← Chapters

လွှမ်းမိုးနိုင်သောတိုက်ခိုက်မှုတစ်ခု 

Vol. 167 Ch. 2388

လွှမ်းမိုးနိုင်သောတိုက်ခိုက်မှုတစ်ခု 

Vol. 167 Ch. 2388

ကောင်းကင်ဒေသမှ ကျင့်ကြံသူများ၏ အမူအရာတို့က အတော် လေးနက်လာသည်။ ဗုဒ္ဓဘုံမှ အရှင်သခင်၏ တိုက်ခိုက်မှုက အလွန် အစွမ်းထက်လှပြီး သူသည် ကောင်းကင်ဒေသအတွင်း အသန်မာဆုံး ကျင့်ကြံသူတစ်ယောက်ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ သို့သော် သူ၏ တိုက်ခိုက်မှုသည်ပင် ကျောက်တုံးတိုက်ပွဲဝင်္ကပါကို လှုပ်ခတ်သွားအောင် မလုပ်နိုင်ပါချေ။ ထိုသည်မှာ ကျင့်ကြံသူများ ယခင်က စွန့်ပစ်ခံကလန်၌ ကျောက်တုံးတိုက်ပွဲဝင်္ကပါအား ချိုးဖျက်နိုင်ခဲ့ခြင်း မရှိသကဲ့သို့ပင် ဖြစ်သည်။

သို့သော် ကွာခြားချက်မှာ ယနေ့ တိုက်ခိုက်ကြသူများက ပို၍ အစွမ်းထက်ပေသည်။ ထိုကျင့်ကြံသူများက ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်၌ ရပ်တည်နေသည့် အရှင်သခင်များ ​ဖြစ်ကြသည်။ တိုက်ပွဲဝင်္ကပါကို ဖန်တီးသူများကလည်း အားကောင်းလှသည်။ ထိုသူများကလည်း စွန့်ပစ်ခံကလန်မှ အစွမ်းထက်လှသော ကျင့်ကြံသူများ ဖြစ်ကြပေသည်။ သူတို့၏ စွမ်းအားများက တိုက်ပွဲဝင်္ကပါကြောင့် ပိုမို အစွမ်းထက်လာပြီး သူတို့၏ ပေါင်းစပ်စွမ်းအားက တစ်ဦးချင်းစွမ်းအားများကဲ့သို့ မရိုးရှင်းလှပေ။

ဗုဒ္ဓဘုံ၏ အရှင်သခင်က ယခု တိုက်ပွဲဝင်္ကပါကို ချိုးဖျက်နိုင်စွမ်းမရှိသည်မှာ ပုံမှန်သာ ဖြစ်သည်။

ကျယ်ပြောလှသည့် အကန့်အသတ်မဲ့ လေဟာနယ်အတွင်း ကျောက်တုံးတိုက်ပွဲဝင်္ကပါက ကောင်းကင်ကို ဖုံးလွှမ်းထားကာ အလွန် ကြီးမားလှသည့် အရေအတွက် များပြားလှသော ရှေးဟောင်းနတ်ဘုရားများက ကောင်းကင်ထက်၌ ရပ်နေခဲ့ကြသည်။ ကောင်းကင်တစ်ခွင်က နတ်ဘုရားများ၏ ပုံရိပ်ယောင်များနှင့် ပြည့်နှက်သွားသလို ထင်မှတ်ရသည်။ ကောင်းကင်က ပျောက်ကွယ်သွားပြီး အစားထိုးခံလိုက်ရသလိုပင် ဖြစ်သည်။

လောကတစ်ခွင်က ကျောက်တုံးတိုက်ပွဲဝင်္ကပါအဖြစ် ပြောင်းလဲသွားပုံရသည်။

ပေါင်းစည်းမှုက အားကောင်းလာသည်အမျှ တိုက်ပွဲဝင်္ကပါမှ ထုတ်လွှတ်သော စွမ်းအားက ပို၍ ကြောက်မက်ဖွယ် ကောင်းလာပေသည်။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ၏ ပေါင်းစည်းမှုကြောင့် ကောင်းကင်နှင့် တသားတည်းအဖြစ် ပေါင်းစပ်သွားကာ အလွန် လေးနက်သည့် လေထုအခြေအနေကို ဖန်တီးပေးနေခဲ့သည်။

ကြောက်မက်ဖွယ် ပေါက်ကွဲသံများက လေထဲတွင် ပဲ့တင်ထပ်လာသည်နှင့်အမျှ ရှေးဟောင်းနတ်ဘုရားများ၏ ပုံရိပ်တို့က စတင်ရွေ့လျားလာသည်။ သူတို့၏ မျက်လုံးများက ပွင့်ဟလာပြီး အောက်ဘက်ရှိ လူများထံ ကြည့်လိုက်ကြသည်။ သူတို့က အစစ်အမှန် နတ်ဘုရားများကဲ့သို့ပင် ဖြစ်၏။

"အတူတူတိုက်ကြ။ လူတိုင်း နေရာယူကြပါ။" တိုက်ပွဲဝင်္ကပါအတွင်းမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ အခြားလူများက ခေါင်းညိတ်လိုက်သည်။ ကျင့်ကြံသူများ စုပေါင်းဖန်တီးထားသော တိုက်ပွဲဝင်္ကပါ၏ စွမ်းအားက ပို၍ပင် အစွမ်းထက်လှပေသည်။ သို့သော် တိုက်ပွဲမြေပြင်က ကြီးမားသည့် နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည့်အတွက် အားကောင်းသော တိုက်ပွဲဝင်္ကပါ၏ မျက်နှာပြင်တိုင်းကို အားကောင်းအောင် လုပ်ရန် မဖြစ်နိုင်ပေ။ တိုက်ပွဲဝင်္ကပါက တစ်ခုလုံးခြုံငုံထားလျှင်ပင် သူတို့၏ တိုက်ခိုက်မှုများက တိုက်ပွဲဝင်္ကပါနေရာအနှံ့ကို ဖြန့်ကျက်ထားနိုင်လျှင် ၎င်းကို ချိုးဖျက်ရန် အခွင့်အရေး ရလာလိမ့်မည် ဖြစ်သည်။

"တိုက်ကြစို့။" ကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်သည်။ ဗုဒ္ဓဘုံမှ အရှင်သခင်သည် သူ၏ ကြောက်မက်ဖွယ် စွမ်းအားတို့ကို တစ်ဖန်စုစည်းလိုက်ကာ ဗုဒ္ဓရှေးဟောင်းနတ်ဘုရား၏ ပုံရိပ်ကို ဆက်လက်ချဲ့ထွင်လိုက်ပြီး မရေတွက်နိုင်သော ရွှေရောင်လက်များ ဖြစ်ပေါ်လာစေသည်။ ဗုဒ္ဓဘုံ၏ ဖြစ်ပေါ်လာမှုသည် ဗုဒ္ဓဘာသာ အနောက်ဘက်လောကနှင့် ဆက်စပ်နေသည်ဟု ကောလာဟလများ ရှိပေသည်။ ဗုဒ္ဓဘုံ၏ ပထမဆုံးဘိုးဘေးမှာ ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ပြီး ဗုဒ္ဓဘုံမှ ကျင့်ကြံခြင်းပညာရပ်အချို့က ဗုဒ္ဓဘာသာနှင့် ဆင်တူ​ပေသည်။

လက်တစ်ထောင်ဗုဒ္ဓကဲ့သို့သော မရေတွက်နိုင်သည့် လက်များက ခမ်းနားထည်ဝါသော နတ်အလင်းတို့နှင့် တောက်ပ​နေခဲ့သည်။  ပြိုင်ဘက်ကင်းရွှေရောင် နတ်အလင်းတို့က ရှေးဟောင်းနတ်ဘုရား၏ ပုံရိပ်ထံမှ ထွက်ပေါ်လာပေသည်။ ဤတစ်ကြိမ်၌ သူ၏ ပစ်မှတ်က ကျောက်တုံးတိုက်ပွဲဝင်္ကပါတစ်ခုလုံး မဟုတ်တော့ဘဲ တစ်နေရာတည်းကို ဦးတည်နေခဲ့သည်။ သူက မျက်နှာပြင် တစ်နေရာတည်းကိုသာ တိုက်ခိုက်ပြီး ကျန်သည့်နေရာများကို အခြားကျင့်ကြံသူများနှင့် လွှတ်ထားပေးလိုက်သည်။

အခြားတစ်ဖက်တွင် အဆုံးမဲ့ ကြီးမားလှသော အစီအရင်တစ်ခုက ယွမ်ရှီးနန်းတော်သခင်၏ နောက်တွင် ပေါ်ပေါက်လာသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါအစီအရင်က စစ်မှန်သော နတ်ဘုရားပြစ်ဒဏ်ဝင်္ကပါအစီအရင်နှင့် တူပေသည်။ နတ်အလင်းများ ပေါက်ကွဲထွက်လာသည်နှင့် ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားများ ပါဝင်နေသည့် နတ်ဘုရားပြစ်ဒဏ်ဓားများက လှုပ်ရှားလာသည်။ သူတို့က ကျောက်တုံးတိုက်ပွဲဝင်္ကပါအတွင်းမှ နောက်တစ်နေရာသို့ ဦးတည်တိုက်ခိုက်လိုက်သည်။

ရှေးဟောင်းတော်ဝင်မိသားစု ကျန်းကလန်ခေါင်းဆောင်နှင့် အနန္တတောင်တန်းသခင်သည်လည်း ထိုနေရာ၌ ရှိနေခဲ့သည်။ တစ်ယောက်ချင်းစီတိုင်းက ရှေးဟောင်းနတ်ဘုရားကလန်၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့က ကောင်းကင်ဒေသ၏ အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။ သူတို့အဆင့်မှ ကျင့်ကြံသူများက စွမ်းအားများကို တစ်ချိန်တည်း ထုတ်လွှတ်ကာ တိုက်ခိုက်လာသည်မှာ စိတ်ကူးကြည့်၍ မရနိုင်အောင်ပင် ဖြစ်သည်။ သူတို့က ကျောက်တုံးတိုက်ပွဲဝင်္ကပါအား ပြင်းထန်လှသည့် စွမ်းအားတို့နှင့် ချိုးဖျက်ချင်နေသည်။

တိုက်ပွဲဝင်္ကပါအတွင်းမှ ရီဖူရှင်းက ဖိအားခပ်ရေးရေးကို ခံစားနေရသည်။ အဆုံးမှာတော့ တို​က်ပွဲဝင်္ကပါကို တိုက်ခိုက်နေသည့် ထိုလူများသည် ကောင်းကင်ဒေသ၌ အစွမ်းထက်ဆုံး ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့၏ ပေါင်းစပ်တိုက်ခိုက်မှုက မည်မျှ ဖျက်ဆီးမှုဖြစ်စေနိုင်မည်ကို မသေချာပေ။ သို့သော် ထိုအချိန်၌ သူက စွမ်းအားများအားလုံးကို အသုံးပြုနိုင်ပေသည်။ စွမ်းအားများ ပေါင်းစည်းထားသည့် ကျောက်တုံးတိုက်ပွဲဝင်္ကပါက သူတို့ကို အရေးသာမှု ပေးစွမ်း၏။

ကု့ချင်းသံက ဆက်လက်ထွက်ပေါ်နေပြီး တိုက်ပွဲဝင်္ကပါကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသည်။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများအားလုံးက သူတို့၏ စွမ်းအားတို့ကို ထုတ်လွှတ်လိုက်ကြပြီး ကု့ချင်းသံက သူတို့ စွမ်းအားများ တိုက်ပွဲဝင်္ကပါအတွင်း ပေါင်းစပ်ခြင်းကို ဦးဆောင်လမ်းပြနေသည်အား ခွင့်ပြုပေးထားခဲ့သည်။ ယခု သူတို့က ကျောက်တုံးတိုက်ပွဲဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေကြပြီး တစ်ခုနှင့်တစ်ခု ကွဲပြားခြင်းမရှိပေ။

ဝင်္ကပါအစီအရင်က သူတို့ပင် ဖြစ်ကာ သူတို့ကလည်း ဝင်္ကပါအစီအရင် ဖြစ်ပေသည်။

"တိုက်တော့။"

အသံတစ်ခုက ပြောလိုက်ပြီး ကောင်းကင်ဒေသမှ ထိပ်သီးကျင့်ကြံသူများကို တစ်ချိန်တည်း တိုက်ခိုက်ရန် နှိုးဆော်လိုက်သည်။

သူတို့က ချက်ချင်းပင် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ပြီး ၎င်းသည် ကျောက်တုံးတိုက်ပွဲဝင်္ကပါအတွင်းမှ လေဟာနယ်အား ကွဲအက်လာစေပြန်သည်။

သို့သော် တစ်ချိန်တည်းတွင် ဝင်္ကပါအတွင်းမှ ရှေးဟောင်းနတ်ဘုရားများ လှုပ်ရှားလာသလို ထင်မှတ်ရပေသည်။ စွန့်ပစ်ခံကလန် ကျင့်ကြံသူများထံမှ ကြောက်မက်ဖွယ် နတ်အလင်းတို့ ထွက်ပေါ်လာပြီး တစ်နေရာထဲ၌ စုစည်းလာသည်။ ထိုနေရာရှိ ရှေးဟောင်းနတ်ဘုရားတစ်ပါးက ရုတ်တရက် မျက်လုံးများ ဖွင့်ဟလာသည်။ ကြောက်မက်ဖွယ် အသံများက လေထဲတွင် တုန်ခါလာသည်နှင့် သူ၏ လက်များကလည်း ရွေ့လျားလာသည်။

ကောင်းကင်ထက်တွင် အဆုံးမဲ့ ကြီးမားသော ရွှေရောင်နတ်တူတစ်လက်က ပေါ်ပေါက်လာခဲ့၏။

ဘုန်း...

နတ်ဘုရားက ထိုနတ်ဘုရားတူအား မြှောက်လိုက်သည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက ထွက်ပေါ်လာပြီး နတ်ဘုရားတူက ကောင်းကင်မှ ​ဖြတ်သန်းကာ အောက်ဘက်သို့ ရိုက်ချလာသည်။

အဆုံးမရှိအောင် ကြီးမားလှသည့် နတ်ဘုရားတူက လောကတစ်ခွင်ကို လွှမ်းမိုးထားသလို ထင်မှတ်ရသည်။ ၎င်းက အောက်သို့ ကျဆင်းလာသည့်အခါ နတ်ဘုရားတူပုံရိပ်များစွာက ကျယ်ပြောသည့် လေဟာနယ်အတွင်း ပေါ်ပေါက်လာပြီး ၎င်း၏ အထက်မှ အောက်သို့ လမ်းတလျှောက် အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ရွှေရောင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်း၏ လမ်း​ကြောင်းအတွင်း မည်သည့်အရာမဆို အပြည့်အဝ ဖျက်ဆီးခံလိုက်ရပေသည်။

ဗုဒ္ဓဘုံအရှင်သခင်၏ မျက်လုံးများက ကျုံ့သွားခဲ့သည်။ ထိုတိုက်ခိုက်မှုက သူ့ထံသို့ တိုက်ရိုက်ရောက်ရှိလာပြီး သူ့ဘက်သို့ တည့်တည့်ဆင်းချလာပေသည်။ ထိုနေရာအတွင်းရှိ အခြားသူများက သက်ရောက် ခံရသော်လည်း သူက အရှင်းလင်းဆုံး ပစ်မှတ်ဖြစ်သည်။

ရှင်းလင်းစွာပင် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ရင်ဆိုင်ရန် ရွေးချယ်ခဲ့ပြီး သူက စမှတ် ဖြစ်သွားခဲ့သည်။

တိုက်ခိုက်မှု ဆင်းသက်မလာခင် ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခုက အထက်မှ အောက်သို့ ဆင်းသက်လာသည်။ ထိုတိုက်ခိုက်မှုစွမ်းအားအောက်တွင် လောကအတွင်းမှ မဟာလမ်းစဥ်စွမ်းအားများက ဖြိုကွဲဖျက်ဆီးခံလိုက်ရပေသည်။

ကြောက်မက်ဖွယ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ နောက်ဆုံး၌ နတ်ဘုရားတူ ဆင်းသက်လာသည့်အခါ မရေတွက်နိုင်သော နတ်ဘုရားချိပ်စည်းများက ပေါက်ကွဲထွက်လာသည်။ ၎င်းတို့က ပြင်းထန်သော စွမ်းအားကြောင့် ဖျက်ဆီးခံလိုက်ရသည်။ တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ နတ်ဘုရားတူက ပို၍ အစွမ်းထက် လွှမ်းမိုးနိုင်နေခဲ့သည်။

"သတိထား။" အောက်ဘက်ရှိ ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ကောင်းကင်ထက်မှ တိုက်ခိုက်ခံရသည့် မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ တိုက်ပွဲက အပြင်ဘက်လေဟာနယ်သို့ပင် ရောက်ရှိနေခဲ့ပြီး အလွန် မြင့်မားသော နေရာ၌ ဖြစ်ပွားနေခြင်းဖြစ်သော်လည်း သူတို့၏ တိုက်ပွဲမှ အလင်းများက အလွန် အစွမ်းထက်လှသည်။ တိုက်ပွဲက ကောင်းကင်အာဏာစက်ဘုံ၏ အထက် အလွန်ဝေးကွာသော နေရာ၌ ရှိနေသော်လည်း ကျင့်ကြံဆင့်အနည်းငယ် မြင့်မားသူတို့က တိုက်ပွဲအတွင်း မည်သည်တို့ ဖြစ်နေသည်ကို တိုက်ရိုက်မြင်နိုင်စွမ်းရှိ​ပေသည်။

တိုက်ခိုက်မှုဆင်းသက်လာသည်နှင့် ဗုဒ္ဓဘုံမှ ကျင့်ကြံသူများသည် သူတို့၏ အရှင်သခင်အား စိုးရိမ်ပူပန်သွားကြသည်။ အချို့က စကားမပြောဘဲ တိတ်ဆိတ်နေသော်လည်း ဘုံအရှင်သခင်အား တိုက်ခိုက်မှုကို ဂရုစိုက်ရန် သတိပေးချင်နေကြသည်။

"စောင့်ရှောက်သူရဲ့ နတ်ဘုရားတူ။" လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများသည် ထိုနတ်ဘုရားနည်းစနစ်ကို မြင်တွေ့လိုက်ရသည့်အခါ သူတို့၏ ကျောရိုးထဲမှပင် တုန်ယင်သွားကြပေသည်။ ရှင်းလင်းစွာပင် တိုက်ခိုက်မှုအား ထုတ်ဖော်သည့် စွန့်ပစ်ခံကလန် ခေါင်းဆောင်က နတ်ဘုရားနည်းစနစ်ကို ​လေ့လာကာ ကျင့်ကြံခဲ့ပေသည်။ စောင့်ရှောက်သူ၏ နတ်ဘုရားတူက အမှန်တကယ်ပင် စွန့်ပစ်ခံကလန်၏ ကျင့်ကြံခြင်းအတွက် သင့်တော်လှသည်။ နှစ်ဖက်လုံးက အလွန် အစွမ်းထက်လှပြီး လွှမ်းမိုးနိုင်သော ခွန်အားတို့ကို ပိုင်ဆိုင်ထား၏။

နတ်ဘုရားတူကျဆင်းလာသောအခါ ဗုဒ္ဓနတ်ဘုရားချိပ်စည်းတို့က ပြိုကျပျက်စီးသွားသည်။ မရေတွက်နိုင်သော ဗုဒ္ဓ ရှေးဟောင်းနတ်ဘုရား၏ လက်များက ကောင်းကင်သို့ တိုက်ခိုက်ကာ နတ်ဘုရားတူအား ရိုက်ချလိုက်သည်။ သို့သော် ၎င်းက နတ်ဘုရားတူကို ရပ်တန့်နိုင်စွမ်း မရှိသေးပေ။ နတ်ဘုရားတူအောက်သို့ ကျဆင်းလာသည်နှင့် ထိုလက်များက အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရကာ နတ်ဘုရားတူက ကောင်းကင်အောက်ဘက်သို့ ဆက်လက်ကျဆင်းလာသည်။

မဟာလမ်းစဥ်၏ မျက်စိကျိန်းလောက်ဖွယ် နတ်အလင်းများက ဗုဒ္ဓဘုံအရှင်သခင်ထံမှ ထွက်ပေါ်လာသည်။ သူက သတ်ဖြတ် ဖျက်ဆီး၍ မရနိုင်သော ဗုဒ္ဓနတ်ဘုရားခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့သည်။ နတ်ဘုရားခန္ဓာက လက်ကို မြှောက်၍ တိုက်ခိုက်လိုက်သည့်အခါ ၎င်းက အောက်ဘက်သို့ ကျဆင်းလာနေသည့် နတ်ဘုရားတူနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။ ထိတ်လန့်ခြောက်ခြားဖွယ် နားစည်ကို ထွင်းဖောက်နိုင်သည့် အသံတို့ ထွက်ပေါ်လာသည်။

ထန်....

ထိပ်တိုက်တွေ့ဆုံသွားသည့်အသံက လေထဲတွင် ပဲ့တင်ထပ်လာပြီး ရလဒ်အနေနှင့် ဗုဒ္ဓနတ်ခန္ဓာပေါ်၌ အက်ကြောင်းများ စတင်ပေါ်ပေါက်လာပုံရသည်။ ၎င်းက ကောင်းကင်မှ စတင်ပြုတ်ကျလာသည်။ နတ်ဘုရားခန္ဓာကိုယ်ပေါ်၌ အက်ကြောင်းများ ပေါ်ပေါက်လာကာ အထဲမှ ခပ်တိုးတိုး ညည်းညူသံကို ကြားလိုက်ရ၏။ ထို့နောက် နတ်ဘုရားခန္ဓာကိုယ်မှ မျက်စိကျိန်းလောက်ဖွယ် ရွှေရောင်အလင်းတို့ စတင်ထွက်ပေါ်လာပြီး ဗုဒ္ဓဘုံအရှင်သခင်က သူ၏ မူလသဏ္ဌာန်သို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။ သူက သာမန်လူတစ်ယောက် ဖြစ်လာသကဲ့သို့ ထင်မှတ်ရပေသည်။ သွေးများက သူ၏ ပါးစပ်ထောင့်မှ စီးကျနေခဲ့သည်။ သူ၏ မည်သည့်အစိတ်အပိုင်းကမှ တစ်ခေတ်တစ်ခါ၌ ကျော်ကြားခဲ့သော အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်နှင့် တူမနေတော့ပေ။

ရှင်းလင်းစွာပင် ဗုဒ္ဓဘုံအရှင်သခင်က ထိုအစွမ်းထက်လှသော လွှမ်းမိုးနိုင်သည့် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပေသည်။

All Chapters