← Chapters

အခန်း (၁၀၄၇)

Vol. 71 Ch. 1047

အခန်း (၁၀၄၇)

Vol. 71 Ch. 1047

အရှေ့ဘက်ပင်လယ် တည်နေရာကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက မူလကုန်းမြေတိုက်ကြီးနှင့် ခွဲထွက်သွားပြီးသည့်နောက်မှာတော့ နိုင်ငံနှင့်မြို့အရွယ်အစား အမြောက်အများကို ဖြစ်တည် မွေးဖွားစေခဲ့သည်။

ပြီးသည့်နောက်မှာတော့ ထိုအရာများအားလုံးကို အင်ပါယာ ၁၀ ယောက်တို့သည် ခွဲဝေ အုပ်ချုပ်ကြတော့သည်။ လွန်ခဲ့သည် ဆယ်စုနှစ်ကျော်ကျော် အင်ပါယာကျန်းဝေပေါ်လာပြီးသည့်အချိန်မှာတော့ ၎င်းသည် သမိုင်းတွင် အကြီး အကျယ်ဆုံးသော စစ်ပွဲကြီးကို ဖန်တီးပြီးသည့်နောက်မှာတော့ အတိတ်တုန်းက အောင်မြင်ခဲ့သည့် အင်ပါယာ ၆ ယောက်တို့အား ဖမ်းဆီးသိမ်းပိုက်နိုင်ခဲ့၏။

လက်ရှိအခြေအနေမှာတော့ အင်ပါယာသည်လေးယောက်သာ ရှိတော့သည်။ အားအကောင်းဆုံးနှင့် အကြီးဆုံး အင်ပါယာကို ပိုင်ဆိုင်သည်မှာ အင်ပါယာကျန်းဝေပဲ ဖြစ်သည်။

တစ်ခြားသောအင်ပါယာ ၃ ခုမှာတော့ တစ်ခြားသူများ၏ ခြေလှမ်းအတိုင်း သိမ်းပိုက်ခံရမည်ကို စိုးရွံ့လျက် ရှိသည်။ ထို့ကြောင့် ထိုအင်ပါယာ ၃ ခုသည် မဟာမိတ်များဖြင့် ဖွဲ့စည်းပြီးသည့်နောက်မှာတော့ ကျန်းဝေအင်ပါယာကို ခုခံရန် ပြင်ဆင်ထားကြ၏။

လက်ရှိအခြေအနေမှာတော့ အင်ပါယာ ၃ ခုနှင့် ၁ ခု ရန်စောင်နေကြခြင်းပင်ဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခြင်းကို မပြုလုပ်ကြဘူးဆိုသော်လည်း တည်နေရာကြီးတစ်ခုလုံးသည် ငြိမ်းချမ်းနေသည့်အရာကြီးတော့ မဟုတ်တော့ချေ။

ကျွင်းချောင်ရှောင်းမှာတော့ တည်နေရာလုရန် တိုက်ခိုက်သည့်အရာမျိုးကို စိတ်မဝင်စားလှချေ။ သို့ပေမဲ့ အကြီးအကဲဖန်းသည် အင်ပါယာကျန်းဝေ၏ ဖိတ်ခေါ်မှုကို ခံရပြီးသည့်နောက်မှာတော့ ပြန်မလာခဲ့ပေ။ ထို့ကြောင့် သူသည် ထိုအရာကို သွား၍ စုံစမ်းမှဖြစ်ပေလိမ့်မည်။

ကျန်းဝေမြို့ဆီသို့ လာရာခရီးလမ်းသည် တော်တော်ပင် အချိန်ကုန်လှ၏။ ကုန်းရှန့်သည် အလျင်မလိုချေ။ ထို့ကြောင့် တပည့်များကို ခေါ်ယူ၍ မြို့များအသီးသီးဆီသို့ ဝင်ရောက်ကာ တည်နေရာကြီးနှင့် ကျန်းဝေအင်ပါယာအကြောင်းကို မေးမြန်းစုံစမ်းလျက်ရှိနေကြ၏။

သိုင်းကျင့်ကြံသူများနှင့်သာမန်လူများသည် အင်ပါယာကျန်းဝေဆိုသည့်နာမည်ကို ကြားရသည့်အချိန်မှာတော့ တစ်ချို့သည် ထိတ်လန့်ကြောက်ရွံ့ကြပြီး တစ်ချို့မှာတော့ ဒေါသထွက်ကာ တစ်ချို့မှာတော့ အလွန်တရာ ချီးကျူး ဂုဏ်ပြုမှုများနှင့် ပြောဆိုလျက်ရှိနေကြသည်။

ကျွင်းချောင်ရှောင်းသည် တဖြည်းဖြည်းနှင့် နားလည်လိုက်မိ၏။ ကျန်းဝေအင်ပါယာကြီးသည် အလွန်တရာအားနည်း နေသည့် အခြေအနေ၌ တစ်ခြားသောအင်ပါယာများ၏ တစ်နှစ်ပတ်လုံး နှိပ်စက်အနိုင်ကျင့်ဗိုလ်ကျခြင်းကို ခံခဲ့ရ၏။ အင်ပါယာကျန်းဝေတစ်ယောက် နန်းပလ္လင်ပေါ်ကို တက်ပြီးသည့်နောက်မှာတော့ အင်ပါယာကြီးတစ်ခုလုံးကို ပြန်လည်ကာ ပြင်ဆင်တော့၏။ အင်ပါယာကြီး၏ အလုံးစုံသောအားအင်သည် တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာပြီး နောက်ဆုံးမှာတော့ အရှေ့ဘက်တည်နေရာကြီးတွင် အားအကောင်းဆုံးသော အင်ပါယာကြီးတစ်ခုအဖြစ် ဖန်တီး တည်ထောင်နိုင်ခဲ့ပြီဖြစ်၏။

“သူက တော်တော့်ကို လုပ်ရည်ကိုင်ရည်ရှိတာပဲ။”

ကျွင်းချောင်ရှောင်းသည် ချီးကျူးလိုက်မိ၏။

အင်ပါယာဆယ်ယောက်ထဲ၌ အားအနည်းဆုံးတစ်ယောက်မှသည် တကယ့်ကို အားအကောင်းဆုံးသော လူတစ်ယောက်သို့ ဖြစ်အောင် ဖန်တီးပြုလုပ်နိုင်ခြင်းဆိုသည်မှာ ထိုသူ၏ အားအင်အဆင့်သည် သာမန်ထက်ပိုမှ ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

စားသောက်ခန်းထဲတွင် စားသောက်လျက်ရှိနေသော လီချင်းယန်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်တွင် တရဟို သွားလာလျက်ရှိနေသော စစ်သားများကို လှမ်းကြည့်ပြီးသည့်နောက်မှာပြောလိုက်၏။ “ဒီလိုမြို့ငယ်ငယ်လေးတောင်မှာမှ စစ်သားတွေအများကြီးနဲ့ စောင့်ကြပ်နေတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ကျန်းဝေမြို့ထဲကို ခိုးပြီးဝင်ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူး။”

“အင်း နည်းနည်းတော့စဉ်းစားရမှာပေါ့။”

ကျွင်းချောင်ရှောင်းသည် ပြောပြီးသည့်နောက်မှာတော့ စားပွဲပေါ်တွင် ငွေကြေးအနည်းငယ်ကို တင်ကာဖြင့် အပြင်ဘက်သို့ ထွက်ကာ လျှောက်ကြည့်တော့သည်။ မြို့သည် ကြီးမားလှသည်မဟုတ်ချေ။ သို့ပေမဲ့ လူအရေအတွက် သည် တစ်သိန်းနီးပါးခန့်ရှိ၏။ စစ်သားများသည် ရှေ့နောက် တရဟို သွားလာ၍ စစ်ဆေးနေကြ၏။ ၎င်းတို့ ဝတ်ဆင်ထားသော ဝတ်စုံများကို ကြည့်ရှုရသည်မှာ အလွန်အဆင့်အတန်းမြင့်မားလှပုံပေါ်၏။

လမ်းပေါ်မှာဆော့ကစားနေသည့် ကလေးများသည် ထိုစစ်သားများလမ်းလျှောက်လာသည်ကို မြင်သည်နှင့် မျက်လုံးထဲ တွင် အားကိုးလေးစားသည့်အကြည့်များဖြင့် ကြည့်လျက်ရှိနေသည်။ ထိုသူတို့အားလုံးတို့သည် စစ်တပ်ထဲသို့ ဝင်ရန် စိတ်ပါဝင်စားလျက်ရှိနေကြသည်။

ကျွင်းချောင်ရှောင်းသည် ခပ်ဝေးဝေးမှ လှမ်းကြည့်ပြီးသည့်နောက် မြို့၏ အခြေအနေတစ်ခုလုံးကို သုံးသပ်လျက် ရှိနေ၏။

ကျန်းဝေအင်ပါယာသည် အလွန်ချမ်းသာလွန်းလှပြီး ဤနေရာတွင် နေထိုင်ကြသော သိုင်းကျင့်ကြံသူများနှင့် ကလေး သူငယ်များသည်ပင်လျှင် ၎င်းအား ချီးကျူးကြ၏။

“အင်ပါယာကျန်းဝေ ဒီလူက ဘယ်လိုလူမျိုးများဖြစ်မလဲ။”

ကျွင်းချောင်ရှောင်းသည် ကျန်းဝေအင်ပါယာကို အမှန်ပင်စိတ်ဝင်စားနေမိ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတည်နေရာတစ်ခုချင်းစီကို စီမံခန့်ခွဲနေရသည့်လူများဖြစ်သည်။ တစ်ယောက်သည် ဂိုဏ်းကို စီမံခန့်ခွဲနေရပြီး တစ်ယောက်ကတော့ နိုင်ငံကို စီမံအုပ်ချုပ်နေရသူဖြစ်သည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ကျန်းဝေအင်ပါယာဆိုသည်မှာ ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီး စနစ် တစ်မျိုးမျိုးကို ရရှိနေသည်လူတစ်ယောက်ဖြစ်နေသည်လားတောင် စတင်ကာ စဉ်းစားနေမိ၏။

“မဖြစ်နိုင်တာ။”

စနစ်က ငြင်းပယ်လိုက်သည်။ “လက်ခံသူလိုမျိုး သနားစရာ အရှုံးသမားတစ်ယောက်တောင်မှ တတိယအဆင့် ဂိုဏ်းတစ်ခု အဖြစ်ရောက်အောင် ပြုလုပ်နိုင်တယ်ဆိုရင် ဒီလိုကျန်းဝေအင်ပါယာကို စနစ်တစ်ခုပေးလိုက်ရင် ရှိရှိသမျှ တည်နေရာတစ်ခုလုံးကို ပိုင်စိုးတဲ့ အုပ်ချုပ်သူတစ်ယောက်တောင် ဖြစ်နေလောက်ပြီလေ။”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “အင်း ဒါတော့ဟုတ်တာပဲ။ နေအုံး။ ချီးတဲ့မှ။”

သူသည် ထ၍ ဆဲလိုက်မိသည်။ “မင်း ငါ့ကို နှိပ်ကွပ်နေတာလား။”

စနစ်က ပြောလိုက်၏ “လက်ခံသူကို ဥပမာပြုပြီး ပြောတာပါ။ နှိပ်ကွပ်တယ်လို့ ထင်ရင်လည်း မတတ်နိုင်ဘူး။”

“ချီးတဲ့မှ”

သူ၏ ဘေးနားတွင် လျှောက်လျက်ရှိနေသော လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် ဂိုဏ်းချုပ် တစ်ယောက် လမ်းတွင်ရပ်ပြီး မိမိကိုယ်ကို လက်နှစ်ဖက်ဖြင့် လည်ပင်းညှစ်နေသည်ကိုမြင်တော့ အံ့အားသင့်လျက် ရှိနေသည်။

“ဒါက”

လော်ကျစ်လုံသည် ဆွံ့အလျက်ရှိနေ၏။

မိမိကိုယ်ကို လည်ပင်းညှစ်၍သတ်ခြင်း….။ ဤအရာမှာ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။

လီချင်းယန်၊ ရှောင်ကျီတို့မှာတော့ ဂိုဏ်းချုပ်တစ်ယောက် တစ်ယောက်တည်း ရယ်ခြင်း၊ ဒေါသထွက်ခြင်း၊ နာကျင်အောင်လုပ်ခြင်း စသော အရာများကို မြင်ဖူးသောကြောင့် အသားကျ နေကြပြီဖြစ်၏။

ရီရှင်းချန်မှာတော့ အနည်းငယ် မျက်မှောင်ကုတ်လိုက်မိသည်။ “ကိုယ့်ကိုယ်ကိုယ်လည်း လည်ပင်းညှစ်တာပဲ။ ဒါက အဆင့်မြင့်နည်းစနစ်တစ်ခုများလားမသိဘူး။”

ဟယ်ဝူတီသည်လည်း ထိုသို့ပင် တွေးလိုက်မိ၏။

ဂိုဏ်းချုပ်သည် သိုင်းပညာများကို ပိုမိုအဆင့်တိုးတက်လာစေရန်အတွက် မိမိကိုယ်ကိုယ် တိုက်ခိုက်ပြီး သိုင်းနည်းစနစ် များပိုမိုအားကောင်းအောင် ဖန်တီးနေခြင်းသာ ဖြစ်ပေလိမ့်မည်ဟု တွေးထင်နေမိသည်။

ကုန်းရှန့်က ပြောလိုက်၏။ “ငါ မင်းကို လည်ပင်းညှစ်သတ်ပစ်မယ်။”

စနစ်က ပြောလိုက်သည်။ “လာစမ်း။ အတူတူသေကြတာပေါ့။”

ဟူး ဟူး ဟူး

ခနလောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကိုလွှတ်ကာဖြင့် မောကြီးပန်းကြီးနှင့် ဘေးနားမှာရှိသော ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်လိုက်၏။

“ချင်းယန် …… ကျန်းဝေမြို့ကိုသွားဖို့ ငါတို့ ဘယ်လောက်လောက်ကြာအုံးမှာလဲ။”

“ကျွန်တော်တို့ရဲ့ လမ်းလျှောက်နှုန်းအရဆိုရင် ၅ ရက်လောက်ကြာလိမ့်မယ်နဲ့တူတယ်။” လီချင်းယန်က ပြောလိုက်သည်။

“ဒါဆိုရင် အနီးအနားမှာ မြို့ကြီးကြီးတစ်ခုခု ရှိလား။”

“ရှိတယ်။ မိုင် ၃၀၀ အဝေးမှာလေ။ အဲဒါကို တိုင်ဝေမြို့လို့ခေါ်တယ်။ ကျန်းဝေအင်ပါယာထဲက မြို့ကြီးတစ်ခု မဟုတ်ဘူး ဆိုပေမဲ့ တကယ့်ကို ဗျူဟာ ကျတဲ့နေရာတစ်ခုပဲ။”

“ဒါဆိုလည်းသွားကြည့်ရအောင်။”

သေးငယ်လှသော မြို့များတွင်ပင် အစောင့်အကြပ်များ များများပြားပြားချပြထားသည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် အလွန်စိတ်ဝင်စားလျက်ရှိ၏။ မြို့ကြီးများတွင် မည်ကဲ့သို့သော စီမံအုပ်ချုပ်မှုများကို ပြုလုပ် ထားနေမည်နည်း။

…

တိုင်ဝေမြို့

ကျန်းဝေအင်ပါယာတွင် ကျန်းဝေမြို့မှလွဲလျှင် အလွန်အားကောင်းလှသော မြို့များထဲမှတစ်ခုဖြစ်သော မြို့တစ်ခုဖြစ် ၏။ အထဲတွင်တော့ စစ်သည်ပေါင်း တစ်သိန်းကျော်တို့သည် ရှေ့နောက်တရဟို သွားလာ၍ စစ်ဆေးလျက်ရှိနေ၏။ မြို့၏ အကာအကွယ်သည် အဝေးမှ တစ်ချက်လှမ်းကြည့်လိုက်သည်နှင့် အလွန်တရာအားကောင်းလှကြောင်း သိသာ ထင်ရှားလှသည်။

ကျွင်းချောင်ရှောင်းသည် တပည့်လေးယောက်အား မြို့တံခါးဆီသို့ ခေါ်ဆောင်လာပြီးသည့်နောက်မှာတော့ ၎င်းတို့ ခိုးယူထားခဲ့သော မှတ်ပုံတင်ကတ်ပြားများကို ယူကာ ကမ်းပေးလိုက်၏။

တောနက်ထဲမှာတော့ မတူညီသည့်အသက်အရွယ်အမျိုးမျိုးနှင့် သိုင်းကျင့်ကြံသူ ငါးယောက်တို့သည် မြက်ခင်းပေါ်တွင် သတိလစ်ပြီး မေ့မျောလျက်ရှိနေ၏။ ၎င်းတို့၏ အဝတ်အစားများအားလုံးသည် ချွတ်ယူခြင်းကို ခံထားရသည်။

“ဂိုဏ်းချုပ်”

စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် မျက်နှာဖုံးကို အသာထိတွေ့ကာဖြင့် ပြောလိုက်မိ၏။ “ဒါက တကယ့်ကို မသိသာဘူးပဲ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက မယုံရဘူးဆိုရင် ရှောင်မိုတစ်ယောက် ထိုင်ရွှမ်အအေးဂိုဏ်းထဲမှာ ဒီလောက်ကြာအောင် ဘယ်နေလို့ရမှာလဲ။”

“ဒါကတော့ဟုတ်တာပဲ။”

အားလုံးသည် စားသောက်ခန်းထဲတွင် ခနအကြာ အနားယူပြီးသည့်နောက်မှာတော့ တိုင်ဝေမြို့ထဲသို့ လှည့်လည်ကာ သွားလာတော့၏။ ရလဒ်အားဖြင့် ၎င်းတို့သည် ဈေးများ၊ လဘက်ရည်ဆိုင်များနှင့် တစ်ခြားသောတည်နေရာများကို စိတ်ရှိတိုင်း သွားလာနိုင်ခဲ့သည်ဆိုသော်လည်း နေရာတော်တော်များများသည် သွားလာရန် တားဆီးခြင်းကို ခံထား ရ၏။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများနှင့် ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ တည်နေရာ တစ်ချို့သည် သီးခြားဖြစ်တည်နေသည့် အစီအရင်များဖြင့် ကာဆီးထားပြီး အထဲသို့ ဖောက်ထွင်းကြည့်ရှု၍ မရနိုင် အောင်ပြုလုပ်ထားသည်ကို သိရှိလိုက်ရသည်။

“ဒါကတော်တော့်ကို ဆန်းကြယ်တာပဲ။”

သူ့အနေနှင့် ဤသီးခြားဖြစ်တည်ခြင်းအစီအရင်များကို ဖောက်ထွင်းကာ လွယ်လွယ်ကူကူ ကြည့်ရှုနိုင်စွမ်းရှိ၏။ သို့ပေမဲ့ မပြုလုပ်ခဲ့ပေ။ အနည်းငယ်စဉ်းစားကြည့်မည်ဆိုလျှင် ဤနေရာကို ဖုံးကွယ်ထားသည်ဆိုမှတော့ မသိစေချင်သည့် အရာများဖြစ်မှန်း သိသာလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် မြို့ထဲတွင် လှည့်လည်ကာ လျှောက်သွားပြီးသည့်နောက်မှာတော့ မြို့အလယ်တည်နေရာရှိ စတုရန်းပုံစံရှိသော ရင်ပြင်ကြီးတစ်ခုဆီသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ကြီးမားလှသော ကျောက်ရုပ်ကြီးတစ်ခု သည် တည့်တည့်ထောင်ထား၏။

ကြည့်ရသည်မှာ အသက် ၃၀ သို့မဟုတ် ၄၀ နီးပါးခန့်ရှိသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ ထိုလူသည် ချပ်ဝတ်ကြီးကို ဝတ်ဆင်ထားပြီး ဓားကို ကောင်းကင်ယံဆီသို့ မြှောက်ကိုင်ထားသည်။

“ဒါက ကျန်းဝေအင်ပါယာပဲ။”

ထိုရုပ်တုကြီးအောက်မှာတော့ များပြားလှသော မြို့သူမြို့သားများအားလုံးသည် မြေပေါ်တွင် ဒူးထောက်ကာဖြင့် ဆုတောင်းမှုကို ပြုလုပ်လျက်ရှိနေ၏။ ထိုအထဲတွင် စိတ်လှုပ်ရှားမှုနှင့်ပြည့်နှက်လျက်ရှိသော ကလေးငယ်များပင် ပါဝင်နေသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အဝေးမှသွား၍ စုံစမ်းထောက်လှမ်းခြင်းမှ ပြန်လာပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “ဒီနေ့က ကျန်းဝေအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံတဲ့နေ့တဲ့။”

“အမွေအနှစ်ဟုတ်လား။”

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ဘာကိုဆိုလိုတာလဲ။”

လီချင်းယန်က ပြောလိုက်သည်။ “ကျွန်တော်လည်း သေချာမသိဘူး။ လမ်းပေါ်မှာရှိတဲ့ လူတွေပြောနေတာကို ကြားခဲ့တာ။”

ဒူ ဒူ ဒူ …….။

ကျောက်ရုပ်ထုကြီး၏ မြောက်ဘက်ဟောခန်းတစ်ခုတည်းမှာတော့ ထူးဆန်းလှသည့် အသံကြီးတစ်ခုဖြစ်ပေါ်လာခဲ့ သည်။

ချက်ချင်းပဲ ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားသည့် မှော်ဆရာနှင့်ဆင်တူသော အဘိုးအို တစ်ယောက်သည် လမ်းလျှောက်ထွက်လာသည်။ သူသည် သစ်သားကဲ့သို့သော အရာကို မြှောက်ကိုင်ကာ ပြောလိုက်၏။ “အခမ်းအနားက စပြီ။ မဆူကြနဲ့တော့။”

ဆွစ် ဆွစ် ….။

မြို့ထဲတွင် နေထိုင်ကြသောလူများအားလုံးသည် ၎င်းတို့၏ ညာဘက်လက်ဝါးအား ရင်ဘတ်ပေါ်တွင် တင်ကာဖြင့် ခေါင်းကိုငုံ့ကာ အလေးပြုလိုက်ကြတော့၏။

ကျွင်းချောင်ရှောင်းနှင့်လီချင်းယန်တို့သည်လည်း အနည်းငယ်ဇဝေဇဝါဖြစ်မိနေ၏။ သို့ပေမဲ့ ၎င်းတို့သည် လူအုပ်ထဲတွင် ရောက်နေပြီဖြစ်သောကြောင့် အလျင်အမြန်ပဲ တစ်ခြားသူများ၏ ပုံစံအတိုင်း လိုက်လံကာ ပြုမူတော့သည်။

ကွိကျိ ကွကျ ကွိကျိ ကွကျ ….။

ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုသည် ထူးဆန်းသည့်ဘာသာစကားဖြင့် ရွတ်ဖတ်ခြင်းကို ပြုလုပ်တော့ ၏။

ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ ဒါဘာတွေလုပ်နေတာလဲ။ ကြောင်တောင်တောင်အရာမျိုးကို ငါသာဆိုရင် လုပ်မှာမဟုတ်ဘူး။

ဒူ ဒူ ဒူ ဒူ …

ခနလောက်ကြာပြီးသည့်နောက်မှာတော့ အဘိုးအိုသည် ဟောခန်း၏ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်၏။ သူ၏ လက်ဖဝါးများကို မြေပေါ်သို့ တင်ပြီးသည့်နောက်မှာတော့ ခေါင်းသည် ကျောက်ရုပ်တုကြီးဘက်သို့လှည့်ပြီး ဖင်ကို မြှောက်ကာဖြင့် ကန်တော့လျက်ရှိနေတော့၏။

“အင်ပါယာရဲ့အမွေအနှစ်က နှစ်ပေါင်းတစ်သောင်းကျော် ကြာမြင့်ခဲ့တယ်။”

ဝှစ် ဝှစ်

ပြောပြီးပြီးချင်းမှာပဲ ရုပ်တု၏ မျက်လုံးပေါ်တွင် အနီရောင်အလင်းတန်းများဖြစ်ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ ဒူးထောက်လျက်ရှိနေသော ကလေးငယ်များဆီသို့ ပျံသန်းလွင့်စင်သွားခဲ့၏။

“အား”

မြေပေါ်တွင် ရှိနေသော အသက် ၇ နှစ်၊ ၈ နှစ်ခန့်ရှိသော ကလေးများအားလုံးသည် အနီရောင်အလင်းတန်း၏ ဖုံးလွှမ်းမှုကို ခံရပြီးသည့်နောက်မှာတော့ ၎င်းတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်ကာဖြင့် အော်ဟစ်လျက်ရှိနေကြသည်။

မိဘများအားလုံးသည် ရင်နာလျက်ရှိနေသည်ဆိုသော်လည်း မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။

စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကြည့်ရှုပြီးနောက် ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါက ဝိညာဉ်ကို တိုက်စားတဲ့ စွမ်းအင်တစ်မျိုးပဲလေ။ ကလေးတွေအပေါ် ဒါမျိုးကိုထုတ်သုံးတယ်ဆိုတာ လူသား မဆန်တဲ့ကိစ္စပဲ။ အင်ပါယာရဲ့အမွေအနှစ်ဟုတ်လား။ ဒါက ချီးတဲ့မှ။ သောက်တလွဲနည်းလမ်းကြီးပဲ။”

ကျွင်းချောင်ရှောင်း ထိုသို့စဉ်းစားနေတုန်းမှာပဲ အနီရောင်အလင်းတန်းများ၏ နှိပ်စက်ခြင်းကို ခံနေရသော ကလေးများ၏ အော်ရာသည် ရုတ်တရက်မြင့်တက်လာ၏။

မရီဒန်ဖွင့်ခြင်း အဆင့်သုံး၊

အဆင့်လေး၊

အဆင့်ငါး၊

အဆင့်ဆယ့်နှစ် …။

သိုင်းတပည့်အဆင့်တစ်၊

သိုင်းတပည့်အဆင့်နှစ်၊

အဆင့်သုံး၊

သိုင်းတပည့် ထိပ်ဆုံး။

အနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ နာကျင်မှုနှင့် လူးလိမ့်လျက်ရှိနေသော ကလေးငယ်လေးယောက်တို့သည် မြေပေါ်တွင် အားပျော့စွာဖြင့် လဲလျက်ရှိနေတော့၏။ သို့ပေမဲ့ ၎င်းတို့၏ကျင့်ကြံခြင်း အဆင့်သည် သိုင်းဆရာအဆင့်တစ် ဆီသို့ ရောက်ရှိသွားခဲ့၏။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ဆွံအလျက်ရှိနေ၏။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသည်။ “ငါ့မှာ သောက်တစ်လွဲစနစ်ရှိတယ်။ ဒါပေမဲ့ ငါတောင်မှ အထူးတာဝန်တွေကို ပြည့်စုံအောင်ပြုလုပ်ပြီးမှ အဆင့်တက်ရတာ။ မင်းတို့က ဘာကြီးလဲ။”

All Chapters