← Chapters

ကိုယ့်အတွေးနှင့်ကိုယ် ဟုတ်နေသူ

Vol. 112 Ch. 1667

ကိုယ့်အတွေးနှင့်ကိုယ် ဟုတ်နေသူ

Vol. 112 Ch. 1667

“ မဖြစ်နိုင်တာ … သူက ဘီယာ ဆယ်လုံးကို တစ်ယောက်တည်း သောက်တယ်ပေါ့ … သူ့ရဲ့ သောက်နိုင်စွမ်းက တကယ် အံ့ဩစရာပဲ …”

ကျိုးရှင်းဟိုင်၏ အရက်သောက်နိုင်စွမ်းကို ကြားသိလိုက်ရတော့ လူတိုင်း အထင်တွေ ကြီးကုန်ကြသည်။

သူ၏ ပုံစံက အမှန်ပင် မထင်ရပေ။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် ညင်သာ သိမ်မွေ့ပြီး ကျောင်းတော်သား ပုံစံ ဖြစ်နေသဖြင့် မည်သူကမျှ သူ့အား အရက်သောက်နိုင်စွမ်း အားကောင်းလိမ့်မည်လို့ ထင်မထားကြချေ။

“ တကယ်တမ်းကျတော့ … အဲ့တာက ငါ့အကန့်အသတ်တောင် မဟုတ်သေးဘူး …” ကျိုးရှင်းဟိုင် ပြောလိုက်ပြီး “ ငါ အများဆုံး သောက်ခဲ့ဖူးတာဆို တစ်ခါက ဘီယာ ၁၉ လုံးထင်တယ်… ဒါပေမယ့် လုံးဝ မအန်ဘူး… တစ်ယောက်တည်း ကိုယ့်အိပ်ဆောင်ကိုယ် အရောက်ပြန်ပြီး ကိုယ့်အိပ်ရာပေါ် တက်အိပ်တာ … နောက်တစ်နေ့ကျတော့လည်း ဘာမှ မဖြစ်တဲ့ အတိုင်းပဲ …”

၎င်းကို ကြားတော့ လူတိုင်းမှာ ကျိုးရှင်းဟိုင် အပေါ် နားလည်မှု အသစ်အဆန်းများ ရရှိသွားခဲ့ကြသည်။ သူ၏ အရက်သောက်နိုင်စွမ်းက ဩချလောက်စရာပင်။

“ ဟိုင်ကော … မင်း ဒီလောက် အံ့အားသင့်ဖို့ ကောင်းလိမ့်မယ်လို့ ငါ တကယ် ထင်မထားဘူး … ငါ မင်းကို တကယ် အထင်သေးခဲ့မိတာပဲ …” ရန်ကျွင်းကျယ် ဆိုသူက ပြောလိုက်သည်။

“ ဟိုင်ကောမှာ အံ့ဩဖို့ကောင်းတာတွေ အများကြီး ရှိသေးတယ်… မင်းတို့ နောင်ကျ သူနဲ့ ပေါင်းရင်း ဖြည်းဖြည်းချင်း သိလာလိမ့်မယ်…” တင်းချောင် ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။

ဟွာရှလူမျိုးတို့၏ စားသောက်ဝိုင်း၌ အရက်သောက်နိုင်ခြင်းကလည်း ခွန်အားကြီးခြင်း၏ သရုပ်သကန် တစ်ခုပင်။

ချီးမွန်းသံများကို ကြားတော့ ကျိုးရှင်းဟိုင် စိတ်ကောင်းဝင်လာသည်။ သူ၏ ခွက်အား တစ်ဖန် ပင့်မြှောက်၍ ကူရိရန်အား ကြည့်လိုက်၏။

“ ဘာမှစိတ်မပူနဲ့ နည်းပြကူ … ငါ့ရဲ့ အရက်သောက်နိုင်စွမ်းနဲ့ဆိုရင် နောက်ထပ် လေးငါးခွက်လောက် ဆက်တိုက် သောက်လို့ရတယ်…”

“ ဒါဆိုလည်း နင်တို့ ဆက်လုပ်ကြပေါ့ …”

ကူရိရန် ဘာမျှ မပြောတော့ချေ။ သို့သော် အရက်သောက်သည့် နေရာ၌ ကျိုးရှင်းဟိုင်မှာ လင်းရီ ပြိုင်ဘက် မဖြစ်နိုင်ဟု စိတ်ထဲ၌ တွေးတောနေဆဲ ဖြစ်၏။

အရင်တစ်ခေါက်က အဖြစ်အပျက် ပြီးသည့်နောက်တွင် သူမ ကျွမ်းကျင်သူများနှင့် သေချာတိုင်ပင် လေ့လာမှု ပြုခဲ့၏။

လူတစ်ချို့၏ ကိုယ်ခံအားက ထူးထူးခြားခြား အားကောင်းသဖြင့် အသည်းမှ အယ်လ်ကိုဟော ဒီဟိုင်ဒရိုဂျန်းနစ် အင်ဇိုင်း စစ်ထုတ်မှုက သာမန်လူတို့ထက် အဆများစွာ ပိုသည်။

၎င်းတို့က အများပြား သောက်လျှင်ပင် အသေးအဖွဲ့မျှသာ ဖြစ်ပြီး သန့်စင်ခန်းသို့ အကြိမ်ရေ အနည်းငယ်မျှ သွားရုံမျှဖြင့် ၎င်းတို့၏ ခန္ဓာကိုယ် စနစ်မှ စွန့်ထုတ်နိုင်သွားလိမ့်မည်။

ထို့ကြောင့် အရက်သောက်သည့် နေရာတွင်တော့ လင်းရီမှာ ထူးကဲသာလွန်ကြောင်းကိုတော့ ကူရိရန် ဝန်မခံဘဲ မနေနိုင်ချေ။ ထိုကောင့်ကြောင့်ပဲ သူမမှာ အရှက်ကြီးလည်း ကွဲခဲ့ရသေး၏။ ထိုအရာက မေ့မရနိုင်သည့် သင်ခန်းစာ တစ်ရပ်ပင်။

ထို့ကြောင့် သူ့ထက်ပိုပြီး တမူထူးခြားသည့် လူတစ်ယောက်နှင့် မတွေ့သေးသရွေ့ မည်သူကမျှ လင်းရီ၏ ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ချေ။

ကူရိရန်၏ စိုးရိမ်ပေးမှုက ကျိုးရှင်းဟိုင်အား အလွန်အမင်း ဝမ်းသာသွားစေသည်။

ထို့ကြောင့် ကူရိရန်ကိုယ်စား လက်စားချေနိုင်ရန်အတွက် ကျိုးရှင်းဟိုင်မှာ လင်းရီအား အမူးတိုက်ရန် ပို၍ပင် စိတ်အားထက်သန်သွားခဲ့တော့သည်။

ဤသို့ဖြင့် သူ့အပေါ် နည်းပြကူ၏ အထင်မြင် သဘောထားတို့ကလည်း တိုးတက်လာပေလိမ့်မည်။ ထိုအကြောင်းတွေးတောရင်း ကျိုးရှင်းဟိုင် ဖန်ခွက်အားမြှောက်၍ “ လာစမ်းပါ … ဒီအခြေအနေထိ ရောက်နေပြီကို ရက်ရောပြီး တည့်တိုးပဲ ပြောကြတာပေါ့ …”

“ မင်းဘက်က ဒီလောက်တောင် ပြောနေပြီးမှတော့ ငါ့ဘက်က မသောက်ရင် သဘောထား သေးသိမ်လွန်းရာ ကျသွားမှာပေါ့ …”

လင်းရီသည် စားပွဲပေါ်ရှိ အရက်ဖြူ ပုလင်းအား ဖွင့်လိုက်သည်။

“ အတိတ်မှာတုန်းက ငါတို့နှစ်ယောက်ကြား စိတ်မချမ်းမြေ့စရာ ကိစ္စတွေ ရှိခဲ့တယ်ဆိုတာ အမှန်ပဲ … ဒါပေမယ့် ဘီယာတစ်ခွက်တည်းနဲ့တော့ အကုန်လုံးကို သင်ပုန်းချေပစ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဟုတ်တယ်မလား … အရက်ဖြူ သောက်ကြမယ်… ဘီယာ အများကြီး သောက်ရင် ဗိုက်ထဲ နေလို့ ကောင်းမှာ မဟုတ်ဘူး …”

ပြောပြီးနောက် လင်းရီသည် အရက်ဖြူပုလင်းအား နှုတ်ခမ်းတွင် တေ့ကာ လူတိုင်း၏ အကြည့်အောက်တွင် လည်ချောင်းထဲ လောင်းချလိုက်၏။

နှစ်မိနစ် အတွင်းမှာပဲ 475 မီလီလီတာ ရှိသည့် အရက်ဖြူ တစ်ပုလင်းလုံး ပြိုက်ခနဲ ကုန်သွားခဲ့၏။

ထို့နောက် လင်းရီသည် အခြားသော အရက်ဖြူတစ်လုံးအား ကျိုးရှင်းဟိုင်ထံသို့ တွန်းပို့ပေးလိုက်ကာ “ ဒီ ပုလင်းက မင်းဟာပဲ … ဒီဟာ သောက်ပြီးရင် ငါတို့တွေ သူငယ်ချင်းကောင်းတွေ ဖြစ်ပြီ… မသောက်ဘူးဆိုရင်တော့ မင်းငါ့ကို အထင်သေးလိုက်တာပဲ …”

ချက်ချင်းဆိုသလို စားပွဲဝိုင်းကြီး တစ်ခုလုံးမှာ ငြိမ်ကျသွားခဲ့လေသည်။

လီရှန်းဟွေ့အပါအဝင် လူတိုင်း လင်းရီအား မျက်လုံးပြူး ၊ မျက်ဆံပြူးတို့ဖြင့် ကြည့်နေမိကြ၏။

ဒီကောင် တကယ်ကြီး အရက်ဖြူ တစ်ပုလင်းလုံးကို တစ်ကျိုက်တည်း ဖြတ်သွားခဲ့တယ်…

ငါတို့ ဘီယာ သောက်ရင်တောင် ဒီကောင့်လောက် မမြန်ဘူး …

“ ငါ့ကို ကြည့်မနေကြနဲ့ …” လင်းရီ ပြောလိုက်ပြီး “ အခု သူသောက်ရမယ့် အလှည့်ပဲ … ၅၂ % ဆိုတာ ဘယ်လောက်မှ များတာ မဟုတ်ဘူး … မင်းရဲ့ အရက်သောက်နိုင်စွမ်းနဲ့သာဆိုရင် အသာလေးပါ …”

ဤတစ်ကြိမ်တွင်တော့ လူတိုင်း၏ အကြည့်မှာ ကျိုးရှင်းဟိုင် အပေါ်သို့ ကျရောက်သွားခဲ့ကြသည်။

လင်းရီဘက်က တစ်ပုလင်းလုံး ကုန်အောင် သောက်ထားပြီး ယခု သူသောက်ရမည့် အလှည့်ပင်။

အကယ်၍ သူ မသောက်နိုင်ဘူးဆိုပါက မျက်နှာပျက်ရပေမည်။

စားပွဲပေါ်ရှိ အရက်ပုလင်းအား ကြည့်ရင်း ကျိုးရှင်းဟိုင်၏ နှုတ်ခမ်းတို့ ရှုံ့မဲ့သွားခဲ့ရသည်။

သူ သောက်နိုင်စွမ်း ရှိသည်က ဘီယာဖြစ်၏။ အရက်ဖြူ မဟုတ်ပေ။ သူ့ဘက်က နည်းနည်းပါးပါး သောက်နိုင်သည် ဆိုသော်လည်း တစ်ချီတည်းနှင့် တစ်ပုလင်း သောက်ဖို့ရာမှာတော့ မည်သို့မျှ မဖြစ်နိုင်ချေ။

“ ငါ့ သောက်နိုင်စွမ်းက ကောင်းတယ်.. ဒါပေမယ့် ငါက အရက်သောက်ရတာ မကြိုက်ဘူး … မင်း ဘီယာ သောက်ရတာ မကြိုက်သလိုမျိုးပဲပေါ့ … မင်းငါ့ကို ဒီလိုမျိုး အတင်းသောက်ခိုင်းလို့တော့ ဘယ်တော်မှာလဲ ဟုတ်တယ်မလား …”

“ ပြဿနာ မရှိဘူး … ဒါဆိုလည်း ငါတို့ လဲလိုက်ကြတာပေါ့ … အရက် 52 ရာခိုင်နှုန်း ပါတဲ့ အရက်ဖြူက ဘီယာ 10 ပုလင်းနဲ့ ညီတယ်… ဘယ်သူမှ မကန့်ကွက်ဘူးမလား …”

လူတိုင်း ခေါင်းညိမ့်လိုက်ကြသည်။ သူတို့အားလုံးလည်း မကြာခဏ သောက်လေ့ ရှိသဖြင့် ပါဝင်သည့် အရက် ပမာဏအား အားလုံး ရင်းနှီးနေကြသည်။

မည်သူကမျှ မကန့်ကွက်ကြချေ။

လင်းရီသည် စားပွဲပေါ်ရှိ အရက်ဖြူ နောက်တစ်ပုလင်းအား သာမန်လျှံကာ ယူ၍ အဖုံးဖွင့်လိုက်ပြီး တစ်ဖန် ပြန်မော့ချလိုက်လေသည်။

“ ငါအခု နှစ်ပုလင်း သော်ကထားပြီးပြီ… မင်းဘက်က ဘီယာ ပုလင်း ၂၀ သောက်မယ်ဆိုရင် ငါ အခု သောက်ထားတဲ့ ပမာဏနဲ့ ညီတယ်…” လင်းရီ ပြောလိုက်ပြီး “ မင်း ပုလင်း ၂၀ သောက်ပြီးရင် ငါတို့ ဆက်သောက်ကြတာပေါ့ … အဲ့လိုဆို မျှတတယ်မလား …”

လူတိုင်း စကားပြောဆိုနေခြင်းအား ရပ်တန့်၍ ကျိုးရှင်းဟိုင်အား လှည့်ကြည့်လိုက်ကြသည်။

သူ၏ အကန့်အသတ်က ၁၉ လုံး ဖြစ်လေသည်။ သို့သော် လင်းရီ၏ လက်ရှိ အခြေအနေအား လိုက်မီနိုင်ရန်အတွက် ဘီယာ ပုလင်း ၂၀ သောက်ဖို့ လိုအပ်သည်။

သို့ပေမယ့် သူ သောက်ပြီးသည့်အခါတွင်တော့ အသိစိတ်လည်း ပျောက်ကွယ်သွားပေမည်။ လင်းရီနှင့် ဆက်လက် ယှဉ်သောက်နိုင်စွမ်း ရှိတော့မှာ မဟုတ်‌ချေ။

ကူရိရန် ခေါင်းအား တိတ်တဆိတ် ခါရမ်းလိုက်၏။ Ace of spades လေးလုံးသောက်သည်ကို သူမ လက်ခံပေးနိုင်သည်။ သို့သော် အရက်ဖြူ နှစ်လုံးအား ဆက်တိုက် သောက်ပြသွားသည်ကတော့ လုံးဝကို အံ့ဖွယ်ဖြစ်ရပ် တစ်ခုဟု သတ်မှတ်ရမည် ဖြစ်၏။

ကျိုးရှင်းဟိုင်မှာ ကိုယ့်သေတွင်းကိုယ် တူးနေခြင်းပင်။

ကျိုးရှင်းဟိုင်၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွား၍ ကိုးရို့ကားယား ရယ်မောလိုက်လေကာ

“ မင်း … မင်းရဲ့ အရက်သောက်နိုင်စွမ်းကလည်း မဆိုးဘူးပဲ … ဒီလောက်ထိ သောက်ထားတာတောင် အဆင်ပြေနေတယ်ဆိုတော့ …..” “ ဟုတ်ပြီလေ… ငါသောက်မယ်….”

လင်းရီ လူခေါ်သည့် ဘဲလ်အား နှိပ်လိုက်သည်။

မကြာမီ စားပွဲထိုး တစ်ယောက် ဝင်လာပြီး “ ဘာများ ကူညီပေးရမလဲ ဆရာ ….”

လင်းရီ ကျိုးရှင်းဟိုင်ကို လက်ညိုးထိုးပြ၍ “ ဒီက လူကြီးမင်းကို ဘီယာ အလုံး ၂၀ ချပေးလိုက်ပါဦး …”

“ အာ … ဒါဆို သီးသန့် စားပွဲဝိုင်း ထပ်ချရမှာပေါ့…” ဝိတ်တာမှ အံ့အားသင့်နေသည့် လေသံဖြင့် ပြန်ပြောလာခဲ့သည်။

လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ဒါက သူ့အတွက်သီးသန့်ပဲ … တခြားသူတွေ ယူမသောက်အောင် ကာကွယ်ထားရမယ် …”

“ နားလည်ပါပြီ…”

ဝိတ်တာမှာ တုံ့ဆိုင်းနေခြင်း မရှိချေ။ ဘီယာ ပုလင်း ၂၀ ကို တွန်းလှည်းဖြင့် သယ်လာ၍ ကျိုးရှင်းဟိုင်အနားတွင် ချထားပေးလိုက်၏။

ယခုတော့ သူ့တွင် ရွေးချယ်စရာ မရှိတော့ချေ။ သောက်ကို သောက်ရပေတော့မည်။

“ လာကြ … နောက် ဘယ်သူ သောက်ချင်သေးလဲ … ဆက်သောက်ကြမယ်…” လင်းရီ ဆော်ဩလိုက်ပြီး “ ငါတို့တွေ ဒီလိုမျိုး ကောင်းကောင်း မသောက်ဖြစ်တာတောင် အတော်ကြာပြီ မဟုတ်လား ….”

“ မဟုတ်တာ မဟုတ်တာ … လင်းကော … မင်း ငါတို့ကို အသက်ရှင်ခွင့်လေး ပေးပါဦးကွာ .. မင်းရဲ့ ဒီလို သောက်နိုင်စွမ်းကြီးနဲ့ ဘယ်သူက မင်းနဲ့ ပြိုင်သောက်ရဲမှာ …”

“ ဘယ်သူမှ မသောက်ချင်တော့ဘူး ဆိုမှတော့ အစားအသောက်တွေ စားကြတာပေါ့ … နောက်ထပ် သောက်မယ့်အကြောင်း ဘယ်သူမှ မပြောကြနဲ့တော့ …”

“ ဟုတ်တယ် ဟုတ်တယ် .. အစားအစာတွေပေါ်မှာပဲ အာရုံစိုက်ထားကြမယ်…”

ကျိုးရှင်းဟိုင် ချေမှုန်းခံလိုက်ရပြီးနောက် စုဝေးပွဲသည်လည်း တရားဝင် စတင်လာသည်။ သို့ပေမယ့် အသေးစား ပမာဏလေးတော့ စားကောင်း ၊ သောက်ကောင်း ဖြစ်ရန်အတွက် ခွက်မြှောက်ရန် လိုအပ်နေဆဲပင်။

ဒေါက် ဒေါက် ဒေါက် …

“ ဝင်ခဲ့ …”

တံခါးခေါက်သံ ထွက်ပေါ်လာပြီး ကျိုးရှင်းဟိုင်မှာ လက်အား အားတက်သရော ဝှေ့ရမ်းလိုက်၏။

သီးသန့်ခန်း တံခါး တွန်းပွင့်လာပြီး ဝိတ်တာ လှလှလေး ဆယ်ယောက်ကျော်မှာ ချုံစန် ဝတ်စုံများဖြင့် အထဲသို့ ဝင်လာကြလေသည်။

သူမတို့ အားလုံး၏ လက်ထဲတွင် စားချင်စဖွယ် ဟင်းပွဲ မျိုးစုံအား သယ်ဆောင်ထားကြပြီး သင်တန်းသားများ အဖို့တော့ ချုံစန် ဝတ်စုံအောက်ရှိ ဖြူဖွေးနေသည့် ပေါင်တံလေးများမှာ လက်ထဲရှိ ဟင်းပွဲတို့ထက် ဆွဲဆောင်မှု ပိုရှိနေသည်။

ထိုသို့ ဝင်လာကြသည်ကို မြင်တော့ ကျိုးရှင်းဟိုင်မှာ ကြက်သေသေသွားခဲ့ပြီး အလိုအလျောက် နှုတ်က လွှတ်ခနဲ မေးလိုက်မိ၏။

“ ဘာတွေ ဖြစ်နေတာလဲ …”

“ ဟယ်လို … ကျွန်မတို့ရဲ့ ဒါရိုက်တာဝမ်ပြောတာ ဒီရဲ့ သီးသန့်ခန်းထဲမှာ အရေးကြီးတဲ့ ဧည့်သည်တော် တစ်ယောက် ရှိတာကြောင့်မို့ ကျွန်မတို့ကို ဒီရဲ့ ဟင်းပွဲတွေ လာချပေးဖို့ ညွှန်ကြားလိုက်လို့ပါ …” ဝိတ်တာ လှလှလေးမှ တီတီတာတာ အသံလေးဖြင့် ပြောလာခဲ့သည်။

“ အရေးကြီး ဧည့်သည်တော် …” တင်းချောင် ကြောင်အမ်းသွားခဲ့ပြီး “ ဟိုင်ကော … မင်းအဖေက ဒီက မန်နေဂျာနဲ့ သိတယ်မလား … သူတို့က ဧည့်ခံတဲ့ အနေနဲ့ ဒီဟင်းပွဲတွေ ပို့လာတာလား မသိဘူးနော်…”

တင်းချောင်၏ သတိပေးခြင်းကို ခံလိုက်ရတော့ ကျိုးရှင်းဟိုင်မှာ ဟိတ်ဟန်တခွဲသားဖြင့် ဖြစ်သွားခဲ့ပြီး “ အိုက်ယား … ဒါရိုက်တာဝမ်ကလည်းလေ... … ငါက ဒီတိုင်း ထမင်းတစ်နပ် လာစားတာကို ဒီလောက်ထိ ပုံကြီးချဲ့ဖို့ လိုလို့လား … ငါ့ကို နေရခက်အောင် လုပ်နေတာပဲ …… “

All Chapters