အခန်း (၁၀၆၂)
Vol. 72 Ch. 1062
စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို ထုတ်ယူကာပြောလိုက်၏။ "နောက်ဆုံးမှာတော့ ငါ့စိတ်ဝိညာဉ်အမြစ်ကို နတ်ဘုရားအဆင့်ထိ တိုးမြှင့်နိုင်ပြီပဲ"
သူ၏ စိတ်ဝိညာဉ်အမြစ်သည် သူတော်စင်အဆင့်သို့ ရောက်ရှိပြီးကတည်းက အဆင့်မြှင့်တင်ခြင်း မပြုလုပ်ခဲ့ချေ။ လက်ရှိအချိန်မှာတော့ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်သည် ဆုလာဒ်အဖြစ် ရရှိခဲ့သောကြောင့် ပျော်ပျော်ရွှင်ရွှင်ဖြင့် သောက်သုံးရပေလိမ့်မည်။
သူသည် ပုလင်းကိုဖွင့်ကာ တစ်ခါတည်းမော့သောက်လိုက်၏။ ချက်ချင်းဆိုသလို ကျွင်းချောင်ရှောင်း၏ သွေး၊စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတို့သည် ပိုမိုကာ ကောင်းမွန်သွားခဲ့သည်။
သူ၏ စိတ်ဝိညာဉ်အမြူတေထဲတွင် ရှိနေသော စိတ်ဝိညာဉ်တို့သည်လည်း ယခင်ကထက် ပို၍သန့်စင်လာခဲ့၏။ စိတ်ဝိညာဉ်အမြစ် ပိုမိုသန့်စင်လာသည်နှင့်အမျှ သိုင်းပညာအပေါ် သိရှိနားလည်မှုသည်လည်း မတူညီသည့်အခြေအနေတစ်ခုသို့ ပြောင်းလဲရောက်ရှိသွားခဲ့၏။
"ဝှစ် ဝှစ်"
ရုတ်တရက် ကျွင်းချောင်ရှောင်း၏ အော်ရာများ ထွက်ပေါ်လာပြီးသည့် နောက်မှာတော့ စာကြည့်ခန်းတစ်ခုလုံးကို ပြည့်နှက်သွားသည်။
"ဒင် …. လက်ခံသူသည် သိုင်းသူတော်စင်အဆင့်သို့ချိုးဖြတ်ရောက်ရှိခဲ့သည်။"
"ဒင် … လက်ခံသူသည် ဓားသူတော်စင် ဒုတိယအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့သည်"
"ဘာလို့အဆင့်တစ်ခုတည်း တက်တာလဲ" ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို သောက်သုံးပြီးနောက် ဆက်တိုက် အဆင့်တက်သည့် ခံစားချက်ကို သူ တောင်းတလျက်ရှိ၏။
စနစ်ကပြောလိုက်သည်။ "နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ပြောင်းလဲပြီးနောက်မှာ ဒီလို အဆင့်တက်သွား တယ်ဆိုတာ တော်တော်ကံကောင်းတယ်လို့ပြောရမယ်"
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ "ကျင့်ကြံခြင်းအဆင့်ပိုမြင့်လာလေ အဆင့်တက်ဖို့က ပိုပြီးခက်ခဲလာပါလား"
"အမှန်ပဲလေ မင်းဆီမှာ အခု အတွေအကြုံအဆောင်လေးခု ကျန်သေးတယ်မလား"
သူသည် လက်ကို ယမ်းခါကာဖြင့် အတွေ့အကြုံအဆောင်လေးခုကို ထုတ်ယူလိုက်၏။ သို့ပေမဲ့ ထိုအရာအားလုံးကို ချိူးဖြတ်ပြီးနောက်မှတော့ သူ၏ အားအင်အဆင့်သည် အနည်းငယ်မျှသာ တိုးတက်လာခဲ့၏။ သူ၏အဆင့်သည် ဒုတိယအဆင့်မှာသာ ရှိနေသေး၏။
ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိသည် "ငါ့အနေနဲ့ တတိယအဆင့် ရောက်ဖို့ဆို အတွေ့အကြုံအဆောင် ဘယ်နှစ်ခုတောင်သုံးရမှာလဲ"
"အနည်းဆုံး ခြောက် ……ခုနှစ် ဒါမှမဟုတ် ကိုးခုပေါ့" စနစ်ကပြောလိုက်သည်။
“…….”
အဘယ့်ကြောင့် တစ်ခါတည်း ကိုးခု ဟုမပြောရသနည်း။
ကျွင်းချောင်ရှောင်သည် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ပြောင်းလဲပြီးနောက်မှာတော့ သူ၏ခန္ဓာကိုယ်ကို သေချာစွာ အာရုံခံကြည့်လိုက်၏။ ပြီးနောက် သက်ပြင်းချလိုက်မိသည်။ "သာမာန်စိတ်ဝိညာဉ်အမြစ်ကနေ အဆင့်မြင့်စိတ်ဝိညာဉ် အမြစ် ဖြစ်ဖို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ဖြတ်ကျော်ခဲ့ရတာတွေက တစ်ကယ့်ကို ကြမ်းတမ်းလွန်းခဲ့တာပဲ "
သူသည် လေးလေးနက်နက်ပြောလိုက်၏။ "နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ဆိုတာ အစပဲရှိသေးတယ် ငါက လောကကြီးမှာ အားအကောင်းဆုံး လူတစ်ယောက် ဖြစ်ဖို့လိုနေသေးတယ် ။ ပိုပြီးတော့ခက်ခက်ခဲခဲ ကျင့်ကြံရမယ်"
"ခက်ခက်ခဲခဲကျင့်ကြံချင်ရင် စနစ်ကိုဖယ်လိုက်လေ" စနစ်က စောတကတက်လိုက်တော့သည်။
အရှေ့ပင်လယ်သို့ သွားရာခရီးသည် ကျွင်းချောင်ရှောင်းကို နတ်ဘုရားအဆင့် စိတ်ဝိညာဉ်အမြစ်ဆီသို့ ရောက်ရှိစေခဲ့သည်သာမက အဆင့်မြင့်သိုင်းကျမ်းတော်တော်များများနှင့် အကျိုးအမြတ်များကိုလည်း ရရှိခဲ့သည်။ အထူးသဖြင့် ကျောက်ရိုင်းတုံးများပင်ဖြစ်၏။
ထိုကျောက်ရိုင်းတုံးများမှာ အလွန်များပြားလွန်းလှ၏။ အင်ပါယာကျန်းဝေသည် ကျောက်ရိုင်းတုံးများကို စုစည်းရာတွင် ဝါသနာပါပြီး ထိုသူသည် လက်နက်သွန်းလုပ်ရန် စုဆောင်းထားခြင်းပင် ဖြစ်ပေလိမ့်မည်။
ရှောင်ကျီမှာတော့ မနက်ကတည်းက ထကာ အလုပ်များလျက် ရှိနေတော့၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ပန်းပဲခန်းမထဲရှိ ပန်းပဲပစ္စည်းများကို သုံးကာ လက်နက်ပြုလုပ်နေရ၏။ နဂါးသွားလက်နက်တို့ကို ပေါပေါများများ ထုတ်လုပ်လျက်ရှိနေကြ၏။ အစက ကျွင်းချောင်ရှောင်းသည် ကိုယ်တိုင်ကိုယ်ကျ လက်နက်သန့်စင်သော်လည်း သူ၏တပည့်များကို လက်လွှဲထားပြီးနောက်မှာတော့ လွတ်လပ်ပေါ့ပါးသော လူတစ်ယောက်ဖြစ်လို့နေလေ၏။
"အထူးလီမီးနည်းစနစ်ဟုတ်လား"
သို့လှောင်လက်စွပ်အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် နည်းစနစ်တစ်ခုကို တွေ့လိုက်၏။ ဤအရာသည် မီးဓာတ်ကျင့်ကြံသူများအတွက် အလွန်ကောင်းမွန်လှသည့် နတ်ဘုရားအဆင့်နိမ့် နည်းစနစ် တစ်ခုပင် ဖြစ်တော့၏။ လူတစ်ယောက်သည် လုံလောက်စွာ နားလည်တတ်မြောက်ပါက ခန္ဓကိုယ်အတွင်း မီးဓာတ်များကို ထုတ်ဖော်ကာ တည်နေရာအလိုက် ရွေ့ပြောင်းတိုက်ခိုက်နိုင်သော မီးနည်းစနစ်တစ်ခုပင် ဖြစ်တော့၏။
"ဒါက ကျင့်ကြံဖို့အတွက် သင့်တော်တာပဲ"
ကျွင်းချောင်ရှောင်းသည် စာအုပ်ကို သေသေချာချာ ကြည့်ရှုလိုက်၏။ သူသည် စိတ်ဝိညာဉ်အမြစ်ကို မြင့်တင်ပြီး ဖြစ်သည့်အပြင် နတ်မီးခန္ဓာကိုယ်နှင့် ဓာတ်ငါးပါးခန္ဓာကိုယ်တို့ကိုပါ ကိုရရှိထားသောကြောင့် ဤနည်းစနစ်ကို နားလည်ရန်မှာ လွယ်ကူလွန်းလှ၏။ သို့သော် ကျင့်ကြံခြင်းဆိုသည်မှာ တစ်ဆင့်ခြင်း သွားရသည်။ ထို့ကြောင့် အချိန်တော့ အနည်းငယ် ကုန်ပေလိမ်မည်။
"ဟူး"
ရွေးချယ်စရာမရှိသောကြောင့် ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲရှိ အသိအမြင်အဆောင်ကို ချိုးလိုက်တော့၏။ အထူးလီ မီးနည်းစနစ်သည် စနစ်၏ စတိုးမှ ဝယ်ယူထားသော အရာမဟုတ်သည့်အတွက် အသိအမြင်အဆောင်နှင့် နားလည်နိုင်၏။ အချိန် နာရီဝက်ခန့် ကြာပြီးသည့်နောက်မှာတော့ သူသည် ပြီးပြည့်စုံစွာ နားလည်သွားတော့သည်။
"ဝှစ်"
သူသည် လက်ဝါးကို အသာဖြန့်ကြည့်ပြီးနောက်မှာတော့ ထူးခြားလှသည့် မီးတောက်တစ်ခုသည် သူ၏ လက်ဝါးတွင် ဖြစ်တည်လာတော့၏။
အင်ပါယာကျန်းဝေသည် ထိုအခြေအနေကိုသာ တွေ့မြင်ပါက ကျိန်းသေပေါက် ငိုကြွေးနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤနည်းစနစ်ကို အဆင့်မြင့်အထိ နားလည်နိုင်ရန် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရ၏။ သို့သော် တစ်စုံတစ်ယောက်သောသူသည် နာရီဝက်အတွင်း နားလည်သွားခဲ့ပြီဖြစ်သည်။
"ထပ်တိုးလာတဲ့ မီးတောက်နဲ့ဆိုရင် ဓာတ်ငါးပါးထဲက မီးတွေက ပိုပြီးတော့ အစွမ်းထက်လာတော့မှာပဲ"
ကျွင်းချောင်ရှောင်းသည် သေသေချာချာ မစမ်းသပ်ကြည့်ရသေးချေ။ သို့ပေမဲ့ ထိုအရာကို ခနထားကာ သိုလှောင်လက်စွပ်ထဲသို့ မွှေနှောက်ရှာဖွေနေမိ၏။
အင်ပါယာကျန်းဝေသည် ပစ္စည်းကောင်းများကိုစုဆောင်းထားတတ်သူ ဖြစ်လို့နေ၏။ ထို့ပြင် သိုင်းနည်းလမ်း တော်တော်များများကိုလည်း စုဆောင်းထား၏။ ထိုအရာများကိုသာ ကျင့်ကြံခြင်းခန်းမဆောင်၌ လဲလှယ်လိုက်ပါက ပိုကောင်းမွန်သော နည်စနစ်များကို ပိုင်ဆိုင်နိုင်မှာ ဖြစ်သည်။
ရိုးသားစွာပြောရလျှင် သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ နည်းစနစ်များကို အထင်ကြီးတတ်သူ မဟုတ်ချေ။ ဤမီးနည်းစနစ်သည် သူ၏ခန္ဓာကိုယ်နှင့်သာ မလိုက်ဖက်ပါက သူ့အနေဖြင့် အသိအမြင်အဆောင်ကို အသုံးပြုလိမ့်မည် မဟုတ်ချေ။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် ကိုယ်ကို အသာကြုံ့ကာ ဝင်ရောက်လာ၏။ "ဂိုဏ်းချုပ် … ဆရာဖန်းကို ဒီအတိုင်းပဲ ချုပ်နှောင်ထားတော့မှာလား"
ကျွင်းချောင်ရှောင်းကပြောလိုက်၏။ "တုတုကို ကောင်းမွန်တဲ့ အစားအသောက်တွေ ဆရာဖန်းဆီ ပို့ခိုင်းလိုက်"
ဆရာဖန်းဆိုသောလူသည် အစိမ်းရောင်မာဖလာနှင့်လူကဲ့သို့ သံမဏိစိတ်ဓာတ်နှင့် လူတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမထင်မိချေ။
လီချင်းယန်သည် စားသောက်ခန်းဆီသို့ ထွက်သွားတော့၏။
လီဝမ်ရှစ်သည် အခြေအနေကို သိရှိပြီးနောက်မှာတော့ အကောင်းမွန်ဆုံး ဟင်းပွဲများ ပြင်ဆင်တော့သည်။ "ငါ့ရဲ့လက်ရာကို မည်သူမှ တောင့်မခံနိုင်စေရဘူး..."
"ကျွီ"
အကျဉ်းထောင်တံခါး ပွင့်သွားပြီးနောက်မှာတော့ အားဟိုင်နှင့် ယီဟိုင်တို့သည် အစားအသောက်များကို ကိုင်ဆောင်ကာ ဝင်ရောက်လာကြ၏။အကျဉ်းထောင်တစ်ခုလုံး ဟင်းရနံ့များဖြင့် မွှေးပျံ့သွားခဲ့၏။
မိမိ၏ အမှားကို ပြန်လည်သုံးသပ်လျက်ရှိသော တိုင်လုသည် အနည်းငယ် မျက်မှောင်ကြုံ့သွားခဲ့၏။ ဤအတောအတွင်း သူသည် ပြိုင်စံရှားဂိုဏ်း၏ အစားအသောက်များကို စားသုံးခဲ့သည်။
သို့ပေမဲ့ သူသည် သူ၏မူဝါဒကို မှတ်ယူထားသေး၏။ ယွမ်သခင်လေးနှင့် ဆရာဖန်းတို့မှာ နောက်မှ ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် အစားအသောက်များကို မစားဘူးသေးချေ။ မွှေးပျံ့လှသော ဟင်းတို့သည် ၎င်းတို့၏ စားချင်စိတ်ကို နှိုးဆော်ကာ ဗိုက်ထဲမှ တဂွီဂွီပင် မြည်လာကြ၏။
"ခင်ဗျားတို့နှစ်ယောက် ….. လာ စားကြရအောင်" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
ယွမ်သခင်လေးနှင့် ဆရာဖန်းတို့သည် ဟန်မဆောင်နိုင်တော့ဘဲ အနည်းငယ် ရှေ့သို့တိုးလာကာ တူများကို ကောက်ကိုင်လိုက်ကြ၏။ အရသာများကို ခံစားမိသည့်နောက်မှာတော့ ၎င်းတို့၏ ဝိညာဉ်များသည် ကောင်းကင်ပေါ်တွင် ကခုံနေသလိုပင် ထင်ဟပ်နေကြသည်...။
ဒေါင့်တစ်ခုတွင် ခွေလျက်ရှိနေသော ကျိုးတုတု သည် သွားရေများပင် ကျလို့နေ၏။ ဤနှစ်ယောက်သည် တိုင်လုကဲ့သို့ ပြောင်နေအောင်မစားရန် မျှော်လင့်နေမိ၏။သူ့အတွက် တစ်ကိုက်စာလောက် ချန်ထားလျှင်ပင် ကျေနပ်နေပေ၏။
ဆိုးလှသည်မှာ စားသောက်ပြီးသည့်တိုင်အောင် ဟင်းပွဲအကုန်လုံးမှာ ပြောင်းရှင်းလို့နေလေ၏။ ဟင်းပန်းကန်များမှာလဲ လျှာဖြင့် သုံးလေးခေါက် လျက်ထားသလို ပြောင်ရှင်းလို့နေသည်။
ကျိုးတုတုသည် မျက်ရည်အဝိုင်းသားဖြင့် ပြောလိုက်၏။ "ဒီလူတွေ တော်တော်စားတာပဲ"
"ခင်ဗျားတို့နှစ်ယောက် … ဟင်းပွဲရဲ့ အရသာတွေက ကောင်းတယ်မလား" ကျွင်းချောင်ရှောင်းသည် ခါးထောက်ကာပြောလိုက်၏။
ဆရာဖန်းက ချီးကျူးလိုက်သည်။ "တစ်ကယ့်ကို အရသာရှိတာပဲ"
ယွမ်သခင်လေးသည် တိတ်ဆိတ်ငြိမ်သတ်နေ၏။သို့သော် သူ၏ နှလုံးသားထဲတွင်တော့ ထိတ်လန့်နေ၏။ ပြိုင်စံရှားဂိုဏ်း၏ အစားအသောက်များသည် သူ့အား ထိတ်လန့်တုန်လှုပ်စေ၏။ ဂိုဏ်းချုပ်ကျွင်းနှင့် သူ၏ တပည့်များသည် ဤမျှကောင်းသော အစားအသောက်များကို စားသောက်ကာ နေထိုင်ကြသည်လား။
"ခင်ဗျားတို့နှစ်ယောက်သာ ပြိုင်စံရှားဂိုဏ်းထဲ ဝင်မယ်ဆို ဒီလောကမှာ ရှိတဲ့ စားအသောက်ကောင်းတွေကို နေတိုင်းစားရစေမယ်" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
တိုင်လုသည် သူ၏တောက်ပြောင်နေသော ခေါင်းကို အသာပုပ်ကာ အထင်သေးသလို နှခေါင်းရှုံ့လိုက်၏။ အရသာရှိသော အစားအသောက်များနှင့် မြူစွယ်ခြင်းသည် ရိုးရှင်သော နည်းလမ်းပင် ဖြစ်၏။ သူကဲ့သို့သောလူကို ဤသို့လာလုပ်၍ မရနိုင်ချေ။
"ဂိုဏ်းချုပ်ကျွင်း "
ဆရာဖန်းက လေးနက်စွာ ငြင်းဆိုလိုက်၏။ "ကျုပ်က လွတ်လွတ်လပ်လပ်နေတတ်သူဆိုတော့ ဂိုဏ်းတစ်ခုမှာ ချည်နှောင်ခံပြီးနေဖို့အတွက် အသားမကျနိုင်လောက်ဘူး"
ကျွင်းချောင်ရှောင်းသည် အသာပြောလိုက်၏။ "ကောင်းပြီ ခင်ဗျား နောက်ဆို အသားကျသွားလိမ့်မယ်"
ဆရာဖန်းသည် ခေါင်းကို အသာရမ်းကာ ပြောလိုက်သည်။ "ကျုပ် ပြိုင်စံရှားဂိုဏ်းကို ဝင်မှာမဟုတ်ဘူး"
သူ၏ စကားများသည် ပြတ်သားလွန်းလှ၏။ ခိုင်မာသောဇွဲနှင့် မဆုတ်မနစ်သော သတ္တိတို့ကို ဖော်ညွှန်းနေလေ၏။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော တိုင်လုက ပြောလိုက်သည်။ "ကျွင်းချောင်ရှောင်း … ဒီလောကမှာ ခင်ဗျားရဲ့ အစားအသောက်အတွက်နဲ့ ခိုင်မာတဲ့ ဇွဲ ၊ သတ္တိတို့ကို စွန့်လွှတ်မဲ့သူမှာ မရှိသလောက်ရှားတယ် ။ အနည်းဆုံးသော ခိုင်မာတဲ့ သတ္တိတော့ ရှိကြတာပဲ"
"ကောင်းပြီ" ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းကာ အားဟိုင်နှင့် ယိဟိုင်တို့အား အမူအရာ ပြလိုက်၏။
၎င်းတို့နှစ်ယောက်သည် လျင်လျင်မြန်မြန်ပင် ရှေ့သို့တိုးကာ ပန်းကန်များကို သိမ်းယူလိုက်သည်။
"ဘုတ် ဘုတ် ဘုတ် "
စားပွဲပေါ်တွင်တော့ လက်နက်များ တစ်ခုပြီးတစ်ခု ရောက်ရှိလာတော့၏။
ကျွင်းချောင်ရှောင်းသည် လက်ကို ဆန့်တန်းကာပြောလိုက်သည်။ "ဆရာဖန်း …. ဒီလက်နက်တွေက ဒီကျွင်း လုပ်ထားတာတွေလေ ခင်ဗျားက လက်နက်ကျွမ်းကျင်သူဆိုတော့ ဆုံးဖြတ်ကြည့်ပါအုံး"
ဆရာဖန်း၏ မျက်လုံးများသည် လင်းလက်သွား၏။ ထို့နောက် သူသည် အဆင့်နိမ့်အအေးဓားမှ စ၍ ကြည့်ရှုလိုက်၏။ လက်ထဲတွင် အေးစက်သည့် အရှိန်အဝါများ ရရှိပြီးနောက် အံ့အားသင့်စွာပြောလိုက်၏။ "ဒီအအေးဓားက အအေးသံ နဲ့ လုပ်ထားတာမလား"
"ခင်ဗျားက တစ်ကယ်ကို ကျွမ်းကျင်သူပဲ"
ကျွင်းချောင်ရှောင်းကပြောလိုက်၏။ "တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တာပဲ"
ဆရာဖန်းသည် အလယ်အလတ်အဆင့် အအေးဓား၊ တိမ်ဖောက်ဓား၊ ကျန်းယန်ဓား၊ နဂါးသွားဓားနှင့်အခြားလက်နက်များ ကို သုံးသပ်ကာ နောက်ဆုံးမှာတော့ မယုံကြည်စွာ ပြောလိုက်သည်။ "ဒီလက်နက်တွေ အကုန်လုံး ဂိုဏ်းချုပ်ကျွင်းလုပ်ထားတာလား"
“ရှေးတုန်းက ပြိုင်စံရှားဂိုဏ်းမှာ ဟန်ကျင်းနဲ့ မုရီဆိုတဲ့ ပန်းပဲပြုလုပ်တာ အရမ်းတော်တဲ့ လင်မယားနှစ်ယောက်ရှိတယ်လေ။ သူတို့က လျို့ဝှက်နည်းစနစ်တွေကို ချန်ထားခဲ့တယ်။ ဒီကျွင်းက နားလည်မှုအားနည်းတော့ တစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ နားလည်နိုင်တယ် ဒီတော့ ဆရာဖန်း ကျေးဇူးပြုပြီး မရယ်ပါနဲ့"
"ဟန်ကျင်းနဲ့ မုရီ ဟုတ်လား" ဖန်းရီကျိသည် သေချာ လေးလေးနက်နက် စဉ်းစားကြည့်လိုက်၏။ သို့သော် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ထိုသို့သော နာမည် နှင့်သူကို မသိရှိချေ။
"ကောင်းပြီ "
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "တစ်ကယ်လို့ ဆရာဖန်းသာ ပန်းပဲခန်းမဆောင်ကို ဦးစီးမယ်ဆို ကျုပ်တို့ရဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ထားရှိခဲ့တဲ့ ပန်ပဲနည်းစနစ်တွေကို ဖတ်ရှုခွင့်ပေးမယ်"
ဖန်းရီကျိ၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ တစ်ဖက်လူသည် သူ့အား လက်နက်များကို ဘာကြောင့် ကြည့်ရှုစေခြင်းကို နားလည်သွားခဲ့၏။ တစ်ဖက်လူသည် သူ့အား အတင်းအဓမ္မ ဂိုဏ်းသို့ဝင်ရန် စေခိုင်းနေခြင်းဖြစ်၏။
“ကောင်းပြီ"
ဖန်းရီကျိသည် စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချကာ ပြောလိုက်၏။ "ကျုပ် ဂိုဏ်းထဲဝင်မယ်"
ဘုတ် …..။
နံရံကိုမှီကာ ထိုင်နေသော တိုင်လုသည် သစ်သားအိပ်ယာပေါ်မှပြုတ်ကြသွားရသည်။ "ခင်ဗျားက ဒီလိုပဲ အလျော့ပေးလိုက်တာလား။ ခင်ဗျားရဲ့ မာကျောလှပါတယ်ဆိုတဲ့အရိုးကို ခွေးစားသွားတာလား"