← Chapters

အခန်း (၁၀၄၆)

Vol. 71 Ch. 1046

အခန်း (၁၀၄၆)

Vol. 71 Ch. 1046

အရှေ့ပင်လယ်ဒေသ …။

ဤနေရာသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပင်မကုန်းမြေကြီးနှင့် ခွဲထွက်သွားခဲ့သည့် တည်နေရာလည်းဖြစ်၏။ သို့ပေမဲ့ ဤနေရာသည် တစ်ခြားသောပြည်နယ်များနှင့် ခြားနားမှုတော့မရှိပေ။

ပင်လယ်ကြီးကြားမှ ခံရထားသည့်နေရာတစ်ခုဖြစ်ပြီး ငန်ကျိကျိဖြင့် ပင်လယ်၏လေများတိုက်ခိုက်ခြင်းကို ခံရသည့် ခြားနားသည့်တည်နေရာလေးတစ်ခုသာ ဖြစ်တော့သည်။

ရှေးသင်္ဘောကြီးသည် မြန်မြန်ဆန်ဆန်နှင့် ပျံသန်းလာပြီးသည့်နောက် ကမ်းခြေတစ်ခုပေါ်တွင် ဆင်းသက်လိုက်၏။

ဝှစ်

ကျွင်းချောင်ရှောင်းသည် အသာခုန်ချပြီးသည့်နောက်မှာတော့ သဲသောင်ပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ ပြီးသည့် နောက်မှာတော့ အပျင်းကြောဆန့်ကာ ပြောလိုက်တော့သည်။

“ဒါက အရှေ့ဘက်ပင်လယ်လား။ ကြည့်ရတာ ငါတို့ဘက်က ပင်လယ်ကမ်းစပ်နဲ့လည်း ဘာမှ ခြားနားတာကို မရှိပါ လား။”

သူ့အနေနှင့် လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်များကိုမှ ထပ်မံကာ မတွေ့တော့ချေ။ ထို့ကြောင့် ဆဋ္ဌဂံကြယ် ကျောက်တုံးတော်တော်များများကို အသုံးပြုကာဖြင့် ဤနေရာဆီသို့ အမြန်ခရီးနှင်ကာ လာခဲ့ခြင်းပင်ဖြစ်၏။

ထို့ကြောင့် ကုန်ကျမှုကတော့ များပြားလှသည်။ သို့သော်ငြား နဂါးကိုးကောင်ကျွန်း ဓားပြများဆီမှ လုယက်ထား သောအရာများအကြောင်းကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ စိတ်သက်သာသည့် ခံစားချက်များ ရရှိလာခဲ့သည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည်လည်း သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ကြ၏။ ၎င်းတို့အားလုံး သည် ဤဒေသခံများမဟုတ်သောကြောင့် ဤနေရာ ပတ်ဝန်းကျင်နှင့် ရင်းနှီးမှုမရှိသလို ခံစားနေမိ၏။

“ကျွင်းဂိုဏ်းချုပ်”

လော်ကျစ်လုံသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်အရင်သွားပါတော့မယ်။”

ကျွန်းပေါ်သို့ ခြေချပြီးသည့်နောက်မှာတော့ နှစ်ပေါင်းများစွာ သူ့အား နှိပ်စက်လျက်ရှိနေသော စိတ်နောင်တဆိုးသည် တစ်ဖန်ပြန်လည်ကာ ရှင်သန်လာခဲ့တော့သည်။ ထို့ကြောင့် သူသည် သေဆုံးချင်စိတ်များ ပိုမိုကာ အားကောင်းလာခဲ့ ၏။ အစ်ကိုကြီး … ကျုပ်ဒီနေရာကို ရောက်လာပြီ။ ခင်ဗျားတို့ အထီးမကျန်တော့ဘူး။

“နေအုံး။ မသွားနဲ့အုံး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်အရှေ့ဘက်ပင်လယ်အကြောင်း ဘာမှသိတာမဟုတ်ဘူးလေ။ ကျုပ်ကို လမ်းပြဖို့ ခင်ဗျားကို လိုသေးတယ်။”

…

လော်ကျစ်လုံသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “အရှေ့ဘက်ပင်လယ်အကြောင်းကို ကျုပ်လည်း ကောင်းကောင်းမသိဘူးလေ။ ဘယ်လိုဖြစ်ပြီးတော့ ဂိုဏ်းချုပ်ကျွင်းကို လမ်းပြလို့ရမှာလဲ။”

“ဒါဆိုရင် ကျန်းဝေအင်ပါယာဆိုတာ ဘယ်နေရာမှာလဲ။ အဲလောက်တော့ သိတယ်မဟုတ်လား။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

သူသည် ဆရာဖန်းကို ကယ်တင်ရန်အတွက် အရှေ့ဘက်ပင်လယ်ဆီသို့ ရောက်လာခဲ့ခြင်းပင်ဖြစ်သည်။ ဤနေရာသို့ ရောက်ရှိလာသည်ဆိုမှတော့ သဲလွန်စများရရှိနိုင်သည့်နိုင်ငံဆီသို့ သွားမှ ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် ရှာဖွေနိုင်ခွင့် ပိုမိုကာ တိုးပွားလာမည်ဖြစ်၏။

“ကျန်းဝေအင်ပါယာက ….”

လော်ကျစ်လုံ၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ ပြောနေတုန်းမှာပဲ သူသည် ဘာမှန်းမသိသည့်အရာများ ပျံသန်းလာသည်ကို ရုတ်တရက်မြင်လိုက်ရ၏။

“ဟမ်”

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်လိုက်သည့်နောက်မှာတော့ မျက်လုံးများ ပြူးထွက်သွား၏။ သူ၏ မြင်ကွင်း ထဲတွင် အတောင်ပံများရှိနေသောမြင်းများသည် ကောင်းကင်ပေါ်တွင် ပျံသန်းလျက်ရှိနေသည်။

၎င်းတို့အားလုံးသည် ငွေဖြူရောင်ကဲ့သို့ တောက်ပလျက်ရှိနေပြီး နဖူးအစက်တွင် အနီရောင်အစက်လေးတစ်ခု ရှိနေသည်။ ခြေလက်များတစ်ခုလုံးသည် အဖြူရောင်တိမ်ထဲတွင် ဖုံးကွယ်ထားသလိုပင် ကြည့်ကောင်း၍ လှပလွန်းလှ၏။

“ကောင်းကင်ဘုံ”

ရှောင်ကျီသည် ထ၍ အော်လိုက်၏။ “မြင်းတွေဆီမှာလည်း အတောင်ပံရှိတာကိုး။ မြင်းတွေက ပျံနိုင်တယ်ဟုတ်လား။”

“ဟမ့်”

ရီရှင်းချန်သည် အထင်အမြင်သေးသလို နှာခေါင်းရှုံ့လိုက်၏။ လောကကြီးသည် အံ့အားသင့်စရာများနှင့်ပြည့်နှက်နေ သည့်အရာများသာ ဖြစ်သည်။ အဘယ်ကြောင့် ထိုမျှလောက်သောအရာကို မြင်၍ အံ့အားသင့်နေရသနည်း။

ကျွင်းချောင်ရှောင်းသည် အလွန်တရာ တောက်ပသောမျက်လုံးအစုံဖြင့် ကြည့်ကာ ပြောလိုက်တော့၏။ “မဆိုးဘူး။ အဲ့ကောင်တွေကို ဖမ်းရမယ်။ စီးတော်ယာဉ်အဖြစ် အသုံးပြုရမယ်။”

စနစ်က ပြောလိုက်၏။

“ဒါတွေကို မြင်းပျံလို့ ခေါ်တယ်လေ။ မြင်းအမျိုးအစားတစ်ခုပဲ။ အတောင်ပံတွေရှိပြီးတော့ ကောင်းကင်ပေါ်ကို ပျံသန်းနိုင်တယ်။ ရှေးတုန်းက ဒီသားရဲတွေက ကြယ်ကြွေကုန်းမြေတိုက်ကြီးတွေမှာတော့ သာမန်ပဲ။ ဒါပေမဲ့ သိုင်းအင်ပါယာတွေရဲ့ တိုက်ပွဲပြီးတဲ့နောက်မှာ ခွဲထွက်ပြီးတော့ ဒီဘက်အရှေ့ဘက်ပင်လယ်ဆီမှာပဲ မျိုးတွေကျန်ခဲ့တာ ဖြစ်မယ်။”

“မြင်းပျံဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ လှုပ်ရှားလိုက်တော့၏။ သူသည် ပျံသန်းနေသည့်မြင်းများ၏ ရှေ့၌ ပေါ်လာ၏။ ပြီးနောက် စပ်ဖြီးဖြီးနှင့်ပြောလိုက်၏။ “ဒီနေ့မင်းတို့အားလုံးက ငါ့အပိုင်ပဲ။”

ဆွစ်

မြင်းပျံများသည် ကြောင်အသွား၏။ ပြီးသည့်နောက်မှာတော့ တည်နေရာအနှံ့ဆီသို့ ထွက်ပြေးကြတော့၏။

ဟူး ဟူး

အလွန်အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ပတ်ဝန်းကျင်တည်နေရာအားလုံးကို ဖိနှိပ်ပြီးသည့်နောက် မှာတော့ ပိုက်ကွန်ကြီးတစ်ခုထဲသို့ ဖုံးအုပ်ကာ မြင်းများကို ဖမ်းချုပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် ထိုမြင်းများအားလုံးကို ရှေးသင်္ဘောကြီးထဲသို့ ထည့်ကာ တံခါးပိတ်ထားလိုက်သည်။

“ဒီနေ့ကစပြီး မင်းတို့က ငါ့ရဲ့စီးတော်ယာဉ်တွေဖြစ်သွားပြီ။ ကောင်လေးတို့ ….. ရော့ …. မင်းတို့ရဲ့ မြင်းခွာမှာ ငါရဲ့အမှတ် အသားကို ရိုက်ပေးလိုက်မယ်။”

ကျွင်းချောင်ရှောင်းသည် လက်သုံးချောင်းဖြင့် မြင်းများ၏ မြင်းခွာပေါ်တွင် အမှတ်အသားများ လိုက်လံပြုလုပ်လျက် ရှိ၏။

စနစ်သည် ဆွံ့အသွား၏။ “လက်ခံသူ ဘာကိစ္စ အားအားယားယားနဲ့ မြင်းခွာတွေပေါ်မှာ လျှောက်ပြီးအမှတ်အသားတွေ လုပ်နေတာလဲ။”

“အဘိုးကြီးလော်”

ကျွင်းချောင်ရှောင်းသည် စောနကကိစ္စကို ဆက်လက်ကာ မေးမြန်းလိုက်၏။ “ကျန်းဝေအင်ပါယာက ဘယ်နေရာမှာလဲ။”

လော်ကျစ်လုံက ပြောလိုက်သည်။ “အရှေ့ဘက်အဆုံးမှာရှိတယ်လို့ပဲ ကျုပ်ကြားဖူးတာလေ။”

ဖြောက်

ကျွင်းချောင်ရှောင်းသည် လက်ဖြောက်တီးလိုက်၏။ ပြီးနောက်ပြောလိုက်သည်။ “ဒါဆိုရင် သင်္ဘောပေါ်ကိုတက်။ အရှေ့ဘက်ကို ဦးတည်ကြရအောင်။”

အရှေ့ပင်လယ်တည်နေရာတစ်ခုလုံးသည် ပင်လယ်များ၏ ဝိုင်းရံခြင်းကို ခံထားရ၏။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် မြင်ကွင်းများသည် တစ်ခြားစီရင်စုများနှင့် ကွာခြားလျက်ရှိနေ၏။ သို့ပေမဲ့ ဤအရာများကိုကြည့်ရှုခံစားရန် ၎င်းတို့တွင် အချိန်မရှိချေ။

ဆရာဖန်းအသက်ရှင်သေးလား။ မရှင်တော့ဘူးလားဆိုသည်ကို သူရှာဖွေရပေလိမ့်မည်။ သူရရှိခဲ့သည့် သတင်းအချက် အလက်များအရဆိုလျှင် ဆရာဖန်းနှင့် တစ်ခြားသောပန်းပဲဆရာများအားလုံးသည် ကျန်းဝေအင်ပါယာ၏ ဖိတ်ခေါ်မှုကို ခံရပြီး ဆန်းကြယ်လှသော ကျောက်ရိုင်းတုံးများကို လေ့လာရန် လာရောက်ခဲ့သည်ဟု ဆိုသည်။

ဝှစ်

ဝှစ်

ရှေးသင်္ဘောကြီးသည် ကမ်းခြေဆီမှ ဖြည်းဖြည်းချင်းအပေါ်သို့ တက်လာသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။ “ကျွန်တော်တို့က အရှေ့ဘက်ပင်လယ်ဆီကို အခုမှရောက်တာလေ။ ဒီတော့ ဒီတည်နေရာကြီးနှင့် မရင်းနှီးသေးဘူး။ ဒီလိုမျိုး ခပ်တည်တည်နဲ့ လေပေါ်မှာ လျှောက်ပြီးတော့ ပျံသွားမယ်ဆိုရင် မသင့်လျော်ဘူးထင်တယ်။”

ကျွင်းချောင်ရှောင်းသည် သူ့တပည့်ပခုံးကို အသာပုတ်ကာပြောလိုက်၏။ “ငါရဲ့ဒုတိယတပည့်က တကယ့်ကို စဉ်းစားတွေးခေါ်တတ်တာပဲ။ ငါတို့က သိုသိုသိပ်သိပ်နေမှဖြစ်မယ်။”

ပြီးသည့်နောက်မှာတော့ သူသည် ရွက်သင်္ဘောကြီးအား ပြန်လည်ကာ သိမ်းဆည်းလိုက်တော့၏။ ထိုရွက်သင်္ဘော ကြီးထဲတွင် ရှိနေသော မြင်းပျံများအားလုံးသည်လည်း တည်နေရာသိုလှောင်ထားသည့်နေရာတစ်ခုအဖြစ်သို့ အထဲတွင် ကျုံ့ကာပါသွားခဲ့တော့၏။ ထူးဆန်းလှချေသည်။

ကျွင်းချောင်ရှောင်းက အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီလိုလည်း သက်ရှိသတ္တဝါတွေကို သိမ်းဆည်းထားလို့ရတာလား။ ဒါတော်တော်ကောင်းတဲ့အရာပဲ။”

…

ကျွင်းချောင်ရှောင်း ထွက်ခွာသွားပြီးတော့ ရက်အနည်းငယ်အကြာမှာတော့ ယွမ်သခင်လေးနှင့် အကြီးအကဲလေး တို့သည် ကမ်းခြေတည်နေရာဆီသို့ ရောက်ရှိလာခဲ့ကြ၏။

၎င်းတို့သည် ကျွင်းချောင်ရှောင်းကဲ့သို့ စိတ်သက်တောင့်သက်သာတော့မဖြစ်ချေ။ မည်သို့ပင် ဆိုစေကာမူ အဆုံးသတ်မှာတော့ သေမလိုကိစ္စရပ်များကို ရင်ဆိုင်ခဲ့ရပြီးသည့်နောက် ခရီးဆုံးဆီသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ အသစ်တဖန်ပြန်လည် မွေးဖွားလာသည့်လူကဲ့သို့ပင် ခံစားနေမိ၏။ အရင်အတွေးမျိုးနှင့်သာဆိုလျှင် ယွမ်သခင်လေးသည် အတိတ်မှ ဖြစ်ပျက်ခဲ့သမျှအားလုံးကို မေ့ပျောက်ပြီးသည့်နောက်မှာတော့ ဘဝအသစ်ကြီးကို စတင်ရန် စဉ်းစားနေမိပြီဖြစ်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းတစ်ယောက် ဤနေရာဆီသို့ စောစီးစွာ ရောက်ရှိနေသည်ဆိုသည့်အကြောင်းကို သတိရလိုက်မိသည့်အချိန်မှာတော့ ၎င်း၏ ရင်ထဲတွင် နာကျင်မှုကို ခံစားနေရသည်။

“ငါ့တစ်ဘဝလုံး ဒီလူရဲ့ အရိပ်အောက်မှာ နေထိုင်သွားရတော့မှာလား။ မဖြစ်သေးဘူး။”

သူ့အနေနှင့် ဤအခြေအနေတစ်ခုဆီမှ မိမိကိုယ်ကိုယ် ဆွဲထုတ်မှ ဖြစ်ပေလိမ့်မည်။ အရာအားလုံးကို အစမှ ပြန်လည်၍ စတင်ရပေလိမ့်မည်။

ယွမ်သခင်လေးသည် အရှေ့ဘက်ပင်လယ်တွင် နာမည်တစ်လုံးနှင့် ရပ်တည်နိုင်သည့်လူတစ်ယောက်ဖြစ်အောင် ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့၏။

ဤတည်နေရာဆီသို့ ရောက်ရှိပြီး ပထမဦးဆုံးမြို့ဆီသို့ ဝင်ရသည့်အချိန်မှာတော့ သူသည် ပိုမိုကာ ပျော်ရွှင်သွားမိ၏။ အဘယ့်ကြောင့်ဆိုသော် ဤအရှေ့ပင်လယ်ဒေသကြီးသည် ဘုရင်အင်ပါယာများ၏ နယ်ချဲ့ခြင်းကြောင့် အစဉ်အမြဲ စစ်ပွဲများ ဖြစ်ပွားနေသည့်နေရာဖြစ်ကြောင်း အကြမ်းမျဉ်းနားလည်လိုက်မိတော့၏။ ဤအရာမှာ အခွင့်အရေးပင် ဖြစ်၏။

သူ့ကိုယ်သူ နာမည်တစ်လုံးနှင့် နေထိုင်နိုင်သည့် လူတစ်ယောက်ဖြစ်အောင့်ပြုလုပ်နိုင်သည့် အခွင့်အရေး ပင်ဖြစ်တော့သည်။ သူသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအား ကောင်းမွန်စွာဖြင့် စီမံထားနိုင်သည့်လူတစ်ယောက်လည်းဖြစ်၏။ ထို့ကြောင့် အင်ပါယာ တစ်ယောက်ယောက်ဆီ အညံ့ခံပြီး အကောင်းဆုံးကြိုးစားနိုင်မည်ဆိုလျှင် အာဏာရှိသော လူတစ်ယောက်အဖြစ်သို့ ပြန်လည်ကာ ရောက်ရှိလာမှာ သေချာတော့သည်။

“ငါဆုံးဖြတ်လိုက်ပြီ။”

စားသောက်ဆိုင်တစ်ခု၏ အခန်းထဲမှာတော့ သူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်တော့၏။ “ငါ အတိတ်ကဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို မေ့ပြီးတော့ စစ်တပ်တစ်ခုကို ဝင်ရမယ်။”

အကြီးအကဲလင်း က ပြောလိုက်တော့သည်။ “သခင်လေး ဒီအရှေ့ပင်လယ်ထဲမှာ အင်ပါယာတွေ အများကြီးရှိတယ်လေ။ ဒီတော့ အရေးကြီးတဲ့ ရာထူးတည်နေရာ တစ်ခုခုကို ယုံယုံကြည်ကြည်နဲ့ ရရှိဖို့အတွက် ဘယ်သူ့ကို သွားပြီး အညံ့ခံမှာလဲ။”

ယွမ်သခင်လေးသည် အရှေ့ဘက်ပင်လယ်တည်နေရာ၏ မြေပုံကို ထုတ်ယူကာဖြင့် စားပွဲပေါ်တင်လိုက်သည်။ ပြီးနောက် ပြောလိုက်တော့သည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အရှေ့ပင်လယ်ဆီမှာ အင်ပါယာ ၁၀ ယောက်ရှိခဲ့တယ်။ ဒီနေ့ဒီအခါမှာတော့ ၆ ယောက်က ဖျက်ဆီးခံလိုက်ရပြီးတော့ ၄ ယောက်ဘဲ ကျန်တော့တယ်။ လီယွမ်၊ ရှင်းချန်၊ ဟူရွဲ့နှင့် ကျန်းဝေ အဲလေးယောက်ပဲ။ ကျန်းဝေအင်ပါယာက အရှေ့ဘက်ဆုံးမှာရှိပြီးတော့ အရမ်းကို ကြီးမားတယ်။ တည်နေရာကြီးက အရမ်းရှုပ်ထွေးတယ်။ ဒီတော့ တစ်ခြားအင်ပါယာတွေက လာပြီးအနိုင်ယူတိုက်ခိုက်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။”

သူသည် ကျန်းဝေတည်နေရာကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဒီအင်ပါယာဆီမှာပဲ အညံ့ခံရအောင်။”

“သခင်လေး တကယ့်ကို ဉာဏ်အမျှော်အမြင်ကြီးပါပေတယ်။” အကြီးအကဲလင်း က ပြောလိုက်တော့သည်။

နောက်တစ်ရက်မှာတော့ ၎င်းတို့နှစ်ယောက်သည် အဝတ်အစားများကို ထုတ်ပိုး ပြီးသည့်နောက်မှာ ကျန်းဝေအင်ပါယာ ရှိရာဆီသို့ ခပ်တည်တည်နှင့် ကြွမြန်းကြတော့၏။

ယွမ်သခင်လေးသည် အလွန်စိတ်ကောင်းဝင်လျက်ရှိသည်။ လွန်ခဲ့သည့်ညကဆိုလျှင် သူသည် အလွန်တရာလှပသော အနာဂတ်အတွက် စိတ်ကူးယဉ်လျက်ပင် ရှိမိနေ၏။ သူမသိသေးသည်မှာ သူတို့သွားရာလမ်းတစ်လျှောက်တွင် ဂိုဏ်းချုပ်ကျွင်းသည် သူ၏ တပည့်နှင့်အတူ ရှေ့မှသွားလျက်ရှိသည် ဆိုကြောင်းကိုပင်။

…………..

သို့ပေမဲ့ ကျွင်းချောင်ရှောင်းတို့အားလုံးသည် စစ်သားတစ်ဒါဇင်ကျော်တို့၏ ဝိုင်းရံခြင်းကို ခံထားရပြီး လက်များကိုလည်း မြှောက်ထား ရသည်။

“ဆရာ”

ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်မိသည်။ “ကျုပ်တို့က ဖြတ်သွားဖြတ်လာလူတွေပါပဲ။ ဘာလို့မယုံတာလဲ။”

“ဖြတ်သွားဖြတ်လာတွေ ဟုတ်လား။”

ချပ်ဝတ်နှင့်စစ်သားတစ်ယောက်သည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “ကျုပ်အထင်ကတော့ မင်းတို့က ဟူရွဲ့အင်ပါယာဆီကနေ လွှတ်လိုက်တဲ့ သူလျှိုတွေပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။ ကိုယ့်လူတို့ သူ့ကို သေသေချာချာရှာစမ်း။”

ဘုန်း

ပြော၍ ပြီးပြီးချင်းမှာပဲ ရီရှင်းချန်သည် ထိုသူ၏ ရှေ့တွင် ပေါ်လာပြီးသည့်နောက် ရင်အုံကို လက်သီးဖြင့် ထိုးလိုက်၏။ ပြီးနောက် အေးစက်စက်ပြောလိုက်၏။ “သေချင်နေတာပဲ။”

ဘန်း

ထိုစစ်သားသည် အဝေးဆီသို့ လွင့်စင်သွားခဲ့သည်။ ချပ်ဝတ်သည် နည်းနည်းလေးမှ ထိခိုက်မှုမရှိခဲ့ချေ။ သို့ပေမဲ့ သူ၏ အတွင်းဘက် ကလီစာများမှာတော့ ပျက်စီးပြီး သေဆုံးသွားခဲ့တော့သည်။

ညအင်ပါယာ ..။

ထိုသူသည် အလွန်ကြမ်းတမ်းလွန်းလှ၏။

“စစ်သူကြီး”

စစ်သားများသည် ထိတ်လန့်တုန်လှုပ်သွား၏။ ၎င်းတို့သည် ဓားများကို ဆွဲထုတ်ရန် ပြင်ဆင်လိုက်သည့်အချိန်မှာပဲ ၎င်းတို့၏လည်ပင်းပေါ်တွင် အေးစက်သည့်အရာတစ်ခု ရောက်ရှိလာကြောင်းကို ခံစားလိုက်မိ၏။ ထိုအရာမှာ ရှည်လျား လှသည့် ဓားများပင် ဖြစ်တော့သည်။

ရှောင်ကျီသည် အနောက်ဘက်တွင် မတ်တပ်ရပ်ကာဖြင့် ပြောလိုက်မိ၏။ “မလှုပ်နဲ့။”

ဘုတ် ဘုတ် ဘုတ် ဘုတ်

မကြာခင်မှာပဲ စစ်သားတစ်ဒါဇင်ကျော်တို့သည် တောနက်ထဲတွင် မေ့လဲလျက်ရှိနေတော့၏။ ၎င်းတို့၏ အတွင်းခံသည်ပင် ချွတ်ယူခြင်းကို ခံထားရသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် ပုံလျက်ရှိနေသော ချပ်ဝတ်များကို ကိုင်ကာဖြင့် ပြောလိုက်၏။ “ကျန်းဝေ အင်ပါယာက တကယ့်ကို တော်တာပဲ။ သူက ဆယ်စုနှစ်ကျော်အတွင်းမှာပဲ အင်ပါယာ ၃ ခုကို သိမ်းပိုက် နိုင်ခဲ့တာကိုး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆရာဖန်းက အရှေ့ပင်လယ်ထဲမှာ အချုပ်ခံထားရတယ်ဆိုတာ သူနဲ့ တစ်စုံတစ်ခုတိုက်ဆိုင်မယ်လို့ ထင်တယ်။”

ကျန်းဝေအင်ပါယာဆီသို့ လာရာလမ်းမှာတော့ သူတို့သည် များပြားလှသည့်မြို့များကို တစ်ခုပြီးတစ်ခု ဖြတ်ကျော် လာခဲ့ရ၏။ ထိုအချိန်မှာတော့ ဒေသတွင်း ဓလေ့ထုံးတမ်းစဉ်လာများကို သင်ကြားလေ့လာခဲ့သည်သာမက တော်တော်များများကို နားလည်လာမိကြ၏။

အထူးသဖြင့် ကျန်းဝေအင်ပါယာပင်ဖြစ်သည်။ ထိုသူသည် ကြောက်မက်ဖွယ်ရာကောင်းသည့် လူတစ်ယောက်ဖြစ်မှာ သေချာသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် ချပ်ဝတ်တစ်ခုကို ကမ်းပေးကာ ပြောလိုက်၏။ “ဒီချပ်ဝတ်က သာမန်စစ်သားတွေ ဝတ်ထားတာ။ ဒါကိုဝတ်ထားရင် လူတွေက တကယ့်ကို အထင်ကြီး ကြတာပဲ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆိုလိုတာ ကျန်းဝေအင်ပါယာက အရမ်းကို အားကောင်းပြီးတော့ ချမ်းသာလိမ့်မယ်လေ။ ပြီးတော့ ဒီလိုမျိုး အစွမ်းအစမရှိရင် ကျန်တဲ့ အင်ပါယာသုံးခုကို အနိုင်သိမ်းပြီးတော့ အရှေ့ပင်လယ်ကြီးတစ်ခုလုံးကို တစ်စုတစည်းတည်းဖြစ်အောင် လုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။”

“ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။”

“ဒါဆိုရင် ကျန်းဝေမြို့ကို သွားပြီး အဲဒီကျန်းဝေအင်ပါယာနဲ့ တွေ့ကြတာပေါ့။”

All Chapters