← Chapters

အခန်း (၁၀၇၁)

Vol. 72 Ch. 1071

အခန်း (၁၀၇၁)

Vol. 72 Ch. 1071

စုရှောင်မိုသည် အလွန်စိတ်ဓာတ်ကျလျက် ရှိနေ၏။ ဤတည်နေရာကြီးသည် သူ၏ လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထား၏။

သူ၏ အမြန်နှုန်းကိုသာ မထုတ်ဖော်နိုင်ပါက ဤမြွေလိုလို၊ နဂါးလိုလို အကောင်ကြီးကို ရင်ဆိုင်ရသည်မှာ ခက်ခဲလွန်းလှ၏။ ဂိုဏ်းချုပ်ပေးထားသော ကျန်းယန်ဝတ်စုံနှင့် အခြားသော ပစ္စည်းများသည် သိုလှောင်လက်စွပ်ထဲတွင် ရှိလို့နေ၏။ သူ၏ အစစ်အမှန် ကျင့်ကြံခြင်း အဆင့်သည် ပေါ်သွားခဲ့ပြီဖြစ်၏။ ထိုအရာမျာကိုသာ ထပ်မံ၍ အသုံးပြုပါက ပို၍ပင် သံဃယ ရှိလာတော့မှာ ဖြစ်သည်။

ထိုသို့ဆိုလျှင် သူဘာလုပ်သင့်သနည်း။ အမြဲ တည်ငြိမ်နေတတ်သော စုရှောင်မိုသည် စတင်ကာ ဗျာများလျက် ရှိနေ၏။ နတ်ဆိုးနဂါး လှိုဏ်ဂူထဲ၌ အောင်းနေကြသော သားရဲများသည် အဘယ်ကြောင့် ရုတ်တရက် ထွက်ပေါ်လာရသနည်း။

"ဝူး ဝူး"

ထိုအချိန်၌ အကောင်ကြီးသည် ပါးစပ်ကိုဟကာ စွမ်းအင်လုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်တော့သည်။ တိုက်ခိုက်မှုသည် တည်နေရာထဲတွင် ရောက်ရှိနေသောကြောင့် စုရှောင်မိုသည် ထိပ်တိုက်ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

သူအနေဖြင့် ကျဉ်းကျပ်သော တည်နေရာထဲတွင် ရောက်ရှိနေသောကြောင့် အနောက်ဖက်တွင် ရှိနေသည့် ဒဏ်ရာနှင့်လူကို ကာကွယ်ရသည်မှာ အလွန် စွန့်စားရသော အရာဖြစ်နေ၏။

ဝုန်း … ဝုန်း …….

တိုက်ခိုက်ကာ ရင်ဆိုင်ပြီးသည့် နောက်မှာတော့ စုရှောင်မိုသည် အရှေရွှေယွင် ၏ ရှေ့တွင် မတ်မတ်ရှိနေသေး၏။

"စုကုန်းရှန့်"

ရှရွှေယွင် သည် မျက်ရည်များပင် ကျဆင်းလာတော့သည်။ "ကျေးဇူးပြုပြီး သွားပါတော့ … ငါတောင်းပန်ပါတယ်"

စုရှောင်မို၏ အမြန်နှုန်းကို သူမ သိရှိပြီးဖြစ်၏။ အခုချိန်သာ သွားမည်ဆိုပါက ကျိန်းသေပေါက် လွတ်မြောက်နိုင်သည်။ ထိုသို့မဟုတ်ဘဲ ဤနေရာတွင် ဆက်၍နေပါက နှစ်ယာက်လုံး သေသွားနိုင်၏။ ဤအေးစက်စက်နိုင်သော မိန်းကလေးသည် စုရှောင်မို၏ လုပ်ရပ်ကြောင့် အရည်ပျော်သွားခဲ့ရပြီ ဖြစ်၏။

လက်ရှိအချိန်မှာတော့ သူမသည် စုရှောင်မိုတစ်ယောက် လုံလုံခြုံခြုံနှင့် ထွက်ခွာသွားနိုင်ရန်သာ မျှော်လင့်နေမိသည်။

စုရှောင်မိုမှာတော့ မိမိကိုယ်ကို တည်ငြိမ်မှုရရန် အတင်းကြိုးစားထား၏။ ပတ်ဝန်းကျင်တစ်ခုလုံးကို စိတ်ဝိညာဉ်စွမ်းအင်များ အာရုံဖြန့်ကျက်ကာ လေ့လာလိုက်၏။ ပြီးသည်နောက်မှာတော့ မည်ကဲ့သို့ ပြေးရမည်ကို စတင်ကာ တွေးတောနေမိ၏။ "ကျုပ် အစ်မရှကို စွန့်ပစ်ခဲ့မှာမဟုတ်ဘူး"

ဂိုဏ်းတွင် သူလျှို အဖြစ်နေခဲ့ရသော်လည် ရှရွှေယွင် ပေါ်တွင်ထားသော သူ၏ ခံစားချက်များမှာတော့ အမှန်ပင် ဖြစ်သည်။

ဆွစ် ဆွစ် …….။

စိတ်ဝိညာဉ် သားရဲသည် ၎င်း၏ ခန္ဓာကိုယ်ကို ရှေ့သို့ လျင်လျင်မြန်မြန် တိုးလာခဲ့၏။ ပြီးသည့်နောက်မှာတော့ သွေးကဲ့သို့ နီရဲနေသော ပါးစပ်ကြီးကို ဟကာ စွမ်းအင်လုံးများဖြင့် ထုတ်ဖော် တိုက်ခိုက်တော့၏။ ပါးစပ်မှ ထွက်ပေါ်လာသော အနံ့သည် ရွံရှာဖွယ် ကောင်းလှ၏။

"ဂိုဏ်းချုပ် "

ရှောင်မိုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည်။ "ဒီလို အခြေအနေမျိုးမှာ ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး

ဆွစ် .. ဆွစ် …။

သူ၏ ခန္ဓာကိုယ်တွင်တော့ ကျန်းယန် ချပ်ဝတ်သည် ပေါ်လာခဲ့တော့သည်။ အနီရောင် ခြုံလွှာသည် လေထဲတွင် လွှင့်လို့နေ၏။

ရှရွှေယွင် သည် အလွန်မျက်လုံးပြူးသွားခဲ့၏။ ဤချပ်ဝတ်ဆီမှ အလွန်အားကောင်းလှသော အော်ရာများ ပေါ်ထွက်နေတော့၏။သူမတို့ ဂိုဏ်းတွင် များပြားလှသော အသုံးအဆောင်များရှိလို့နေ၏။ သို့သော် ထိုအရာများသည် ဤကဲ့သို့မျိုး အားမကောင်းလှချေ။

အဘယ့်ကြောင့် စုရှောင်မိုသည် ဤကဲ့သို့ လက်နက်မျိုး တည်ရှိနေရသနည်း။ အဘိုးကြီးကျွင်းတန် ပေးထားသည်လား။

ဝူး .. ဝူး …။

ထိုအချိန်မှာပဲ သားရဲကြီးသည် ရူးသွပ်နေသည့် ဟန်ပန်ဖြင့် ရှေ့သို့ တက်လာခဲ့၏။

ကျန်းယန်ဓားတွင် စိတ်ဝိညာဉ် အစွမ်းများ စုစည်းပြီးနောက် စုရှောင်မိုသည် ရှေ့သို့ တက်လိုက်တော့၏။ သူ၏ အမြန်နှုန်းသည် အလွန်မြန်လှသောကြောင့် ရှရွှေယွင် သည် သေသေချာချာ မမြင်လိုက်ရချေ။

"ဆွစ်"

ဓားအလင်းတန်းသည် လေထုထဲသို့ ထွက်ပေါ်လာပြီးနောက်မှာတော့ တည်နေရာကြီးကိုပင် ထိုးခွင်းသွားတော့၏။ ပြီးသည့်နောက်မှာတော့ သွေးများသည် နေရာအနှံ့ဆီသို့ ပျံ့သွားပြီး ပြင်းလှလွန်းသည့် သွေးနံ့များ ဖြစ်တည်လာခဲ့သည်။

"ဝူး"

နဂါးလိုလို မြွေလိုလို အကောင်ကြီးသည် စူးရှစွာဖြင့် အော်ဟစ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ပါးစပ်ကြီးကိုဟကာ ကိုက်ခဲလိုက်တော့၏။

"ရွှီး"

သားရဲကြီးအား အသာရှောင်တိမ်းပြီးနောက်မှာတော့ စုရှောင်မိုသည် ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။

"သေစမ်း.."

ကျန်းယန်ဓားသည် သားရဲကြီး၏ ဦးခေါင်းကို တိုက်ရိုက်ပင် ထိုးသွင်းဝင်ရောက်သွားတော့၏။ စိတ်ဝိညာဉ်သားရဲသည် ရုန်းကန်ရင်း လိုဏ်ဂူထဲတွင် လူးလိမ့်လျက်ရှိနေ၏။

စုရှောင်မိုသည် မရှောင်တိမ်းနိုင်တော့သောကြောင့် လူးလှိမ့်နေသည့် သားရဲကြီးနှင့် တိုက်မိကာ နံရံဆီသို့ ပြင်းပြင်းထန်ထန် လွင့်စင်သွားတော့၏။ မူလက ဒဏ်ရာရရှိထားသော သူ၏ ခန္ဓာကိုယ်သည် ပို၍ ဆိုးရွားသွားခဲ့သည်။

ဝေါ ဝေါ ဝေါ ….။

အချိန်ကြာပြီးသည့်နောက်မှာတော့ သာရဲကြီးသည် မြေပေါ်တွင် လဲကျကာ သေဆုံးသွားတော့၏။

“ဝေါ့"

စုရှောင်မိုသည် ဓားကို ပြန်လည်သိမ်းပြီးနောက် မြေပေါ်သို့ ဒူးထောက်ချလိုက်ကာ သွေးတစ်လုပ်ကို အန်ထုတ်လိုက်၏။ သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်။

သို့သော် သူသည် စိတ်မပူချေ။ သူ့တွင်ပြန်လည်ကောင်းမွန်သော ဆေးလုံး ရှိလို့နေ၏။ သို့သော် ရှရွှေယွင် သည် ဤနေရာတွင် ရှိလို့နေ၏။ ဆေးကိုသာ ထုတ်၍ သောက်လိုက်ပါက အကြီးအကျယ် သံဃယ ဖြစ်သွားတော့မည် ဖြစ်၏။

စုရှောင်မို တွေးတောနေတုန်းမှာပဲ ရှရွှေယွင် သည် အနားသို့ တိုးလာကာ သူ့အား ဖက်လိုက်၏။ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ ကျဆင်းလို့နေသည်။ "ဘာလို့ ရှင် အဲလောက်ရူးရတာလဲ … ဘာလို့ကယ်ရတာလဲ"

"အမ်"

စုရှောင်မိုသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ သူသည် ကျန်းယန်ဓားနှင့် ကျန်းယန်ချပ်ဝတ်ကို ပြန်သိမ်းပြီးနောက် ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ခင်ဗျား က တစ်လောကလုံးမှာ ကျုပ် ဂရုအစိုက်ဆုံး မိန်းကလေးဖြစ်နေလို့ပဲ"

"ဖြောင်း .. ဖြောင်း .. .ဖြောင်း …"

စုရှောင်မိုသည် ဂူဝသို့ အသာလှမ်းကြည့်ပြီးနောက်မှာတော့ ဖန်းလင်းယု နှင့် အခြားသော အတွင်းစည်းတပည့်များသည် ပေါ်လာကြ၏။

သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ဘာလို့ ရောက်လာကြတာလဲ"

ရှရွှေယွင် သည် ချက်ခြင်း အဝေးတစ်နေရာသို့ သွားလိုက်၏။ သူ၏ ပါးမှာတော့ နီရဲလျက်ရှိနေ၏။ အသက်ဘေးမှ လွတ်မြောက်ပြီးနောက် သူမ သည် စုရှောင်မိုဆီသို့ အလျင်အမြန်ပြေးကာ ဖက်ခဲ့၏။ သို့သော် သူမ ၏ ဂိုဏ်းတူ ရောင်းရင်းများ ဤနေရာသို့ ရောက်လာလိမ့်မည်ဟု မထင်မိချေ။ ထို့ကြောင့် ရှက်ရွံ့သွားခြင်းသာ ဖြစ်၏။

"စုကုန်းရှန့် မင်းက စိတ်ဝိညာဉ် သားရဲကို တိုက်ခိုက်နိုင်လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး"

ရှရွှေယွင် သည် စိတ်ကို တည်ငြိမ်အောင်ထားပြီးသည့် နောက်မှာတော့ အသာလှည့်ကာပြောလိုက်သည်။ "စီနီယာအစ်မ ဒီကိုဘယ်လိုရောက်လာတာလဲ"

"ဂျူနီယာ ညီမလေးရှ … မင်းကို ဒီလူနဲ့ဝေးဝေးနေဖို့ ငါပြောခဲ့တယ်မလား။ အခုမင်းက နားမထောင်တဲ့အပြင် နယ်တောင်ကျွံနေလောက်ပြီမလား။ ဒါက ငါ့ကို စိတ်ပျက်စေတယ်"

ရှရွှေယွင် သည် ခေါင်းကိုအသာငုံ့ထားမိ၏။

စုရှောင်မိုသည် အသာလှမ်းလာပြီးနောက်မှာတော့ ရှရွှေယွင်၏ ပုခုံးပေါ်သို့ လက်တင်ကာပြောလိုက်သည်။ “ရှရွှေယွင် နဲ့ ကျုပ်က ချစ်နေကြတာ ကြာပြီလေ။ ဒီလိုဖက်တယ်ဆိုတာ သာမန်ပဲမဟုတ်လား"

"ချစ်သူတွေ"

ဖန်းလင်းယု သည် ရှရွှေယွင် အား မေးခွန်းထုတ်သည့် အကြည့် ဖြင့်လှမ်းကြည့်လိုက်၏...။

ရှရွှေယွင် သည် ခနတာတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "ဟုတ်တယ် ကျွန်မတို့က ချစ်သူတွေပဲ "

ဖန်းလင်းယု သည် စုရှောင်မိုအား မနှစ်သက်ဘူးဆိုတာကို သူမ သိ၏။ သို့ပေမဲ့ သူမသာငြင်းဆန်လိုက်ပါက စုကုန်းရှန့်သည် အရှက်ရသွားလိမ့်မည်။

"ကျုပ် တောင်းပန်ပါတယ်" စုရှောင်မိုသည် ခေါင်းကို အသာငဲ့ကာ ရှရွှေယွင်၏ နဖူးကို နမ်းလိုက်၏။ ဤအရာသည် ဖန်းလင်းယု အား ရန်စနေခြင်းပင် ဖြစ်၏။ ရှရွှေယွင်၏ မျက်နှာသည် ပို၍ နီမြန်းလာတော့သည်။

သို့သော် သူမသည် စုရှောင်မို၏ ပုခုံးကို အသာမှီလျက် ရှိနေသည်။ ဤအရာသည် သူတို့မှာ ချစ်သူများ ဖြစ်သည်ဟု ဖော်ညွှန်းနေခြင်းပင် ဖြစ်၏။

ဖန်းလင်းယု ၏ မျက်လုံးထဲတွင်တော့ အလွန်အားကောင်းလှသည့် သတ်ဖြတ်လိုခြင်း ဖြစ်တည်လာခဲ့သည်။ "မင်းက ဂျူနီယာညီမရှနဲ့ လုံးဝမထိုက်တန်ဘူးလို့ ငါပြောခဲ့တယ်မလား"

စုရှောင်မိုသည် ရှရွှေယွင်၏ ရှေ့တွင် ရပ်ကာပြောလိုက်၏။ "ထိုက်တန်တယ် ၊ မထိုက်တန်ဘူးဆိုတာ ခင်ဗျားက ဘယ်လိုသိတာလဲ"

ဤလူတို့သည် သူနှင့်သားရဲကြီး၏ တိုက်ပွဲကို မြင်ပြီးသွားပြီဖြစ်၏။ သူ၏ ခွန်အားအစစ်ကို ဖုံးကွယ်ရန် မလိုအပ်တော့ချေ။

"စုကုန်းရှန့်"

ကျန်တပည့် လေးယောက်တို့သည် သူ့အားကြည့်ကာ ပြောလိုက်၏ ။ "စီနီယာအစ်မကို ဘယ်လိုတောင် ပြန်ပြောရဲတာလဲ"

စုရှောင်မိုသည် ပြောလိုက်သည်။ "တစ်ကယ့်ကို ငပေါတွေပဲ"

"ဘာပြောတယ် … မင်းထပ်ပြောလိုက်စမ်း"

၎င်းတို့၏ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်နေတော့၏။ ၎င်းတို့၏ သိုင်းကျင့်ကြံခြင်း အဆင့်များ ကို ထုတ်ဖော်ပြီးသည့်နောက် အချိန်မရွေးတိုက်ခိုက်ရန် အဆင်သင့် ဖြစ်လို့နေ၏။

စုရှောင်မို သားရဲကြီးအား တိုက်ခိုက်လိုက်ပုံကို သူတို့မြင်တွေ့ခဲ့ရ၏။ သို့ပေမဲ့ ၎င်းတို့သည် လုံးဝမကြောက်လန့်ချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် ဒဏ်ရာရလျက်ရှိ၏။ စီနီယာအစ်မဖန်း အနေဖြင့် တိုက်ခိုက်ခိုင်းပါက ကျိန်းသေပေါက် သင်ခန်းစာပေးရမည် ဖြစ်သည်။

"ငပေါ …. ငပေါ" စုရှောင်မိုသည် ဆက်တိုက် ရွတ်ဆိုကာ ရိသဲ့သဲ့ လုပ်လျက်ရှိ၏။

ဤကဲ့သို့နောက်ပြောင်မှု သည် ချိန်ကိုက်ဗုံးတစ်ခုလို အတွင်းစည်း တပည့်များအား ဒေါသထွက်သွားစေသည်။

"အမှိုက်"

ဖန်လင်းယု သည် ပြောလိုက်၏။ "ဂိုဏ်းရဲ့စည်းကမ်းတွေအရ"

"ဘာစည်းကမ်းမှ ကျုပ်ကို လာမပြောနဲ့"

စုရှောင်မိုသည် ရှရွှေယွင် ကို ဖက်ကာ ပြောလိုက်သည်။ "တကယ်လို့ တိုက်ခိုက်ချင်တယ်ဆို ကျုပ်က အဆင်သင့်ပဲ"

All Chapters