ငါလည်း မင်းကို အပြင်လူလို့ သဘောမထားပါဘူး
Vol. 112 Ch. 1668
“ ကျွန်မတို့ရဲ့ ဒါရိုက်တာဝမ်ကတော့ အဲ့လို ညွှန်ကြားလိုက်တာပါပဲရှင့် …” ဝိတ်တာ လှလှလေးမှ ပြောလိုက်ပြီး “ ပြီးတော့ ပြောသေးတယ် … ဒါရိုက်တာဝမ်က ခဏနေကျရင် လူကိုယ်တိုင် ရောက်လာပြီး လူတိုင်းနဲ့ အရက်အတူ သောက်ပါဦးမယ်တဲ့ …”
“ အိုက်ယား … အားနာဖို့ကောင်းလိုက်တာ … ငါတော့ ဒါရိုက်တာဝမ်ကို ပိုက်ဆံ သုံးစေမိပြီပဲ …”
ထိုသို့ ပြောလိုက်သော်လည်း ကျိုးရှင်းဟိုင်မှာ ရင်ထဲတွင်တော့ ဗုံတီး၍ ကခုန်နေချေပြီ။
အတိတ်တွင်တုန်းက သူသိခဲ့ရသည်မှာ သူ့အဖေနှင့် ထိုလူက ရင်းနှီးပတ်သက်မှု အနည်းငယ် ရှိခဲ့သည် ဟူ၍ပင်။ သို့သော် ဤမျှ ကောင်းမွန်နေလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ပါချေ။
သူ့အား ဟင်းပွဲများ အလကား လာပို့ပေးရုံမျှမက လူကိုယ်တိုင်ပင် ရောက်လာပြီး တို့စ်လုပ်ပေးဦးမည်။
အထွေထွေ မန်နေဂျာတစ်ယောက် ဖြစ်လာသည်မှာ မဆန်းတော့ချေ။ လောက ဓမ္မတာကို ကောင်းကောင်းနားလည်ပြီး လူ့အကြိုက်ကို အတော်လေး ကျမ်းကြေနေသည့်လူတစ်ယောက်ပင်။ ထိုကဲ့သို့သော လူအဖို့ အောင်မြင်သည်က ဖြစ်သင့်သည်သာ ဖြစ်၏။
တစ်ချိန်တည်းတွင် ဝိတ်လာလှလှလေးများမှ ဟင်းပွဲများအား စားပွဲပေါ်သို့ လာတင်ပေးသည်။
“ ဒါက Ames caviar ….”
“ ဒီဥစ္စာက … Ausland king crab …”
“ ဒီဥစ္စာက ငွေပုစွန်တုပ် …”
“ ဒီဥစ္စာက ဘလူးဖင်းတူနာ … ဒီနေ့ပဲ အော့စလန်ကနေ လေယာဉ်နဲ့ရောက်လာတာပဲ … စစချင်းတုန်းက သူဌေးအတွက်ဆိုပြီး သီးသန့် ဖယ်ပေးထးတာ ဒါပေမယ့် ဒါရိုက်တာဝမ်က ဧည့်သည်တော်တွေအတွက်ဆိုပြီး စားဖိုမှူးဆီသွားပြီး ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုခဲ့တာလေ…”
“ ဆရာ … ဟင်းပွဲ ၁၂ ပွဲလုံးကို သုံးဆောင်လို့ရပါပြီရှင့် …”
မိတ်ဆက်ပေးပြီးနောက် ခေါင်းဆောင် ဖြစ်ဟန်တူသည့် ဝိတ်တာ လှလှလေးမှာ သူမအနောက်မှ ဝိုင် ပုလင်း နှစ်ခုအား ယူ၍ “ ဒီဥစ္စာက 2014 Screaming Eagle Cabernet Sauvignon … ကောင်းကောင်း အရသာခံကြည့်ပါဦးရှင့် …”
ဟင်းပွဲများအားလုံးကို မိတ်ဆက်ပေးပြီးနောက် ဝိတ်တာလှလှလေးများမှာ သေသပ်ပိရိစွာဖြင့် ပြန်ထွက်သွားခဲ့ကြလေသည်။
သီးသန့်ခန်းထဲရှိ လေထုမှာတော့ တိတ်ဆိတ်နေကာ လူတိုင်း အံ့အားသင့်နေမှုထဲမှ ရုန်းထွက်နိုင်ဟန် မရသေးချေ။
“ ဒါတွေအားလုံးက ငါတို့ဖို့ပေါ့ …”
ယခု ဖြစ်ပေါ်နေသည့် ခံစားချက်အား တင်းချောင် မည်သို့ ပုံဖော်ပြရမှန်းကို မသိတော့ချေ။ သူက ဤနေရာသို့ သာမန် ထမင်းတစ်နပ်စားဖို့ ရောက်လာသော်လည်း ဤကဲ့သို့ ဘုရင့်စားတော်ပွဲကြီးနှင့် လာကြုံကြိုက်နေလေသည်။ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလှ၏။
“ ဒါပေါ့ကွ .. ငါ့အဖေရဲ့ လွှမ်းမိုးမှုတွေက ဒီတစ်ဝိုက်မှာ နာမည်ကြီးပဲလေ…”
ကျိုးရှင်းဟိုင်မှာ စိတ်ကောင်းဝင်နေပြီး စိတ်က နတ်ပြည်ရောက်လုမတတ် ဖြစ်နေသည်။
ဝမ်ထျန်းဟူ၏ ကိစ္စရပ်တို့အား ကိုင်တွယ်ပုံတို့က အမှန်ပင် ကောင်းမွန်လှကာ ရည်ရွယ်ထားသည်ထက်ပင် ပိုအထင်ကြီးဖို့ ကောင်းနေတော့၏။
ကူရိရန်ကလည်း ဒီနေရာမှာ ရှိနေတယ်ဆိုတော့ ခုလောက်ဆို ငါ့ဆီကို မျှားဦးလှည့်ပေါ့ အတွေးအစအနတွေ ရှိနေပြီလား မသိပါဘူး …
အား … ခံစားလို့ ကောင်းလိုက်တာ …
“ Ames caviar … Ausland King Crab.. Silk Lobster နဲ့ ဘလူးဖင်း တူးနာ … အားလုံးက ထိပ်တန်း အမယ်တွေချည်းပဲ … ယွမ် သန်း ဆယ်ချီ ချမ်းသာတဲ့ သူဌေးကြီးတောင် ဒီနေ့လို ထမင်းဝိုင်းမျိုး စားနိုင်မှာ မဟုတ်လောက်ဘူး … ဒီနေ့တော့ ငါတို့ကောင်တွေ ခံစားဖူးသွားပြီ… ဟိုင်ကော … ငါတော့ မင်းကို တကယ်အားကျတယ်…” ရန်ကျွင်းကျယ် ပြောလိုက်၏။
“ ဟားဟား … ဒီလိုပါပဲ … အမှန်အတိုင်းပြောရရင် ဒါက ဘာမှ မဟုတ်သေးဘူး … ဘာပဲဆိုဆို ငါတို့မိသားစုနှစ်ခုက တစ်နည်းတစ်ဖုံနဲ့ ဆက်နွယ်နေကြတာလေ… ငါ့အဖေနဲ့ ဒါရိုက်တာဝမ်ကလည်း ညီကိုကောင်းတွေ … ဒီတော့ ငါ့ကို ဟင်းပွဲ နည်းနည်းနဲ့ ဝိုင်နှစ်လုံး ပေးတာက ပုံမှန်ပဲ …. “ ကျိုးရှင်းဟိုင် ပြောလိုက်သည်။
“ သူတို့ချင်းက ညီကို ဆိုရင်တောင် ဒါကြီးကတော့ သောက်ရမ်းကို …. ဘယ်လိုပြောရမလဲ … အဆင့်မြင့်လွန်းတယ်… ဟုတ်တယ်.. ဒီလို အစားအသောက်တွေဆိုတာ သာမန်ဆို တကယ့် ဒိတ်ဒိတ်ကျဲ ခေါင်းဆောင်ကြီးတွေကိုမှ ဧည့်ခံတာနော်… ကိုယ့်မှာ ပိုက်ဆံရှိရင်တောင် စားချင်တဲ့အချိန် စားလို့ရတဲ့ အရာတွေ မဟုတ်ဘူး … ဟုတ်တယ်မလား …” တင်းချောင် ပြောလိုက်၏။ “ တခြားဟာတွေ ထည့်မပြောသေးနဲ့ဦး … ဒီရဲ့ ဝိုင်နှစ်ပုလင်းနဲ့တင် အတော်လေး အဖိုးထိုက်နေပြီ… ပြီးတော့ ငါအခုတင် လိုင်းပေါ် ရှာကြည့်လိုက်ကာ ဒီရဲ့ 2014 …. က တစ်ပုလင်းကို ယွမ်တစ်သောင်းကျော်တယ်… ဒီနေ့ သောက်နိုင်တယ်ဆိုတော့ တော်ရုံ ကံမျိုးနဲ့တော့ မရလောက်ဘူး …”
ထို့နောက် လူတိုင်းမှာ ဖုန်းထုတ်၍ ဟင်းပွဲများအား ဓာတ်ပုံရိုက်ကာ ကိုယ်စီ ဝီချက်မိုးမန့်၌ စာရေးတင်ကြတော့၏။
စားပွဲပေါ်ရှိ ဟင်းပွဲများအား ကြည့်ရင်း လင်းရီမှာ လေးလေးနက်နက်ကို အထင်ကြီးမိသွားခဲ့သည်။
ဝမ်ထျန်းလုံ ဖြစ်မည်ဆိုပါက ထွေထူး ပြောစရာ ရှိမည် မဟုတ်သောလည်းပဲ သူ့ညီဝမ်းကွဲကလည်း သူနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။
ကြည့်ရတာ ဒီရဲ့ မျိုးရိုးဗီဇက ဝမ်မိသားစုရဲ့ သွေးကြောထဲကို စီးဆင်းနေတယ်နဲ့တူတယ်…
လင်းရီ ထိုအကြောင်း တွေးမိလိုက်၏။ သူ့တွင် အချိန်ရခဲ့ပါက ဝမ်ထျန်းလုံအား ဤအကြောင်း မေးစမ်းကြည့်ရပေမည်။
သူ့တို့ မိသားစုထဲမှာ အရင်က ဘုရင့်အနား ခစားရတဲ့ မိန်းမစိုးတွေများ ရှိခဲ့ဖူးလားလို့ … တအား လူရည်နက်လွန်းတယ်…
သူ ပြန်ရောက်သည်နှင့် လင်းယွင်အုပ်စုထံသို့ ခေါ်သွင်း၍ ရမည်လားဆိုတာကို တီးခေါက်ကြည့်ရမည်။
“ ကောင်းပြီ လူတိုင်းပဲ … ဒီကိစ္စ များများစားစား အာရုံထားမနေကြပါနဲ့ … မြန်မြန် စားလိုက်ကြစို့ … ဟင်းတွေက ခဏဆို အေးကုန်တော့မှာ .. အရသာ မကောင်းတော့ဘဲ နေလိမ့်မယ်…” ကျိုးရှင်းဟိုင် ခြေတင်ချိတ် ထိုင်ရင်း ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် တံခါးဝသို့ ခေါက်သံ တစ်သံ ထွက်ပေါ်လာပြီး တင်းချောင် ဟိန်းသံဖြင့် အသံပေးလိုက်၏။
“ ဝင်ခဲ့ …”
ချလပ် …
သီးသန့်ခန်း တံခါး တွန်းပွင့်လာပြီး ဦးတိဘွား(smiling buddha) မျက်နှာနှင့် ဝမ်ထျန်းဟူ အထဲသို့ ဝင်လာသည်။
“ လူကြီးမင်းတို့ သုံးဆောင်နေတာကို အနှောင့်အယှက် မပေးမိဘူးမလား …”
မည်သူ ဝင်လာလဲဆိုတာကို သိလိုက်ရတော့ ကျိုးရှင်းဟိုင်သည် သူ၏ ထိုင်ခုံမှ ချက်ချင်းလက်ငင်း ထ၍ “ အန်ကယ်ဝမ်ကလည်း .. ခင်များ ယဉ်ကျေးလွန်းနေပါပြီ… တကယ်ကြီး လူကိုယ်တိုင် ရောက်လာရတယ်လို့ဗျာ ….”
ကျိုးရှင်းဟိုင်ကို မြင်တော့ ဝမ်ထျန်းဟူ အပြုံးလေးဖြင့် “ ရှောင်ဟိုင် … မတွေ့တာတောင် ကြာပြီ… မင်းအဖေ နေကောင်းတယ်မလား …”
“ ကောင်းပါ့ဗျာ … သူ တလောကတောင် အန်ကယ့်ကို သတိရကြောင်းတွေ မေးနေသေးတယ်…”
“ အင်း … ငါလည်း သူ့ကို သတိရကြောင်း ပြောပေးလိုက်ပါဦး .. မင်းရော ဘာတွေ အလုပ်များနေလဲ …”
“ ကျွန်တော်က ခုတလော ထရိန်နင်ဆင်းနေရတာလေ… ဒါကြောင့် နည်းနည်းတော့ အလုပ်များတယ်…” ကျိုးရှင်းဟိုင် အပြုံးလေးဖြင့် ပြောလိုက်သည်။
ဝမ်ထျန်းဟူ ခေါင်းတညိမ့်ညိမ့်နှင့် ယဉ်ကျေးစွာ တုံ့ပြန်လာသည်။
“ အမှန်ပဲ … မင်းရဲ့ အသက်အရွယ်မှာ အလုပ်အကိုင်ကလည်း မြင့်တက်ဖို့ အခွင့်ကောင်းတွေ အများကြီး ရှိတဲ့ချိန်.. မင်း ကြိုးစားရမယ်.. မဟုတ်ရင် နောင်မှဆို နောင်တပဲ ကျန်လိမ့်မယ်….”
“ အန်ကယ်ဝမ် ပြောတာ မှန်တယ်.. ဒါကြောင့်ပဲ အရင်က အကျင့်ဆိုးတွေ အကုန်လုံးကို ဖြတ်ပြီး အလုပ်ထဲမှာပဲ အာရုံစိုက်နေတာလေ…” ကျိုးရှင်းဟိုင် လေးနက်တည်ကြည်စွာ ပြော၍ “ ဒါပေမယ့် အန်ကယ်နဲ့ ကျွန်တော့်အဖေက အသိအကျွမ်းဟောင်းတွေပဲကို .. ကျွန်တော်က ဒီတိုင်း လုပ်ဖော်ကိုင်ဖက် တစ်ချို့နဲ့ ထမင်းလာစားတာ ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး … ဒီလိုမျိုး ဈေးကြီးတဲ့ ဟင်းပွဲတွေနဲ့ … အန်ကယ်က ကျွန်တော့်ကို အပြင်လူလို သဘောထားနေတာပဲ …”
နှုတ်ရေး အရသာ ထိုသို့ ပြောနေရသော်လည်း ကျိုးရှင်းဟိုင်သည် အခြေအနေ ပေးမည်ဆိုပါက ဝမ်ထျန်းဟူအား ပွေ့ဖက်၍ ဖက်နမ်းပစ်လိုက်ချင်နေသည်။
သူ့ကိုယ်သူ အရမ်းတွေ ဂုဏ်ယူနေမိ၏။
ယခုလို နှိုင်းယှဉ်လိုက်မည်ဆိုပါက လင်းရီတွင် မည်သည့် အားသာချက်တို့မျှ မရှိတော့ချေ။ သူ၏ တောက်ပမှုအောက်တွင် အရောင် မှေးမှိန်သွားရပြီ ဖြစ်၏။
လီရှန်းဟွေ့နှင့် ကူရိရန်တို့လည်း အံ့အားသင့်သွားခဲ့ကြသည်။
ကျိုးရှင်းဟိုင်၏ အခြေအနေက မဆိုးမှန်း သူတို့ သိထားကြသော်လည်း ဤမျှ ကောင်းမွန်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။
“ အမှန်ပဲ… မင်း အဖေနဲ့ ငါက အသိအကျွမ်းဟောင်းတေမို့လည်း မင်းဖို့ ဘာမှ မပြင်ထားပေးခဲ့ဘူးလေ…” ဝမ်ထျန်းဟူ ပြောလိုက်ပြီး “ ဒီရဲ့ ပင်လယ်စာ ဟင်းလျာတွေကိုကျ လူကြီးမင်းလင်း အတွက် ပြင်ထားပေးတာ … ငါမင်းကို တကယ်ကြီး အပြင်လူကို မဆက်ဆံပါဘူးကွာ …”
လင်းရီက သိုသိုသိပ်သိပ် နေရသည်ကို နှစ်သက်သည့် လူတစ်ယောက် ဖြစ်မှန်း ဝမ်ထျန်းဟူ သိသည်။ ထို့ကြောင့် လင်းရီ မည်သူ မည်ဝါ ဖြစ်ကြောင်းကို သူ ထုတ်မပြောလိုက်ချေ။ ဥက္ကဌလင်း အစား လူကြီးမင်းလင်းဟုသာ သုံးနှုန်းသွားခဲ့၏။
ထိုသို့ နာမ်စား သုံးနှုန်းမှုကလည်း သူ့ဝိတ်နှင့်သူ ရှိ၏။
ကျိုးဟိုင်တွင် မျိုးရိုးနာမည်လင်းနှင့် ထင်ရှားကျော်ကြားသည့် ပုံရိပ်တို့ များစွာ ရှိသော်လည်း လူကြီးမင်းဟု ကိုယ့်ကိုယ်ကို သမုတ်ဝံ့သူမှာ လင်းရီ တစ်ယောက်သာလျှင် ရှိသည်။
သူမှတပါး မည်သူကမျှ ထိုသို့သော ဂုဏ်ပုဒ်နှင့် ထိုက်တန်ခြင်း မရှိချေ။
“ လူကြီးမင်း လင်းဆီက စီးကရက် တစ်လိပ်က ကျိုးဟိုင် တစ်ဝက်လောက်ကို အလေးချိန်စီးတယ်…”
ဤ စကားက သာမန်လျှံကာ ထွက်ပေါ်လာခြင်း မဟုတ်ချေ။
“ လူကြီးမင်းလင်းဖို့ ပြင်ထားပေးတာ ဟုတ်လား … ဘယ်ရဲ့ လူကြီးမင်းတုန်း …” ကျိုးရှင်းဟိုင် အံ့အားသင့်သွားခဲ့ရ၏။
ဝမ်ထျန်းဟူသည် လင်းရီအား ကြည့်လျက် “ အဲ့ဒီရဲ့ လူကြီးမင်းကိုပေါ့ ….”
“ သူ့ကိုလား …”
ဟစ် ….
ထိုစကားလုံးများ ကြားပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်း လေအေးကြီးများ ရှူသွင်းမိလိုက်ကြသည်။
သူတို့၏ နေ့စဉ်ဘဝတွင် ပြောဆိုဆက်ဆံနေထိုင်မှုအရ လင်းရီ၏ အခြေအနေမှာ မဆိုးဟုသာ ခံစားရလေသည်။ သူက ချမ်းသာသည်လည်း မဟုတ်သလို ၊ နွမ်းပါးသည့်အထဲလည်း ပါဝင်သည့် လူစားမျိုး မဟုတ်ချေ။
သို့သော် လင်းရီတွင် ဤကဲ့သို့သော အဆက်အသွယ်မျိုး ရှိနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။ ဤသည်က အရမ်း အံ့ဩဖို့ ကောင်းလွန်းလှ၏။
“ ငါ မင်းကို ပြောဖို့ မေ့နေတာ … ငါတို့ချင်း ရင်းနှီးတယ်…” လင်းရီ ပြုံးလိုက်ပြီး “ မင်းကို နေရခက်အောင် လုပ်မိတာ အားနာပါတယ်ကွာ …”
ကျိုးရှင်းဟိုင် ‘ ငါသောက်ရမ်း နေရခက်နေတယ်ကွ မင်း သိလား … ‘
ကူရိရန်၏ သွင်ပြင်မှာတော့ သက်တောင့်သက်သာနှင့် ထိုအချင်းအရာကို အံ့အားသင့်ဟန် မပြပေ။
လင်းရီက ထို သူဌေးမကြီး၏ သကြားပေပီလေး ဖြစ်သဖြင့် ဤသို့သော နာမည်ကြီး လူတစ်ချို့နှင့် သိကျွမ်းနေသည်မှာ ထူးဆန်းသည်လို့ မဆိုသာချေ။
သို့သော် ယနေ့ ဖြစ်ပျက်သွားခဲ့သည်များကတော့ အမှန်ပင် အနည်းငယ် တိုက်ဆိုင်လွန်းလှသည်။ ကျိုးရှင်းဟိုင်က အလကား ဒုက္ခရောက်သွားခဲ့ရသည့် လူတစ်ယောက် အဖြစ် သတ်မှတ်၍ရ၏။
ဝမ်ထျန်းဟူသည် စားပွဲပေါ်မှ အရက်တစ်ဖန်ခွက်ကို ယူ၍ သူ့ခွက်သူ ဖြည့်လိုက်သည်။ ထို့နောက် ကျန်သူများဘက်သို့ လှည့်၍ “ လူတိုင်းကလည်း လူကြီးမင်းရဲ့ မိတ်ဆွေတွေချည်းပဲ … အခြေအနေတွေက ရုတ်တရက် ဆန်တော့ ကျုပ်လည်း များများစားစား မပြင်ဆင်ထားလိုက်ရဘူး … ဒီတော့ ဒီနေ့ ဝိုင်းကို ကျုပ် ရှင်းပါ့မယ်… လူတိုင်းပဲ စိတ်ရှိသလောက် မှာကြ ၊ သုံးဆောင်ကြပါ … ကျုပ်ကို ဘာမှ အားနာနေစရာ မလိုဘူး …”