← Chapters

အခန်း (၁၀၇၂)

Vol. 72 Ch. 1072

အခန်း (၁၀၇၂)

Vol. 72 Ch. 1072

ဖန်းလင်းယုနှင့် အတွင်းစည်းတပည့်လေးယောက်တို့သည် အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေခဲ့ကြ သနည်း။ မူလအားဖြင့် နတ်ဆိုးနဂါးလှိုဏ်ဂူ၏ အတွင်းဘက်တွင် နေထိုင်လျက် ရှိနေသည့် စွမ်းအားမြင့် စိတ်ဝိညာဉ်သားရဲများသည် အဘယ်ကြောင့် အပြင်ဘက်သို့ ရောက်ရှိလာရသနည်း။

စုရှောင်မိုသည် ခဏလောက် စဉ်းစားပြီးသည့်နောက် ဤနှစ်ခုကြားတွင် ဆက်စပ်မှုရှိနေမည်ကို ခံစားလိုက်မိ၏။ သူ့အား တစ်ဖက်လူများ အားလုံးသည် သေသေချာချာ ဂွင်ဆင်ကာ ဖန်တီးပြုလုပ်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တခြားသောသူများ၏ အရှေ့တွင် ပေါ်ပေါက်သွားခဲ့သည်။

ဤအမျိုးသမီးသည် သံသယဝင်စရာကောင်းသည့်အပြင် မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေတော့၏။ ထို့ကြောင့် ဟန်ဆောင်နေစရာ မလိုအပ်တော့ချေ။ ထို့ကြောင့် ရှိရှိသမျှ အရာ အားလုံးကို ထုတ်ဖော်ကာ ပွင့်ပွင့်လင်းလင်း ပြောဆိုရန်သာ ရှိတော့၏။ ဤကဲ့သို့ ပေါ်ပေါက်သွားခဲ့ခြင်းဆိုသည်မှာ ပြိုင်စံရှား ဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် ပေါ်ပေါက်သွားခဲ့ခြင်း မဟုတ်ပေ။

သူ့အနေနှင့် ဤကဲ့သို့ မိမိကိုယ်ကို အဆင့် မြင့်မားလှသည်ဟု ထင်နေသော ဖန်းလင်းယုနှင့် အတွင်းစည်းတပည့်လေးယောက်တို့အား အမှီးကုပ်၍ ပြန်ပြေး သွားစေရန် ပြုလုပ်ပစ်မည်ဟု ဆုံးဖြတ်ထားခဲ့တော့သည်။

“လာစမ်း… စိတ်လိုလက်ရ တိုက်ခိုက်ကြရတာပေါ့”

စုရှောင်မိုသည် လက်ရှိအချိန်၌ အလွန်တရာ အားကောင်းပြီး ဝံ့ကြွားလွန်းလှသော ဟန်ပန်အမူအရာများကို ထုတ်ဖော်လျက် ရှိနေသည်။ ထိုကဲ့သို့သော အော်ရာများသည် ပြိုင်စံရှားဂိုဏ်းမှ ပိုင်ဆိုင်သော အော်ရာများ ဖြစ်ကြ၏။ အဆုံးမဲ့ပြီး မည်သို့မှ နှိမ့်ချကြောက်ရွံ့မှု မရှိသော အော်ရာ များပင် ဖြစ်ကြ၏။

သို့ပေမဲ့ ဖန်းလင်းယုသည် နှာခေါင်းကို ရှုံ့ကာဖြင့် ပြောလိုက်သည်။ “မင်းရဲ့ အားအင်အဆင့်က အရမ်းအားကောင်းတယ်ဆိုပေမယ့် အခု ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားပြီလေ။ အခု ငါ့ရဲ့ရှေ့မှာ မောက်မာနေဖို့အတွက် ဘယ်လို အရည်အချင်းမျိုး ရှိလို့လဲ”

စုရှောင်မိုသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်မိ၏။ “ကျုပ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတယ်ဆိုရင်တောင်မှ ခင်ဗျားလို အမှိုက်မျိုးကို ရင်ဆိုင်နိုင်သေးတယ်”

“မောက်မာလိုက်တာ”

“မောက်မာလိုက်တာ”

အတွင်းစည်းတပည့် နှစ်ယောက်တို့သည် ဘယ်လိုမှ ဆက်လက်၍ သည်းမခံနိုင်တော့ချေ။ ၎င်းတို့၏ လက်ဝါး ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာဖြင့် အော်ဟစ်လိုက်သည်။ “ဂျူနီယာညီမလေးရှ… ဒီနေရာကနေ မြန်မြန်ထွက်သွားတော့။ စီနီယာအစ်ကိုတွေက ဒီမောက်မာလှတဲ့ကောင်ကို သင်ခန်းစာ ကောင်းကောင်းပေးမယ်”

ရှရွှေယွင်သည် သဘာဝအားဖြင့် စုရှောင်မိုကို ထားခဲ့လိမ့်မည် မဟုတ်ချေ။ သူမသည် ဖြောင့်ဖျ ပြောဆိုမှုကိုသာ ပြုလုပ်ချင်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ဂိုဏ်းတူရောင်းရင်းများကြား တိုက်ခိုက်ပွဲသည် မည်သို့မှ ရှောင်ရှားလို့ မရသည့်အခြေအနေမျိုးဆီသို့ပင် ရောက်ရှိလာခဲ့၏။

သို့သော်ငြား တစ်စုံတစ်ခု ပြောဆိုရန်တော့ ပြင်ဆင်လိုက်မိသေး၏။ သူမသည် အနောက်ဘက်သို့ အသာတွန်းခြင်းကို ခံရပြီးသည့်နောက် စုရှောင်မိုသည် သူမ၏ အရှေ့၌ ကာရံပေးထားခဲ့သည်။

“ဒီမှာရပ်နေ … မလှုပ်နဲ့”

ဒီစကားလုံးများသည် အချစ်၏ သင်္ကေတများပင် ဖြစ်တော့၏။ ထို့ကဲ့သို့ စိုးရိမ်ပူပန်မှုများနှင့် ကာကွယ်ပေးထားသည့် စကားလုံးများ၏ အောက်မှာတော့ ရှရွှေယွင်သည် ပြောဆိုမည့်စကားများ ရပ်တန့်သွားခဲ့ တော့၏။ လိမ္မာစွာဖြင့် အနောက်မှာတင် ရပ်နေလျက် ရှိနေ၏။

“ဆရာက ကျုပ်ကို တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ သိုသိုသိပ်သိပ် နေထိုင်စေဖို့လေ”

စုရှောင်မိုသည် လက်ထဲတွင် ကျန်းယန် မျက်နှာဖုံးကို ကိုင်ကာဖြင့် ပြောလိုက်၏။ သူ၏ မျက်လုံးများနှင့် အကြည့်များ အားလုံးသည် အေးစက် လျက်ရှိနေ၏။ “ဒါပေမဲ့ တခြားလူတွေက လွန်ကျူးလာပြီဆိုရင်တော့ ဆက်လက်သည်းခံစရာ မလိုအပ်ဘူးတဲ့”

ဆွစ် ဆွစ်

အတွင်းစည်းတပည့်နှစ်ယောက်တို့သည် လက်သီးများကို ဝှေ့ယမ်းလိုက်၏။ ဘေးတစ်ဖက်တွင် ရှရွှေယွင် မရှိသောကြောင့် ၎င်းတို့သည် မည်သည့်အရာကိုမှ သက်ညှာနေစရာမလိုဘဲ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ဖောင်း ဖောင်း

စုရှောင်မိုသည် လက်သီးကိုဆုပ်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “မင်းတို့က သိုင်းဘုရင်အဆင့် သာသာ ပဲလေ။ ဘယ်လိုဖြစ်ပြီး သိုင်းအုပ်စိုးသူတစ်ယောက်ကို လာပြီး တိုက်ခိုက်ရဲနေရတာလဲ။ မင်းတို့ကို ဘယ်သူက သတ္တိတွေ ပေးထားတာလဲ”

ဆွစ် ဆွစ်

၎င်းသည် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသည့် လက်ဝါးချက်ဖြင့် အတွင်းစည်းတပည့်နှစ်ယောက်ကို အသာ တွန်းဖယ်လိုက်တော့သည်။

ဝုန်း ဝုန်း

ထိုအချိန်မှာတော့ တခြားသောတပည့်နှစ်ယောက်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက်မှာတော့ စုရှောင်မို၏ ရင်ဘတ်အား လက်သီးများဖြင့် ထိုးနှက်လိုက်တော့သည်။ သို့ပေမဲ့ ၎င်းတို့သည် မျက်လုံးပြူးသွားမိ၏။ အဘယ်ကြောင့်ဆိုသော် စုရှောင်မိုသည် ရပ်နေရာနေရာမှာတင် ကျောက်တုံးကြီးတစ်ခုကဲ့သို့ ခိုင်ခိုင်မာမာ ရပ်နေ သောကြောင့်ဖြစ်၏။ တစ်ဖက်လူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားပြီးသားဖြစ်၏။ သို့ပေမဲ့ သူတို့ အနေနှင့် ယှဉ်ပြိုင်၍ မရနိုင်သည့် အော်ရာမျိုးကိုလည်း ခံစားမိနေ၏။

ဟူး ဟူး

စုရှောင်မို၏ ခန္ဓာကိုယ်ထဲမှာတော့ အလွန်အားကောင်းလွန်းလှသော အုပ်စိုးသူတစ်ယောက်၏ အော်ရာမျိုး ထွက်ပေါ်လာခဲ့သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် ဘယ်မှညာသို့ ထပ်ကာ တလဲလဲ ဝှေ့ယမ်းကာ တိုက်ခိုက်ခြင်းကို ပြုမူတော့သည်။

ဘုန်း ဘုန်း

ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်ကြသည့် အတွင်းစည်းတပည့်နှစ်ယောက်တို့သည် မျက်နှာကို အထိုးနှက်ခံရပြီးနောက် လွင့်စင်ကာ နံရံနှင့် တိုက်၍ ပြုတ်ကျတော့သည်။ ထိုက်ရွှမ်အအေးဂိုဏ်း၏ ဤအတွင်းစည်း တပည့်များသည် ပြည့်စုံသည့် စိတ်ဝိညာဉ်စေတီထဲသို့ ဝင်ရောက်ခွင့်ရရှိခဲ့သည် ပါရမီရှင်များပင် ဖြစ်ကြ၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် သိုင်းဘုရင်အဆင့်သာ ရှိတော့၏။ ထို့ကြောင့် ဒဏ်ရာရရှိထားသည့် စုရှောင်မို၏ တစ်ချက်တည်းသော တိုက်ခိုက်ချက်ကိုပင် မည်သို့မှ မခံစားနိုင်ခဲ့ကြချေ။

“ချီးတဲ့မှ... အားလုံးပဲ တူတူတိုက်ခိုက်ကြရအောင်”

တပည့်လေးယောက်တို့သည် ရှက်ရွံ့စွာဖြင့် မတ်တပ်ထရပ် လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် ပြည့်နှက်နေကြသည်။ ၎င်းတို့သည် အားကောင်းလှသည့်လူတစ်ယောက်နှင့် တိုက်ခိုက်နေသည်ဖြစ်သောကြောင့် အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ကြရန် စဉ်းစားလိုက်ခြင်းပင် ဖြစ်တော့၏။

ဆွစ် ဆွစ်

စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ လှိုင်းထလာပြီးသည့်နောက် လက်သီးချက်ကြီးသည် လေထုထဲတွင် ပေါ်ပေါက် လာခဲ့သည်။

ဘုန်း ဘုန်း

စုရှောင်မိုသည် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသည်ဆိုလျှင်တောင်မှ အလွန်တရာ အားကောင်းလွန်းလှသော ခြေလှမ်းကွက်များကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်နိုင်စွမ်းလည်း ရှိ၏။

သို့ပေမဲ့ ဒဏ်ရာ ရရှိထားသောကြောင့် ၎င်း၏ အမူအရာများသည် အနည်းငယ် ပျက်ယွင်းလျက်ရှိသည်။ ပထမတုန်းက စိတ်ဝိညာဉ်သားရဲကြီးအား သေမလိုအခြေအနေအထိဖြစ်အောင် တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ဒဏ်ရာ များလည်း ပြင်းပြင်းထန်ထန် ရရှိခဲ့၏။ ယခု ဆက်လက် တိုက်ခိုက်ရင်းမှာပဲ ၎င်း၏ ဒဏ်ရာများသည် ပိုမိုကာ ဆိုးရွားလာခဲ့သည်။

အတွင်းစည်းတပည့် လေးယောက်တို့သည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ပိုမို အားကောင်းသည့် တိုက်ခိုက်ချက်များကို ထုတ်ဖော်ကာ တိုက်ခိုက်တော့သည်။ ၎င်းတို့အားလုံးသည် ထိပ်တိုက်ရင်ဆိုင်မှုကို မပြုလုပ်ဘဲ လေးယောက်သား နည်းဗျူဟာကျကျဖြင့် အချိတ်အဆက် ပြုလုပ်ပြီး အလစ်ဝင်ရောက် တိုက်ခိုက်ခြင်း ကိုသာ ပြုလုပ်တော့၏။

ဤကဲ့သို့ ဆက်တိုက် တိုက်ခိုက်မှု၏ အောက်မှာတော့ စုရှောင်မို၏ ဒဏ်ရာများသည် ပိုပို၍ လေးနက်လာခဲ့၏။ ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း တဖြည်းဖြည်း ယုတ်လျော့လာခဲ့သည်။

ဘုန်း ဘုန်း ….။

တစ်ကြိမ်မှာတော့ အလစ်အငိုက်ခံရပြီးသည့်နောက် သူသည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။

ဝေါ့

စုရှောင်မိုသည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူ၏ မရီဒန်ထဲတွင်ရှိသော နာကျင်မှုသည် မျက်နှာပေါ်သို့ပင် ပေါ်ပေါက်လာခဲ့သည်။

ထိုအချင်းအရာကို မြင်သည့်နောက်မှာတော့ ရှရွှေယွင်သည် နှလုံးသားအား ဓားနှင့် ထိုးခံ လိုက်ရသလို စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရ၏။ သူမသည် ပါးစပ်ကို ဟ၍ တားဆီးရန်ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူမအား ကာကွယ်ပေးထားသောသူသည် သူမအား ငြိမ်ငြိမ်သက်သက်နှင့်နေရန် မှာကြားထားခဲ့၏။ ထို့ကြောင့် ဤနေရာတွင်သာ မတ်မတ်ရပ်ကာ နေရန် ဆုံးဖြတ်လိုက်တော့၏။

ဘုန်း ဘုန်း

စုရှောင်မိုသည် ထပ်မံကာ ရိုက်နှက်ခံလိုက်ရ၏။ ၎င်း၏ ခန္ဓာကိုယ်သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် ခေါင်းကိုမော့ကာဖြင့် ဒေါသတကြီး ကြည့်လိုက်သည်။

ဘေးတွင် ကြည့်ရှုလျက် ရှိနေသော ဖန်းလင်းယုသည် ထိုလေးယောက်အား ရပ်တန့်ရန် အချက်ပြလိုက်၏။ သူမ၏ ဧကရီတစ်ပါးကဲ့သို့ မြင့်မားလှသည့် ဂုဏ်ရှိန်ဂုဏ်ဝါများကို ထုတ်ဖော်ကာ ပြောလိုက်တော့သည်။ “မင်းက ထိုက်ရွှမ် အအေးဂိုဏ်းထဲကို ဝင်ရောက်ပြီးတဲ့အချိန်မှာ စည်းမျဉ်းစည်းကမ်းတွေကို နားလည်ဖို့ သင်ယူသင့်တယ်”

“စည်းမျဉ်းစည်းကမ်းတွေကို နားလည်ရမယ် ဟုတ်လား”

“အမှန်ပဲ”

စုရှောင်မိုသည် နာနာကျင်ကျင်နှင့် ပြုံးကာ ပြောလိုက်၏။ “ခင်ဗျားက အဲတုန်းက လုချင်းချင်းကိုလည်း ဒုက္ခပေးခဲ့ တာပဲလေ။ ခင်ဗျားကြောင့်မလို့ သူမက ဂိုဏ်းထဲကနေ ထုတ်ခံလိုက်ရတာ မဟုတ်လား။ ဒီလိုမျိုး လုချင်းချင်းကို မယှဉ်နိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ရဲ့ သမီးတော်လို့ ဂုဏ်ယူဝံ့ကြွားနေတာ ဖြစ်သင့်တယ်လို့ ထင်ရဲ့လား”

ရှရွှေယွင်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူမက တွေးလိုက်မိသည်။ “သွားပြီပဲ”

စီနီယာအစ်မဖန်း၏ အကြီးမားဆုံးသော တားမြစ်မှုသည် သူမ၏ ရှေ့တွင် လုချင်းချင်းအကြောင်း မပြောဆိုရန်ပင် ဖြစ်၏။

သေချာပေသည်။ ဖန်းလင်ယုသည် စုရှောင်မို၏ စကားကို ကြားရချိန်မှာတော့ မျက်လုံးထဲတွင် ရှိနေသော သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ သူမအနေနှင့် ထိုအရာများကို မည်သို့မှ မဖုံးကွယ် နိုင်တော့ချေ။

“အကြီးအကဲတွေရဲ့ သင်ကြားပြသမှုကို ကြီးကြီးမားမား ခံခဲ့ရတဲ့ အမှိုက်တစ်ယောက်က ဘယ်လိုဖြစ်ပြီး ငါနဲ့ နှိုင်းယှဉ်လို့ရမှာလဲ” သူမသည် အေးစက်စွာ ပြောလိုက်သည်။ ပြီးသည့်နောက်မှာတော့ ညာဘက်လက်သည် ဓားလက်ကိုင်ပေါ်သို့ ရောက်ရှိသွား၏။ သူမ၏ ဓားသည် အပြင်ဘက်ဆီသို့ ရောက်ရှိလာ၏။

“အမှိုက် ဟုတ်လား”

စုရှောင်မိုသည် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်သွားသည်။ ဘယ်လိုဖြစ်ပြီး သူ၏ စီနီယာအစ်မကြီးအား အမှိုက်ဟု ပြောဆိုသုံးနှုန်းရဲနေသနည်း။ ဤကဲ့သို့သော အကျိုးဆက်အား ယနေ့တွင် ကြီးကြီးမားမား ခံရပေလိမ့်မည်။

ဆွစ်

စုကုန်းရှန့်သည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို ထုတ်ယူကာ မျိုချလိုက်သည်။

“ဟမ့်”

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ အတွင်းစည်းတပည့်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “မင်းရဲ့ ဒဏ်ရာတွေနဲ့ဆိုရင် ဆေးသောက်လည်း အလကားပဲ။ ပြီးတော့ စီနီယာအစ်မဖန်းရဲ့ရှေ့မှာ အဲအမျိုးသမီးရဲ့ နာမည်ကို ဘယ်လိုလုပ် ထုတ်ဖော်ပြောကြားရဲရတာလဲ။ မင်းအသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ်”

အခြားသောတပည့်သုံးယောက်တို့သည်လည်း မျက်နှာပေါ်တွင် လှောင်ပြောင်သည့်အမူအရာများနှင့် ကြည့်ရှုလျက် ရှိနေကြသည်။ ၎င်းတို့သည် စီနီယာအစ်မဖန်းတစ်ယောက် တစ်ဖက်လူအား လွယ်လွယ်ကူကူနှင့် အလွှတ်ပေးတော့ မည်မဟုတ်မှန်း သိရှိလိုက်မိ၏။

ဆွစ်

ဖန်းလင်းယုသည် ရုတ်တရက် သူမ၏ဓားကို ဝှေ့ယမ်းလိုက်၏။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ခန့်မှန်း၍ မရနိုင် အောင် အားကောင်းလွန်းနေလေသည်။

အတွင်းစည်းတပည့်များ၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားသည်။ သူတို့သည် တုန်လှုပ်သွားမိသည်။ “စီနီယာအစ်မဖန်းက တကယ်ပဲ သူ့ရဲ့အသက်ကို ယူတော့မှာလား”

ရှရွှေယွင်သည် ဖန်းလင်းယုတစ်ယောက် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် တိုက်ခိုက်လိုက်သည်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ ထို့ကြောင့် သူမသည် တားမြစ်ရန် ကြိုးစားလိုက်တော့သည်။ “စီနီယာအစ်မဖန်း... ကျွန်မတို့က တူညီတဲ့ဂိုဏ်းကပဲလေ။ ဒီတော့ တစ်ယောက်ကိုတစ်ယောက် မသတ်ပါနဲ့။ မဟုတ်ရင် …”

ချွင်

ထိုအချိန်မှာပဲ စုရှောင်မိုသည် ဓားနှင့် ခုတ်ပိုင်းလိုက်သည့် တည်နေရာတွင် ပေါ်ပေါက်လာခဲ့၏။ သူ၏ လက်ချောင်း နှစ်ချောင်းသည် ဓားသွားတစ်ခုလုံးအား ဖမ်း၍ ညှပ်ထားတော့သည်။

အလွန်အားကောင်းလှသော သိုင်းအုပ်စိုးသူ တစ်ယောက်၏ အော်ရာမျိုး ထွက်ပေါ်လာခဲ့၏။ သူက ပြောလိုက်၏။ “ဒီလောက် အားနည်းလှတဲ့ စွမ်းရည်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် မရှက်ဘဲ ထွက်လာရဲတယ်ပေါ့”

ဖန်းလင်းယုသည် ကြောင်အသွား၏။ “နင် ဒဏ်ရာ ရထားတာ မဟုတ်ဘူးလား”

ခလွပ်

စုရှောင်မိုသည် လက်နှစ်ချောင်းထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းပြီးသည့်နောက် ဓားကို ချိုးချေလိုက်တော့၏။ လက်ရှိအခြေအနေမှာတော့ ကျိုးကျသွားသော ဓားသွားထိပ်အား လက်နှင့် လှမ်းဖမ်းကာဖြင့် ဖန်းလင်းယု၏ ဘယ်ဘက် မျက်နှာခြမ်းဆီသို့ တိုက်ခိုက်လိုက်တော့သည်။

ဆွစ်

သူမ၏ မျက်စိသူငယ်အိမ်များသည် ရုတ်တရက် ကျုံ့ဝင်သွားခဲ့၏။ ကျိုးလျက်ရှိနေသော ဓားဦးထိပ်သည် အဝေးတစ်နေရာရှိ နံရံတစ်ခုပေါ်တွင် သွားရောက်စိုက်ဝင်လျက် ရှိနေ၏။

ဖန်းလင်းယု၏ သွယ်လျ လှပလွန်း လှသော မျက်နှာထက်မှာတော့ ဓားရာကြီးတစ်ခုသည် တည်ရှိနေပြီး သွေးများသည် ထိုနေရာမှာ ထွက်ပေါ်နေ၏။

ဆွစ်

စုရှောင်မိုသည် ရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက် လက်နှစ်ချောင်းနှင့် တခြားသော မျက်နှာဖက်ခြမ်းဆီသို့ တိုက်ခိုက်လိုက်ပြန်သည်။ ဖန်းလင်းယုသည် ခုခံရန် အချိန်မရှိချေ။ ဘယ်ဘက်မျက်နှာပေါ်တွင် နာကျင်သည့် ခံစားချက်ကို ရရှိလိုက်၏။ နောက်ထပ် ဓားဒဏ်ရာတစ်ခုသည် မျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့၏။ ဖြစ်စဉ် တစ်ခုလုံးသည် အလွန်တရာ မြန်လွန်းလှသည်။

ရှရွှေယွင်နှင့် အတွင်းစည်းတပည့်လေးယောက်တို့သည် ဤကဲ့သို့ တိုက်ခိုက်မှုကို ရှင်းရှင်းလင်းလင်း မမြင်လိုက် ရချေ။ သူတို့အနေနှင့် စီနီယာအစ်မဖန်း၏ မျက်နှာပေါ်တွင် ဓားရာနှစ်ခု ပေါ်လာသည်သာ မြင်လိုက်ကြရ၏။

ကျန်းယန်ဓားသည် မြေပြင်၏ တည်နေရာတွင် စိုက်ဝင်လျက် ရှိနေ၏။ စုရှောင်မိုသည် ထိုအရာကို လှမ်း၍ ဆွဲယူ ပြီးသည့်နောက်မှာတော့ ဖန်းလင်းယု၏ လည်ပင်းပေါ်သို့ တင်လိုက်တော့၏။ သူသည် ခြေနှစ်လမ်း ရှေ့သို့ တိုးလာ ပြီးသည့်နောက်မှာတော့ သူမအား နံရံတစ်ခု၏ ရှေ့ဆီသို့ရောက်အောင် တွန်းအားပေးလိုက်သည်။ ပြီးနောက် ခေါင်းကိုငဲ့စောင်းကာဖြင့် တီးတိုးပြောလိုက်သည်။ “ခင်ဗျားကို သတ်ရတယ်ဆိုတာ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလိုပဲ အရမ်းလွယ်တယ်”

“နင်...”

ဖန်းလင်းယုသည် အလွန်အမင်း ရှက်ရွံ့သွားခဲ့၏။ သို့ပေမဲ့ သူမသည် သူမ၏ လည်ကုပ်ပေါ်တွင် ဓားကို တင်ခြင်းကို ခံထားရ၏။ ထို့အပြင် နံရံထောင့်တွင်လည်း ရောက်ရှိနေခဲ့၏။ ထို့ကြောင့် တစ်ချက်ကလေးမှ လှုပ်၍ မရတော့ချေ။

“စီနီယာအစ်မဖန်း” အတွင်းစည်းတပည့်လေးယောက်တို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

ဟူး ဟူး

ထိုအချိန်မှာပဲ သိုင်းအုပ်စိုးသူတစ်ယောက်၏ အော်ရာများ ထွက်ပေါ်လာပြီးသည့်နောက် ၎င်းတို့အား စိတ်ဝိညာဉ် စွမ်းအင်များသည် သံတူကြီးများကဲ့သို့ ထုနှက်တိုက်ခိုက်ခြင်းကို ပြုလုပ်ကြတော့သည်။

ချက်ချင်းပဲ ထိုလေးယောက်တို့သည် သွေးများအန်ထွက်ရင်း လဲကျသွားခဲ့၏။

စုရှောင်မိုသည် ခေါင်းကို အသာလှည့်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “မင်းတို့တွေ တူတူပဲ”

All Chapters