ထူးဆန်းသည့် အရပ်သားပြဿနာ
Vol. 112 Ch. 1679
ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲအား နွှဲပြီးသည့်နောက် နှစ်ယောက်လုံး ကားထဲက တစ်ယောက်ပြီး တစ်ယောက် ထွက်ကာ မည်သူကမျှ သတိမထားမိကြချေ။
ဝမ်ရင်းက သူမ နေရာသို့ သူမပြန်သွားခဲ့ပြီး လင်းရီကတော့ ကျီချင်းရန်၏ ရုံးခန်းထဲသို့ ရောက်လာလေသည်။
“ ဥက္ကဌကျီ … ကျုပ်တို့ ခင်များကို အခွန်ရှောင်မှုနဲ့ သံသယရှိထားတယ်… ကျေးဇူးပြုပြီး အသာတကြည် လိုက်ခဲ့ပေးပါ …”
လင်းရီ ရုံးခန်းထဲ ရုတ်ချည်း ရောက်ချလာ၍ ကျီချင်းရန်မှာ အံ့အားသင့်သွားခဲ့လေသည်။
“ အား …… သူတို့ ယူနီဖောင်းတွေ ပေးလာပြီပေါ့ ….”
လင်းရီကို မြင်တော့ ကျီချင်းရန်၏ မျက်ဝန်းတို့ လက်ခနဲ ဖြစ်သွားခဲ့၏။ လက်ထဲကိုင်ထားသည့် စာရွက်စာတမ်းများအား အလျင်အမြန် အောက်သို့ ချ၍ လင်းရီထံသို့ ပြေးလာသည်။
ထို့နောက် သူ့အား အပေါ်ကြည့်၊ အောက်ကြည့်နှင့် အတော်ကြာအောင် စူးစမ်းလေ့လာနေတော့၏။
“ နင် သိပ်ကြည့်ကောင်းနေတာပဲ …” ကျီချင်းရန်မှာ ဘယ်တော့မှ မလုံလောက်နိုင်သည့် ညီမငယ်လေး တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
“ ခုတော့ နင့်ရဲ့ ဆံပင်ပုံစံက လုံးဝကြီး အသုံးမဝင် မဟုတ်တာတော့ မဟုတ်ဘူးပဲ … ဒီ ဝတ်စုံနဲ့မှ လုံးဝ ကွက်တိ ဖြစ်သွားတာ …”
“ အင်း … ငါလည်း အဲ့လိုထင်တယ်…” လင်းရီ ပြောလိုက်ပြီး “ suit နဲ့ နည်းနည်းဆင်တယ်ဆိုပေမယ့် ဝတ်လိုက်တော့ နှစ်ခုက လုံးဝကို မတူဘူး …”
“ အဓိကက စိတ်နေစရိုက်ကြောင့်နဲ့ ဆိုင်မယ် … တော်တော် အထင်ကြီးဖို့ကောင်းတယ်…” ကျီချင်းရန် ပြောလိုက်ပြီး “ အလုပ်ဆင်းရမယ့် အချိန်တောင် ရောက်ပြီ… ငါ ပစ္စည်းတွေ သိမ်းလိုက်ဦးမယ်.. ပြီးရင် အိမ်ပြန်မယ်…”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကျီချင်းရန် ကိုင်တွယ်ရန် လိုအပ်သည့် စာရွက်စာတမ်းများအား ကားသို့ သယ်လာပေးလိုက်သည်။
အိမ်သို့ ပြန်ရောက်လာပြီးနောက် ကျီချင်းရန်မှာ လင်းရီအား ဆိုဖာပေါ်တွင် သေချာလေး ကျကျနန တင်ထား၏။
“ မလှုပ်နဲ့ … ငါ့ကို ခဏလေးစောင့် … အပေါ်တက်ပြီး အဝတ်လဲလိုက်ဦးမယ်…”
“ ဘာလဲ လုပ်မလို့ … ဒီလောက်ထိ ရေးကြီး ခွင်ကျယ် လုပ်ဖို့ လိုလို့လား ..” လင်းရီ ငိုရမလို ၊ ရယ်ရမလို ဖြစ်နေတော့သည်။
“ ဓာတ်ပုံ ရိုက်ဖို့လိုတယ်လေ… ဒါပေါ့ … သေချာလေး ပြင်ဆင်ဖို့လိုတာပေါ့ … နင် စောင့်သာ နေစမ်းပါ …”
ကျီချင်းရန် အပေါ်ထပ်သို့ သော့သော့လေး ပြေးတက်သွားခဲ့ပြီး မိနစ် ၂၀ ကျော်လောက် ကြာတော့ ပြန်ဆင်းလာသည်။
သို့သော် သူမ ဝတ်လာခဲ့သည့် ဝတ်စုံအသစ်က အင်မတန်ကိုမှ သာမန်ဆန်နေပါသည်။ သူမက အနက်ရောင် လည်လုံးဆွယ်တာကို ဝတ်ဆင်ထားသည်။ ပါးလျသည့် ဆွယ်တာ ဆိုတော့လည်း ယခုလို အချိန်တွင်တော့ အနည်းငယ် သင့်လျော်နေခြင်း မရှိပါချေ။
ထို့ပြင် အနက်ရောင် ဂျင်းဘောင်းဘီနှင့် အနက်ရောင် စနိကာ တစ်ရံကိုလည်း စီးနင်းထားသေး၏။ ဤ ဝတ်စုံက ကျီချင်းရန်နှင့် ကြည့်ကောင်းလှသော်လည်း လင်းရီမှာ ယခုအချိန်တွင် ဝတ်ဆင်သည်က မသင့်လျော်ဟု စိတ်ထဲ ခံစားနေရ၏။
သို့သော် ထွေထူးပြောစရာ တစ်ခုတော့ ကျန်နေသေးသည်။ ထိုအရာက …. သူမ၏ ဆံပင်ကိုတော့ သေချာလေး ပုံသွင်း ပြင်ဆင်ထား၏။
သို့တိုင် သူမ ဘာလုပ်ချင်နေလဲဆိုတာကိုတော့ လင်းရီ ယခုထိ မြင်တွေ့၍ သဘောမပေါက်နိုင်သေးချေ။
“ ဒီလိုမျိုး ဝတ်ပြီး ငါနဲ့ ဓာတ်ပုံရိုက်ချင်တာ သေချာလား …”
“ ကျိန်းသေပေါက် ဘယ်ဟုတ်မှာ … အဓိက ပစ္စည်း တစ်ခု နင် မတွေ့သေးလို့ပါ … ဒန် ဒန် ဒန် … ဒီမှာလေ…”
ကျီချင်းရန်သည် သူမ၏ အနောက်မှ အဖြူရောင် ဇာတစ်ခုအား ထုတ်ပြလာခဲ့၏။ ယင်းက မင်္ဂလာဆောင်တွင် သတို့သမီးတို့ ဝတ်ဆင်လေ့ရှိသည့် ဇာပုဝါနှင့်ပင် ဆင်တူသည်။ သို့သော် ခေါင်းစည်းတစ်ခုသာ ဖြစ်၏။
ကျီချင်းရန်သည် ထို ဇာပုဝါအား အကြိမ်အနည်းငယ်ခန့် ခေါက်၍ ဆံပင်နှင့် ချည်ထားလိုက်သည်။
“ ဘယ်လိုနေလဲ … ကြည့်ကောင်းတယ်မလား …”
လင်းရီ ငေးငိုင်မိသွားခဲ့သည်။ ယခု အခိုက်အတန့်တွင် သူမက သတို့သမီးလေး တစ်ယောက်ကဲ့သို့ပင်။
“ အင်း … ခိုင်းနှိုင်းဖို့ စကားရှာမရတဲ့ထိလောက်အောင်ကို လှတယ်…”
“ ဟီးဟီး … လာခဲ့ လာခဲ့ … ဓာတ်ပုံ ရိုက်ကြမယ်…”
သူမ ဖုန်းစတန်း တစ်ခုအား ထုတ်၍ အချိန်မှတ်လိုက်သည်။
ထို့နောက် လင်းရီ၏ ဘေးနားရပ်ရင်း ပို့စ်အမျိုးမျိုးပေး၍ ကျေနပ်မှု ရသည်အထိ ဓာတ်ပုံ အများအပြား ရိုက်လိုက်၏။
“ ဒီနေ့တော့ နင် ဟင်းချက်လိုက်တော့ … ငါ ယွမ်ယွမ်ကို သွားကြွားလိုက်ဦးမယ်…”
“ အင်း .. သွားသွား ..”
လင်းရီ သူ၏ ယူနီဖောင်းအား ချွတ်၍ သေချာလေး ချိတ်ထားလိုက်ကာ မီးဖိုချောင်ထဲ ဝင်ရန် ဟန်ပြင်လေသည်။
အခြားတစ်ဖက်တွင်တော့ ကျီချင်းရန်မှာ သူမ ရိုက်ထားသည့် ဓာတ်ပုံများအားလုံးကို ဟော်ယွမ်ယွမ်ထံသို့ ပို့၍ သူမ၏ အောင်မြင်မှုအား ကြွားဝါနေသကဲ့သို့ ရှိသည်။
မီးဖိုချောင်ထဲတွင်တော့ လင်းရီမှာ အနည်းငယ် စိတ်ပျံ့လွင့်နေလျက် ရှိပြီး တစ်စုံတစ်ရာကို စိတ်ထဲ တွေးနေမိသည်။
သူနှင့် ကျီချင်းရန် အတူနေလာသည်မှာ ယခုဆို နှစ်နှစ်ကျော်နေပြီ ဖြစ်၏။
သာမန်ဆိုပါက ၂ နှစ်ကျော်ကြာအောင် တည်ဆောက်လာခဲ့သည့် ဆက်ဆံရေး တစ်ခုတွင် လက်ထပ်ဖို့ ကိစ္စအား ဆွေးနွေးတိုင်ပင်သင့်သည့် အခြေအနေထိ ရောက်သင့်နေချေပြီ။
သို့သော် ကျီချင်းရန် အကြောင်း သူ နားလည်ထားသလောက် သူမဘက်က စတင်ပြီး ထိုအကြောင်းကို ဘယ်တော့မှ ပြောလာလိမ့်မည် မဟုတ်ချေ။
သတိ မထားမိစွာဖြင့် လင်းရီ၏ လှီးဖြတ်သည့် အမြန်နှုန်းက ဖြည်းဖြည်းချင်း နှေးကွေးလာခဲ့၏။
သူမစိတ်ထဲတွင်လည်း ထပ်တူညီစွာ ခံစားနေရလောက်ပေသည်။ သို့သော် ထုတ်မပြောရုံမျှသာ ရှိမည်။
သို့ပေမယ့် လျန်ရူရွှယ်ကိစ္စကို မဖြေရှင်းနိုင်သည်အထိ သူ့ဘက်က မင်္ဂလာပွဲကိစ္စကို ရှေ့တန်းတင်၍ မရသေးချေ။
လင်းရီ သက်ပြင်းချမိလိုက်၏။ သူ ကိစ္စများအား မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုအား စဉ်းစားရတော့မည့်ပုံပင်။
ထိုညတွင် လင်းရီသည် ကျီချင်းရန်အား ဆုချရန်အတွက် စားပွဲ တစ်ခုလုံးအပြည့် သူမ အကြိုက် ဟင်းလျာများအား ချက်ပြုတ်ပေးလိုက်သည်။
နှစ်ယောက် စားလို့ ဝတော့ ဇာတ်ကား အတူကြည့်ကာ လမ်းခဏ ထွက်လျှောက်ကြသည်။ ထို့နောက် ပျော်ပျော်ရွှင်ရွှင် စကားပြောရင်း အိမ်သို့ ပြန်လာခဲ့ကြလေသည်။
နောက်တစ်နေ့ နံနက်တွင် ကျီချင်းရန်အား ရုံးသို့ လိုက်ပို့ပေးပြီးနောက် လင်းရီသည် လီချူးဟန်၏ နေရာသို့ ထွက်လာခဲ့၏။
သူ၏ ကားမှာ မျက်စိဖမ်းစားနိုင်လွန်းသဖြင့် အလုပ်တွင် မောင်းလို့ မသင့်လျော်ချေ။ ထို့ကြောင့် လီချူးဟန်၏ Type R ကို ငှားမောင်းဖို့ ဆုံးဖြတ်လိုက်၏။
အဘယ်ကြောင့်ဆိုသော် အပြင်က ကြည့်မည်ဆိုပါက Civic ဟု ထင်ရပြီး ကိုယ့်ဘက်က မပြောပြသရွေ့ အထဲတွင် မည်သို့သော ပုံစံရှိသည်ကို မည်သူမျှ မြင်နိုင်လိမ့်မည် မဟုတ်ချေ။ လူတွေကလည်း ယွမ် တစ်သိန်း ၊ နှစ်သိန်း မျှသာ ပေးရသည့် Civic ဟုသာ မြင်ကြလိမ့်မည်။ ဤသည်က သာမန် မြင်တွေ့ကြဖြစ်သည့် အလယ်အလတ်တန်းစား ကားတစ်စင်း ဖြစ်သဖြင့် မည်သူကမျှလည်း ဝေဖန် မှတ်ချက်ပြုလာတော့မည် မဟုတ်ချေ။
မူလကတော့ လင်းရီ ကိုယ့်ဘာကိုယ် တစ်စီးသွားဝယ်တော့မလို့ပင်။ သို့သော် ရသည့် အချိန်က အရမ်း တိုတောင်းနေခဲ့၏။ နောက်ထပ် အကြောင်းပြချက် တစ်ခုကတော့ ဤကားက လီချူးဟန်၏ မိုဒီဖိုင်း လုပ်ထားသည့် ကားဖြစ်နေသောကြောင့်ပင်။
AMD ပင်ဆာ လေးလုံးနှင့် ဖာရာရီ အိတ်စော။ ဤသည်က တော်တော်လေး လန်း၏။
သူ လီချူးဟန်၏ အိမ်ကို ရောက်တော့ သူမမှာ လင်းရီကို အိမ်အောက်ထပ်တွင် အသင့်စောင့်ဆိုင်းနေလေသည်။
“ နင် ဒီကားမောင်းချင်တယ်ဆိုလည်း အစောကတည်းက ကြိုပြောရောပေါ့ … အဲ့လိုဆို ငါ အရောင် ပြောင်းပေးလို့ ရသေးတယ်…”
“ မလိုပါဘူး … အနီရောင်လေးလည်း ကောင်းပါတယ်…”
“ ငါ နင့်ဖို့ ‘ Type – R’ စာလုံးကို ဖယ်ထားပြီး Civic စာလုံး အစားထိုးထားပေးတယ်… နင့်ဘက်က ကားအကြောင်း အတော်နားလည်တဲ့လူနဲ့ မတွေ့သရွေ့ ဘယ်သူကမှ ခွဲခြားပြောနိုင်မှာ မဟုတ်ဘူး …”
“ ချစ်ဖို့ကောင်းလိုက်တာ … ကြည့်စမ်း …”
လင်းရီ လီချူးဟန်၏ နဖူးအား နမ်း၍ “ အလုပ်သွားတော့မယ် … အထဲ မဝင်တော့ဘူး … ဖုန်းထဲမှာပဲ စကားပြောကြတာပေါ့ …”
“ အင်း … ဂရုစိုက်ပြီးလည်း မောင်းသွားဦး …”
“ အင်း …”
လီချူးဟန်အား နှုတ်ဆက်ပြီးနောက် လင်းရီသည် ကားကို ရဲစခန်းသို့ မောင်းလာခဲ့၏။
ယနေ့မှ စတင်ကာသူ၏ ရဲအရာရှိ အလုပ်အကိုင်သည် တရားဝင် စတင်ချေပြီ။
သို့သော် အမှန်တရားက စိတ်ကူးနှင့် လက်တွေ့တော့ ထပ်တူကျခြင်း မရှိချေ။ အချိန်အများစုတွင် သူတို့ကိုယ်သူတို့ တာဝန်များနှင့် ရင်းနှီးအောင် လုပ်နေရပြီး ကျန်းတဲ့မင်၏ အလုပ်အတွေ့အကြုံများအား နားထောင်နေရလေသည်။
သူတို့ သုံးယောက်လုံးလည်း နားထောင်လို့ မဝကြချေ။
အရင်တုန်းက လင်းရီ တွေးထင်ထားခဲ့သည်မှာ ပြီးပြည့်စုံသည့် တရားရေးရာ စနစ်ဖြင့် အရာရာတိုင်းကို လောဂျစ်ကျကျ ဖြေရှင်းနိုင်သည် ဟူ၍ပင်။
သို့သော် ကျန်းတဲ့မင်၏ အတွေ့အကြုံများအား နားထောင်ပြီးနောက် လင်းရီသည် ထိုအရာက အဓိက မဟုတ်တော့သည်ကို သတိပြုမိလာခဲ့၏။
တစ်ချို့သော အကြောင်းကိစ္စတို့က သွားပြီး လောဂျစ်ကျနေ၍ မဖြစ်သလို မည်သူမှန်သည် ၊ မည်သူမှားသည်ကိုလည်း ဝေခွဲရ ခက်ခဲလှ၏။
ပြောကြသည်က ရိုးသားပြီး ဘက်မလိုက်သည့် အရာရှိများပင် အရပ်သား ပြဿနာများအား ဖြေရှင်းရာ၌ အတော်လေး အခက်တွေ့ရကြောင်း အကြောင်းတရားကို လင်းရီ ယခုတော့ အမှန်တကယ် ယုံကြည်သွားခဲ့ချေပြီ။
ကျန်းတဲ့မင်၏ ပုံပြင်များအား နားထောင်ရခြင်း အပြင် ကျန်သည့် နေ့ခင်း အချိန်များကို သူ၏ အလုပ်အကိုင်အသစ်နှင့် ရင်းနှီးစေရန် အချိန်ပေးနေသည်။
ထိုအတောအတွင်း ကျန်းတဲ့မင်မှ လင်းရီနှင့် ကျန်နှစ်ယောက်ကို ကားအက်စီးဒင့် ကိစ္စ တစ်ခု ကိုင်တွယ်ရန် ခေါ်လာခဲ့ပေး၏။
အရက်မူးပြီး ကားမောင်းသည့် ဒရိုင်ဘာမှာ ခုံရုံး အဆောက်အအုံ နံရံနှင့် ဝင်တိုက်မိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ယုတ္တိမတန်စွာဖြင့် ဒရိုင်ဘာ၏ မိသားစုမှာ ထိုနံရံအား အကြောင်းပြု၍ ခုံရုံးကို တရားပြန်စွဲလေသည်။ ပြောသည်ကတော့ မလျော်ကန်စွာ တည်ဆောက်ထားခြင်းကြောင့် ယခုလို အသက်သေဆုံးရခြင်း ဖြစ်ကာ ယွမ် ရှစ်သိန်း လျော်ပေးရန် တောင်းဆိုလာခဲ့ခြင်းပင်။
ခုံရုံး “ ဝှက်သယ်ဖက် …”
ပိုပြီး ယုတ္တိမတန်သည်မှာ ထိုအမှုအား ခုံရုံးကပဲ စီရင်ချက်ချရခြင်းပင်။
အဆုံးတွင် ထိုအရာများအားလုံးက လင်းရီအား စိတ်ရှုပ်ထွေးပြီး ကျန်နေရစ်စေခဲ့၏။
ကြည့်ရသည်မှာ စနစ်က သူ့အား ယခု အလုပ်အကိုင် ပေးလာခဲ့သည်က ကမ္ဘာပေါ်တွင် လူပြက်တွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာကို မြင်စေချင်နေသည့်ပုံပင်။
တစ်နေ့တာ အလုပ်ပြီးနောက် လင်းရီတို့ အလုပ်ဆင်းတော့မည့် အချိန်မှာပဲ နောက် အမှုတစ်ခုက ရောက်ချလာခဲ့၏။ လင်းရီနှင့် သူ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်လည်း ကိုင်တွယ်ဖြေရှင်းရန် အမှုဖြစ်သည့် နေရာသို့ ချက်ချင်း သွားလိုက်ရကာ ည ၇ နာရီထိုးမှ အိမ်သို့ ပြန်ရောက်တော့၏။
မထွက်ခွာမီ ကူရိရန်သည် လင်းရီ၏ ရုံးခန်းသို့ ရောက်လာပြီး သူတို့ သုံးယောက်အား မနက်ဖြန်တွင် အလုပ်မနောက်ကျဖို့ လာပြီး သတိပေးသည်။
လင်းရီမှာတော့ တည်တည်ငြိမ်ငြိမ်ပင်။ သို့သော် ကျန်းဖန့်နှင့် ကျန်းဇီရှင်းမှာတော့ စိတ်အား ထက်သန်နေကာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြ၏။
“ ရန်ကျယ်(အစ်မရန်) … ငါတို့တွေ ဒီ ကိုယ်ခံပြိုင်ပွဲမှာ နိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ထင်လား …” ကျန်းဇီရှင်းမှ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။