← Chapters

အခန်း (၁၀၆၀)

Vol. 72 Ch. 1060

အခန်း (၁၀၆၀)

Vol. 72 Ch. 1060

အရှေ့ပင်လယ်၏ အထက်မှာတော့ ရှေးရွက်သင်္ဘောကြီးသည် လေထဲတွင် ရပ်လျက်ရှိနေသည်။ ရှောင်ကျီသည် ကုန်းပတ်ပေါ်မှ ေရေထဲသို့ ကျဆင်းသွား၏။

၎င်းသည် ကျောဘက်တွင်လွယ်လျက်ရှိနေသော စနိုက်ပါအား အသာထုတ်ယူပြီးသည့်နောက်မှာတော့ မြန်ဆန်လွန်းလှသောအရှိန်အဟုန်ဖြင့် မောင်းခလုတ်ကို ဆွဲချလိုက်သည်။

ဝှစ်

ကျည်ဆန်သည် ဖြတ်သန်းထွက်ခွာသွားပြီးသည့်နောက်မှာတော့ ရေ၏တည်နေရာအလွှာထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ရေထဲမှာရှိနေသော ကြီးမားလှသည့်ငါးကြီး၏ ဦးခေါင်းကို တည့်တည့်ထိမှန်သွားခဲ့၏။

ဝှစ်

လီချင်းယန်သည် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ပြီးသည့်နောက်မှာတော့ မမြင်ရသည့် လက်ကြီးတစ်ခုအဖြစ် ဖန်တီးကာ ငါးကြီးအား လှမ်း၍ ဆွဲယူကာ ရှေးသင်္ဘောကြီးဆီသို့ ပစ်တင်လိုက်၏။

ဖလပ် ဖလပ် ဖလပ်

ရီရှင်းချန်သည် ရှေ့သို့လှမ်းတက်လာပြီးသည့်နောက်မှာတော့ သူ၏ဓားအိမ်ထဲရှိ ဓားအား ထုတ်လိုက်သည်။

ဖြောက် ဖြောက် ဖြောက် ဖြောက်

ကြီးမားလှသော ငါးကြီးသည် အပိုင်းပိုင်းဖြစ်တည်ပြီးသည့်နောက်မှာတော့ မီးဖိုပေါ်တွင် စီစီရီရီနှင့် တင်လျက်ရှိ၏။ ဟယ်ဝူတီသည် လက်ကိုမြှောက်ပြီးသည့်နောက်မှာတော့ ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ဆီမှ မီးဓာတ်သဘာဝများ ကို ထုတ်ဖော်ကာ ငါးအား ကင်တော့၏။ ၎င်းတို့အားလုံးသည် ပြိုင်တူညီညီညာညာဖြင့် ပူးပေါင်းဆောင်ရွက်ကာ အကင်ကင်နေခြင်းပင်ဖြစ်တော့၏။

လော်ကျစ်လုံ “……”

ဆရာဖန်း “……”

“ခင်ဗျားတို့နှစ်ယောက်”

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်တွင် ထိုင်ပြီးသည့်နောက်မှာတော့ ခွက်ကိုမြှောက်ကာ ပြောလိုက်သည်။ “ကြည့်မနေနဲ့။ သောက်ကြရအောင်။”

“ဂိုဏ်းချုပ်ကျွင်း”

လော်ကျစ်လုံ၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိနေ၏။ “မြန်မြန်သွားကြရအောင်။”

ဤအန္တရာယ်များလှသော အရှေ့ပင်လယ်ထဲတွင် ၎င်းတို့သည် စိတ်အေးသက်သာစွာဖြင့် အကင်ကင်စားလျက်ရှိနေ တော့သည်။ ဤအရာမှာ ဆန်းကြယ်လွန်းလှ၏။ လုပ်ချင်ရာကို လုပ်နေသည့် သဘောပင်ဖြစ်သည်။

“အဘိုးကြီးလော်”

ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို ကောက်သောက်ကာဖြင့် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်တော့သည်။ “ရွက်လွှင့်တဲ့ခရီးဆိုတာ တစ်ကယ့်ကို ကောင်းမွန်တဲ့အရာပဲလေ။ မြင်ကွင်းတစ်လျှောက်မှာ လှပတဲ့ရှုခင်းတွေကို ကြည့်ရှုပြီး ခရီးသွားတာ ဘယ်လောက်ကောင်းလိုက်လဲ။”

လော်ကျစ်လုံသည် ဆွံ့အသွားမိ၏။ သူသည် ဖန်ခွက်ကို မြှောက်ကာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက တစ်ကယ့်ကို ဉာဏ်ကောင်းလှတယ်။”

သူ၏ဘေးတွင်ရှိနေသော ဖန်းရီကျိမှာတော့ ဆွံ့အလျက် ရှိနေတော့သည်။ သို့ပေမဲ့ သူသည် ခွက်ကို မြှောက်ကာဖြင့် ပြောလိုက်သည်။ “ခင်ဗျားရဲ့ စကားတွေကို နားထောင်ရတာ ဆယ်နှစ်လောက် လေ့လာသင်ကြားရတာထက်တောင် ပိုပြီး ကောင်းသေး တယ်။”

ယွမ်သခင်လေးမှာတော့ အလုံးစုံတွေဝေဆွံ့အလျက် ရှိနေတော့သည်။ သူ့အနေနှင့် ဤလူ၏ မိစ္ဆာလက်များဆီမှ မလွတ်မြောက်နိုင်သည်ကို စဉ်းစားမိသည့်အချိန်မှာတော့ ရင်ထဲတွင် နာကျင်စွာ ခံစားနေမိတော့၏။ ထို့ကြောင့် ဝိုင်ခွက်ကြီးကို အသာကောက်ယူကာ တစ်လုပ်တည်း မျိုချလိုက်၏။ “လာ လာ။ ကောင်းကင်ကြီးမှောင်တဲ့အထိ သောက်ကြရအောင်။”

…

ဝိုင်သုံးခွက်တိတိသောက်ပြီးသည့်နောက်မှာတော့ ယွမ်သခင်လေးသည် ဝိုင်ခွက်ကြီးကို အသာဖက်ကာ အားရပါးရ ငိုယိုလျက် ရှိနေတော့၏။

“အကြီးအကဲလင်း ဘာလို့ ကျုပ်ရဲ့အဖြစ်က အဲလောက်ထိဆိုးရတာလဲ။”

ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိနေသော အကြီးအကဲလင်းသည် ဝိုင်ခွက်ကြီးကို လှမ်း၍ဆွဲချင်သည်ဆိုသော်လည်း သခင်လေးယွမ်သည် ထိုဝိုင်ခွက်ကြီးအား အလွတ်မပေးဘဲ တင်းတင်းကျပ်ကျပ် ဖက်၍ ထားခဲ့၏။ ထို့အပြင် သူသည် သခင်လေး၏ တွန်းဖယ်ခြင်းကိုပင် ခံလိုက်ရသေး၏။

“သွား။ ခပ်ဝေးဝေးကိုသွား။”

အကြီးအကဲလင်းသည် ငြိမ်ငြိမ်သက်သက်ဖြင့် ဘေးတစ်ဖက်ဆီသို့ အသာရှောင်ထွက်သွားရသည်။

သခင်လေးသည် ပါရမီကြီးမားပြီး ရည်မှန်းချက်လည်း ခိုင်မာလွန်းလှသော လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ် ကျွင်း၏ စဉ်ဆက်မပြတ် တိုက်ခိုက်မှုအောက်မှာတော့ အလုံးစုံသောနာကျင်မှုကို ခံစားနေရပြီး စိတ်တစ်ခုလုံးပင် ယောက်ယက်ခက်လျက် ရှိနေတော့၏။

ဘုတ်

အကြီးအကဲလင်းသည် စက်ခန်းထဲသို့ ဝင်ရောက်လာပြီးသည့်နောက်မှာတော့ ဒူးထောက်လိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ဒီအဘိုးကြီးက ကျုပ်ရဲ့အသက်နဲ့ သခင်လေးရဲ့လုံခြုံရေးအတွက်ကို လဲလှယ်ချင်ပါတယ်။”

“အခု ခင်ဗျားက သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူလေ။ ဘယ်လိုဖြစ်လို့ တစ်ခြားသူတွေရဲ့ရှေ့မှာ လွယ်လွယ် ကူကူ ဒူးထောက်ဖို့အတွက် ဂုဏ်သိက္ခာတွေ မဲ့နေရတာလဲ။” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။

“ယွမ်သခင်လေးက ဒီအဘိုးကြီးရဲ့အသက်ကို ကယ်တင်ခဲ့တယ်လေ။ ဒါကြောင့် ကျုပ်ဆီမှာ ဂုဏ်သိက္ခာဆိုတာကို ဂရုစိုက်စရာအကြောင်း မရှိတော့ပါဘူး။” အကြီးအကဲလင်းသည် လေးလေးနက်နက် ပြောလိုက်၏။

သူ၏မျက်လုံးထဲတွင်တော့ အတိတ်ကအမှတ်တရများသည် ပြန်လည်ကာ အသက်ဝင်ဖြစ်တည်လာခဲ့တော့၏။ အလွန့်အလွန် ကြာညောင်းခဲ့သော အချိန်ကာလတစ်ခုက …. ထားလိုက်ပါတော့ .. စာဖတ်သူများ ကြိုက်သလို ဇာတ်လမ်းဖွဲ့နိုင်ရန် ဤအတိုင်းထားလိုက်တော့မည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ “ကျုပ် ကျန်းဝေအင်ပါယာနဲ့ တိုက်ခိုက်တုန်းက ခင်ဗျားတို့နှစ်ယောက် အဝေးကနေပြီး တိုက်ပွဲကို ကြည့်နေကြပုံ ပေါ်တယ်။”

“အမှန်ပါပဲ။”

အကြီးအကဲလင်းသည် မှန်ကန်စွာပင် ပြောဆိုလိုက်တော့၏။

အချက်အလက်အားဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် လက်ရှိအချိန်တွင် ကျွင်းချောင်ရှောင်းကို တိုက်ခိုက်ရုံပင်မက သတ်ပင်သတ်ဖြတ်၍ ရနေ၏။ သို့ပေမဲ့ ကျန်းဝေမြို့၏ အပြင်ဘက်တွင်ဖြစ်တည်ခဲ့သော ကြောက်မက်ဖွယ်ရာကောင်းလွန်သည့် တိုက်ပွဲကြီးကို မျက်ဝါးထင်ထင်မြင်ပြီးသည့်နောက်မှာတော့ သူ၏နှလုံးသား ထဲတွင် နက်ရှိုင်း၍ အားကောင်းလွန်းလှသော ကြောက်လန့်မှုတရားများသည် စိုးမိုးလျက်ရှိနေတော့သည်။

တစ်ဖက်လူသည် အလွန်တရာအားနည်းပြီး ကျင့်ကြံခြင်းမရှိသည့် သာမန်လူတစ်ယောက်ကဲ့သို့ ပုံပန်းသွင်ပြင်မျိုး ဖြစ်ပေါ်နေသည်ဆိုလျှင်တောင်မှ သူ့အနေနှင့် တိုက်ခိုက်ရန် အတွေးတစ်ချက်ကလေးတောင်မှ မတွေးရဲချေ။

“ကျန်းဝေမြို့ကို ဘာသွားလုပ်ကြတာလဲ။”

“သခင်လေးက ကျန်းဝေအင်ပါယာနဲ့တူတူ ပူးပေါင်းပြီးတော့ ကြီးမားတဲ့အောင်မြင်မှုတွေကို ဖန်တီးချင်တာလေ။”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားသည်။

“ယွမ်ကြီးက တစ်ကယ့်ကို ရည်မှန်းချက်ကြီးမားတဲ့ လူတစ်ယောက်ပဲ။ ဒါဆိုရင် ဘာလို့ ကျုပ်ရဲ့ဂိုဏ်းထဲကို မဝင်တာ လဲ။ သူ့ရဲ့မျက်လုံးထဲမှာ ကျုပ်ရဲ့ ပြိုင်စံရှားဂိုဏ်းက အရှေ့ပင်လယ်အရပ် ထောင့်လေးမှာရှိနေတဲ့ အင်ပါယာတစ်ယောက် လောက်တောင် အားမကောင်းဘူးလို့ ထင်နေတာလား။”

“……” အကြီးအကဲလင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

အရိုးသားဆုံးပြောရမည်ဆိုလျှင် သူသည် သခင်လေးအား ဂိုဏ်းချုပ်ကျွင်း၏ဂိုဏ်းထဲသို့ ဝင်ရောက်စေချင်မိ၏။ သို့ပေမဲ့ သခင်လေးသည် အလွန်တရာ စိတ်ဓာတ်ကြံ့ခိုင်လွန်းလှပြီး သာမန်ထက်ပို၍ သန်မာလွန်းနေသည်။

“သွား။ ခင်ဗျားရဲ့ သခင်လေးကို သွားပြီးဆွဲဆောင်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က သူ့လိုမျိုး ပါရမီရှင်မျိုးကို လိုအပ်တယ်။ သူသာဂိုဏ်းထဲကို ဝင်မယ်ဆိုရင် ကောင်းမွန်တဲ့ ဆက်ဆံမှုမျိုးကို ကျိန်းသေပေါက် ရနိုင်လိမ့်မယ်။”

“ဒါက”

အကြီးအကဲလင်းသည် ဇဝေဇဝါဖြစ်မိသွား၏။ သခင်လေးသည် အတ္တကြီးမားလွန်းလှ၏။ ထို့ကြောင့် သူအနေနှင့် ဆွဲဆောင်ရန် မဖြစ်နိုင်ချေ။

“ဟုတ်ပြီ။”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “သူသဘောတူတာ မတူတာက ကိစ္စမရှိဘူး။ သဘောမတူဘူးဆိုရင် ကျုပ်ရဲ့အချုပ်ခန်းတံခါးက နွေးထွေးစွာ ကြိုဆို နေလိမ့်မယ်လေ။”

ဤစကားလုံးသည် ခြိမ်းခြောက်ပြောဆိုခြင်းမဟုတ်ပေ။ အစစ်အမှန်ပြုလုပ်မည့်အရာသာ ဖြစ်တော့သည်။ သူသည် ယွမ်သခင်လေးကို ဖမ်းဆီးလာပြီဆိုမှတော့ ၎င်းအနေနှင့် ဂိုဏ်းထဲသို့ ဝင်ရောက်လျှင်သာ အဆင်ပြေပေလိမ့်မည်။ မဝင်ရောက်ပါက တစ်သက်လုံး ကျိုးဒူဒူနှင့်အတူ ထောင်ထဲတွင် ချုပ်နှောင်ရန် စဉ်းစားထား၏။

…

မည်းမှောင်လှသော တည်နေရာကြီးထဲတွင် လေထုများသည် အလွန်တရာ ကြမ်းရမ်းစွာဖြင့် တိုက်ခတ်လျက်ရှိနေသည်။

ဤအရာသည် ဝိညာဉ်မျိုးနွယ်များ၏ ကုန်းမြေတိုက်ဖြစ်ပြီး ငရဲကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထိုအချိန်မှာတော့ ဝိညာဉ်မျိုးနွယ်များ၏ ကျွမ်းကျင်သူတစ်စုတို့သည် သမိုင်းကြောင်းရှည်လျားလွန်းလှသော ရှေးနန်းတော်ကြီးတစ်ခုထဲတွင် စုဝေးကာ တစ်စုံတစ်ခုကို ဆွေးနွေးလျက်ရှိနေ၏။

“ကျုပ်တို့ စတုတ္ထမြောက် ဟောခန်းသခင်နဲ့လည်း အဆက်အသွယ်ပြတ်တောက်သွားပြီ။”

“ချီးတဲ့မှ … ဘာတွေဖြစ်နေတာလဲ။”

“ကျုပ်အထင်အရဆိုရင် တတိယဟောခန်းသခင်နဲ့ စတုတ္ထဟောခန်းသခင်တို့ကို ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းကျင့်ကြံသူတွေ ရှာဖွေတွေ့ရှိသွားတာဖြစ်မယ်။ ဒါကြောင့် သူတို့က ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီးတော့ သတိလစ် မေ့မျောကုန်တာပဲဖြစ်ရမယ်။”

“ဒီလိုဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းထက်ကတောင် ပိုပြီးတော့ အားကောင်း လာတယ်လို့ ဆိုလိုတာလား။”

“ခန်းမသခင်နှစ်ယောက်က နိုးလာပြီးတဲ့နောက်မှာ တစ်ခါတည်း ရှာဖွေတွေ့ရှိသွားမယ်လို့ ကျုပ်တို့မထင်မိဘူးနော်။”

ဒေါက် ဒေါက်

အားလုံးဆွေးနွေးနေတုန်းမှာပဲ ဒေါက်မြင့်ဖိနပ်အသံတစ်ခုသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာ၏။

ဝှစ်

အပြင်ဘက်ဆီမှ လေအေးများ တိုက်ခတ်လာပြီးသည့်နောက်မှာတော့ နှင်းဆီရနံ့သည် တည်နေရာ တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။

ဒေါက်မြင့်ဖိနပ်ကို စီးနင်းထားပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အလွန်လှပလွန်းသော မိန်းမတစ်ယောက် သည် အသာလျှောက်လှမ်းဝင်ရောက်လာခဲ့၏။ သူမ၏ ခန္ဓာကိုယ်သည် ပြင်းရှလွန်းသော နှင်းဆီရနံ့များနှင့် သင်းကြိုင်လျက်ရှိနေ၏။

ဝိညာဉ်မျိုးနွယ်များ၏ ကျွမ်းကျင်သူများသည် ချက်ချင်းပဲ လူနှစ်တန်းအဖြစ်သို့ စီတန်းရပ်ပြီးသည့်နောက်မှာတော့ ခေါင်းများကို အသာငုံ့ထားကြ၏။ ၎င်းတို့အားလုံးသည် သူမအား အလွန်နိမ့်ကျရိုကျိုးသည့် အမူအယာမျိုးဖြင့် ကြိုဆိုလျက်ရှိနေကြသည်။

ဝှစ် ….

လှပလွန်းသောမိန်းမသည် သူမ၏ ခြေတံရှည်များနှင့်အတူ အသာလှမ်းလာပြီးသည့်နောက် အဓိကထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။ သွယ်လျလှပလွန်းသော ညာဘက်ခြေထောက်ကို ဘယ်ဘက်ခြေထောက်ပေါ် အသာတင်ပြီးသည့် နောက်မှာတော့ ထိုင်ခုံပေါ် ခပ်ယို့ယို့လေး မှီလိုက်၏။

သူမသည် နဖူးပေါ်သို့ ကျဆင်းနေသော ဆံချည်လေးတစ်မျှင်အား အသာသပ်တင်ပြီးသည့်နောက်မှာတော့ ဧကရီ တစ်ပါး၏ ကြီးကျယ်မြင့်မြတ်လွန်းသောအော်ရာများမှာ တည်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

“ကြိုဆိုပါတယ် ဧကရီ”

ဝိညာဉ်မျိုးနွယ်၏ ကျွမ်းကျင်သူများအားလုံးသည် လေးလေးစားစားဖြင့် ဦးညွှတ်လိုက်ကြ၏။ ဝိညာဉ်မျိုးနွယ်တို့၏ ကမ္ဘာတွင် ဧကရီသည် အကြီးမားဆုံးသော အခွင့်အာဏာကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်၏။ တတိယဟောခန်းသခင် နှင့် စတုတ္ထဟောခန်း သခင် အပါအဝင် အားလုံးသော ဝိညာဉ်မျိုးနွယ်များသည် သူမ၏ နောက်လိုက်များပင်ဖြစ်တော့၏။

ဤကဲ့သို့ လှပလွန်းသော ခန္ဓာကိုယ်ကောက်ကြောင်း နှင့် နှိုင်းတု၍မရနိုင်လောက်အောင် ချောမောလွန်းသော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်သော အမျိုးသမီးသည် ဝိညာဉ်မျိုးနွယ်တို့၏ လက်ရှိ ဧကရီမဖြစ်ပြီး သူမ၏ ဘဝတစ်ခုလုံး တွင် နှင်းဆီပန်းကို အလွန်တရာနှစ်ခြိုက်သောကြောင့် နန်းတက်ပြီးသည့်နောက် နှင်းဆီဧကရီ ဟုသာ ခေါ်ဆိုကြသည်။

ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်၏ သမိုင်းမှတ်တမ်းများအရဆိုလျှင် ဤအမျိုးသမီးသည် ဧကရီ လင်းပင် ပြီးသည့်နောက် စတုတ္ထမြောက်ဖြစ်တည်လာသည့် ဧကရီ ပင်ဖြစ်၏။

နှင်းဆီဧကရီသည် အသာမျက်မှောင်ကြုတ်ပြီးသည့်နောက်မှာတော့ ဒေါသအနည်းငယ်ထွက်နေသော လေသံဖြင့် ပြောလိုက်သည်။ “ဘာလို့ တစ်ခြားဂြိုဟ်မှာရှိနေတဲ့ ကျွန်မကို အလောတကြီးနဲ့ ဆင့်ခေါ်ရတာလဲ။ ဘာတွေဖြစ်နေတာလဲ။”

နောက်လိုက်များ၏ မျက်လုံးထဲတွင်ရှိသော အရိပ်အယောင် များနှင့်ပတ်သက်၍ ဤဧကရီမသည် ကောင်းကောင်း သိရှိနားလည်နိုင်၏။

သို့ပေမဲ့ သူမသည် နန်းတက်ပြီးကတည်းက တစ်ခြားသောဂြိုဟ်များတွင် သွားရောက်ကာ တိုက်ခိုက်နေခဲ့၏။ ရလဒ်အားဖြင့် များပြားလှသော ကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ခေါင်းဆောင် မည်သူဖြစ်သည်ကိုပင် တွေတွေဝေဝေနှင့် စဉ်းစားနေရသည့်အခြေအနေမျိုးရောက်ရှိသည်အထိ ဝိညာဉ်မျိုးနွယ်၏ ကုန်းမြေတိုက်ထဲ၌ မနေခဲ့ချေ။

ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူတစ်ယောက်က ကြောက်လန့်တကြားဖြင့် ပြောလိုက်၏။ “တတိယဟောခန်းသခင်နဲ့ စတုတ္ထဟောခန်းသခင်တို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ တစ်ယောက်ပြီး တစ်ယောက် နိုးထလာခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်ပြီးတစ်ယောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီ။”

“ဟမ်”

နှင်းဆီဧကရီသည် အံ့အားသင့်သွားတော့၏။

“ဧကရီ”

တစ်ခြားသော ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်တော့၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ချိတ်ဆက်ထားသည့် အချိန်နဲ့တည်နေရာ လမ်းကြောင်းကို အလွန်နက်နဲလွန်းတဲ့ အစီအရင်တစ်မျိုးနဲ့ အားဖြည့်သွားခဲ့တယ်။ ဒါကြောင့် ကျုပ်တို့အထဲကို ဝင်လို့မရတော့ဘူး။”

“ဒီအမှိုက်တွေ။” နှင်းဆီဧကရီသည် မာန်မဲလိုက်၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးကိစ္စသည် အရင်ဧကရီကြောင့် ဖြစ်ပျက်ခဲ့သည့် အရှုပ်အထွေးများ ဖြစ်သည်ဆိုသော်လည်း သူမအနေနှင့် နောက်လိုက်နောက်ပါများအား အမြန်ဆန်ဆုံး ဤကိစ္စအား ဖြေရှင်းရန် အမိန့်ပေးခဲ့သည်။

သူမသည် တစ်ခြားသောဂြိုဟ်များတွင် သွားရောက်အနိုင်ယူတိုက်ခိုက်ပြီးပြီးချင်း ဤကိစ္စကို အပြီးဖြတ်မည်ဟု ဆုံးဖြတ်ထား၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့်ကိစ္စသည် မည်သည့် တိုးတက်မှုမှ မရှိချေ။

…

ဝိညာဉ်မျိုးနွယ်တို့၏ ကျွမ်းကျင်သူများသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

“ကျွန်မ ဘာအကြောင်းပြချက်ကိုမှ မလိုချင်ဘူး။ နောက်ထပ် တစ်နှစ်အချိန်ပေးမယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး ကို မဝင်နိုင်ဘူးဆိုရင် …”

နှင်းဆီဧကရီသည် အေးစက်စက်ပြောလိုက်သည်။ “အားလုံး သေဆုံးဖို့ပြင်ထားကြ။”

“ကောင်းပါပြီ။” ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူများသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။

“ထွက်သွားကြတော့။”

အားလုံးသည် ဟောခန်းထဲမှ အလျင်အမြန်ထွက်ခွာသွားခဲ့ကြ၏။ သို့ပေမဲ့ လမ်းမှာတော့ သူတို့သည် တီးတိုး ရေရွတ်လိုက်ကြသည်။

“ဧကရီကို ကြည့်ရတာ ပျော်ရွှင်နေပုံ မပေါ်ဘူးလေ။ တစ်ခြားဂြိုဟ်မှာ တစ်စုံတစ်ခုဖြစ်ခဲ့တာလား မသိဘူး။ ဧကရီရဲ့ ဆီမှာရှိတဲ့ လက်ကျန်ကျမ်းစာအကြွင်းအကျန် က ခိုးယူခံလိုက်ရတယ်လို့ ကြားတယ်။”

“မဖြစ်နိုင်တာ။ ဒီအရာက သူမခန္ဓာကိုယ်ပေါ်မှာပဲ သိမ်းထားတာလေ။ ဘယ်လိုဖြစ်ပြီးတော့ သူမဆီက လာခိုးလို့ရမှာ လဲ။ သူမစိတ်မကျေနပ်ဖြစ်နေတာ အံ့အားသင့်စရာမဟုတ်တော့ဘူး။”

“ဒီကိစ္စကို ကြားပြီးရင်လည်း စောစောစီးစီးပြောပါလား။ ဒါဆိုရင် ငါတို့ ဘာသတင်းပို့ချက်မှ မလုပ်တော့ဘူးပေါ့။ အခုတော့ဧကရီမက စိတ်ဆိုးပြီးတော့ သေမိန့်တောင် ပေးသွားပြန်တယ်။ တစ်နှစ်အတွင်း ငါတို့မလုပ်နိုင်ရင်တော့ သေဖို့သာပြင်တော့ပဲ။”

နှင်းဆီဧကရီသည် သူ၏ နောက်လိုက်နောက်ပါများ ဆွေးနွေးနေသည်ကို ကြားရ၏။ ထို့ကြောင့် ဒေါသတကြီးဖြင့် ကြိတ်ကာ ပြောလိုက်၏။ “ငါရဲ့ ကျမ်းစာအကြွင်းအကျန်ကို ခိုးယူသွားတဲ့ကောင်။ မမိစေနဲ့။”

All Chapters