← Chapters

အခန်း (၁၀၇၅)

Vol. 73 Ch. 1075

အခန်း (၁၀၇၅)

Vol. 73 Ch. 1075

ပုံမှန်အတိုင်းဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးသည် မြန်မြန်ဆန်ဆန်ဖြင့် ရောက်ရှိလိမ့်မည် မဟုတ်ချေ။ အကယ်၍ အချိန်သာပေးမည်ဆိုပါက စုရှောင်မိုသည် နည်းလမ်းပေါင်းမျိုးစုံကို အသုံးပြု၍ သူ မည်သူ ဖြစ်ကြောင်းကို တဖြည်းဖြည်းချင်း ဝန်ခံကာဖြင့် သူမ လက်ခံအောင် ပြုလုပ်မိပေလိမ့်မည်။

သို့ပေမဲ့ ဂိုဏ်းချုပ် ရောက်ရှိလာပြီးသည့်နောက်မှာတော့ အခြေအနေသည် ရုတ်တရက် ဆိုသလိုပဲ ဆိုးရွားသွားခဲ့သည်။

ကုန်းရှန့် သည် ကိုယ်ကိုယ်တိုင် ရည်းစားမရှိသည်ကို အားမရသေးဘဲ တပည့်ကိုပင် တစ်ယောက်တည်း ဖြစ်အောင် ပြုမူဆောင်ရွက်လျက် ရှိနေတော့၏။

“ရှရွှေယွင်”

ထိုအချိန်မှာပဲ စုရှောင်မိုသည် သူ၏ ကျန်းယန်ဓားကို ထုတ်ကာ ကမ်းပေးလိုက်သည်။ ပြီးနောက် တိကျ သေချာစွာ ပြောလိုက်တော့သည်။ “ကျုပ် ခင်ဗျားကို လေးလေးနက်နက် ချစ်ခဲ့တာလေ။ တကယ်လို့ ခင်ဗျား မယုံကြည်ဘူးဆိုရင် ကျုပ်ရင်ကို ခွဲပြီးတော့ အထဲမှာ ဘာရှိလဲ ကြည့်လိုက်”

“...........”

ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ “ဟ... တော်လှချည်လား”

ရွှီး ….

ရှရွှေယွင်သည် ကျန်းယန်ဓားအား အသာကောက်လိုက်ပြီးနောက် ဓားကို မြှောက်ကိုင်ကာ ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်၏။ သို့ပေမဲ့ ဓားဦးထိပ်သည် အင်္ကျီအဝတ်စထဲသို့ ဝင်ရောက်ပြီးသည့်နောက် အသာရပ်တန့်လိုက်သည်။

သူမသည် သူမကိုယ် သူမ မုန်းတီးမိ၏။ သို့ပေမဲ့ အဘယ်ကြောင့် ဤကဲ့သို့ မလုပ်ရက်နိုင်သည်ကို သေချာ မသိချေ။

ဇွိ

စုရှောင်မိုသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ဓားသည် သူ၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားခဲ့သည်။ သွေးများသည် အင်္ကျီအောက်မှ တဆင့်ကျဆင်းလာခဲ့သည်။

ရှရွှေယွင်၏ မျက်နှာတစ်ခုလုံးသည် ပြာနှမ်းသွားခဲ့၏။ သူမသည် အလောတကြီးဖြင့် ဓားကို ဆွဲထုတ်လိုက်တော့ သည်။

စုရှောင်မိုသည် ဓားကို ဆုပ်ကိုင်လိုက်ပြီးနောက် ပြောလိုက်သည်။ “ဒီနေရာမှာ ခင်ဗျားကို ချစ်တဲ့ အချစ်တွေ ရှိနေတယ်။ ဒါက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒီလို ချစ်ခဲ့မိတဲ့အတွက် နောင်တတရားဆိုတာ ရှိမှာမဟုတ်ဘူး။ လောကကြီးထဲမှာ အနာကျင်ရဆုံးက ကိုယ့်ချစ်သူရဲ့ မုန်းတီးမှုကို ခံရတာပဲ။ တကယ်လို့ ကောင်းကင်ကြီးကသာ ကျုပ်ကို အခွင့်အရေး ပေးထားမယ်ဆိုရင် ဘယ်လို အချိန်အခါမျိုးမှာပဲ ဖြစ်ဖြစ် ဒီမိန်းကလေးကို ဟောဒီနေရာထဲမှာ ထာဝရထည့်သွင်းထားတယ် ဆိုတဲ့အကြောင်း ထပ်ပြီး ပြောနေအုံးမှာပဲ”

ဇွိ …။

တောက် .. တောက် …..။

ဓားသွားသည် သူ၏ လက်ကို ရှစေပြီး သွေးများ တစ်တောက်တောက်နှင့် ကျဆင်းနေ၏။

စုရှောင်မိုသည် အရှေ့ဆီသို့ ဆက်ကာ လျှောက်လိုက်တော့သည်။ ဓားဦးထိပ်သည် ခန္ဓာကိုယ်တွင်းသို့ ပို၍ နက်ရှိုင်းစွာ တိုးဝင် သွားတော့၏။ သူသည် နာကျင်စွာဖြင့် ပြောလိုက်မိသည်။ “ဒီအချစ်က အချိန်အကန့်အသတ် တစ်ခုခု ရှိနေတယ်လို့ ပြောမယ်ဆိုရင် နှစ်ပေါင်းတစ်သောင်းကျော် ကြာတဲ့အထိ ရေရှည်တည်တံ့နေမယ့် အချစ်လို့ ကျုပ် ရဲရဲပြောမယ်”

ဤခံစားချက်၊ နှလုံးသားထဲမှ နှစ်နှစ်ကာကာ ထွက်ပေါ်လာခဲ့သော စကားလုံးများ၊ ဤအရာသည် နားထောင်ရသူ ကိုပင် ကြက်သီး တဖြန်းဖြန်း ထစေခဲ့၏။

ကျွင်းချောင်ရှောင်းသည် သက်ပြင်းကို ချပြီး ပြောလိုက်မိသည်။ “ငါလည်း ဒီစကားတွေကို ပြောဖူးပါတယ်။ ဒါပေမဲ့ ဘာလို့ အလုပ်မဖြစ်တာလဲ”

အကြီးအကဲဝေသည် အချစ်နှင့်ပတ်သက်သည့် စကားလုံးများကို သင်ပြမပေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းကုန်းရှန့်တွင် ဤကဲ့သို့သော အရည်အချင်းမျိုး မရှိသည့်အတွက်ကြောင့်ပင် ဖြစ်၏

ရှရွှေယွင်သည် ထိုစကားလုံးများကို ကြားသည့်အချိန်မှာတော့ တည်နေရာတွင် ကြက်သေ သေလျက် ရှိနေသေး၏။ သူမ၏ မျက်လုံးထဲမှ မျက်ရည်များသည် အတားအဆီးမဲ့စွာဖြင့် ကျဆင်းလျက် ရှိနေ၏။ အဆုံးသတ်မှာတော့ သူမသည် အားပြတ်စွာဖြင့် ဓားကိုလွှတ်လိုက်ပြီးနောက် မြေပြင်ပေါ်၌ ဆောင့်ကြောင့် ထိုင်ကာ မျက်နှာကိုလက်ဖြင့်အုပ်မိုး၍ ငိုယိုလျက် ရှိနေတော့သည်။

...........

ထိုက်ရွှမ်အအေးဂိုဏ်း ……..။

ဂိုဏ်းချုပ်နှင့် အကြီးအကဲများ အားလုံးသည် အဓိကဟောခန်း၏ အရှေ့တွင် စုဝေးလျက် ရှိနေကြ၏။ သိုင်းလေ့ကျင့်ရေးကွင်းပြင်၌ တပည့်များအားလုံးသည် လက်နက်များ အပြည့်အစုံဖြင့် ရပ်လျက်ရှိနေကြပြီး ကြီးမားလွန်းလှသော ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်ရမည့် ဟန်ပင်မျိုးပင် ဖြစ်နေတော့သည်။

တောင်၏ ဂိတ်တံခါးရှေ့မှာတော့ သတိလစ်မေ့မျောလျက်ရှိသော ဖန်းလင်းယုနှင့် အတွင်းစည်းတပည့် လေးယောက်တို့သည် လေထဲတွင် လွင့်မျောလျက်ရှိပြီး ၎င်းတို့အား စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖမ်းချုပ်ထား၏။

ပို၍ ဆိုးရွားလှသည့် အခြေအနေ ဖြစ်ပေါ်နေသည်မှာ အကြီးအကဲရှိုပင် ဖြစ်သည်။ သူမသည် စိတ်ဝိညာဉ်စွမ်းအင် များနှင့် ချုပ်နှောင်ခြင်း ခံထားရပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်နှင့် တောင်၏ ဂိတ်တံခါးကြီးအား တဒိုင်းဒိုင်း တိုက်ချိုးခြင်းကို ခံနေရ၏။

“..........” ထိုက်ရွမ် အအေးဂိုဏ်း၏ ဂိုဏ်းချုပ်။

၎င်းတို့သည် ကျင့်ကြံခြင်းလောကတွင် နာမည်ကြီးမားလှသော ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုဖြစ်သည် ဆိုသော်လည်း ဂိုဏ်း၏တပည့်များသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ချုပ်နှောင်ခြင်းကို ခံထားရပြီး အကြီးအကဲရှို ဆိုလျှင် တောင်၏ ဂိတ်တံခါးနှင့် တဒိုင်းဒိုင်း တိုက်ခံနေရ၏။ ဤသို့သော ကိစ္စမျိုးသည် ဘယ်သောအခါကမှ ဖြစ်ခဲ့ဖူးသည့် ကိစ္စမျိုး မဟုတ်ပေ။ ကျိန်းသေပေါက် အရှက်ခွဲခြင်းပင် ဖြစ်ပေသည်။

“အဘိုးကြီး”

ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဒါ ဘာလုပ်ချင်တာလဲ”

အင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်တည်နေသော ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို အနောက်သို့ ပစ်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ဂိုဏ်းရဲ့တပည့်တွေက ကျုပ်တပည့်ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ်။ ပြီးတော့ ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲက ကျုပ်တပည့်ရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့်မို့ ကျုပ် အမှန်တရားကို လာပြီး တောင်းဆိုတာပဲ”

“အမှန်တရားကို လာရောက်တောင်းဆိုတာ ဟုတ်လား”

ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ ပြဿနာ လာရှာသည့် ပုံလည်း ပေါက်နေသေး၏။ ဓားနှင့်သိုင်းသူတော်စင်တစ်ယောက်၏ အော်ရာမျိုး ထွက်ပေါ်နေသည်သာ မဟုတ်ပါက ထိုက်ရွှမ်အအေးဂိုဏ်းချုပ် သည် ချက်ချင်းထွက်၍ တိုက်ခိုက်မိမှာ သေချာ၏။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြီးတော့ အကြီးအကဲရှနဲ့ သဘောတူညီရမယ့် ကိစ္စတစ်ခု ရှိနေသေးတယ်”

အဓိကဟောခန်း၏ အရှေ့တွင် မတ်တပ်ရပ်လျက် ရှိနေသော အကြီးအကဲရှသည် ဆွံ့အလျက်ရှိနေ၏။

“ကျုပ်ရဲ့ တတိယတပည့်နဲ့ ခင်ဗျားရဲ့ မြေးမလေးတို့က တစ်ယောက်ကိုတစ်ယောက် ကြိုက်နေကြတယ်လေ။ ဒီတော့ ကျုပ်က ….”

ပြောပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာဖုံးကို အသာချွတ်ကာဖြင့် မူလပုံပန်းသွင်ပြင်ကို ထုတ်ကာ ပြလိုက်သည်။ သူသည် ပြုံးကာ ပြောလိုက်သည်။ “ကျုပ်က မင်္ဂလာဆောင် အတွက် လာမြန်းတာပါ”

“ကျွင်း... ကျွင်းချောင်ရှောင်း” ထိုက်ရွှမ်အအေးဂိုဏ်းရှိ အကြီးအကဲအားလုံး၏ မျက်နှာသည် ပြောင်းလဲသွားခဲ့ ကြသည်။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်ခဲ့သည့် ပထမဦးဆုံးအသုတ် စွမ်းအားမြင့် ကျင့်ကြံသူများမှာတော့ မျက်လုံးများ အပြူးသား ဖြစ်မိနေကြ၏။ ဤအဘိုးကြီး ကျွင်းတန်ဆိုသူသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။

“တပည့်... တတိယတပည့် ဟုတ်လား။ ချီးတဲ့မှ.... စုကုန်းရှန့်က ဒါဆိုရင် သူလျှိုတစ်ယောက်ပေါ့”

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ဒီအတောအတွင်း ကျုပ်တပည့်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဤစကားလုံးများသည် အလွန့်အလွန် ဘောင်ကျော်လွန်းလှ၏။ ထိုက်ရွှမ်အအေးဂိုဏ်း ဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းအဆင့်သည် နိမ့်ပါးလှသည် မဟုတ်သော်လည်း ချက်ချင်းပင် သွေးများ အန်ထွက်လုမတတ် ဖြစ်နေတော့သည်။

“အကြီးအကဲရှ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ဘယ်သူလဲဆိုတာကို ထုတ်ဖော် ပြောကြားပြီးသွားပြီ။ ဒီတော့ ကျုပ်တပည့်က ထိုက်ရွှမ်အအေးဂိုဏ်းမှာရှိတဲ့ ဘယ်မိန်းကလေးမဆိုနဲ့ ထိုက်တန်တဲ့လူ တစ်ယောက် ဖြစ်ကြောင်း သိသာပါတယ်နော်”

စောနတုန်းက သူသည် စုရှောင်မိုနှင့် ရှရွှေယွင်တို့အား အချစ်ရေးပျက်လုသွားလုနီးပါး အခြေအနေထိ ရောက်အောင် ပြုလုပ်ခဲ့မိ၏။ သူ၏ အမှားကို ပြန်လည် ပြင်ဆင်ရန်အတွက် သူသည် လက်ရှိ ရှိနေသည့် ရန်ငြိုး များကို ဖယ်ရှားရင်း မင်္ဂလာဆောင်ကိစ္စကို လာရောက်ပြောဆိုနေခြင်းပင်ဖြစ်၏။

ထိုက်ရွှမ်အအေးဂိုဏ်းသည် တပည့်များ ချစ်ခင်နှစ်သက်မှုကို မတားဆီးထားချေ။ ထို့အတူ ပြိုင်စံရှားဂိုဏ်းသည်လည်း ၎င်း၏ တပည့်များ ချစ်ခင်နှစ်သက်မှုကို တားဆီးထားခြင်း မရှိပေ။ ထို့ကြောင့် နှစ်ဦးနှစ်ဖက်လုံးသည်လည်း ချစ်ခင်နှစ်သက်ကြသည်မို့ အဘယ်ကြောင့် မင်္ဂလာဆောင် ကိစ္စကို မပြုလုပ်ရမည်နည်း။

ကျွင်းချောင်ရှောင်းသည် အစဉ်အမြဲဆိုသလို လူမှုလောက၏ နိယာမများကို လိုက်နာတတ်သူတစ်ယောက်ပင် ဖြစ်သည်။

သို့ပေမဲ့ အကြီးအကဲတစ်ယောက်ကို ချုပ်နှောင်ပြီးသည့်နောက် ဂိုဏ်း၏ ဂိတ်တံခါးကြီးနှင့် တဒိုင်းဒိုင်း ရိုက်နှက်သည့်ကိစ္စသည် မိန်းမလာမြန်းသည်နှင့် မည်သည့်နေရာ တူညီနေသနည်း။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အကြီးအကဲရှမှာ ငြင်းခွင့်ရှိပါတယ်။ ဒါပေမဲ့ အကျိုးဆက် အနေနဲ့ ကျုပ်က ဒီမှာထိုင်ပြီးတော့ ထိုက်ရွှမ်အအေးဂိုဏ်းနဲ့ ပြဿနာတွေကို ဖြေရှင်းရလိမ့်မယ်”

ခြိမ်းခြောက်မှု - ဤအရာသည် အစစ်အမှန် ခြိမ်းခြောက်မှုပင် ဖြစ်တော့သည်။

အကြီးအကဲရှ၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့တော့သည်။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်အားကောင်းလွန်းလှ၏။ ဂိုဏ်းချုပ်နှင့် အထက်ပိုင်း အကြီးအကဲများ အားလုံးသည် သူ့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် ကြယ်ကြေကုန်းမြေ တိုက်ကြီးတစ်ခုလုံးသည် သူ့အား အကြွေးတင်လျက် ရှိနေ၏။ သူ မည်ကဲ့သို့ ရွေးချယ်မှုကို ပြုလုပ်ရမည်နည်း။

“ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေအကုန်လုံးက ကောင်းမွန်တဲ့လူတွေကြီးပဲလေ။ ဒီတော့ ပြိုင်စံရှားဂိုဏ်းနဲ့ ခင်ဗျားတို့ ဂိုဏ်းရဲ့တပည့်က ပေါင်းဖက်မိသွားရင် ကောင်းမွန်တဲ့အရာ ဖြစ်သွားလိမ့်မယ်လေ။ ဒီလို လက်ထပ်လိုက်ခြင်း အားဖြင့် ကျုပ်တို့ရဲ့ကြားမှာရှိတဲ့ ရန်ငြိုးတွေကို မေ့ပစ်လိုက်လို့ရတယ်” ကျွင်းချောင်ရှောင်းက ထပ်ကာ ပြောလိုက်သည်။

သူသည် အစစ်အမှန်ပဲ စုရှောင်မိုနှင့် ရှရွှေယွင်တို့အား အောင်သွယ်တော် ပြုလုပ်ပေးချင်မိ၏။ သို့ပေမဲ့ သူ၏ နည်းလမ်းသည် နည်းနည်းဆန်းကြယ်လွန်းသည်က ဆိုး၏။

ထူးဆန်းသည့် အကြည့်များသည် ထိုက်ရွှမ်အအေး ဂိုဏ်း ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် ဖြစ်တည်လာခဲ့တော့သည်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် ကျွင်းချောင်ရှောင်းနှင့် ရန်သူ မဖြစ်စေချင်ပေ။ ထို့အပြင် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးဆီမှ ပြန်ရောက်လာခဲ့သော အကြီးအကဲများ၏ ပြောဆိုချက်အရဆိုလျှင် ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး တခြားသော အင်အားကြီးဂြိုဟ်အသီးအသီးမှ သိုင်းကျင့်ကြံသူများသည်ပင်လျှင် သူ၏ နာမည်ကို ကြားသည်နှင့် ကြောက်ရွံ့ကြ သည်ဟု ကြားခဲ့ရသည်။

အကယ်၍ ရှရွှေယွင်သည်သာ ၎င်း၏ တပည့်နှင့် မင်္ဂလာဆောင်လိုက်မည်ဆိုလျှင် ဂိုဏ်းနှစ်ခုကြားရှိ ရင်းနှီး ပတ်သက်မှုသည် ပိုမိုကာ နီးစပ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုက်ရွှမ်အအေးဂိုဏ်းအတွက် ကောင်းမွန်သည့် အကျိုးကျေးဇူးများ ရလာမှာ သေချာ၏။

“အကြီးအကဲရှ”

တတိယအကြီးအကဲသည် တီးတိုးပြောလိုက်၏။ “ဂိုဏ်းအတွက် ခင်ဗျား သေသေချာချာ တွေးတောသင့်တယ်”

သူ့အနေနှင့် အကြံပေးနေခြင်းဖြစ်သလို သတိပေးနေခြင်းလည်းဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲရှသည် ခဏလောက် တွေးတောပြီးနောက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “လက်ထပ်တယ်ဆိုတာက ကလေးကစားစရာ မဟုတ်ဘူးလေ။ ပြီးတော့ ဒီလက်ထပ်ပွဲကိစ္စက ရွှေယွင် တစ်ယောက် သူ့ဘာသာ ဆုံးဖြတ်ရမယ့်ကိစ္စပဲ”

သူ့အနေနှင့် ဒီထက်ပို၍ ပြောလို့မရပေ။ သူ၏ မြေးမ ပေါ်တွင်သာ ရွေးချယ်မှုကိုပေးထားလိုက်၏။ သူမ၏ ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုနှင့် ဆက်စပ်နေသည့်ကိစ္စသည် သူမကိုယ်တိုင် ရွေးချယ်ရမည့်ကိစ္စ ဖြစ်သောကြောင့် ခြိမ်းခြောက်သောကြောင့် လိုက်လျောရသည့်ကိစ္စမျိုး အခြေအနေဆီသို့ မဖြစ်စေချင်ပေ။

“မိန်းကလေးရှ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သဘောတူရဲ့လား”

အားလုံးသည် လှမ်း၍ ကြည့်ရှုလိုက်သည့်နောက်မှာတော့ တောင်၏ ဂိတ်တံခါးတွင် နီရဲသည့် မျက်လုံးအစုံနှင့်အတူ ဆင်းသက်လာခဲ့သော ရှရွှေယွင်အား မြင်လိုက်ရတော့သည်။ သူမသည် စိတ်နှင့်ကိုယ် ကပ်သည့်ပုံ မပေါ်ပေ။ စုရှောင်မိုမှာတော့ သူမနောက်မှာ လိုက်ပါလာပြီးသည့်နောက် တွန့်ဆုတ် တွန့်ဆုတ်နှင့် တစ်စုံတစ်ခု ပြောဆိုချင် နေပုံပေါ်၏။

“ဂိုဏ်းချုပ်ကျွင်း”

ရှရွှေယွင် သည် တောင်၏ အဓိက ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်လိုက်ပြီးသည့်နောက် မေးလိုက်သည်။ “တကယ်လို့ ကျွန်မသာ သဘောမတူညီဘူးဆိုရင် ထိုက်ရွှမ်အအေးဂိုဏ်းကို ခက်ခဲတဲ့အရာတွေ ဖြစ်အောင် လုပ်မှာလား”

“သိပ်မှန်တာပေါ့” ကျွင်းချောင်ရှောင်းသည် တိကျခိုင်မာစွာ ပြောလိုက်တော့၏။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ လုချင်းချင်းက ငါ့ရဲ့ အကြီးဆုံးတပည့်မလို့ပဲ”

ရှရွှေယွင်သည် နာနာကျင်ကျင် ပြုံးလိုက်မိ၏။ “ဒါဆိုရင် ဒီကိစ္စတွေ အကုန်လုံးက စီနီယာ အစ်မလုရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးခံလိုက်ရပြီး ဂိုဏ်းထဲကနေ ထုတ်ပယ်ခံလိုက်ရတာကြောင့် ဖြစ်တာလား။ ဒါကြောင့်ပဲ စုကုန်းရှန့်ကို သူလျှိုတစ်ယောက်အဖြစ် ဒီကို လွှတ်လိုက်တာလား”

“သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဖျက်ဆီးခံလိုက်ရတယ် ဟုတ်လား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွား၏။ ပြီးသည့်နောက်မှာတော့ စုရှောင်မိုကို လှမ်းကြည့်ကာ မေးလိုက်၏။ “ဒီလိုကိစ္စမျိုး ရှိလား”

“......”

စုရှောင်မိုသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။ သူသည် စီနီယာအစ်မ၏ ကျင့်ကြံခြင်း ဖျက်ဆီးခံရသည့် အကြောင်းကို ဂိုဏ်းချုပ်အား ဖုံးကွယ်ထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအရာကို ကြားသိသည်ဆိုသည်နှင့် ဂိုဏ်းချုပ်သည် ချက်ချင်းပေါက်ကွဲ သေို့ပေမဲ့ လက်ရှိအချိန်မှာတော့ ရှရွှေယွင်သည် အမှတ်မထင်ဖြင့် ဤကိစ္စကို ထုတ်ဖော် ပြောဆိုခဲ့ပြီ ဖြစ်သည်။

“သွားပြီ။ သွားပြီ။ ထိုက်ရွှမ်အအေးဂိုဏ်းက ဒီတစ်ကြိမ်မှာတော့ ပြဿနာ အကြီးကြီး တက်ပြီပဲ”

All Chapters