← Chapters

အခန်း (၁၀၅၅)

Vol. 71 Ch. 1055

အခန်း (၁၀၅၅)

Vol. 71 Ch. 1055

ကျန်းဝေမြို့နှင့် မိုင်တစ်ထောင်ကွာဝေးသည့် နေရာမှာတော့ လေဟာနယ်တစ်ခုလုံးသည် အဝတ်စတစ်ခုလို စုတ်ပြတ်၍နေ၏။

"ဝှစ် ဝှစ်"

ကောင်းကင်ယံထက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် အင်ပါယာကျန်းဝေတို့သည် ပေတစ်ရာအကွာအဝေးတွင် ရပ်လျက်ရှိနေကြ၏။ အလွန်အားကောင်းလှသော ဓားအရှိန်အဝါတို့သည် ၎င်းတို့ကိုယ်ပေါ်မှ ပေါ်ထွက်လျက် ရှိနေကြသည်။

လက်ရှိတိုက်ပွဲကို သုံးသပ်ရမည်ဆိုလျှင် လက်ရည်ညီနေသည်ဟု ဆိုရမည်။

"အင်ပါယာကျန်ဝေက ဓားနဲ့ သိုင်းတော်စင်တစ်ယောက် ဆိုပေမဲ့ အရှိန်အဝါအရဆို ဂိုဏ်းချုပ်ထက်ပိုပြီး အားနည်းနေသလိုပဲ။ သူ့အနေနဲ့ နည်းစနစ်တစ်ခုခုကို သုံးပြီးတော့ အဆင့်မြင့်ထားတာ ဖြစ်ရမယ်" ဟယ်ဝူတီ က ထိုသို့ သုံးသပ်ကာပြောလိုက်၏။

“………” ရီရှင်းချန်သည် တတိတ်ဆိတ်ငြိမ်သတ်သွားမိလေ၏ ဤအကောင်သည် သူ့ထက်ပင် ပို၍သိလို့နေ၏။ မည်သည့်နောက်ခံများ ရှိနေသောကြောင့် ဤသို့သိနေရသနည်း။

ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည်လည်း များပြားလှသော ပင်ကိုယ်စွမ်းရည်ဆေးများကို အသုံးပြုကာ သူ၏ အားအင်အဆင့်ကို တိုးမြှင့်ခဲ့သူ ဖြစ်၏။ ထို့ကြောင့် ဖြစ်စဉ်တစ်ခုလုံးတွင် ဓားတာအိုကို နားလည်ရန် တစ်ချက်လေးမှ မကြိုးစားခဲ့ချေ။

သို့ပေမဲ့ အဘယ့်ကြောင့် သဘာဝနှင့်ကိုက်ညီသည်ဟု ခံစားနေရသနည်း။ ဤအရာမှာ အရမ်းကို ရိုးရှင်းလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် ဂိမ်းဆာဗာကို ခိုးသည်ဆိုလျှင်တောင်မှ အလွန်တရာ အဆင့်မြင့်မြင့်ဖြင့် ခိုးယူထားခြင်း ဖြစ်၏။

အင်ပါယာကျန်းဝေသည် ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီးနောက် ပြောလိုက်တော့သည်။ "ဂိုဏ်းချုပ်ကျွင်းရဲ့ ဓားတာအိုက သာမန်ထက်ပိုတာပဲ ဒီအင်ပါယာ တစ်ကယ်ကို ချီးကျူးမိတယ် "

"ကျုပ်ကလည်း အတူတူပါပဲ"

၎င်းတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ချီးကျူးနေကြသည် ဆိုသော်လည်း တိုက်ပွဲကို အလုံးစုံ အာရုံစိုက်နေကြ၏။ မကြာခင်မှာ ပြင်းထန်လွန်းလှသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာတော့မှာ သေချာသည်။

"ဆွစ် ဆွစ်"

ခဏတာ စကားပြောပြီးနောက် နှစ်ဖက်လုံးသည် လေထုထဲတွင် ဓားအလင်းတန်းအဖြစ်ပြောင်းကာ တိုက်ခိုက်ကြတော့၏။ တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးသည် စကားလုံးများနှင့် ဖော်ညွှန်းရန်ပင် ခက်ခဲလွန်းလှ၏။

တည်နေရာတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး အလွန်အားကောင်းလှသော တိုက်ခိုက်မှုအရှိန်အဟုန် များကိုသာ တွေ့မြင်နေရတော့သည်။

မိုင်တစ်ထောင်အကွာအဝေးတွင် ပုန်းအောင်းနေသော အကြီးအကဲလင်းသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ "ဒီရွှေရောင်ချပ်ဝတ်နဲ့လူက သူ့ကိုသူအင်ပါယာလို့ ပြောနေတယ် ဒါက သခင်လေး သွားပြီး ခိုလှုံဖို့ပြောနေတဲ့ အင်ပါယာကျန်းဝေလား မသိဘူး။

"ဝေါ့"

ရွှမ်သခင်လေးသည် မည်သို့မျှမနေနိုင်တော့ဘဲ သွေးများ အန်ထွက်လာခဲ့တော့၏။ သူသည် ပင်လယ်ထဲ၌ မိုင်ပေါင်းများစွာ ခရီးနှင်ပြီးနောက်မှသာ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ သို့ပေမဲ့ ခရီးဆုံးသို့ မရောက်သေးခင် ကျွင်းချောင်ရှောင်းနှင့် တွေ့ဆုံခဲ့ရသေးသည်။ ၎င်းသည် သူ၏အသက်ကို ကယ်တင်ခဲ့သည် ဆိုတောင်မှ သူ့အနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအား ခက်ခက်ခဲခဲ ကြိုးစားတည်ဆောက်ခဲ့ရ၏။

အလွန် ရည်မှန်းချက်ကြီးမားပြီး ကျော်ကြားလွန်းလှသော အင်ပါယာကျန်းဝေဆီသို့ ခိုလှုံရန် ဆုံးဖြတ်လိုက်သည် နှင့် တစ်ဖက်လူသည် အင်ပါယာကျန်းဝေနှင့် တိုက်ခိုက်နေလေသည်။ သောက်ကျိုးနည်းလှချေ၏။ ကောင်းကင်ကြီး သည် သူ့အားနှိပ်စက်ရန် ကျွင်းချောင်ရှောင်းအား စေလွှတ် ခဲ့လေသည်လား မသိချေ။

"ဘာပဲဖြစ်ဖြစ် ငါယွမ်ဖန်က ကျွင်းချောင်ရှောင်းရဲ့ အရိပ်အောက်ကနေ ရအောင်ထွက်ပြမယ်"

"ဘုန်း"

ကျယ်လောင်လှသော အသံကြီးသည် အင်ပါယာကျန်းဝေနှင့် အနီးတစ်ဝိုက်တွင် ပေါ်ထွက်လာတော့၏။ ၎င်း၏ ရွှေရောင်ချပ်ဝတ်ပေါ်မှာတော့ ဓားရာကြီးသည် ထင်ဟပ်လို့ နေလေ၏။

ကျွင်းချောင်ရှောင်းသည် မထူးခြားသလို လေထဲတွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်ရဲ့ သိုင်းကွက်တစ်ရာအောက်မှာ ပထမဆုံး မရှုံးနိမ့်တဲ့သူပဲ"

"ဝှစ်"

အင်ပါယာကျန်းဝေသည် အနည်းငယ် ပျံသန်းပြီးနောက် သူ၏ ပျက်စီးနေသော ချပ်ဝတ်ကို လက်ဖြင့် အသာပုတ်ကာ ပြောလိုက်၏။ "မင်းထက်တော်တဲ့သူတစ်ယောက်ဆိုတာ ရှိနေအုန်းမှာပဲလေ"

သူသည် နဂါးခွန်အားဓားကို ခပ်တင်းတင်းဆုပ်ကာ ပြောလိုက်သည် "ဒီအင်ပါယာရဲ့အားအင်အစစ် ကိုလည်း အထင်သေးလို့မဖြစ်ဘူး"

"ဝှစ်"

သူသည် လက်ကိုမြောက်လိုက်ပြီးနောက်မှာတော့ ဓားအရှိန်အဝါများသည် စုစည်းလာခဲ့၏။

"ဒွီ … ဒွီ …."

မြို့အတွင်းဖက်မှာတော့ စစ်သားများ၏ ကျောဘက်တွင် လွယ်ထားသော ဓားများမှာ တုန်ခါလာတော့၏။ ပြီးသည့်နောက်မှာတော့ ထိန်းချုပ်၍မရတော့ဘဲ လေထဲသို့ ပျံတက်လာသည်။

"ဆွစ် ဆွစ် "

"ဆွစ် ဆွစ်"

ထက်ရှလှသော ဓားတို့သည် လေပေါ်သို့ထွက်လာပြီးနောက်မှာတော့ မြို့၏ အပေါ်ဘက်၌ ကြီးမားလှသော ဓားကြီးတစ်စင်းသဖွယ် ဖြစ်ပေါ်လာတော့၏။

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဒါက ငါ့ရဲ့ ဓားတစ်သောင်းမှသည် တစ်ခုထဲသို့ ဆိုတဲ့နည်းစနစ်နဲ့ တူညီနေတာပဲ"

သူတို့သည် တူညီသော ဓားနှင့်သိုင်း သူတော်စင်အဆင့် အစွမ်းကို ပိုင်ဆိုင်၏။ လက်ရှိအချိန်မှာတော့ တူညီသည့် ဓားနည်းအစစ်ကိုလည်း ပိုင်ဆိုင်နေ၏။

ဤသည်မှာ တိုက်ဆိုင်လွန်းနေသည် မဟုတ်ပါလား။

စနစ်သည် ကျွင်းချောင်ရှောင်၏ အတွေးကို ဖြတ်ကာတားဆီးလိုက်၏။ "ဓားသူတော်စင်အနေနဲ့ များပြားလှတဲ့ဓားတွေကို စုစည်းနိုင်တယ်ဆိုတာ သာမန်ပဲလေ။ လက်ခံသူအနေနဲ့ ကိုယ့်အလုပ်ကို လုပ်စမ်းပါ"

"ဆွစ်"

ထိုအချိန်မှာတော့ မြို့အထက်တွင် ရှိနေသော ဓားများသည် ရုတ်တရက်ပျောက်ကွယ်သွားခဲ့၏။

"ထွီး ထွီး"

အင်ပါယာကျန်းဝေ၏ နောက်တွင်တော့ လေဟာနယ်တစ်ခု ဖြစ်တည်လာပြီး ရွှေရောင်အလင်းတန်းများ ပေါ်ပေါက်လာတော့၏။ ထိုရောင်စဉ်များထဲမှ ဓားများစွာ ထွက်ပေါ်ရပ်တန့်လျှက်ရှိပြီး ၎င်းအရာများ၏ အော်ရာများသည် ကောင်းကင်ကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားလျက် ရှိနေသည်။

"ဝှစ်"

တစ်ချိန်တည်းမှာပင် ကြမ်းတမ်းလှသော လေများသည်လည်း တိုက်ခတ်လို့နေလေ၏။

"ဂိုဏ်းချုပ်ကျွင်း"

အင်ပါယာကျန်းဝေသည် ခေါင်းကိုမော့ကာ ပြောလိုက်၏။ "ဒီအင်ပါယာရဲ့ နဂါးဓားအကကို ခံယူအုံးမလား"

"နဂါးဓားအက ဟုတ်လား"

ကျွင်းချောင်ရောှာင်းသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ "ဒီလိုကြမ်းတမ်းလှတဲ့ ဓားသိုင်းကို ကဗျာဆန်ဆန် နာမည်ပေးထားတာ အလွန်ဆိုးတာပဲ ။ စိတ်ပျက်ဖို့ကောင်းလိုက်တာ”

“ဝှစ်"

သူသည် ကောင်းကင်နဂါးဓားကို ကိုင်ဆောင်ကာ သူ၏ရှေ့၌ ကန့်လန့်ကာ ထားလိုက်၏။ သူ၏ ဆံပင်များသည်လည်း လေထုထဲတွင် လွှင့်လျက်ရှိ၏။

"ဟမ်"

အင်ပါယာကျန်းဝေသည် အနည်းငယ် မျက်မှောင်ကျုံ့လိုက်၏။ ပြီးသည့်နောက်မှာ ပြောလိုက်သည်။ "မင်းထုတ်လိုက်တဲ့ ဓားရဲ့အော်ရာတွေက ငါ့ရဲ့နဂါးဓားအကနဲ့ တူနေပါလား မင်းကလည်း ဓားပေါင်း တစ်ထောင်ကျော်ကို ဆင့်ခေါ်နိုင်တာလား"

"ဓားပေါင်း တစ်ထောင်ကျော် ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် နှခေါင်းရှုံ့ကာပြောလိုက်၏။ "ဒါက ကျုပ်ဟိုးအရင်ကတည်းက လုပ်နိုင်ခဲ့တဲ့အရာ”

"ဝှစ်"

ပြောပြီးသည့်နောက်မှာတော့ သူသည် ဓားအော်ရာများကို ထုတ်လွှတ်လိုက်တော့၏။ ဓားအော်ရာများသည် မြေပြင်ပေါ်ရှိ ဓားများ၊သစ်သားများ၊သစ်ကိုင်းသစ်ရွက်များကိုထိပြီးသည့်နောက်မှာတော့ သူ့အလိုလို လေပေါ်မြောက်တက်လာတော့သည်။

ထိုအရာတစ်ခုချင်းစီတိုင်းတွင် ထက်ရှလှသော ဓားအော်ရာများ ထွက်ပေါ်လျက်ရှိနေ၏။ ဓားများကို ဆင့်ခေါ်ခြင်းဆိုသည်မှာ ယခင်ကတည်းက သူလုပ်ဖူးသော အရာဖြစ်၏။ လက်ရှိအချိန်မှာတော့ သူသည် ရှိရှိသမျှကို ဓားအဖြစ် အသုံးပြုတော့မည် ဖြစ်၏။ ၎င်းတို့နှစ်ယောက်ကြား ကွာခြားမှုမှာ ကြီးမားလွန်းလှ၏။

"ဝှစ် ဝှစ်"

ကျောက်တုံးနှင့်သစ်ကိုင်းသစ်ရွက်များသည် ဓားအော်ရာများဖြင့် လွှမ်းခြုံပြီး ကျွင်းချောင်ရှောင်း၏ နောက်တွင် ပေါ်ထွက်လာကာ ကျန်းဝေနှင့် ရင်ဆိုင်လျက်ရှိသည်။

ယခုအချိန်မှာတော့ အားလုံး၏ မျက်လုံးထဲတွင် ဓားများနှင့် ဓားအော်ရာများသာ လွှမ်းခြုံလျက်ရှိနေတော့၏။

"ကြောက်ဖို့ကောင်းလိုက်တာ" အကြီးအကဲလင်းသည် ကြည့်ရှုရင်း တုန်ခါလျက်ပင် ရှိနေ၏။ သူသည် ရွှမ်သခင်လေးကိုခေါ်ဆောင်၍ နောက်သို့ လျင်လျင်မြန်မြန်ပင် ဆုတ်ခွာလိုက်သည်။ ထိုနှစ်ယောက် ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် သူတို့အား ထိခိုက်မည်ကို စိုးရိမ်နေမိသည်။

လီချင်းယန်နှင့် အခြားသောသူများသည်လည်း တစ်ယောက်ပြီတစ်ယောက် နောက်သို့ ဆုတ်ခွာလိုက်ကြ၏။

ရှောင်ကျီပင်လျှင် သူ၏ နတ်ဘုရားလက်နက်ကို ထုတ်ယူလိုက်တော့၏။ နတ်ဘုရားလက်နက်သည် ကျန်းဝေမြို့အထက်တွင် မြင့်မားစွာ တည်ရှိနေလေသည်။

ရီရှင်းချန်သည် မထူးခြားသလိုပြောလိုက်၏။ "ကျန်းနိုင်ငံကလူတွေက ကျုပ်တို့နဲ့ဘာမှ မသက်ဆိုင်ဘူးလေ။ ဘာကြောင့် သူတို့ကို ကာကွယ်ပေးနေရတာလဲ"

ရှောင်ကျီကပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ဂိုဏ်းချုပ်က ဒီမှာရှိတဲ့ကလေးတွေကို မသေစေချင်ဘူးလေ..."

ရီရှင်းချန်သည် တွေးလိုက်မိ၏။ "သူကတစ်ကယ်ကို သူတော်စင်သူတော်ကောင်းပုံစံ ဖြစ်နေတာပါ့လား...."

မိုင်တစ်ထောင်အကွာအဝေးမှာတော့ ကျွင်းချောင်ရှောင်းနှင့် အင်ပါယာကျန်းဝေတို့သည် မတ်တပ်ရပ်လျက် ရှိနေကြသည်။

၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဓားအော်ရာများသည် အလွန် အားကောင်းလာပြီးနောက် အချိန်မရွေး တိုက်ခိုက်တော့မည့် အခြေအနေသို့ ရောက်ရှိလာတော့၏။

နဂါးဓားအက

"ဆွစ် ဆွစ်"

ဓားအော်ရာများသည် ပြောင်းလဲလာပြီးနောက်မှာတော့ ဆာဒင်းငါးများကဲ့သို့ပင် ကျွင်းချောင်ရှောင်းဆီသို့ တိုးဝင်လာတော့၏။ လမ်တစ်ဝက်မှာတော့ ရွှေရောင်နဂါးကြီးပမာ ပြောင်းလဲသွားတော့သည်။

ကျွင်းချောင်ရှောင်းက လက်ဖျောက်တီးလိုက်၏။

"ဆွစ် ဆွစ်"

အလွန်အားကောင်းလှသော ဓားအော်ရာတို့သည် သူ၏ရှေ့တွင် ရုတ်တရက်ပေါ်ပေါက်လာတော့၏။ ဓားများအားလုံးသည် ရေကန်အတွင်းသို့ ကျရောက်သွားသော ငါးမန်းကြီးအသွင်သို့ ပြောင်းလဲသွားလေသည်။

"ဘုန်း ဘုန်း"

လေထဲတွင်တော့ နဂါးနှင့် ငါးမန်းတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ကြတော့၏။ ထိုအချိန်မှာတော့ ကောင်းကင်ယံ တစ်ခုလုံး ရွှေရောင်အလင်တန်းများဖြင့် ဖုံးလွှမ်းသွား၏။

"ဒင်း ဒင်း ဒင်း"

ကျွင်းချောင်ရှောင်းနှင့် အကြီးအကဲကျန်းဝေတို့သည် တည်နေရာတွင် ရှိနေကြပြီး ထုတ်ဖော်လိုက်သော ဓားအော်ရာများ ထိပ်တိုက် ရင်ဆိုင်တွေ့ပြီးနောက် နောက်သို့ အနည်းငယ် ဆုတ်ခွာလိုက်ကြသည်...။

ရွှမ်သခင်လေနှင့် အကြီးအကဲလင်းတို့သည် သက်ပြင်းကို အခါခါချလိုက်၏။ လက်ရှိအချိန်မှာတော့ ၎င်းတို့မြင်ကွင်းထဲရှိ အရာအားလုံးသည် စူးရှပြီး လင်းထိန်လွန်းလှ၏။ တိုက်ခိုက်နေသူ နှစ်ယောက်လုံးသည် သူတော်စင်များဖြစ်သည်ဟု ကြိုတင်မသိထားပါက သိုင်းအင်ပါယာများ တိုက်ခိုက်နေသလားဟုပင် ထင်မှားစရာရှိ၏။

"ဆွစ်"

ဓားအလင်းတို့သည် ရင်ဆိုင်ထိတွေ့ပြီးနောက်မှာတော့ အကြီးအကဲကျန်း၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းများဖြင့်တောက်ပသွားလေသည်။ သူသည် ဓားကို လက်တစ်ဖက်နှင့်ကိုင်ကာ ကျွင်းချောင်ရှောင်းဆီသို့ ချဉ်းကပ်၍ အနီးကပ်တိုက်ခိုက်ခြင်းကို ပြုမူတော့သည်။

"ဂိုဏ်းချုပ်ကျွင်း …. တိုက်ပွဲက ပြီးသွားပြီ "

ရွှေရောင်အလင်းတန်းများသည် ရှေ့ရှိအရာများကို ပျက်စီးကုန်စေ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားအော်ရာများကို ထုတ်ကာ အကာအကွယ်ကို ထုတ်ဖော်လိုက်သည်။

လက်ရှိအချိန်မှာတော့ အကြီးအကဲကျန်းဝေ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာတော့၏။ သူ၏ ဓားအော်ရာများသည် ကျွင်းချောင်ရှောင်းအား မီးတောက်များဖြင့် ဖုံးလွှမ်းသွားစေ၏။

သူကအော်ဟစ်လိုက်သည်။ "အထူးမီးနည်းစနစ် လေဟာနယ်တောက်လောင်ခြင်း"

ကျွင်းချောင်ရှောင်း၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွား၏။ သူသည် ရေရွတ်လိုက်၏။ "ဒီလူကလည်း မီးဓာတ်အမျိုးအစားကျင့်ကြံသူပါ့လား"

"ဂျိမ်း"

ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ရုတ်တရက် ဖြစ်ပေါ်လာပြီးနောက်မှာတော့ ပူပြင်းလွန်းလှသော မီးတောက်မီးလျှံတို့သည် တည်နေရာတစ်ခုလုံးကိုဖုံးလွှမ်းသွား၏။

ဓားအလင်းတန်းနှစ်ခုတွေ့ဆုံပြီးနောက်မှာတော့ ရုတ်တရက် အားအင်နှင့် စွမ်းအင်အကုန်လုံး ပျောက်ကွယ်သွားခဲ့သည်။

အင်ပါယာကျန်းဝေသည် မီးတောက်များအတွင်းမှ အနောက်သို့ လျင်လျင်မြန်မြန် ဆုတ်ခွာသွားခဲ့၏။ သူသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာရပ်လျက်ရှိပြီး မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု ရှိလို့နေ၏..။

"သခင်လေး"

အကြီအကဲလင်းက ထ၍ပြောလိုက်၏။ "တိုက်ပွဲကပြီးသွားပြီ"

"ဘယ်လို အဆုံးသတ်သွားလဲ" ယွမ်သခင်လေးသည် ရုတ်တရက် မေးမြန်းလိုက်သည်။

ကောင်းကင်၏ တည်နေရာတစ်ခုလုံး မီးတောက်များဖြင့်ဖုံးလွှမ်းနေသည်ကို ကြည့်ရှုပြီးနောက်မှာတော့ အကြီအကဲလင်းသည် လေနက်စွာပြောလိုက်၏။ "ကျွင်းချောင်ရှောင်းရှုံးသွားတာ၊ သူသေသွားတာလား၊ဒဏ်ရာရသွာတာလားတော့မသိဘူး"

ယွမ်သခင်လေးသည် ထိုနေရာမှာပင် ကြောင်သွား၏။ ထို့နောက် သူသည် မျက်နှာကိုဖုံးကွယ်ကာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်၏။ သို့ပေမဲ့ ချက်ချင်း သူ၏ ရယ်မောသံသည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်၍လာခဲ့၏။ သူသည် စိတ်အလိုမကျစွာပြောလိုက်၏။ “ကျုပ်ကိုယ်တိုင် မတိုက်ခိုက်ရဘဲ သေသွားခဲ့ပြီ ဆိုတော့ ဘဝတစ်ခုလုံး နောင်တတွေနဲ့ ပြည့်နေတော့မှာပဲ”

All Chapters