အခန်း (၁၀၆၁)
Vol. 72 Ch. 1061
သူသည် အရှေ့ပင်လယ်၏ တည်နေရာဆီသို့ ရောက်ရှိလာရသည့်အချိန်တွင် ခက်ခဲကြမ်းတမ်းမှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရ၏။ ထို့ကြောင့် ပြန်သည့်အချိန်မှာတော့ ကောင်းမွန်သည့် အပန်းဖြေမှုမျိုးနှင့် သူ၏ စိတ်နှင့်ခန္ဓာကိုယ်ကို အပန်းဖြေမှ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးကို အသုံးပြုပြီးသည့်နောက်မှာတော့ အလွန်အားနည်းသည့် အခြေအနေကို ရောက်ရှိနေသည်ဆိုသော်လည်း လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများရှိနေသည်မို့ အရာအားလုံးသည် ချောချော မွေ့မွေ့ဖြင့် ကျော်ဖြတ်သွားလာနိုင်ခဲ့၏။ မည်သည့်ဒုက္ခကိုမှ မခံစားရချေ။
ဆရာဖန်းနှင့်ယွမ်သခင်လေးတို့သည် တစ်ချိန်လုံး ဆွံ့အလျက်ရှိနေကြ၏။ သူတို့လာရောက်ခဲ့စဉ်က အသက်ဘေးပေါင်း များစွာကို ကျော်ဖြတ်ခဲ့၏။ သို့ပေမဲ့ အပြန်လမ်းမှာတော့ အလွန်တရာ မြန်ဆန်လွန်းရုံသာမက အထူးအထူးလည်း လုံခြုံလျက်ရှိနေတော့သည်။
“သခင်လေး”
အကြီးအကဲလင်းသည် အခွင့်အရေးကို ရှာတွေ့ပြီးသည့်နောက်မှာတော့ ဆွဲဆောင်လျက်ရှိနေ၏။
“တကယ်တော့ ပြိုင်စံရှားဂိုဏ်းကို ဝင်ရောက်ဖို့ စဉ်းစားသင့်တယ်။ ပြီးတော့”
ယွမ်ဖန်က ပြောလိုက်သည်။
“အကြီးအကဲလင်း … ကျုပ် ကျွင်းချောင်ရှောင်းနဲ့ပူးပေါင်းမှာ မဟုတ်ဘူး။”
ပြီးသည့်နောက်မှာတော့ မြင်ကွင်းသည် ပြောင်းလဲသွားခဲ့၏။ သူသည် အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ အကျဉ်းထောင်ထဲသို့ ရောက်ရှိသွားခဲ့ပြီးဖြစ်၏။
ကျွီ
အကျဉ်းထောင်တံခါးပိတ်လိုက်ပြီးသည့်နောက်မှာတော့ ယွမ်သခင်လေးသည် အကျဉ်းထောင်ထဲ၌ ၎င်း၏ လက်ကျန် ဘဝတစ်ခုလုံးကို ကျော်ဖြတ်ရတော့မှာဖြစ်၏။
နောက်ထပ်အကျဉ်းသားအသစ်ဝင်ရောက်လာသည်ကို မြင်သည့်အချိန်မှာတော့ ကျိုးဒူဒူသည် ထောင့်တစ်ခုဆီမှ လှမ်းလျှောက်လာပြီးသည့်နောက်မှာတော့ ထိုလူ၏ ဘေးတွင် ထိုင်ကာ ပြောလိုက်၏။
“ရောင်းရင်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။”
…
ယွမ်သခင်လေးသည် မည်သည့်စကားမှ မဆိုချေ။ သူ၏ မျက်လုံးပေါ်တွင်မှာ အလွန်တရာ ထိခိုက်နာကျင်သည့် ခံစားချက်မျိုးနှင့် ပြည့်နှက်လျက်ရှိနေတော့၏။ သူသည် အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ တွေ့ဆုံခဲ့ပြီး သည့်နောက်မှာတော့ အဆုံးသတ်တွင် အကျဉ်းသားဖြစ်ရမည့် အခြေအနေတစ်ခုကို မရှောင်လွဲနိုင်ခဲ့တော့ချေ။
“စိတ်ဓာတ်မကျနဲ့။”
ကျိုးဒူဒူသည် ယွမ်သခင်လေး၏ ပခုံးကို ပုတ်ကာဖြင့် သူ ကြိုတင်ကာစီထားခဲ့သော ခွန်အားဖြစ်စာများကို စတင်ကာ ပြောဆိုတော့၏။
“ဘဝမှာ ဒုက္ခတရားတွေဆိုတာ အများကြီးပဲရှိတယ်လေ။ တကယ့်အစစ်အမှန်သော ယောကျ်ားကောင်း တွေဆိုတာက အဲဒီဒုက္ခတရားတွေကို ကျော်ဖြတ်ပြီးတော့ ပိုမိုရဲရင့်၊ အောင်မြင်မှုတွေကို ရောက်ရှိလာခဲ့ကြတာ။”
“နှလုံးသားထဲမှာ အလင်းစက်တစ်ခုရှိနေမယ်ဆိုရင်တောင်မှ အမှောင်တွေ ၊ ဆူးခလုတ်တွေကို ဘယ်လိုပဲ ကျော်ဖြတ် ကျော်ဖြတ် လင်းထိန်နေတဲ့အရသာတစ်ခုကို ရှာဖွေတွေ့ရှိသွားမှာပဲလေ။”
“ပါးစပ်ပိတ်ထားစမ်း။”
အဝေးတစ်နေရာတွင် ထိုင်လျက်ရှိနေသော တိုင်လုသည် ကြားဝင်ကာ ဖြတ်၍ ပြောလိုက်တော့၏။ ဤအတောအတွင်း ကျိုးဒူဒူသည် သူ့အား နေ့စဉ်ရက်ဆက် ဤကဲ့သို့သော စကားများကို မစားရဝခမန်း ပြောဆိုခဲ့၏။ ထို့ကြောင့် သူ၏ စိတ်နှလုံးများအားလုံးသည် ဂျုံးဂျုံးပင်ကျလျက် ရှိနေတော့၏။ ဤကဲ့သို့သောကောင်နှင့် သူသည် အကျဉ်းထောင်ထဲတွင် တစ်ခန်းထဲလာ၍ နေထိုင်နေရသည်မှာ မည်ကဲ့သို့သော ဝဋ်ကြွေးမှန်း မသိနိုင်တော့ချေ။
ယွမ်သခင်လေးသည် တိုင်လုကို လှမ်းကြည့်လိုက်၏။ တိုင်လုကလည်း သူ့အား လှမ်းကြည့်လိုက်၏။ ထောင်သားအချင်းချင်း နားလည်မှုအခြေအနေတစ်ခုသည် ၎င်းတို့ကြားတွင် ဖြစ်တည်လာခဲ့သည်။ လောကကြီးသည် အလွန်တရာ ကျယ်ပြောလှ၏။ သို့ပေမဲ့ ၎င်းတို့သည် ဤအခန်းကျဉ်းလေးထဲတွင်လာရောက်၍ တွေ့ဆုံနေကြလေပြီ။
…
ပြိုင်စံရှားဂိုဏ်း၏ အဓိကဟောခန်းထဲမှာတော့ ကျန့်ရာ၊ လီလိုရှုနှင့် အခြားသူများအားလုံးသည် ဂိုဏ်း၏ လက်ရှိအခြေ အနေကို သတင်းပို့သလျက်ရှိနေ၏။
အခုမှပြန်လည်ရောက်ရှိလာခဲ့သော ကျွင်းချောင်ရှောင်းသည် နားထောင်၍ ခေါင်းညိတ်လျက်ရှိနေ၏။ သူ၏ မျက်နှာပေါ် တွင်တော့ အလွန်တရာ စိတ်ကျေနပ်သည့် အမူအရာများနှင့် ပြည့်နှက်နေသည်။
ဂိုဏ်းသည် အစောကြီးကတည်းက ကောင်းမွန်သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူ … ဂိုဏ်းချုပ်တစ်ယောက်မရှိလျှင်တောင်မှ အကောင်းဆုံးလည်ပတ်သွားလာနိုင်နေပြီဖြစ်သည်။ ဤအရာသည် ကျေးဇူးတင်ရမည့်အရာမျိုးသာဖြစ်တော့၏။
“အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ဂိုဏ်းချုပ်”
ကျန့်ရာက ပြောလိုက်၏။ “ကျုပ်တို့ဘာဆက်လုပ်ကြမလဲ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လောလောဆယ် ငြိမ်ငြိမ်လေးနေအုံး။ ပြိုင်စံရှားဂိုဏ်းအတွက် အားလုံးက တူတူကြိုးစားပြီးတော့ ဒီထက် အားကောင်းအောင် ကြိုးစားကြရအောင်။”
ဆွေးနွေးပွဲပြီးသွားသည့်နောက်မှာတော့ အားလုံးသည် ပြန်သွားခဲ့၏။
“ဟောခန်းသခင်လီ ခနစောင့်အုံး။”
လီလိုရှုသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်ခါနီးမှာပဲ ချက်ချင်း ပြန်လှည့်လာခဲ့၏။ သူမသည် ကျွင်းချောင်ရှောင်း ၏ အနားသို့ ကပ်ကာ မေးလိုက်သည်။
“ဂိုဏ်းချုပ် ဘာပြောချင်သေးလို့လဲ။” ကုန်းရှန့်သည် ဟန်ပါပါဖြင့် အသာလျှောက်လှမ်းလာပြီးသည့်နောက် ပြောလိုက်၏။
“ဖိုးလမင်းကြီးနဲ့ ခင်ဗျားရဲ့ ကြားထဲမှာ ဘာကွာခြားချက်ရှိလဲသိလား။”
“ဖိုးလမင်းကြီး ဟုတ်လား။”
လီလိုရှုက ကြောင်သွား၏။ “မသိဘူး။ ဘာကြီးလဲ။”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် အစစ်အမှန်ပင် လေးနက်သွားခဲ့၏။ “လမင်းကြီးက ကောင်းကင်ပေါ်မှာရှိပြီးတော့ ခင်ဗျားကတော့ ကျုပ်ရဲ့ နှလုံးသားထဲမှာ ရှိတာပဲ။”
လီလိုရှုသည် မျက်လုံးများ ချာချာလည်သွားသည်။
ဂိုဏ်းချုပ်သည် အရှေ့ပင်လယ်မှ ပြန်လာခဲ့ပြီးသည့်နောက်မှာတော့ ဦးနှောက်ကို မြည်းကန်ခံခဲ့ရသည်လားမသိပေ။ ရုတ်တရက် သူမကြက်သီးထလောက်သည့် စကားလုံးများကို ခပ်တည်တည်ဖြင့် ပြောဆိုလျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘယ်လိုလဲ။ စိတ်လှုပ်ရှားလား။”
သူသည် ဂိုဏ်းဆီသို့ ပြန်လာရာလမ်းတွင် ဂိုဏ်းစုဆောင်းမှတ်များ ပိုလျှံနေသောကြောင့် စတိုးထဲမှ စော်လိုက်နည်း တစ်ရာစာအုပ်အား ဝယ်ယူခဲ့သည်။
လမ်းတစ်လျှောက်လုံး သူသည် ထိုစာအုပ်ကို အပြင်းအထန်ဖတ်ရှုခဲ့သည်။ ထိုကဲ့သို့သော စကားလုံးများကို အသုံးပြု၍ မိန်းကလေးများအား ပြောဆိုမည်ဆိုလျှင် အောင်မြင်မှုနှုန်းထားသည် ၉၉.၉၉ ရာခိုင်နှုန်းရှိသည်ဟု စာအုပ်က အခိုင်အမာ ပြောဆိုထား၏။ ဤမျှအားကောင်းလှသည်လား။
ကျွင်းချောင်ရှောင်းသည် အစစ်အမှန် ထုတ်ဖော်အသုံးပြုချင်စိတ်ပေါ်လာခဲ့တော့သည်။ ထို့ကြောင့် ပြန်ရောက်ရောက်ချင်းမှာဘဲ သူသည် ဟောခန်းသခင်လီကို ခေါ်ဆောင်ကာဖြင့် စော်လိုက်နည်းတစ်ရာထဲမှ ဆွဲဆောင်မှုရှိသော စကားလုံး များကို ထုတ်ဖော်ကာ အသုံးပြုစမ်းသပ်ကြည့်ခဲ့ခြင်းပင်ဖြစ်သည်။
လီလိုရှုသည် ခဏလောက် ငြိမ်သက်တိတ်ဆိတ်သွား၏။ ပြီးသည့်နောက်မှာတော့ သူမသည် ပါးစပ်ကို အုပ်ကာကာဖြင့် ရယ်လိုက်၏။ “ဂိုဏ်းချုပ် … ရူးကြောင်ကြောင်နဲ့။”
ကုန်းရှန့်သည် အစစ်အမှန်လေးနက်သော အချစ် နှင့် ပတ်သက်သည့်စကားလုံးများကို ပြောဆိုခဲ့သည် ဆိုသော်လည်း နောက်ဆုံးမှာတော့ ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးသော ဟောခန်းသခင်လီသည် တဟားဟား နှင့်သာ ဖစ်လို့နေခဲ့၏။
“…….”
ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို အုပ်ကိုင်ကာဖြင့် စိတ်ထဲမှာ အော်ဟစ်လျက်ရှိနေ၏။ “ဒီစာအုပ်က သောက်တစ်လွဲပဲကွ။”
စနစ်ကပြောလိုက်သည်။ “ဒါကသောက်တစ်လွဲမဟုတ်ဘူး။ အောင်မြင်မှုနှုန်းက ၉၉.၉၉ ရာခိုင်နှုန်းရှိတယ်ဆိုပေမဲ့ လက်ခံသူက ကျန်တဲ့ ဝ.၀၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်နေတာပဲ။”
“တော်စမ်း”
…
အစည်းအဝေးပြီးသွားပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အချိန် နှင့် တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ အခြေအနေသည် အလုံးစုံပြန်လည်ကောင်းမွန်သွားခဲ့သည်။ သူသည် ဧည့်သည်များနားနေရာအဆောင်ဆီသို့ သွားလိုက်၏။
“ဆရာဖန်း”
ကျွင်းချောင်ရှောင်းသည် ထိုင်ချပြီးသည့်နောက်မှာတော့ ပြုံးလိုက်မိ၏။ “ခင်ဗျား ဒီမှာနေရတာ အသားကျရဲ့လား။”
ဖန်းရီကျိသည် ဆွံ့အသွားခဲ့၏။ သူ့အား ကယ်တင်ခဲ့သည့် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်အား သူမသိချေ။ သို့ပေမဲ့ သူသည် ထပ်တလဲလဲ ကျေးဇူးတင်ခဲ့မိ၏။ သို့ပေမဲ့ ကုန်းမြေတိုက်ကြီးဆီပြန်ရောက်ပြီးသည့်နောက်မှာတော့ သူ့အား သင်္ဘောပေါ်မှ ဆင်းသက်ခွင့်ကို မပေးဘဲ ပြိုင်စံရှားဂိုဏ်းဆီသို့ ခေါ်ဆောင်သွားပြီး ဤနေရာတွင် အခြေချနေထိုင်စေခဲ့၏။ သူ့အနေနှင့် နေအိမ်အကျဉ်းချခံထား ရသကဲ့သို့ပင် ခံစားနေမိသည်။
“ဂိုဏ်းချုပ်ကျွင်း”
ဖန်းရီကျိသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ဂိုဏ်းရဲ့ ကောင်းကင်နယ်မြေကြီး စိတ်ဝိညာဉ်စွမ်းရည်တွေက အရမ်းကို အားကောင်းလွန်းတာပဲ။ ပတ်ဝန်းကျင်ကလည်း ကောင်းမွန်လွန်းတယ်လေ။ တကယ့်ကို ဖုန်းရွှေသဘောတရားနဲ့ တည်ဆောက်ထားပုံ ပေါ်တယ်။”
“အင်း ဒီလိုဆိုမှတော့လည်း ထွက်မသွားနဲ့တော့ပေါ့။” ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်သည်။
“………” ဖန်းရီကျိသည် ဆွံ့အသွားမိ၏။
“ဆရာဖန်း”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ရုတ်တရက် လေးနက်သွားသည်။ ပြီးနောက် သူက ပြောလိုက်၏။ “ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းရဲ့ ပန်းပဲဟောခန်းဆောင်က ဟောခန်းသခင်တစ်ယောက် လစ်လပ်နေတယ်။ တကယ်လို့ ခင်ဗျားစိတ်မရှိဘူးဆိုရင် ………”
“ဂိုဏ်းချုပ်ကျွင်း”
ဖန်းရီကျိသည် အလျင်အမြန်ဖြင့် ဖြတ်ကာ ပြောလိုက်သည်။ “ဒီဖန်းက တစ်ခြားဂုဏ်ရှိန်ဂုဏ်ဝါတွေ ရာထူးရာခံတွေကို နှစ်သက်သဘောတူတဲ့လူမဟုတ်ဘူး။ ဒီလောကကြီးက ကျုပ်ရဲ့ အိမ်ပဲလေ။ ကျုပ်က ခင်ဗျားတို့ ဟောခန်းသခင် ရာထူးနဲ့မကိုက်ညီပါဘူး။ ကျေးဇူးပြုပြီး တစ်ခြားသူကိုသာ ရှာလိုက်ပါ။”
ပန်းပဲပြုလုပ်ခြင်းကိုသာ စိတ်ပါဝင်စားတတ်သည့် လူတစ်ယောက်အနေနှင့် သူသည် လွတ်လပ်မှုကို လိုလားလွန်းလှ၏။ ထို့ကြောင့် မည်သည့်ဂိုဏ်းတစ်ခုထဲကိုမှ ဝင်ရောက်ရန် စိတ်ဆန္ဒမရှိချေ။
“ခင်ဗျားထပ်ပြီး မစဉ်းစားတော့ဘူးလား။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ဖန်းရီကျိသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ဒီဖန်းကို ကယ်တင်ခဲ့တယ်လေ။ ဒါကြောင့် ဒီဖန်းက အရမ်းကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ အခွင့်အရေးသာရမယ်ဆိုရင် ကျုပ်က ကျေးဇူးကြွေးကို ပြန်ဆပ်ပါမယ်။”
ဤစကားလုံးသည် ငြင်းပယ်လိုက်သည့်စကားပင်ဖြစ်၏။ သူ့အနေနှင့် ထွက်ခွာသွားတော့မည်ဟု အရိပ်အယောင်ပြ ပြောဆိုခဲ့ခြင်းလည်း ဖြစ်တော့၏။
အရှေ့ပင်လယ်စုထဲတွင် ရာစုနှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ ဖမ်းဆီးခံရပြီးသည့်နောက်မှာတော့ ပြန်ရောက်ချိန်တွင် လုပ်စရာတွေ အများကြီးရှိနေသေး၏။ ဥပမာအားဖြင့် သူ၏ ရည်းစားဟောင်းများ၊ မိတ်ဆွေသူငယ်ချင်းများ ဆီကို သွားရောက်လည်ပတ်ရန် အကြံအစည်လည်းရှိလို့နေ၏။
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ချင်းယန် … ဒါဆိုရင် ဆရာဖန်းကို လိုက်ပို့လိုက်ပါအုံး။”
ပါရမီရှင်များအား ဂိုဏ်းသားအဖြစ် ခေါ်ယူရသည့်နေရာတွင် သူသည် လူများကို ဖိအားမပေးဆိုသည့် စည်းမျဉ်း စည်းကမ်းကို အစဉ်အမြဲလိုက်နာတတ်၏။
“ကောင်းပါပြီ။”
လီချင်းယန်နှင့် ရှောင်ကျီတို့သည် လှမ်းလျှောက်လာပြီးသည့်နောက်မှာတော့ ဆရာဖန်း၏ လက်မောင်းကို တစ်ဖက် တစ်ချက်စီကိုင်ကာဖြင့် ဆွဲမလိုက်၏။
“ကောင်လေးတို့ … တောင်ရဲ့ ဂိတ်တံခါးက ဟိုဘက်မှာမဟုတ်ဘူးလား။ ငါ့ကို ဘယ်ကို ခေါ်သွားမို့လဲ။”
“ရောက်ရင်သိမှာပေါ့။”
“ကောင်းပြီ။ ကောင်းပြီ။”
ကျွီ
ကျွီ
…
အကျဉ်းထောင်ထဲမှာတော့ ဆရာဖန်း၏ မျက်နှာအမူအရာသည် ပျက်ယွင်းလျက်ရှိ၏။ အစောတုန်းကသူသည် နေအိမ်အကျဉ်းချခံရသလို နေထိုင်ရသည်ဟု ခံစားနေမိသည်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ အစစ်အမှန်ပင် အကျဉ်းထောင်ထဲသို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
အဘယ်ကြောင့် ထောင်ထဲရောက်ခဲ့ရသနည်းဆိုသော် ကျွင်းချောင်ရှောင်း၏ လူသစ်ခေါ်ဆိုမှုကို ငြင်းပယ်ခဲ့သော ကြောင့်ပင် ဖြစ်တော့သည်။
ကျိုးဒူဒူသည် ဝမ်းမြောက်ဝမ်းသာနှင့် ပြောလိုက်၏။ “ဟာ နောက်ထပ်အကျဉ်းသားတစ်ယောက်ပါလား။ ….. အဘိုးကြီး ဘယ်လိုလုပ်ပြီး ဒီထဲကို ရောက်လာတာလဲ။”
…
ဆရာဖန်းသည် မတ်မတ်ရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အကျဉ်းထောင်တံခါး၏ သံပန်းကို လက်ဖြင့်ဆုပ်ကာ အော်လိုက်တော့၏။ “ဂိုဏ်းချုပ်ကျွင်း ဘာလို့ကျုပ်ကို ချုပ်ထားရတာလဲ။”
“အော်မနေနဲ့တော့။”
ကျိုးဒူဒူသည် သစ်သားအိပ်ရာပေါ်တွင် အသာလဲှပြီးနောက် ပြောလိုက်၏။ “ဒီအခန်းထဲကို ရောက်လာပြီဆိုတာနဲ့ ဂိုဏ်းချုပ်ကျွင်းရဲ့ တောင်းဆိုမှုကို လိုက်လျောရင်လိုက်လျော ၊ ကိုယ့်အတွက် လာပြီးရွေးချယ်မယ့် ပြန်ပေးငွေကို ပေးမယ့်လူတစ်ယောက်ယောက်လာရင်လာ။ ဒါမှမဟုတ်လို့ရှိရင် ဘယ်တော့မှ ထွက်ခွာသွားရမှာမဟုတ်ဘူး။”
ဤအရာမှာ နာကျင်ဖွယ်ရာကောင်းလှသည့် အမှန်တရားပင် ဖြစ်တော့သည်။
ဆရာဖန်းသည် စိတ်ဓာတ်တကျဖြင့် ထိုင်ချလိုက်ပြီးသည့်နောက်မှာတော့ သက်ပြင်းပင်ချလိုက်မိ၏။ “ငါ ကျားခံတွင်းထဲကနေ ထွက်လာပြီးတော့ ဝံပုလွေခံတွင်းထဲကို ရောက်သွားတာပဲ။”
လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ အကျဉ်းထောင်ထဲတွင် အကျဉ်းသား ၄ ယောက်တည်ရှိနေခဲ့၏။ ၎င်းတို့ အားလုံးသည် ကျိုးဒူဒူ၏ နေ့စဉ်နေ့တိုင်း တောင်စဉ်ရေမရ ခွန်အားဖြည့်စကားများကို နားထောင်နေကြရ၏။
ဤနေရာတွင် ပြဿနာတစ်ခုရှိလို့နေသည်။ မည်သူသည် အကျဉ်းထောင်ထဲမှ ပထမဦးဆုံး လွတ်မြောက် သွားမည့်သူ ဖြစ်မည်နည်း။