← Chapters

အခန်း (၁၀၆၈)

Vol. 72 Ch. 1068

အခန်း (၁၀၆၈)

Vol. 72 Ch. 1068

အရက်မူးအိမ်မက်ကို များများစားစားသောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ မွှေးညှင်းပေါက်များ ပိုမိုကာ ကျယ်ပြန့်လာသည်သာမက ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ စုပ်ယူနိုင်သည့်နေရာတွင် ပိုမိုကာ နားလည်မှုများ ထိုးလာသည်ကို တွေ့ရှိလိုက်ရ၏။ ဤအရာသည် အလွန်အံ့အားသင့်စရာ ကောင်းလွန်း လှ၏။ ကုန်းရှန့်၏ စိတ်ဝိညာဉ်အမြစ်သည် နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးဟု ဆိုရမှာဖြစ်၏။ သူ၏ အခြေခံတိုးမြှင့်လာသည်နှင့်အမျှ စိတ်ဝိညာဉ် စွမ်းအင်များ၏ စုပ်ယူနိုင်မှုနှုန်းကလည်း ပိုမိုကာ တိုးမြှင့်လာခဲ့သည်။ သို့ပေမဲ့ အရက်သောက်ပြီးသည့်နောက်မှာ တော့ ၎င်းသည် ပိုမိုသည့် အမြန်နှုန်းဖြင့် စုပ်ယူနိုင်စွမ်း ရှိနေတော့သည်။

“ပါရမီရှင်၊ ဒါက တုတုလို ပါရမီရှင်ပဲ ဖြစ်ရမယ်”

လျှိုဝမ်ရှစ်သည် အစားအစာများ ဖန်တီးပြုလုပ်ပြီးသည့်နောက်မှာ တစ်စုံတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအင်များ ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ လက်ရှိ အခြေအနေ မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ စုပ်ယူမှုနှုန်း ပိုမိုတိုးလာစေသည့် ဝိုင်ကို ဖန်တီးပြုလုပ်နိုင်သော လူတစ်ယောက် သည် သူ၏ဂိုဏ်းထဲတွင် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဆုံးဖြတ်လိုက်တော့၏။ “ပြိုင်စံရှားဂိုဏ်းက ကြိုဆိုပါတယ်”

သူ့အနေနှင့် ဤကဲ့သို ထူးခြားလှသည့် ပါရမီရှင်မျိုးကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဂိုဏ်းတွင် ဝိုင်ဖန်တီးပြုလုပ်နေသူ တည်ရှိနေခြင်း ဆိုသည်မှာ အနာဂတ် အထိမ်းအမှတ် ပွဲများ ပြုလုပ်သည့်နေရာတွင် ချင်းယန်မြို့ဆီသို့သွား၍ ဝိုင်များ ဝယ်ယူနေရာ မလိုအပ်တော့ချေ။

ထို့အပြင် ကုန်းရှန့်သည် တစ်စုံတစ်ခုကို တွေးတောလျက် ရှိနေ၏။ ဤကဲ့သို့ အရက်မူးအိမ်မက်ဝိုင်သည် စိတ်ဝိညာဉ်စွမ်းအင်များ၏ စုပ်ယူမှုနှုန်းကို ပိုမိုအားကောင်းစေသည်ဆိုသော်လည်း အားညိုသည် ဤအရာကို သောက်ပါမလား ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်လို့နေတော့သည်။ “ငါ... ဒါကို သေသေချာချာ ကြည့်ချင်နေ သေးတယ်”

လန်ကောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။ ကျုပ်ကို ဂိုဏ်းထဲ ဝင်ဖို့ လက်ခံပေးတဲ့အတွက်”

နှစ်ပေါင်းများစွာ ဝိုင်လုပ်ခြင်းတာအိုနှင့် ရင်းနှီးကျွမ်းဝင်နေသော လူတစ်ယောက်ဖြစ်သည်မို့ သူသည် ဂိုဏ်းတစ်ခုခု ထဲသို့ ဝင်ရောက်ရန် စဉ်းစားပြီးသည့်နောက် ပထမဦးဆုံး စဉ်းစားမိသည့်အရာသည် ပြိုင်စံရှားဂိုဏ်းပင် ဖြစ်တော့၏။

လက်ရှိအချိန်တွင် အလွန်ထင်ရှား ကျော်ကြားလျက်ရှိသော ပြိုင်စံရှားဂိုဏ်းထဲသို့ သူသည် ဝင်ရောက် ချင်နေမိ၏။ ဤအရာသည် ဂုဏ်သိက္ခာနှင့် နာမည်ပင် ဖြစ်တော့၏။ လက်ရှိအခြေအနေမှာတော့ ပါရမီရှိသော လူများသည် ပထမဦးဆုံး ဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်ရန် စဉ်းစားလိုက်သည်ဆိုသည်နှင့်တပြိုင်နက် ၎င်းတို့၏ ဦးခေါင်းထဲတွင် ပေါ်ပေါက်လာသည်မှာ ပြိုင်စံရှားဂိုဏ်းပင် ဖြစ်ပေသည်။

................

“ဒီဝိုင်က တကယ့်ကို မှော်ဆန်လွန်းတာပဲ။ သောက်ပြီးတဲ့အချိန်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေ စုပ်ယူမှုနှုန်းတောင် တိုးလာတယ်။ ဒါကို ငါကြားဖူးတာ ပထမဦးဆုံး အကြိမ်ပဲ”

စားသောက်ခန်းထဲမှာတော့ တပည့်များအားလုံးသည် စားသောက်ခုံပေါ်တွင် ထိုင်လျက် ရှိနေကြ၏။ ၎င်းတို့ ရှေ့တွင်တော့ အရက်မူးအိမ်မက်ဝိုင် သေးသေးလေး တစ်ခွက်စီ တည်ရှိလို့နေသည်။ ထိုဝိုင်ဆီမှ ထွက်ပေါ်နေသော လတ်ဆတ်သည့် မွှေးရနံ့များသည် ချက်ချင်းပင် ကောက်သောက်ချင်စိတ်ပင် ပေါက်လျက်ရှိနေတော့၏။

“ဒီတိုင်း ထိုင်မကျွေင်းချောင်ရှောင်းက ပြောလိုက်သည်။ “သောက်လိုက်ကြတော့”

“ကောင်းပါပြီ” တပည့်များ အားလုံးသည် ၎င်းတို့၏ ဝိုင်ခွက်များကို တစ်ယောက်ပြီးတစ်ယောက် မြှောက်ကိုင်ကာ သောက်လိုက်တော့၏။

ဝိုး

လျှိုဝှမ်ရှစ်သည် ခွက်ကို အသာချပြီးသည့်နောက် ပျော်ရွှင်စွာ ပြောလိုက်သည်။ “အရသာ ရှိလိုက်တာ”

အရက်မူးအိမ်မက်ဝိုင်သည် အလွန်တရာ ပြင်းထန်လွန်းသောကြောင့် တပည့်များကို တိုက်သည့်အချိန်တွင် နည်းနည်းလေးသာတိုက်ထားခြင်းဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဤမိန်းကလေးအား သောက်သုံးရန် ခွင့်ပြုထားခြင်း ဖြစ်တော့သည်။

အစစ်အမှန်တရားမှာတော့ လျှိုဝမ်ရှစ်သည် အနည်းငယ်လေးသော ဝိုင်ကို သောက်သုံးပြီးသည့်နောက်မှာတော့ ဝိုင်၏ အစွမ်းသက်ရောက်မှုကို မရရှိဘူးဆိုသော်လည်း ပိုမိုကာ အားအင် တက်ကြွလာမှုကို ခံစားနေမိတော့၏။

တပည့်များသည် ဝိုင်ကိုသောက်သုံးပြီးသည့်နောက်မှာတော့ ကောင်းကင်နှင့် မြေကြီးအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင် များ စုပ်ယူနိုင်မှုသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် အံ့အားတသင့်ဖြင့် ပြောလိုက် မိ၏။ “ဒီအရက်မူးအိမ်မက်က တကယ့်ကို အစွမ်းသက်ရောက်မှု ရှိတာပဲ”

“သွားကြရအောင်။ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲမှာ သွားပြီး လေ့ကျင့်ကြမယ်”

ထိုအချိန်မှာတော့ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်များသည် လူများ ပြည့်ကျပ်လျက် ရှိနေတော့၏။ တပည့်များ အရေအတွက် တိုးလာသည် ဖြစ်သောကြောင့် စိတ်ဝိညာဉ်ချီ ပြန်ကောင်းလာမှုသည် အလုံးစုံ မလုံလောက်တော့ချေ။

ထို့ကြောင့် ဟောခန်းသခင် ကျန်းတယ်ကျွင်းသည် အစီအရင်များကို ပိုမိုများပြားစွာ ဖန်တီးလျက် ရှိနေတော့၏။ အရက်မူး အိမ်မက်ဝိုင်၏ အစွမ်းသက်ရောက်မှုသည် တစ်ရက်တိတိ ခံတော့သည်။ ဤကဲ့သို့သော ထောက်ပံ့မှု၏ အောက်မှာတော့ တပည့်များ အားလုံးသည် ကျင့်ကြံရာတွင် ပိုမို၍ ကြိုးစားလာတော့၏။ ၎င်းတို့၏ တိုးတက်မှုနှုန်းသည် ယခင်ကထက်ပင် ပိုမို၍ ရှင်းရှင်းလင်းလင်း မြန်ဆန်လာတော့သည်။

“ဂိုဏ်းချုပ်”

လန်ကောင်းက ပြောလိုက်၏။ “အရက်မူးအိမ်မက်ဝိုင်ကို နေ့စဉ်နေ့တိုင်း ခွက်သေးသေးလေး တစ်ခွက် သောက်မယ်ဆိုရင် အသက်ဓာတ်တွေကိုလည်း ပိုပြီးတော့ အားကောင်းလာစေနိုင်တယ်။ ပြီးတော့ အသားအရည်ကို နုပျိုစေပြီး လှပစေလိမ့်မယ်”

ဤအရာကို ဂိုဏ်းထဲရှိ အမျိုးသမီးတပည့်များ သိရှိမည်ဆိုပါက ကျိန်းသေပေါက် လာရောက်ကာတောင်း၍ နေ့စဉ် နေ့တိုင်း သောက်နေပေလိမ့်မည်။

“ဒါဆိုရင် များများစားစား ပြင်ဆင်ကြတာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ဟောခန်းသခင်ဖန်းသည် လက်နက်များအား ဝိညာဉ်ထည့်သွင်းသည့်အလုပ်တွင် နှစ်မျောလျက် ရှိနေတော့၏။ ထို့ကြောင့် ဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့၏။

လန်ကောင်း၏ အရက်မူး အိမ်မက်ဝိုင်သည် ကျင့်ကြံခြင်းအဆင့် ပိုမိုမြန်ဆန်စေသော သွယ်ဝိုက်သည့်နည်းလမ်းလည်း ဖြစ်နေတော့သည်။ ထို့ကြောင့် နှစ်ဦးနှစ်ဖက် ပိုမို၍ ပြည့်စုံလာမည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေတော့မည်။

လန်ကောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဒီလိုဝိုင်မျိုးက အဆင့်မြင့် မုယောဆန်ကနေ ထုတ်တာလေ။ ဒီမုယောမျိုးကို စိုက်ပျိုးဖို့ လုပ်ငန်းစဉ်က အရမ်းကို ရှုပ်ထွေးလွန်းတယ်။ အနည်းဆုံး ဒီလိုဝိုင်တစ်ဂျားဖြစ်လာဖို့ သုံးနှစ်လောက် အချိန်ယူရတယ်လေ”

“ဒါက ပြဿနာမဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် ဆေးဥယျာဉ်ဆီသို့ ခေါ်လာကာ ပြောလိုက်တော့သည်။ “အဆင့်မြင့်မျိုးစေ့တွေ အကုန်လုံးက အဆင့်မြင့် မြေဆီလွှာပေါ်မှာပဲ စိုက်ပျိုးလို့ ရတာလေ”

လန်ကောင်းသည် ကြောင်အသွား၏။ မြေဆီလွှာ၏ အရည်အသွေးကို သိရှိပြီးသည့်နောက်မှာတော့ သူသည် ပျော်ရွှင်စွာပြောလိုက်မိသည်။ “ဒီနေရာမှာသာ မုယောတွေ စိုက်ပျိုးမယ်ဆိုရင် တကယ့်ကို ကောင်းမွန်တဲ့ ရလဒ် အဖြစ် မြန်မြန်ဆန်ဆန်နဲ့ ရင့်မှည့်လာကြမှာပဲ”

ဝိုင်များကို ချက်လုပ်သည့်အရာတွင် သူသည် မုယောများကို ရံဖန်ရံခါဆိုသလို ဈေးထဲသို့ သွားရောက်၍ ဝယ်ယူသည် ဆိုသော်လည်း အဓိကအားဖြင့် သူကိုယ်တိုင် စိုက်ပျိုးခြင်းကိုသာ ပိုမို၍ အားသန်လှ၏။ ယခု ဂိုဏ်းထဲတွင် နာမည်ကြီးနေသော အရက်မူးအိမ်မက်ဝိုင်ဆိုသည်မှာ တစ်ခုချင်းစီတိုင်း၏ မုယောများကို သူကိုယ်တိုင် စိုက်ပျိုးထားခြင်းဖြစ်၏။

ပြိုင်စံရှားဂိုဏ်း၏ ကုန်းမြေတိုင်းသည် စိတ်ဝိညာဉ်ချီများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ထို့အပြင် တောဝက်ရိုင်းလေး၏ အဆင့်မြှင့်တင်ခြင်းကိုလည်း ခံထားရ၏။ ထို့ကြောင့် မုယောများကို ကြီးထွားစေရန် စိုက်ပျိုးခြင်းတွင် အသင့်တော်ဆုံးသောနေရာပင် ဖြစ်ပေလိမ့်မည်။

ဆေးဥယျာဉ်သည် ဆေးပင်များကို စိုက်ပျိုးလျက် ရှိနေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မြေတည်နေရာ အနည်းငယ်ကို ခွဲခြမ်းပြီးသည့်နောက်မှာတော့ လက်ညှိုးညွှန်ကာ ပြောလိုက်တော့သည်။ “ဒီနေရာမှာ မုယောတွေကို စိုက်ရအောင်”

“ကောင်းပါပြီ”

“ဒါဆိုရင် အကောင်းဆုံး မုယောစေ့တွေ ရဖို့အတွက်ကို ကျုပ်ပြင်ဆင်ပေးမယ်” သူ့အနေနှင့် မျိုးစေ့ကန် ရှိနေသည် ဖြစ်သောကြောင့် ပိုမိုအားကောင်းသည့် မုယောများ ဖြစ်ပေါ်လာစေရန်အတွက် အကောင်းဆုံး ကူညီပံ့ပိုးနိုင်စွမ်း ရှိနေသည်။

အရာအားလုံး အဆင်သင့်ပြင်ဆင်ပြီးသည့်နောက်မှာတော့ လန်ကောင်းသည် ဝိုင်ချက်သည့်လုပ်ငန်းစဉ်ကို စတင်ကာ ပြုလုပ်တော့သည်။ ဟုတ်ပေသည်။ မြေဆီလွှာနှင့် မျိုးစေ့များ၏ အထောက်အပံ့ ရရှိသည်ဆိုလျှင်တောင်မှ အချိန်တော့ ယူရပေဦးမည်။ ထို့ကြောင့် တပည့်များအနေဖြင့် နေ့စဉ် နေ့တိုင်း ခွက်သေးသေးလေးတစ်ခွက်ကို သောက်ချင်သည်ဆိုလျှင် စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းရမှာ သေချာ၏။

..................

အချိန်များ ကုန်လွန်သွားပြီး မျက်စေ့တစ်မှိတ်အတွင်းမှာပဲ လဝက်သည် ကုန်လွန်သွားခဲ့၏။ လန်ကောင်းသည် ပြိုင်စံရှားဂိုဏ်းနှင့် အသားကျနေပြီဖြစ်ပြီး မုယောများ၏ ကြီးထွားရင့်သန်သည့်နှုန်းသည် လန်ကောင်းအား အံ့အား သင့်စေခဲ့၏။ မူလအားဖြင့် တစ်ရာသီ၊ နှစ်ရာသီလောက် စိုက်ပျိုးရန် လိုအပ်သော မုယောများသည် တစ်လအတွင်း မှာပဲ အဆင့်သင့် ဖြစ်လို့နေတော့သည်။ “ဒါက သောက်ရမ်း အံ့အားသင့်ဖို့ကောင်းတယ်”

ဖန်းရီကျိသည်လည်း အလကား မနေချေ။ သူသည် နတ်ဘုရားလက်နက်များအပေါ် ဝိညာဉ်များ ထည့်သွင်းလျက် ရှိနေတော့၏။

အလုပ်အရှုပ်ဆုံးသောလူများ ယွမ်သခင်လေးပင် ဖြစ်တော့သည်။ ဂိုဏ်းချုပ်၏ အခွင့်အာဏာကို လက်ခံရယူပြီးသည့်နောက် သူသည် ဂိုဏ်း၏ အတွင်းရေး ကိစ္စရပ်များကို တာဝန်ယူထားတော့သည်။ အလွန် ကျွမ်းကျင်လှသော လူတစ်ယောက်ဖြစ်သည့်အပြင် သူသည် လုပ်စရာ၊ ကိုင်စရာ ရှိသည်များကို အစီအစဉ်တကျ လုပ်ဆောင်နေတော့၏။ ၎င်း၏ အသစ်ပြန်လည် အသွင်ပြောင်းပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံး သည် ပိုမိုကာ စည်းစနစ်ကျနလာခဲ့သည်။

အသုံးပြုလိုက်သည် ပိုက်ဆံများသည် မှတ်တမ်းမှတ်ရာနှင့်ဖြစ်ပြီး ပြန်လည်ကာ ဖြေရှင်းရ၏။ ယွမ်သခင်လေးသည် အလွန်တရာ ကပ်စေးနည်းလှသည့်ပုံစံပေါ်သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်ခြင်းအားဖြင့် ပြိုင်စံရှား ဂိုဏ်းသည် ရေရှည်တွင် ပိုမိုကာ အကျိုးရှိတော့မှာ သေချာ၏။ စီးပွားရေးကိစ္စများအတွက်လည်း ၎င်းသည် တက်တက်ကြွကြွဖြင့် လုပ်ဆောင်လျက် ရှိနေ၏။ အင်ပါယာမြို့ဆီသို့သွား၍ ဒုတိယသခင်လေးထန်နှင့်ပင် အတူတူ စီးပွားရေးလုပ်ငန်းများကို စီစဉ်ဆွေးနွေးမှုများ ပြုလုပ်နေတော့၏။

ပြိုင်စံရှားဂိုဏ်းထဲတွင် ဤကဲ့သို့ ကျွမ်းကျင်လှသည့် စီမံခန့်ခွဲသူတစ်ယောက် ရှိနေခြင်းကြောင့် အကျိုးသက်ရောက်မှုမှာ ချက်ချင်းမသိသာလှသော်လည်း အနာဂတ်တွင် ပိုမိုကာ အကျိုးဖြစ်ထွန်းတော့မှာ သေချာသည်။

အနာဂတ်တွင် မဟုတ်၊ လက်ရှိအချိန်တွင် အကျိုးဖြစ်ထွန်းသည့်အရာလည်း ရှိနေသေး၏။ ထိုအရာမှာ ဟောခန်းသခင်ကျိ အနေဖြင့် အဝတ်အစားများကို ကြုံသလို ဆွဲဖြဲတတ်သည့် အလေ့အကျင့်မျိုးကို ထိန်းသိမ်းလာခြင်းပင် ဖြစ်တော့၏။ ၎င်း၏အနေနှင့် ဂိုဏ်းဝတ်စုံတစ်စုံကို ဖျက်ဆီးမိလိုက်သည်ဆိုပါက တစ်လအတွင်း ရရှိနိုင်သည့် သားရဲဆေးလုံးများ၏ အရေအတွက်သည် လျော့ကျသွားပေလိမ့်မည်။

..............

ရက်အနည်းငယ် ကုန်လွန်သွားပြီးသည့်နောက် ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် ပြန်လာခဲ့တော့သည်။ ကျွင်းချောင်ရှောင်းသည် လင်းယွမ်ခန်းမဆောင်ကိုဖွင့်၍ အသာကြည့်ရှုလိုက်သည့်နောက်မှာတော့ ဖေးအားညို၏ ကုသိုလ်မှတ်သည် တစ်ရာမှတ်ဆီသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “မြေအဆင့် ထိပ်ဆုံးအဆင့်ကို ရောက်သွားခဲ့တာလား”

ဤအရာမှာ အမှန်ပင်ဖြစ်၏။ လွန်ခဲ့သည့် ရက်နှစ်ဆယ်အတွင်းမှာပဲ ရီရှင်းချန်သည် လူများအားလုံးကို လိုက်လံ စိန်ခေါ်ကာဖြင့် သူရဲကောင်းစာရင်း၏ မြေအဆင့်တွင် ထိပ်ဆုံးနေရာကို အပိုင်စားသိမ်းလိုက်ပြီ ဖြစ်တော့၏။ ၎င်း၏ အားအင်အဆင့်သည် သိုင်းအုပ်စိုးသူ တတိယအဆင့်ကို ရောက်ရှိနေသည်ဖြစ်သောကြောင့် တောက်လျှောက် တိုက်ခိုက်လာသည့် အခြေအနေမျိုးတွင် အလွန်တရာ လွယ်ကူလွန်းနေတော့၏။

“ကုသိုလ်မှတ်တွေ လုံလုံလောက်လောက် ဖြစ်သွားပြီဆိုတော့ လင်းယွမ်ခန်းမဆောင်ဆီ ရွှေ့ကြတာပေါ့” ရီရှင်းချန်သည် လိုအပ်သည့်အချက်အလက်များ ပြည့်စုံပြီးသည့်နောက် ၎င်း၏နာမည် ရေးထိုးထားသော ပုံတူပန်းချီ သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအစား အစစ်အမှန် ပုံတူပန်းချီသည် ဖြစ်ပေါ်လာခဲ့တော့၏။ ထိုပုံတူ ပန်းချီမှာတော့ မီးပုံပွဲရှေ့တွင် အရက်မူးကာဖြင့် ဝိုင်ခွက်ကိုကိုင်ကာ ကလျက်ရှိသော ပုံတူပင် ဖြစ်တော့၏။

“ခွီး..” ကုန်းရှန့်သည် အားရပါးရ ထ၍ ရယ်လိုက်မိတော့သည်။

“ဟမ်..”

အိပ်ဆောင်ဆီသို့ ပြန်လာပြီး ရေချိုးလျက် ရှိနေသော ရီရှင်းချန်သည် အသာငုံ့၍ ကြည့်လိုက်သည့် အချိန်မှာတော့ သူ၏ လက်ဖမိုးပေါ်တွင် တိုက်ခိုက်မှုဆိုသည့် စာလုံးပေါ်လာသည်ကို မြင်လိုက်ရ၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒါ ဘာတွေဖြစ်နေတာလဲ”

“တိုက်ခိုက်မှု ဟုတ်လား” ပုံတူပန်းချီ၏ အောက်တွင်ပေါ်လာသည့် စာတမ်းကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်တော့ချေ။ ထို့အပြင် ရီရှင်းချန်သည် တိုက်ခိုက်ရာတွင် အလွန်တရာ ကြမ်းတမ်းလှသည့်လူတစ်ယောက်လည်း ဖြစ်နေသည် မဟုတ်ပါလား။

“ရှောင်ကျီက ဒိုင်း၊ ရီရှင်းချန်က တိုက်ခိုက်မှု ဖြစ်နေတာကိုး။ ငါ့တကယ်တွေက တကယ့်ကို တိုက်ခိုက်ခြင်းနဲ့ ခုခံခြင်း မျှတနေတာပဲ”

ရီရှင်းချန်၏ အမူအရာများသည်လည်း စိတ်ဝင်စားလျက် ရှိနေတော့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ လက်ဖမိုး ပေါ်တွင် တိုက်ခိုက်မှုဆိုသည့်စာတမ်း ပေါ်လာပြီးသည့်နောက် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ရူးရူးမူးမူး တိုးတက်လျက်ရှိနေ၏။ အဆုံးသတ်မှာတော့ သိုင်းအုပ်စိုးသူအဆင့်ခြောက်သို့ပင် တစ်ခါတည်း တန်း၍ ရောက်ရှိ သွားခဲ့တော့သည်။ အဆင့်ကြီးသုံးခုလုံးလုံး တိုးတက်သွားခဲ့ခြင်း ဖြစ်တော့၏။

“ငါ ရေချိုးနေတာလေ။ ဘာမှလည်းမလုပ်ရသေးပါဘဲနဲ့ ဘယ်လိုဖြစ်ပြီးတော့ အဆင့်ကြီးသုံးခု တက်သွားရတာလဲ” လင်းယွမ်ခန်းမဆောင်ထဲသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏တပည့်အား စနစ်ဆီမှ လုပ်ပိုင်ခွင့်တစ်ခုကို ပေးအပ်ရန် စဉ်းစားလိုက်မိ၏။

ဥပမာအားဖြင့် သူသည် နတ်ဘုရားလက်နက် ခန်းမဆောင်ကို ရီရှင်းချန်အား လွှဲအပ်ထားချင်မိ၏။ သို့ပေမဲ့ ရီရှင်းချန်၏ မောက်မာပြီး ဘဝင်ကိုင်လှသော အမူအကျင့်ကို ပြန်လည် စဉ်းစားပြီးသည့်နောက် သူသည် မည်သည့်တာဝန်ကိုမှ ချမပေးရန် စဉ်းစားလိုက်တော့သည်။

“ဒီအတောအတွင်းမှာ သူက ဂိုဏ်းအတွက် သေသေချာချာ ပြုလုပ်ပေးခဲ့တယ်။ ဒီတော့ သူ့အတွက် နတ်ဘုရား လက်နက်တစ်ခု ဝယ်ရမယ်”

ကျွင်းချောင်ရှောင်းသည် နတ်ဘုရားလက်နက် ခန်းမဆောင်ကို ဖွင့်ကာ ကြည့်ရှု လိုက်သည်။ သေသေချာချာ ရွေးချယ်ပြီးသည့်နောက် သူသည် ကောင်းကင်စတေးမှုဟုခေါ်သော လက်နက်တစ်ခု ပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်မိ၏။ “ဒါက ရှင်းချန်နဲ့ တကယ့်ကို လိုက်ဖက်ညီတာပဲ”

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား အသုံးပြု၍ ကောင်းကင်စတေးမှုလက်နက်အား ဝယ်ယူခဲ့သည်။ ထိုအရာအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၆၀၀၀၀ / ၇၀၀၀၀”

All Chapters