နင် ဟိုဥစ္စာ ယူလာလား
Vol. 112 Ch. 1678
“ ပြိုင်ပွဲလား …”
သုံးယောက်လုံး စိတ်ဝင်စားသွားခဲ့ကြ၏။ အထူးသဖြင့် ကျန်းဇီရှင်းပင်။ သူမ၏ မျက်ဝန်းများဆို လက်ခနဲပင် ဖြစ်သွားခဲ့၏။
“ ကောလဟာလ တစ်ချို့တော့ ကြားမိတာပဲ … ကြည့်ရတာ ကျွန်မတို့လို လူသစ်တွေလည်း ကိုယ်ခံပညာ ပြိုင်ပွဲမှာ တစ်ထောင့်တစ်နေရာကနေ ပါနိုင်မယ်မလား …”
“ ဒါဆို ငါတို့ လင်းကောကို ပို့ရမှာပေါ့ကွ …” ကျန်းဖန့် ပြောလိုက်ပြီး “ သူက ငါတို့ အုပ်စုထဲမှာ အကောင်းဆုံးပဲ .. တခြား ခရိုင်က ကောင်တွေကို အမှောက်သိပ်ဖို့ဆိုတာ ကျိန်းသေပေါက် ပြဿနာ မရှိဘူး …”
“ စဉ်းတောင် မစဉ်းစားနဲ့ .. ငါက ဒီတိုင်း မင်းတို့သိအောင်ပဲ ပြောပြပေးတာ ..” လီရှန်းဟွေ့ ပြောလိုက်ပြီး “ “ မင်းတို့သုံးယောက်က မဆိုးတော့ ပွဲရဲ့ မျက်နှာအဖြစ် သုံးလို့ရတယ်…”
“ အိုး .. အိုး … ကျွန်မကို ကိုယ်စားပြု အလှလေး တစ်ယောက်လိုမျိုး လုပ်ခိုင်းနေတာလား … ပြိုင်ပွဲ၀င်တွေကို အားပေးရမှာလား....” ကျန်းဇီရှင်းမှ စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့ပြီး “ အဲ့လိုဆိုရင်တော့ ကျွန်မက အဲ့ဒီနေရာအတွက် မွေးဖွားလာတယ်ပဲ ပြောရမယ်…. လှလှပပပေး မွေးလာခဲ့တာ အပြစ်မှ မဟုတ်တာ … ဒီတော့ ဘယ်ငြင်းနိုင်ပါ့မလဲ … “
“ တော် တော် တော် … ဒီမှာ ငါထမင်းစားနေတာ ပြန်အန်ထွက်အောင် မလုပ်စမ်းနဲ့ …” ကျန်းဖန့် စောဒက တက်လိုက်၏။
“ ကျန်းဖန့် … ငါနင့်ကို သေအောင် ကန်ပစ်လို့ရတယ်ဆိုတာ ယုံလား …”
လီရှန်းဟွေ့ ပြုံးလိုက်ပြီး “ ကောင်းပြီ… ငါက ဒီတိုင်း မင်းတို့ကို သိအောင် ပြောပြတာ .. အရင်ဆုံး စားကြစို့ …”
“ အရာရှိလီ ….. ခဏလေးနေဦး …” ကျန်းဇီရှင်း ပြောလိုက်ပြီး “ ဒီရဲ့ ကိုယ်ခံပညာ ပြိုင်ပွဲမှာ လူသစ်တွေအတွက် နေရာရှိတယ် မဟုတ်ဘူးလား .. ကျွန်မတို့က ဒီတိုင်း သွားအားပေးရမယ်ဆိုတော့ အဲ့ဒီနေရာကို ဘယ်သူက ဝင်ပြိုင်တော့မှာ …”
“ ဒါပေါ့ .. ငါတို့ အပြင်ကနေ ရှာမှာပေါ့ .. အခြား ဗျူရို ရုံးခွဲတွေလည်း အဲ့လိုပဲ လုပ်ကြမှာ ..” လီရှန်းဟွေ့ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါတို့သာ လင်းရီကို လွှတ်လိုက်လို့ကတော့ ငါ လောင်းရဲတယ်… ဒီကောင် တစ်ချီတည်းနဲ့ မှောက်သွားမှာ …. အဲ့လိုဆို ငါတို့ ရုံးခွဲရဲ့ မျက်နှာ ဘယ်နားသွားထားတော့မလဲ …”
“ အာ ….”
သူ့ကို တစ်ချီတည်းနဲ့ အမှောက်သိပ်သွားမယ် ဟုတ်လား …
ဖက်တီးလျိုအတွက်တောင် မဖြစ်နိုင်တာကို …
“ အမှန်ပဲ … ကိုယ်စားပြုအဖြစ် ရွေးချယ်ခံရတဲ့သူတွေက ကျိန်းသေပေါက် ဆရာကြီးတွေပဲ ဖြစ်မှာ … ငါတို့သာ သွားပြိုင်လို့ကတော့ ကိုယ့်အရှက်ကိုယ် ခွဲသလို ဖြစ်နေလိမ့်မယ်… ဒီတိုင်း အလှပန်းအိုးလုပ်တာလေးပဲ ကောင်းပါတယ်လေ…”
“ မင်းက အလွန်ဆုံး မြေအိုးပဲ ဖြစ်မှာ … လင်းကောကမှ အလှပန်းအိုး …” ကျန်းဖန့် စောဒကတက်လိုက်ပြန်သည်။
“ ငါ နင့်ကို သေအောင် ကန်ပစ်မိတော့မယ်…” ကျန်းဇီရှင်း ဒေါသတကြီးဖြင့် ပြောလိုက်၏။
ထမင်းစားပြီးနောက် သုံးယောက်သား ၎င်းတို့၏ ရုံးခန်းထဲသို့ ရောက်လာသည်။
ကျိုးရှင်းဟိုင်က ရဲအရာရှိ တစ်ယောက် ဆိုသော်လည်းပဲ အလုပ် စီမံခန့်ခွဲမှုအတွက် အစည်းအဝေးထိုင်ရာတွင် လီရှန်းဟွေ့မှ ရည်ရွယ်ချက် ရှိရှိ ၎င်းတို့နှစ်ယောက်ကို တစ်ကန့်စီ ခြားပေးလိုက်သည်က အင်မတန် စဉ်းစားဉာဏ် ရှိသည့် ဆုံးဖြတ်မှု တစ်ခုပင်။
ရုံးခန်း ခေါင်းဆောင်က အသက်လေးဆယ် အရွယ်ရှိပြီး အတွေ့အကြုံ ရင့်ကျက်ပြီးသည့် ကျန်းတဲ့မင် အမည်ရသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးပင်။
သူက အတော်လေး ပေါင်းလို့ကောင်းသည့် လူစားမျိုး ဖြစ်၏။ ပေါ့ပေါ့ပါးပါး နေထိုင်ပြီး မည်သည့် ဂုဏ်မောက်မှုမျိုးကိုမျှ မမြင်တွေ့ရချေ။ ထို့ကြောင့်ပဲ လူတိုင်းနှင့် လျင်လျင်မြန်မြန် ရင်းနှီးသွားခဲ့လေသည်။
“ လင်းကော … ငါတို့ရုံးခန်းမှာ လူလေးယောက်ပဲ ရှိတယ်… ငါတို့အားလုံးမှာ မျိုးရိုးနာမည်က ကျန်း … နင် တစ်ယောက်တည်း လင်း ဖြစ်နေတာ … နောင်ကျ ငါတို့ဆီကနေ မကြဉ်ခံရအောင်လည်း ဂရုစိုက်ဦး …” ကျန်းဇီရှင်းမှ အပြုံးလေးဖြင့် စနောက်လိုက်၏။
“ မျိုးရိုးနာမည် ကျန်း သုံးယောက်နဲ့ တစ်ရုံးခန်းထဲမှာ … ဒါ တခြား မျိုးရိုးနာမည်တွေကို ပေါ်တင်ကြီး သစ္စာဖောက်လိုက်တာပဲ …”
“ ဟားဟား … အဆင်ပြေတယ်… မင်းက မျိုးရိုးနာမည် လင်းနဲ့ တစ်ယောက်တည်းသောသူ ဖြစ်နေရင်တောင် ငါ အချစ်ဆုံးလူက မင်းပဲ ဖြစ်နေမှာ …”
အလုပ်က တရားဝင် စတင်ပြီဆိုသော်လည်း သူတို့သုံးယောက်မှာ လုပ်ထုံးလုပ်နည်း များစွာနှင့် ဖိုင်တမ်းများအား ဖြတ်ကျော်ရန် လိုအပ်နေသေးဆဲပင်။ ထိုကိစ္စများ ပြီးဆုံးသည့်အခါမှသာ အမှန်တကယ် အလုပ် စလုပ်နိုင်မည် ဖြစ်၏။
မွန်းလွဲ သုံးနာရီ အချိန်ရောက်တော့ အရာအားလုံးမှာ ပြီးဆုံးသွားခဲ့လေသည်။
ကျန်းတဲ့မင် သူ့လက်အား ဝှေ့ရမ်း၍ သူတို့သုံးယောက်လုံးကို အနားယူရန် ပြောသည်။ မနက်ဖြန်ဆိုလျှင် တရားဝင် အလုပ် စဆင်းရပြီ ဖြစ်၏။
“ ငိုးပဲ … ဟုတ်လှချည်းလားဟ လင်းကော … မင်း အလုပ်ကို တကယ်ကြီး 570 မောင်းလာတယ်ပေါ့ …”
ကျန်းဖန့်မှာ လင်းရီ၏ ကားကို မြင်တော့ သွားရည်ယိုသွားခဲ့၏။ ကျန်းဇီရှင်းပင် ခေတ္တမျှ မနာလို အားကျ ဖြစ်သွားမိခဲ့သေးသည်။
ကူရိရန်ပင် ယခုလို ကားမျိုးအား နှစ်သက်သည်ဆိုလျှင် ကျန်းဖန့်ဆိုလို့ကတော့ ပြောရန်ပင် မလိုတော့ချေ။ သို့သော် ကူရိရန်က အမှန်တကယ် နှစ်သက်မိတာ ဖြစ်ပြီး ကျန်းဇီရှင်းကတော့ ကားမှာ ကြီးမားပြီး ကြီးစိုးနိုင်သည်ဟု ထင်ကာ သဘောကျမိခြင်းပင်။
ဘယ်လိုပဲ ပြောပြော မိန်းကလေးတွေရဲ့ ပင်ကိုယ်ကိုက ကြီးတဲ့ ဝတ္ထုတွေဆို သဘောကျတတ်ကြတယ်မလား …
ဥပမာ စိန်ပေါ့ ။
တစ်ချိန်တည်းတွင် လီရှန်းဟွေ့မှာ အပြင်ဘက် ဆေးလိပ်ဝယ်ရာမှ ပြန်လာပြီး လင်းရီ၏ ကားကို မြင်တော့ သူ မေးလာသည်။
“ ဒါ မင်းရဲ့ကားလား ..”
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ အင်း … တအား မျက်စိစူးစရာ ဖြစ်နေလို့လား …”
လီရှန်းဟွေ့ နှုတ်ခမ်းတစ်ချက်ကိုက်၍ “ လောဂျစ်ကျကျဆိုရင် ငါ့မှာ ဒီလို ကိစ္စတွေထဲ ဝင်စွက်ဖက်ပိုင်ခွင့် မရှိဘူး … ဒါပေမယ့် ငါတို့ အလုပ် သဘာဝကို မင်းသိပါတယ်… ဖြစ်နိုင်ရင်တော့ တခြား ဈေးသက်သာတဲ့ ကားလေး ပြောင်းစီးပေါ့ကွာ …”
“ ခင်များ ပြောချင်တာကို နားလည်တယ်… ကျုပ် မနက်ဖြန် တစ်စီး သွားဝယ်လိုက်မယ်…”
ယခုလို ကိစ္စများကို လင်းရီ နားလည်ပေသည်။ သူ တုံးစန်းကောင်တီတွင် နွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ လုပ်စဉ်ကလည်း ယခုကဲ့သို့ပင်။ အခက်မသင့်ပါက ရန်ပုံငွေများဖြင့် ကား၀ယ်စီးနေသည်ဟု ဝေဖန်ခံရနိုင်လေသည်။
“ မင်း နားလည်တာ ကောင်းတယ်… အရင်ပြန်ပြီး ကောင်းကောင်း ပြင်ဆင်ထားနှင့် … မနက်ဖြန်ဆို တရားဝင် အလုပ်စဆင်းရတော့မှာမလား …”
“ အင်း … ဒါဆို ကျုပ်တို့ သွားပြီ အရာရှိလီ…”
အလုပ်ဆင်းသည့်အချိန်၌ လင်းရီသည် ချောင်ရန်အုပ်စုသို့ မောင်းနှင်လာခဲ့သည်။
သူ မြေအောက်ကားပါကင်ကို ရောက်တော့ BMW 7 စီးရီး တစ်စင်းမှာ သူ့ဘေးတွင် ထိုးရပ်ထားသည်ကို မြင်တွေ့လိုက်ရလေသည်။
လိုင်စင် နံပါတ်ပြားကို ကြည့်လိုက်တော့ ဝမ်ရင်း၏ ကားဖြစ်နေသည်ကို သတိပြုမိလိုက်၏။
လင်းရီ မျက်လုံးလက်သွားခဲ့သည်။ သို့သော် သူ ချက်ချင်းကြီးတော့ ကားထဲက ထွက်မသွားသေးပေ။ အရင်ဆုံး ဝမ်ရင်းထံသို့ ဖုန်းခေါ်လိုက်၏။
“ အစ်မ အလုပ်ဆင်းပြီလား …”
“ ခုက ဘယ်အချိန်မို့လို့လဲ … ဒီမှာ အလုပ်ရှုပ်နေတုန်းပဲ … မောင်လေးရီလို သူဌေးကြီးနဲ့တော့ အစ်မက ဘယ်ယှဉ်နိုင်မှာ …” ဝမ်ရင်း အပြုံးလေးဖြင့် ပြောလာသည်။
“ ဒါဆို အောက် ခဏဆင်းလာခဲ့ဦး … ကျွန်တော် တစ်ခု ပြောစရာ ရှိလို့ …”
“ နင် ဘယ်မှာလဲ … ငါ အခု ချက်ချင်း လာခဲ့မယ်…”
ဝမ်ရင်းက ကျီချင်းရန်၊ လျန်ရူရွှယ်တို့နှင့် မတူညီချေ။ သူမတို့ အလုပ်အားသည့် အချိန်တွင်တော့ သူနှင့်အတူ အချိန်ဖြုန်းဖို့ရာ ဆန္ဒရှိကြသည်။ သို့သော် သူမတို့ မအားလပ်သည့် အခါတွင်တော့ လင်းရီသည်လည်း သူမတို့နှင့် ဝေးဝေးနေကာ သူမတို့၏ အလုပ်ကို နှောင့်ယှက်လိမ့်မည် မဟုတ်ချေ။
လီချူးဟန်သည်ပင် ထိုအတိုင်းဖြစ်၏။ အရေးပေါ်ခန်းထဲတွင်တော့ လူနာသည်သာလျှင် ပထမဦးစားပေးပင်။
ဝမ်ရင်း တစ်ယောက်တည်းသာ ကွဲထွက်နေခြင်း ဖြစ်၏။ မည်သည့် အချိန်အခါပဲ ဖြစ်နေပါစေ၊ လင်းရီ ခေါ်သည်နှင့် သူမ မည်သည့် အရာကို ပြုလုပ်နေစေကာမူ ချက်ချင်း ပြေးလာပေလိမ့်မည်။
“ ကျွန်တော် အခု ကားပါကင်မှာ … အစ်မရင်း ကားဘေးနားမှာပဲ … ထွက်လာရင် မြင်လိမ့်မယ်…”
“ အဲ့မှာစောင့်နေ … အစ်မ အခုဆင်းလာပြီ…”
ဖုန်းချပြီးနောက် လင်းရီ အသင့်ပြင်၍ ကားထဲတွင် မာ့စ်တစ်ခုအား မြင်တွေ့လိုက်ရလေသည်။ ထို့နောက် သူ ကားထဲမှ တိတ်တဆိတ် ထွက်၍ လွတ်သည့် ထောင့်တစ်နေရာတွင် ပုန်းအောင်းနေလိုက်ကာ ဝမ်ရင်းထွက်အလာကို စောင့်ဆိုင်းနေလိုက်သည်။
ဆယ်မိနစ် ကြာပြီးနောက် ဝမ်ရင်း ဒေါက်မြင့်ဖိနပ် စီးလျက်သားဖြင့် သူမ၏ ကားထံသို့ ရောက်လာခဲ့၏။ လင်းရီ၏ 570 က သူမကား ဘေးနားတွင် ထိုးရပ်ထားသည်ကို မြင်တွေ့လိုက်ရသည်။ သို့ပေမယ့် သူမ လင်းရီကိုတော့ မမြင်မိပါချေ။
ဝမ်ရင်း ဖုန်းထုတ်၍ လင်းရီကို ဆက်သွယ်တော့မည့် အချိန်မှာပဲ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က သူမအား ဆုပ်ကိုင်လာသည့်နှယ် လက်ကောက်ဝတ်ပေါ်တွင် လက်တစ်ဖက်အား ခံစားမိလိုက်၏။
သူမ နောက်လှည့်တော့မည့် အချိန်မှာပဲ သူမ၏ ဦးခေါင်းမှာ ကား ပြတင်းပေါက်မှန်နှင့် ဖိကပ်ထားခြင်း ခံလိုက်ရကာ မလှုပ်ရှားနိုင်တော့သည်ကို သတိထားမိလိုက်လေသည်။
“ မလှုပ်နဲ့ …”
ဝမ်ရင်း ထိတ်လန့်ခြောက်ခြားစွာဖြင့် အော်ဟစ် အကူအညီတောင်းရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် သူမ၏ ပါးစပ်သည်လည်း တစ်စုံတစ်ရာဖြင့် အုပ်ထားခြင်း ခံလိုက်ရကာ အသံတစ်သံပင် မထွက်နိုင်တော့ချေ။
ထိုအချိန်၌ သူမ အနောက်တွင် ရှိနေသည့် လူ၏ ပခုံး၌ တံဆိပ် တစ်ခု ရှိနေသည်ကို သူမ သတိထားမိသွားခဲ့၏။
ယခုတော့ သူမ ပိုလို့ပင် ရှုပ်ထွေးသွားခဲ့ရူသည်။
“ နင် … နင် ဘာလို့ ငါ့ကို ဖမ်းတာလဲ … ငါဘာမှလည်း မလုပ်မိဘဲနဲ့ …”
“ တစ်စုံတစ်ယောက်က မင်းကို အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်အပေါ် မြှူဆွယ်ဖျားယောင်းမှုနဲ့ တိုင်တန်းထားတယ်… မင်း ဝန်ခံလား …”
“ အိမ်ထောင်ရှင် အမျိုးသားတစ်ယောက်ကို မြှူဆွယ်ဖျားယောင်းတယ် ဟုတ်လား ….”
ဝမ်ရင်း ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး လင်းရီ၏ အသံကို မှတ်မိသွားခဲ့လေသည်။ သူမ အားသုံး၍ ရုန်းကာ ကားပြတင်းပေါက်နားမှ လွတ်မြောက်သွားခဲ့၏။
“ နင် … ကောင်စုတ်လေး … ငါ့ကို လာစနောက်ရဲနေတယ်ပေါ့ ဟုတ်လား …”
ဝမ်ရင်း သူမ ရင်ဘက်အား ပုတ်၍ ပြောလိုက်ပြီး “ ဒီမှာ စိတ်ထဲ လန့်လွန်းလို့ သေတောင် သေတော့မယ်…”
“ စိတ်ဝင်စားဖို့ မကောင်းဘူးလား …” လင်းရီ ပြုံးပြလိုက်၏။
ဝမ်ရင်း မျက်လုံးသာ လှန်ကြည့်လိုက်သည်။ “ နင် မပြောရင် ငါလည်း သတိပြုမိမှာတောင် မဟုတ်ဘူး … ဒီလိုမျိုး ရုတ်တရက်ကြီး လုပ်တာကလည်း တော်တော် စိတ်လှုပ်ရှားဖို့ကောင်းတယ်…”
“ ဘယ်လို စိတ်လှုပ်ရှားဖို့ ကောင်းတာလဲ ….”
ဝမ်ရင်း လင်းရီ၏ ကားကို လှမ်းကြည့်လိုက်သည်။ ထို့နောက် နှစ်ယောက်မှာ အချင်းချင်း ပြန်ကြည့်လိုက်၏။
ပြီးနောက် ….
မည်သည့် အပိုစာသားမျှ ပြောနေရန် မလိုအပ်ချေ။
နှစ်ယောက်လုံး ကားထဲသို့ တိတ်တဆိတ် ဝင်လိုက်ကြ၏။ ဝမ်ရင်းမှ ရင်ဖိုလှိုက်မောနေသည့် လေသံဖြင့် လင်းရီ၏ နားအနားကပ်၍ မေးမြန်းလာသည်။ “ နင် ဟိုဥစ္စာ ပါလာခဲ့လား …”
“ ဘယ်ဥစ္စာလဲ …”
ဝမ်ရင်း သူမ၏ ကိုယ်ကို မြွေတစ်ကောင်လို လိမ်တွန့်ကာ လင်းရီ၏ ပခုံးအား လက်ချောင်းလေးများဖြင့် ပွတ်သပ်ရင်း တိုးညင်းသည့် အသံဖြင့် “ ရဲအရာရှိကြီးက ကျွန်မကို လက်ထိပ်ခတ်ပြီး အပြစ်မပေးတော့ဘူးလား …”
လင်းရီ ဘေးဘီဝဲယာသို့ တစ်ချက်ကြည့်၍ အပြုံးလေးဖြင့် “ အဲ့တာတော့ ပါမလာဘူး … ဒါပေမယ့် တစ်ခြားတစ်ခုနဲ့ အစားထိုးလို့ရတယ်…”