← Chapters

အဖြေ ထွက်လာပြီ

Vol. 112 Ch. 1671

အဖြေ ထွက်လာပြီ

Vol. 112 Ch. 1671

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီး၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းကို သိလိုက်ရတော့ ရောက်ရှိနေကြသည့်လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

သူမ၏ ကိုယ်ရေး အကျဉ်းက ထိုမျှ အံ့ဩဖို့ ကောင်းနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။ ထိုအထဲက မည်သည့် တစ်စုံတစ်ခုကမျှမဆို ပြီးပြည့်စုံနေပြီ ဖြစ်၏။

ကျန်သူများကလည်း နိုင်ငံရပ်ခြား၌ ကျောင်းတက် ဘွဲ့ရလာခဲ့ကြသည် ဆိုသော်လည်း သူမနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်တွင် ပြောပလောက်စရာ မရှိတော့ပေ။ သူမကိုယှဉ်၍ တိုးပေါက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

“ ကျစ် .. သူ့ ကိုယ်ရေး အကျဉ်းက ကောင်းနေတော့ရော ဘာအရေးလဲ … သူ အလုပ် ရနိုင်လားတောင် မသေချာသေးဘဲနဲ့များ …” ဆံပင်အတိုနှင့် အခြား အမျိုးသမီး တစ်ယောက်က ပြောလိုက်သည်။

“ ချောင်ရန် အုပ်စုလို ကုမ္ပဏီတွေက ဒုဥက္ကဌရာထူးကို သူတို့ရဲ့ အစွမ်းအစတွေအပေါ် နားလည်နိုင်တဲ့ စွမ်းရည်နဲ့ပဲ ခေါ်ယူ ခန့်အပ်ကြတာ … နင့်ရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာ ဘွဲ့တွေ တစ်ထပ်လိုက်ကြီး ရှိနေရင်တောင် ငါတို့မှာ နင့်ကို အနိုင်ယူနိုင်မယ့် အခွင့်အရေး ရှိနေသေးတုန်းပဲ …”

“ နင်တို့လူတွေက တကယ့်ကို အတွေ့အကြုံ မရှိတာ သိသာလွန်းတယ်… ဒီရဲ့ သဘောတရားကို မကြားဖူးကြဘူးလား … ‘ ကိုယ့်ကိုယ်သိပြီး ကိုယ့်ရန်သူအကြောင်းလည်း သိရင် တိုက်ပွဲတစ်ရာကို ရှုံးပွဲ မရှိ နွှဲနိုင်တယ်…’ “

“ နင် ဘာပြောချင်နေတာ …”

“ အမှန်အတိုင်း ပြောရရင် ဒီနေ့ အင်တာဗျူး လာမေးမယ့်လူက ဥက္ကဌကျီ မဟုတ်ဘူး … တခြား အမှုဆောင် အရာရှိ ၊ သူက အရမ်းချောတဲ့ လူချောလေး …”

“ အမျိုးသား အမှုဆောင် အရာရှိ ဟုတ်လား …”

“ အမှန်ပဲ … ဒါကြောင့်မို့ နင့်ရဲ့ ပညာအရည်အချင်းကို ဘေးချိတ်ထားရင်တောင် နင်အခု ဝတ်ပုံ စားပုံမျိုးနဲ့တင် သူ့အမြင်ကို ဖမ်းစားနိုင်မှာ မဟုတ်ဘူး … နင့်မှာ မိန်းမဆန်တဲ့ အရာဆိုတာ ရှိကို မရှိတာ … အဲ့တာနဲ့များ သူ့အာရုံကို နင် ဘယ်လို ဖမ်းစားမလဲ ပြောကြည့် ….”

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီး၏ စကားကို ကြားတော့ ကျန်သည့် အမျိုးသားတို့၏ မျက်နှာထက်တွင် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်သွားခဲ့တော့သည်။

ထိုသို့ ဆိုပါက သူတို့၏ အလုပ်ရနိုင်ချေမှာ နည်းပါးသွားလေပြီ။

လူတို့ မကြာခဏ ပြောကြသည်မှာတော့ အမျိုးသားနှင့် အမျိုးသမီးတို့အား တစ်သင်းထဲတွင် ယင်ယန်မျှချေညီအောင် ထည့်သွင်းထားမည်ဆိုပါက ဖိအားလျော့နည်းစေသည်ဆိုပင်။

သူမ ယခုလို ဝတ်စားထားသည့် ပုံစံက အမျိုးသားတို့၏ မျက်လုံးထဲတွင် အပိုမှတ်များ ရရှိရန် ကျိန်းသေစေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

မည်သို့ပင်ဆိုစေ ဆက်ဆီဆန်သည့် အမျိုးသမီးတို့အား မကြိုက်သည့် အမျိုးသားဟူ၍ မရှိပေ။

လူတိုင်း တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ကြ၏။ သူတို့က ဂျင်းဘောင်းဘီ ၊ သို့မဟုတ် ဂါဝန်ရှည်များ မဝတ်ဆင်ထားလျှင် အနောက်တိုင်း ဝတ်စုံများ ဝတ်ဆင်ထားကြလေသည်။ သူတို့၏ သွင်ပြင်က ဆက်ဆီကျန နေခြင်း မရှိပေ။

ဒေါက်မြင့် ဖိနပ်နှင့် စတော်ကင် ဝတ်ဆင်ထားသည့် မိန်းကလေးဟူ၍လည်း တစ်ယောက်တစ်လေပင် မရှိချေ။ သူတို့အားလုံးတွင် မျှော်လင့်ချက် မဲ့လေပြီ။

ထိုအခိုက်အတန့်တွင် အစည်းအဝေးအခန်း တံခါး တွန်းပွင့်လာခဲ့ပြီး ဟွမ်ဖေ့ဝန်သည် စာရွက်စာတမ်း တစ်ထပ်ကြီးဖြင့် အထဲသို့ ရောက်လာခဲ့၏။

“ အင်တာဗျူး အခုစမယ်… ချိန်ကျင်းယာ … ကိုယ်စားပြု အမှတ် 1613 …”

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးမှာ ဆွဲဆောင်မှု ရှိရှိ ပြုံးသွားခဲ့ပြီး အခန်းထဲရှိ ကျန်သူများအား ကြည့်၍ “ နင်တို့ မြင်လား … အင်တာဗျူး ခေါ်တယ်ဆိုတာ ကိုယ်ရေး အကျဉ်းကို ကြည့်ပြီး အတော်ဆုံးကနေ စခေါ်ကြတာ … မျှော်လင့်ချက် ထားမနေကြနဲ့ .. မြန်မြန် တက္ကစီငှားပြီးသာ အိမ်ပြန်လိုက်ကြတော့ …”

အခြားသူများမှာ စိတ်ထဲ အနည်းငယ် ကသိကအောက် ဖြစ်သွားခဲ့သော်လည်း သူတို့တွင် ဘာမျှ ပြောစရာ မရှိချေ။

သူမ၏ ပညာအရည်အချင်းက အမြင့်ဆုံးဖြစ်ပြီး သူမ၏ လုပ်ငန်းခွင် အတွေ့အကြုံကလည်း အခြားလူတိုင်းထက် သာလွန်နေသည်။

ထို့ပြင် သူမ၏ ဟာ့ဝဲ ၊ ဆော့ဝဲ အခြေအနေများ အားလုံးပါ မကျန် ဤနေရာရှိ လူတိုင်းထက် အကောင်းဆုံး ဖြစ်နေခဲ့၏။

အခြားအရာများအား လျစ်လျူရှုထားလျှင်ပင် ပေါက်ကွဲထွက်လုမတတ် ဖောင်းကြွနေသည့် ရင်ဘက် E cup နှင့် ကောင်းကင်သို့ ထိုးမျှော်လုမတတ် မိုးမော်နေသည့် တင်ပါးတို့မှာ သာမန် အမျိုးသမီး တစ်ဦးအဖို့ လိုက်လံ မယှဉ်သာသည့် အရာများပင် ဖြစ်ပါတော့သည်။

ချိန်ကျင်းယာ ထွက်ခွာသွားပြီး … နာရီဝက်မျှကြာပြိးနောက် ကော်ရစ်ဒါတွင် ဒေါက်ဖိနပ်သံများ ထွက်ပေါ်လာသည်။

ချိန်ကျင်းယာ ပြန်လာနေသည်မှာ အသိသာကြီးပင်။

ဟွမ်ဖေ့ဝန် သူမနှင့်အတူ ဝင်လာပြီး “ အင်တာဗျူးက အခုပြီးသွားပြီ.. ရလဒ်ကိုတော့ အင်တာဗျူးဖြေတဲ့သူတွေ အကုန်လုံး ပြီးသွားရင် ကြေညာလိမ့်မယ်.. ကျေးဇူးပြုပြီး ဒီနေရာမှာ စိတ်ရှည်ရှည်နဲ့ စောင့်ပေးဦး …”

ထိုသို့ ပြောပြီးနောက် ဟွမ်ဖေ့ဝန်သည် သူမလက်ထဲရှိ စာရွက်အား ကြည့်၍ ပြုံးလိုက်ပြီး “ အခု ပထမ အင်တာဗျူးဖြေတဲ့လူ ပြီးသွားပြီ ဆိုတော့ နောက်တစ်ယောက် မစ် ကော်ရှုထင် ထွက်လာပေးပါ …”

ဟွမ်ဖေ့ဝန် သူမ နာမည်အား ဖတ်ကြားလိုက်သည့် အသံကြားတော့ ယူနီဖောင်းနှင့် အမျိုးသမီးမှာ သူမ၏ မိတ်ကပ်ကို အလျင်စလို ပုတ်၍ သူမကိုယ်သူမ ပြီးပြည့်စုံအောင် ပြင်ဆင်လိုက်သည်။

စိတ်ထဲတွင် နောင်တ တရား အပြည့်နှင့် ဖြစ်နေသည်။ အကယ်၍ သူမသာ အင်တာဗျူးသည့်လူက အမျိုးသားတစ်ယောက် ဖြစ်မှန်း ကြိုသိခဲ့မည် ဆိုပါက သူမ၏ အလှတရားကို ဖုံးအုပ်နေစေမည့် ဤသို့သော အဝတ်အစားများအား ရွေးချယ်မိခဲ့မှာ မဟုတ်ချေ။

ကော်ရှုထင် ထွက်ခွာသွားခဲ့ပြီးနောက် အစည်းအဝေးခန်းမှာ တစ်ဖန် တိတ်ဆိတ်သွားခဲ့လေသည်။ ကျန်သည့် အင်တာဗျူး ဖြေဆိုသူတို့မှာလည်း စိတ်ထဲတွင် ရင်တလှပ်လှပ် ဖြစ်နေလျက် ရှိကြ၏။

ဤသည်က အဘယ်ကြောင့်ဆိုသော် ရလဒ်များအား အင်တာဗျူးပြီးသည်နှင့် ကြေညာမည် ဆိုသော်ကြာင့်ပင်။ ရင် တဒိတ်ဒိတ်နှင့် စောင့်ဆိုင်းနေရသည်က အမှန်ပင် စိတ်ဝိဉာဏ်အား ညှင်းပန်းနှိပ်စက်မှု တစ်ခုပါပင်။

ပုံမှန် အင်တာဗျူးများတွင် ဆိုပါက ယခုလို အင်တာဗျူး ဖြေပြီးသည့်နောက်တွင် ဥက္ကဌမှ ကျန်သည့် အမှုဆောင် အဖွဲ့ဝင်များအား ခေါ်၍ ရာထူးနေရာခန့်အပ်ရန်အတွက် လျှောက်ထားသူများအနက်မှ သင့်လျော်မည့်လူအား ဆွေးနွေးစစ်ထုတ်လိမ့်မည်။

ယခုလို အင်တာဗျူးပြီးသည်နှင့် ရလဒ် ချက်ချင်း ကြေညာသည်ကိုတော့ သူတို့ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်လေသည်။

ထို့ပြင် ဤသို့သော ပုံမှန် မဟုတ်သည့် နည်းလမ်းအား အသုံးပြုနေသည့်လူမှာလည်း ပြောနေစရာမလိုအောင် လင်းရီ၏ ပုံစံဖြစ်၏။

ငါးမိနစ်မျှ ကြာပြီးသည့်နောက် ကော်ရှုထင်သည် စိတ်ပျက်လက်ပျက်ဖြင့် အခန်းတွင်းသို့ ပြန်ဝင်လာသည်။

အေးခဲခံထားရသည့် ခရမ်းသီးကဲ့သို့ သူမမှာ နွမ်းနယ် ငိုက်စိုက်ကျနေလျက် ရှိ၏။

“ ဘာဖြစ်တာလဲ … နင့်ကို ဟိုက ဘယ်လို မေးခွန်းတွေ မေးလဲ …”

အနည်းငယ် ဝဖိုင့်သည့် အင်တာဗျူး‌ လာဖြေသူတစ်ယောက်က လာပြီး စပ်စု၏။

“ ငါတော့ ဇာတ်သိမ်းပြီ…”

“ အာ … ဘာကို ဇာတ်သိမ်းမှာ …”

“ ငါ နင့်ရဲ့ ကိုယ်ရေး အကျဉ်းကို တစ်ချက်ကြည့်လိုက်တာ ငါ့ထက် အများကြီး ပိုကောင်းတာနေတာကိုပဲ မဟုတ်မှလွဲ နင် စိတ်လှုပ်ရှားလွန်းလို့ ကောင်းကောင်း မဖြေလိုက်နိုင်တာများလား ….”

“ ငါ စိတ်လှုပ်ရှားတာ မဟုတ်ဘူး … ဥက္ကဌလင်းနဲ့ ကောင်းကောင်း မွန်မွန် စကားပြောခဲ့တယ်.. ဒါပေမယ့် အဓိကက . . . . . . . “ ကော်ရှုထင်မှာ ထိုနေရာရောက်တော့ တုံ့ဆိုင်းသွားပြီး ရှေ့ဆက် ပြောထွက်မလာတော့ချေ။

“ အဓိကက ဘာလဲ …”

“ အဓိကက ဥက္ကဌလင်းက ငါနဲ့ ငါးမိနစ်ပဲ စကားပြောခဲ့တာလေ… သူ့ကြည့်ရတာ စိတ်မရှည်ဖြစ်နေတဲ့ပုံပဲ …”

၎င်းကို ကြားတော့ ချိန်ကျင်းယာမှာ နာရီဝက်ကျော်ကြာအောင် အင်တာဗျူးဖြေခဲ့ကြောင်းကို လူတိုင်း သတိပြုမိသွားခဲ့ကြသည်။

ယခု အမျိုးသမီး အလှည့်တွင်တော့ ငါးမိနစ်မျှသာ စကားပြောခဲ့သဖြင့် ဤသည်က ပြဿနာ တစ်ရပ်အား ပြသနေသည်။

“ ငါ ဘာပြောထားခဲ့လဲ … နင်တို့တွေမှာ အခွင့်အရေး မရှိပါဘူးလို့ … အမှန်အတိုင်းပြောရရင် ဥက္ကဌလင်းက ငါနဲ့ စကားပြောရတာကို အတော်လေး သဘောခွေ့နေတာ … ငါ့နား ဝီချက် အပ်ရုံတင် မကသေးဘူး … ကောင်လေး ရှိလားလို့တောင် မေးသေးတယ်… ညကျရင် ငါ့ကို ထမင်းအတူစားဖို့ ဖိတ်လာလောက်တယ်…”

ချိန်ကျင်းယာမှာ သူမ၏ ခုံတွင် ခြေတင်ချိတ် ထိုင်နေလျက်သားဖြင့် ပြောလိုက်ရင်း အပြုံးလေးဖြင့် “ တကယ်လို့ သူ့မှာသာ နင်တို့တွေကို ဝတ္တရားအရ ဆက်ပြီး အင်တာဗျူးဖို့ လိုမနေဘူးဆိုရင် ဥက္ကဌလင်းနဲ့ ငါနဲ့ တခြားနေရာမှာ စကားဝိုင်းကျနေလောက်ပြီ… အဲ့ဒီ အစီအစဉ်တွေ ပျက်စီးသွားခဲ့တာ နင်တို့ကြောင့် …”

လူတိုင်းမှာ ရင်ထဲ နစ်ကနဲ ဖြစ်သွားခဲ့ကြ၏။

ဘာတွေ ဖြစ်နေတာလဲ …

သူတို့တွေက ဒီလိုတွေတောင် လုပ်ထားကြပြီဆိုတော့ ဒီရဲ့ ရာထူးနေရာကလည်း သူ့ဆီပဲ ရောက်သွားမှာ သေချာနေတာပဲလေ… ဒါဆို ငါတို့က ဘာလုပ်ဖို့ အင်တာဗျူး ဖြေနေရတော့မှာ …

“ ဟမ့် … နင် အင်တာဗျူး အောင်သွားတယ်ဆိုရင်တောင် အဲ့တော့ ဘာဖြစ်လဲ … ငါတို့လည်း အရှုံးမရှိပါဘူး …” ကော်ရှုထင် ပြောလိုက်ပြီး စိတ်ထဲတွင်တော့ ကျေနပ်မနေချေ။

နှုတ်အရသာ ကြည့်မရ၍ ထိုသို့‌ပြောလိုက်သည်ဆိုသော်လည်း သူမ၏ အဝတ်အစား ရွေးချယ်သည့် ဖြစ်စဉ်သို့ အတွေးရောက်သွားသော် မည်သို့မျှ နောင်တမရဘဲ မနေနိုင်ပါချေ။

ဒီနေ့ကျမှ ဘာလို့ ဒီ ယူနီဖောင်းကြီး ဝတ်လာရတာလဲဟာ …

စောစောကတည်းက သိခဲ့ရင် မိနီ စကတ်လေး ဝတ်ခဲ့မှာပေါ့ …

ဒီလို ယူနီဖောင်းကြီးနဲ့ဆို လူက ကြည့်ရတာ အဘွားကြီး တစ်ယောက်နဲ့ တူမသွားဘူးလား …

သူမမှာ စတော်ကင်လေး တစ်ထည်ပင် ဝတ်မထားမိချေ။ အကယ်၍ သူမသာ အမျိုးသား တစ်ယောက် ဖြစ်ခဲ့မည်ဆိုပါက ချိန်ကျင်းယာလို အမျိုးသမီးကိုသာ ကျိန်းသေပေါက် ရွေးချယ်မိပါမည်။

“ ဘာမှ မဆုံးရှုံးဘူးဆိုတာ ဘာကို ပြောချင်တာ ..” အနည်းငယ် ခပ်ဝဝနိုင်သည့် အမျိုးသမီးမှ နားမလည်နိုင်စွာ မေးမြန်းလာသည်။

လင်းရီ အကြောင်း မေးမြန်းလာတော့ ကော်ရှုထင်၏ အတွေးတို့မှာ ချက်ချင်း တက်တက်ကြွကြွ ပြန်ဖြစ်သွားပြီး “ ငါ ပြောပြမယ်.. ဥက္ကဌလင်းက တကယ် ချောတာပါဆို …”

“ ငါ ပထမ စစချင်း အထဲ ဝင်သွားတုန်းက ဥက္ကဌလင်းကို မြင်ပြီး လူတောင် ကြက်သေသေသွားတယ်… သူ့ရဲ့ မျက်နှာက လုံးဝကို နတ်သားလေးပဲ … ဒါကြောင့်မို့ ငါ့ဘက်က အင်တာဗျူး ကျတယ်ဆိုရင်တောင် အရှုံးမရှိဘူးလို့ ပြောတာ … အဲ့လို နတ်သားလေးနဲ့ ငါးမိနစ်တောင် စကားပြောခဲ့ရတယ်လေ… မဟုတ်ဘူးလား …”

“ ဟီးဟီး … သနားစရာ သတ္တဝါလေးတွေ … ငါ အင်တာဗျူး ဖြေတုန်းကဆို ဥက္ကဌလင်းက ငါ့ကို မယောင်မလည်နဲ့ လာဖက်ပြီး လက်တောင်လာထိသေးတယ်… ငါ့နေရာမှာ နင်တို့တွေသာဆိုလို့ကတော့ စိတ်လှုပ်ရှား လွန်းပြီး သတိများ လစ်သွားမလား မပြောတတ်…….”

ချိန်ကျင်းယာ၏ အမူအရာမှာ ရွှင်မြူးနေပြီး နတ်ပြည်တက်အောင် ဝင့်ကြွားနေတော့သည်။

အမျိုးသမီးတို့မှာ ပျော်ပျော်ရွှင်ရွှင်နှင့် စကားပြောနေကြစဉ် ချိန်ကျင်းယာ့၏ အေးတိအေးစက် ရေပုံးကြီးဖြင့် လောင်းချခြင်းကို ခံလိုက်ရလေသည်။ စကားပြောဖို့ ဆက်လက် စိတ်မဝင်စားတော့ဘဲ နေရာ၌သာ တိတ်တိတ်လေး ထိုင်နေတော့၏။

သူတို့တွင် အခွင့်အရေး မရှိတော့မှန်း သိကြသော်လည်း အဝါရောင်မြစ်နှင့် မတွေ့ရသေးသရွေ့ အရှုံးမပေးနိုင်ချေ။ တောင်ဘက်တံတိုင်းကြီးနှင့် မတွေ့သေးသရွေ့၍လည်း သူမတို့ နောက်ပြန်လှည့်မည် မဟုတ်ချေ။

မဟုတ်တော့ရော ….

သူတို့က သေဖို့ကို ဒီတိုင်း ဘာမှမလုပ်ဘဲ ထိုင်စောင့်နေရမှာလား ….

ငါးမိနစ်မျှ ကြာပြီးနောက် တတိယ အင်တာဗျူးဖြေဆိုသူကလည်း စိတ်ပျက်လက်ပျက် အမူအရာဖြင့် အထဲ ပြန်ရောက်လာသည်။ သူတို့တွင် အခွင့်အရေး မရှိသည်မှာ ပိုပြီး သေချာသွားတော့သည်။

ထို့နောက် စတုတ္ထမြောက် အင်တာဗျူးဖြေသူ …

ပဥ္စမမြောက် အင်တာဗျူး ဖြေသူ …

သို့သော် နောက်ပိုင်းသို့ ရောက်လာလေလေ ၊ အင်တာဗျူး ဖြေဆိုရသည့် အချိန်က ပိုပြီး တိုလာလေလေ ဖြစ်၏။

နောက်ဆုံးတစ်ယောက် အလှည့်သို့ ရောက်တော့ တစ်မိနစ်မျှသာ ကြာညောင်းပြီး အင်တာဗျူးမှာ အဆုံးသတ်သွားခဲ့တော့သည်။

အင်တာဗျူး ပြီးသွားသည့် အခါ၌ ဖြေဆိုသူများအားလုံးမှာ အကျည်းတန်သည့် အမူအရာကိုယ်စီဖြင့် ဖြစ်နေကြ၏။ သူတို့ကိုယ်သူတို့ ရွေးချယ်ခံရခြင်း မရှိနိုင်သည်ကို သိကြသည်။ သို့ပေမယ့် နားနှင့် တပ်အပ် မကြားရသေးသရွေ့တော့ ကောက်ရိုးလေး တစ်မျှင်စာ မျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားနေမိကြသည်။ ရလဒ်ကို ကြားပြီးသည့်နောက်တွင်မှ လုံးလုံးလျားလျား လက်လျှော့လိုက်နိုင်မည်။

သို့သော် သူတို့ ထိုအကြောင်း တွေးတောနေလေလေ ၊ ရှုံးနိမ့်သွားသည့် ခံစားချက်တို့က ပိုပြီး ပြင်းထန်လာလေလေ ဖြစ်၏။ သူတို့တွေသည် အဝတ်အစား သွင်ပြင်ကြောင့် အဆိုပါ အမျိုးသမီးအား ရှုံးနိမ့်သွားခဲ့ရသည်မှာ မည်မျှ ဖြည်မဆည်နိုင်စရာ ဖြစ်ဖို့ကောင်းလိုက်သနည်း။

အဝတ်အစားဆိုသည်မှာ ယောက်ျားသားတို့အဖို့ မြင်းကို တန်ဆာဆင် အမြင်တင့်စေသည့် ကုန်နှီးသဖွယ်ပင်။ ကြည့်ရသည်မှာ နောင်တွင် သူတို့တွေလည်း suit dress သို့မဟုတ် အနက်ရောင် စတော်ကင်တစ်ချို့ ဝယ်ဆောင်ထားရတော့မလိုပင်။

“ ကောင်းပြီ… သွားကြေညာလိုက်တော့ … ကျုပ် တခြား လုပ်စရာ ရှိသေးလို့ ပြန်နှင့်ပြီ…”

အပြင်ဘက်ရှိ အသံဗလံများကို ကြားလိုက်ရတော့ လူတိုင်း နားစွင့်မိလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ဥက္ကဌလင်း၏ အသံဖြစ်နေသောကြောင့်ပင်။

“ ဥက္ကဌလင်း … ရှင် အဲ့လို မလုပ်နဲ့လေ.. ကျွန်မတို့က ဒုဥက္ကဌ ရာထူးနေရာအတွက် အလုပ်ခေါ်နေတာဆိုတော့ ရလဒ်ကို ရှင်ကိုယ်တိုင် ကြေညာတာက ကျွန်မထက် ပိုသင့်လျော်တယ်လေ… ကျွန်မရဲ့ ရာထူးက ကြေညာရလောက်တဲ့အထိ မမြင့်လို့ …”

“ ဒါဆိုလည်း … ကောင်းပြီလေ….”

All Chapters