← Chapters

အခန်း (၁၀၅၁)

Vol. 71 Ch. 1051

အခန်း (၁၀၅၁)

Vol. 71 Ch. 1051

ဒွီး ဒွီး

ကျွင်းချောင်ရှောင်းသည် အစီအစဉ်အား ဆွေးနွေးနေတုန်းမှာပဲ လမ်းကြားလေး၏ အပေါ်၌ အလင်းတန်းတစ်ခု ပေါ်လာတော့သည်။ ထိုအလင်းတန်းများသည် သေသေချာချာဖြန့်ကျက်ပြီးသည့်နောက်မှာတော့ မျက်လုံးဖြင့် ကြည့်ရှုမြင်နိုင်သည့် အလင်းအက်ကွဲကြောင်းများ ဖြစ်လာတော့သည်။

“ဒါ ဘာကြီးလဲ”

ဆွစ် ဆွစ် ဆွစ်

၎င်းတို့ငါးယောက်၏ ပုံပန်းသွင်ပြင်များသည် အလင်းများပေါ်တွင်တော့ အနီရောင်အရိပ်များအဖြစ် ဖြစ်တည်လာ ခဲ့၏။ ကျွင်းချောင်ရှောင်း၏ ဦးနှောက်သည် ချာချာလည်သွား၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါက လူရှာတဲ့အစီအရင်မျိုးလား”

“ကျန်းဝေမြို့ထဲမှာ အထောက်အထားမဲ့လူတွေ ရောက်နေတယ်။ သူတို့ကို ဖမ်းတော့”

ဝှစ် ဝှစ်

ငြိမ်းချမ်း၍ တိတ်ဆိတ်လှသော မြို့ကြီးသည့် ရုတ်တရက် ဆူညံသွားတော့သည်။ ချပ်ဝတ်အပြည့်ကို ဝတ်ဆင်ထားသော စစ်သည်များအားလုံးသည် မြို့၏မျှော်စင်တံခါးဆီမှ ပျံသန်းထွက်ခွာလာပြီးသည့်နောက် တစ်ယောက်ပြီးတစ်ယောက် အပြင်ဘက်ဆီသို့ ရောက်ရှိလာ၏။ ၎င်းတို့သည် ဓားများကို ဆွဲထုတ်၊ လေးများကို ချိန်ကာဖြင့် အလင်းတန်းငါးခုရှိရာ တောင်ကြားဆီသို့ ပြေးလာခဲ့ကြ၏။

ဤနေရာသို့ ဘာလာလုပ်ကြ သနည်း။ ရိုးရှင်းစွာပင် တစ်ဖက်လူများ၏ အသက်ကိုနှုတ်ယူရန်သာ ဖြစ်တော့သည်။ မြို့ထဲသို့ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်လာသည့်လူများသည် ကျိန်းသေပေါက် သေဆုံးရမည်ဖြစ်သည်။

“မဖြစ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် ပြိုလဲသွားမိ၏။ “ဒီလိုမျိုး တစ်စုံတစ်ယောက်ရဲ့ အထောက်အထားမဲ့ တည်ရှိနေရာကို သိနိုင်တဲ့ အစီအရင်မျိုးလည်း ရှိနေသေးတာလား”

ရီရှင်းချန်နှင့် ဟယ်ဝူတီတို့သည် ပျော်ရွှင်လျက် ရှိနေတော့၏။ မြို့ထဲတွင် ၎င်းတို့ တည်ရှိနေသည်ကို သိရှိသွား သောကြောင့် ၎င်းတို့အနေနှင့် ပြည့်တန်ဆာအဖြစ် ဟန်ဆောင်နေစရာ မလိုအပ်တော့ပေ။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် ခေါင်းကိုအသာလှည့်ကာဖြင့် မျက်မှောင်ကုတ်လိုက်သည်။ “ရှိနေကြောင်း သိသွားပြီ ဆိုတော့ ဘာလုပ်ရမှာလဲ”

မေးပြီးသည့်နောက်မှာတော့ သူသည် ထိတ်လန့်တကြားဖြင့် အနောက်သို့ ဆုတ်လိုက်မိသည်။

ဂိုဏ်းချုပ်ကျွင်းသည် ဆံပင်များအား အနောက်ဘက်သို့ သေသေသပ်သပ်ဖြင့် ဖီးလိမ်းပြီး ဖြစ်နေသည့်အပြင် နေကာမျက်မှန်ကိုလည်း ဝတ်ဆင်ထားသေး၏။ ပါးစပ်ထဲတွင် ဆေးပြင်းလိပ်ကြီးအား အသာတပ်ကာဖြင့် ပြောလိုက်သည်။ “ငါတို့အနေနဲ့ တိုက်ခိုက်ဖို့ပဲ ရှိတော့တာပေါ့”

စနစ်သည် ပြိုလဲသွားမိ၏။ “ခုနတုန်းက တပည့်တွေကိုပြောတော့ ဘာလုပ်လုပ် သေသေချာချာ ဂရုစိုက်ရမယ်ဆို၊ အနည်းငယ်သော ဂရုမစိုက်မှုတွေက ကြီးမားတဲ့ အကြံအစည်ကြီးကို သက်ရောက်စေနိုင်တယ်ဆို”

ဟူး ဟူး

ရီရှင်းချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြီးသည့်နောက် လေထဲသို့ လှမ်းတက်လိုက်၏။ သုံးပေရှိသော ဓားရှည်သည် ဓားအိမ်ထဲမှ ထွက်ပေါ်လာ၏။ ကောင်းကင်တစ်ခုလုံးတွင်တော့ ဓားရိပ်၊ ဓားယောင် များနှင့်ပြည့်နှက်သွားခဲ့ပြီး မှောင်မိုက်နေသောမြို့ကြီးတစ်ခုလုံးသည် လင်းလက်သွားခဲ့သည်။

ဇွိ ဇွိ

ဓားအလင်းတန်းများ ဖြတ်သန်းသည့်နေရာတိုင်းတွင် သွေးများ ပြန့်နှံ့သွား၏။ ရီရှင်းချန်သည် တံတား၏ အမိုးပေါ်သို့ ခုန်တက်ပြီးသည့်နောက်မှာတော့ ဓား၏ထိပ်မှတဆင့် သွေးစက်များ တတောက်တောက်နှင့် ကျဆင်းနေတော့၏။

ဘုတ် ဘုတ် ဘုတ်

ဒါဇင်နှင့်ချီသော စစ်သည်များအားလုံးသည် မြေပေါ်သို့ လဲကျသေဆုံးသွားခဲ့ကြသည်။ အစမှ အဆုံးထိ ၎င်းတို့သည် အလင်းတန်းတစ်ခု ဖြတ်သန်းစီးဆင်းလာသည်ကိုသာ မြင်လိုက်ရ၏။ ခဏကြာသည့် နောက်မှာတော့ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဦးနှောက်ကြား ဆက်စပ်မှုသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။

လ၏ အလင်းရောင်အောက်မှာတော့ ရီရှင်းချန်သည် ဝံ့ကြွားစွာဖြင့် ရပ်လျက် ရှိသည်။ “ဒီလို အမှိုက်မျိုးတွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ သတ်လိုက်ရမှာ။ မိန်းကလေးလို ဝတ်စရာ မလိုပါဘူး”

ဟူး ဟူး

ရုတ်တရက်ဆိုသလိုပဲ ဘယ် ၊ ညာနှစ်ဘက်ဆီမှ စစ်သည်တစ်ဒါဇင်ကျော်တို့သည် ပြေးတက်လာခဲ့တော့သည်။ ၎င်းတို့သည် စွမ်းအင်လှိုင်းများကို စုစည်းပြီးနောက် ထုတ်ဖော်တိုက်ခိုက်တော့သည်။

ဒွီး ဒွီး

ရီရှင်းချန်သည် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်ပြီးသည့်နောက် စကြဝဋ္ဌာပြောင်းပြန်လည်ခြင်း နည်းစနစ်ကို ထပ်မံကာ ထုတ်ဖော်လိုက်၏။ လှံကဲ့သို့သော ရှစ်ထောင့်ပုံ တည်နေရာလေး နှစ်ခုသည် ပေါ်ပေါက် လာပြီးသည့်နောက်မှာတော့ တစ်ဖက်လူများ၏ တိုက်ခိုက်မှုများကို ရွေ့ပြောင်းပစ်လိုက်တော့၏။

ဆွစ် ဆွစ်

ဘေးတစ်ဖက်ဆီမှ ရောက်ရှိလာသော စွမ်းအင်များသည် တခြားတစ်ဖက်ဆီသို့ ရောက်ရှိကုန်သည်။

ဘုန်း

ရှောင်ကျီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် အရှေ့မှ လူများဆီသို့ ထိုးလွှတ်လိုက်၏။

ဝုန်း ဝုန်း …။

အစောတည်းက ထိခိုက်ပျက်စီးနေပြီဖြစ်သော လမ်းကြီးတစ်ခုလုံးသည် ကွဲကြေသွား၏။ မြေထောက်တိုင် ကြီးသည် တစ်ခုပြီးတစ်ခု မြေကြီးဆီမှ ဖြစ်ပေါ်လာပြီးသည့်နောက် ရီရှင်းချန်အား တိုက်ခိုက်လျက်ရှိနေသော စစ်သည်များအားလုံးအား အနောက်ဘက်သို့ လွင့်စင်သွားစေ၏။

အချိန်ခဏတာ တိုက်ခိုက်ပြီးနောက် ဘာမှန်းမသိသည့်လူများသည် အလွန်တရာ အားကောင်းလှသည့် လူများဖြစ်ကြောင်း စစ်သည်များက သိရှိ နားလည်သွားကြသည်။ ထို့ကြောင့် ၎င်းတို့သည် လာရာလမ်း အတိုင်း ရပ်တန့်လိုက်ကြပြီးသည့်နောက် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်ကြသည်။ အလွန်အားကောင်း လှသော လေးများသည် လေထုထဲတွင် ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ အထူးပြင်ဆင်ထားသော မြားများကို လေးညှို့ပေါ်တွင် တင်လိုက်ကြသည်။

သို့ပေမဲ့ ၎င်းတို့သည် လေးညှို့ကို ဆွဲရန် ပြင်လိုက်ချိန်မှာပဲ ရုတ်တရက် ဘေးတစ်ဖက်ဆီမှ လေပြင်းများ တိုက်ခတ်သွား၏။

ဟယ်ဝူတီသည် ရုတ်တရက် ရောက်ရှိလာပြီးသည့်နောက်မှာတော့ ပြုံးကာ ပြောလိုက်မိ၏။ “အမှောင်ထဲက တိုက်ခိုက်တယ်ဆိုတာက သူရဲကောင်းတစ်ယောက် မဟုတ်ဘူးလေ”

“သေစမ်း”

သိုင်းဘုရင် ထိပ်ဆုံးအဆင့် စစ်သည်ခေါင်းဆောင်နှစ်ယောက်သည် အဝေးဆီမှ ပျံသန်းလာပြီးသည့် နောက်မှာတော့ ၎င်းတို့၏ တိုက်ခိုက်ရေးပုဆိန်ကြီးများဖြင့် လွှဲယမ်း ခုတ်ပိုင်းလိုက်သည်။

ဆွစ် ဆွစ် ….။

အလွန်အားကောင်းလှသော ပုဆိန်အလင်းတန်းနှစ်ခုသည် အထက်ဆီမှ ကျဆင်းလာခဲ့၏။ ဟယ်ဝူတီသည် ပြုံးလျက် ရှိနေသေး၏။ ပုဆိန်တိုက်ခိုက်မှု၏ အလင်းတန်းများသည် သူ၏ မျက်ခုံးနှစ်ခုကြားရှိ နဖူး တည်နေရာတည့်တည့်ဆီသို့ ကျဆင်းလာသည့်အချိန်မှာပဲ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ အမဲရောင်ဆံနွယ် များသည် လေထဲတွင် လွင့်ကနဲ ဖြစ်သွား၏။

“လူသားတွေအတွက် အရေးကြီးဆုံးအရာက ပျော်ရွှင်မှုပဲ”

ဘန်း ဘန်း

သူ့ကိုတိုက်ခိုက်လိုက်သော စစ်သည်နှစ်ယောက်တို့သည် ရုတ်တရက် အဝေးဆီသို့ လွင့်စင် သွားခဲ့သည်။ ဟယ်ဝူတီသည် လက်ကို အသာမြှောက်လိုက်ပြီးသည့်နောက် သက်တန့်ရောင်အလင်းတန်းများသည် အရှေ့ဆီသို့ ဖြစ်တည်ပြီးသည့်နောက် လေးကိုင်ထားသော စစ်သည်များအားလုံးသည် မြေပေါ်သို့ပြုတ်ကျကာ ဒဏ်ရာ ရရှိသွားခဲ့တော့၏။

မြို့၏ မြို့ရိုးမျှော်စင်အထက်မှာတော့ မြင်းပျံများကို စီးနင်းထားကြသော ဝတ်စုံပြည့် စစ်သည်များ ပျံသန်းလာခဲ့ကြ၏။ ထိုသို့ စီးနင်းလာခဲ့ကြသော စစ်သည်များအားလုံးသည် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်လို့နေ၏။

ဝှစ် ဝှစ်

ရီရှင်းချန်သည် အလင်းတန်းများနှင့်အတူ ရှေ့ဆီသို့ ပျံသန်းလိုက်ပြီးသည့်နောက်မှာတော့ ရောက်ရှိလာခဲ့သော စစ်သည်များနှင့် အားရပါးရ တိုက်ခိုက်ခြင်းကို ပြုမူတော့၏။ ဓားအလင်းတန်းများ ဖြတ်သန်းသွားသည့်အချိန်တိုင်း တွင် ခေါင်းပြတ်များ၊ လက်ပြတ်များ၊ ခြေပြတ်များသည် နေရာအနှံ့တွင် ဖြစ်တည်သွား၏။ သွေးများသည် ရဲရဲနီလျက် ရှိနေသည်။

ဆွစ် ဆွစ်

စစ်သည် အရေအတွက် အများအပြားသည် မြို့၏မျှော်စင်ဆီမှ စုဝေးရောက်ရှိလာသည့်အပြင် မြို့နှင့် တခြားသော ခြံဝန်းအသီးသီးတွင်လည်း စစ်သည်များ ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် အစစ်အမှန် စစ်ပွဲကြီးတစ်ခုကို တိုက်ခိုက်တော့မည်ကဲ့သို့ပင် စစ်သည်များ တစ်ဖြည်းဖြည်းနှင့် များပြားလာပြီး တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းနီးပါးခန့်သို့ပင် ရောက်ရှိလာ၏။

ကောင်းကင်သို့ မော့ကြည့်လိုက်မည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းတပည့် လေးယောက်တို့သည် ၎င်းတို့၏ သိုင်းနည်းစနစ်များကို ထုတ်ဖော်ကာ ရူးရူးမူးမူး တိုက်ခိုက်နေကြ၏။ သို့ပေမဲ့ ၎င်းတို့နှင့် ရင်ဆိုင်နေရသည့် တစ်ဖက်လူများမှာတော့ များပြားလှသည့် လူအရေအတွက်အပြင် ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် စစ်မြင်းများသည် တည်နေရာအနှံ့တွင် ဝိုင်းပတ်ထားကြသည်။

“ထူးဆန်းလိုက်တာ”

ကျွင်းချောင်ရှောင်းသည် မြို့၏အမြင့်ဆုံးတည်နေရာဆီသို့ လှမ်း၍ကြည့်ကာ ပြောလိုက်သည်။ “တိုက်ပွဲက ကြီးကြီးကျယ်ကျယ်ဖြစ်နေတာလေ။ ဘာလို့ မြို့ထဲမှာရှိနေတဲ့ အင်ပါယာက ထွက်ပြီး လာမကြည့်တာလဲ”

ဝှစ် ဝှစ်

သူသည် ကျန်းယန်ဝတ်စုံကို ဝတ်ဆင်ပြီးသည့်နောက် အနောက်ဘက်မှာ ရှိနေသော အနီရောင်ခြုံလွှာသည် လေနှင့်အတူ ကခုန်လျက်ရှိနေ၏။ ညကောင်းကင်ယံအထက်မှာတော့ ဤကဲ့သို့သော ပုံပန်းသွင်ပြင်မျိုးသည် အလွန်တရာ ကြည့်ကောင်းလွန်းလှ၏။

ပြီးနောက် ကျွင်းချောင်ရှောင်းသည် သီးခြားဖြစ်တည်ခြင်း အစီအရင်များနှင့် ပိတ်ပင်ထားမြစ်ထားသော တားမြစ်နန်းတော်နေရာကြီးဆီသို့ ကြည့်လိုက်သည်။ ပြီးသည့်နောက်မှာတော့ ဇဝေဇဝါ ဖြင့် မေးလိုက်၏။ “ဒီအချိန်မှာ အင်ပါယာကျန်းဝေက သူ့မယားငယ်ကို ဖက်ပြီးတော့များ အိပ်နေတာလား”

ဒွီး ဒွီး

ထိုအချိန်မှာတော့ တားမြစ်နန်းတော်ကြီး၏ အပြင်ဘက်တွင် အလင်းတန်းများ ဖြတ်သန်းလာခဲ့သည်။ အလင်း၏ အရိပ်များသည် ရုတ်တရက် ရီရှင်းချန်၏ အနောက်တွင် ပေါ်လာပြီးသည့်နောက်မှာတော့ အလွန်တရာ မြန်ဆန်သည့်နှုန်းဖြင့် လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်ကာ တိုက်ခိုက်တော့၏။

“သေစမ်း.. အမှိုက်လေး”

ဘုန်း

စွမ်းအင်လှိုင်းများသည် ပေါက်ကွဲထွက်သွားသည်။

ရီရှင်းချန်သည် ပျက်စီးပြိုလဲလျက်ရှိသော အဆောက်အဦကြီးနှင့် သွားရောက်ကာ တိုက်မိတော့သည်။ သူ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများ ပြည့်နှက်လာခဲ့၏။

ရုတ်တရက် အလစ်ချောင်းကာ တိုက်ခိုက်လိုက်သော အဘိုးအိုသည် အံ့အားသင့်မိသွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ လက်ကောက်ဝတ်အား ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူငယ် တစ်ယောက်က ဖမ်းဆုပ်ထားသောကြောင့်ပင်။

“အဘိုးကြီး”

ကျွင်းချောင်ရှောင်းသည် ထိုသူ၏ လက်ကောက်ဝတ်ကို အသာဖမ်းဆွဲပြီးသည့်နောက် အေးစက်စွာ ကြည့်လိုက်၏။ “ဒီဂိုဏ်းချုပ်ရဲ့ တပည့်ကို သတ်ချင်နေတာလား။ အိမ်မက်ထဲမှာပဲ ရမယ်”

ဝှစ် ဝှစ်

ဓားနှင့် သိုင်းသူတော်စင်၏ အော်ရာများသည် ရုတ်တရက် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ၎င်း၏ ခန္ဓာကိုယ် ပေါ်မှ ရှေးဟောင်းသားရဲကြီးနှစ်ကောင် ထွက်ပေါ်လာသကဲ့သို့ပင် အားလုံးကို လွှမ်းခြုံတော့၏။ ထိုအချင်းအရာကိုမြင်တော့ သိုင်းကျင့်ကြံသူများ အားလုံးသည် ဒူးများ ပျော့ခွေလုမတတ်ပင် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။

“မဟုတ်ဘူး”

ဘန်း ဘန်း

ကျွင်းချောင်ရှောင်းသည် လက်သီးချက်ကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ အလွန်တရာအားကောင်းလှသော အားအင်များပါဝင်သော လက်သီးချက်ကြီးသည် အဘိုးကြီး၏ ရင်အုံကို ထိမှန်သွားခဲ့တော့သည်။ ထိုသူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အမြှောက်ဆံကဲ့သို့ပင် မြို့ထဲသို့ပြန်လည် လွင့်စင်ထွက်သွားခဲ့၏။ ပြီးသည့်နောက်မှာတော့ တောင်တစ်ခုနှင့် သွားရောက်ရိုက်မိပြီး ဦးခေါင်းကြီး ရွှဲ့စောင်းကာ သေဆုံးသွားခဲ့၏။

ဝှစ် ဝှစ် ဝှစ်

တားမြစ်နန်းတော်၏ အပြင်ဘက်၌ အလင်းတန်းများသည် တဖြတ်ဖြတ်နှင့် လင်းလက်လာခဲ့၏။ ထိုအချိန်မှာတော့ သိုင်းနယ်မြေကျင့်ကြံသူ နှစ်ဆယ်ကျော်တို့သည် လေထုထဲတွင် ပေါ်ပေါက်လာတော့၏။ ပထမ အဘိုးကြီးနှင့် အနည်းငယ် ခြားနားလှသည်ဆိုသော်လည်း ၎င်းတို့၏ မျက်လုံးများမှာတော့ ရဲရဲနီလျက် ရှိ၏။ ၎င်းတို့၏ မျက်နှာသွင်ပြင်ပေါ်တွင်လည်း မည်သည့်အမူအရာမှ မရှိကြချေ။ မည်သည့်ခံစားချက်မှ ရှိပုံမပေါ်လှပေ။ တူညီလှသည်မှာ ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်သည် အနည်းငယ် အားပျော့လို့နေ၏။ ကြည့်ရသည်မှာ တစ်စုံတစ်ခုသော နည်းလမ်းကို အသုံးပြု၍ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။

“ဒါ ရုပ်သေးတွေလား” ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်မိသွားသည်။

ဘုန်း ဘုန်း

အနောက်ဘက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် မရပ်တန့်ကြချေ။ ၎င်းတို့အား လာရောက်တိုက်ခိုက်လျက်ရှိနေသော စစ်သည်များနှင့် ဘတပြန် ကျားတပြန် တိုက်ခိုက်လျက် ရှိနေကြ၏။

..................

“သခင်လေး”

ညဘက်ကြီး ခရီးနှင်လျက်ရှိနေသော အကြီးအကဲလင်းက ပြောလိုက်သည်။ “ကျန်းဝေမြို့က တကယ့်ကို လုံခြုံရေးကောင်းကောင်းနဲ့ စစ်ဆေးတတ်တယ်လို့ ကျုပ်ကြားတယ်။ ဒီမှတ်ပုံတင်တွေနဲ့ အထဲကို ခိုးဝင်လို့ ရနိုင်ပါ့မလား”

“ပြဿနာမရှိဘူး”

ယွမ်သခင်လေးသည် ဂုဏ်ယူစွာပြောလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် ကျန်းဝေမြို့ တည်ရှိရာနေရာဆီသို့ လှမ်းကြည့်ကာဖြင့် မျှော်လင့်တကြီး ပြောလိုက်မိသည်။ “ဒီမြို့က ကျုပ်အတွက် ကျိန်းသေပေါက် အောင်မြင်မှုတွေ ရနိုင်မယ့်နေရာပဲ။ ကျွင်းချောင်ရှောင်း... ကျွင်းချောင်ရှောင်း.... ခင်ဗျားကြောင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကနေပြီးတော့ ထွက်ခဲ့ရတယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို အနာဂတ်မှာ မြင့်မားတဲ့ နေရာ တစ်ခုခုကို ရောက်ရှိဖို့အတွက် ပို့ဆောင်ပေးလိုက်တာနဲ့ တူတူပဲလေ။ ခင်ဗျားကို ကျုပ်ကျေးဇူးတင် သင့်လား”

..............

ည၏ကောင်းကင်ယံအောက်မှာတော့ ကျန်းဝေမြို့၏ မြို့တစ်ဝက်လောက်သည် ပျက်စီးလျက်ရှိနေတော့၏။ လီချင်းယန်နှင့် တခြားသောသုံးယောက်တို့၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုအောက်တွင်တော့ မြို့၏တည်နေရာ တော်တော်များများသည် ထိခိုက် ပျက်စီးလျက် ရှိနေတော့၏။

ယွမ်သခင်လေးနှင့် အကြီးအကဲလင်းတို့ လာရောက်နေသည့် အမြန်နှုန်းအရဆိုလျှင် တိုက်ပွဲသာ ရပ်တန့်ခြင်းမရှိပါက ၎င်းတို့ ရောက်ရှိသည်နှင့် မြို့တစ်ခုလုံး ပျက်စီးနေသည့် အခြေအနေကို မြင်နိုင်သည့် အခြေအနေကိုပင် ရောက်ရှိနေလေသည်။

All Chapters