သူ့ခန္ဓာကိုယ်မှ ခမ်းနားထည်ဝါသော ရွှေရောင်အလင်းတို့ ထုတ်လွှတ်နေကာ ၎င်းတို့တွင် အလွန် ထက်ရှလှသော အရှိန်အဝါတို့ ပါဝင်နေသည်။

ဗုဒ္ဓရှေးဟောင်းနတ်ဘုရား၏ လက်များက လှုပ်ရှားလာသည်။ ချက်ချင်းပင် မရေတွက်နိုင်သော လက်များက တိုက်ပွဲမြေပြင်အနှံ့တွင် ပေါ်ပေါက်လာ၏။ ၎င်းတို့က ကောင်းကင်နေရာအနှံ့သို့ ပျံ့နှံ့လာပြီး ကျောက်တုံးတိုက်ပွဲဝင်္ကပါ၏ နေရာအနှံ့ကို ဖုံးလွှမ်းထားသည်။

ချက်ချင်းပင် ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည့် ဖိအားအောက်တွင် လေဟာနယ်က ပြိုကျပျက်စီးတော့မလို ထင်မှတ်ရသည်။ ထိုရွှေရောင်နတ်ဘုရားချိပ်စည်းများက အဆုံးမဲ့ကြီးမားလှသည်။ ၎င်းတို့က နတ်ဘုရားတစ်ပါး၏ လက်ဝါးချိပ်စည်း ဖြစ်လေသည်။ ချိပ်စည်းများအားလုံးက အဆင့်မြင့်စွမ်းအားများနှင့် တိုက်ပွဲဝင်္ကပါအတွင်းသို့ တစ်ချိန်တည်းတွင် တိုးဝင်လာသည်။

ဘုန်း... ဘုန်း... ဘုန်း....

ကြောက်မက်ဖွယ် အသံလှိုင်းများက လက်ရှိ ရှိနေသော လူများအားလုံးကို လွှမ်းခြုံကာ ဝါးမြိုလိုက်သည်။ လေဟာနယ်က ပြင်းထန်စွာ တုန်ယင်နေပြီး တိုက်ပွဲဝင်္ကပါကလည်း တုန်ယင်နေခဲ့၏။ သို့သော် ရှေးဟောင်းနတ်ဘုရားများ၏ ပုံရိပ်တို့က ဆက်လက်၍ ကြံ့ခိုင်စွာ တည်ရှိနေပြီး ပြိုကျပျက်စီးတော့မည့် လက္ခဏာ မရှိပေ။ ကျောက်တုံးတိုက်ပွဲဝင်္ကပါက အမှန်တကယ်ပင် ကျောက်စိုင်ကျောက်သားများကဲ့သို့ ခိုင်ခံ့ကာ မလှုပ်ခတ်နိုင်အောင်ပင် ဖြစ်သည်။

"သူတို့ရဲ့ ခုခံကာကွယ်မှုက အရမ်းအားကောင်းတာပဲ။" ကျန်သည့် ကျင့်ကြံသူများ၏ နှလုံးသားများက တုန်ယင်နေခဲ့သည်။ ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော တိုက်ခိုက်မှုသည်ပင် ကျောက်တုံးတိုက်ပွဲဝင်္ကပါကို တိုက်ခိုက်နိုင်ခြင်း မရှိပေ။ အားလုံးသော တိုက်ခိုက်မှုက ၎င်းကို တုန်ခါသွားအောင်သာ လုပ်နိုင်ပြီး အက်ကြောင်းတစ်ခုတစ်လေမျှပင် ထင်အောင် မလုပ်နိုင်ခဲ့ချေ။ တိုက်ပွဲဝင်္ကပါ၏ ခံစစ်က မည်မျှအားကောင်းလှကြောင်း ခန့်မှန်းရန် မခက်ခဲလှပေ။ ဤသည်မှာ နောက်ဆုံးတစ်ကြိမ် စွန့်ပစ်ခံကလန်မှ တိုက်ပွဲနှင့် ဆင်တူပေသည်။

All Chapters