← Chapters

နင်က ငါနဲ့ ယှဉ်နိုင်လို့လား

Vol. 112 Ch. 1670

နင်က ငါနဲ့ ယှဉ်နိုင်လို့လား

Vol. 112 Ch. 1670

လီချူးဟန်ကို မြင်တော့ ကျန်းဖန့်နှင့် ကျန်သူများအားလုံး မျက်လုံးအပြူးသား ၊ ပါးစပ်များ ပွင့်အာကုန်ကြသည်။

သူမက ကျိုးရှင်းဟိုင်၏ ညီမကဲ့သို့ ဆက်ဆီဆန်စွာ ဝတ်ဆင်ထားခြင်း မရှိသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်က မဆိုးရွားသည်မှာ သိသာလှသည်။ ထို့ထက် သာ၍ပင် လှနေပါသေးသည်။

ဤသည်က ဆိုဒ်ချင်းယှဉ်လိုက်သည်တွင် ပို၍ ထင်သာ မြင်သာ ရှိနေသည်။

သို့သော် အရေးကြီးဆုံးကတော့ မျက်နှာပင်။ မိတ်ကပ် လုံးဝ လိမ်းခြယ်ထားခြင်း မပြုသည်မှာ သိသာလှသော်လည်း ကျိုးရှင်းဟိုင်၏ ညီမအောက် လျော့ကျခြင်း မရှိချေ။

အမှတ် ၁၀၀ စနစ်ဖြင့် အကဲဖြတ်မည်ဆိုပါက သူတို့ ရှေ့ရှိ ယခု မိန်းကလေးသည် အမှတ်ပြည့်ရ၍ ကျိုးရှင်းဟိုင်၏ ညီမကတော့ အမှတ် ၉၀ ပင်။

မည်သို့ပင်ဆိုစေ မိန်းကလေးတိုင်းက မိတ်ကပ်လိမ်းပြီးသည့်နောက် အခြားသူတစ်ယောက်ကဲ့သို့ မှော်ဆန်ဆန် ပြောင်းလဲသွားသောကြောင့်ပင်။

“ မင်းတို့ကောင်တွေ ဒီမှာ ဘာလို့ လာစုနေကြတာ …”

ကျန်းဖန့်နှင့် ကျန်သူများကို မြင်တော့ လင်းရီ သာမန်လျှံကာ မေးမြန်းလိုက်၏။

“ ငါတို့ ဒီတိုင်း သွားရင်း ဆုံမိကြတာ…” ကျန်းဖန့် ပြောလာခဲ့၏။

“ လင်းကော … ဒါက မရီးလား …..”

“ ငါက သူ့. . . . .”

“ ချစ်သူ….”

လီချူးဟန် မပြောရသေးခင် လင်းရီ အရင်ဆုံး ပြောလိုက်၏။

လီချူးဟန်၏ မျက်နှာလှလှလေးမှာ ရှက်သွေး ဖြန်းခနဲ ဖြစ်သွားခဲ့၏။ သို့သော် ရင်ထဲတွင်တော့ အလွန်အမင်း ပီတိဝေဖြာနေပါသည်။

“ လာ လာ လာ … မရီး … ဝင်ခဲ့လေ… ဘာလို့ အဲ့မှာ ဒီတိုင်း ရပ်နေတာ …”

ကျန်းဖန့် လီချူးဟန်အား သူ၏ အိပ်ခန်းထဲသို့ ဖိတ်ခေါ်လိုက်ပြီး ကျန်သူများကလည်း နောက်က လိုက်ဝင်လာကြသည်။

အခြားတစ်ဖက်တွင်တော့ ကျိုးရှင်းဟိုင်၏ အခန်းမှာ လုံးဝ ဗလာကျင်းသွားခဲ့လေသည်။

မောင်နှမ နှစ်ယောက်လုံး၏ အမူအရာမှာ အကြီးအကျယ် စော်ကားခံလိုက်ရသကဲ့သို့ အကျည်းတန် အေးစက်သွားခဲ့တော့သည်။

“ သွားစို့ … လျစ်လျူရှုထားလိုက် … ဒီတိုင်း အတွေ့အကြုံ မရှိတဲ့ ငနုံ တစ်အုပ်ကိုများ …”

နှစ်ယောက် ထွက်ခွာသွားပြီးနောက် လင်းရီ၏ အိပ်ခန်းမှာ လှုပ်ရှားသက်ဝင်လာခဲ့သည်။

လီချူးဟန်မှာ လက်ဦးမှု ရယူ၍ လင်းရီ၏ ပစ္စည်းများအား ကူပြီး သိမ်းပေးသည်။ သူမ၏ သွင်ပြင်မှာ အိမ်မှုကိစ္စ နိုင်နင်းသည့် အိမ်ရှင်မကောင်း တစ်ယောက်ကဲ့သို့ပင်။

လင်းရီဘက်က ကူညီမည်လုပ်သော်လည်း ပယ်ချချင်း ခံလိုက်ရ၏။

သူမ၏ မျက်လုံးထဲတွင်တော့ ဤသည်က သူမ လုပ်ပေးသင့်သည့် အလုပ်များပင်။ လင်းရီ လုပ်ဖို့ မလိုချေ။

လီချူးဟန်၏ အပြုအမူက လူတော်တော်များကို မနာလိုလွန်း၍ ချဉ်စူးရှုံ့မဲ့သွားစေခဲ့၏။ သူတို့တွေ သွားရည်ပင် ယိုစီးကျလာခဲ့ကြသည်။

လီချူးဟန်မှာ တော်တော်မြန်သည်။ နာရီဝက်ပင် မကြာလိုက်ဘဲ ပစ္စည်းများအားလုံး သိမ်းဆည်းပြီးသွားခဲ့၏။

ထို့နောက် ကျန်သူများအား နှုတ်ဆက်စကားဆိုကာ အတူ ထွက်လာခဲ့ကြသည်။

လင်းရီ၏ ထွက်ခွာသွားရသည့် ဖြစ်စဉ်က သိပ်ပြီးမှ စိတ်လှုပ်ရှားဖို့ မကောင်းချေ။ အဘယ်ကြောင့်ဆိုသော် ရက်နည်းနည်း ကြာသည့်အခါ၌ ပြန်တွေ့ရမှာ ဖြစ်သောကြောင့် ဖြစ်၏။

နှစ်ယောက်မှာ မောင်းထွက်လာခဲ့လေသည်။ သို့သော် လင်းရီမှာ ကျိုကျုံး ဗီလာသို့ တိုက်ရိုက်ပြန်မလာခဲ့ချေ။ ထိုအစား လီချူးဟန်ကို ကျိုးဟိုင် ဒစ်စနီလန်သို့ ခေါ်သွားပေးလိုက်၏။

နာရီ အနည်းငယ်ကြာပြီးနောက် အပြည့်အဝ လည်ပတ်လို့ ပြီးသွားခဲ့သည်။ သို့‌သော် လီချူးဟန်မှာ ဒစ်စနီလန်အား သိပ်ပြီး စိတ်ဝင်စားပုံမရချေ။ လင်းရီနှင့်အတူ လမ်းလျှောက်ရင်း ရှုခင်းများ ကြည့်ရသည်ကိုပဲ ပျော်ရွှင်နေသည်။

နေ့လည်ရောက်တော့ နှစ်ယောက်သား ဒစ်စနီလန်တွင်ပဲ နေ့လည်စာ စားလိုက်ကြ၏။

အစားအသောက် အရည်အသွေးက သိပ် မကောင်းမွန်သော်လည်း တစ်ဖက်နှင့် တစ်ဖက် အဖော်ပြုပေးနေသဖြင့် အရသာမှာ သိသိသာသာ ကောင်းမွန်နေသည်ဟု ခံစားနေရ၏။

စားသောက်ပြီးနောက် လီချူးဟန်သည် လင်းရီအား ချောင်ရန် အုပ်စု၌ ချပေးခဲ့၏။ သူ၏ ခရီးဆောင်အိတ်အဖို့တော့ လီချူးဟန်မှာ ကျိုကျုံး ဗီလာသို့ သွားကာ လုံခြုံရေး အစောင့်ထံ အပ်ထားပေးခဲ့လိုက်သည်။

“ ငါ မနောက်ကျသေးဘူးမလား …”

ကျီချင်းရန်၏ ရုံးခန်းထဲသို့ ရောက်သည်တွင် သူမလေးမှာ နေ့လည်စာ စားနေပြီ ဖြစ်ကြောင်းကို လင်းရီ မြင်တွေ့လိုက်ရသည်။ သို့သော် သူမ၏ မျက်လုံးတို့ကတော့ ဘေးရှိ စာရွက်စာတမ်းများပေါ်၌သာ စူးစိုက်နေပြီး ပုံမှန်မဟုတ် လေးနက်နေသည်။

“ နင် ပြန်လာပြီပဲ …”

လင်းရီကို မြင်သည်တွင် ကျီချင်းရန်မှာ လက်ထဲကိုင်ထားသည့် ထမင်းစားတူကို ချ၍ သူ့အား ပြေးဖက်လိုက်သည်။ ထို့နောက် လင်းရီ၏ မျက်နှာကို သေချာကြည့်ရင်း ရင်ထဲ ဆစ်ခနဲ နာကျင်သွားခဲ့၏။

“ နင် အတော်လေး တိခံလိုက်ရတာပဲနော် ….”

“ ပိုပြီး ယောက်ျားမဆန်သွားဘူးလား …”

“ နင်နဲ့ တော်တော်လေး လိုက်ပါတယ်… တက်တူးနဲ့ ရွှေဆွဲကြိုး အကြီးကြီးသာ ဝတ်လိုက်ရင် ဂန်းစတားနဲ့တောင် တူသွားဦးမယ်…”

“ ငါက ဂန်းစတားဆို မင်းက အစ်မကြီးပေါ့ …”

“ တကယ်တမ်းကျတော့လေ… နင်ပြောလိုက်တော့မှ အဲ့ဒီ ဂုဏ်ဒြပ်က တော်တော်လေး အာဏာရှိလာသလိုပဲ ..”

လင်းရီ မပြုံးဘဲ မနေနိုင်ချေ။ ကျီချင်းရန်မှာ သူ၏ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်းနှင့် ကြမ်းတမ်းလာပြီဟု ခံစားနေရသည်။

“ မွန်းလွဲပိုင်းကျ လူခေါ်ဖို့ ရှိတယ် မဟုတ်လား … ဘယ်အချိန်လဲ စမှာ …”

“ ၂ နာရီ … အချိန်တောင် နီးနေပြီပဲ … နင် HR ဌာနကိုသွားလိုက် … ငါဒီမှာ လုပ်စရာ ရှိသေးတယ်… နင့်ကို အဖော်မလုပ်ပေးတော့ဘူး …”

“ သေချာလား … ဘာပဲဆိုဆို မင်း ကုမ္ပဏီမှာ အလုပ်လုပ်မယ့် လူနော်…”

“ ရတယ် .. ငါ နင့်ရဲ့ အကဲဖြတ်မှုကို ယုံကြည်ပြီးသား … နင် ငါ့ကို စိတ်မပျက်စေဘူးမလား ….”

“ ဥက္ကဌကျီရဲ့ ယုံကြည်မှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်… ကျွန်တော်မျိုး ဒီ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ အသင့်ပါပဲ …”

“ တော်တယ်… မွ…”

နှစ်ယောက်သား မိနစ် အနည်းငယ်ကြာအောင် အတူတူ အချိန်ဖြုန်းပြီးနောက် လင်းရီသည် HR ဌာနသို့ ရောက်ရှိလာသည်။

“ ဥက္ကဌလင်း … ရှင် ရောက်လာပြီပဲ …”

လင်းရီ HR ဌာနကို ရောက်တော့ HR ဌာန၏ မန်နေဂျာ ၊ ဟွမ်ဖေ့ဝန်မှ အလျင်အမြန် ရောက်လာပြီး နှုတ်ဆက်သည်။

ဟွမ်ဖေ့ဝန်မှာ အများကြီး အသက်မကြီးသေးချေ။ ၃၅ ၊ ၃၆ ဝန်းကျင်မျှသာ ရှိသေးပြီး အနက်ရောင် စကတ်အကြပ်နှင့် ရုံးတွင်းဝတ် အမျိုးသမီး ဝတ်စုံကို ဝတ်ဆင်ထားသည်။

ရင့်ကျက်သည့် အမျိုးသမီး တစ်ယောက်၏ အလှကို အကြည့်တစ်ချက်ဖြင့် မြင်သာနိုင်ပါသည်။

“ ဥက္ကဌလင်းလို့ မခေါ်ပါနဲ့ … ကျုပ် နေသားမကျလို့ပါ …”

သူ ချောင်ရန် အုပ်စုက ထွက်သွားခဲ့သည်မှာ ၂ နှစ်ကျော် ကြာခဲ့ပြီ ဖြစ်၏။ သို့တိုင်အောင် လင်းရီသည် ဟွမ်ဖေ့ဝန်အား မမေ့လျော့နိုင်သေးချေ။

သူ ဤနေရာတွင် အလုပ်လုပ်စဉ်က သူမသည် hr ဌာန၏ ဒုတိယ တာဝန်ခံဖြစ်ပြီး သူ့အား ကောင်းကောင်း ဂရုစိုက်ပေးခဲ့လေသည်။

ထိုအရာတို့က သူ၏ ချောမောခန့်ညားမှုတို့ကြောင့် ဆိုတာတော့ ထွေထူး ပြောနေဖို့ မလိုအပ်ချေ။

မဟုတ်ပါက ၎င်းတို့၏ ရာထူးဂုဏ်ဒြပ် ကွာဟမှုဖြင့် သူတို့နှစ်ဦးကြားတွင် ထိတွေ့ ဆက်နွယ်မိစရာ အကြောင်းမရှိပါချေ။

ဟွမ်ဖေ့ဝန်မှာ စိတ်တွင်း၌ ကြိတ်၍ သက်ပြင်းချမိသည်။ ယခင် အချိန်တုန်းက သူမသည် လင်းရီအပေါ်၌ မရိုးဖြောင့်သော အတွေးတို့ ရှိခဲ့ဖူးသည်။ ယခုတော့ နောက်ကျလွန်းသွားခဲ့ချေပြီ။ သူမတို့၏ ဥက္ကဌကျီက အရယူသွားနိုင်ခဲ့ပြီ ဖြစ်၏။

“ အဲ့လိုလုပ်လည်း ဘယ်ဖြစ်မှာလဲ … စည်းကမ်းက စည်းကမ်းပဲလေ….”

“ ဘာ စည်းကမ်းတွေလဲ … ဒီမှာ အပြင်လူလဲ မရှိတာကို သက်တောင့်သက်သာပဲ ပြောကြတာပေါ့ … မဟုတ်ရင် ကျုပ် နေတတ်မှာတောင် မဟုတ်တော့ဘူး …”

ဟွမ်ဖေ့ဝန် ရယ်မောလိုက်သည်။ “ ဒါဆိုလည်း အစ်မ နင်နဲ့ အားနာမနေတော့ဘူးနော်…”

ပြောပြီးနောက် သူမ စားပွဲအောက်မှနေ၍ စာရွက်စာတမ်း တစ်ထပ်အား ထုတ်လာခဲ့လိုက်သည်။

“ အလုပ်နေရာအတွက် လျှောက်ထားတဲ့ လူတွေက အခု အစည်းအဝေးခန်းထဲမှာ စောင့်နေပြီ… အင်တာဗျူး စကြတော့မလား …”

“ ကောင်းပြီလေ… သူတို့ကို သွားအသိပေးလိုက် …”

ဒုဥက္ကဌ ရာထူးနေရာအတွက် ပုံမှန်ဆိုပါက ဥက္ကဌနှင့် ဒုဥက္ကဌတို့က အင်တာဗျူးလေ့ရှိသည်။ သို့သော် လင်းရီရှိနေသဖြင့် ကျီချင်းရန်မှာ စိတ်ချလက်ချဖြင့် လက်လွှဲပေးထားခဲ့လေသည်။

ဟွမ်ဖေ့ဝန်သည်လည်း သူ့အား ကူညီပေးရန် အသင့်ဖြစ်နေလျက် ရှိ၏။

“ ဟုတ်ပြီ… အစ်မ အခု သွားလိုက်မယ်….”

“ ခဏလေး … ကျုပ် တစ်ခုလောက် မေးချင်လို့ …” လင်းရီ ပြောလိုက်ပြီး “ လာလျှောက်တဲ့လူက ဘယ်နှယောက်လဲ …”

“ စုစုပေါင်း ၁၃ ယောက် … အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၆ ယောက် … ဘာလို့လဲ …”

“ အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်ကို ဘယ်လိုမြင်လဲ …”

ဟွမ်ဖေ့ဝန်သည် လင်းရီအား သေချာစူးစမ်းရင်း “ နင်က အမျိုးသမီး တစ်ယောက်ကို ခန့်အပ်ချင်လို့လား ..”

“ အင်း …”

“ သူတို့တွေက မဆိုးကြပါဘူး .. ဒါပေမယ့် အဲ့တာက စာရွက်ထဲက ကိစ္စတွေပဲလေ… အပြင်မှာတော့ ဘယ်လိုနေလဲ အစ်မလည်း ဘယ်လိုလုပ် သိမှာ …” ဟွမ်ဖေ့ဝန်မှ အပြုံးလေးဖြင့် ပြော၍ “ တကယ်လို့ ဥက္ကဌကျီသာ ဒီအကြောင်း သိသွားခဲ့ရင် နင့်ကို ယောက်ျားပီသတဲ့လူဆိုပြီး မှတ်ချက် ပေးလောက်တယ် သိလား…”

“ ကိစ္စ မရှိဘူး … ဘာပဲဆိုဆို အဲ့လိုအရာတွေကို ကျုပ်တို့ဘက်က ပယ်ချနိုင်အောင် အကောင်းဆုံး ကြိုးစားရမှာပေါ့ …”

…………

ထိုအခိုက်အတန့်တွင်တော့ လူဆယ်ယောက်ကျော်မှာ ချောင်ရန်အုပ်စု၏ အစည်းအဝေးခန်းထဲ၌ ထိုင်နေကြပြီး လိင် ကွဲပြားမှုက ငါးဆယ် - ငါးဆယ်ပင်။

“ ချောင်ရန် အုပ်စုက ဘာလား … ဒီလောက် နာမည်ကြီးတဲ့ ကော်ပိုရေးရှင်းကြီးကို ဒုဥက္ကဌ ရွေးချယ်မဲ့ နေရာကို ဒီအတိုင်းအတာထိ နှိမ့်ချထားတယ်ပေါ့ … standard မရှိလိုက်တာ … “

ပြောလိုက်သူက အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ယောက်ပင်။

သူမ၏ ရင်ဘက် ဧရိယာမှာ သူတကာ မြင်သာစေရန်အတွက် အထူးသီးသန့် ဖော်ကြူးထားပြီး သွယ်လျသည့် ခြေတံတို့ဖြင့် ဒေါက်မြင့်ဖိနပ်ကို စီးနင်းထားသည်မှာ စိုးမိုးသည့် အော်ရာတို့အား လွှတ်ထုတ်နေလျက်ရှိသည်။

မောက်မာသည့် သူမ၏ မျက်နှာထားဖြင့် လူအား အမြင်လည်း ကတ်စေသလို ၊ လူလည်း ရှိန်စေသည်။

“ standard မရှိဘူးဆိုတာ နင် ဘာစကားပြောတာ … ငါတို့ အားလုံးက နိုင်ငံခြားကနေ ကိုယ်စီ ဘွဲ့ရထားတဲ့ လူတွေချည်းပဲ … ပြီးတော့ အဆင့် ၅၀၀ အတွင်း ဝင်တဲ့ ကုမ္ပဏီတွေမှာလည်း အမှု‌ဆောင် တာဝန် ထမ်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိတယ်… ဘာကို standard မရှိဘူး ပြောချင်နေတာ ..”

ပြန်ပြောလိုက်သူကလည်း အမျိုးသမီး တစ်ယောက်ပင်။ သူမက ဒေါင်ကောင်းကောင်းနှင့် မျက်နှာက ပိန်သွယ်သည်။

ထူအုပ်ပြီး လှိုင်းတွန့်ကဲ့သို့သော ဆံပင်ပုံစံဖြင့် ရုံးအဝတ်အစားများအား ဝတ်ဆင်ထားသည်မှာ တစ်မူထူးခြားသည့် အလှအော်ရာတို့အား ထုတ်လွှတ်နေလျက် ရှိပါသည်။

“ ဟမ့် … နင့်ရဲ့ အရည်အချင်း၊ အတွေ့အကြုံတွေနဲ့များ ငါ့အရှေ့လာပြီး ရှိုးမထုတ်စမ်းနဲ့ … ငါက စီးပွားရေး စီမံခန့်ခွဲမှုမှာ PhD. နှစ်ခု ၊ ဘဏ္ဍာရေး ပညာနဲ့က ဟားဗက်ကနေ ဘွဲ့တစ်ခု … ပြီးတော့ ဝေါစထရိမှာ သုံးနှစ်တာ အတွေ့အကြုံနဲ့ အမှုဆောင် ဒုဥက္ကဌ အရာရှိ တစ်ဦးလည်း ဖြစ်ခဲ့ဖူးတယ်.. ငါ့ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ဈေးကွက်တန်ဖိုး ဆယ်ဘီလီယမ် တန်ကြေးရှိတဲ့ ကုမ္ပဏီမှာတောင် ဒုဥက္ကဌ ရာထူးနေရာကို အေးဆေးလေး လျှောက်လို့ရတယ်… နင်က ငါနဲ့ ယှဉ်ဖို့ အဆင့်မီလို့လား …”

All Chapters