← Chapters

အခန်း (၁၀၅၆ - ခ)

Vol. 71 Ch. 1056

အခန်း (၁၀၅၆ - ခ)

Vol. 71 Ch. 1056

ဘုန်း

ထိုအချိန်မှာတော့ တိုက်ခိုက်ရေး တည်နေရာထဲတွင် နားကွဲလောက်စရာ ပေါက်ကွဲသံကြီး ဖြစ်တည်လာ၏။

ဝှစ် ဝှစ်

ပိုမို၍ ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တောင်ကြီးတစ်ခုလုံး ကိုပင် ဖျက်ဆီးနိုင်မည့် အားအဟုန်မျိုးဖြင့် ကျဆင်းလာသည်။

ရှောင်ကျီသည် ထိုအချင်းအရာကို မြင်သည့်နောက် မှာတော့ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားခဲ့၏။ ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုကြောင့် ဖြစ်တည်လာသည့် လက်ကျန် အားအင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။

သို့ပေမဲ့ ဒုတိယအကြိမ် ထပ်မံရောက်ရှိလာသည့် အားအဟုန်များကိုတော့ သူ့အနေနှင့် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ဟု တွေးထင်လိုက်မိ၏။ ထို့ကြောင့် ဒယ်အိုးကြီး၏ အဆုံးမဲ့တိုက်ကွက်ကို ထုတ်ဖော်အသက်သွင်းရန် စီစဉ်လိုက်မိသည်။

ဒွီး ဒွီး

ရုတ်တရက်ဆိုသလိုပဲ ရှစ်ထောင့်ပုံအကွက်တစ်ခုသည် သူ၏အရှေ့၌ ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ တိုက်ခိုက်ချက်ကြောင့် ဖြစ်တည်လာခဲ့သော လက်ကျန်စွမ်းအင်များအားလုံးကို တခြားတည်နေရာသို့ ပို့ဆောင် လိုက်တော့၏။

“ဂျူနီယာညီလေးရီ” ရှောင်ကျီ၏ မျက်နှာသည် ပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့သည်။

ရီရှင်းချန်သည် ဘေးတစ်ဖက်ဆီသို့ အသာလှည့်ကာဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “လက်ကျန် အားအင်တွေက ကျုပ်ကို သက်ရောက်မှာ စိုးရိမ်လို့”

လီချင်းယန်သည် ခေါင်းကို ခါယမ်းကာ ပြုံးလိုက်မိ၏။ ဂျူနီယာညီလေးရီသည် အစစ်အမှန် ကူညီခဲ့ခြင်းသာ ဖြစ်၏။ သို့ပေမဲ့ သူသည် ငြင်းဆန်လို့နေခဲ့၏။

ဝှစ် ဝှစ် …..

ဖေးအားညို၏ စကြဝဋ္ဌာပြောင်းပြန်လည်ခြင်း အကူအညီကြောင့် လက်ကျန်အားအင်များအားလုံးသည် တခြား နေရာသို့ ရောက်ရှိသွား၏။ ဟုတ်ပေသည်။ ၎င်းတို့လေးယောက်တို့သည် တိုက်ပွဲ၏ အခြေအနေတစ်ခုလုံးကို စိုးရိမ်ပူပန်လျက်ရှိနေ၏။ တိုက်ခိုက်မှုကြောင့် ဖြစ်တည်လာခဲ့သော လက်ကျန်အားအင်များကို ဖြေရှင်းပြီး ကျန်းဝေမြို့ကို ကာကွယ်ပေးခဲ့သည်ဆိုသော်လည်း ၎င်းတို့သည် ဂိုဏ်းချုပ်အား စိုးရိမ်ပူပန်စွာဖြင့် ပေါက်ကွဲမှု ဖြစ်ပွားရာနေရာဆီသို့လည်း အလောတကြီးဖြင့် လှမ်း၍ ကြည့်လိုက်မိကြသည်။

စွမ်းအင်သုံးမျိုးတို့သည် တည်နေရာထဲတွင် ပြင်းပြင်းထန်ထန်ဖြစ်တည် ပေါက်ကွဲပြီးသည့်နောက် အားပျော့လာခဲ့၏။

ကျွင်းချောင်ရှောင်းသည် အင်ပါယာကျန်းဝေ၏ အနောက်ဘက် ဆယ်ပေအကွာအနီးတွင် မတ်တပ်ရပ်လျက် ရှိနေပြီး ကောင်းကင်နဂါးဓားမှာတော့ မြေပေါ်တွင် ထိုးစိုက်လျက် ရှိနေသည်။

ခလွပ်

တစ်စုံတစ်ခုကွဲအက်သွားသည့်အသံ ကြားလာသည်။ အင်ပါယာကျန်းဝေ ကိုင်ဆောင်ထားခဲ့သော နဂါးခွန်အားဓား သည် ရုတ်တရက် နှစ်ပိုင်းဖြစ်တည်သွား၏။ လီချင်းယန်နှင့် တခြားသူများသည် အကူအညီမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်၏။

ဤကဲ့သို့သောလက်နက်၏ အဆင့်သည် အလွန်မြင့်မားလွန်းလှ၏။ ထို့အပြင် ဖန်းဟူသော စာသားကိုလည်း ရေးထိုးထားသေး၏။ သို့ပေမဲ့ ဤဖန်းဟူသော စာသားကို ရေးသားထားသည့် လက်နက်များသည် ဂိုဏ်းချုပ်၏ အရှေ့ရောက်ရှိသည်ဆိုသည်နှင့် ဖျက်ဆီးခံရခြင်း၏ ရေစက်မှ မည်သို့မှ မလွတ်မြောက်နိုင်ခဲ့ချေ။

ခရက် ခရက်

အင်ပါယာကျန်းဝေ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်သည်လည်း အက်ရာများ ဖြစ်တည်လာပြီးသည့်နောက် မြေပေါ်သို့ ပြုတ်ကျသွား၏။ ဓားဒဏ်ရာများသည် အင်ပါယာကျန်းဝေ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီးသည့် နောက် သွေးများပင် အန်ထွက်လာခဲ့၏။

အလွန်ရည်မှန်းချက်ကြီးမားလှသော အင်ပါယာကျန်းဝေသည် တည်နေရာတစ်ခုထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် အလုံးစုံသော တော်ဝင်အခွင့်အာဏာကို ကိုယ်စားပြုသော ကျိုးပြတ်နေသည့် လက်နက်ကို ကိုင်ဆောင်ထားခဲ့၏။ သူ၏ အမူအရာသည် တွေဝေ ငေးငိုင်လျက် ရှိနေသည်။

နဂါးခွန်အားဓားနှင့် နဂါးခွန်အားချပ်ဝတ်တို့သည် ဆရာဖန်းကိုယ်တိုင် တခြားသော ပန်းပဲပညာရှင်များ အားလုံးကို ဆင့်ခေါ်ကာဖြင့် ကြီးကြီးမားမား အားစိုက်ထုတ်ကာ ဖန်တီးပြုလုပ်ထားခဲ့ရသည့်အရာဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူကြောင့် ဤအရာသည် ကျိုးပြတ်သွားခဲ့ရပြီဖြစ်၏။

“ဒီတိုက်ပွဲ အခု အဆုံးသတ်ပြီ” ရုတ်တရက် ကျွင်းချောင်ရှောင်း၏ အသံသည် အနောက်ဘက်ဆီမှ ထွက်ပေါ်လာ ခဲ့၏။

အင်ပါယာကျန်းဝေသည် တွေဝေငေးငိုင်နေရာမှ ပြန်လည် သတိဝင်လာပြီးသည့်နောက်မှာတော့ ရုတ်တရက် သူ၏ ဖင်နေရာဆီမှ ထူးဆန်းသည့် ခံစားချက်ကို ရရှိလိုက်၏။ “မကောင်းတော့ဘူး”

သူ၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွား၏။ သူရှောင်ရန် ပြင်ဆင်လိုက်တော့သည်။ သို့ပေမဲ့ အားအင်တစ်ခု သည် ကြမ်းကြမ်းတမ်းတမ်းနှင့် ရောက်ရှိလာခဲ့ပြီးသည့်နောက်မှာတော့ ဖော်ညွှန်း၍ မရနိုင်သော တည်နေရာဆီသို့ တိုက်ရိုက်ထိမှန်တော့သည်။

အား.....

အင်ပါယာကျန်းဝေသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေပေါ်သို့ မြောက်တက်သွားပြီးနောက် မြေပေါ်သို့ အထိန်းအချုပ်မဲ့စွာဖြင့် ပြုတ်ကျလာခဲ့၏။

လီချင်းယန်နှင့် ရှောင်ကျီ တို့အားလုံးသည် ဖင်ထဲတွင်ပင် ကျိန်းကနဲ ဖြစ်သွားသည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက် သူ၏ရှေ့တည့်တည့်၌ လောကလက်ချောင်း လက်နက် အား ထောင်ထားလိုက်၏။ သူ့အား ဘေးတစ်ဖက်ဆီမှ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင် အလွန် ကြည့်ကောင်းလွန်းလှသော မျက်နှာအမူအရာတစ်ခုကို တွေ့ရမည်ဖြစ်၏။

“ခင်ဗျားက ဓားချင်းလည်း မယှဉ်နိုင်ဘူး။ မီးချင်းလည်း မယှဉ်နိုင်ဘူး။ ဘယ်လိုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အင်ပါယာ တစ်ယောက်လို့ ခေါ်ဝေါ်သုံးစွဲနေရတာလဲ”

စနစ် “...”

ဤကဲ့သို့ ဆိုးယုတ်လှသော နည်းစနစ်ကို အသုံးပြု၍ ပြိုင်ဘက်ကို ကြီးကြီးမားမား ထိခိုက်အောင် ပြုလုပ်ပြီးသည့် နောက်မှာတော့ သူရဲကောင်းတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးဖြင့် ဟိတ်ဟန်ထုတ်လျက် ရှိနေသည်။ လက်ခံသူသည် အရှက်မဲ့လွန်းလှချေသည်။

................

အဝေးတစ်နေရာတွင် ပုန်းအောင်းလျက်ရှိသော အကြီးအကဲလင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းတစ်ယောက် အင်ပါယာကျန်းဝေအား ထူးဆန်းသည့်လက်နက်ဖြင့် တိုက်ခိုက်လိုက်သည်ကို သိရှိပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်တော့သည်။ “သွားပြီ။ သွားပြီ။ အင်ပါယာကျန်းဝေတော့ ရှုံးပြီ”

“...........” ယွမ်သခင်လေးသည် ဆွံ့အသွား၏။

လက်ရှိအချိန်မှာတော့ သူ၏ စိတ်ခံစားချက်များ အားလုံးသည် ရောနှော ရှုပ်ထွေးလျက်ရှိနေ၏။ ဖြစ်ပေါ်လာသည့်ရလာဒ်သည် တစ်ခုနှင့်တစ်ခု ပြောင်းလဲလျက် ရှိနေ၏။ ဤအရာမှာ ထူးဆန်းလွန်းလှပေသည်။ အင်ပါယာကျန်းဝေသည် ကျွင်းချောင်ရှောင်းအား အနိုင်ယူတိုက်ခိုက်ခဲ့သည့် အချိန်တွင် ယွမ်သခင်လေးသည် ပျော်ရွှင်မိသည်ဆိုသော်လည်း အနည်းငယ် ဝမ်းနည်းမှုကိုလည်း ခံစားနေရသည်။

လက်ရှိ ကျွင်းချောင်ရှောင်းသည် အင်ပါယာကျန်းဝေကို အနိုင်ယူ တိုက်ခိုက်လိုက်သည့်အချိန်မှာတော့ သူသည် စိတ်ပျက်မိသည်ဆိုသော်လည်း အနည်းငယ် ပျော်ရွှင်မှုကိုတော့ ရရှိနေသေး၏။

“ချီးတဲ့မှ... ဒါ ဘာတွေဖြစ်နေတာလဲ။ စိတ်ရောဂါများလား။ ထားလိုက်တော့။ ထားလိုက်တော့”

ယွမ်သခင်လေး သည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်သည်။ “ငါ သူ့ကို ကျေးဇူးကြွေးတင်နေသေးတယ်လေ၊ ဒီတော့ အနာဂတ်မှာ ငါ သူ့ကို ကျေးဇူးကြွေး ပြန်ဆပ်ရတာပေါ့”

“အကြီးအကဲလင်း”

သူသည် လှည့်ကာပြောလိုက်သည်။ “သွားကြစို့”

မူလအားဖြင့် သူသည် အင်ပါယာကျန်းဝေကို အမှီပြုကာဖြင့် ကြီးမားလှသည့် သရဖူကို ကိုင်ဆွဲနိုင်ရန် ရောက်ရှိ လာခဲ့ခြင်းသာဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် ကျွင်းချောင်ရှောင်းအား ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့် မကြာခင်မှာပင် ငွေညှစ်၍ နှိပ်စက်ရိုက်နှက်ခြင်းကို ခံရတော့မှာ သေချာ၏။ ထိုသို့ဆိုလျှင် အနာဂတ်တွင် မည်သည့်အောင်မြင်မှုကိုမှ ရတော့မှာ မဟုတ်ချေ။ ထို့ကြောင့် သူ့အနေနှင့် ခိုလုံရာ နောက်ထပ်တစ်ခုကို ရှာမှ ဖြစ်ပေလိမ့်မည်။

“သခင်လေး”

အကြီးအကဲလင်းက ပြောလိုက်သည်။ “ဘယ်ကို သွားမလို့လဲ”

ယွမ်သခင်လေးသည် ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ “တခြားအင်ပါယာ သုံးယောက်က ကျုပ်ကို လိုအပ်နိုင်တယ်လေ။ တခြားနည်းလမ်းလည်း မရှိမှတော့”

သူသည် အနောက်တောင်အရပ်ဆီသို့ လက်ညှိုး ညွှန်ကာ ပြောလိုက်၏။ “အနောက်ဘက်ပင်လယ်နဲ့ တောင်ပိုင်းပင်လယ်ဘက်ကို သွားလို့ရသေးတာပဲ”

“ဟင်း....” အကြီးအကဲလင်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “လောကကြီးက ကြီးမားလွန်းတယ်လေ။ ဒါပေမဲ့ ကျုပ်နဲ့ သခင်လေးအတွက် နေစရာနေရာ မရှိပါ့လား”

...........

ကျန်းဝေမြို့၏ အပြင်ဘက်တွင်တော့ တည်နေရာသည် ပြိုလဲနေသည့် အခြေအနေတစ်ခုဆီမှ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့၏။ သို့ပေမဲ့ ယခင်တုန်းကအတိုင်း ပြန်လည်ဖြစ်တည်ဖို့အတွက် အချိန်အနည်းငယ် ယူရပေလိမ့်မည်။ အင်ပါယာကျန်းဝေသည် ဆိုးဆိုးရွားရွား ပုံပန်းသွင်ပြင်ဖြင့် မြေပေါ်တွင်လဲလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် အဆုံးမဲ့တိုက်ကွက်ကို ထုတ်ဖော်အသုံးပြုခြင်း မပြုခဲ့ချေ။ သို့ပေမဲ့ တစ်ဖက်လူ၏ ပစ္စည်း ပစ္စယများသည် ပျက်စီးသွားခဲ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပြီဖြစ်သောကြောင့် ဘာတစ်ခုမှ သူ့ကို လုပ်နိုင်တော့မည် မဟုတ်ချေ။

“ရှုံးနိမ့်ပြီ။ ငါတကယ်ပဲ ရှုံးနိမ့်တာလား”

အင်ပါယာကျန်းဝေ၏ နှလုံးသားထဲတွင်တော့ သွေးစက်စက် ယိုလျက် ရှိသည်။ အင်ပါယာတစ်ခုလုံးကို အုပ်ချုပ်သည့်လူတစ်ယောက်ဖြစ်သည့်အပြင် သူသည် ဓားနှင့်သိုင်းတာအို ကိုလည်း ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အောင်မြင်မှုဆိုသည်ကိုသာ လက်ခံ၏။ ထိုကဲ့သို့သော အောင်မြင်မှုများတွင် သူသည် အရိုးပေါင်းတစ်သောင်း၊ လူခေါင်းပေါင်းတစ်သောင်းကျော်တို့ကို နင်းချေကာ လှမ်းတက်လာခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ရှုံးနိမ့်မှုဆိုသည်ကို လက်မခံနိုင်ချေ။ သို့ပေမဲ့ ဓားနှင့်သိုင်းတာအိုချင်း၊ မီးဓာတ်သဘာဝချင်း၊ လက်နက်ပစ္စည်းချင်း နှိုင်းယှဉ် ယှဉ်ပြိုင်သည့်နေရာတွင် သူသည် အလုံးစုံ ရှုံးနိမ့်ခဲ့တော့၏။

ကျွင်းချောင်ရှောင်းသည် အသာလှမ်းလျှောက်လာပြီးသည့်နောက် ခေါင်းပေါ် လက်နှစ်ချောင်းတင်ကာ အေးအေး ဆေးဆေး ပြောလိုက်၏။ “ခင်ဗျားအခု ဆရာဖန်းကို ကျုပ်ကို ပေးတော့”

“ကျွင်းချောင်ရှောင်း”

မြို့၏ တည်နေရာဆီမှ အော်သံတစ်ခု ထွက်ပေါ်လာတော့သည်။ “မင်းရှာနေတာ ဒီလူလား”

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်လိုက်သည့်နောက်မှာတော့ မှော်ဆရာနှင့် ဆင်တူလှသော အဘိုးအို တစ်ယောက်သည် ဆံပင်များ ရှုပ်ထွေးပွေလီလျက်ရှိနေသော တခြားသော အဘိုးအိုတစ်ယောက်ကို ဆွဲကာ မြို့နံရံ ပေါ်တွင် ရပ်လျက်ရှိနေ၏။

မင်းဆရာသည် အော်ဟစ်လိုက်၏။ “အင်ပါယာကို လွှတ်ပေးမယ်ဆိုရင် ဖန်းရီကျိကို တစ်ခါတည်း ခေါ်သွားနိုင်တယ်”

သူ၏ မကောင်းသည့် အတိတ်နမိတ်များကို ရရှိခဲ့ခြင်းသည် အစစ်အမှန် ဖြစ်ပေါ်လာခဲ့ တော့သည်။ ထို့ကြောင့် သူသည် တန်ဆာခံကို သွားရောက်ခေါ်ဆောင်ကာဖြင့် အခြေအနေမကောင်းသည့် အချိန်တွင် လဲလှယ်ရန် ကြိုတင်စဉ်းစားခဲ့ပြီး ဖြစ်သည်။

“ဒီလူက ကျုပ်လာကယ်တဲ့လူလား”

ဆရာဖန်းသည် သူ၏ ရှုပ်ထွေးပွေလီလျက်ရှိသော ဆံပင်များကို အသာသပ်ကာဖြင့် အော်လိုက်မိ၏။ “စစ်သည်တော်ကြီး.... ကျုပ်က ဖန်းရီကျိပါ။ ကျေးဇူးပြုပြီး ကျုပ်ကို လာကယ်ပါအုံး”

ရုတ်တရက်ဆိုသလိုပဲ သူ၏ မျက်နှာပေါ်တွင်တော့ ရှုပ်ထွေးလှသည့် အမူအရာများ ဖြစ်တည်လာခဲ့တော့သည်။ သူ၏ ခပ်ဝါးဝါး အမြင်အာရုံထဲတွင် အင်ပါယာကျန်းဝေသည် မြေပေါ်တွင် လဲလျက်ရှိနေ၏။ ထို့ပြင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပုံလည်းပေါ်သည်။ ဘေးတစ်ဖက်တွင်ရှိနေသော နဂါးခွန်အားဓားနှင့် နဂါးခွန်အား ချပ်ဝတ်တို့မှာတော့ ..

“ကျိုးပြတ်သွားပြီလား။ ဒီအဘိုးကြီး သေသေချာချာ ဖန်တီးပြုလုပ်ထားတဲ့ လက်နက်နဲ့ ပစ္စည်းတွေက ဒီလိုပဲ ပျက်စီးသွားခဲ့တာလား”

ဝေါ့

ဆရာဖန်းသည် မည်သို့မှ မနေနိုင်တော့ဘဲ သွေးများ အန်ထွက်လာခဲ့သည်။ လက်ရှိအခြေအနေမှာတော့ သူသည် ဤမျှလောက်ခံစားရသည်က သက်သာသည်ဟု ဆိုရမည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တခြားတစ်ဖက်တွင် ကျွင်းချောင်ရှောင်းတစ်ယောက် ဆရာဖန်းဟူသည့် ရေးထိုးထားသည့်လက်နက်များကို တစ်ခုပြီးတစ်ခု ချိုးဖြတ် ခဲ့သည်ကိုသာ သိရှိသည်ဆိုပါက ကျိန်းသေပေါက် တစ်ခါတည်း သတိလစ် မေ့မျောသွားမှာ သေချာတော့သည်။

“ကျိုးပြတ်သွားတာ၊ ကျိုးပြတ်သွားတာဟ”

ဆရာဖန်းသည် နောက်ထပ် သွေးတစ်လုတ် အန်ထုတ်လိုက်၏။

သူ၏ နှလုံးသားထဲတွင်တော့ ပြင်းထန်သည့် ခံစားချက်များ ပြည့်နှက်လျက် ရှိနေသည်။ နဂါးခွန်အားဓားနှင့် နဂါးခွန်အားချပ်ဝတ်တို့သည် အချိန် ကြာမြင့်စွာ ပြုလုပ်ခဲ့ရပြီး နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည့် လက်ရာကောင်းတစ်ခုလည်း ဖြစ်သည်။

ထိုအရာများကို ဖန်တီးသွန်းလုပ်ပြီးသည့်အချိန်မှာတော့ သူသည် သူ၏ပန်းပဲဆရာများကို ပြောခဲ့သေး၏။ “ဒီဓားနဲ့ ချပ်ဝတ်က ကျုပ် ဖန်တီးပြုလုပ်ခဲ့တဲ့ အရာတွေထဲမှာ အားအကောင်းဆုံးသော လက်နက်တွေပဲ။ တစ်စုံတစ်ခုက ဖျက်ဆီးလို့မရနိုင်တဲ့အရာဖြစ်ပြီး တစ်စုံတစ်ခုက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိတဲ့အရာလေ။ ဒါတွေကို နတ်ဘုရားလက်နက်လို့တောင် ခေါ်လို့ရတယ်”

All Chapters