← Chapters

ထင်မှတ်မထားတဲ့ အလုပ်အကိုင်သစ်

Vol. 112 Ch. 1669

ထင်မှတ်မထားတဲ့ အလုပ်အကိုင်သစ်

Vol. 112 Ch. 1669

“ ဒကာခံတယ်…”

လူတိုင်း အသံ တီးတိုးကိုယ်စီဖြင့် ဆွေးနွေးကြတော့သည်။

“ ဟုတ်ပါတယ်… ကျုပ် ဒကာခံတာပါ … လူတိုင်းပဲ အားနာမနေကြနဲ့နော်.. လွတ်လွတ်လပ်လပ်သာ မှာကြ …”

ဝမ်ထျန်းဟူသည် အရက်ခွက်အား ချ၍ လောကဝတ် စကားအနည်းငယ် ပြောပြီးနောက် သီးသန့်ခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။

“ လင်းကော … မင်း အကောင်းဆုံးပဲ …” ကျန်းဖန့် ပြောလိုက်ပြီး “ စားသောက်ဆိုင် ပိုင်ရှင်က ငါတို့ကို အစားအသောက်နဲ့ ဝိုင်တွေ လာပေးရုံတင် မကသေးဘူး … လူတိုင်းကို အလကားတောင် ဧည့်ခံသွားပေးသေးတယ်… ဒါက သာမန်လူတွေ ရနိုင်တဲ့ ဆက်ဆံပေးမှုမျိုး မဟုတ်ဘူးနော်….”

“ ဘယ်နားကသာ ဘယ်နားကသာ … ငါလည်း သူ ရောက်လာမယ်လို့ ထင်မထားဘူး …” လင်းရီ ပြောလိုက်ပြီး “ သူများက ငါတို့ကို ဒကာခံချင်နေမှတော့ ဒါနမြောက်အောင် သုံးဆောင်ပေးရမှာပေါ့ ဟုတ်တယ်မလား … လာကြ … စိတ်ကျေနပ်တဲ့အထိ စားကြ သောက်ကြမယ်… အားနာမနေကြနဲ့ …”

“ ဟီးဟီး … ဒီလိုဆို တို့လည်း အားနာမနေတော့ဘူးနော်…” ကျန်းဇီရှင်းမှ ပြောလိုက်လေသည်။

ကျိုးရှင်းဟိုင်မှာ ဘေးသို့ ကိုးရို့ကားယားဖြစ်စွာဖြင့် တိတ်တိတ်လေး သွားထိုင်နေသည်။ သူ မျက်နှာပူလွန်း၍ မည်သို့ ထားရမှန်းတောင် မသိတော့ချေ။

ထိုနောက်ပိုင်းတွင် သူသည် တဖြည်းဖြည်း စကားနည်းလာပြီး တိတ်တဆိတ် စားသောက်၍ ဆင်ခြေတစ်ခုပေးကာ ထွက်ခွာသွားခဲ့လေသည်။

ည ၁၀ နာရီ ဝန်းကျင်လောက်တွင် သုံးချီမျှ သောက်ပြီးသွားခဲ့ပြီး မတူညီသည့် ဟင်းပွဲ ငါးပွဲလုံး ကုန်သွားခဲ့ကာ လူတိုင်းလည်း ထွေနေခဲ့ကြပြီး စားသောက်ပွဲအား အဆုံးသတ်လိုက်တော့သည်။

နှုတ်ဆက်စကား ဆိုပြီးနောက် လူတိုင်း ကိုယ်စီ လမ်းခွဲလိုက်ကြလေသည်။ လင်းရီမှာ တက္ကစီခေါ်၍ လီချူးဟန်အား အဖော်ပြုပေးရန် သူမ ရှိသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

သူ အိမ်ထဲသို့ ဝင်လာသည်နှင့် လက်ဖက်ရည်နံ့ သင်းသင်းအား ရရှိလိုက်ပြီး လီချူးဟန်မှာ မီးဖိုချောင်ထဲတွင် အလုပ်များနေသည်။

“ ဘာလို့ အခုထိ မအိပ်သေးတာ … ဘာတွေ အလုပ်ရှုပ်နေတာလဲ …”

“ နင့်ဖို့ အမူးပြေ လက်ဖက်ရည် ဖျော်နေတာလေ… အရင် နည်းနည်းသောက်လိုက်ဦး …”

“ အင်း …”

လီချူးဟန်မှာ အမြဲတစေ အနုစိတ်၍ ညင်သာသိမ်မွေ့လှပြီး နူးညံ့သည့် နွေဦး မိုးဖွဲလေးများကဲ့သို့ပင်။ ဤသည်က ကျီချင်းရန်‌ရော လျန်ရူရွှယ်တွင်ပါ မမြင်တွေ့နိုင်သည့် အချင်းအရာ တစ်ခုဖြစ်၏။

နောက်ပိုင်းတွင် နှစ်ယောက်သား ဘာမျှ သိပ်မလုပ်ကြချေ။ အချင်းချင်း ဆိုဖာပေါ်တွင် လုံးထွေးနေရင်း TV ကြည့်နေကြလေသည်။ ထို့နောက် အိပ်ရာမဝင်ခင် မာကျားလျန်အကြောင်း စကားစမြည်ကြ၏။

လီချူးဟန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး ပုံမှန် မဟုတ်သည့် မည်သည့်အရာကိုမျှ မလုပ်ချေ။

သို့သော် လီချူးဟန်သာလျှင် အမှန်တကယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ လင်းရီမှာမူ စိတ်ထဲတွင် အချိန်အား ရေတွက်နေလျက် ရှိ၏။

သူ၏ ရဲအရာရှိ အလုပ်အကိုင် စတင်နေသည်မှာ တစ်ပတ်မျှ ရှိပြီ ဖြစ်ပြီး ဤ ညသန်းခေါင် ကုန်ဆုံးပြီးနောက်တွင် သူ့ဘက်က အလုပ်အကိုင် အသစ် နောက်တစ်ခုကို စတင်ပိုင်ခွင့် ရှိသည်။

လင်းရီ လက်ဖဝါး နှစ်ဖက်ကို အတူ ပွတ်သပ်လိုက်၏။ မည်သည့်အလုပ်အကိုင်က သူ့အား စောင့်မျှော်နေသည်ကို သူလည်း တဒိတ်ဒိတ် ရင်ခုန်နေသည်။

ည သန်းခေါင်ရောက်သည်နှင့် စနစ်၏ အသိပေးသံက လင်းရီ၏ စိတ်ထဲတွင် မြည်ဟည်းလာခဲ့၏။

[ အလုပ်အကိုင် အသစ်အား အသက်သွင်းမည် ( လုပ်မည်/ မလုပ်ပါ ) ]

[ အလုပ်အကိုင် : လုံဟူတောင်၏ တာအိုဘုန်းတော်ကြီး ]

[ အလုပ်အကိုင် ပြီးမြောက်နှုန်း : သုည ရာခိုင်နှုန်း ]

[ စနစ်ရှင် … ကျေးဇူးပြုပြီး အလုပ်အကိုင်အသစ် ဆုလက်ဆောင်အိတ် ယွမ် ၁၀ မီလီယမ်အား လက်ခံပေးပါ ]

“ လခွမ်း …”

အိပ်ချင်ယောင်‌ ဆောင်နေသည့် လင်းရီမှာ သူ၏ အလုပ်အကိုင်အသစ်ကို မြင်တွေ့လိုက်ရသည့်အချိန်၌ ချက်ချင်းဆိုသလို မျက်လုံး နှစ်လုံး ပွင့်လာခဲ့တော့၏။

‘ သေစမ်း … မင်း ငါ့ကို တကယ်ကြီး တာအို ဘုန်းကြီး လုပ်ခိုင်းချင်နေတယ်ပေါ့ ဟုတ်လား …’

“ စနစ် …. ဘောပဲ … မင်း ငါ့ဘေးနားမှာ အလှလေးတွေ အများကြီး ရှိနေတာကို မနာလိုလို့ တောထွက်ခိုင်းနေတာလား ဟုတ်လား …”

[ လူသား ကမ္ဘာကြီးက သာယာစည်ပင် ဝပြောပါတယ် … ဒီရဲ့ အလုပ်အကိုင်က စနစ်ရှင်ကို ဘဝရဲ့ အဓိပ္ပာယ် အစစ်အမှန်က ဘာလဲဆိုတာ နားလည်အောင် ကူညီပေးပါလိမ့်မယ် ]

“ မင်း အဘွားကိုပဲ သိအောင် ကူညီခိုင်းလိုက် … ငါ့အခု လက်ရှိ ဘဝပုံစံကလည်း တော်တော်လေး ကောင်းနေပြီးသားပဲ … ဘာမှ ဘဝရဲ့ အဓိပ္ပာယ် အစစ်အမှန်တွေကို နားလည်ဖို့ မလိုဘူး … ဘဝရဲ့ ဂမ္ဘီရဆန်မှုတွေနဲ့ နေထိုင်နေရတာကိုပဲ ပျော်တယ်…”

[ တကယ်လို့ စနစ်ရှင်က ဒီအလုပ်အကိုင်ကို သဘောမကျဘူးဆိုရင် တစ်ပတ်ပြီးတဲ့အခါ နောက်ထပ် အလုပ်အကိုင် တစ်ခုကို ပြောင်းလို့ ရပါတယ်… ]

လင်းရီ နှုတ်ခမ်းကိုက်မိသွားခဲ့သည်။ တာအို ဘုန်းတော်ကြီး အလုပ်အကိုင်က အနည်းငယ် ဗြောင်းဆန်သည်။ သို့သော် သေချာ တွေးတောကြည့်ပြီးနောက်တွင် ထိုမျှ မဆိုးရွားဟု ခံစားလိုက်ရ၏။

သူ့ဘက်က တွေ့ကြုံခံစား၍လည်း ဘာမျှ မှားယွင်းမနေချေ။

သို့သော် လင်းရီ ဆိုးရွားသည့် ခံစားချက်တော့ ရရှိနေမိသည်။

ယခု သူ့အား တာအို ဘုန်းကြီး လုပ်ဖို့ ပြောနေသည်။ နောင်တွင် ခေါင်းတုံး တုံး၍ တကယ့် ဘုန်းကြီး လုပ်ဖို့ ပြောလာလေမလား သူ မပြောတတ်ပေ။

မင်းငါ့ကို ညစောင့် အလုပ်ပဲ ဖြစ်ဖြစ် ဆက်သား အလုပ်ပဲ ဖြစ်ဖြစ် ပေးလို့မရဘူးကွ ….

ဘာလို့ တာအိုဘုန်းကြီးလဲ …

စိတ်ထဲတွင် ခေတ္တမျှ စောဒကတက်ပြီးနောက် လင်းရီ ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်လာသည်။

အခွင့်အရေးက ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာသဖြင့် သူကလည်း ရောက်ရှိလာသည့် အခွင့်အရေးကို လက်ခံဖို့ရာအတွက် လိုလားသည်။

အချိန်ကျသည့်အခါ၌ အခြေအနေတို့က မည်သို့မည်ပုံ ရှိလဲဆိုတာကို သူလေ့လာရပေမည်။ မည်သို့ပင်ဆိုစေ ရွေးချယ်ပိုင်ခွင့်က သူ့လက်ထဲတွင်သာ ရှိ၏။

နောက်တစ်နေ့ နံနက်တွင် လင်းရီ မျက်လုံးပွင့်လာသည့် အခါ၌ လီချူးဟန်မှာ မနက်စာ ပြင်နေပြီး ဖြစ်၏။

“ အရင်သွားပြီး မျက်နှာသစ်လိုက် .. စားပြီးရင် နင့်ရဲ့ အထုပ်အပိုးတွေ သွားသိမ်းကြမယ်…”

“ အင်း …”

လီချူးဟန်၏ ညင်သာ သိမ်မွေ့မှုက ကျီချင်းရန်နှင့် လုံးလုံးလျားလျား ကွဲထွက်နေသည်။

လီချူးဟန်က တိတ်ဆိတ်စွာ အာဟာရဖြစ်စေသည့် ကြည်လင်သည့် လက်ဖက်ရည် တစ်ခွက်ဆိုလျှင် ကျီချင်းရန်က သကြားလုံးလေး ဖြစ်သည်။ အချိန်တိုင်း ချိုမြိန်မှုတို့ဖြင့် ဝန်းရံနေသည်။

လျန်ရူရွှယ်အတွက်တော့ ………….. အမ်း … သူ့အကြောင်းတော့ မပြောတာပဲ ကောင်းမယ်။

မနက်စာ စားပြီးနောက် လီချူးဟန်သည် လင်းရီအား ရှင်းရှန်း ရုံးခွဲသို့ ခေါ်လာသည်။

ကလင် ကလင် ကလင် …

လမ်းတွင် ကျီချင်းရန်ဆီမှ ဖုန်းဝင်လာခဲ့၏။

“ ထရိန်နင် ပြီးပြီလား …”

“ ပြီးပြီ… အခုပဲ ကိုယ့် ပစ္စည်းတွေ သွားသိမ်းတော့မလို့ …” လင်းရီ အမှန်အတိုင်း ပြောလိုက်သည်။ “ မင်းဘက်မှာ ကိစ္စ တစ်ခုခု ရှိနေလို့လား …”

“ ငါ ဒုဥက္ကဌ ရာထူးနေရာ အတွက် လူတစ်ယောက် ခန့်ချင်တယ်လို့ နင့်ကို မပြောဖူးဘူးလား …”

“ မှတ်မိပြီ… ငါ နေ့လည်ကျ ရောက်မယ်…”

“ ကောင်းပြီ… စောင့်နေမယ်နော်…”

လေ့ကျင့်ရေး စခန်း၌ ။

မနေ့က ညစာစားပွဲ ပြီးဆုံးတော့ လူအများစုမှာ ကိုယ့်အိပ်ဆောင်ကိုယ်ပြန်၍ ပစ္စည်းများသိမ်းရန် ရွေးချယ်ခဲ့ကြသည်။

သူတို့နှစ်ယောက် ရောက်လာသည့် အချိန်၌ သင်တန်းသား အများစုမှာ ၎င်းတို့၏ ပစ္စည်းများအား သိမ်းဆည်းပြီး၍ အချင်းချင်း နှုတ်ဆက်စကားပင် ဆိုနေကြလေသည်။

“ ချီးတဲ့မှ … ကျန်းဖန့် … မြန်မြန်လေး မြန်မြန် … ငါ မင်းကို အလှလေး ကြည့်ဖို့ ခေါ်သွားပေးမယ်…”

မျက်နှာသစ်ပြီး၍ မှုန်ရီမှုန်ဝါး ကောင်းကောင်းပင် မနိုးချင်သေးသည့် ကျန်းဖန့်မှာ ဘေးနားနီးချင်း အခန်းဖော် လျိုပေါ်ဟုန်၏ လာရောက် ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။

“ ဘာလဲကွာ … ယောက်ျားလေးဆောင်ထဲမှာ အလှလေးကြည့်ဖို့ ခေါ်သွားပေးမယ် ဟုတ်လား … တစ်ယောက်ယောက် မနေ့က အမူးလွန်ပြီး အဆောင် မှားအိပ်မိသွားတာများလား …”

“ ဒီနေ့က အခန်းသိမ်းရမယ့်နေ့လေကွာ … ပြီးတော့ အပြင်လူတွေကလည်း လာသိမ်းကူကြတယ်… ဒီမနက်မှာတင်ကို အလှလေးတွေ တော်တော်များများ ငါမြင်ပြီးသွားပြီ…” လျိုပေါ်ဟုန် ပြောလိုက်ပြီး “ မြန်မြန် ၀တ်စမ်းပါဟ … ငါ မင်းကို ကြည့်ဖို့ ခေါ်သွားပေးနေတာ …”

“ ဘယ်သူ့ မိသားစုဝင်မို့လို့ မင်း ဒီလောက်တောင် စိတ်လှုပ်ရှားနေတာ …”

“ ကျိုးရှင်းဟိုင်ရဲ့ ညီမလေးကွ … ကောင်မလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ မျက်နှာက လုံးဝကို ထိပ်တန်းပဲ…”

“ တကယ် … အဲ့တာဆို မြန်မြန်လုပ်လေ…”

ကျိုးရှင်းဟိုင်နှင့် သူ့ကြားတွင် ရန်ငြိုးရန်စ ရှိသော်လည်း တစ်ဖက်သူတွင် ညီမ လှလှလေး ရှိသဖြင့် သူတို့၏ ရန်ငြိုးရန်စများအား ခေတ္တ ဘေးချိတ်ထား၍ရသည်။

အဝတ်အစားများအား ကမန်းကတမ်း ဝတ်ပြီးနောက် နှစ်ယောက်သားမှာ မယောင်မလည်နှင့် ကျိုးရှင်းဟိုင်၏ အိပ်ခန်းထဲ ရောက်ချလာသည်။

သူတို့ ကော်ရစ်ဒါသို့ ရောက်သည့် အချိန်တွင်ပဲ လူတော်တော်များများမှာ ကျိုးရှင်းဟိုင်၏ အိပ်ခန်း တံခါးဝ၌ စုပြုံ ဝိုင်းရံနေကြသည်ကို မြင်တွေ့လိုက်ရ၍ ရှော့ခ်ရမိသွားခဲ့၏။ သူတို့အားလုံးမှာ တံခါးဝ၌နေပြီး အထဲသို့ ခေါင်းကိုယ်စီ သွင်း၍ သူ့ထက်ငါ အလုအယက် ကြည့်နေကြသည်မှာ လည်ပင်းကြီး ရှည်လုမတတ်ပင်။

ထို သိက္ခာမဆည်နိုင်သည့် ကောင်များအား ကြည့်ရင်း ကျန်းဖန့် ရင်ထဲ၌ ရှုတ်ချလိုက်မိ၏။

မကြာမီ နှစ်ယောက်လည်း ကျိုးရှင်းဟိုင်၏ အိပ်ခန်းတံခါးဝသို့ ရောက်လာလေသည်။ ကျန်းဖန့် စူးစမ်းချင်စိတ်ဖြင့် အထဲသို့ တစ်ချက် လှမ်းကြည့်လိုက်ရာ သူ့ကိုယ်သူ လုံးဝ အကြည့်မလွှဲနိုင်တော့ပြီကို သတိထားမိလိုက်သည်။

အိပ်ခန်းထဲတွင် မိန်းမလှလေး တစ်ဦး မတ်တပ်ရပ်နေသည်။

သူမက အနက်ရောင် ဂါဝန်နှင့် အသားရောင် စတော်ကင်ကို ဝတ်ဆင်ထားသည်။ အရေးကြီးဆုံးကတော့ သူမ၏ ရုပ်ရည်က လုံးဝ ကြည့်ရ ဆိုးနေခြင်း မရှိခြင်းပင်။ အလှကညာ တစ်ပါးဖြစ်၏။ သူမအား ကြည့်မိသည်နှင့် ကျန်းဖန့် ချက်ချင်းဆိုသလို သွားရည်တွေ ယိုလာသည်။

“ တောက် … ဒီလိုကောင်မှာ ဒီလောက်လှတဲ့ ညီမလေး လာရှိနေရတယ်လို့ကွာ …” ကျန်းဖန့် စောဒကတက်လိုက်မိ၏။

“ ငါလည်း အဲ့တာ စဉ်းစားနေတာ … ကောင်မလေးက တော်တော် ဆွဲဆောင်မှု ရှိတယ်ဟ … ရုပ်ရှင် မင်းသမီးလားပဲ …”

“ ငါကြားတာတော့ သူက မော်ဒယ်တဲ့ …” တစ်စုံတစ်ယောက်က ပြောလာခဲ့၏။

“ မထူးဆန်းတော့ပါဘူး …”

လူအုပ်ကြီးမှာ တံခါးဝ၌ ပေါ်တင် ချောင်းနေရင်း ကျိုးရှင်းဟိုင် အထုပ်အပိုးများ သိမ်းဆည်ပြီးသည်ကို စောင့်ဆိုင်းနေသည်။ ကျိုးရှင်းဟိုင်ကလည်း ထိုငနဲများ သူ့ညီမ လာငမ်းသည်ကို သိနေသဖြင့် စိတ်ထဲတွင် ဂုဏ်ဆာနေမိ၏။

အခြားသူများ၏ မနာလိုခြင်း ခံရသည့်အရသာက ပြောမပြတတ်လောက်အောင် ကောင်းမွန်လှသည်။

“ ကြည့်မနေကြနဲ့ … မင်းတို့ကောင်တွေ လုပ်နိုင်တာဆိုလို့ စိတ်ကူးယဉ်တာပဲ … မင်းတို့ တစ်သက်လုံး ရှာရင်တောင် ငါ့ညီမလောက် လှတဲ့ မိန်းကလေးမျိုး မင်းတို့ ရှာတွေ့မှာ မဟုတ်ဘူး …”

ကျိုးရှင်းဟိုင်၏ ညီမလည်း လှမာနတစ်ချို့နှင့်အတူ ထူးမခြားနားစွာ ပြုံးလိုက်သည်။ သူမ၏ သွင်ပြင်က အတွေ့အကြုံ မရှိသည့် အရှုံးသမား တစ်သိုက်အား ကြည့်နေသကဲ့သို့ ရှိ၏။

နှစ်ယောက်မှာ ကျန်သူများကို ဥပေက္ခာပေးထားကြလေသည်။

ကျိုးရှင်းဟိုင် သူ၏ ခရီးဆောင်အိတ်ကို သယ်၍ အောက်ထပ်သို့ ဆင်းဖို့ ဟန်ပြင်သည်။

သို့သော် သူ ထောင့်ချိုးသို့ ကွေ့သည့် အခါတွင်ပဲ လူတိုင်းနှင့်အတူ ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သူတို့တွေ လီချူးဟန်အား မြင်တွေ့လိုက်ရသောကြောင့်ပင်။

All Chapters