← Chapters

အခန်း (၁၀၆၄)

Vol. 72 Ch. 1064

အခန်း (၁၀၆၄)

Vol. 72 Ch. 1064

ဝှစ် ဝှစ်

လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လှိုင်းကိုးခုဓားသိုင်းအား ပြစ်ချက်ကင်းလှသည့် ဟန်ပန် အမူအရာမျိုးဖြင့် ထုတ်ဖော်ကာ လေ့ကျင့်လျက်ရှိသည်။

“အရမ်းကောင်းတာပဲ။ ဂိုဏ်းချုပ်က ကနေသလိုပဲနော်” အနီးအနားတွင် ရပ်လျက်ရှိနေသော တပည့်များသည် ချီးကျူးလျက် ရှိနေကြ၏။

ချလွမ်

ခဏကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တိုက်ကွက်ဖော်ဆောင်မှုကို ရပ်တန့်ပြီး ဓားကို ဓားအိမ်ထဲသို့ ပြန်လည်ထည့်လိုက်၏။ “ဆရာဖန်းရဲ့ ဝိညာဉ်ပေါင်းစပ်ထားတဲ့ အအေးဓားက အရင်ကထက် ပိုပြီးတော့ အသုံးပြုရ လွယ်သွားတာပဲ”

ဤအရာသည် ဓားကို စမ်းသပ်နေခြင်းသာဖြစ်၏။ သို့ပေမဲ့ ဓားသည် သူနှင့်အတူ ပေါင်းစပ်နေသည်ဟု ခံစားမိ၏။ အထူးသဖြင့် ဓားသိုင်းကွက်ကို ထုတ်ဖော်လိုက်သည့်အချိန်တွင် တိုးတက်မှု အရှိန်အဟုန်သည် ပိုမိုကာ ကြီးမား လာခဲ့၏။ တပည့်များ အားလုံးကိုသာ ထိုကဲ့သို့သော လက်နက်မျိုး တပ်ဆင်ပေးထားနိုင်သည်ဆိုပါက ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်သည် ပိုမိုကာ အားကောင်းသွားမှာ သေချာ၏။

ကျွင်းချောင်ရှောင်းသည် အရှေ့ ပင်လယ်ဆီသို့ သွားရာခရီးတွင် ကြီးမားလှသည့် အကျိုးကျေးဇူးကြီးကို ရရှိခဲ့ခြင်းပင် ဖြစ်တော့၏။ ထို့ပြင် သူသည် အင်ပါယာကျန်းဝေ၏ သိုလှောင်လက်စွပ်များအပြင် သိုင်းနည်းစနစ် များကိုလည်း ရရှိခဲ့သေး၏။ ယခုကြည့်ရသည်မှာ ထိုသို့ရရှိခဲ့သော ရတနာပေါင်းများစွာထဲမှ အကြီးမားဆုံးသော တန်ဖိုးဖြတ်မရသည့် ရတနာမှာ ဆရာဖန်းပင် ဖြစ်တော့သည်။

“ချင်းယန်”

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ အသစ်ပြန်လည် ဖန်တီးထားသော အအေးဓားအား လှမ်း၍ ပေးလိုက်၏။ “ဒီဓားကို စမ်းကြည့်လိုက်”

“ကောင်းပါပြီ” လီချင်းယန်သည် အဝေးဆီမှ ပျံသန်းလာပြီးသည့်နောက် ဓားကို လှမ်းကိုင်ကာဖြင့် လေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ဆင်းသက်လိုက်သည်။

ပြီးနောက် သူသည် ဓားသိုင်းများအား သေသေချာချာ ထုတ်ဖော်ကာ စမ်းသပ်တော့သည်။ နှိုင်းယှဉ်၍ မရအောင် အားကောင်းလွန်းလှသော ဓားချီများသည် ဖြစ်တည်လာပြီးသည့်နောက် မှာတော့ မြေပြင်ကို ခုတ်ပိုင်းလိုက်၏။

ဝုန်း

မြေပြင်ကြီးတစ်ခုလုံးသည် အက်ကွဲသွားပြီး ကြီးမားသည့် ဓားရာကြီး ပေါ်ပေါက်လာတော့သည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် ဓားနှင့်အတူ မတ်တပ်ရပ်နေရင်း အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါက အရင် ကထက်ပိုပြီး အားကောင်းသွားတာပဲ”

နောက်တစ်စက္ကန့်အတွင်း သူ၏ အပြုံးများသည် အေးခဲသွားသည်။ ပျက်စီးသွားသော ကြမ်းပြင်ကို လှမ်းကြည့်ရင်း သူသည် ရင်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရ၏။ ပြိုင်စံရှားဂိုဏ်း တစ်ခုလုံး၏ ဆောက်လုပ်ရေးတာဝန်ခံ တစ်ယောက်အနေဖြင့် ဤဒုတိယတပည့်သည် သူကိုယ်တိုင် ဖျက်ဆီးပစ်သည် ဆိုလျှင်တောင်မှ အလွန်တရာ နာကျင်သည့် ခံစားချက်များကို ရရှိလျက်ရှိ၏။

..............

ဖန်းရီကျိသည် အနားမယူချေ။ သူသည် လက်နက်များ ပြန်လည်သန့်စင်သည့် လုပ်ငန်းစဉ်တွင် ရူးရူးမူးမူးနှင့် ကြိုးစားလျက်ရှိနေသည်။ အချက်အလက်အားဖြင့် ဤလူသည် အင်ပါယာကျန်းဝေကဲ့သို့ပင် ရူးသွပ်နေသူ တစ်ယောက်ဖြစ်သည်။ မည့်သည့်နေရာတွင် ရူးသွပ်နေသနည်းဆိုသော် ပန်းပဲပြုလုပ်ရာတွင် ဖြစ်၏။

ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ အအေးဓားတစ်ရာကျော်တို့သည် ပြန်လည်မွမ်းမံပြီးဖြစ်ပြီး ဝိညာဉ် နှင့် ချစ်ခြင်းမေတ္တာများ ပေါင်းစပ်နေကြပြီဖြစ်သည်။ တပည့်များသည် အအေးဓားများကို ကိုင်ဆောင်ပြီးသည့် နောက်မှာတော့ ၎င်းတို့၏ ဝိညာဉ်နှင့်ပင် ပေါင်းစပ်နိုင်ခဲ့ကြသည်။ နေ့စဉ်လေ့ကျင့်ရင်းနှင့် စမ်းသပ်တိုက်ခိုက်မှုမျိုး များတွင် လက်နက်နှင့်ပေါင်းစပ်၍ ထုတ်ဖော်တိုက်ခိုက်မှုကို အဆင့်မြှင့်တင်လာနိုင်ခဲ့ပြီ ဖြစ်တော့သည်။

ဟုတ်ပေသည်။ ပိုမို၍ အားကောင်းစေသည့်အရာသည် တိမ်ဖောက်ဓားမော့ပင် ဖြစ်တော့သည်။ အမဲရောင်ဒိုင်းကာနှင့် တခြား အကာအကွယ်ပစ္စည်းများလည်း ရှိလို့နေသေးသည်။ အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ထိုအရာကို စဉ်းစားတွေးတောထားခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့်ပင် ဖန်းရီကျိအား တန်ဖိုး ဖြတ်မရသည့် ရတနာအစစ်ပင်ဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းပင် ဖြစ်၏။ ၎င်းရောက်ရှိလာသည်နှင့်အတူ လက်နက် များ၏ မွမ်းမံနိုင်မှုသည် ပိုမိုကာ တိုးတက်လာခဲ့ပြီး ပြိုင်စံရှားဂိုဏ်း၏ တိုက်ခိုက်ရေးစွမ်းအင်သည် ထပ်မံကာ တိုးတက်လာတော့မှာ သေချာ၏။

တစ်ခုချင်းစီအရဆိုလျှင် အကျိုးသက်ရောက်မှုသည် သိပ်၍ မသိသာလှသည်ဆိုသော်လည်း တပည့်ခုနှစ်သောင်း ကျော်တို့အား ဝိညာဉ်နှင့် ချစ်ခြင်းမေတ္တာများ ပူးကပ်လျက်ရှိနေသည့် လက်နက်များကိုသာ ကိုင်ဆောင် ထားမည်ဆိုပါက ကြောက်မက်ဖွယ်ရာကောင်းသည့် အရာမျိုး ဖြစ်လာမှာ သေချာသည် မဟုတ်ပါလား။

ထို့အပြင် ဤအရာမှာ အခြေခံအဆင့် လက်နက်များသာ ရှိနေသေး၏။ အဆင့်မြင့် ကျန်းယန်ဓား၊ နဂါးသွားလက်နက်များ ကိုသာ ဖန်းရီကျိအား မွမ်းမံခိုင်းလိုက်မည်ဆိုပါက ပိုမို၍ အားကောင်းလာနိုင်မှုနှုန်းသည် နှစ်ဆ၊ သုံးဆသို့ပင် တိုးတက်သွားမှာ သေချာ၏။

“ငါ ဒါကို အရမ်းမျှော်လင့်နေမိတယ်”

ကျွင်းချောင်ရှောင်းသည် အရှေ့ပင်လယ်ဆီသို့ သွားခဲ့ရသည်မှာ အလွန်တရာ ကောင်းမွန်လှသည့်အရာ ဖြစ်ကြောင်း ခံစားနေမိတော့၏။ ထို့အပြင် ဤကဲ့သို့ သွားရန် ထောက်ပံ့ အကြံဉာဏ် ပေးခဲ့ကြသော အကြီးအကဲများကိုလည်း ကျေးဇူးတင်လျက် ရှိနေသည်။ အစစ်အမှန်အားဖြင့် သူတစ်ယောက်တည်းသာဆိုပါက ဆရာဖန်းကို သွား၍ ကယ်တင်နေမည် မဟုတ်ချေ။ သို့ပေမဲ့ အကြီးအကဲဝေနှင့် တခြားသူများ၏ လမ်းညွှန်ထောက်ပြမှုနှင့်အတူ သူသည် အရှေ့ပင်လယ်ဆီသို့ သွားကာ ဆရာဖန်းကို ကယ်တင်လာနိုင်ခဲ့၏။ ထို့ကြောင့် တူညီသော အကျိုးကို ခံစားနေရပြီဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ကျွင်းချောင်ရှောင်းသည် အလွန်တရာ ချောမောလှသည်ဆိုသော်လည်း ပြည့်စုံလှသည့် လူတစ်ယောက်တော့ မဟုတ်ချေ။ ထို့ကြောင့် ဂိုဏ်းတွင် ဤကဲ့သို့ လမ်းညွှန်ပြသနိုင်သည့် အကြီးအကဲများ လိုအပ်လျက် ရှိနေခြင်းပင် ဖြစ်တော့၏။

ထိုကဲ့သို့ အထောက်အပံ့ ပေးနိုင်သည့် အကြီးအကဲများ တည်ရှိနေခြင်းကလည်း ပြိုင်စံရှားဂိုဏ်းအား အားအကောင်းဆုံးသော ဂိုဏ်းတစ်ခု ဖြစ်အောင် ဖန်တီးပြုလုပ်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်နေတော့သည်။

............

ပန်းပဲဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ လောကလက်ချောင်းကို ထုတ်ယူကာဖြင့် စားပွဲခုံပေါ် တင်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဒါကိုလည်း ဝိညာဉ်အသက်ဓာတ် ထည့်သွင်းလို့ ရနိုင်သေးလား”

စနစ် “....”

ဤလက်နက်သည် အစောကြီးကတည်းက ဆိုးရွားလွန်းလှသည့် လက်နက် ဖြစ်နေပြီဖြစ်၏။ ဝိညာဉ်နှင့် ချစ်ခြင်း မေတ္တာများသာ ပေါင်းစပ်နိုင်သည်ဆိုပါက မေတ္တာအကြည့် အစွမ်းအောက်တွင် တစ်လောကလုံးသည် အမှောင်ဖုံးသွားမှာ သေချာ၏။

ဖန်းရီကျိသည် အသာလျှောက်လာပြီးသည့်နောက်မှာတော့ ထူးဆန်းသည့် ပုံပန်းသွင်ပြင်နှင့် လောကလက်ချောင်း အား ကိုင်ကြည့်လိုက်၏။ ၎င်း၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ ပြီးနောက် အလွန်တရာ ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “ဒါ... ဒါက”

“အမှန်ပဲ”

ကျွင်းချောင်ရှောင်းက ဖြတ်ပြောလိုက်သည်။ “နတ်ဘုရားအဆင့်နဲ့အထက် …”

ဘုတ် ….

ဖန်းရီကျိသည် မြေပေါ်သို့ လဲကျသွားသည်။ သူ၏လက်များသည် တဆတ်ဆတ်နှင့် တုန်ခါနေသည်။ ပြီးနောက် သူက ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ဒီလို နတ်ဘုရားအဆင့်နဲ့အထက် လက်နက်ကို ကိုယ့်ဘာသာ သွန်းလုပ် ခဲ့တာလား”

သူ၏ လက်ရှိအဆင့်အရဆိုလျှင် နတ်ဘုရားအဆင့် လက်နက်များကိုသာ သွန်းလုပ်နိုင်၏။ ထို့အပြင် အလွန် အားကောင်းလွန်းလှသော ကျောက်ရိုင်းများလည်း လိုအပ်နေသေးသည်။ နတ်ဘုရားအဆင့်နှင့်အထက် လက်နက် ဆိုသည်မှာတော့ သူ့အနေနှင့် ကိုင်တောင် မကိုင်ကြည့်ခဲ့ဘူးချေ။ အထက်နယ်မြေဆီမှ ရောက်ရှိလာသော ကျောက်ရိုင်းတုံးကြီးကိုလည်း စမ်းသပ်ထုလုပ်သည့်နေရာတွင် မအောင်မြင်ခဲ့ခြင်းကလည်း သက်သေပြခဲ့ခြင်းပင် ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ကျုပ်ပြောခဲ့တဲ့ စီနီယာတွေ ဖန်တီးပြုလုပ်ခဲ့တဲ့အရာလေ”

“လာပြီ”

စနစ်က ပြောလိုက်သည်။ “ပေါက်ကရတွေ လျှောက်ပြောပြီ”

“ကျုပ်သိပြီ”

ဖန်းရီကျိ၏ တုန်ခါနေသော နှလုံးသားများသည် ပြန်လည်ကာ တည်ငြိမ်သွားခဲ့၏။ အသက်နှစ်ဆယ် နီးပါးခန့်သာရှိသော လူငယ်တစ်ယောက်သည် နတ်ဘုရားအဆင့်နှင့်အထက် လက်နက်တစ်ခုကို သွန်းလုပ်နိုင်သည် ဆိုခြင်းသည် ထိတ်လန့်တုန်လှုပ်စရာပင် ဖြစ်၏။ ဤကဲ့သို့ တခြားသူများ သွန်းလုပ်ထားသည်ဆိုခြင်းကသာ ယုတ္တိတန်လှသည်။

“ဂိုဏ်းချုပ်”

ဖန်းရီကျိသည် သေသေချာချာ မ၍ ကြည့်ပြီးနောက် ပြောလိုက်သည်။ “ဒီလက်နက်ရဲ့လက်ရာက တကယ့်ကို ကောင်းမွန်လွန်းတယ်။ ဒါပေမဲ့ ဝိညာဉ်လိုအပ်နေသေးတယ်။ ဒါပေမဲ့ ဝိညာဉ် ထည့်သွင်းနိုင်မလား၊ မထည့်သွင်းနိုင်ဘူးလားဆိုတာ စမ်းသပ် အဖြေရှာကြည့်မှ ရမယ်”

“ဒါဆိုလည်း စမ်းသပ်ကြည့်ရအောင်”

“ကောင်းပါပြီ။ ဒါပေမဲ့ အချိန်ကတော့ တော်တော် ကြာနိုင်လိမ့်မယ်” အဆင့်မြင့်လက်နက်များကို ဝိညာဉ်များ ထည့်သွင်း၍ ပြန်လည်မွမ်းမံရခြင်းသည် အလွန်တရာ စွမ်းအင်ကုန်ခမ်းလှ၏။ ၎င်းသည် အအေးဓားများနှင့် မတူလှချေ။

........................

“ဒါ... ဒါက”

ဖန်းရီကျိသည် ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဂိုဏ်းချုပ်နှင့်အတူ အချိန်နှင့် တည်နေရာလျှို့ဝှက်နယ်မြေထဲသို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်။ ဤနေရာတွင် ရက်ငါးဆယ် နေထိုင်သည်ဆိုပါက အပြင်ဘက်တွင် တစ်ရက်သာ ရှိနေသေးသည်။

ဘုတ်

သူသည် ပါးကို ပိတ်ရိုက်လိုက်မိ၏။ နာကျင်မှုကို ခံစားပြီးသည့်နောက် ပြောလိုက်သည်။ “ဒါက အိမ်မက် မဟုတ်ဘူးပဲ”

သက်ပြင်းချပြီးသည့်နောက် သူသည် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်လာပြီးသည့်နောက် လက်နက် များကို မွမ်းမံသည့်အချိန်မှာလွဲ၍ ကျန်သည့်အချိန်များတွင် ထိတ်လန့်တုန်လှုပ် အံ့အားသင့်မှုများနှင့်သာ ကုန်ဆုံး ခဲ့ရတော့သည်။ သူ့အတွက် ထူးဆန်းလှသည့်အရာများကို အသားကျရန် အလွန်တရာ ခက်ခဲလျက်ရှိသည်။

“ဟောခန်းသခင်ဖန်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလက်နက်ကို ခင်ဗျားအတွက် ထားခဲ့မယ်”

“ကောင်းပါပြီ” ဆရာဖန်းသည် သူ၏ပန်းပဲစွမ်းအင်များအားလုံးကို ထုတ်လွှတ်လိုက်ပြီးသည့်နောက် ထိုစွမ်းအင်များ အားလုံးသည် တူကြီး ငါးလက်အဖြစ် ဖြစ်တည်လာခဲ့သည်။ ပြီးနောက် နေ့နေ့ညည စတင်ကာ ထုလုပ် မွမ်းမံ တော့၏။ နတ်ဘုရားအဆင့်နှင့်အထက် လက်နက်အား ဝိညာဉ်ထည့်သွင်းရခြင်းသည် အလွန်တရာ ခက်ခဲလွန်း လှ၏။ တစ်လလုံးလုံး ကြာမြင့်ခဲ့၏။ သို့ပေမဲ့ ရလဒ်သည် သိပ်၍ ထူးခြား မလာခဲ့ချေ။

“ဂိုဏ်းချုပ်”

ဖန်းရီကျိသည် လောကလက်ချောင်းကို ကမ်းပေးကာ ခေါင်းခါလိုက်၏။ “ကျုပ်ရဲ့စွမ်းဆောင်ရည်က အကန့်အသတ်ရှိတယ်လေ။ ဒါ့ကြောင့် နည်းနည်းလေးပဲ တိုးတက်အောင် မွမ်းမံနိုင်ခဲ့တယ်”

ကျွင်းချောင်ရှောင်းက ပြုံးကာ ပြောလိုက်သည်။ “ဟောခန်းသခင်ဖန်းအတွက် တကယ့်ကို လေ့ကျင့်စရာပစ္စည်း မရှိလို့ ဒီလိုဖြစ်နေတာလေ။ လေ့ကျင့်မှုကသာ ပြည့်စုံစေနိုင်တာကိုး။ ရော့... နတ်ဘုရားအဆင့်လက်နက် တချို့ ရှိသေးတယ်။ ခင်ဗျား ဒါတွေကို အသုံးပြုပြီးတော့ လေ့ကျင့်ပေါ့” ပြီးသည့်နောက်မှာတော့ သူသည် မိုးကြိုးဓား၊ ဒယ်အိုးနှင့် လောကလက်သီး လက်အိတ်တို့အား ကမ်းပေးလိုက်တော့သည်။

“..........”

ဖန်းရီကျိသည် ပျော်ရွှင်ရလွန်းသောကြောင့် မေ့လဲလုမတတ်ပင် ဖြစ်နေတော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် ပန်းပဲစားပွဲနားတွင် အသာထိုင်ချလိုက်ပြီးသည့်နောက်မှာတော့ မျက်နှာနှင့် စားပွဲအား တဒိုင်းဒိုင်းနှင့် တိုက်လျက် ရှိ၏။

သူသည် အစစ်အမှန် နောင်တရလျက် ရှိနေသည်။ အဘယ်ကြောင့် နောင်တ ရရှိနေသနည်းဆိုသော် ဂိုဏ်းချုပ်ကျွင်း၏ လေးလေးနက်နက် ဖိတ်ခေါ်မှုကို သူ ထပ်တလဲလဲ ငြင်းပယ်မိခဲ့သောကြောင့် ဖြစ်သည်။ တစ်ဖက်လူသည်သာ သူ့အား ချုပ်နှောင်မထားဘဲ လွှတ်ပေးလိုက်မည်ဆိုပါက ဤမျှ ကောင်းမွန် လှသော လက်နက်များနှင့် ထိတွေ့ခွင့်ကို သူလွဲချော်ရပေတော့မည်။

“ဖန်းရီကျိ... ဖန်းရီကျိ မင်းက တကယ့်ခွေးလိုကောင်ပဲ။ ကြီးမားတဲ့ အမှားကြီးကို လုပ်မိလုမတတ်ပဲ”

ဖောင်း ဖောင်း ဖောင်း …..

အသံတွေ ထွက်ပေါ်လာခဲ့၏။ ဤအရာမှာ ပန်းပဲထုသည့် အသံမဟုတ်ပေ။ မိမိကိုယ်ကို စိတ်တိုလွန်းသောကြောင့် ကိုယ့်ပါးကိုယ်ရိုက်နေသော ဆရာဖန်း၏ လက်သံပင် ဖြစ်တော့သည်။

..............

လီချင်းယန်နှင့် တခြားသူများ၏ ကိုယ်ပိုင်နတ်ဘုရားလက်နက်များကို ဖန်းရီကျိဆီ ကမ်းပေးပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေးနှင့်ပတ်သက်၍ မည်ကဲ့သို့ ပြုလုပ်ရမည်ကို စတင်ကာ စဉ်းစားလိုက်မိ၏။

“ဒီလူက အင်ပါယာကျန်းဝေနဲ့တောင် ပူးပေါင်းဖို့ အရှေ့ပင်လယ်ကို သွားခဲ့တယ်လေ။ သူက ကြီးမားတဲ့ အလုပ်ကြီးကို ပြုလုပ်ချင်တာ ဖြစ်ရမယ်။ သိပြီ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် အကျဉ်းထောင်ထဲသို့ အသာလျှောက်ဝင်သွားပြီးသည့်နောက် ယွမ်သခင်လေးကို ကုပ်မှဆွဲကာ အပြင်ဘက်သို့ ပြန်ထွက်လာခဲ့သည်။

“ကျွင်းချောင်ရှောင်း.... ခင်ဗျား ကျုပ်ကို သတ်ချင်လည်း သတ်လိုက်လေ။ ပြီးတော့ ဂုဏ်သိက္ခာရှိရှိနဲ့ သတ်ပါလား။ ဘာလို့ ခွေးသေကောင်လို့ တရွတ်တိုက် ဆွဲလာရတာလဲ” ယွမ်သခင်လေးသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“ကျုပ်က ခင်ဗျားကို ပျော်စရာကောင်းတဲ့နေရာဆီ ခေါ်သွားမလို့” ကျွင်းချောင်ရှောင်းက ပြုံးကာပြောလိုက်သည်။

“ပျော်စရာကောင်းတဲ့နေရာ ဟုတ်လား” ယွမ်သခင်လေးသည် ဇဝေဇဝါ ဖြစ်သွားမိ၏။ ပြီးသည့်နောက်မှာတော့ လေဝဲကဲ့သို့ အလင်းတန်းကို တွေ့ရှိလိုက်ရပြီးသည့်နောက်မှာတော့ ၎င်း၏အရှေ့တွင် အစီအရင်ကြီးတစ်ခု ဖြစ်တည်နေသည်ဖြစ်ကြောင်းကို မြင်လိုက်ရ၏။

“သောက်ကျိုးနည်း”

ဝှစ်

သူတွေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် သူ့အား ထိုအထဲသို့ ခေါ်သွင်းသွားခဲ့တော့သည်။

ဤအရာသည် ဂြိုလ်တိုက်ပွဲ တည်နေရာကြီးပင် ဖြစ်တော့သည်။ ဖန်းရီကျိအတွက် သူသည် အကောင်းမွန်ဆုံးသော ဆေးကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သခင်လေးယွမ်အားလည်း ဆေးမှန်တိုက်ရန် အချိန်ရောက်နေပြီဖြစ်၏။

All Chapters