ဥက္ကဌလင်းရဲ့ အထောက်အထားက ဘာလဲ
Vol. 112 Ch. 1672
သို့နှင့် အစည်းအဝေးအခန်းတံခါး တွန်းပွင့်လာပြီး လင်းရီနှင့် ဟွမ်ဖေ့ဝန်တို့ တစ်ယောက်ပြီး တစ်ယောက် အထဲသို့ ဝင်လာကာ အင်တာဗျူး ရလဒ်အား ကြေညာရန် ဟန်ပြင်လိုက်ကြ၏။
လင်းရီ ဝင်လာသည်ကိုမြင်တော့ အမျိုးသမီးတို့မှာ အလိုအလျောက် မတ်တပ်ရပ်မိလိုက်ကြသည်။ ချိန်ကျင်းယာမှာ စကတ်အနားစအား မ၍ မသိမသာ ဖြူဖွေးသည့် အသားအရည်အား လှစ်ဟာပြကာ အထာတစ်ချို့ ပေးလိုက်သည်။
အမျိုးသမီးတို့မှာ အပေါ်ယံသွင်ပြင်၌သာ တည်ငြိမ်သည့် မျက်နှာထားတို့ဖြင့် ဖြစ်နေကြသော်လည်း ရင်ထဲတွင်တော့ နှလုံးမှာ ရူးသွပ်အောင် ခုန်ပေါက်နေသည်။
အမျိုးသမီးတို့မှာ ရုပ်ရည်နှင့် ပတ်သက်၍ အမြဲတစေ ထိလွယ်ရှလွယ် ဖြစ်လွန်းတတ်ကြ၏။ အထူးသဖြင့် အရပ်လေးပါ မြင့်မည်ဆိုလျှင်ပင်။ ယခု လင်းရီ၏ ချောမောခန့်ညားမှုကလည်း သူမတို့ကို နှလုံးခုန် မြန်ဆန်လာစေသည်။
“ ငါတို့ဘက်က ခန့်အပ်စာလည်း ပြင်ဆင်ရသေးတာဆိုတော့ နည်းနည်းလေး နောက်ကျသွားတယ်…” ဟွမ်ဖေ့ဝန် ပြောလိုက်ပြီး “ ဥက္ကဌလင်း … ကျေးဇူပြုပြီး ရလဒ်ကြေညာပေးပြီးတော့မှ ဒုဥက္ကဌအတွက် ရာထူးခန့်အပ်လွှာကို ကမ်းပေးပါရှင့် …”
လူအုပ်ကြီး၏ ရှေ့တွင် ရပ်နေရင်း လင်းရီ လည်ချောင်းရှင်းကာ သက်တောင့်သက်သာ လေသံဖြင့် “ အင်တာဗျူးလည်း ပြီးပြီဆိုတော့ ကျုပ်အခု ရလဒ် ကြေညာတော့မယ်…”
ထိုအခိုက်အတန့်တွင် ချိန်ကျင်းယာမှာ ဆံပင်အား ကျော့မော့စွာ နောက်သို့ လှန်၍ ရှေ့သို့ ကျက်သရေ ရှိစွာဖြင့် တက်လှမ်းလိုက်လေသည်။
သူမက ဥက္ကဌလင်းဆီကနေ အလုပ်ခန့်အပ်လွှာကို လက်ခံရန် အဆင်သင့် ဖြစ်နေလျက် ရှိတော့သည်။
“ မင်းက ရှေ့ထွက်လာပြီး အဲ့တာ ဘာလုပ်တာ …” လင်းရီ အသံကိုနိမ့်ပြီး မေးလိုက်၏။
“ ဥက္ကဌလင်း … ကျွန်မတို့ကို စိတ်နှစ်ခွဖြစ်အောင် လုပ်မနေပါနဲ့ … ကျွန်မ အင်တာဗျူးအောင်တယ်ဆိုတာ လူတိုင်းလည်း သိတယ်… ကျွန်မရဲ့ အခြေအနေနဲ့ဆို သူတို့တွေ အခွင့်အရေး မရှိတာ အမှန်ပဲ မဟုတ်လား …”
“ မင်း ရူးနေတာလား … ဘယ်သူက မင်းကို အလုပ်ရတယ်ပြောလို့ … နေ့ခင်းကြီး အိပ်မက်မက်မနေနဲ့ ….”
လင်းရီ၏ ငေါက်ငမ်းခြင်းကို ခံလိုက်ရတော့ ချိန်ကျင်းယာမှာ ဆွံ့အသွားခဲ့ရသည်။ တစ်စုံတစ်ယောက်က သူမအား ကျော်တက်၍ အလုပ်ရရှိသွားခဲ့သည်ဆိုတာကို မယုံကြည်နိုင်ပေ။
ထိုသို့ပြောပြီးနောက် လင်းရီသည် လက်ထဲတွင် အလုပ်ခန့်အပ်စာကို ကြည့်၍ “ အောင်မြင်သွားတဲ့သူကတော့ ကော်ရှုထင် … မိန်းကလေး …. ပြန်ပြီး အလုပ်လုပ်ဖို့ ပြင်ဆင်လိုက်တော့ … မနက်ဖြန်ကစပြီး အလုပ် စဆင်းလို့ရပြီ…”
“ ဘာ …..”
“ ကျွန်မ …. အောင်သွားတယ် ဟုတ်လား …”
ကော်ရှုထင်မှာ အနည်းငယ် ကြက်သေသေသွားခဲ့၏။ ဗိုက်ဆာနေစဉ် ကောင်းကင်မှ ပိုင်မုန့် ပြုတ်ကျလာသည်ဟုပင် သူမ ခံစားလိုက်ရသည်။
“ ဥက္ကဌလင်း … ဥက္ကဌလင်း .. ကျွန်မက ဒီလိုမျိုး ဝတ်စားထားတာတောင် အလုပ်ရနိုင်တယ်ပေါ့ …”
ကော်ရှုထင် မဝံ့မရဲ စကားအစ်ကြည့်လိုက်သည်။
လင်းရီ ဆွံ့အသွားခဲ့ရ၏။
ဒီလူတွေ ဘယ်လိုများ စဉ်းစားနေကြတာတုန်းဟ …
“ ဘယ်လို ဝတ်စားတယ်ဆိုတာ အရေးကြီးလို့ကတော့ ငါတို့ရဲ့ အလုပ်ခေါ်စာထဲမှာ လာလျှောက်တဲ့လူတွေကို ဘီကီနီ ဝတ်ပြီး လာလျှောက်ရမယ်လို့ပဲ တည့်ပြောလိုက်တော့မှာပေါ့ …”
လင်းရီ၏ စကားကြောင့် ကော်ရှုထင် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့သည်။
“ အဓိကက … သူပြောတာ ရှင်က ခဏနေဆို သူ့ကို ညစာ အတူစားဖို့ ဖိတ်တော့မှာ ဆိုလို့လေ… ပြီးတော့ ရှင်တို့ နှစ်ယောက်က နာရီဝက်ကျော်ကြာအောင် စကားတွေ ပြောခဲ့တာဆိုတော့ ကျွန်မတို့အားလုံး ထင်နေကြတာ ကျွန်မတို့တွေ အခွင့်အရေး မရှိတော့ဘူး ဆိုပြီးပေါ့ ….”
လင်းရီ ချိန်ကျင်းယာအား တစ်ချက်ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်၏။
“ ငါက အရက်မူးနေလို့လား .. ဘာလို့ သူ့ကို ထမင်းအတူစားဖို့ ဖိတ်ရမှာ …”
“ ဘာလို့လဲ …” ချိန်ကျင်းယာ အော်ဟစ်လိုက်၏။
“ ငါ့ရဲ့ ပညာအရည်အချင်းကလည်း အမြင့်ဆုံးမှာ ရှိတယ်… လုပ်ငန်းခွင့် အတွေ့အကြုံကလည်း အကြွယ်ဝဆုံးပဲ … ဘာလို့ သူက ရွေးချယ်ခံလိုက်ရတာပဲ … သူက ဘာတွေများ ငါနဲ့ ယှဉ်နိုင်နေလို့ …”
“ မင်းက ဒစ်ပလိုမာ အတုတွေ ယူလာခဲ့တာတောင် ကိုယ့်ကိုယ်ကို ထိပ်တန်း ကျောင်းသားပါဆိုပြီး ပြောဝံ့နေတယ်ပေါ့ …” လင်းရီ အေးတိအေးစက် ပြောလိုက်ပြီး “ မင်းကို မဖော်ထုတ်တာတင်ပဲ မျက်နှာသာပေးလှပြီကို မင်းက ငါ့ဆီကနေ ဖြေရှင်းချက်က လိုချင်နေသေးတယ် ဟုတ်လား …”
“ ဒစ်ပလိုမာ အတုတွေ ……. "
" ဟယ်တော်…. “
ထိုစကားလုံးများ ကြားလိုက်ရသည်နှင့် နေရာတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့တော့သည်။
သူမ၏ ကိုယ်ရေးအကျဉ်းက ဤမျှ အံ့ဩဖို့ကောင်းနေသည်မှာ မထူးဆန်းတော့ချေ။ ၎င်းတို့က အတုဖြစ်နေသည်။
လင်းရီ၏ နောက်တွင် ရပ်နေရင်း ဟွမ်ဖေ့ဝန်မှာ လင်းရီအား လက်မ ထောင်ပြလိုက်၏။
အကယ်၍ သူမသာဆိုပါက ချိန်ကျင်းယာအား အလုပ်ခန့်အပ်မိပြီး ဖြစ်လောက်သည်။
ချိန်ကျင်းယာမှာ နေရာတွင် ဖြူဖျော့သည့် မျက်နှာထားဖြင့် သစ်ငုတ်တွယ်နေမိသကဲ့သို့ မလှုပ်မယှက် ရပ်နေမိသည်။ ရှက်ရွံ့လွန်း၍ ကျင်းတစ်ကျင်းတူးကာပင် ပုန်းအောင်းပစ်လိုက်ချင်သည်။
သူမဘက်က ပိုက်ဆံ အမြောက်အများသုံး၍ ဒစ်ပလိုမာ အတုများအား ဖန်တီးထားခဲ့သော်လည်း တစ်ဖက်သူမှာ ထိုအချင်းအရာအား ရှာတွေ့သွားခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
“ နင် ငါ့ကို လူရှေ့သူရှေ့ အရှက်ခွဲတယ် ဟုတ်လား … နင် နောင်ကျ သတိထားပြီးနေ …”
“ ထွက်သွားစမ်း …”
ချိန်ကျင်းယာ ဒေါသတကြီးဖြင့် ထွက်သွားခဲ့သည်ကို မြင်တော့ ဟွမ်ဖေ့ဝန်မှာ သူမ၏ ခေါင်းအား ခါရမ်းမိလိုက်၏။
ဒီမိန်းမ တကယ်ကြီး ဥက္ကဌလင်းကို ခြိမ်းခြောက်ဝံ့နေတယ်… ဘာမှ မသိတာက ကြောက်စရာ အကောင်းဆုံးဆိုတာ တကယ် မှန်နေရောပဲ….
ချိန်ကျင်းယာ ထွက်ခွာသွားပြီးနောက် အခြားသော အင်တာဗျူး ဖြေဆိုသူများလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။
“ ဟယ်လို ဥက္ကဌလင်း … ကျွန်မတို့တွေ ခုကစပြီး လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီနော်…” ကော်ရှုထင်မှ လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်သည်။
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ကော်မာရှယ် အိမ်ခြံမြေ ဆောက်လုပ်ရေးကို ခုကစပြီး မင်းနဲ့ အပ်ထားတော့မယ်… အလုပ်ကြိုးစားထား …”
“ ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌလင်း … ကျွန်မ နိုင်ငံခြားမှာတုန်းကနဲ့ ရန်ကျင်းမှာတုန်းက ဒီလို ပရောဂျက်မျိုးတွေ အများကြီး လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိတယ်… ရှင့်ကို စိတ်မပျက်စေရပါဘူး …”
“ ငါ့ကို အဲ့တာတွေ ပြောစရာ မလိုဘူး .. ငါက ချောင်ရန်အုပ်စုက မဟုတ်ဘူး … ဒါတွေ အားလုံးက မင်းအပေါ်ပဲ မူတည်တယ်…”
“ နားလည်ပါပြီ…”
လင်းရီ ထွက်ခွာသွားသည်ကို မြင်တော့ ဟွမ်ဖေ့ဝန်မှာ ကော်ရှုထင်နှင့် ဦးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ ဒါရိုက်တာကော် … ကျွန်မတို့တွေ ခုကစပြီး လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီနော် … နောင်လည်း အတူ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်…”
အောင်မြင်စွာဖြင့် ခန့်အပ်ခံရပြီးသည့်နောက် တစ်ဖက်သူမှာ နောက်ဆုံးတွင် ဒုဥက္ကဌ တစ်ယောက် ဖြစ်လာပေတော့မည်။ ၎င်း၏ ရာထူးအဆင့်အတန်းက သူမထက် အဆပေါင်းများစွာ မြင့်မားရန် ဟွမ်ဖေ့ဝန် အဖို့ ယဉ်ကျေးသင့်သည်က သဘာဝပင်။
ကော်ရှုထင် ပြုံးလျက် ခေါင်းညိမ့်လိုက်၏။ ထို့နောက် သိချင်စိတ်ပြင်းပြစွာဖြင် “ ကျွန်မ တစ်ခုလောက် မေးမယ်နော်….”
“ ဒါပေါ့ …. မေးပါ …”
“ ဥက္ကဌလင်းက ချောင်ရန်အုပ်စုက မဟုတ်ဘူးဆိုရင် သူက ဘယ်က လာခဲ့တာ …”
ဟွမ်ဖေ့ဝန် တခစ်ခစ် ရယ်မောမိသွားခဲ့သည်။ အတင်း ပြောရမည်ဆိုလျှင်တော့ အမျိုးသမီးတို့မှာ အန်နာဂျီ အပြည့်ရှိ၏။
“ ပြောပြမယ် .... ဥက္ကဌလင်းက ဥက္ကဌကျီရဲ့ ကောင်လေးလေ…” ဟွမ်ဖေ့ဝန် ပြောလိုက်ပြီး “ ဥက္ကဌကျီက ခုတလော အလုပ်တွေ တအား ရှုပ်နေလို့ အလုပ်ခန့်တဲ့ ဘက်ကို အာရုံ မစိုက်နိုင်ဘူး … ဒါကြောင့်မို့ ဥက္ကဌလင်းနဲ့ လွှဲထားခဲ့တာ …”
“ နင်က သူ့ကို ဥက္ကဌလင်းဆိုပြီး ဆက်တိုက်ခေါ်နေတော့ သူလည်း ကုမ္ပဏီရှိတာပဲလား …”
“ ရှင် လင်းယွင် အုပ်စုကို သိလား …”
“ သိတယ်လေ … ဒီလောက် နာမည်ကြီးတာ …”
“ ဥက္ကဌလင်းက လင်းယွင်အုပ်စုရဲ့ သူဌေးကြီး … အခု ဥက္ကဌကျီ ဘာလို့ သူ လာပြီး ကိုင်တွယ်တာကို စိတ်မချ မဖြစ်လဲ သိပြီလား …”
“ ဘယ်လို … သူက လင်းယွင် အုပ်စုရဲ့ ဥက္ကဌ ဟုတ်လား …” ကော်ရှင်ထင်မှာ အလွန်အင်မတန် အံ့အားသင့်သွားခဲ့ပြီး နှုတ်ခမ်းကို လက်ဖြင့် အုပ်ထားမိလိုက်၏။
“ ကျွန်မ မှတ်မိသလောက်ဆို လင်းယွင်အုပ်စုရဲ့ ဥက္ကဌက ချီရှန်းကျောက်ပါ … ဘယ်လိုလုပ် သူက . . . .. . .”
“ ဥက္ကဌချီက COO နဲ့ လင်းယွင်အုပ်စုရဲ့ စီနီယာ ဒုဥက္ကဌလေ… ဥက္ကဌလင်းပြီးရင် သူက စီနီယာ အကျဆုံး ဝန်ထမ်းပဲ … “ ဟွမ်ဖေ့ဝန် ရှင်းပြလိုက်ပြီး “ ဒါပေမယ့် ဥက္ကဌလင်းက ရည်ရွယ်ချက် ရှိရှိကို သူ့ရဲ့ အထောက်အထား ဖုံးကွယ်ပြီးတော့မှ ကုမ္ပဏီရဲ့ လမ်းကြောင်းကို ပုံစံ ချပေးသလောက်ပဲ လုပ်တာ … ကျန်တာ အားလုံးကို ဥက္ကဌချီကပဲ တာဝန်ယူရတာဆိုတော့ အပြင်လူ တော်တော်များများက ဥက္ကဌချီကို သူဌေးဆိုပြီး အမှတ်မှားနေကြတာ …”
“ ဆိုတော့ အဲ့လိုကိုး …” ကော်ရှုထင် ပြောလိုက်ပြီး “ ဥက္ကဌလင်းက တကယ် အံ့ဩဖို့ ကောင်းတာပဲ … ဒီလောက် အသက်ငယ်ငယ်လေးနဲ့ စိတ်ကူးကြည့်ရင်တောင် ယုံကြည်နိုင်ဖို့ မကောင်းတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားနေပြီ…”
တစ်ချိန်တည်းတွင် လင်းရီမှာ အင်တာဗျူးပြီးနောက် ကျီချင်းရန်၏ နေရာသို့ ရောက်လာခဲ့၏။
“ အားလုံး ပြီးခဲ့ပြီလား …” ကျီချင်းရန် မတ်တပ်ရပ်ပြီး မေးလိုက်၏။
လင်းရီ ကော်ရှုထင်၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းနှင့် အခြားအရာများအား ကျီချင်းရန်ရှေ့တွင် ချပြလိုက်သည်။
“ ဒီမှာ သူ့ရဲ့ အချက်အလက်တွေပဲ … ငါတော့ တော်တော်လေး မဆိုးဘူးလို့ ထင်တယ်… ဥက္ကဌကျီ တစ်ချက်ကြည့်ပါဦး …”
“ မကြည့်တော့ပါဘူး … နင့်ရဲ့ အကဲဖြတ်မှုကို ယုံပါတယ်…”
“ ဥက္ကဌကျီတောင် နှုတ်ချိုလာပြီပဲ …”
ကျီချင်းရန်တွင် အခြား လုပ်စရာများ ရှိနေသဖြင့် နှစ်ယောက်မှာ မိနစ် အနည်းငယ်မျှသာ ပူးကပ်၍ နေကြပြီး ကိုယ်စီ လုပ်စရာရှိသည်များအား လုပ်နေကြသည်။
လင်းရီတွင် ဘာလုပ်စရာမှ မရှိသဖြင့် ဝမ်ရင်း၏ နေရာသို့ ရောက်လာကာ ဘဝ၏ ဂမ္ဘီရဆန်မှုများအား စူးစမ်းနေတော့သည်။
သို့သော် သူ ရုံးခန်းထဲမှ မထွက်ရသေးခင် ထျန်းရန်မှ ဖုန်းခေါ်လာလေသည်။
“ ဥက္ကဌလင်း .. ကျွန်မ ကြားမိတာ ရှင် ရဲ အရာရှိ တစ်ယောက် ဖြစ်လာပြီဆို …”
“ မင်း ယွမ်ယွမ်ဆီက သိလာတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား …”
“ ဒါရိုက်တာဟော် ပြောတာ ဟုတ်တယ်… ကျွန်မတို့အခု စကားပြောလို့ အဆင်ပြေလား …”
“ ထရိန်နင်က ပြီးသွားပြီ … ငါအခု ချောင်ရန် အုပ်စုမှာ … ဘာ ကိစ္စလဲ ….”
“ ကုမ္ပဏီမှာ ပြဿနာ နည်းနည်းတက်နေလို့ … အဲ့တာ ရှင် အခု လာပေးနိုင်မလား … မဟုတ်လည်း ကျွန်မ ရှင့်ဆီ လာခဲ့လို့လည်း ရတယ်…”
“ ငါ့ကို ရုံးခန်းထဲမှာ စောင့်နေ …”
“ အိုကေ ….”
ထျန်းရန်နှင့် ဖုန်းပြောပြီးနောက် လင်းရီ ကျီချင်းရန်အား သွားရှာလိုက်သည်။
“ ကုမ္ပဏီမှာ ကိစ္စ တစ်ခုခု ရှိနေလို့လား …”
လင်းရီခေါင်းညိမ့်လိုက်သည်။ “ ထျန်းရန် ငါ့ကို လှမ်းခေါ်လာလို့ … ဘာဖြစ်နေလဲတော့ မသိသေးဘူး … အရင် တစ်ချက် သွားကြည့်ရမှာပဲ …”
“ ငါ့ကား ယူသွားလိုက် …”
ကျီချင်းရန် ကားသော့အား ကမ်းပေးလာပြီး လင်းရီ၏ အင်္ကျီအား သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပေးလိုက်သည်။
“ သွားတော့ … နင် တစ်ခုခု လိုအပ်ရင် ငါ့ဆီ ဖုန်းဆက်လိုက် … “
“ အင်း …”
လင်းရီ ကားသော့အား ယူ၍ လင်းယွင်အုပ်စုသို့ မောင်းနှင်လာပြီး ထျန်းရန်၏ ရုံးခန်းထဲသို့ ရောက်ရှိလာသည်။
ထျန်းရန်၏ သွင်ပြင်မှာ နဂိုအတိုင်း သပ်ရပ် ကျော့မော့နေကာ မြင်တွေ့နေရုံမျှဖြင့် စက္ခုပသာဒ ဖြစ်လှ၏။
“ ဘာဖြစ်လို့လဲ …”