အခန်း (၁၀၆၉)
Vol. 72 Ch. 1069
ရီရှင်းချန်သည် လီချင်းယန်၊ ရှောင်ကျီနှင့် လျှိုဝမ်ရှစ်တို့ကဲ့သို့ပင် အလင်းရောင်ခန်းမဆောင်ဆီသို့ ဝင်ရောက်ခွင့်ရရှိခဲ့ တော့သည်။ အစတုန်းက ၎င်းသည် ကုသိုလ်အမှတ်များကို အချိန်တိုအတောအတွင်း အများဆုံးရအောင် ဖန်တီး ပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အားညိုတစ်ယောက် ဂိုဏ်းအတွက် များပြားသော အကူအညီများကို ဖန်တီး ပြုလုပ်ခဲ့သည်ဖြစ်ကြောင်း သိသာထင်ရှားလှတော့သည်။
ကျွင်းချောင်ရှောင်းသည် ထိုအချက်နှင့်ပတ်သက်၍ အလွန်တရာ သဘောကျလျက်ရှိ၏။ ထို့ကြောင့် ချက်ချင်းပဲ ကိုယ်ပိုင်နတ်ဘုရားလက်နက်တစ်ခုကို ဝယ်ယူကာ ပေးလိုက်တော့၏။ ဤအရာသည် ကောင်းကင်စတေးခြင်းပင် ဖြစ်၏။ နာမည်ကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် အလွန်တရာ ကောင်းမွန်လှသည့်အရာဖြစ်ကြောင်း သိရှိလာခဲ့သည်။ သို့ပေမဲ့ နတ်ဘုရားလက်နက်ခန်းမဆောင်ထဲတွင်ရှိသော ပစ္စည်းလက်နက်များအားလုံး၏ ပုံပန်းသွင်ပြင်သည် ရယ်ရွှင် ဖွယ်ရာ ကောင်းနေသည်ဖြစ်ကြောင်းကိုတော့ ဝန်ခံရပေမည်။
“ရှင်းချန်”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းတွင် ထိုင်ပြီးသည့်နောက်မှာတော့ အလွန်တရာ သဘောကျနှစ်သက်နေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ “ဒီအတောအတွင်း မင်းက ဂိုဏ်းအတွက် အရမ်းကို အကျိုးပြုခဲ့တယ်လေ။ ဒီတော့ ငါမင်းကို နတ်ဘုရားလက်နက် တစ်ခုဆုပေးဖို့ ဆုံးဖြတ်လိုက်ပြီ။”
ရီရှင်းချန်၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် လီချင်းယန်ကိုင်ဆောင်ထားသော နတ်ဘုရားလက်နက်ကို ပြန်လည်မြင်ယောင်ပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာတွင် အုတ်များ၊ သဲများကို သယ်ဆောင်မိသည့် အကျိုးကျေးဇူးကို ခံစားရတော့မည်ဖြစ်ကြောင်းကို သိရှိလိုက်ရတော့သည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ လေထုထဲတွင် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ ထိုအလင်းတန်းများသည် ရီရှင်းချန်၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ “ဒါကို ကောင်းကင်စတေးခြင်းလို့ခေါ်တယ်။ အခုကစပြီး ဒါကမင်းရဲ့နတ်ဘုရားလက်နက်ပဲ။”
“ကောင်းကင်စတေးခြင်း ဟုတ်လား။”
အားညို၏ မျက်လုံးများသည် တောက်ပလာခဲ့၏။ သို့ပေမဲ့ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ၎င်း၏ ကိုယ်ပိုင်လက်နက်ကို မြင်ရသည့်အချိန် မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့သွားလျက်ရှိနေ၏။
သူ၏မြင်ကွင်းထဲတွင် တော့ ကောင်းကင်စတေးခြင်းဟု ရေးသားထားခဲ့သော ဝိုင်ဂျားကြီးတစ်ခုသည် ပေါ်ပေါက်လာခဲ့တော့၏။
“ဝိုင်ဂျား … ဒါဝိုင်ဂျားကြီးပါလား”
ရီရှင်းချန်၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိ၏။
“ရှင်းချန်”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “မင်းရဲ့ နတ်ဘုရားလက်နက်က နည်းနည်းပုံပန်းသွင်ပြင်ဆိုးဝါးတယ်ဆိုပေမဲ့ အရမ်းအားကောင်းတယ်။”
ကောင်းကင်စတေးခြင်းဆိုသည်မှာ ဝိုင်ဂျားကြီး ဖြစ်နေ၏။ အနည်းဆုံးတော့ ရှောင်ကျီ၏ အိုးထက်တော့ ပိုမိုကာ အားကောင်းနေသေး၏။ သို့ပေမဲ့ ရီရှင်းချန်ကို ပြိုလဲစေမိသည်မှာ သူသည် အရက်သောက်မိသည့်အချိန်တိုင်းတွင် သတိလက်လွတ်ဖြင့် တွေ့သည့်ကြုံသည့်နေရာမျိုးတွင် အိပ်တတ်သည့်အကျင့်မျိုးရှိနေ၏။ ၎င်းအား ဝိုင်ဂျားကြီး ကိုင်ဆောင်စေခြင်းဆိုသည်မှာ ဤရှက်ရွံ့စရာကောင်းသည့်ဖြစ်ရပ်မျိုးကို ထပ်တလဲလဲ မြင်ယောင်စေရန် ရည်ရွယ်ချက် နှင့် ဖြစ်နေသည်လား။
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ဝိုင်ဂျား၏ ပုံပန်းသွင်ပြင်ကို မြင်ရပြီးသည့်နောက်မှာတော့ သူ၏ တပည့်အနေဖြင့် ဤကဲ့သို့သော အတွင်းစိတ်မိစ္ဆာမှလွတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူခဲ့ခြင်းပင် ဖြစ်တော့၏။
“ဂိုဏ်းချုပ်”
ရီရှင်းချန်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ငြင်းလို့ရလား။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“တပည့်တစ်ယောက်ချင်းစီတိုင်းက သူတို့ရဲ့သက်ဆိုင်ရာ နတ်ဘုရားလက်နက်တစ်ခုစီကိုသာ ရတယ်။ မင်းတကယ်လို့ ဒါကို မလိုချင်ဘူးဆိုရင် နောက်တစ်ခုကို ဘယ်တော့မှရမှာ မဟုတ်တော့ဘူး။”
…
နှလုံးသားထဲတွင် ပြင်းထန်လွန်းသော ဒွိဟများ ဖြစ်တည်ခဲ့ပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် ခက်ခက်ခဲခဲဖြင့် လက်ကိုမြှောက်ကာ ဝိုင်ဂျားကြီးကို လှမ်း၍ ဆွဲယူလိုက်တော့၏။
ရှောင်ကျီ၏ ဒယ်အိုးကြီးနှင့် ခရမ်းရောင်ဘုရင်၏ ပန်းရောင်လက်ဝှေ့အိတ်ကြီးကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာ တော့ ဝိုင်ဂျားဆိုသည်မှာ လက်ခံနိုင်သည့်အရာတစ်ခုဖြစ်ကြောင်း သူနားလည်သွားမိသည်။
အနည်းဆုံးတော့ ဝိုင်ခွက်ကို ကိုင်၍ တိုက်ခိုက်ရသည်ဆိုသည်မှာ သူရဲကောင်းတစ်ယောက်ဟန်ပန်မျိုးနှင့်တော့ ဆင်တူနေသေး၏။
ဝှစ်
ဝိုင်ဂျားနှင့်ပတ်သက်သော မှတ်ဉာဏ်များသည် ၎င်း၏ အသိစိတ်ထဲသို့ စီးဆင်းဝင်ရောက်လာခဲ့၏။ အချိန်အတာအတို အတွင်းမှာပဲ ရီရှင်းချန်သည် ဤဝိုင်ဂျား၏ အဆုံးမဲ့တိုက်ကွက်ကိုလည်း နားလည်သွားခဲ့ပြီဖြစ်၏။ သူ၏မျက်လုံးများ သည် လင်းလက်တောက်ပလာခဲ့သည်။
ဤအရာသည် ဝိုင်ဂျားတစ်ခုဖြစ်သည်ဆိုသော်လည်း အဓိကရည်ရွယ်ချက်သည် ဝိုင်များထည့်၍ သောက်သုံးရန် မဟုတ်ချေ။ ရန်သူများ၏ ဦးခေါင်းကို ရိုက်နှက်ရန်ပင် ဖြစ်တော့၏။
ဤအရာသည် အမှန်ပင်ဖြစ်သည်။ ကောင်းကင်စတေးခြင်းသည် ရန်သူ၏ ဦးခေါင်းကို ဖောက်ခွဲ၍ တိုက်ခိုက်ရခြင်းပင်ဖြစ်၏။ အသုံးပြုသူသည် ဤလက်နက်အား အဝေးတစ်နေရာဆီသို့ ပစ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုနတ်ဘုရားလက်နက်သည် ရန်သူ ၏ ဦးခေါင်းကို တည့်တည့်ထိမှန်မှာ ဖြစ်သည်။
ရီရှင်းချန်သည် တစ်ကွက်တည်း တိုက်ခိုက်ရသည်ကို နှစ်သက်တတ်သူတစ်ယောက်ဖြစ်သည်နှင့်အညီ ဤနတ်ဘုရား လက်နက်သည် သူ့အား စိတ်ကျေနပ်မှု ရရှိစေ၏။ တစ်စုံတစ်ယောက်သောလူသည် ဦးခေါင်းကို ထိမှန်ခံရမည်ဆိုပါက ကျိန်းသေပေါက် တစ်ခါတည်း သေဆုံးကြမည်မဟုတ်ပါလား။
…
တောင်၏ အနောက်ဘက်မှာတော့ မြင်ကွင်းတစ်ခုလုံးသည် ကဗျာဆန်လွန်းနေလှ၏။ ရီရှင်းချန်သည် ကြီးမားသော ကျောက်တုံးကြီးပေါ်တွင် မတ်မတ်ရပ်လျက်ရှိနေပြီး သူ၏နောက်ကျောဘက်တွင် ကြိုးနှင့်ရစ်သိုင်းထားသော ဝိုင်ဂျား ကြီးတစ်ခုကို သယ်ဆောင်ထားခဲ့၏။
“ဂျူနီယာညီလေးရီက ဘာလို့ ကျောမှာ ဝိုင်ဂျားကြီးကို လွယ်ထားရတာလဲ။”
“ဒါက ဂိုဏ်းချုပ်ဆုချထားတဲ့ နတ်ဘုရားလက်နက်လို့ ကြားတယ်။”
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် ဤနေရာတွင် စုဝေးလာကြ၏။ ၎င်းတို့၏ မျက်လုံးများသည် ရီရှင်းချန်ဆီသို့ ရောက်ရှိနေကြသည်။
“အစ်ကိုအားညို”
ဟွေ့အာ သည် အဝေးတစ်နေရာမှနေ၍ ဂုဏ်ယူဝင့်ကြွားစွာ ရပ်လျက်ရှိနေသော လူကို ကြည့်၍ ပြုံးလိုက်မိ၏။
ဤမိန်းခလေးသည် ဖေးအားညိုနှင့် စေ့စပ်ထားခဲ့သည့် သာမန်မိန်းကလေးတစ်ယောက်ဖြစ်သည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းထဲသို့ ရောက်ရှိပြီး ကျင့်ကြံလျက်ရှိနေရ၏။ သို့ပေမဲ့ သူမသည် ရီရှင်းချန်၏ မနှောင့်ယှက်မိစေရန် အတွက် တိတ်တဆိတ်ချောင်တစ်ခုမှာတွင် နေထိုင်လျက်ရှိနေ၏။ ရီရှင်းချန်၏ အရှေ့ဆီသို့ ဘယ်သောအခါမှ မပေါ်လာခဲ့ချေ။
စိတ်ခံစားချက်ဆိုသည်မှာ ထိန်းသိမ်းထားရန်တော့ ခက်ခဲလွန်းလှ၏။ ထို့ကြောင့် သူမသည် ရံဖန်ရံခါဆိုသလို ရီရှင်းချန်အား လာ၍ချောင်းမြောင်းကြည့်ရှုခြင်းကို ပြုလုပ်တတ်သည်။
ဟွေ့အာ သည် ရီရှင်းချန်၏ ရှေ့ဆီသို့ မလာရဲချေ။ အဘယ့်ကြောင့်ဆိုသော် အစ်ကိုအားညိုသည် ခြားနား သွားခဲ့ပြီဖြစ်၏။ သူမအနေနှင့် ပြိုင်စံရှားဂိုဏ်းတွင် ဆက်၍ နေထိုင်ရသည့်ရည်ရွယ်ချက်သည် အဝေးတစ်နေရာမှလှမ်းကြည့်၍ စိတ်ပျော်ရွှင်မှုကို ရနေလျှင် ကျေနပ်နေမည့်သဘောထားပင်ဖြစ်တော့၏။
ဝှစ်
ရီရှင်းချန်သည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်း လိုက်၏။ ကောင်းကင်စတေးခြင်းလက်နက်သည် အရှေ့ဆီသို့ ပျံသန်းထွက်ခွာသွားခဲ့၏။
ဟူး ဟူး ဟူး
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖရဲသီးတစ်ခုအရွယ်အစားရှိသော ကျောက်တုံးတစ်ခုသည် ဝိုင်ခွက်ကြီး၏ နှုတ်ခမ်းနှင့် ထိတွေ့ပြီးသည့်နောက်မှာတော့ တစ်စစီဖြစ်တည်သွားခဲ့တော့သည်။
“မြန်လိုက်တာ။ ဒီတိုက်ကွက်က မျက်လုံးနဲ့တောင် သေချာမမြင်လိုက်ရဘူး။” လီချင်းယန်နှင့်ရှောင်ကျီတို့သည် ဆွံ့အသွားမိကြ၏။
ဘန်း
ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ရီရှင်းချန်၏ လက်ထဲသို့ ဝိုင်ဂျား သည် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ဝိုင်ဂျားကြီးနှင့်ထိတွေ့မိသည့် ကျောက်တုံးမှာတော့ မြေဖြူမှုန့်များ ကဲ့သို့ အမှုန့်ပင် ဖြစ်လျက်ရှိနေတော့၏။
“ချီးတဲ့မှ”
လီဖေးသည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။ “ဒါက ဝိုင်ဂျားကြီးမဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ လက်နက်ပုန်းတစ်ခုလို ဖြစ်နေရတာလဲ။”
ဝှစ်
ရီရှင်းချန်သည် သူ၏လက်ကို ထပ်မံကာ မြှောက်လိုက်၏။ ကောင်းကင်စတေးခြင်းလက်နက်သည် အပြင်ဘက်သို့ ထွက်ခွာသွားခဲ့ပြန်သည်။ ဤတစ်ကြိမ်မှာတော့ နှေးကွေးလွန်းလှ၏။ ၎င်းသွားရာလမ်းကြောင်းကို အားလုံးသောသူ များသည် ရှင်းရှင်းလင်းလင်း မြင်နေကြ၏။ သို့ပေမဲ့ ဝိုင်ဂျားကြီးသည် လေထဲတွင်ရှိနေရာတုန်းမှာပဲ တဖြည်းဖြည်းနှင့် ကြီးမားကျယ်ပြန့်လာခဲ့၏။
ဟူး ဟူး
အလွန်တရာ ထက်ရှလှသော အော်ရာများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တောင်ထိပ်ပေါ်တွင် ပေ ၃၀၊ ၄၀ ခန့် ရှိသော ဝိုင်ဂျားကြီးတစ်ခု ဖြစ်တည်သွားတော့သည်။
“…….”
အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ရီသွားခဲ့ကြတော့သည်။
ဘုန်း
ဝိုင်ဂျားကြီး၏ ဖိနှိပ်မှုအောက်မှာတော့ များပြားလှသော ကျောက်တုံးများအားလုံးသည် အမှုန့်အဖြစ် ဖြစ်တည်သွား ခဲ့ပြန်သည်။
ကောင်းကင်စတေးခြင်းလက်နက်သည် ရီရှင်းချန်၏ ကျောဆီသို့ ပြန်လည်ရောက်ရှိလာခဲ့တော့၏။ ဤအရာမှာ အလွန်တရာမြန်ဆန်လွန်းလှ၏။ ထို့အပြင် အရွယ်အစားကို ချဲ့ထွင်နိုင်သော အစွမ်းသတ္တိလည်း ပါဝင်နေသေးသည်။ ကျိန်းသေပေါက် မယုံနိုင်စရာအားကောင်းလှသည့်လက်နက်ပုံပင်ဖြစ်တော့၏။
ဟုတ်ပေသည်။ ရီရှင်းချန်သည် ထိုအရာကို စတင်၍ စမ်းသပ်အသုံးပြုခြင်းသာဖြစ်သည်။ ပစ်မှတ်များသည် ကျောက်တုံးနှင့်ကျောက်ခဲများသာဖြစ်၏။ ထို့ကြောင့် အစစ်အမှန်စွမ်းအင်ကို သိရှိရန်အတွက်တော့ ခက်ခဲလွန်းနေ သေး၏။
“မဆိုးဘူး။ မဆိုးဘူး။”
သူ၏ မျက်လုံးထဲတွင်တော့ သဘောကျနှစ်သက်သည့် အမူအရာများနှင့် ပြည့်နှက်လာခဲ့တော့သည်။ ကောင်းကင် စတေးခြင်းလက်နက်၏ ပုံပန်းသွင်ပြင်သည် သူ့ကို ထိခိုက်ခံစားစေရသည်ဆိုသော်လည်း ဤကဲ့သို့ တစ်ချက်တည်း တိုက်ခိုက်၍ သတ်ဖြတ်နိုင်သည့်လက်နက်မျိုးကို ရရှိခြင်းအတွက် သူသည် အလွန်တရာကျေနပ်မိနေတော့၏။
“ဝိုင် ဝိုင် ဒီဝိုင်ဆိုတဲ့ အရာကို သောက်ပြီးရင် ငါက ဘာမှန်းမသိတဲ့နေရာကို သွားပြီးတော့ အိပ်ပျော်သွားတတ်တယ်။ ဒီကိစ္စကို ကျိန်းသေပေါက် ဖြေရှင်းမှဖြစ်မယ်။”
…………
မြင်ကွင်းသည် ပြောင်းလဲသွားခဲ့ပြန်သည်။
ညအင်ပါယာသည် စားသောက်ခန်း၏ စားပွဲပေါ်တွင် ထိုင်လျက်ရှိပြီး ၎င်း၏အရှေ့မှာတော့ အရက်မူးအိပ်မက်ဝိုင်တစ် ခွက်သည် တည်ရှိလို့နေခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးများသည် ဆူပွက်လျက်ရှိနေပြီး အချိန်မရွေးထ၍ ဝိုင်ခွက်ကြီးကို လွှင့်ပစ်ချင်စိတ်မျိုးလည်းပေါက်မိနေတော့၏။
ဂိုဏ်းချုပ်သည် သူ့အား ဝိုင်ဂျားတစ်ခုပုံစံ နတ်ဘုရားလက်နက်တစ်ခုကို ပေးအပ်ခဲ့သည်။ ထို့ပြင် လက်ရှိအခြေအနေမှာ တော့ ဝိုင်တစ်ခွက်အားလည်း သူ့အားတိုက်လို့နေ၏။ သူ့အား သက်သက်အရှက်ခွဲနေချင်သည်လား။
“ရှောင်ကျီ၊ ရှင်းချန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းတို့အပြင်ထွက်သွားတုန်းမှာ ငါ ဝိုင်ဖန်တီးပြုလုပ်သူတစ်ယောက်ကို ငါဂိုဏ်းအတွက် ခေါ်ထားတယ်။ သူလုပ်တဲ့ ဝိုင်က အရမ်းကောင်းတယ်လေ။ ဒီတော့ တစ်ခြားတပည့်တွေ အကုန်လုံးလည်း သောက်ပြီးသွားကြပြီ။ မင်းတို့လည်း စမ်းသောက်လို့ရတယ်။”
“ဝိုင်ပြုလုပ်တဲ့လူဟုတ်လား။”
ရီရှင်းချန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ ရုတ်တရက်ဆိုသလိုပဲ သူ၏ သဘာဝရန်သူတစ်ယောက်နှင့် ထိပ်တိုက်တွေ့ဆုံတော့မည်ဟူသော ခံစားချက်မျိုး ရရှိ နေ၏။
“ဂိုဏ်းချုပ်”
သူသည် လက်ကိုပိုက်ကာဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “ကျုပ်အရက်သောက်တာ နားထားတယ်။”
သူ့အနေနှင့် အရက်သောက်ပြီးတိုင်း ဝက်ခြံ၊ ငှက်ခြံ၊ ဘဲခြံတွေထဲတွင် သွား၍ အိပ်ပျော်တတ်၏။ ထို့ကြောင့် ဘယ်တော့မှ အရက်မသောက်ရန် ကျိန်ဆိုထားခဲ့သည်။ သူ၏ရှေ့တွင် ဝိုင်တစ်ခွက်ရှိနေသည်ဆိုလျှင်တောင်မှ ရီရှင်းချန် သည် လုံးဝသောက်လိမ့်မည်မဟုတ်ချေ။
“ဒီဝိုင်ကို အရက်မူးအိပ်မက်လို့ ခေါ်တယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်းအနေနဲ့ တစ်ငုံလောက် သောက်လိုက်ပြီဆိုတာနဲ့ စွမ်းအင်အပြည့်ဖြစ်သွားလိမ့်မယ်။”
“ဟမ့်”
ရီရှင်းချန်သည် နှာခေါင်းကို ရှုံ့လိုက်၏။ မည်မျှပြောဆိုနေသည်ဖြစ်စေ သူ့အနေနှင့် အရက်မသောက်ဘူးဆိုသော စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်လိမ့်မည်မဟုတ်ချေ။
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “အရက်မူးအိပ်မက်ကို သောက်ပြီးတဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ ကောင်းကင်နယ်မြေကြီးပေါ်မှာရှိတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို နားလည်မှုပိုပြီးတိုးလာလိမ့်မယ်။ ပြီးတော့ ဒီအရာက ဝိုင်ခွက်ကို သောက်ပြီး တစ်ရက်လုံးလုံး ခံတယ်။”
ရှောင်ကျီသည် အံ့အားသင့်သွားမိ၏။ “ဒီလောက် မှော်ဆန်တာလား။”
“မင်းစမ်းကြည့်လိုက်လေ။”
“ကောင်းပါပြီ။” ရှောင်ကျီသည် အရက်သောက်နိုင်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ၎င်းသည်အရက်မူးအိပ်မက်ဝိုင်ကို သောက်သုံးရန် မကြောက်ရွံ့ချေ။ ချက်ချင်းပဲ ခွက်ကို ကောက်ယူ၍ ပါးစပ်ထဲ မော့ကာသောက်ချလိုက်သည်။
ပြီးသည့်နောက်မှာတော့ ကောင်းကင်နယ်မြေကြီးတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များ၏ နားလည်မှုသည် ပိုမိုကာ အားကောင်းလာသည်ဟု ခံစားလိုက်မိ၏။ သူ အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။ “ဂိုဏ်းချုပ် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ကို ကျွန်တော် သွားလို့ရမလား။”
အခြားတစ်ဖက်တွင်ရှိနေသော ရီရှင်းချန်၏ အမူအရာမှာတော့ နဝေတိမ်တောင် အမူအရာမျိုးပြုလုပ်ထားခဲ့၏။
ရှောင်ကျီသည် အရက်မူးအိပ်မက်ဝိုင်ကို သောက်ပြီးသည့်နောက်မှာတော့ ကောင်းကင်နယ်မြေကြီးတွင်ရှိသော ဓာတ်သဘာဝကြီးများကို ပိုမိုကာနားလည်လာသည်ဟု ဆို၏။ ထို့ကြောင့် ဤဝိုင်သည် အစွမ်းသက်ရောက်မှုသည် ကောင်းမွန်လွန်းမှာသေချာ၏။
“ရှင်းချန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ဒါကို မသောက်ဖူးဆိုရင် မင်းရဲ့ ဂိုဏ်းတူညီလေးတွေကို ပေးလိုက်လေ။ သူတို့က မင်းကို ကျေးဇူးတင်လိမ့်မယ်။’
“ဟုတ်တယ်။ ဟုတ်တယ်။”
လီဖေးနှင့်ထျန်းချီတို့သည် စားသောက်ခန်း၏ အဝင်ဝတွင် ပေါ်လာကြ၏။ ၎င်းတို့သည် အားတက်သရောဖြင့် ပြုံးကာ ပြောလိုက်၏။
“ဟမ့်”
ရီရှင်းချန်သည် ခွက်ကို ကောက်မော့ပြီးသည့်နောက်မှာတော့ အရက်မူးအိပ်မက်ဝိုင်အား တစ်ခါတည်းမော့ကာ သောက်လိုက်သည်။
ဝိုင်သည် ချိုမြလွန်းသည့်အပြင် မွှေးပျံ့လွန်းလှ၏။ သို့ပေမဲ့ ဝိုင်သည် ၎င်း၏ ဝမ်းဗိုက်ထဲကို ရောက်သွားသည်ဆိုသည် နှင့်တစ်ပြိုင်နက် ညအင်ပါယာ၏ စိတ်များကို စိုးမိုးလိုက်တော့၏။
ပြီးနောက် သူသည် သတိလစ်မေ့မျောသွားတော့သည်။
…
“ချီးတဲ့မှ”
နိုးထလာပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် သူ၏ ခေါင်းကိုအုပ်ကိုင်ကာဖြင့် ပြောလိုက်မိ၏။ သူ၏ မှတ်ဉာဏ် များပြန်လည်ရရှိပြီးသည့်နောက်မှာတော့ သူသည် အရက်မူးအိပ်မက်ဝိုင်အား သောက်သုံးလိုက်ခြင်းဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန် မျက်လုံးကိုဖွင့်၍ အနားပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။
ရင်းနှီးနေသော သူ၏ အိပ်ခန်းကို သိရှိလိုက်ရသည့်နောက်မှာတော့ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။
“တော်သေးတာပေါ့။ ဒါ ငါ့ရဲ့အိပ်ခန်းပဲ။”
ရီချင်းရှန်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သည့်အချိန်မှာပဲ အိပ်ခန်း၏တံခါးသည် ပွင့်လာခဲ့သည်။ ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် အထဲသို့ လှမ်းဝင်လာပြီး တီးတိုးပြောလိုက်၏။ “ဂျူနီယာညီလေးရီ …. နောက်တစ်ခါ မင်း အရက်တွေသောက်မိသွားလို့ရှိရင် သိုးခြံဘက်ကို မသွားနဲ့နော်။ ငါမင်းကို မနေ့တုန်းက မနည်းဆွဲထုတ်လာရတာ။”
ရီရှင်းချန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တည်နေရာတွင် ကြက်သေသေလျက်ရှိနေတော့၏။