← Chapters

အခန်း (၁၀၅၃)

Vol. 71 Ch. 1053

အခန်း (၁၀၅၃)

Vol. 71 Ch. 1053

ကျွင်းချောင်ရှောင်းသည် ပြိုပျက်နေသော အဆောက်အအုံ၏ ကြားထဲ၌ လင်မယားနှစ်ယောက်သည် ၎င်းတို့၏ ကလေးများကို ခန္ဓာကိုယ်ဖြင့် ကာကွယ်တားဆီးပေးနေသည်ကို မြင်ရသည့်အချိန်မှာတော့ အကြီးအကျယ် စိတ်ထိခိုက်သွားမိ၏။

လောကကြီးတွင် အကြီးမြတ်ဆုံးသောအရာမှာ မိဘ၏ ချစ်ခြင်းမေတ္တာပင်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ့အနေ နှင့် ၎င်းတို့အား ကယ်တင်ရပေလိမ့်မည်။ ထို့အပြင် သူ၏လက်ချက်ဖြင့် အပြစ်မဲ့သောလူများအားလုံးကို သေဆုံးခြင်း အဖြစ်သို့ မရောက်ရှိစေချင်ပေ။

ဂိုဏ်းချုပ်သည် ပိတ်မိလျက်ရှိနေသော စုံတွဲကို ကယ်တင်နေသည်ကို မြင်ရပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် မြေပေါ်သို့ ခုန်ဆင်းလိုက်ပြီးသည့်နောက်မှာ မြေဓာတ်သဘာဝများနှင့်အတူ တောရိုင်းခန္ဓာကိုယ်၏ စွမ်းအင်များကိုပါ ထုတ်ဖော်လိုက်တော့သည်။

သူသည် အလွန်တရာအားကောင်းလွန်းလှသော မြေဓာတ်သဘာဝနံရံကြီးကို ဖန်တီးကာဖြင့် မြို့ထဲတွင်ရှိသော မြို့သူ မြို့သားများကို ကာကွယ်လိုက်၏။

ကျွင်းချောင်ရှောင်းသည် မည်သည့်အမိန့်ကိုမျှ မပေးချေ။ သို့ပေမဲ့ သူ၏ တပည့်သည် အချိန်ကိုက်တွင် မှန်ကန်သည့် အရာကို ပြုလုပ်လျက်ရှိ၏။ ဤအရာမှာ ဆရာနှင့်တပည့်အကြား နားလည်မှုပင်ဖြစ်တော့၏။ ထို့အပြင် ဤသို့သော နားလည်မှုမျိုးကို ပြိုင်စံရှားဂိုဏ်းတွင်သာ ရှာဖွေတွေ့ရှိနိုင်သည်။

ရွှီ ရွှီ ရွှီ ……။

မြားပေါင်းတစ်သိန်းကျော်တို့သည် ကြောက်မက်ဖွယ်ရာကောင်းလှသော စွမ်းအင်များကို သယ်ဆောင်ကာဖြင့် အောက်သို့ ကျဆင်းလာသည်။ လမ်းပေါ်မှာတော့ မြေဓာတ်နံရံကြီးသည် ပေါက်ကွဲထွက်သွားပြီး အလွန် တရာ ထူးကဲလှသော အကာအကွယ်စွမ်းအင်များသည် မြားများ ကျဆင်းလာမှုအား ကာကွယ်လိုက်၏။

အကယ်၍ လက်ရှိအခြေအနေတွင် အပြင်ဘက်မှလူများရှိနေသည်ဆိုပါက ကျိန်းသေပေါက် ဇဝေဇဝါဖြစ်မိနေမှာ သေချာ၏။ မည်သူသည် တိုက်ခိုက်သူဖြစ်သနည်း။ မည်သူသည် ခုခံကာကွယ်သူဖြစ်မည်မှန်းကိုပင် သေချာမသိရှိနိုင်တော့ပေ။

လက်ရှိအခြေအနေတွင် ကျန်းဝေအင်ပါယာ၏ စစ်တပ်သည် လာရောက်ကျူးကျော်သူများဖြစ်ပြီး ပြိုင်စံရှားဂိုဏ်းသည် မြို့အား ကာကွယ်သည့်သူများအဖြစ်ပင် ပြောင်းလဲလို့နေ၏။ ဤအရာမှာ တစ်စုံတစ်ခုလွဲမှားလို့နေတော့သည်။

….

ထိုအချိန်မှာတော့ ယွမ်သခင်လေးနဲ့ အကြီးအကဲလင်းတို့သည် ၎င်းတို့၏ ခရီးစဉ်အတိုင်း လာလျက်ရှိနေသေး၏။

…

ဘုန်း ဘုန်း ဘုန်း

မြားများအားလုံးသည် တစ်ခုပြီးတစ်ခု ကျဆင်းလာပြီးသည့်နောက်မှာတော့ အားလုံးပျောက်ကွယ်သွားခဲ့ရ၏။ ရှောင်ကျီသည် မတ်မတ်ရပ်လျက်ရှိနေတုန်းပင် ဖြစ်၏။ ၎င်းသည် ခေါင်းကို မော့ကာဖြင့် သွားဖြီးကာ ရယ်လိုက်၏။

ကောင်းကင်ပေါ်တွင် ရှိနေသော မြေဓာတ်နံရံကြီးသည် တောရိုင်းအင်ပါယာ၏ ခန္ဓာကိုယ်ဆီမှ စွမ်းအင်များ၏ ထောက်ပံ့မှုနှင့်အတူ အလွန်တရာအားကောင်းလွန်းလှ၏။ ဖျက်ဆီး၍ မရနိုင်ချေ။

“ဒါက”

နတ်ဘုရား လေးတပ်ဖွဲ့၏ ခေါင်းဆောင်သည် ဆွံ့အသွား၏။

ရွှီ

သူသည် လက်ကို အသာဝှေ့ယမ်းပြီးသည့်နောက်မှာ အော်လိုက်သည်။ “မြားတွေကို အသင့်ပြင်။”

ပထမတစ်ကြိမ်နှင့်မလုံလောက်ဘူးဆိုပါက သူ့အနေနှင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် အထဲသို့ ခိုးဝင်လာသည့်လူများ သေဆုံးသွားမှာဖြစ်ပြီး နန်းတော်၏ လုံခြုံရေးသည် ပိုမိုကာ အားကောင်းသွားပေလိမ့် မည်။

ဤလူ၏ မျက်လုံးထဲတွင် အနီရောင်အလင်းတန်းများ ဖြစ်မနေချေ။ ထို့ကြောင့် တစ်စုံတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရပုံလည်း မပေါ်လှပေ။ သို့ပေမဲ့ ၎င်းသည် မြို့ထဲတွင်ရှိနေသော မြို့သူမြို့သားများ၏ အသက်ကို လစ်လျူရှုကာဖြင့် အရာအားလုံးသောလူများ သေဆုံးအောင် တိုက်ခိုက်ခြင်းကို ပြုလုပ်လျက်ရှိနေ၏။ သောက်ကျိုးနည်း ဦးနှောက်နှင့် လူများပါတကား။

ရွှီ

မြားသမားတစ်သိန်းကျော်တို့သည် ၎င်းတို့၏ မြားများကို ထုတ်ယူပြီးသည့်နောက်မှာတော့ လေးညှို့ပေါ်သို့ အသာ တင်လိုက်၏။

ဖောင်း ဖောင်း …။

ဓားအလင်းများ ဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ စစ်သည်တစ်ထောင်ကျော်တို့၏ ခေါင်းစွပ်များသည် ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။

ဟယ်ဝူတီသည် မြို့၏ နံရံအပေါ်ထောင့်တွင် မတ်တပ်ရပ်လျက်ရှိပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ကိုယ့်ရဲ့လူတွေကိုတောင် လစ်လျူရှုပြီးတော့ မြားတွေလျှောက်ပစ်နေတယ်ဆိုမှတော့ ခင်ဗျားတို့က ကိုယ့်ရဲ့အိမ်ကို စောင့်ရှောက်ကာကွယ်တဲ့ စစ်သည်တွေလို့ ဘယ်လိုလုပ်သတ်မှတ်လို့ရတော့မှာလဲ။”

ရွှီ ရွှီ ရွှီ …..။

ဆွစ် ဆွစ် ….။

နတ်ဘုရား လေးတပ်ဖွဲ့၏ ခေါင်းဆောင် စကားပြော၍ မပြီးခင်မှာဘဲ ရီရှင်းချန်သည် ထိုသူ၏ နောက်တွင် ပေါ်လာခဲ့သည်။ ကျန်းယန်ဓားသည် ၎င်း၏ လည်ပင်းပေါ်သို့ ရောက်ရှိသွားပြီးသည့်နောက်မှာတော့ ဦးခေါင်းကြီး တစ်ခုလုံးသည် အောက်သို့ ပြုတ်ကျသွားခဲ့၏။

၎င်းတို့၏ အမိန့်ပေးသူသည် သေဆုံးသွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စစ်သည်များအားလုံးသည် ဘာလုပ်ရမှန်းမသိတော့ချေ။

“အရူးတွေ”

ရီရှင်းချန်သည် ဓားကို အဝေးတစ်နေရာဆီသို့ ညွှန်ကာဖြင့် အေးစက်စက်ပြောလိုက်၏။ “သေကြစမ်း။”

ဟူး ဟူး

အားကောင်းလှသော ဖိအားများသည် ၎င်း၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ စစ်သည်ပေါင်း တစ်သိန်းတို့အား လွှမ်းခြုံသွားတော့၏။ ထိုသူတို့၏ လက်ထဲတွင်ရှိသော မြားနှင့် ေ…

မြို့၏ အတွင်းဘက်မှာတော့ လေးသမားပေါင်း တစ်သိန်းကျော်တို့သည် မည်သည့်တိုက်ခိုက်ရေးစွမ်းအင်ကိုမှ မထုတ်ဖော်နိုင်တော့ချေ။ ထို့ကြောင့် လျင်လျင်မြန်မြန်နှင့် အနောက်သို့ ဆုတ်ခွာလိုက်ကြ၏။

သို့ပေမဲ့ ၎င်းတို့ လှုပ်ရှားရန် ပြင်လိုက်သည့်အချိန်မှာပဲ လှုပ်ရှား၍မရနိုင်တော့သည်ကို ထိတ်လန့်တကြား သိရှိလိုက် ကြရသည်။

ဝုန်း .. ဝုန်း …။

မြို့ထဲတွင်ရှိနေသော အပျက်အစီးများ၊ အုတ်ခဲများ၊ သဲများ၊ ဖုန်များနှင့် အရာအားလုံးသည် လေထုထဲသို့ မြင့်တက် လာခဲ့၏။

ကလေးများ၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ ၎င်းတို့၏ ရှေ့တွင် ရပ်လျက်ရှိနေသော အစ်ကိုကြီးသည် ပိုမိုကာ ကြည့်လို့ကောင်းသွားခဲ့၏။ ထိုအစ်ကိုကြီးသည် သူတို့အား ပြုံးပြနေသည်။

ကျွင်းချောင်ရှောင်းသည် ကလေး နှစ်ဦး၏ ဦးခေါင်းကို အသာပွတ်သပ်ကာဖြင့် ပြောလိုက်၏။ “မှတ်ထား။ သိုင်းပညာကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က မိသားစုကို ကာကွယ်ပေးဖို့ပဲ။ မိသားစုကို ထိခိုက်နာကျင်အောင် လုပ်ဖို့မဟုတ်ဘူး။”

ဤစကားလုံး၏ အဓိပ္ပာယ်ကို ကလေးသည် နားမလည်လှချေ။ သို့ပေမဲ့ နှလုံးသားထဲမှာတော့ နက်နက်ရှိုင်းရှိုင်း ကမ္ဗည်းရေးထိုးထားသလို ဖြစ်တည်သွားခဲ့၏။ ၎င်းတို့သည် ကြီးပြင်းလာသည်နှင့်တပြိုင်နက် ထိုအရာကို အမြဲမှတ်မိ နေတော့မှာသေချာ၏။

ဝှစ်

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်၏။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းများနှင့် ဖုံးလွှမ်းသွားခဲ့၏။ ဓားနှင့်သိုင်းသူတော်စင် စွမ်းအင်၏ ထိန်းချုပ်မှုအောက်မှာတော့ လေထဲတွင် မြင့်တက်လာခဲ့သော အရာအားလုံးတို့သည် အလွန် ကောင်းမွန်လှသော စွမ်းအင်များနှင့် ရစ်သိုင်းကာ လေနှင့်အတူ စစ်သည်များဆီသို့ ရွှေ့လျားသွားခဲ့၏။

မြို့ထဲတွင်ရှိနေကြသည့် အပြစ်ကင်းစင်သော သာမန်လူများအားလုံးသည် ကြယ်တစ်စင်းကဲ့သို့ လင်းလက် တောက်ပကာ ထင်းထင်းကြီးရှိနေသော ထိုလူကို လှမ်းကာကြည့်လိုက်၏။ ၎င်းတို့အားလုံးအား ဖိနှိပ်ထားခဲ့သော လေးလံလှသည့်ဖိအားကြီးသည် ရုတ်တရက် ဖယ်ရှား ရှင်းလင်းသွားသလို ခံစားလိုက်ကြ၏။

“နတ်ဘုရားလား။ မဟုတ်သေးဘူး။ မဟုတ်သေးဘူး။”

အရှေ့ဘက်ပင်လယ်ထဲတွင်သာမက ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် နတ်ဘုရားမှာတစ်ယောက်တည်း သာရှိ၏။ ထိုသူသည် အင်ပါယာကျန်းဝေသာ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် စစ်သည်ပေါင်းတစ်သိန်းကျော်တို့၏ အပေါ်လေထဲ၌ ရပ်လျက်ရှိ၏။ သူ့အနေနှင့် ထိုသူများအားလုံးကို တိုက်ခိုက်သတ်ဖြတ်ခြင်းကို ရူးရူးမူးမူးမလုပ်ချင်ပေ။

“အင်ပါယာကျန်းဝေ”

ကျွင်းချောင်ရှောင်းသည် အကာအကွယ်အစီအရင်များဖြင့် ဖုံးလွှမ်းလျက်ရှိနေသော အင်ပါယာနန်းတော်ကြီးဆီသို့ လှမ်း၍ ကြည့်ကာဖြင့် လေးနက်တည်ကြည်သောအသံဖြင့် ပြောလိုက်တော့၏။ “ခင်ဗျားအထဲမှာ ပုန်းနေတုန်းပဲလား။ ခင်ဗျားရဲ့ လူတွေသေတာကို ဒီမှာ ဆက်ပြီးစောင့်ကြည့်နေတာလား။”

ဝှစ် ဝှစ် ….။

တည်နေရာတစ်ခုလုံးသည် တုန်ခါသွား၏။ ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် သရဖူတစ်ခုကို ဆောင်းထားသော သက်လတ်ပိုင်းလူတစ်ယောက်သည် ပြင်းထန်လွန်းသော အော်ရာများကို ထုတ်ဖော်ကာဖြင့် ထွက်ပေါ်လာသည်။

ဝှစ် ဝှစ်

စစ်သည်ပေါင်း တစ်သိန်းကျော်တို့သည် ဒူးထောက်ထိုင်ချပြီးသည့်နောက်မှာတော့ သံပြိုင်ပဲအော်ဟစ်လိုက်ကြ၏။ “ကြိုဆိုပါတယ် အရှင်မင်းကြီး”

ကျွင်းချောင်ရှောင်းသည် အေးစက်စက်အသံဖြင့် မေးလိုက်သည်။ “ခင်ဗျားက အင်ပါယာကျန်းဝေလား။”

“အမှန်ပဲ။” အင်ပါယာကျန်းဝေ၏ အသံသည် ခေါင်းလောင်းတစ်ခုကို ထိုးနှက်လိုက်သကဲ့သို့ပင် ကျယ်လောင်လွန်းလှ၏။

မြို့၏ မျှော်စင်အပေါ်တွင်ရှိနေသော ရီရှင်းချန်သည် သွေးစွန်းလျက်ရှိနေသော ဓားကို အသာသုတ်ကာဖြင့် အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ “ကြည့်ရတာ ရိုက်လို့ နှက်လို့ ကောင်းမဲ့ရုပ်ပဲ။”

သူ့အနေနှင့် တစ်ဖက်လူအား ရိုက်နှက်ရန် ရည်မှန်းချက်တော့မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ရှိနေပြီ ဆိုမှတော့ သူသည် ဘာတစ်ခုမှ လုပ်ရန် မလိုတော့ပေ။

“အမှိုက်ကောင်”

အင်ပါယာကျန်းဝေ၏ မျက်လုံးထဲတွင် ဒေါသတရား၏ အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူသည် လေးနက် တည်ကြည်သည့် အသံဖြင့် ပြောလိုက်မိ၏။ “မင်းက ဘယ်သူလဲ။ ဘယ်လိုဖြစ်ပြီး သူများနေရာကို လာပြီး ပြဿနာရှာ နေရတာလဲ။”

သူ၏ အင်ပါယာနန်းတော်ထဲသို့ လာ၍ ပြဿနာရှာရဲသည့်လူသည် တစ်ခြားသောအင်ပါယာ သုံးယောက်ဆီမှ လူမဟုတ်မှန်း သေချာလွန်းလှ၏။ ထိုသူများသည် ထိုကဲ့သို့ ပြုလုပ်ရန် အရည်အသွေးမရှိလှချေ။

“ကျွင်းချောင်ရှောင်း …. ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ အရှေ့တောင်ရန်ကျူး … ချင်းယန်နိုင်ငံက”

ကျွင်းချောင်ရှောင်းသည် သူ၏နာမည်၊ လိပ်စာနှင့် ဂုဏ်ပုဒ်များကို တစ်ခါတည်း ပြောဆိုလိုက်တော့၏။ ပြောပြီးပြီးချင်း မှာပဲ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ဂိုဏ်းချုပ်တစ်ယောက်၏ အော်ရာမျိုးထွက်ပေါ်လာခဲ့၏။

ဤအရာသည် အင်ပါယာကျန်းဝေ၏ အော်ရာထက် မည်သို့မျှ မနိမ့်ကျချေ။ အမြဲတမ်း နောက်တီးနောက်တောက်ဖြင့် ဆော့ကစားတတ်သော ကုန်းရှန့်သည် အရေးအကြောင်းကိစ္စရပ်မျိုးတွင် အလွန်တရာ လေးနက်လျက်ရှိနေသည်။

လက်ရှိမြင်ကွင်းထဲတွင် ရှိနေကြသော စစ်သည်နှင့် မြို့သူမြို့သားများအားလုံးတို့သည် ကုန်းရှန့်အား ၎င်းတို့၏ နတ်ဘုရားနှင့် အဆင့်တူညီသည့် လူတစ်ယောက်ဟုပင် သတ်မှတ်လိုက်ကြပြီဖြစ်၏။

“အရှေ့တောင်ရန်ကျူး ဟုတ်လား။”

အင်ပါယာကျန်းဝေသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်မိ၏။ “မင်းက ကုန်းမြေတိုက်ကြီးက လာတာပေါ့။”

သူ့အနေနှင့် တစ်ဖက်ခြမ်းရှိ ကုန်းမြေတိုက်ကြီးနှင့် ထိတွေ့ဆက်ဆံမှု ရှားပါးလွန်းလှ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း အကြောင်းကို ကောင်းကောင်းမသိချေ။

ထို့အပြင် ၎င်းတို့အရှေ့ပင်လယ်နှင့် တစ်ခြားသောပြည်နယ်နှစ်ခုသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ပဲ့ကာဖြင့် တစ်ခြားတည်နေရာအဖြစ် သီးခြားဖြစ်တည်နေခဲ့ကြသည်မဟုတ်လား။ ထို့ကြောင့် ၎င်းတို့အားလုံးသည် လွတ်လပ် သည့် သီးသန့်ဂြိုဟ်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်နေ၏။

ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ခင်ဗျားရဲ့ နောက်လိုက်တွေက မြို့သူမြို့သားတွေရဲ့ အသက်ကိုတောင် ဂရုမစိုက်ဘဲ အားလုံးကို လုံးပြီးတော့ တိုက်ခိုက်နေတာပဲ။ ခင်ဗျားက သူတို့ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မတားဆီးရုံသာမက အင်ပါယာနန်းတော် ထဲမှာ အေးအေးဆေးဆေးထိုင်ပြီး တိုက်ပွဲကို ကြည့်နေသေးတယ်။ ခင်ဗျားကို လူတွေက စိတ်ပျက်သွားမှာကို မစိုးရိမ် ဘူးလား။”

အင်ပါယာကျန်းဝေသည် ခေါင်းကို မော့ကာဖြင့် ကျယ်လောင်စွာ ရယ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူသည် မြေပေါ်တွင် ဒူးထောက်ကာရှိနေကြသော စစ်သည်နှင့် မြို့သူမြို့သားများအားလုံးကို ဝှေ့ကြည့်ကာ ပြောလိုက်၏။ “သူ့ကို ပြောလိုက်။ မင်းတို့ ကျေနပ်ကြလား။”

“အရှင်မင်းကြီးရဲ့ အောင်မြင်မှုက လက်ရှိမှာ ကြီးကျယ်လွန်းလှပါတယ်။ အနာဂတ်မှာလည်း ဒီထက်မက ကြီးကျယ် လာအုံးမှာပဲ။”

စစ်သည်နှင့် မြို့သူမြို့သားများအားလုံးသည် အော်ဟစ်လိုက်ကြ၏။ “ကျုပ်တို့ရဲ့အသက်ကို အရှင်မင်းကြီးအတွက် ပေးဆပ်ဖို့ အဆင်သင့်ပါပဲ။”

“…….”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ကြည့်ရသည်မှာ ဤလူများအားလုံးသည် ပြင်းပြင်းထန်ထန်နှင့် ဦးနှောက်ဆေးခံထားရသည့် လူများဖြစ်ပုံပေါ်၏။

“ဂိုဏ်းချုပ်ကျွင်း …. ကြားပြီလား။” အင်ပါယာကျန်းဝေသည် ဂုဏ်ယူစွာဖြင့် မေးလိုက်မိ၏။

ဝှစ်

သူသည် လက်ကို ဝှေ့ယမ်းပြီးသည့်နောက်မှာတော့ ကျန်းဝေမြို့ဆီသို့ လမ်းညှိုးညွှန်ပြလိုက်၏။ ပြီးသည့်နောက်မှာ တော့ အပြင်ဘက်တွင်ရှိနေသော တောင်တစ်ခုဆီသို့ လက်ညွှန်ကာ ပြောလိုက်၏။ အပြင်ဘက်တွင်ရှိသော တောင်နှင့် မြစ်များဆီသို့ အသာလှည့်ကြည့်ကာ ပြောလိုက်တော့သည်။

“ကျုပ် နန်းပလ္လင်ကို တက်ပြီးကတည်းက အင်ပါယာကြီးရဲ့ အားအင်အဆင့်ကို ပိုပြီး အားကောင်းအောင် ဖန်တီးပြု လုပ်ခဲ့ရတာလေ။ အရှေ့ပင်လယ်မှာ အားအကောင်းဆုံးသော အင်ပါယာတစ်ယောက်ဖြစ်လာဖို့အတွက် ဘယ်လောက် ကြိုးစားခဲ့ရတယ်မှတ်လဲ။ ဒီအတွက် ဂုဏ်မယူတဲ့လူက ဘယ်သူရှိမှာလဲ။”

“ဒါကြောင့် ခင်ဗျားက ခင်ဗျားရဲ့လူတွေကို အမှိုက်သရိုက်လို ဆက်ဆံနေတာလား။” ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

အင်ပါယာကျန်းဝေက ပြောလိုက်၏။

“ငါသူတို့ကို တကယ့်ကို မြင့်မားတဲ့ ဂုဏ်သိက္ခာနဲ့ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပေးအပ်ထားတာလေ။ ဒီတော့ သူတို့က ငါ့ကို ပြန်ပြီးပေးဆပ်ဖို့အတွက် အဆင်သင့်ဖြစ်နေရမှာမဟုတ်လား။”

“တကယ်တော့ ဒီလူတွေက ရူးသွပ်နေတဲ့သူတွေမဟုတ်ဘူး။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ရူးနေတဲ့လူက ခင်ဗျားပဲ။”

“ရူးနေတဲ့လူကပဲ ဒီအင်ပါယာကြီးတစ်ခုလုံးကို ကယ်တင်နိုင်မှာလေ။ ရူးနေတဲ့လူကပဲ ကျန်းဝေအင်ပါယာကြီးကို ဒီနေ့လို အခြေအနေမျိုးဖြစ်အောင် လုပ်ပေးနိုင်တာပေါ့။”

…

တစ်ဖက်လူသည် မိမိကိုယ်ကိုယ် တုနှိုင်းမဲ့ဖြစ်တည်မှုဟု ခံယူလျက်ရှိနေသည်ဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းက အတပ်သိလိုက်တော့၏။ မည်မျှမောက်မာလိုက်သနည်း။

မောက်မာခြင်းအရာနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းနှင့် သူ၏တပည့်များအားလုံးသည် အရှုံးပေးလိုက်ရပြီ ဖြစ်၏။

“ခင်ဗျားက ဒီလူသားတွေကို ကယ်တင်တာမဟုတ်ဘဲနဲ့ ဒီလူသားတွေကို ကိုယ့်ရဲ့လက်နဲ့ ဖျက်ဆီးပစ်မှာကို ကျုပ် စိုးရိမ်မိတယ်။”

ကျွင်းချောင်ရှောင်းသည် လက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက်မှာတော့ လေထုထဲတွင် ကောင်းကင်နဂါးဓား ပေါ်ပေါက်လာခဲ့၏။ သူသည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိ၏။ “ခင်ဗျားနဲ့ဆက်ပြီး မငြင်းတော့ဘူး။ လာ။ မြန်မြန်လေး ဆရာဖန်းကို ကျုပ်ကို ပေးတော့။”

“ဆရာဖန်း ဟုတ်လား။”

အင်ပါယာကျန်းဝေသည် နှာခေါင်းရှုံ့လိုက်၏။ “မင်းပြောတာ ဟိုခေါင်းမာတတ်တဲ့ အဘိုးကြီးလား။ သူ့ကို ကယ်တင်ဖို့ ဒီကိုလာတာပေါ့။”

…

ထိုအချိန်မှာတော့ ယွမ်သခင်လေးနှင့် အကြီးအကဲလင်း တို့သည် ကျန်းဝေမြို့ဆီသို့ ဦးတည်ကာ လျှောက်လှမ်းလာနေကြသည်။

All Chapters