← Chapters

အခန်း (၁၀၅၂)

Vol. 71 Ch. 1052

အခန်း (၁၀၅၂)

Vol. 71 Ch. 1052

စနစ်သည် လက်ရှိအခြေအနေ၌ အလွန်တရာ စိတ်ဓာတ်ကျလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် လက်ခံသူသည် ပထမတုန်းက သိုသိုသိပ်သိပ် နေချင်သည်ဟု ပြောဆိုခဲ့၏။ သို့ပေမဲ့ သူတို့အား သိရှိသွားပြီးသည့်နောက်တွင် ကျန်းဝေမြို့၌ တိုက်ရိုက်ဆိုသလိုပဲ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခြင်းကို ပြုမူနေလေ၏။ ဤအရာသည် သာမန်မဟုတ်ပေ။

ကျွင်းချောင်ရှောင်း၏ စဦးသုံးသော နည်းဗျူဟာသည် သိုသိုသိပ်သိပ် နေထိုင်ရန်ပင်ဖြစ်၏။ သို့ပေမဲ့ ကျန်းဝေမြို့၏ လုံခြုံရေးသည် အလွန်တရာ တင်းကျပ်လွန်းလှ၏။ ညဘက်တွင် အထောက်အထား မရှိသည့်လူများကို ရှာဖွေရန် အစီအစဉ်မျိုးပင် ထားရှိထားသေး၏။ ၎င်းတို့အနေနှင့် ရှောင်ရှား၍ မရနိုင်တော့ဘူးဆိုမှတော့ တိုက်ခိုက်ခြင်းကိုသာ ပြုမူရပေတော့မည်။

သူ၏ သူတော်စင်အဆင့် ကျင့်ကြံခြင်းနှင့်ဆိုလျှင် မည်သည့် ကျင့်ကြံခြင်း အဆင့်မှန်း သေသေချာချာ မသိသော အင်ပါယာကျန်းဝေကိုပင် ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ ယခု အင်ပါယာနန်းတော်ထဲမှ သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူ နှစ်ဆယ် ထွက်ပေါ်လာသည့်အချိန်၌လည်း သူသည် လေးလေးနက်နက် မထားခဲ့ချေ။ သို့ပေမဲ့ ဘယ်အရာသည် ကုန်းရှန့်အား ဇဝေဇဝါ ဖြစ်စေသနည်းဆိုသော် ဤကဲ့သို့ ကြမ်းတမ်းလှသည့် တိုက်ပွဲကြီး ဖြစ်ပေါ်နေသည့် အချိန်တွင် အင်ပါယာကျန်းဝေ ပေါ်မလာခြင်းပင်ဖြစ်၏။

အနည်းဆုံးအနေနှင့် မြို့ကိုစောင့်ရှောက်နေသည့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတော့ ရှိနေသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ထွက်ပေါ်မလာရသနည်း။ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်ကို အတင်းဆွဲမြှင့် လိုက်သည့် နည်းစနစ်သည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူအထိသာ ရရှိနိုင်ပြီး ကျန်းဝေအင်ပါယာတွင် သိုင်းနယ်မြေကျင့်ကြံသူဟူ၍ မရှိသောကြောင့်ပင် ဖြစ်နေနိုင်သည်။

စနစ်က ပြောလိုက်သည်။ “အရှေ့ပင်လယ်က ကောင်းကင်နဲ့မြေကြီးကြားထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ အရ အလုံးစုံသော စွမ်းအင်အဆင့်ကို နှိုင်းယှဉ်ရမယ်ဆိုရင် သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် လူဆယ်သန်းမှာ တစ်ယောက်ပဲရမယ်”

“ဒါကို ဘယ်လို တွက်ချက်လိုက်တာလဲ”

“ငါ့ဘာငါ သိတာပေါ့”

“ချီးတဲ့မှ... မင်းက အဲလောက်တော်တာလား။ ဒါဆိုရင် ရန်ကျူးမှာဆိုရင် သိုင်းနယ်မြေကျင့်ကြံသူတွေက ဘယ်လောက် ရာခိုင်နှုန်းလောက်ရှိလဲ”

“ဘယ်လောက်လဲဆိုတော့ သန်းတစ်ရာမှာ အနည်းဆုံး တစ်ယောက်ပေါ့”

“..........”

စနစ်က ထပ်ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်တွေအတွင်း ငါ့ရဲ့လေ့လာသုံးသပ်ချက်တွေအရဆိုရင် စီရင်စုကြီး နှစ်ခုက အရမ်းကြီးကွာခြားတယ် မဟုတ်ပေမဲ့ ပင်မကုန်းမြေတိုက်ကြီးမှာ ရှိတဲ့လူတွေအနေနဲ့ သိုင်းနယ်မြေ အဆင့်ကို ရောက်ရှိဖို့ဆိုတာ ပိုပြီးခက်ခဲတယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ရင်ဘတ်ကို အုပ်ကိုင်ကာ ပြောလိုက်သည်။ “ဒါဆိုရင် ငါ နေထိုင်တဲ့နေရာက အဆိုးတကာ့ အဆိုးဆုံးနေရာလို့ ပြောချင်တာလား”

“သိပ်မှန်တာပေါ့”

“..........”

စူးရှလှသည့်ဓားတစ်ခုသည် သူ၏နှလုံးသားထဲသို့ စိုက်ဝင်သွားသလိုပင် ခံစားလိုက်မိ၏။

“ဒါပေမဲ့”

စနစ်သည် စကားလမ်းကြောင်း ပြောင်းလိုက်တော့၏။ “လက်ခံသူရောက်ရှိလာပြီးတဲ့နောက်မှာတော့ ပင်မကုန်းမြေတိုက်ကြီးမှာရှိတဲ့ သိုင်းနယ်မြေ ကျင့်ကြံသူ ထွက်ပေါ်နိုင်မှု ရာခိုင်နှုန်းက ပိုပြီးတိုးလာတယ်”

ဤကဲ့သို့သော စကားကို ကြားရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ချမ်းသာမှုကို ရရှိသွားခဲ့၏။

ဆွစ် ဆွစ်

ပြောနေတုန်းမှာပဲ သိုင်းနယ်မြေကျင့်ကြံသူ နှစ်ဆယ်တို့သည် ဘယ်မှညာဆီသို့ လှမ်းတက်သွားပြီး ၎င်းတို့၏ မျက်လုံးများ သည်လည်း ရဲရဲနီလျက် ရှိနေသည်။ စိတ်ဝိညာဉ်စွမ်းအင်မျိုးစုံတို့ ဖြစ်တည်လာပြီး သည့်နောက်မှာတော့ ၎င်းတို့သည် တိုက်ခိုက်မှုကို စတင်ကာ ပြုလုပ်တော့သည်။

ကျွင်းချောင်ရှောင်းသည် အနည်းငယ် မျက်မှောင်ကုတ်မိသွားခဲ့သည်။ သူတို့သည် မြို့ထဲရှိ တခြားသော မြို့သူမြို့သားများအား ထိခိုက်မိမည်စိုးသောကြောင့် ၎င်းတို့၏ တိုက်ခိုက်မှုကို ထိန်းချုပ်ကာ ထားနေရ၏။ သို့ပေမဲ့ တစ်ဖက်လူများမှာတော့ နည်းနည်းလေးမှ မထိန်းသိမ်းကြချေ။

စနစ်ကပြောလိုက်သည်။ “ဒါက တကယ့်ရုပ်သေးလို လူတွေပဲလေ”

ဟူး ဟူး

ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ဖြန့်ကားလိုက်ပြီးသည့်နောက်မှတော့ ကောင်းကင်ယံထက်တွင် မီးပန်း ကဲ့သို့သော မီးတောက်များ ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် မီးတောက်လက်ဝါးကြီး တစ်ခု ဖြစ်တည်လာပြီးသည့်နောက် တစ်ဖက်လူများ ဖန်တီးထားသည့် စွမ်းအင်များ အားလုံးကို လွယ်လွယ်ကူကူ နှင့် ချိုးချေလိုက်၏။

“ဒီလူတွေရဲ့ မျက်လုံးတွေက နီနေတယ်။ ဒါက အင်ပါယာဆီက စွမ်းအင်တွေ ရထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ မြန်မြန်ဆန်ဆန် တိုးတက်စေခဲ့ပြီးတဲ့နောက်မှာ သူတို့ကို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုတွေ ကင်းလွတ်သွားခဲ့တာပေါ့”

“ဒါဆိုရင် အင်ပါယာကျန်းဝေပဲ ဖြစ်ရမယ်”

“သိပ်မှန်တာပေါ့”

ဘုန်း ဘုန်း ဘုန်း

ကျွင်းချောင်ရှောင်းသည် စနစ်နှင့် စကားပြောဆိုနေတုန်းမှာပဲ များပြားလှသည့် သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူများသည် အရှေ့ဆီသို့ ရောက်ရှိလာခဲ့ကြသည်။ ထို့ကြောင့် မီးတောက်လက်သီးကို အသုံးပြုကာဖြင့် သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူ သုံးယောက်တို့အား မြို့၏ အပြင်ဘက်ဆီသို့ လွင့်စင်အောင် တိုက်ခိုက်လိုက်ရ၏။ ထိုမှသာလျှင် ဤနေရာသို့ ၎င်းတို့ ဆင်းသက်လာပြီး အပြစ်ကင်းစင်လှသော သာမန်လူများ ထိခိုက်ဒဏ်ရာရရှိခြင်းမှ ကာကွယ် ပေးနိုင်ပေလိမ့်မည်။

ဝှစ် ဝှစ်

သူ၏ ကြင်နာမှုနှင့် ဆန့်ကျင်စွာပဲ ကျန်းဝေအင်ပါယာ မှ သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူတို့သည် စွမ်းအင်များ ကို စုဝေးကာဖြင့် ဘာကိုမဆို ဖျက်ဆီးပစ်ရန် တိုက်ခိုက်လျက် ရှိနေကြ၏။ ၎င်းတို့သည် ၎င်းတို့ထုတ်ဖော် တိုက်ခိုက်လိုက်သည့် စွမ်းအင်၏ အရှိန်အဟုန်များ သာမန်လူများအပေါ် ကျရောက်သွားမည်ကို လုံးဝ မစိုးရွံ့ကြချေ။ တိုက်ခိုက်ခြင်းကိုသာ ပြင်းပြင်းထန်ထန် ပြုလုပ်လျက်ရှိ၏။

ဘုန်း ဘုန်း ဘုန်း

ကျွင်းချောင်ရှောင်းသည် မီးတောက်များနှင့်အတူ ရှေ့သို့လှမ်းတက်လိုက်၏။ သူ၏ လက်သီးသည် လေထုထဲသို့ တစ်ဖောင်းဖောင်းနှင့် ထိုးနှက်လိုက်၏။ သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူများအားလုံးသည် တစ်ယောက်ပြီး တစ်ယောက် လွင့်စင်သွားပြီးသည့်နောက်မှာတော့ မြို့၏ အပြင်ဘက်ဆီသို့ လွင့်စင်သွားကြသည်။

“သတ်... သတ်...သတ်ကြ”

များပြားလှသော စစ်သည်များ နေရာအနှံ့ဆီမှ ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့သည် မြင်းပျံများကို စီးနင်းလာခဲ့ကြ ပြီးသည့်နောက်မှာတော့ လမ်းကြားလေးတဝိုက်တွင် စုဝေးကာဖြင့် ဝိုင်းရံပိတ်ဆိုထားခဲ့ကြသည်။ မြို့၏ အပြင်ဘက်တွင်တော့ စစ်သည်များသည် တဖြည်းဖြည်း ရေလှိုင်းများကဲ့သို့ ရောက်ရှိလာပြီး မြို့၏ ဂိတ်တံခါး လေးခုကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ စည်းခတ် ဝိုင်းပတ်ထားသည်။

ဆွစ် ဆွစ်

စစ်သည်ခေါင်းဆောင်များသည် ဓားရှည်များကို အသာဝှေ့ယမ်းလိုက်ပြီးသည့်နောက် မြို့၏ အပြင်ဘက်တွင် စစ်သည်ပေါင်းတစ်သိန်းကျော်တို့ ဝန်းရံထားပြီး ဖြစ်နေကြ၏။ ၎င်းတို့သည် အားကောင်းလွန်းသော လေးနှင့်မြား များကို ထုတ်ကာဖြင့် အပေါ်ဘက်သို့ ချိန်ရွယ်ထားခဲ့သည်။ ကောင်းကင်ပေါ်မှ ကြည့်မည်ဆိုလျှင်တော့ ကျွင်းချောင်ရှောင်းတို့အား အလွန်များပြားလွန်းသည့် စစ်သည်များသည် ဝိုင်းပတ်ပြီး မြားနှင့်ပစ်ခတ်ရန် ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း တွေ့မြင်ရပေလိမ့်မည်။

ဘုန်း ဘုန်း

ရှောင်ကျီသည် ဒေါသထွက်နေသော ကျွဲရိုင်းကြီးတစ်ကောင်ကဲ့သို့ပင် အရှေ့သို့ လှမ်းတက်ကာ အားလုံးနှင့် တိုက်ခိုက်လျက်ရှိနေ၏။ မြင်းပျံစီးနင်းထားသော စစ်သည်တစ်ဒါဇင်ကျော်တို့ လွင့်စင်သွားအောင် ပြုလုပ်ပြီးသည့် နောက်မှာတော့ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာဖြင့် အပြင်ဘက်တွင် ရှိနေသော လူများကို လှမ်း၍ ကြည့်ရှုလိုက်၏။

သူသည် ဆွံ့အစွာဖြင့် ပြောလိုက်မိသည်။ “သူတို့က မြို့ကို ဖျက်ဆီးပစ်မိမှာ မစိုးရိမ်ဘူးလား”

“ဒါက ဝါးမျိုခံထားရတာလေ”

လီချင်းယန်က ပြောလိုက်သည်။ “တစ်စုံတစ်ယောက်ရဲ့ ဝါးမျိုခြင်းကို ခံထားရတာကြောင့် သိစိတ်တွေ ကင်းလွတ်နေတဲ့လူတွေပဲ”

ချိန်ရွယ်ထားသော မြားများထဲတွင် ကြောက်မက်ဖွယ်ရာကောင်းလှသော စွမ်းအင်အမျိုးအစားတစ်မျိုးလည်း ပါဝင်လျက်ရှိနေသည်မှာ သေချာ၏။ မိမိ၏ ဌာနေတည်နေရာထဲတွင် ထိုအရာများကို ထုတ်ဖော်ကာ အသုံးပြုမည် ဆိုပါက ရန်သူများကို နာကျင်စေသည်သာမက ဘာမှန်းမသိသည့် အပြစ်ကင်းစင်သည့် လူများကိုပင် ထိခိုက်မိစေမှာ သေချာသည်။

ကျန်းဝေမြို့ထဲတွင် အလွန်သေသပ်လှပစွာ တည်ဆောက်ထားသော ရှေးအဆောက်အဦများ တည်ရှိလို့နေခဲ့၏။ ထိုအရာများသည် မြားများသာ ပစ်ခတ်လိုက်သည်ဆိုပါက ကျိန်းသေပေါက် ပျက်စီးကုန်ကြမှာ သေချာ၏။ ထိုသို့ ဆိုလျှင် လောက၏ အလှအပနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်သွားရတော့မှာ မဟုတ်ပါလား။

“သူတို့က ကိုယ့်ရဲ့ဌာနေ တည်နေရာကြီးကိုတောင်မှ ဖျက်ဆီးဖို့ ရဲတင်းနေတယ်။ မယုံကြည်နိုင်စရာပဲ” ကျွင်းချောင်ရှောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒီကောင်တွေ ပြဿနာ လာရှာတာပဲ။ နန်းတော်ကို အန္တရာယ်မရှိအောင် သုတ်သင်ရှင်းလင်းပစ်ရမယ်”

မြို့၏ အပြင်ဘက်တွင်တော့ စစ်သူကြီးဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် မြင်းပျံပေါ်မှာတဆင့် လှမ်း၍ အော်လိုက်၏။ သူသည် ဓားတစ်စင်းကို ဆွဲထုတ်လိုက်၏။ “နတ်ဘုရားလေးတပ်ဖွဲ့ အဆင်သင့်ပြင်”

ဆွစ် ဆွစ် ဆွစ်

စစ်သည်ပေါင်း တစ်သိန်းကျော်တို့သည် ၎င်းတို့၏ လေးနှင့်မြားများကို ကောင်းကင်ပေါ်သို့ ချိန်ရွယ်ထားကြ၏။

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွားသည်။ “သူတို့ တကယ်ကြီး ဒီလိုလုပ်ချင်တာလား”

မြို့ထဲဘက်သို့ ချိန်တွယ်ထားသော စစ်သည်များအားလုံးသည် ၎င်းတို့၏ ခေါင်းဆောင် အော်ဟစ် အမိန့်ပေးသည်ကို ကြားသည်နှင့် တစ်ခါတည်း ပစ်လွှတ်တိုက်ခိုက်ခြင်းကို ပြုလုပ်တော့မှာဖြစ်၏။ ချက်ချင်းပဲ ဝရမ်းထုတ်ခံထားရ သော ကျွင်းချောင်ရှောင်း၊ လီချင်းယန်နှင့် တခြားသူတို့သည် ကျန်းဝေမြို့ကို ကျောပေးကာ ကာကွယ်လျက် ရှိနေ၏။

သို့ပေမဲ့ ကျန်းဝေမြို့ထဲတွင် ရှိနေသော စစ်သည်တော်များမှာတော့ မြို့ကြီးတစ်ခုလုံးနှင့် အပြစ်မဲ့ မြို့သူ၊ မြို့သားများအားလုံးကို သတ်ဖြတ်ပစ်ရန် တစ်ချက်ကလေးမှ စိုးရွံ့မှု မရှိကြချေ။ ၎င်းတို့၏ မျက်လုံးများသည် အေးစက်လျက် ရှိနေကြသည်။

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်မိ၏။ “ဒီလိုမျိုး ကစားချင်တယ်ဆိုမှတော့ လုပ်လိုက်ကြလေ”

ရန်သူများသည် မိမိ၏ မြို့သူ၊ မြို့သားများကိုပင် တစ်ချက်ကလေးမှ ဂရုစိုက်သည့်သူ မဟုတ်ပေ။ ထို့ကြောင့် အပြင်လူဖြစ်သည့် သူ့အနေနှင့် ဘာဂရုစိုက်ရန် လိုနေမည်နည်း။

“မြားတွေကို ပစ်လွှတ်လိုက်တော့”

စစ်သူကြီးသည့် နောက်ဆုံးတွင်တော့ အမိန့်ပေးလိုက်တော့သည်။ သူ၏ အသံတွင် မည်သည့်ခံစားချက်မှမရှိချေ။ မျက်လုံးထဲတွင်လည်း တည်ငြိမ်လေးနက်မှုများသာ ပြည့်နှက်နေ၏။ နန်းတော်အား လာရောက် ခြိမ်းခြောက်လျက်ရှိသည့်ရန်သူ ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် သူသည် တခြား ဘာကိုမဆို ပေးဆပ်ရန် အဆင်သင့် ဖြစ်နေတော့၏။

ဆွစ် ဆွစ်

မြားပေါင်းတစ်သိန်းကျော်တို့သည် လေထုထဲသို့ ရောက်ရှိလာခဲ့သည်။ မြားတစ်ခုချင်းစီ၏ အားအင်အဆင့်သည် သာမန်သာဖြစ်သည်ဆိုသော်လည်း မြားပေါင်းတစ်သိန်းဆိုသည်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်အဆင့်နှင့် အရေအတွက်ပင်ဖြစ်ပေလိမ့်မည်။

............

တစ်ဖက်လူများသည် တကယ်ပင် အညှာအတာကင်းမဲ့စွာဖြင့် တိုက်ခိုက်ခြင်း ပြုမူနေသည်ကို မြင်ရသည့်အချိန် မှတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပင် ဆွံ့အနေမိ၏။

ဒွီး ဒွီး

နန်းတော်၏ အနီးတဝိုက်မှာတော့ အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်၌ ဖြစ်တည်လာပြီးသည့်နောက် မှာတော့ အလွန်တရာ ကြီးမားလှသော အကာအကွယ်၊ အတားအဆီးကြီးတစ်ခုသည် ဖြစ်တည်လာခဲ့၏။

ကျွင်းချောင်ရှောင်းသည် လက်မထောင်ကာ ပြောလိုက်မိသည်။ “နန်းတော်ကို ကောင်းကောင်းကာကွယ်ထားပြီး လူတွေကိုတော့ ပစ်မှတ်ထား တိုက်ခိုက်နေတယ်။ ဒါက တကယ့်ကို ဆိုးယုတ်တဲ့အလုပ်တစ်ခုပဲ။ တကယ့် သောက်တလွဲဟ”

ဆွစ် ဆွစ်

မြားမိုးများသည် နေရာအနှံ့ဆီမှ ကျဆင်းလာခဲ့၏။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည် သိပ်ပြီး ဂရုမစိုက်လှချေ။ သူတို့၌ ထိုကဲ့သို့သော မြားမိုးများကို ရှောင်ရှားဖို့ များပြားလှသော နည်းလမ်းများ တည်ရှိလို့နေခဲ့၏။

ဤကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးတွင် တံခါးတစ်ချပ်သည် ရုတ်တရက် ပွင့်ထွက်သွားပြီး အသက်အရွယ်မျိုးစုံနှင့် ကလေးများအားလုံးသည် အရှေ့ဆီသို့ ပြေးထွက်လာခဲ့၏။

“အဖေ၊ အမေ” ၎င်းတို့သည် အော်ဟစ်ငိုယိုလျက်ရှိနေ၏။ ၎င်းတို့၏ အမေသည် သေလုနီးပါးဖြစ်နေပြီး ကျောက်ခဲ များ၊ အုတ်ခဲများသည် သူ၏ ခန္ဓာကိုယ်ပေါ်ကို ပိလျက်ရှိ၏။ သို့ပေမဲ့ သူမသည် နို့စို့အရွယ်ကလေးလေး တစ်ယောက်အား လက်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ကာဖက်ထားသည်။

“..........”

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နှလုံးသားများသည် နာကျင်သွားမိ၏။ သူသည် ရုတ်တရက် မြေပေါ်သို့ ဆင်းသက်လိုက်ပြီးသည်နောက် ငိုယိုနေသည့် ကလေးလေးရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။ ၎င်း၏ သေးငယ်လှသည့် ဦးခေါင်းလေးကို အသာပွတ်သပ်ကာဖြင့် ပြောလိုက်မိသည်။ “ကောင်လေး... ဘာမှ မဖြစ်ပါဘူး”

ဒွီ ဒွီ ဒွီ …..။

ဝုန်း ဝုန်း ဝုန်း …..။

အဆောက်အဦများသည် ပြိုလဲသွားခဲ့၏။

လီချင်းယန်၏ မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခု ဖြစ်ပေါ်လာ ခဲ့၏။ ဂိုဏ်းချုပ်သည် သူနှင့် ဘာမှ ပတ်သက်ခြင်းမရှိသော ကလေးငယ်များကို ကယ်တင်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

ဂိုဏ်းချုပ်သည် အမှန်ပင် ကြင်နာတတ်သည့် နှလုံးသားတစ်ခုရှိနေ၏။ သို့ပေမဲ့ အေးစက်ချင်ယောင်ဆောင် နေခြင်းသာ ဖြစ်သည်။

ရှောင်ကျီသည် မြေပေါ်သို့ ခုန်ဆင်းပြီးသည့်နောက် သူ၏လက်များကို ရုတ်တရက် ဖြန့်ကားလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင်ရှိသော တောရိုင်းခန္ဓာကိုယ်စွမ်းအင်နှင့် မြေဓာတ်သဘာဝများသည် ရုတ်တရက် စုဝေးဖြစ်တည် လာပြီးသည့်နောက်မှာတော့ လက်ဝါးကြီးတစ်ခုကဲ့သို့ အသွင်ဖြစ်တည်ကာဖြင့် မြေပေါ်သို့ ရိုက်နှက်လိုက်၏။

ဘုန်း ဘုန်း

ညီညီညာညာ သပ်သပ်ရပ်ရပ်ဖြင့် ခင်းကျင်းထားသော လမ်းများအားလုံးသည် ရုတ်တရက် ပျက်စီးသွားပြီးသည့် နောက်မှာတော့ မြေနံရံကြီးတစ်ခုသည် မြေအောက်မှာ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ပင် ထိုးတက်သွားခဲ့၏။ ထိုအတားအဆီး မြေနံရံကြီးသည် မြားပေါင်းတစ်သိန်းကျော် ကျဆင်းလာမှုကို တားဆီးထား ခဲ့သည်။

ကျွင်းချောင်ရှောင်း၏ လက်များသည် ကလေးလေး၏ ဦးခေါင်းပေါ်တွင် ရှိနေ၏။

ရှောင်ကျီသည် အကာအကွယ် စွမ်းအင်များကို အလုံးစုံ ထုတ်ဖော်ကာ သုံးခဲ့သည်။ ဤမြင်ကွင်းကို ကြည့်ရှုရမည်ဆိုလျှင် အလွန်တရာ နွေးထွေးပြီး စိတ်ချမ်းသာစရာကောင်းလှသော မြင်ကွင်းမျိုး ဖြစ်ပေသည်။

ကျန်းဝေမြို့၏ စစ်သည်များသည် ၎င်းတို့၏ ဌာနေမြို့ကြီးပျက်ဆီးပြီး အတွင်းရှိ မြို့သူမြို့သားနှင့် ကလေးငယ်လေးများ သေဆုံးရမည် ဆိုလျှင်တောင်မှ တစ်ချက်ကလေးမှ ဂရုမစိုက်ဘဲ အလုံးစုံသော ဖျက်ဆီးခြင်း နည်းလမ်းများနှင့် တိုက်ခိုက်နေကြသည်။

သို့ပေမဲ့ ဘာမှမဆိုင်သော ပြိုင်စံရှားဂိုဏ်းမှ တပည့်များမှာတော့ ၎င်းတို့နှင့် ဘာတစ်ခုမှ သက်ဆိုင်ခြင်း မရှိသောသူများကို ကာကွယ်ပေးနေ၏ သောက်ကျိုးနည်းလှချေစွ။

All Chapters