← Chapters

အခန်း (၁၀၅၉)

Vol. 72 Ch. 1059

အခန်း (၁၀၅၉)

Vol. 72 Ch. 1059

အင်ပါယာကျန်းဝေသည် သတ်ဖြတ်ခံလိုက်ရ၏။ ဒုတိယမြောက်ဟွိုင်သည်လည်း ဖမ်းဆီးခြင်းကို ခံလိုက်ရတော့ သည်။ များပြားလှသော အပိုင်းများအဖြစ် ရေးသားထားခဲ့ရသော ဤတိုက်ပွဲသည် နောက်ဆုံး၌ ပြီးဆုံးသွားပြီဖြစ်၏။

အစစ်အမှန် ဆရာကြီးသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ထဲသို့ ရောက်ရှိနေပြီဖြစ်၏။ ထို့အပြင် ဘာမှပင် မလုပ်လိုက်ရသေးချေ။ ဖမ်းဆီးခံလိုက်ရခြင်းပင်ဖြစ်၏။ ဆိုးရွားလွန်းလှသည်။

ထို့ထက်ပို၍ ဆိုးရွားလွန်းလှသည်မှာ လက်ရှိအခြေအနေမှာတော့ သူသည် ကောင်းကင်မူလ ဝိညာဉ်ဖိနှိပ်ခြင်း စေတီထဲတွင် ရောက်ရှိနေပြီး ပထမဟွိုင်အား ကြည့်ရှုလျက် ရှိနေ၏။ ဟွိုင်နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုပြီးသည့်နောက် မျက်လုံးထဲတွင် မျက်ရည်များပင် လည်လျက် ရှိနေ၏။

“မင်း”

“မင်း”

၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုချင်သည်ဆိုသော်လည်း ရပ်တန့်လိုက်ကြ၏။ အစစ်အမှန်မှာတော့ တစ်ယောက်နှင့်တစ်ယောက်ဖက်ကာ ငိုချင်စိတ်ပင်‌ ပေါက်မိနေကြသည်။

အောင်မြင်မှုအရ ဆိုလျှင် ဒုတိယဟွိုင်သည် ပထမဟွိုင်ထက် ပိုမိုကာ အားကောင်းလွန်းလှ၏။ အနည်းဆုံးတော့ သူသည် တိုင်လု ထက်ပိုမိုကာ အားကောင်းသည့် ပစ်မှတ်ကို ရွေးချယ်ရယူနိုင်စွမ်းရှိခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ တူတူပင် ဖြစ်သည်။ ထို့ကြောင့် မည်မျှကောင်းမွန်သည့်အရာမျိုးကို လုပ်လုပ်၊ နောက်ဆုံးတွင်တော့ ရှုံးနိမ့်ခဲ့ခြင်းကိုသာ ရရှိခဲ့သည်ဟု သုံးသပ်ရမှာဖြစ်၏။

ဝှစ် …….။

ကြာပွတ်ရိုက်သံတစ်ချက် ထွက်ပေါ်လာပြီးသည့်နောက် နာကျင်မှုသည် ဟွိုင်၏ ဦးနှောက်ထဲ၌ ဖြစ်တည်လာခဲ့ သည်။

အား.....

ဒုတိယမြောက်ဟွိုင်သည် ခေါင်းကိုဆုပ်ကိုင်ကာဖြင့် အော်ဟစ်လိုက်၏။ သူသည် မြေပေါ်တွင် လဲလျောင်းပြီးနောက် လှိမ့်လျက်ရှိနေ၏။

ဖြောင်း ဖြောင်း ဖြောင်း

အားရာလေးသည် ရိုက်နှက်ရာတွင် တကယ်ပင် ကျွမ်းကျင်လွန်းလှ၏။ ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို ဝှေ့ယမ်းပြီး သည့်နောက် သူမ၏ ဗာဒံစေ့ ပုံစံမျက်လုံးများနှင့် စူးစိုက်ကြည့်ကာ ပြောလိုက်တော့သည်။ “ပြောမှာလား၊ မပြောဘူးလား”

“ပြောပါမယ်။ ပြောပါမယ်”

“ဒါနဲ့ ဘာပြောရမှာလဲ” ဒုတိယမြောက်ဟွိုင်သည် အဆုပ်ကွဲမတတ် အော်ဟစ်ကာ မေးမြန်းလိုက်၏။

အားရာသည် ရုတ်တရက် ရပ်တန့်သွား၏။ ပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “သခင်... သူ့ကို ဘာပြောခိုင်းမှာလဲ”

စနစ် “...”

ဘာမေးရမှန်းတောင် မသိဘဲနှင့်တောင် ရိုက်နှက်ခြင်းကို အခုကတည်းက ပြုမူနေပြီဖြစ်သည်။ လက်ခံသူ၏ လက်နက်စိတ်ဝိညာဉ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ကျွင်းချောင်ရှောင်းမှာတော့ ပထမဟွိုင်၏ ကျောပေါ်တွင် တက်ထိုင်ကာ ပြောလိုက်တော့သည်။ “အရှေ့ပင်လယ် ထဲမှာ ခင်ဗျားတို့ မျိုးနွယ်တွေ ထပ်ရှိသေးလား”

ဤတစ်ကြိမ်မှာတော့ သူသည် ပင်လယ်ကို ဖြတ်သန်း၍ ရောက်ရှိလာခြင်းမှာ ဆရာဖန်းကို လာရောက်ကယ်တင် ခြင်းပင်ဖြစ်သည်။ အမှတ်မထင်ဆိုသလို ဟွိုင်အား ဖမ်းဆီးမိခဲ့ခြင်းသာ ဖြစ်တော့သည်။ ဤအရာမှာ မထင်မှတ် ထားသည့် အောင်မြင်မှုတစ်ခုသာ ဖြစ်တော့သည်။ တတိယနှင့် စတုတ္ထဟွိုင်များ အားလုံးကိုသာ ရှာဖွေတွေ့ရှိ နိုင်မည်ဆိုပါက ပိုမိုကာ ကောင်းမွန်ပေလိမ့်မည်။

“မရှိတော့ဘူး။ ကျုပ်တစ်ယောက်တည်းပဲ”

ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်၏ ပထမဦးဆုံး အတွေ့အကြုံကို ခံယူပြီး သည့်နောက်မှာတော့ ဒုတိယမြောက်ဟွိုင်သည် နာကျင်မှုကြောင့် သေဆုံးပစ်လိုက်ချင်စိတ်ပင် ပေါက်နေမိ၏။ ထို့ကြောင့် သူသည် တစ်ချက်လေးမှ ပုန်ကန်ခြင်းကို မပြုဘဲ မှန်မှန်ကန်ကန်ဖြင့် ပြောဆိုနေခြင်းပင်ဖြစ်တော့၏။

“ခင်ဗျားသေချာလား”

“သေချာတာပေါ့”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက် ပြောလိုက်၏။ “အားရာ... ဒီကောင်တွေကို သန့်စင်သွားတဲ့ အခြေအနေထိရောက်တဲ့အထိ မင်းတာဝန်ထားလိုက်တော့မယ်”

“ကောင်းပါပြီ”

အားရာသည် စစ်သားတစ်ယောက်ကဲ့သို့ အလေးပြုလိုက်တော့သည်။ “တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ပါ့မယ်”

ဖြောင်း ဖြောင်း ဖြောင်း ……။

အား .......

ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်၏ ရိုက်နှက်မှုနှင့်အတူ ကြောက်ခမန်းလိလိ အော်ဟစ်လျက်ရှိသော နာကျင်ဖွယ်ရာ အသံဆိုးကြီးကလည်း ဆက်တိုက်ဆိုသလိုပဲ ထွက်ပေါ်လျက်ရှိတော့၏။ ထိုအချင်းအရာကို အတွေ့အကြုံ ရရှိပြီး သော ပထမဟွိုင်သည် ထောင့်တစ်နေရာတွင် ကုပ်လျက်ရှိနေပြီး သူ၏ လက်များကို ပါးစပ်ထဲသို့ ထိုးထည့်ကာ တဆတ်ဆတ်နှင့် တုန်နေတော့သည်။

.................

ကျန်းဝေမြို့

လက်ရှိအခြေအနေမှာတော့ အလုံးစုံ တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေသည်။ စစ်သည်ပေါင်းတစ်သိန်းကျော်တို့ သည် တည်နေရာမှာတင် စာခြောက်ရုပ်ကဲ့သို့ ရပ်တန့်လျက် ရှိနေ၏။ အင်ပါယာကျန်းဝေသည် ၎င်းတို့၏ နတ်ဘုရားသာဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ နတ်ဘုရားသည် ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

ကျွင်းချောင်ရှောင်းသည် မြို့၏ ဂိတ်တံခါးမျှော်စင်ဆီမှ ဆင်းသက်လိုက်ပြီးသည့်နောက်မှာတော့ အဆုံးစွန်အထိ ထိတ်လန့်ကြောက်ရွံ့လျက်ရှိနေသော မင်းဆရာအား အသာဆွဲခေါ်လာလိုက်သည်။ ပြီးသည့်နောက်မှာတော့ ထူးမခြားနားသလို ပြောလိုက်သည်။ “ခင်ဗျားသိတဲ့အရာအားလုံးကို ပြောစမ်း”

“သိတဲ့အရာအားလုံး ဟုတ်လား”

မင်းဆရာသည် မြန်မြန်ဆန်ဆန်ပဲ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ ချက်ချင်းပဲ တစ်ဖက်လူ ဘာကိုဆိုလိုသည်ဖြစ်ကြောင်း နားလည်မိသွားတော့သည်။ ထို့ကြောင့် သူသည် နှလုံးသား ထဲတွင်ရှိနေသော ကြောက်လန့်စိတ်များကို ဖိနှိပ်ကာဖြင့် ကျယ်လောင်စွာ ပြောလိုက်တော့သည်။

“ကျန်းဝေအင်ပါယာကလူတွေ.. ခင်ဗျားတို့ကို လွှဲပြောင်းပေးတဲ့ စွမ်းအင်တွေဆိုတာက ထိန်းချုပ်ခံရစေတဲ့ စွမ်းအင် တစ်မျိုးပဲလေ။ ခင်ဗျားတို့ ဒီအရာကို ယူပြီးပြီဆိုတာနဲ့ အင်ပါယာကျန်းဝေရဲ့ ထိန်းချုပ်ခြင်းကို ခံလိုက်ရတာပဲ။ အင်ပါယာကျန်းဝေရဲ့ မျက်လုံးထဲမှာတော့ ခင်ဗျားတို့က သူ့ရဲ့ ခိုင်းစေခံ သက်သက်ပဲ”

ကျန်းဝေအင်ပါယာကြီး တစ်ခုလုံးတွင် အဖြစ်မှန်ကို သိသည့်လူဟူ၍ သူတစ်ယောက်တည်းသာရှိ၏။ သို့ပေမဲ့ အင်ပါယာကျန်းဝေသည် အလွန်တရာ ကြမ်းတမ်းလှသူတစ်ယောက်ဖြစ်သောကြောင့် သူ၏ အသက်ကို ကယ်တင် နိုင်ရန်အတွက် အားလုံးကို မသိသလို လျစ်လျှူရှုခဲ့ရခြင်းသာဖြစ်တော့၏။

မင်းဆရာ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပဲ ကျန်းဝေမြို့ကြီး တစ်မြို့လုံးသည် ပိုမိုကာ တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြသည်။

မြို့သူမြို့သားများနှင့် စစ်သားများသည် အဖြစ်အပျက်၏ အမှန်တရားများကို နားလည်ကြလေသည်လား မသိပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း အနေဖြင့် ထိုသူများအားလုံးအား အဖြစ်မှန်ကို သိစေချင်မိသည်။

...............

ဂျိန်း

အင်ပါယာနန်းတော်၏ ရတနာတိုက်ထဲမှာတော့ ကြီးမားလှသည့် ကျောက်တံခါးကြီးသည် ဖြည်းဖြည်းချင်း မြောက်တက်သွားခဲ့၏။

“သခင်”

တောဝက်ရိုင်းလေးသည် သူ၏ မြေဓာတ်သဘာဝများကို ထုတ်လွှင့်ကာ ပြောလိုက်မိ၏။ “ဒီအထဲမှာ ရတနာတွေ အများကြီး ရှိတာပဲ”

သူသည် ကျွင်းချောင်ရှောင်းနောက်သို့လိုက်၍ ဤပင်လယ်တည်နေရာထဲသို့ ဖြတ်သန်းရောက်ရှိလာခဲ့၏။ လက်ရှိအခြေအနေမှာတော့ အကောင်းဆုံး အစွမ်းပြရတော့မှာဖြစ်သည်။ အင်ပါယာ၏ ရတနာသိုက်ထဲတွင် ရွှေ၊ ငွေ၊ ရတနာနှင့် အရင်းအမြစ်များ များပြားစွာရှိ၏။

လီချင်းယန်နှင့် ရှောင်ကျီတို့ပင်လျှင် ရတနာများ၏ အလင်းရောင်ကြောင့် မူးနောက်နောက်ပင် ဖြစ်နေ၏။ ကုန်းရှန့်၏ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် ထိုရတနာများ အားလုံးကို သိမ်းဆည်းသွားတော့မှာ သေချာသည်။

.............

မြို့၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် တခြားသူများသည် ထွက်ခွာသွားခဲ့ကြသည်။

“အစ်ကိုကြီး”

ကျိုးပြတ်နေသော ဂိတ်တံခါးဆီမှာတော့ ကလေးငယ်တစ်ယောက်၏ အော်သံသည် ထွက်ပေါ်လာ ခဲ့တော့၏။ ၎င်း၏ အသက်ကို ကြည့်ရှုမည်ဆိုလျှင် အင်ပါယာကျန်းဝေ၏ ဦးနှောက်ဆေးခြင်းကို မခံထားရသည့် အသက်အရွယ်ပင် ဖြစ်တော့၏။

ထို့ကြောင့် မြို့ကို ကာကွယ်ပေးခဲ့သည့်လူများသည် သူရဲကောင်းများဖြစ်ကြောင်း သူတို့ ကောင်းကောင်း နားလည်နိုင်စွမ်း ရှိကြသည်။

“အမှိုက်လေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မှတ်ထား.... သိုင်းပညာကို လေ့ကျင့်တယ်ဆိုတာက မင်းရဲ့ မိသားစုကို ကာကွယ်ဖို့ပဲ။ အနိုင်ကျင့်နှိပ်စက်ဖို့ မဟုတ်ဘူး”

ဤစကားလုံးသည် ကျန်းဝေမြို့၏ ကောင်းကင်ယံ ထက်တွင် ပဲ့တင်ထပ်လျက် ရှိနေသည်။ အားလုံးသော ကလေးများ၏ နှလုံးသားထဲတွင်လည်း ကဗ္ဗည်းတင်ထားသကဲ့သို့ ဖြစ်လာတော့သည်။

“အစ်ကိုကြီး...”

မျက်လုံးကြီးကြီးနှင့် ကလေးလေးတစ်ယောက်သည် အဆုပ်ကွဲလုမတတ် အော်ဟစ်လိုက်၏။ “ကျုပ် အသက်ကြီးလာရင် အရှေ့တောင်ရန်ကျူးဆီကို လာပြီးတော့ အစ်ကိုကြီးကို လာရှာမယ်”

ကျွင်းချောင်ရှောင်းသည် သွားနေရာမှ ရပ်တန့်လိုက်၏။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့ သည်။ “အမှိုက်လေး....ငါ မင်းကို စောင့်နေမယ်”

“အစ်ကိုကြီး... ကျုပ်နာမည်က ရီဖန်ပါ”

……………

ဝှစ်

အရှေ့ပင်လယ်၏ ကောင်းကင်ယံထက်မှာတော့ ရှေးသင်္ဘောကြီးသည် ဖြည်းဖြည်းချင်း သွားနေ၏။ ကူညီ ကယ်ဆယ်ခြင်းကို ခံခဲ့ရသော ဖန်းရီကျိသည် ရွက်တိုင်ကို ခပ်တင်းတင်းဖက်ကာဖြင့် အော်လျက်ရှိနေ၏။ “ဒါက ဘယ်လိုလူမျိုးက တည်ဆောက်ထားလို့ ကောင်းကင်ပေါ်ကို ပျံနေရတာလဲ”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် ထိန်းချုပ်ခန်းထဲမှ ထွက်လာပြီးသည့်နောက် မေးလိုက်၏။ “ကုန်းမြေတိုက်ကြီးဆီ ပြန်ကြမှာလား”

ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ကို သောက်ကာ ပြောလိုက်၏။ “အင်ပါယာကျန်းဝေက တကယ့်ကို ပါရမီရှင် တစ်ယောက်လေ။ သူ့အနေနဲ့ အရှေ့ပင်လယ်တစ်ခုလုံးကို တစ်စုတစ်စည်းထဲ ပြုလုပ်ချင်စိတ်ရှိတဲ့ လူတစ်ယောက် မဟုတ်လား။ အခု ငါက သူ့ကို ဖျက်ဆီးသတ်ဖြတ်လိုက်ပြီဆိုတော့ ကျန်တဲ့ အင်ပါယာ သုံးယောက်က လုံခြုံသွားကြပြီးလေ။ ဒီတော့ သူတို့ ငါ့ကို ကျေးဇူးတင်သင့်တယ်လို့ မထင်ဘူးလား”

လီချင်းယန် “...”

တောက်ပမီးအင်ပါယာ၏ အဓိက မြို့ထဲမှာတော့ အင်ပါယာတစ်ယောက်သည် နန်းတော်၏ အရှေ့တွင် မတ်တပ် ရပ်လျက်ရှိသည်။ ၎င်း၏ ခြေထောက်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အင်ပါယာကျန်းဝေ၏ ဦးခေါင်းကြီးသည် ၎င်း၏ရှေ့တည့်တည့်တွင် ရှိနေသောကြောင့်ပင်။ များပြားလှသော မြို့သူ၊ မြို့သားများနှင့် စစ်သည်များအားလုံးသည်လည်း မျက်နှာများ ဖြူလျော်နေသည်အထိ ကြောက်ရွံ့လျက်ရှိသည်။

အင်ပါယာကျန်းဝေသည် လွန်ခဲ့သည့်နှစ်အတွင်း နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ယောက်ပင်ဖြစ်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့်လူအား ရင်ဆိုင်ရန်အတွက် ၎င်းတို့သည် မဟာမိတ်ပင် ဖွဲ့စည်းခဲ့ရသေး၏။ လက်ရှိအခြေအနေမှာတော့ အင်ပါယာကျန်းဝေ၏ ဦးခေါင်းပြတ်ကြီးသည် ၎င်းတို့၏အရှေ့သို့ ရောက်ရှိနေ၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် နန်းတော်ထဲမှာ ထိုင်ပြီးသည့်နောက် လက်များကို အသာယှက်ကာဖြင့် ပြောလိုက် သည်။ “ဒီလူက အရှေ့ပင်လယ်တစ်ခုလုံးကို တစ်စုတစ်စည်းထဲဖြစ်အောင် လုပ်ချင်တဲ့ ရည်မှန်းချက် ရှိတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ဓားအောက်မှာ သေဆုံးသွားခဲ့ပြီ။ အခုကြည့်.... ခင်ဗျားတို့ အေးအေးဆေးဆေး ဒီနေရာမှာ စိတ်လက်ပေါ့ပါးစွာဖြင့် ထိုင်နိုင်ပြီ။ ဒီတော့ သိုင်းကျင့်ကြံခြင်းအရင်းအမြစ် အနည်းငယ်ကို ပေးလိုက်ဖို့ ဆိုတာ မလွန်လွန်းဘူးမို့လား”

စည်းဓားမော့ကြီးသည် ဓားအိမ်ထဲသို့ ပြန်လည် မရောက်ရှိသေးချေ။ ထိုအရာကြီးအား သူ၏ဘေးတွင် အသာထောင်ထားလျက် ရှိနေတော့၏။ ထိုလက်နက်ကြီးဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသော အော်ရာကြီး သည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လျက်ရှိသည်။

“မ.. မများပါဘူး” မီးတောက်အင်ပါယာသည် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်၏။

“ဒီဆိုရင်လည်း မြန်မြန် ပေးတော့လေ”

“ခဏလေး စောင့်ပါအုံး။ ခဏလေးပါ”

...........

သိုင်းပညာအရင်းအမြစ်များကို ရယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရှင်းချန်အင်ပါယာနှင့် ဟူရွဲ့ အင်ပါယာတို့ဆီ သွားခဲ့သည်။ ပြီးသည့်နောက်မှာတော့ အရင်းအမြစ်များကို တောင်းဆိုခဲ့တော့သည်။ သူပြောခဲ့သည့်စကားမှာ မများလွန်းဘူးမဟုတ်လား ပင်ဖြစ်သည်။

အရာအားလုံး ပြုလုပ်ပြီးသည့်နောက်မှာ သူသည် အရှေ့ဘက်ပင်လယ်ဒေသဆီသို့ ပြန်ရောက်လာခဲ့သည်။ ထိုအချိန်မှာတော့ စည်းဓားမော့ကြီး၏ အကျိုးသက်ရောက်မှုသည့် ယုတ်လျော့သွားခဲ့တော့သည်။ ချက်ချင်းပဲ သူသည် မြေပေါ်သို့ လဲကျသွားခဲ့၏။

“ဟင်း...”

သူသည် ထိန်းချုပ်ခန်းထဲတွင် အသာလှဲလျောင်းရင်း သက်ပြင်းချမိ၏။ “ဒီနေရာမှာ ဘေးထွက်ဆိုးကျိုး သာမရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ”

သူသည် လျင်လျင်မြန်မြန်ဖြင့် အခြားသော အင်ပါယာသုံးယောက်ဆီ ငွေသွားညှစ်ခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် စည်းဓားမော့ကြီး၏ အစွမ်း သက်ရောက်မှု ကုန်ဆုံးတော့မည်ကို သိရှိသောကြောင့်ဖြစ်သည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “စီနီယာလော် ဒီမှာရောက်လာပြီ”

“ဟမ်” ကျွင်းချောင်ရှောင်းသည် မနည်း ရုန်းကန်ထပြီးသည့်နောက် တောထဲတွင် အထီးကျန်လှသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် လျှောက်လျက်ရှိနေသော လော်ကျစ်လုံကို မြင်လိုက်ရ၏။ လော်ကျစ်လုံ၏ ကျောကုန်းပေါ် တွင်တော့ ကြီးမားလှသည့် ဂုန်နီအိတ်ကြီး တည်ရှိနေသည်။

လီချင်းယန်က တီးတိုးပြောလိုက်၏။ “ဂိုဏ်းချုပ်... အထဲမှာ အရိုးတွေပဲ”

“အစ်ကိုကြီး”

လော်ကျစ်လုံသည် အသာလျှောက်လှမ်းလာပြီးသည့်နောက် တီးတိုး ပြောဆိုလိုက်၏။ “ကျုပ်... လွန်ခဲ့တဲ့ အချိန်တွေတုန်းက မှားယွင်းသွားတယ်လေ။ ကျုပ်... ဒီနေ့ ခင်ဗျားကို အိမ်ပြန်ခေါ်သွားမယ်”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးသည့်နောက် လီချင်းယန်ကို ထိုသူအား ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ ပြာနှမ်းနေသည့် ပင်လယ်ပြာကြီးဆီသို့ ကြည့်ရှုလိုက်ကာ ပြောလိုက်သည်။ “အိမ်ပြန်ကြစို့”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် သတိပေးလိုက်သည်။ “ဟို အမှောင်ထဲမှာ ယွမ်သခင်လေး ပုန်းနေသေးတယ်”

“ကျေးဇူးပြုပြီး ခေါ်လိုက်ပေါ့ကွာ”

“ယွမ်သခင်လေး... အတူတူ ပြန်ကြရအောင်”

“ကောင်းပါပြီ”

ကျုပ်နာမည်က ယွမ်ဖန်ပါ။

ကျုပ်က အင်ပါယာ သုံးယောက်ဆီကို သွားပြီးတော့ ပူးပေါင်းဖို့ စီစဉ် ထားခဲ့တယ်။ ဒါပေမဲ့ လမ်းတစ်ဝက် အရောက်မှာတော့ ကျွင်းချောင်ရှောင်းက အရှေ့ကနေ ကြိုရောက်သွား ပြီးတော့ ငွေတွေ ညှစ်သွားသေးခဲ့တယ်လေ။

အကြီးအကဲလင်းနဲ့ တိုင်ပင်ပြီးတဲ့နောက်မှာ ဘာဆက်လုပ်ရမှန်း မသိသေးဘူး။ ဒါပေမဲ့ အခုတော့ ဂိုဏ်းချုပ်ကျွင်းရဲ့ ဖိတ်ခေါ်မှုနဲ့ သူ့ရဲ့ ရွက်သင်္ဘောကြီးပေါ် ရောက်နေရပြီ။

ကောင်းကင်ဘုံ... ငါ့ကို ကယ်ပါအုံး”

All Chapters