အခန်း (၁၀၅၇ - က)
Vol. 71 Ch. 1057
အား.....
ဆရာဖန်းသည် သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဟန်ဖြင့် အော်ဟစ်လိုက်တော့သည်။ “ဘယ်သူ ဖျက်ဆီး ခဲ့တာလဲ။ ဒါကို ဘယ်သူဖျက်ဆီးခဲ့တာလဲ”
သူ၏ အော်သံသည် မင်းဆရာကိုပင် ထိတ်လန့်တုန်လှုပ်စေပြီး မြို့ရိုးနံရံပေါ်ကပင် ခုန်ချလုမတတ် ဖြစ်သွားစေခဲ့သည်။
“ကြည့်ရတာ သူက တကယ့်ကို ဖန်းရီကျိပဲ”
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူမှာ လက်နက်ဖျက်ဆီးခံရပြီး သည့်နောက်မှာတော့ အလွန်တရာ ဝမ်းနည်းပူဆွေးနေသည့် အသွင်သဏ္ဍာန်များ မျက်လုံးထဲတွင် ပေါ်ပေါက် နေသည်ကို မြင်ရပြီးသည့်နောက်မှာတော့ သေချာသွားခဲ့တော့သည်။ ထိုအမူအရာမျိုးကို အတုပြုလုပ်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။
ဝှစ်
သူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီးသည့်နောက် မြို့ရိုးပေါ်တွင် ပေါ်လာခဲ့သည်။
“........” မင်းဆရာသည် ရုတ်တရက် ဆွံ့အသွားခဲ့၏။ တစ်ဖက်လူအား ဆရာဖန်းနှင့် ခြိမ်းခြောက်ရန်အတွက် သူသည် အကာအကွယ် အစီအရင်များအားလုံးကိုလည်း ဖန်တီးပြုလုပ်ထားခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် အဘယ်ကြောင့် လွယ်လွယ်ကူကူနှင့် အထဲသို့ ဝင်လာရနိုင်သနည်း။
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။
ဖောင်း
မင်းဆရာ၏ မျက်နှာသည် နီရဲသွားပြီးသည့်နောက် တခြားတစ်ဖက်သို့ လွင့်စင်သွားခဲ့သည်။ ၎င်းသည် တန်ဆာခံကို အသုံးပြု၍ ကုန်းရှန့်ကိုပင် ခြိမ်းခြောက်ရဲလျက် ရှိနေသည်။ သေသည်အထိ ရိုက်နှက်မခံရခြင်းကပင် အလွန်တရာ ကံကောင်းနေပြီ ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှင့်ပြီးသည့်နောက် ဆရာဖန်း၏ လက်ထဲတွင် ချည်နှောင်ထားခဲ့သော ချိန်းကြိုးများကို ဖယ်ရှားလိုက်၏။ သူက လေးလေးနက်နက် ပြောလိုသည်။ “ဆရာဖန်း... ကျုပ် ပုလင်းထဲမှာရှိတဲ့ သတင်းစကားကို ရရှိလို့ ကျုပ် ခင်ဗျားကို လာကယ်တာပဲ”
“ကျေးဇူးတင်ပါတယ် စစ်သည်တော်” ဖန်းရီကျိသည် လက်သီးကို ဆုပ်ကာဖြင့် မျက်ရည်များ ကျလျက် ရှိနေတော့သည်။ သူသည် ကျိုးပြတ်သွားသည့် လက်နက်နှင့် ချပ်ဝတ်ကို မြင်ရသည့်အချိန်မှာတော့ မနေနိုင်ဘဲ ငိုယိုမိနေခြင်းပင် ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။ “ဆရာဖန်း... ခင်ဗျားပြောတဲ့စာထဲမှာ ကုန်းမြေတိုက်ကြီး အသက်ရှင် ရပ်တည်နိုင်တဲ့ အကြောင်းအရာနဲ့ပတ်သက်တဲ့ အစီအစဉ်ကြီး တစ်ခုရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
ဖန်းရီကျိသည် အလျင်အမြန်ပဲ မျက်ရည်များကို သုတ်လိုက်ပြီးသည့်နောက် လေးလေးနက်နက်ဖြင့် ပြောလိုက် တော့သည်။ “လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်း များစွာက အထက်နယ်မြေဆီကနေပြီးတော့ နတ်ဘုရားကျောက်တုံး တစ်ခု အရှေ့ပင်လယ်ဆီကို ကျဆင်းလာခဲ့တယ်။ ဒီအရာကို အင်ပါယာကျန်းဝေက ရယူခဲ့တယ်။ ပြီးတော့ ကျုပ်တို့ကိုခေါ်ပြီး ဘယ်လိုသွန်းလုပ်ရမလဲဆိုတာကို ဖန်တီးခဲ့တာပဲ”
ထိုအချိန်မှာတော့ သူ၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားသည်။ “ဟမ်”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ပြီး အသာလှည့်ကြည့်လိုက်၏။ မူလအားဖြင့် အပြင်းအထန် ဒဏ်ရာရရှိ ထားသော အင်ပါယာကျန်းဝေသည် ခြေချိတ်ကာဖြင့် ထထိုင်ရန် ကြိုးစားလျက် ရှိနေ၏။
“ကျွင်းချောင်ရှောင်း”
သူသည် တစ်ပိုင်းတစ်စ ကျိုးလျက်ရှိသော နဂါးခွန်အားဓားတစ်ဝက်အား လွင့်ပစ်လိုက်ပြီး သည့်နောက်မှာတော့ ခေါင်းကိုအသာငုံ့ထားသည်။ ပြီးသည့်နောက်မှာတော့ မှုန်ကုတ်ကုတ် လေသံဖြင့် ပြောလိုက်သည်။ “ဒီဟာကြီးက အဆုံးသတ်သွားပြီလို့ တကယ်ထင်နေတာလား။ ငါ့ကို အနိုင်ယူနိုင်ဖို့ လုံလောက်တဲ့ အားအင်ရှိတယ်လို့ တကယ်တွေးနေတာလား။ ငတုံးပဲ”
ရွှီး
အင်ပါယာကျန်းဝေသည် ရုတ်တရက် လက်ကိုဖြန့်ကားကာ အော်လိုက်၏။ “ဒီနေ့မှာတော့ သေမျိုးလောက ကလူတွေ ကိုးကွယ်လောက်တဲ့ နတ်ဘုရားလက်နက်ဆိုတာ ဘာလဲ ငါပြမယ်”
“ဟမ်”
ဒွီး....
သူ၏နောက်တွင် အလင်းတန်းတစ်ခု ဖြစ်တည်လာပြီးသည့်နောက် ရွှေရောင်အလင်းတန်းကြီးတစ်ခု ဖြစ်တည် လာ၏။ အလွန်ရှည်လျားလှသော လှံတစ်စင်းသည် သက်တန့်ရောင်အလင်းတန်းများ ဖုံးလွှမ်းကာဖြင့် ထွက်ပေါ် လာခဲ့တော့သည်။
“ဒါက... နတ်ဘုရားကျောက်တုံး”
ထိုအရာကိုမြင်တော့ ဖန်းရီကျိသည် ထိတ်လန့်တုန်လှုပ်သွားမိ၏။ “ဒါကို လက်နက်အဖြစ် သန့်စင်နိုင်ခဲ့ပြီလား”
သူနှင့် များပြားလှသော ပန်းပဲဆရာများ အားလုံးသည် အင်ပါယာကျန်းဝေ၏ ဖိတ်ခေါ်မှုဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ လက်ရှိ သူတို့မသွန်းလုပ်နိုင်ခဲ့သော ကျောက်ရိုင်းတုံးကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသော လက်နက်တစ်ခု ဖြစ်တည်နေသည်ကို သိရှိပြီးသည့်နောက် လေးလေး နက်နက်ဖြင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေ မိတော့သည်။ ဤအရာသည် နတ်ဘုရား ကျောက်တုံးဖြစ်သည် မဟုတ်ပါလား။
“အထက်နယ်မြေဆီမှ နတ်ဘုရားကျောက်တုံး”
အင်ပါယာကျန်းဝေသည် သူတို့အား မည်မျှပင် ခိုင်းစေခဲ့သည်ဆိုဆို ဆရာဖန်းတို့သည် ထိုအရာကို မသွန်းလုပ်နိုင်ခဲ့ကြပေ။
“ခင်ဗျားတို့ မသွန်းလုပ်နိုင်တာ သေချာပြီလား”
အင်ပါယာကျန်းဝေသည် ထိုစဉ်အခါက ခြိမ်းခြောက်ခဲ့၏။ ထို့ကြောင့် ဖန်းရီကျိနှင့် တခြားသောလူများ အားလုံးသည် အံကြိတ်ကာဖြင့် ထိုအရာကို လက်နက်အဖြစ် သွန်းလုပ် ခဲ့ကြ၏။ သို့ပေမဲ့ ထိုကျောက်တုံး၏ တန်ပြန်မှုကို မခံစားနိုင်သောကြောင့် ပန်းပဲသမား ခုနှစ်ဆယ်ကျော်တို့သည် သေဆုံးကုန်ကြ၏။ ဤအရာသည် နတ်ဘုရားကျောက်တုံးသာမကဘဲ အသက်သွေးကျောက်တုံးလည်း ဖြစ်လို့နေခဲ့၏။
သူတို့အနေနှင့် ကိုယ်ပိုင်စွမ်းရည်ဖြင့် လက်နက်များကို မသွန်းလုပ်နိုင်သည်ကို သိရှိပြီးသည့်နောက်မှာတော့ အင်ပါယာကျန်းဝေသည် လက်နက်သွန်းလုပ်မည့်အကြံအစည်ကို စွန့်လွှတ်ပြီးသည့်နောက် သူတို့အား နဂါးခွန်အားဓားနှင့် နဂါးခွန်အားချပ်ဝတ်တို့ကိုသာ သန့်စင်သွန်းလုပ်ခိုင်းခဲ့၏။ ယခု အဘယ်ကြောင့် နတ်ဘုရားကျောက်တုံးဖြင့် သွန်းလုပ်ထားသည့်အရာတစ်ခု ဖြစ်ပေါ်လာရသနည်း။
အထက်နယ်မြေဆီမှ ကျောက်ရိုင်းတုံးတစ်ခုဖြစ်သည်မို့ လက်နက်များ သွန်းလုပ်ရာတွင် အလွန်တရာ ကောင်းမွန် လှသည့်အရာမျိုးဖြစ်မှာသေချာ၏။ ထိုအရာနှင့်သာ ဖန်တီးပြုလုပ်နိုင်မည်ဆိုလျှင် နတ်ဘုရားအဆင့် လက်နက်မျိုး ဖြစ်ပေါ်လာမှာ သေချာတော့သည်။
လက်ထဲတွင် နတ်ဘုရားအဆင့်လက်နက်ကို ကိုင်ဆောင်ထား၏။ ထိုအရာ သည် အရှေ့ဘက်ပင်လယ်ဒေသထဲကိုပင် မဆိုထားနှင့် ရန်ကျူးတစ်နယ်လုံးဆီသို့သွား၍ ယှဉ်ပြိုင်တိုက်ခိုက်မည် ဆိုလျှင်ပင် တစ်ဦးတည်းသော အုပ်စိုးသူတစ်ယောက် ဖြစ်လာမှာ သေချာ၏။
မိမိကိုယ်ကို အင်ပါယာဟု ခေါ်ဝေါ်သုံးနှုန်းတတ်သည့် လူတစ်ယောက် အနေဖြင့် လုံလောက်သည့် အားအင်အဆင့် နှင့် ရည်မှန်းချက်လည်း တည်ရှိလို့နေခဲ့သည်။ သူ့အနေနှင့် ထိုလှံကို အမှီအခိုပြုကာဖြင့် ကြယ်ကြွေကုန်းမြေတိုက် ကြီးတစ်ခုလုံးကို ထိန်းချုပ်ကာ ခေတ်သစ်ကြီးတစ်ခုကို ထူထောင်ချင်နေမိသည်။
ဆရာဖန်းမှာတော့ ထိုလက်နက်ကြီးကို ကြည့်ရှု၍ ဝေခွဲမရသည့် စိတ်ခံစားချက်ဖြင့် ရှိနေသည်။ နတ်ဘုရားအဆင့် ကျောက်တုံးကို မသန့်စင်နိုင်ခြင်းကလည်း ကျေးဇူးတင်စရာပင် ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ သူနှင့်အတူ လိုက်ပါ လာခဲ့သော ကျော်ကြားလှသည့် ပန်းပဲဆရာ တော်တော်များများသည် ထိုနတ်ဘုရားကျောက်တုံးကြီးကို သွန်းလုပ်ရင်း သေဆုံးခဲ့ကြ၏။
“ကပ်ဘေးကြီး... ကပ်ဘေးကြီးက လာပြီပဲ”
ဖန်းရီကျိသည် စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ပြောလိုက်မိ၏။ “ကပ်ဘေးက တကယ့်ကိုလာပြီ”
သူသည် အင်ပါယာကျန်းဝေနှင့် အကြိမ်ပေါင်းများစွာ ထိတွေ့ဆက်ဆံဖူးသူ ဖြစ်သောကြောင့် ထိုလူသည် လုံးဝ ရူးသွပ်နေသည့်လူတစ်ယောက်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ အလုံးစုံသော အားအင်အဆင့်များကို ပိုင်ဆိုင်မည်ဆိုပါက တစ်လောကလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြုလုပ်တော့မှာ သေချာသည်။
ဟူး ဟူး ဟူး
ဟား ဟား ဟား ဟား
အင်ပါယာကျန်းဝေ၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင်လွင့်လျက်ရှိ၏။ သူ့အားကြည့်ရသည်မှာ အလုံးစုံ ရူးသွပ်သွားသည်နှင့် ဆင်တူ၏။ “နတ်ဘုရားအဆင့် လက်နက်တစ်ခုရဲ့ အရှေ့မှာ မင်းတို့က ပုရွက်ဆိတ်လေးတွေလိုပဲ”
ကျွင်းချောင်ရှောင်းသည် ထိုအချိန်မှာတော့ တွေဝေငေးငိုင်လျက်ရှိ၏။ ရောင်စုံလှံကြီး ပေါ်လာပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းသည် ဖိအားများ ပေါ်ပေါက်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်သည် အလုံးစုံ ချုပ်နှောင်ခြင်းကို မခံရဘူးဆိုသော်လည်း ကြီးမားသည့်ဖိအားဓာတ်ကိုတော့ ခံနေရ၏။
စနစ်က ပြောလိုက်သည်။ “ဒီလှံကြီးက တကယ့်ကို နတ်ဘုရားအဆင့်နဲ့ အထက်ပဲ”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “ငါ့ရဲ့လောကလက်ချောင်းက နတ်ဘုရားအဆင့်အထက်ပဲလေ။ ဘာလို့ ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ရာမျိုး ထွက်ပေါ်မနေတာလဲ”
စနစ်က ပြောလိုက်သည်။ “လက်နက်တွေမှာလဲ အဆင့်အတန်းတွေ ရှိသေးတယ်လေ။ နတ်ဘုရားအဆင့်နဲ့အထက် ဆိုပေမဲ့ အဲအဆင့်နဲ့အထက်ရဲ့ တစ်လား၊ နှစ်လား၊ သုံးလား။ ဒါမျိုးတွေ ရှိအုံးမှာပေါ့”
ကျွင်းချောင်ရှောင်းက နားလည်သွားမိ၏။ သူ၏ လောကလက်ချောင်းသည် နတ်ဘုရားအဆင့်နှင့်အထက် လက်နက်တစ်ခု ဖြစ်သည်ဆိုသော်လည်း ဤလှံကြီးလောက်တော့ အားမကောင်းလှချေ။
“ချီးတဲ့မှ...”
ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ “ဒါဆိုရင် သောက်ပြဿနာပဲဟ”
အလွန်အားကောင်းလှသော ဖိအားများသည် လှုပ်ရှားမှု ပြုလုပ်လိုက်တိုင်း သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလျက် ရှိသည်။ တစ်ဖက်လူသည် ထပ်မံကာ တိုက်ခိုက်လိုက်မည်ဆိုပါက အခြေအနေ တစ်ခုလုံးသည် ပြောင်းလဲသွားမှာ သေချာတော့၏။
“အန္တရာယ်ပဲ” ဤခံစားချက်သည် သူ၏ နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့၏။ သူသည် ဝိညာဉ်ကူးပြောင်းလာခဲ့ပြီး စနစ်ကို အသက်သွင်းနိုင်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် အားကောင်းလှသော ရန်သူနှင့် ရင်ဆိုင်ရာတွင် စွမ်းအားမဲ့သည့် ခံစားချက်မျိုးကို ရရှိခြင်းပင်ဖြစ်သည်။
စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ ခရီးက ချောမွေခဲ့တာလေ။ အခုအချိန်မှာတော့ ဖိအားဒဏ်ကို ခံနေရပြီ”
“ချီးတဲ့မှ.... တော်စမ်း”
ထိုအချိန်မှာတော့ အင်ပါယာကျန်းဝေသည် သူ၏ လက်တစ်ဖက်ကို မြှောက်ပြီးသည့်နောက် လက်နက်ကြီးကို အသာ ဆွဲကိုင်လိုက်တော့သည်။ ပြင်းထန်လွန်းလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်လာပြီးသည့်နောက် တည်နေရာကြီးတစ်ခုလုံးအား တဟုန်းဟုန်းနှင့် တုန်ခါလျက် ရှိနေ၏။
ဟူး ဟူး …။
သူသည် ရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် လှံကြီးအား လွှဲကာ မြှောက်လိုက်သည်။
ဝေါ့ ဝေါ့ ……။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများသည် သွေးများပင် အန်ထွက်လာခဲ့၏။
ကြောက်မက်ဖွယ်ရာ ကောင်းလှသော အရှိန်အဟုန်ကြောင့် ၎င်းတို့သည် သန်မာအားကောင်းလှသည့် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ကြသည် ဆိုလျှင်တောင်မှ ဤအော်ရာများသည် ၎င်းတို့၏ မရီဒန်များကို ထိခိုက်စေခဲ့တော့သည်။ ပြိုင်စံရှားဂိုဏ်းတပည့် များသည် အားကောင်းလှပါသည် ဆိုသော်လည်း ဤပြင်းထန်လွန်းလှသော လက်နက်ကြီး၏ အော်ရာအောက် မှာတော့ မည်သို့မှ မခံစားနိုင်ခဲ့ကြချေ။
အထက်နယ်မြေမှ ကျဆင်းလာခဲ့သော ကျောက်တုံးဖြင့် ဖန်တီးပြုလုပ်ထားသည့် နတ်ဘုရားလက်နက်ကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။
သက်တန့်ရောင် အလင်းတန်းများသည် တည်နေရာကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ပစ်မှတ်ထားခြင်း ခံရသော ကျွင်းချောင်ရှောင်းသည် အလှမ်းဝေးကွာနေသည်ဆိုသော်လည်း ကြီးမားလှသည့် ဖိအားဒဏ်ကိုတော့ ခံနေရသည်။
လှံကြီးဖြတ်သန်းလာရာ လမ်းတလျှောက်မှာတော့ အရာအားလုံး ပျက်စီးခြင်းကို ဖြစ်စေသည်။ မြို့၏နံရံထက်တွင် ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် စက်အတောင်ပံကို အသက်သွင်းလိုက်၏။ ပြီးသည့်နောက်မှာတော့ အော်ရာများ၏ ချုပ်နှောင်ခံထားရမှုမှ ရုတ်တရက် ခုန်ထွက်လိုက်၏။