← Chapters

မင်းက ငါနဲ့ တိုက်ခိုက်ချင်နေတယ် ဟုတ်လား … နုပါသေးတယ်

Vol. 112 Ch. 1674

မင်းက ငါနဲ့ တိုက်ခိုက်ချင်နေတယ် ဟုတ်လား … နုပါသေးတယ်

Vol. 112 Ch. 1674

အခန်း 602 ထဲတွင်။

လီဟွာရှင်းမှာ မာစန်း၏ ကုတင်ဘေးတွင် ထိုင်နေရင်း အပြုံးလေးဖြင့် မေးလိုက်၏။

“ ခဏဆို ခွဲစိတ်ရတော့မယ်… ဘယ်လိုနေလဲ … စိတ်လှုပ်ရှားနေလား …”

“ ငါ ခွဲစိတ်ခန်းထဲဝင်မှာ ပထမဆုံး အကြိမ်မှ မဟုတ်တာကို ဘာခံစားရမှာ … ဘာမှကို မခံစားရတာ ..” မာစန်း အပြုံးလေးဖြင့် ပြန်ပြောလာသည်။

“ မေ့ဆေးပေးပြီးသွားရင် ငါက အိပ်ပျော်သွားမှာကိုပဲ သတိပြန်လည်လာရင် လူနာခန်းထဲ ပြန်ရောက်နေမှာပဲလေ…”

“ မင်းမှာ အဲ့လို သန်မာတဲ့ စိတ်ဓာတ် ရှိနေရင်ကိုပဲ ငါ စိတ်ချပြီ…”

“ စကားမစပ် ဥက္ကဌလီ… ငါ မင်းကို တစ်ခု ပြောစရာ ရှိတယ်…”

“ ဘာကိစ္စလဲ …”

“ လင်းရီ မနေ့က ငါ့ဆီ ဖုန်းဆက်လာတယ်… သူ့ကြည့်ရတာ ငါတို့ သူ မျက်စိကျနေတဲ့ မြေကို လာလုတာ မကျေမနပ် ဖြစ်နေတဲ့ ပုံပဲ …”

“ သေချာပေါက်ပဲပေါ့ … ငါလည်း သူ အဲ့လို ဖြစ်မယ်လို့ ခန့်မှန်းပြီးသားပဲ …” လီဟွာရှင်း ပြောလိုက်ပြီး “ သူ့ရဲ့ ကျိုးဟိုင်က အဆင့်အတန်းနဲ့ ငါတို့သာ ပေါ်မလာခဲ့ရင် အဲ့ဒီ မြေက လင်းယွင်အုပ်စုအပိုင် ဖြစ်နေလောက်ပြီ… အခု ငါတို့ ပါဝင်ပတ်သက်လာပြီဆိုတော့ သူ အဲ့မြေကို ဘယ်လောက် လွယ်လွယ်နဲ့ ရနိုင်မလဲဆိုတာက ငါ့အပေါ် မူတည်သွားပြီ…”

“ ငါ့အထင် သူ စိတ်ထဲ တော်တော်လေး ပျာယာခတ်သွားပြီး ဒေါသထွက်သွားခဲ့တယ်နဲ့ တူတယ်… လူကိုတောင် ခြိမ်းခြောက်သွားသေးတယ်…” မာစန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒီနေ့ ခွဲစိတ်ခန်း ဝင်ပြီးတာနဲ့ မနက်ဖြန်ဆို ဒီကနေ ထွက်သွားတော့မှာ … သူ့ဘာသူ သေမတတ် အလုပ်လုပ်ရင်တောင် ငါ့ကို ရှာနိုင်မှာ မဟုတ်တဲ့ဟာ အဲ့ဒီ ကြမ်းတမ်းတဲ့ စကားလုံးတွေက ဘာအသုံးဝင်လဲဆိုတာတော့ သိချင်မိသား ..”

“ ဘယ်သူက ဂရုစိုက်နေမှာ .. သူက ဒီတိုင်း ဟွာရှက စီးပွားရေး တစ်ယောက်ကိုပဲ သူလုပ်နိုင်တာဆိုလို့ အဲ့တာတွေက မိုင်ကုန်ပဲလေ…” လီဟွာရှင်းသည် သူ၏ ကိုယ်ပေါ်မှ ဖုန်များအား ခါခပ်၍ ရွှတ်နောက်နောက် ပြောလိုက်ပြီး “ ဟွာရှမှာ မို့လို့ပေါ့ကွာ … ဟောင်ကောင်မှာသာ ဆိုလို့ကတော့ သူ ငါ့အရှေ့မှာ အသံကျယ်ကျယ်နဲ့တောင် ပြောရဲမှာ မဟုတ်ဘူး …”

“ အဲ့လိုဆိုလို့ကတော့ မင်းကို ဝင်ပါစရာမလိုတာ ဥက္ကဌလီ… ငါတို့သာ ဟောင်ကောင်မှာဆိုရင် သူ့ကို ငါတစ်ယောက်တည်းနဲ့ အမှုန့်ချေလိုက်လို့ရတယ်…”

“ ဒါကြောင့်မို့ သူ့မှာ ပထဝီမြေနေရာကြောင့် အသာစီးရတယ်လို့ ပြောနေတာပေါ့ … မဟုတ်ရင် အခုလောက်ဆို ဒီကောင့် ဂူပေါ်က မြက်ပင်တွေတောင် ရှည်နေလောက်ပြီ…”

ဒေါက် ဒေါက် ဒေါက် …

သူတို့နှစ်ဦး စကားကောင်းနေစဉ် လူနာခန်းသို့ တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာပြီး နာ့စ်နှစ်ဦး အထဲသို့ ဝင်လာခဲ့၏။

“ မာကျားလျန် .. ရှင့်ရဲ့ ခွဲစိတ်မှုကို ဆယ်မိနစ်နေရင် စမယ်… ကျွန်မတို့ဘက်က နောက်ဆုံး တစ်ခေါက် စစ်ဆေးမှုတွေလုပ်ပြီး ရှင့်ဘက်က သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို လက်မှတ်ထိုးပေးရမယ်…”

“ ဟုတ်ကဲ့ပါ….”

မာကျားလျန် အပြုံးလေးဖြင့် ပူးပေါင်းလိုစိတ်ရှိစွာ ပြောလိုက်သည်။

သူ၏ ထိုပုံစံကို ဂန်းစတား တစ်ယောက်ပါဟု ပြောလျှင် မည်သူကမျှ ယုံကြည်နိုင်မည် မဟုတ်ချေ။

ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးမှု ပြုသည့် လုပ်ငန်းစဉ်က မကြာခင် အဆုံးသတ်သွားခဲ့၏။ နာ့စ်၏ ညွှန်ကြားမှုအောက်တွင် မာကျားလျန်၏ လက်အောက်ငယ်သားများမှ သူ့အား တွန်းလှည်းပေါ်တွင် တင်ကာ ခွဲစိတ်ခန်းထဲသို့ တွန်းပို့ပေးလိုက်သည်။

ခွဲစိတ်ခန်းထဲသို့ ရောက်သည့်အချိန်၌ မာကျားလျန်သည် စိတ်လှုပ်ရှားမှု လုံးဝ ပကတိ ကင်းမဲ့နေသည်။ ဤနေရာသို့ မကြာခဏ ရောက်ဖူးသဖြင့် စစချင်း တစ်ခေါက်ကလောက် ကြောက်ရွံ့ခြင်း မရှိတော့ချေ။

သို့သော် အနည်းငယ် ထူးဆန်းသည်ဟုတော့ ခံစားနေရ၏။

ဟောင်ကောင် ဆေးရုံတွင် ဆိုပါက ခွဲစိတ်ခန်းထဲသို့ ရောက်သည်နှင့် ကိရိယာ ပစ္စည်း မျိုးစုံဖြင့် အလုပ်ရှုပ်နေကြသည့် ဆရာဝန်များ၊ နာ့စ်များကို သူ မြင်ခဲ့ရလေသည်။ ယခုမူကား အထဲတွင် ဆရာဝန် တစ်ယောက်တည်းသာ ရှိသည်က အနည်းငယ် ထူးဆန်းလွန်းလှ၏။

“ မင်းက ဒီနေ့ ဦးဆောင် ခွဲစိတ်မယ့် ဆရာဝန်လား …” မာကျားလျန် မေးမြန်းလိုက်သည်။

ခွဲစိတ်ဆရာဝန် ဝတ်စုံအပြည့်ကို ဝတ်ဆင်ထားသည့် လင်းရီမှ ခေါင်းညိမ့်လိုက်၏။ “ မင်း လေသံ နားထောင်ကြည့်ရတာ ဟောင်ကောင်လေသံနဲ့ တော်တော်ဆင်တယ်…”

လင်းရီက ခွဲစိတ်ခန်း ဝတ်စုံ၊ မာ့စ် ၊ ခေါင်းစွပ် နှင့် မျက်မှန်ကို တပ်ဆင်ထားပြီး သူ့ကိုယ်သူ ပြီးပြည့်စုံစွာ ဖုံးအုပ်ထားသည်။ ထို့ကြောင့် မာစန်းမှာ သူ မည်သူမည်ဝါ ဖြစ်သည်ကို မျက်မှန်း မတန်းမိခြင်းပင်။

“ ဟောင်ကောင်ကပဲလေ… ဒီနေ့ ခြေထောက်ခွဲစိတ်ပြီးရင် ဟောင်ကောင်ကို ပြန်တော့မှာ … ဆေးမှတ်တမ်း တစ်ခုလည်း လုပ်ထားပေးဦး … ဟိုက ဆရာဝန်တွေနဲ့ ပြရင် လွယ်အောင်လို့ …”

“ အလျင်လိုစရာ မလိုပါဘူး … အဲ့တာတွေက ငါ့တာဝန်ပဲ…” လင်းရီ လက်ထဲတွင် ဆေးထိုးအပ်အား ကိုင်၍ ပြောလိုက်ပြီး “ အခု မေ့ဆေးပေးတော့မယ်… အဆင်သင့်ပဲလား …”

“ ချ …”

မာစန်း များများမစဉ်းစားချေ။ ဤသည်က သာမန် လုပ်ရိုးလုပ်စဉ်သာ ဖြစ်၏။

မေ့ဆေးပေးသည်ဆိုသော်လည်း သူက ချက်ချင်း လက်ငင်း မေ့မြောသွားမှာ မဟုတ်‌ချေ။ မိနစ် အနည်းငယ်မျှ စောင့်ဆိုင်းရဦးမှာ ဖြစ်၏။

“ ခွဲစိတ်တော့မှာကို ဆရာဝန်က ဘာလို့ တစ်ယောက်တည်းလဲ … ကျန်တဲ့ နာ့စ်တွေ ၊ ဒေါက်တာတွေက ဘယ်မှာလဲ …”

“ မင်းကို ရေဝေးပို့ပေးမှာကို ဘာလို့ လူအများကြီး လိုနေမှာ … ငါ တစ်ယောက်ဆို လုံလောက်ရောပေါ့…”

မာစန်း ဒိတ်ကနဲ ဖြစ်သွားခဲ့၏။ “ မင်း ဘာပြောချင်နေတာ…”

“ ရှင်းအောင် ပြောပြီးပြီပဲလေ… မင်းကို ရေဝေးပို့ပေးမှာလို့ ဆိုနေတာကို မင်းရဲ့ နားလည်နိုင်စွမ်းက အတော်လေး နိမ့်ကျနေတာလား ဟုတ်လား …”

ပြောရင်းဖြင့် လင်းရီသည် သူ၏ မျက်မှန်နှင့် မာ့စ်ကို ချွတ်ကာ စစ်မှန်သည့် မျက်နှာသွင်ပြင်ကို မာစန်းအား လှစ်ဟာပြလိုက်၏။

“ မင်းပဲ …”

လင်းရီကို မြင်တော့ မာစန်း မွေးညင်းငယ်များ ထောင်ထသည်အထိကို ကြောက်လန့်သွားခဲ့တော့သည်။

“ မင်း … မင်း ဒီကို ဘယ်လိုရောက်လာခဲ့တာလဲ …”

“ မင်းဖို့ သတင်းဆိုးတစ်ခု ရှိတယ်… ငါက လင်းယွင်အုပ်စုရဲ့ ဥက္ကဌနဲ့ ဟွာရှန်း ဆေးရုံ နှလုံး ခွဲစိတ်ဌာနက ဒါရိုက်တာလည်း ဟုတ်တယ်… ဒါပေါ့ … ငါ ဒီကို လာဖို့ အရည်အချင်း ပြည့်မီတာပေါ့ …”

“ ဒါပေမယ့် ဒီ ခွဲစိတ်မှုကို အရိုးအထူးကု ဌာနက ကိုင်တွယ်ရမှာလေ…”

လင်းရီ ပြုံးလိုက်ပြီး “ မင်းထင်နေတာ ငါ့ရဲ့ လွှမ်းမိုးမှုတွေနဲ့ ကြားဖြတ် ဝင်ခွဲစိတ်တာ ခက်ခဲမယ်လို့ ထင်နေတာလား …”

“ ဒါပေမယ့် ငါ ဒီမှာ ရှိနေမှန်း မင်း ဘယ်လိုလုပ် သိလဲ … မဖြစ်နိုင်တာ …”

မာစန်း လင်းရီအား စိန်ခေါ်ဝံ့သည်က လင်းရီသည် သူရှိနေသည့် နေရာအား သိလိမ့်မည် မဟုတ်သည်ကို သေချာနေသောကြောင့်ပင်။

ထို့ပြင် ဆေးရုံဆိုသည်ကား အများပြည်သူတို့ သွားလာလှုပ်ရှားသည့် နေရာတစ်ခု ဖြစ်ပြီး အကယ်၍ လင်းရီ ရှာတွေ့ခဲ့လျှင်ပင် သူ လုပ်နိုင်သည့် အရာက များများစားစား ရှိမှာ မဟုတ်ချေ။

သို့သော် ယခု … ဤ သီးသန့်ခန်းလေးထဲတွင် သူ့တွင် စိုးရိမ်စရာက အတော်လေးကို များနေသည်။

“ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ မင်းကို အဖြေပြောပြလို့ သိတော့ရော ဘာထူးတော့မှာ ….”

ထိုအခိုက်အတန့်တွင် မာစန်းသည်လည်း အဖြေကို သိချင်မနေပေ။

သူ ဤအခန်းထဲက လွတ်မြောက်ချင်မိရုံ တစ်ခုသာ သိသည်။

လင်းရီ မည်မျှ အဆင်အခြင်မဲ့ကြောင်းကို အခြား လူတိုင်းထက်ကို သူက ပိုသိလေသည်။

အကယ်၍ သူသာ ထိုကောင်၏ လက်တွင်းသို့ ကျသွားခဲ့မည် ဆိုပါက ကောင်းသည့် အဆုံးသတ်နှင့် ကြုံတွေ့ရမှာ မဟုတ်ချေ။

“ ရောက်လာပြီးမှတော့ ဘာလို့ ပြန်ထွက်သွားနေဦးမှာလဲ ဟုတ်တယ်မလား …” လင်းရီသည် မာကျားလျန်၏ ပါးစပ်ကို သေမင်းကဲ့သို့ လက်ဝါးဖြင့် ဖိထားလိုက်ပြီး “ ပြီးတော့ မင်းကို အခု မေ့ဆေးပေးထားပြီးပြီ… မင်း ထွက်သွားနိုင်ဦးမယ် ထင်လား …”

မာစန်း၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့၏။ သူ အတင်း ရုန်းကန်နေပြီး အသနားခံရန်အတွက် စကားပြောချင်နေသည်။

ထိုအခိုက်အတန့်တွင် ကြိုတင်မှန်းဆ၍ မရနိုင်သည့် ကြောက်ရွံ့မှု တစ်ခုက တစ်ကိုယ်လုံးအနှံ့ ယှက်သန်းသွားခဲ့ပြီး …

လင်းရီနှင့် ရင်ဆိုင်ရသည်အား .. သူ အမှန်ပင် ကြောက်ရွံ့နေမိခဲ့သည်။

သူ မသေချင်သေးပေ။

…………

လီဟွာရှင်းနှင့် မာစန်း၏ လက်အောက်ငယ်သားများမှာ ခွဲစိတ်ခန်း အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။

သူက အလုပ်များသည့် ဘော့စ်တစ်ယောက် ဖြစ်သော်လည်း လီဟွာရှင်းသည် ဤနေရာ၌ လာရောက် စောင့်ဆိုင်းပေးနေဆဲပင်။ မာစန်းမှာ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့သော်လည်း သူ့အတွက် အသုံးဝင်နေသေး၏။

ယုတ္တိရှိရှိ ပြောရမည်ဆိုပါက သူ့အား စောင့်ကို စောင့်ပေးရပေမည်။

“ တစ်နာရီတောင် ကြာနေပြီကို ဘာလို့ ထွက်မလာသေးတာလဲဟ ….” လီဟွာရှင်း စောဒကတက်လိုက်မိသည်။

“ ဥက္ကဌလီ … မလောပါနဲ့ … ခဏဆို ပြီးတော့မှာပါ…” သူ၏ လက်အောက်ငယ်သား တစ်ယောက်မှ ဖြောင်းဖြ နှစ်သိမ့်ပေးလိုက်သည်။

ထိုအခိုက်အတန့်တွင် ခွဲစိတ်ခန်းထဲမှ မီးအလင်းရောင်များ ပြတ်တောက်သွားခဲ့ပြီး တစ်ချိန်တည်းတွင် တံခါးတွန်းပွင့်လာကာ လင်းရီမှာ မာ့စ်ချွတ်လျက်သားဖြင့် အပြင်သို့ ထွက်လာသည်။

လင်းရီကို မြင်တော့ လီဟွာရှင်းနှင့် ကျန်သူများအားလုံးမှာ‌ နေရာ၌ ကြက်သေသေကုန်ကြ၏။

လည်ပင်းတွင် ငါးရိုးစူးနေသကဲ့သို့ မည်သူမျှ စကားတစ်ခွန်း မဆိုနိုင်တော့ချေ။

“ ဘာလဲ … ငါ့ကို မြင်လိုက်ရလို့ အံ့ဩသွားတာလား …”

“ မင်း … မင်း ဘာလို့ ဒီရောက်နေတာလဲ …”

“ ငါက ဟွာရှန်းဆေးရုံရဲ့ အရိုးအထူးကု ဆရာဝန်ပဲလေ… ဒီမှာ ရောက်နေသင့်တာ သဘာဝပဲမဟုတ်ဘူးလား…”

လင်းရီ၏ အထောက်အထားကြောင့် သူ့စကားတစ်ခွန်း ဆိုရုံမျှဖြင့် သူ သွားချင်သည့် ဌာနကို အလိုရှိသလို သွားနိုင်သည်။

“ ဒါပေမယ့် မင်းက ..... “

“ ဒါ ငါ့ အချိန်ပိုင်း အလုပ်လေ .. မရဘူးလား …”

လီဟွာရှင်း၏ အမူအရာမှာ အကျည်းတန်သွားခဲ့ပြီး “ ကောင်းပြီ… ငါ ဘာမှ မပြောဘူး … မာစန်း ဘယ်မှာလဲ .. ငါသူနဲ့ တွေ့ချင်တယ်…”

“ သူ ထွက်မလာနိုင်တော့ဘူး … ခွဲစိတ်မှု မအောင်မြင်လို့ အထဲမှာ သေသွားပြီ…”

“ မင်း ဘာပြောလိုက်တယ်….”

လီဟွာရှင်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်အောင် ဒေါသထွက်သွားခဲ့သည်။ သူ လင်းရီအား လက်ညိုးငေါက်ငေါက်ထိုး၍ ကယောင်ချောက်ချားစွာဖြင့် “ မင်းက သူ့ခြေထောက်ထဲ စတီးရိုး ထည့်ပေးရုံလေးကို ဘယ်လိုလုပ် ကျရှုံးရမှာလဲ …”

“ မင်းနားမလည်ပါဘူး … ဘယ်လို အသေးအမွှား ခွဲစိတ်မှုမျိုးမှာမဆို အန္တရာယ်ဆိုတာ ရှိတယ်.. ဒီလိုကိစ္စမျိုး ဖြစ်တာ သာမန်ပါပဲ … လူမှုကူညီရေးကို ဆက်သွယ်ပြီး အလောင်းသယ်သွားခိုင်းလိုက် …”

“ မင်း မဟုတ်တမ်းလျားတွေ လျှောက်ပြောနေတယ်… မင်းက လူ့အသက်ကို ဘာမဟုတ်သလို သဘောထားပြီး မင်းရဲ့ ရာထူးကို အသုံးချပြီး လက်စားချေနေတာပဲ .. ငါ မင်းကို တရားစွဲမယ်…”

“ မင်းတို့ ခွဲစိတ်မှု မလုပ်ခင် စာရွက်စာတမ်းတွေမှာ လက်မှတ်မထိုးခဲ့ဘူးလား … အဲ့ဒီထဲမှာ မတော်တဆမှု အကုန်လုံးကို လက်ခံပါတယ်လို့ ပြောထားပြီးသားပဲ … ငါ့ကို တရားစွဲလို့လည်း အသုံးမဝင်ဘူး …”

လင်းရီ ရှေ့သို့ လျှောက်လှမ်းလာပြီး လီဟွာရှင်း၏ ပခုံးကို ပုတ်ပေးလိုက်သည်။ ထို့နောက် နားအတွင်းသို့ တီးတိုးပြောလိုက်၏။

“ မင်းရဲ့ ဘာမဟုတ်တဲ့ ခွန်အားလေးနဲ့များ ငါနဲ့ တိုက်ခိုက်ချင်တယ် ဟုတ်လား.. မင်း သိပ် ရိုးအလွန်းတယ်…”

All Chapters