သူ့ကို မောင်းထုတ်လိုက်
Vol. 112 Ch. 1676
တစ်စုံတစ်ယောက် စကားပြောလာသည့် အသံကြားတော့ လင်းရီ လှည့်ကြည့်လိုက်မိသည်။
အံ့အားသင့်ဖို့ကောင်းစွာဖြင့် ထိုသို့ ပြောလာခဲ့သူမှာ သူ အရင်တစ်ရက်က အင်တာဗျူးခဲ့ဖူးသည့် ချိန်ကျင်းယာ ဖြစ်နေသည်။
သူမ ဘေးတွင် ဝတ်စုံပြည့်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးလည်း ပါသည်။ ကြည့်ရသည်မှာ အသက်လေးဆယ် အရွယ် ဝန်းကျင်ဟု ထင်ရပြီး လူကြီးလူကောင်းဆန်သည့် ဆံပင်ပုံစံဖြင့် အောင်မြင်ကြွယ်ဝနေသည့် လူတစ်ယောက်ဖြစ်မှန်း သိသာလှ၏။
သက်လတ်ပိုင်း အမျိုးသား၏ နာမည်က ချောင်ဟော်ပင်း ဖြစ်ပြီး အထည်ရောင်းသည့် လုပ်ငန်းအား လုပ်ကိုင်သူ တစ်ယောက်ပင်။ သူ၏ ဘရန်းက ဟွာရှတွင် နာမည် မကြီးသော်လည်း နိုင်ငံခြားတွင် ရောင်းရသည့် နှုန်းကတော့ ရှော့ခ်ရစရာ ကောင်းလောက်အောင် မြင့်မားလွန်းသည်။
ယွမ် သုံး ဘီလီယမ်ကျော်မျှ ချမ်းသာသည့် သူဌေးကြီး တစ်ဦးဖြစ်ပြီး ဖက်ရှင် နယ်ပယ်၌ အတော်လေး နာမည်ကြီးသည့် လူပုဂ္ဂိုလ်တစ်ဦးဖြစ်၏။
“ ငါ လာလို့ မရဘူးလား … ဒါ မင်းအိမ်မှ မဟုတ်တာ …”
“ မင်းသူနဲ့ သိတာလား … “ ချောင်ဟော်ပင်းက မေးလာခဲ့၏။
“ ငါ မနေ့က ချောင်ရန် အုပ်စုမှာ အလုပ်သွားလျှောက်ခဲ့တာကို နင် မှတ်မိတယ်မလား … နောက်ဆုံးကျတော့ ဒီလူ မောင်းထုတ်တာကို ခံခဲ့ရတယ်လေ… ငါ့ကို ဒစ်ပလိုမာ အတုတွေ ဖန်တီးတယ်ဆိုပြီးတောင် ပြောလိုက်သေးတယ်.. လူရှေ့သူရှေ့ အရှက်ခွဲလိုက်တာပဲ …”
ချောင်ဟော်ပင်းသည် လင်းရီ၏ အလုပ်ပါမစ်အား တစ်ချက်ကြည့်လိုက်၏။
“ မဟုတ်သေးပါဘူး … အမှုဆောင် ဒါရိုက်တာ တစ်ယောက်က ချောင်ရန်အုပ်စုမှာ အင်တာဗျူးကိုင်ဖို့ ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ …”
“ သူ့မှာ တခြား အထောက်အထား ရှိနေတာ နေမှာပေါ့ … ဒီကို ခဏဝင်လာကြည့်တာ ဖြစ်မယ်…”
“ အဲ့တာဆိုရင်တော့ ယုတ္တိရှိသွားပြီ…”
ချောင်ဟော်ပင်းသည် လင်းရီအား ကြည့်၍ ချိန်ကျင်းယာ့၏ ခါးကို တင်းနေအောင် ဖက်ထားလိုက်ပြီး “ သူ့ကို လျစ်လျူရှုထားလိုက်စမ်းပါ … အဲ့လိုလူစားမျိုးနဲ့ ဒေါသထွက်နေစရာ မလိုပါဘူး …”
“ ဒါပေမယ့် ငါ သူ့ကို ဒီမှာ မမြင်ချင်ဘူးလေ… သူ့ကို လူရှေ့သူရှေ့မှာ မောင်းထုတ်ခံလိုက်ရတာက ဘယ်လို အရသာမျိုးလဲဆိုတာ သိစေချင်တာ …”
“ လွယ်ပါတယ်… ငါမင်းရဲ့ ဒေါသတွေ ပုံချလို့ရအောင် ကူညီပေးမယ်…”
ပြောပြီးနောက် ချောင်ဟော်ပင်းသည် ရှေ့သို့ တက်ပြီး လက်နှစ်ဖက်ကို အိတ်ကပ်နှိုက်၍ ရုပ်ရှင်ရိုက်နေသည့် နေရာသို့ လှမ်းအော်ဟစ်လိုက်၏။
“ ဒီ ကောင်ကို ဘယ်သူ အထဲခေါ်လာခဲ့တာလဲ … သူ့ကို ဒီထဲက ထွက်သွားခိုင်းလိုက် .. ငါ ဒီကောင့်ကို မမြင်ချင်ဘူး …”
ချောင်ဟော်ပင်း၏ အော်ဟစ်နေသည့် အသံကို ကြားတော့ ရိုက်ကူးရေး ဝန်ထမ်းများမှာ ဇာတ်လမ်းရိုက်နေရင်း တန်းလန်း ရပ်တန့်ကုန်ကြသည်။
သူတို့အားလုံး ရန်ဖြစ်နေကြသည့် လူသုံးယောက်ထံသို့ နားဝေတိမ်တောင် ဖြစ်စွာ လှမ်းကြည့်လိုက်ကြ၏။
ဤလူက အဘယ်ကြောင့် ဤနေရာ၌ လာအော်ဟစ်နေရသလဲဆိုတာ အမှန်ပင် နားမလည်နိုင်တော့ချေ။
“ မင်း ဘာလုပ်နေတာတုန်းကွ … ငါတို့ ဒီမှာ ဇာတ်ကားရိုက်နေတယ် မနှောင့်ယှက်နဲ့ …”
ဒါရိုက်တာမှာ ထိုင်ခုံက ထပြီး ဒေါသတကြီးဖြင့် အော်ဟစ်ကာ “ အဲ့ကောင်ကို ဆွဲထုတ်သွားစမ်း ..”
“ ဘယ်ကောင် ငါ့ကို ထိရဲလဲ …” ချောင်ဟော်ပင်း အော်ဟစ်လိုက်ပြီး “ ငါက မင်းတို့ဇာတ်လမ်းရဲ့ ရင်းနှီးမြုပ်နှံသူ ချောင်ဟော်ပင်းပဲ … မင်းတို့ ဆက်ပြီး မရိုက်ချင်တော့ဘူးဆိုလဲ ပြောလိုက် … ငါ့ပိုက်ဆံတွေ အခု ပြန်ထုတ်လိုက်မယ်…”
ချောင်ဟော်ပင်း မည်သူမည်ဝါ ဖြစ်သည်ကို သိလိုက်ရပြိးနောက် လူတိုင်း တိတ်ဆိတ်ကုန်ကြ၏။
ဖျော်ဖြေရေး နယ်ပယ်ကလူတိုင်း သူတို့တွေသည် အခြား မည်သည့်ကိုမဆို အပြစ်ပြု၍ ရသည်။ သို့သော် ရင်းနှီးမြုပ်နှံသူတို့ကိုတော့ မရချေ။ မဟုတ်ပါက သူတို့ရုပ်ရှင်တွေ ဆက်လက် ရိုက်ကူးလို့ရမှာ မဟုတ်တော့ချေ။
ထိုအခါ ဒေါသတကြီး ဖြစ်နေသည့် ဒါရိုက်တာမှ ချိုသာသည့် မျက်နှာထားဖြင့် ပြန်ရောက်လာပြီး “ အိုး ဥက္ကဌချောင်ကိုး … ဘာတွေများ ဖြစ်လို့လဲ … ကျုပ်ကို ပြော .. ကျုပ် ကူညီပေးမယ်…”
ချောင်ဟော်ပင်း လင်းရီအား ကြည့်၍ “ ငါ ဒီကောင့်ကို ကြည့်မရဘူး … ငါ့မျက်စိရှေ့က ခုချက်ချင်း ထွက်သွားတာ လိုချင်တယ်… လုံခြုံရေး ခေါ်ပြီး မောင်းထုတ်ခိုင်းလိုက် …”
ရိုက်ကွင်းရှိ အမျိုးသမီး တစ်ချို့မှာ လင်းရီကို ကြည့်ရင်း ကြက်သေသေနေကြ၏။ သူက အမျိုးသား ဇာတ်ဆောင်ထက်ပင် အများအပြား ခန့်ညားချောမောနေသည်ဟု သူမတို့အားလုံး ထပ်တူညီစွာ ခံစားနေရလေသည်။
သို့သော် ယခုလို အဖြစ်အပျက်မျိုး ဖြစ်နေသည်ကတော့ အနည်းငယ် ကိုးရို့ကားယား နိုင်လှ၏။
“ ဘယ်သူ သူ့ကို ခေါ်သွင်းခဲ့တာလဲ … ခုချက်ချင်း ပြန်မောင်းထုတ်လိုက်စမ်း …”
ဒါရိုက်တာမှ အော်ဟစ်လိုက်၏။ သို့သော် မည်သူကမျှ တုံ့ပြန်မလာချေ။ သူတို့တစ်ယောက်ကမှ လင်းရီအား မသိသကဲ့သို့ ရှိ၏။
“ မင်းတို့ နားကန်းနေလား … ဘယ်ကောင် သူ့ကို ခေါ်လာခဲ့တာလဲလို့ … ထွက်လာခဲ့ …”
ဒါရိုက်တာမှ ထပ်မံ၍ အော်ဟစ်လိုက်ပြန်သည်။ သို့တိုင် တိတ်ဆိတ်နေဆဲဖြစ်၏။
ကူကယ်ရာမဲ့စွာဖြင့် ဒါရိုက်တာမှာ လင်းရီအား ကြည့်လိုက်ပြီး “ မင်းနေတဲ့ နေရာမှာပဲနေ … ငါတို့ ဇာတ်လမ်းရိုက်နေတာကို မနှောင့်ယှက်နဲ့ …”
လင်းရီ ပြုံးလိုက်ပြီး “ လုပ်စမ်းပါ … ကျုပ်မှာလည်း အလုပ် ပါမစ် ရှိတာကို ဇာတ်လမ်းရိုက်တာကို ဘယ်မှာ အနှောင့်အယှက်ပေးနေလို့ …”
“ ရင်းနှီးမြုပ်နှံသူ လူကြီးမင်းက မင်းနေလို့ မရဘူး ပြောရင် မင်းမှာ နေပိုင်ခွင့် မရှိဘူး … မင်းက ခေါင်းမာဖို့ ကြိုးစားနေတာလား ဟုတ်လား …”
“ ကျုပ်က တစ်စုံတစ်ယောက်ကို စောင့်နေတာ .. မထွက်သွားပေးနိုင်ဘူး …”
“ နင်က တော်တော်လေး စရိုက်ပဲ … မနေ့တုန်းကတော့ မိမိုက်သလို လုပ်နေတာများ ငါထင်တာ နင်က အထင်နည်းနည်းကြီးစရာ ကောင်းမယ့်လူပေါ့ .. ဒါပေမယ့် မောင်းထုတ်ရခက်တဲ့ ယင်ကောင်ဖြစ်နေမယ်လို့ ထင်မထားဘူး ..” ချိန်ကျင်းယာ ပြောလိုက်၏။
“ မင်းမှာ အချိန်ရရင် ကိုယ့်အကြောင်းကိုယ်သာ စိတ်ပူနေစမ်းပါ …”
“ ဘာလဲ … အခု ငါဒီမှာ ရှိနေတာကို နင်က ငါ့ကို ထိန်းချုပ်လို့ရမယ်များ ထင်နေတာလား …”
“ ငါ ရမရ မင်းခဏနေ သိလိမ့်မယ်…”
ချောင်ဟော်ပင်း လင်းရီအား ကြည့်၍ အထင်တသေး နှာမှုတ်လိုက်ကာ “ ကောင်လေး .. မင်းက တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့ကောင်ပဲကွ … ဒီလောက် ပွင့်ပွင့်လင်းလင်းကြီး မောင်းထုတ်နေတာကို ပေကပ်ပြီး နေနေတုန်းဆိုတော့ .. ငါတကယ် လေးစားမိပြီ…”
“ ဥက္ကဌချောင် … နင် သူ့အပေါ် လေကုန်ခံမနေနဲ့ … မြန်မြန် မောင်းထုတ်လိုက် … ငါ သူ့ကို တကယ်ကြီး မမြင်ချင်တော့ဘူး …” ချိန်ကျင်းယာ မောက်မာတင်စီးစွာ ပြောလိုက်၏။
“ ခဏစောင့် … ငါဒါရိုက်တာရန်ကို ခုလေးတင်ပဲ ခေါ်ထားတယ်… သူက မီတင်လုပ်နေလို့ ခဏဆို ရောက်လာလိမ့်မယ်… အဲ့ခါကျရင် ငါ ဒါရိုက်တာရန်ကို ပြောလိုက်လို့ကတော့ ဒီကောင် ပြဿနာ တက်ပြီပဲ …”
“ အွန်း … ဒါပေမယ့် နင် ဒါရိုက်တာရန် ရောက်လာရင် ငါ့ရဲ့ role အတွက်လည်း ပြောပေးရမယ်နော်… အနည်းဆုံးတော့ ဒုတိယ အမျိုးသမီး ဇာတ်ဆောင်နေရာမှာပဲ ..”
“ စိတ်ချ … အဲ့ကိစ္စ ငါနဲ့ လွှဲထားလိုက် …” ချောင်ဟော်ပင်း ပြောလိုက်ပြီး “ ဒီဇာတ်ကားထဲမှာ သန်း ဆယ်ချီ ရင်းနှီးမြုပ်နှံပေးထားတာ ဒုတိယ အမျိုးသမီး ဇာတ်ဆောင် နေရာအတွက်လား … မိနစ်ပိုင်းနဲ့တင် ကိစ္စပြတ်တယ်…”
“ ကျေးဇူးနော် ဥက္ကဌချောင် …”
“ နင်တို့တွေ ဇာတ်ကားမရိုက်ဘဲ ရပ်ပြီး အဲ့တာ ဘာလုပ်နေကြတာလဲ …”
အသံကြားတော့ လူတိုင်း လှည့်ကြည့်လိုက်ရာ ရန်စီ ရောက်လာနေသည်အား မြင်တွေ့လိုက်ရလေသည်။
“ ဒါရိုက်တာရန် … ဒီမှာ တစ်စုံတစ်ယောက်က ဥက္ကဌချောင်ကို စော်ကားနေလို့ … ကျုပ်လည်း သူ့ကို မောင်းထုတ်နေတာကို ဒီကောင်က မထွက်သွားဘူး …”
ဒါရိုက်တာမှာ လင်းရီအား ကြည့်၍ ပြောလိုက်ပြီး လေသံက အနည်းငယ် စိတ်မရှည် ဖြစ်နေဟန်ပင်။
“ နင်တို့ သူ့ အလုပ်ပါမစ်ကို မမြင်ဘူးလား … ဘာကိစ္စ မောင်းထုတ်မှာလဲ …”
“ ကျုပ်လည်း အစက ဘာမှမပြောချင်ဘူး .. ဒါပေမယ့် သူ့ကြည့်ရတာ ဥက္ကဌချောင်နဲ့ မပြေလည်တဲ့ ကိစ္စ တစ်ချို့ ရှိထားတဲ့ပုံပဲ .. ဒါကြောင့်မို့ သူ့ကို မောင်းထုတ်မလို့ …”
“ ဒါရိုက်တာရန် … ဒါက ဒီလိုပါ …” ချောင်ဟော်ပင်း အသံထွက်၍ “ သူက ငါ့ကောင်မလေးနဲ့ ပြဿနာ တစ်ချို့ တက်ထားလို့ .. ငါသူ့ကို ဒီမှာ မမြင်ချင်ဘူး … ဒါကြောင့်မို့ မောင်းထုတ်ချင်နေတာ …”
“ သူ့ကို ခေါ်လာတဲ့လူက ငါပဲ … ဒါတောင် နင်တို့က မောင်းထုတ်ချင်နေတယ်ပေါ့ …”
လူတိုင်း ရှော့ခ်ရသွားခဲ့ကြ၏။ ဤလူက ဒါရိုက်တာရန် ခေါ်လာခဲ့သည့်လူ ဖြစ်နေလိမ့်မည်လို့ ထင်မထားခဲ့ပါချေ။
“ ဆိုတော့ ဒါရိုက်တာရန်ရဲ့ မိတ်ဆွေကိုး … ဒါဆိုရင်တော့ နားလည်မှု လွဲသွားတာပဲ ….”
ချောင်ဟော်ပင်းသည် ရန်စီအား ဒိတ်ဒိတ်ကျဲကြီးတစ်ယောက် ကျောထောက်နောက်ခံ ပြုပေးထားသည်အား သိသည်။ ထို့ကြောင့်ပဲ ဤနယ်ပယ်ထဲတွင် အရှိန်အဟုန်နှင့် တိုးတက်လာနိုင်ခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် သူ့ဘက်က ဤကိစ္စအား ဆက်လိုက်ရန် မကြိုးစားတော့ချေ။
“ ဒါပေမယ့် ငါဒီနေ့ လာခဲ့တာကတော့ တခြား ကိစ္စနဲ့ …”
ချောင်ဟော်ပင်းသည် ဘေးသို့ အနည်းငယ် ရွေ့၍ ချိန်ကျင်းယာအား ပို၍ ထင်သာမြင်သာအောင် ပြုလုပ်ပေးကာ “ ဒါက ငါ့ကောင်မလေး … သူ ငယ်ငယ်ကတည်းက ဇာတ်ကားထဲမှာ ပါဝင်ဖို့ အိပ်မက်ရှိခဲ့တာ အတွေ့အကြုံလည်း ရှိတယ် … ဒီအခွင့်အရေးကို ယူပြီး ဒါရိုက်တာရန်နဲ့ မိတ်ဆက်ပေးချင်နေတာ အဲ့တာ ဒါရိုက်တာရန် … မင်း သူ့ကို role တစ်ခုလောက် ပေးနိုင်မလားလို့ … ဒုတိယ အမျိုးသမီး ဇာတ်ဆောင်နေရာဆိုလည်း ဖြစ်တယ်…”
ရန်စီသည် ချောင်ဟော်ပင်းအား ခပ်စူးစူး အကြည့်တစ်ခု ပေး၍ “ ကျွန်မဘက်က သူ့ကို role တစ်ခုပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး … တကယ်လို့ လူကြီးမင်းချောင်က ဒီနေ့ ဒီကိစ္စအတွက် ရောက်လာတယ်ဆိုရင်တော့ ဆက်ပြီးမှ ပြောစရာအကြောင်းမရှိတော့ဘူး …”
ချောင်ဟော်ပင်း၏ အမူအရာ ပြောင်းလဲသွားခဲ့တော့၏။
“ ဥက္ကဌရန် … ဘယ်လိုပဲ ဖြစ်ဖြစ် ငါက ဒီဇာတ်ကားထဲမှာ သန်း ၄၀ တောင် ရင်းနှီးပေးထားတာလေ … မင်းငါ့ကို မျက်နှာသာ တစ်ချို့တော့ ပေးသင့်ပါတယ်…”
ရန်စီသည် လင်းရီအား ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်၏။
“ ကျွန်မဘက်က ရှင့်ကို ကူညီဖို့ စိတ်မရှိပါဘူး … ဒါပေမယ့် role ပေးဖို့ကိုကျ ကျွန်မ ဆုံးဖြတ်နိုင်တဲ့ကိစ္စမဟုတ်လို့ … ရှင် သူ့ကို မေးရမှာ …”
“ သူနဲ့ ဘာဆိုင်လို့ …”
“ သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌလေ… ကျွန်မတို့ ကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်ရုံတင် မကဘူး .. ကျွန်မတို့ အခု ဇာတ်ကားရဲ့ အဓိက ရင်းနှီးမြုပ်နှံသူဆိုလည်း ဟုတ်တယ်… သူနဲ့ ဘာဆိုင်တယ်လို့ ရှင်ထင်လဲ ပြောကြည့်ကြည့်…”