← Chapters

အခန်း (၁၀၅၇ - ခ)

Vol. 71 Ch. 1057

အခန်း (၁၀၅၇ - ခ)

Vol. 71 Ch. 1057

ကျွင်းချောင်ရှောင်းသည် လေထဲသို့ ခုန်တက်လိုက်သည်။

ဆွစ်

သူသည် ညာဘက်လက်ကို မြှောက်ကိုင်ပြီးသည့်နောက်မှာတော့ စည်းဓားမော့ကြီး ပေါ်လာတော့သည်။

ချွမ်

ထိုအချိန်မှာတော့ စည်းဖွင့်ခြင်း အဆောင်ကို ချိုးချေပြီးသား ဖြစ်တော့၏။ အလုံးစုံ အားကောင်းလှသော အော်ရာ များသည် စည်းဓားမော့ကြီးဆီမှ ထွက်ပေါ်လာတော့သည်။ ဓားမော့ကြီးပေါ်တွင်တော့ ကြမ်းတမ်းလွန်းလှသော မီးတောက်များသည် တဟုန်းဟုန်းနှင့် တောက်လောင်လျက်ရှိပြီး စာလုံးဆယ့်ခြောက်လုံးသည် တစ်ခုချင်းစီ ပေါ်ပေါက်လာခဲ့၏။

စနစ်က ဆွံ့အသွားသည်။ “စည်းဖွင့်ခြင်းအဆောင်ကို ချက်ချင်း ချိုးချေပစ်တာ ပထမဦးဆုံး မြင်ဖူးတာပဲ”

သူ့အနေနှင့် ဤစည်းအဆောင်ကို ချက်ချင်း ချိုးချေခြင်းသာ မပြုလုပ်ပါက မည်ကဲ့သို့ ယှဉ်ပြိုင် တိုက်ခိုက်ရ မည်နည်း။

ကျွင်းချောင်ရှောင်းသည် သက်တန့်ရောင်အလင်းတန်းများ ပေါ်နေရာဆီသို့ ခုန်သွားပြီးနောက် ၎င်း၏ ဓားကြီးဖြင့် ဒေါသတကြီး ခုတ်ပိုင်းကာ တိုက်ခိုက်တော့သည်။ “ငါ့ဆီမှာလည်း နတ်ဘုရားလက်နက် ရှိတယ်ကွ”

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

စည်းဓားမော့၏ အော်ရာများသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ လေဟာနယ်ကြီး တစ်ခုလုံးသည် အော်သံကြီးကဲ့သို့ပင် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပဲ အလုံးစုံသော ထိန်းချုပ်နိုင်မှု စွမ်းအားများ ပျံ့နှံ့သွားပြီးသည့်နောက် သက်တန့်အလင်းများနှင့် ဓားမော့ကြီးသည် ထိပ်တိုက်တွေ့ဆုံတော့သည်။

ဝုန်း

ကြီးမားလှသည့် ဓားအော်ရာကြီးသည် တည်နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အားအင်နှစ်ခုသည် လေထုထဲတွင် ထိပ်တိုက် တွေ့ဆုံပြီးသည့်နောက် ပတ်ဝန်းကျင်တစ်ခုလုံး သည် ကွဲအက်ခြင်း အခြေအနေသို့ ရောက်ရှိကုန်၏။

ဘန်း ဘန်း ဘန်း ဘန်း ……။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် အနောက်သို့ ဆုတ်ခွာပြီးသည့်နောက် မြို့၏နံရံနှင့်ပင် သွား၍ ရိုက်မိကြ၏။ လက်ကျန်အားအင်သည် အလွန်အားကောင်းလွန်းလှ၏။ ထို့ကြောင့် မြို့နံရံကြီးများပင်လျှင် ပြိုကျလျက်ရှိနေ၏။

ဂျိန်း

မြို့၏ အရှေ့ဘက်ဂိတ်တံခါးကြီးသည် ပြိုလဲသွားခဲ့၏။ မြို့ထဲတွင်တော့ အားကောင်းလှသော စွမ်းအင်လှိုင်းကြီး သည် သက်ရောက်လာပြီးသည့်နောက် မြို့ထဲရှိ အဆောက်အဦများသည် တဝုန်းဝုန်းနှင့် လှုပ်ခါနေ၏။

“အဖေ... အမေ.. သားကြောက်တယ်” ကလေးများသည် ထိတ်လန့်တကြားဖြင့် အော်ဟစ်လျက် ရှိနေကြသည်။ ၎င်းတို့သည် ၎င်းတို့မိဘများ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ကြသည်။

တည်နေရာတွင် မတ်မတ်ရပ်နေကြသော စစ်သည်ပေါင်းတစ်သိန်းကျော်သည်လည်း ထိတ်လန့်တကြားဖြင့် ဖြစ်နေကြ၏။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးများတော့ ၎င်းတို့သည် ခေါင်းစွပ်များကို ချွတ်ကာဖြင့် အင်ပါယာအား ဦးညွတ်ချင်စိတ်များပင် ပေါက်မိနေကြ၏။

သို့ပေမဲ့ ၎င်းတို့ မတွေးတောနိုင်၊ မမြင်နိုင်သည့် အရာတစ်ခုတော့ ရှိနေသေး၏။ ၎င်းတို့ လေးစားရပါသည်ဆိုသော အင်ပါယာ ကျန်းဝေသည် မြို့ကြီးအား ဖျက်ဆီးနေသည့်လူ ဖြစ်နေခြင်းပင်။ လက်နက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်ဖြစ်သောကြောင့် သေမျိုးများ ဖန်တီးထားသောမြို့သည် မည်ကဲ့သို့ ခံနိုင်ရည် ရှိမည်နည်း။

ဆွစ်

ထိုအချိန်မှာတော့ ရွှေရောင်အလင်းတန်းများသည် မြို့၏ အပြင်ဘက်ဆီမှ ဖြစ်တည်လာပြီး ရှောင်ကျီသည် မြို့၏ နံရံကြီးတစ်ခုလုံးအား ၎င်း၏ နတ်ဘုရားရတနာဖြင့် ကာကွယ်ထားလိုက်သည်။

“တောရိုင်းစည်း”

ဟူး ဟူး

ကွဲအက်လျက်ရှိနေသော မြို့၏ မြေပြင်တစ်ခုလုံးတွင် အလွန်ခိုင်မာလွန်းလှသော မြေဓာတ်နံရံကြီးသည် ဖြစ်တည် လာပြီးသည့်နောက်မှာတော့ အရာအားလုံးကို ကာကွယ်တော့၏။

ဒွီး ဒွီး

ရီရှင်းချန်သည်လည်း ပျံသန်းလာပြီးသည့်နောက် သူ၏ လက်များသည် စည်းသင်္ကေတများကို ဖန်တီးပြုလုပ်ကာ မြေဓာတ်နံရံတစ်ခုကြီးစီ၏ မျက်နှာပေါ်တွင် ရှစ်ထောင့်ပုံ ပုံပန်းသွင်ပြင်များ ဖြစ်တည်လာခဲ့တော့သည်။

ဆွစ် ဆွစ်

အလွန်အားကောင်းလှသော ပေါက်ကွဲမှု အရှိန်အဟုန်များသည် တည်နေရာကို လွှဲယူတော့၏။

..........

တိုက်ပွဲ၏ တည်နေရာဆီသို့ ပြန်လည်ကြည့်ရှုရမည်ဆိုလျှင် ခုနှစ်ရောင်အလင်းတန်းများအားလုံးသည် တည်နေရာ ကို ဖြတ်သန်းပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ချက်များကို ဖြစ်တည် တေစ်ဖက်လူဆီတွင် နတ်ဘုရားလက်နက် တည်ရှိနေသည်ကို သိရှိပြီးသည့်နောက်မှာတော့ အင်ပါယာကျန်းဝေသည် ထိတ်လန့်တုန်လှုပ်မိသည်ဆိုသော်လည်း ၎င်း၏ လက်နက်ကြီးကို ကိုင်ကာဖြင့် ကြမ်းကြမ်းတမ်းတမ်း ပြန်လည် တိုက်ခိုက်ခြင်းကို ပြုမူတော့၏။

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းပဲ ၎င်းတို့နှစ်ယောက်၏ တိုက်ခိုက်မှုသည် ပြန်လည်ကာ ဖြစ်တည်လာခဲ့သည်။ လက်နက်ချင်း ထိတွေ့သံသည် ကျယ်လောင်လှသည့်အသံကြီးအဖြစ် မြို့ကြီးထဲတွင်ပင်လျှင် ဟိန်းထွက်လျက်ရှိနေတော့သည်။

ကျွင်းချောင်ရှောင်းနှင့် အင်ပါယာကျန်းဝေတို့၏ တိုက်ခိုက်မှုကို အဆင့်အတန်း ခွဲခြားရမည်ဆိုလျှင် သူတော်စင် အဆင့် တိုက်ပွဲတစ်ခုဖြစ်သော်လည်း ၎င်းတို့၏ ဝှက်ဖဲများကို ထုတ်ဖော်အသုံးပြုသည့်အချိန်မှာတော့ အင်ပါယာ အဆင့် တိုက်ပွဲကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။ တည်နေရာကြီးတစ်ခုလုံး ကွဲအက်သွားသည်ကို မဆိုနှင့် ၎င်းတို့ တိုက်ခိုက်နေသည့် ပေတစ်ထောင် ပတ်ဝန်းကျင် တစ်ခုလုံးသည် စုတ်ပြတ်သတ်လျက် ရှိနေ၏။

ဘုန်း ဘုန်း ဘုန်း ….။

တိုက်ခိုက်မှု အရှိန်အဟုန်သည် ပိုမိုမြန်ဆန်လာပြီးသည့်နောက်မှာတော့ ဖြစ်ပေါ်လာသည့် အားအဟုန်သည် လည်း ကြမ်းတမ်းလာခဲ့သည်။

ရီရှင်းချန်သည်ပင်လျှင် ထိခိုက်ခံစားမှုကို ရရှိခဲ့၏။ သူ့အနေနှင့် စကြဝဋ္ဌာ ပြောင်းပြန် လည်ခြင်း နည်းစနစ်ကို ထုတ်ဖော် အသုံးပြု၍ မရနိုင်တော့ချေ။ ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးများအားလုံးသည် ပြောင်းပြန် ဆန်တက်ပြီးသည့်နောက် အော်လိုက်၏။ “အကိုရှောင်... ဒီကိစ္စကို တာဝန်ယူလိုက်တော့”

ရှောင်ကျီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အဖြစ်သို့ ပြောင်းသွားသည်။ သူက အော်လိုက်သည်။ “လာစမ်း”

ဘုန်း ဘုန်း ဘုန်း

ရောက်ရှိလာခဲ့သော စွမ်းအင်များအားလုံးကို တောရိုင်းခန္ဓာကိုယ်သည် ကာကွယ်ခြင်းကို ပြုမူတော့၏။ သို့ပေမဲ့ ဖြစ်တည်လာခဲ့သော စွမ်းအင်လှိုင်းများ၏ သက်ရောက်မှုသည် အလွန် ကြမ်းတမ်းလွန်းသောကြောင့် ရှောင်ကျီ၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။

သို့ပေမဲ့ ဤအရာမှာ စွမ်းအင်လှိုင်းသက်ရောက်မှု အကြိမ်အနည်းငယ်သာလျှင် ရှိနေသေး၏။ ဆက်လက်ကာ ခုခံနိုင်ဖို့ဆိုသည်မှာ မသေချာလှပေ။

ဝှစ် ဝှစ်

လီချင်းယန်နှင့် ဟယ်ဝူတီတို့သည် လျင်လျင်မြန်မြန်နှင့် ရောက်လာပြီးသည့်နောက် ၎င်းတို့၏ လက်ဝါးများကို မြှောက်ကာဖြင့် ရှောင်ကျီ၏ အနောက်ဘက်ဆီမှ စိတ်ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပံ့ပိုးမှုကို ပြုလုပ်တော့၏။

မြို့သူ၊ မြို့သားများနှင့် စစ်သည်များအားလုံးတို့သည် ၎င်းတို့အား ဒုက္ခခံကာ ကာကွယ်ပေးလျက်ရှိနေသည့် သိုင်း ကျင့်ကြံသူ လေးယောက်ကို ကြည့်နေရင်း နဝေတိမ်တောင် ဖြစ်မိနေကြသည်။

“အဖေ... အမေ...”

ကလေးငယ် တစ်ယောက်သည် အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်သည်။ “ဟိုအစ်ကိုကြီး လေးယောက်က သားတို့ကို ကာကွယ်ပေးနေတာပဲ”

ဤစကားလုံးသည် မြို့ထဲတွင်ရှိနေသော မိဘများနှင့် စစ်သား များ၏ နှလုံးသားထဲသို့ တိုးဝင်သွားခဲ့တော့၏။

ဘုန်း ဘုန်း ဘုန်း

မြို့၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် အင်ပါယာကျန်းဝေတို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက် ရှိနေကြ၏။ တိုက်ပွဲသည် စကားလုံးများနှင့် ဖော်ညွှန်း၍ မရအောင်လောက်အောင်ပင် ကြမ်းတမ်းလွန်း၏။ ဤအဆင့် တိုက်ခိုက်ပွဲများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ဝုန်း

တိုက်ကွက် ဆယ်ကွက်လောက် တိုက်ခိုက်ပြီးသည့်နောက် အင်ပါယာကျန်းဝေသည် သူ၏လှံအား ရှေ့သို့ တည့်တည့်ထားပြီးသည့်နောက်မှာတော့ အနောက်ဘက် မီတာတစ်ထောင်လောက်ဆီသို့ ဆုတ်ခွာလိုက်၏။

ဝေါ့

သူသည် သွေးများ အန်ထွက်လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် မည်သည့် သက်ညှာမှုကိုမှ မပြသခဲ့ချေ။ စည်းဓားမော့ကြီးကို ကိုင်ဆွဲကာဖြင့် အရှေ့ဆီသို့ ပျံသန်းလာပြီးသည့်နောက် ကောင်းကင်ယံထက်တွင် ရေတွက်လို့ မရနိုင်လောက်သည့် ဓားရိပ်ဓားယောင်များ ဖြစ်တည်ဖန်တီးကာဖြင့် ခုတ်ပိုင်းခြင်းကို ပြုမူတော့၏။

အင်ပါယာ ကျန်းဝေသည် လှံကြီးကို မြှောက်ကာဖြင့် ခက်ခက်ခဲခဲ ကာကွယ်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

ဖုန်များ တလိပ်လိပ် ဖြစ်တည်ပြီးသည့်နောက်မှာတော့ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးကို မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်၏။ သူ၏ အမဲရောင် ဆံနွယ်များသည် လေထဲတွင် လွင့်လျက် ရှိသည်။ နဖူးပေါ်တွင်တော့ ကြီးမားလှသည့် ချွေးသီးချွေးပေါက်များ ကျလျက်ရှိပြီး သူ၏ မျက်နှာသည် ခက်ထန်လျက်ရှိသည်။ သူသည် အားအကောင်းဆုံးသော ဝှက်ဖဲတစ်ခုကို ဆက်တိုက် ထုတ်ဖော် အသုံးပြုပြီးသည့်နောက်မှာတော့ အလွန်တရာ ခက်ခဲလှသည့် တိုက်ခိုက်ပွဲကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိသာ ထင်ရှားနေတော့သည်။

သို့ပေမဲ့ ထိုက်တန်လွန်းလှ၏။ အဘယ့်ကြောင့်ဆိုသော ဖုန်မှုန့်များ လွင့်စင်သွားပြီးသည့် နောက်မှာတော့ အင်ပါယာကျန်းဝေသည် မတ်မတ်ရပ်လျက် ရှိနေ၏။ သူ၏ရှေ့၌ လှံကြီး တည်ရှိနေသည် ဆိုသော်လည်း ခန္ဓာကိုယ်မှာတော့ ကွေးညွတ်လျက် ရှိနေသည်။ သူ၏ လှံ ကိုင်ဆောင်ထားရာ လက်ခွဆုံ နေရာမှ သွေးများ ယိုစီးလျက် ရှိနေ၏။

ဘုတ်

သူသည် ပျော့ခွေစွာဖြင့် ဒူးထောက်ထိုင်ချလိုက်၏။ စောနတုန်းက တိုက်ပွဲမှာကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိပြီးသားဖြစ်၏။ သို့ပေမဲ့ လက်ရှိ နတ်ဘုရားအဆင့်အထက် လက်နက်တစ်ခု၏ ထောက်ပံ့မှု ရရှိထား သည်ဆိုလျှင်တောင်မှ သူသည် မခုခံနိုင်ခဲ့တော့ချေ။ အလွန်အမင်း မောပန်း၍ အားနည်းလျက် ရှိနေတော့သည်။ ထို့ကြောင့် သူသည် ကျွင်းချောင်ရှောင်းကို ထပ်မံကာ ရှုံးနိမ့်ခဲ့ရပြီဖြစ်သည်။

“ဒီတစ်ကြိမ်မှာတော့ အမှန်တကယ် ပြီးသွားပြီပဲ”

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ တစ်လှမ်းချင်း လှမ်းတက် လာခဲ့၏။ သူ၏မျက်လုံးထဲမှာတော့ သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်နှက်လျက် ရှိနေတော့သည်။ “ခင်ဗျား... ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူလိုက်တော့”

မြို့နှင့် အထဲတွင် ရှိနေသော မြို့သူ၊ မြို့သားများ၏ အသက်ကို တစ်ချက်ကလေးမှ ဂရုမစိုက်တတ်သော ဤကြမ်းတမ်းလွန်းလှသည့် အင်ပါယာသည် အလုံးစုံ သတ်ဖြတ်ရန် ထိုက်တန်လွန်းလှသော လူတစ်ယောက် ဖြစ်နေ၏။ “ပြီးသွားပြီ”

“ပြီးသွားပြီ ဟုတ်လား”

အင်ပါယာကျန်းဝေသည် ခေါင်းကို ခက်ခက်ခဲခဲဖြင့် မော့လိုက်၏။ သူ၏ မျက်လုံးထဲ တွင်တော့ ရူးသွပ်နေသည့်အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူသည် နာနာကျင်ကျင်ဖြင့် ပြုံးကာ ပြောလိုက်သည်။ “မ... မပြီးသေးဘူး။ ဆရာ... ကျုပ်ရဲ့ အင်ပါယာခန္ဓာကိုယ်ကို ယူပြီးတော့ စိတ်လိုလက်ရ အသုံးပြုပါတော့”

ဝှစ် ဝှစ်

ချက်ချင်းပဲ အထူးလီမီးနည်းစနစ်၏ ဖိနှိပ်မှုသည် မရှိတော့ချေ။ ထို့ကြောင့် ခန္ဓာကိုယ်၏ အတွင်းထဲတွင် ပုန်းအောင်းလျက်ရှိနေသော ဝိညာဉ်သည် ရုတ်တရက် ထွက်ပေါ်လာပြီးသည့်နောက် ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအင်များသည် ၎င်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့တော့သည်။

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းသည် အသာထ၍ အော်လိုက်မိ၏။ “ဒီကောင့်ဆီမှာ ဝှက်ဖဲရှိနေသေးတာလား”

ဝှစ် ဝှစ် ဝှစ်

အင်ပါယာကျန်းဝေ၏ အားနည်းလွန်းလှသော မျက်လုံးများသည် ရုတ်တရက် ဆိုသလိုပဲ လင်းထိန်လာ၏။ မူလ အားဖြင့် အေးစက်လျက်ရှိနေသော မျက်လုံးထဲတွင်တော့ အစိမ်းရောင်ဓာတ်သဘာဝများ ဖြစ်တည်လာခဲ့တော့ သည်။ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း မြက်ပင်ကဲ့သို့သော အစိမ်းရောင်ဓာတ်သဘာဝများ ဖုံးလွှမ်းလာခဲ့၏။

“ဒီအော်ရာ... ဒီအော်ရာ”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားတော့၏။ သူသည် အံ့အားသင့်ဝမ်းမြောက်စွာဖြင့် ထ၍အော်လိုက်မိသည်။ “ဒါ ဝိညာဉ်မျိုးနွယ်ပဲ”

All Chapters