← Chapters

အခန်း (၁၀၇၆)

Vol. 73 Ch. 1076

အခန်း (၁၀၇၆)

Vol. 73 Ch. 1076

စုရှောင်မိုသည် သူလျှိုပြုလုပ်နေသည့် အချိန်တွင် အကုန်လုံးအား ပြန်၍သတင်းပို့ခဲ့၏။ သို့ပေမဲ့ သူသည် လုချင်းချင်း၏ ကျင့်ကြံခြင်းအဆင့် ဖျက်စီးခံရသည့်အကြောင်းကိုတော့ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းခဲ့သည်။

စီနီယာအစ်မသည် အနောက်မြောက်သို့ သွား၍ ကျင့်ကြံချိန်တွင် ရေခဲနန်းတော်၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရ၏။ ထိုစဉ်က ဂိုဏ်းချုပ်သည် ရှိရှိသမျှသောလူအားလုံးကို ခေါ်၍ ရေခဲနန်းတော် တစ်ခုလုံးကိုပင် ဖျက်စီးလုနီးပါး ပြုလုပ်ခဲ့၏။

ယခု ဖြစ်ပေါ်နေသော အခြေအနေသည် ယခင်ကထက် ပို၍ လေးနက်၏။ ဂိုဏ်းချုပ်သည်သာ ဤအခြေအနေကိုသိသွားပါက ခန့်မှန်း၍ မရနိုင်သည့် ကိစ္စမျိုး ဖြစ်သွားပေလိမ့်မည်။

စုရှောင်မိုသည် ရှရွှေယွင် နှင့် ပတ်သက်၍ နက်နဲသည့် အချစ်စိတ်များ သက်ရောက်မိခဲ့၏။ ထို့ကြောင့် သူသည် သေချာ စဉ်းစားကာ ထိုကိစ္စကို လျှို့ဝှက်ထားရန် ဆုံးဖြတ်လိုက်၏။ နောက် အခွင့်ကြုံလာမှသာ ပြောပြရန် စဉ်းစားထား၏။

သို့ပေမဲ့ သူ မထင်ထားစွာဘဲ ရှရွှေယွင် သည် ထိုကိစ္စနှင့် ပတ်သတ်၍ လွယ်လွယ်ကူကူ ထုတ်ဖော် ပြောကြားခဲ့သည်။

"ပြောစမ်း" ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက်သွားခဲ့၏။

စုရှောင်မိုသည် ဖုံးကွယ်ထား၍ မရတော့မှန်းသိသွားပြီမို့ ဝန်ခံလိုက်ရန်သာ ရှိတော့သည် "စီနီယာအစ်မက အအေးစမ်းချောင်းထဲ ခွင့်ပြုချက်မရှိဘဲ ဝင်ပြီးကျင့်ကြံတာကြောင့် ဂိုဏ်းကအထုတ်ခံရပြီး ကျင့်ကြံခြင်း ဖျက်စီးခံရတယ်"

"ဝှစ်"

ပြောပြီးပြီးခြင်းမှာပဲ အလွန်အားကောင်းလှသော သတ်ဖြတ်လိုခြင်း အော်ရာများသည် ပေါ်ထွက်လာတော့၏။

စုရှောင်မိုသည် ခေါင်းနပန်းကြီးသွားခဲ့၏။ စိတ်ထဲတွင် ကြိတ်ကာ အော်ဟစ်နေမိသည်။ "ငါနဲ့ ရွှေယွင် ရဲ့ အနာဂတ်ဆိုတာ မရှိတော့ဘူးပဲ"

ဂိုဏ်းချုပ်၏ အမူအကျင့်အရဆို ဤကိစ္စအား လက်လွှတ်ပေးမည် မဟုတ်ချေ။ ၎င်းနှင့် ထိုက်ရွှမ်အအေးဂိုဏ်း ကြားရှိ အမုန်းတရားတို့မှာ ပိုတိုးလာတော့၏။

သူနှင့် ရှရွှေယွင် တို့သည် ရန်သူများအဖြစ် ပြောင်းလဲသွားရတော့မည် ဖြစ်သည်။

အဓိကဟောခန်း၏ အရှေ့တွင်တော့ ထိုက်ရွှမ်အအေးဂိုဏ်းချုပ်နှင့် ဂိုဏ်းမှအကြီးအကဲတို့သည် အားကောင်းလှသော သတ်ဖြတ်ခြင်းအရှိန်အဝါများကို တွေ့မြင်ပြီးနောက် အမူအရာများ ပြောင်းသွားခဲ့၏။

တံခါးထိပ်တွင် ရပ်နေသော ကျွင်းချောင်ရှောင်းသည် တည်ကြည်စွာဖြင့် ခေါင်းကို မော့လိုက်၏။ သူ၏ မျက်လုံးများသည် နီရဲနေသည်။ "ကျုပ်ရဲ့ အကြီးဆုံးတပည့်ကို ဂိုဏ်းကနေ ထုတ်ပယ်တယ်ဆိုတာ လက်ခံနိုင်တယ်။ ဒါပေမဲ့ သူရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးတာတော့ ကျုပ်လက်မခံနိုင်ဘူး"

ထိုက်ရွှမ်အအေးဂိုဏ်းတွင် စည်းကမ်းများရှိသည်ကို သူနားလည်၏။ ထို့ကြောင့် စုရှောင်မို၏ ပြဿနာများကို သူဖြေရှင်းပေးရန် ကြိုးစားပေးခဲ့ဖြင်းဖြစ်၏။ သို့ပေမဲ့ အကြီးဆုံးတပည့်၏ ကျင့်ကြံခြင်းအဆင့်ကို ဖျက်စီးလိုက်သည်ကတော့ လွန်လွန်းလှ၏။

သူမသည် မိန်းကလေးတစ်ယောက်သာဖြစ်၏။ အလွန် အန္တရာယ်များလှသော ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံခြင်းဖျက်စီးကာ ဂိုဏ်းမှထုတ်ပယ်ခြင်းသည် ရက်စက်လွန်းအားကြီးသည်။

ကျွင်းချောင်ရှောင်းသည် အတိတ်ကို ပြန်သွားနိုင်သည့် ပစ္စည်းကိုသာ ပိုင်ဆိုင်ပါက နှင်းတောထဲတွင် လမ်းလျှောက်နေသော သူ၏ တပည့် လုချင်းချင်းဆီသို့ အမြန်သွားရောက်မည် ဖြစ်၏။

“အား ….”

သူသည် ဒေါသတကြီး အော်ဟစ်လိုက်၏ ။ ဓားဆန္ဒများအားလုံးသည် လေထုထဲတွင် ပေါက်ကွဲထွက်လာသည်။

"ဝုန်း … ဝုန်း …. ဝုန်း"

ထိုက်ရွှမ်အအေးဂိုဏ်း၏ တံခါးကြီးသည် မည်သို့မှ မခံနိုင်တော့ပဲ ပြိုလဲသွားတော့၏။ ဖန်းလင်းယု နှင့် အခြားသော အကြီးအကဲများသည် နောက်သို့ ဆုတ်သွားကြ၏။

စုရှောင်မိုသည် ထိုကဲ့သို့ ဖြစ်လိမ့်မည်ကို ကြိုတွေးမိခဲ့၏။ ထို့ကြောင့် ရှရွှေယွင်ကို အသာကောက်ချီ၍ ခပ်ဝေးဝေး ဆီ သွားလိုက်သည်။ ပြီးနောက် မျက်မှောင်ကုတ်ကာ ပြောလိုက်မိသည်။ "ဂိုဏ်းချုပ်က ရူးသွားပြီ ။ လုံးဝကိုရူးသွားပြီ"

သတ်ဖြတ်လိုခြင်း အော်ရာများသည် ဖြစ်တည်သွားပြီးနောက် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အဓိကခန်းမတွင်တော့ ထိုက်ရွှမ်အအေးဂိုဏ်း၏ အကြီးအကဲတို့သည် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ဂိတ်တံခါးကြီးပျက်စီးသွားသည်ကို မြင်တော့ ဒေါသများဖြစ်ပေါ်လာ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ဓားနှင့် သိုင်းနယ်မြေ အဆင့်အော်ရာများသည် ၎င်းတို့အား ထိတ်လန့်မိစေ၏။ ထို့အပြင် ကျွင်းချောင်ရှောင်းသည် ငရဲပြည်မှ စေလွှတ်လိုက်သော နတ်ဆိုးတစ်ကောင်ကဲ့သု့ိ ဖြစ်လို့နေသည်။

"ဝှစ်"

ကျွင်းချောင်ရှောင်းသည် အမြင့်ဆီသို့ ခုန်တက်လိုက်သည်။ ဂိတ်တံခါးကြီးအား ဖျက်စီးခြင်းသည် အစပင်ရှိသေး၏။ အဓိကဟောခန်းကြီးနှင့် ဂိုဏ်း၏ နာမည် ရေးထိုးထားသော ဆိုင်းဘုတ်အား ဖျက်စီးရန် ရှိသေး၏။

ထိုမှသာ လုချင်းချင်းအတွက် တရားမျှတမှုကို ရှာပေးနိုင်မည်ဟု သူယုံကြည်မိသည်။ လက်ရှိ အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မင်္ဂလာပွဲအတွက် လာရောက်တောင်းရမ်းခြင်း မဟုတ်တော့ချေ။ သူ့အနေဖြင့် ဤနေရာတစ်ခုလုံးအား ဖျက်စီးချင်စိတ်သာ ရှိတော့သည်။

"သူ့ကို ရအောင်တားကြ" ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်သည် အော်ဟစ်ကာ အမိန့်ပေးလိုက်၏။ သူသည်ကြောက်လန့်သော်လည်း ဂိုဏ်း၏ အဓိကဟောခန်းမကြီးကို ကာကွယ်ရန် တာဝန်ရှိသေး၏။ ထို့ပြင် ဤအရာသည် ဂိုဏ်း၏ အခြေခံပင် ဖြစ်တော့၏။

"ဆွစ် ဆွစ်"

ချက်ချင်းပင် အကြီးအကဲ တစ်ဒါဇင်ခန့်သည် ၎င်းတို့၏ သိုင်းနယ်မြေ အဆင့်၊သိုင်းအုပ်စိုးအဆင့် စွမ်းအားများကို ထုတ်ဖော်ကာ ရူးသွပ်လျက်ရှိသော ကျွင်းချောင်ရှောင်းအား တားဆီးရန် ကြိုးပမ်းကြတော့သည်။

ထိပ်တန်းဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲတို့သည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။ ဤတိုက်ပွဲသည် ကြည့်ရှု၍ ကောင်းသလို အန္တရာယ်များလှသော တိုက်ပွဲလည်း ဖြစ်၏။

"သွားကြစမ်း" ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးအော်ဟစ်လိုက်၏။

"ဟူး ဟူး"

နတ်မီးခန္ဓာကိုယ် နှင့် ဓာတ်ငါးပါးခန္ဓာကိုယ်တို့သည် အလုံးစုံ အသက်ဝင်သွားခဲ့၏။ လင်းလက်တောက်ပသော မီးတောက်များ နေရာအနှံ့တွင်ပေါ်ပေါက်လာပြီး ကြီးမားလှသော မီးတောက်လက်ကြီးအသွင်ပြောင်းကာ ရှေ့တွင်ရှိနေသော အရာအားလုံးကို ဖျက်စီးပစ်တော့သည်။

သူ့အနေဖြင့် လုချင်းချင်းအတွက် အားလုံးကို ဖျက်စီးချင်စိတ်မှ လွဲလျှင် ဘာမှမရှိတော့ချေ။ တစ်လောကလုံးနှင့် ရန်ဖက်ဖြစ်ရမည် ဆိုတောင် ဂရုမစိုက်ချေ။ သူ၏ တပည့်အား အလုံးစုံ ကာကွယ်ပေးသောသူမှာ သူပင်ဖြစ်ရမည်။ သူ၏ တပည့်နှင့် ပတ်သက်လျှင် မည်သူမှသည် လက်ညိုးနှင့်တောင် ထိုးခွင့်မရှိချေ။

"ဘုန်း ဘုန်း "

တောက်လောင်လှသော မီးတောက်ကြီးသည် အရာအားလုံးကို ဖျက်စီးပစ်ပြီးနောက်မှာတော့ ထိုက်ရွှမ်အအေးဂိုဏ်း၏ အကြီးအကဲများသည် မြေပါ်သို့ လဲကြသွား၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေ၏။

“ဒီလောက် ဝိုင်းတိုက်တာကိုတောင် တစ်ချက်တည်းနဲ့ ချိုးဖျက်ပစ်လိုက်တယ်"

ဂြိုဟ်တိုက်ပွဲ တည်နေရာထဲသို့ လိုက်ပါခဲ့စေသာ ဂိုဏ်းအကြီးအကဲများသည် အံ့အားသင့်မှု မရှိချေ။အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်များနှင့် တိုက်ခိုက်သည်အား သူတို့မြင်တွေ့ခဲ့ဖူးသည်။

"ဂိုဏ်းချုပ်ကျွင်း …. ဒါက နားလည်မှုလွဲတာပါ"

တစ်စုံတစ်ယောက်က လှမ်း၍ အော်ပြောလိုက်သည်။ "အေးအေးဆေးဆေး စကားပြောရအောင် ….. ကျေးဇူးပြုပြီး"

"ဟူး …. ဟူး"

မီးတောက်များကြားမှ ထွက်ပေါ်လာသော ကျွင်းချောင်ရှောင်းသည် အေးစက်စွာပြောလိုက်၏။ "ခင်ဗျားတို့ဂိုဏ်းရဲ့ အဓိကဟောခန်းကို ဖျက်စီးပြီးတဲ့အထိစောင့်အုံး … ပြီးမှပြောမယ်”

“ဝှစ်"

မီးတောက်များ ဖုံးလွှမ်းလျက်ရှိနေသော သူ၏ လှုပ်ရှားမှုသည် အလွန်မြန်ဆန်လွန်းလှ၏။ သူ၏ ဓားနှင့် သိုင်း သူတော်စင် အော်ရာတို့၏ ထိန်းချုပ်ထားမှုကြောင့် မည်သူမှသည် လှုပ်ရှား၍မရတော့ချေ။

ဂိုဏ်းကြီးတစ်ခုလုံးသည် အဆုံးသတ်သွားတော့မလို အခြေအနေမျိုးသို့ ရောက်ရှိသွားတော့သည်။

"ကောင်လေး …. မင်းလုပ်ရဲလို့လား"

ရုတ်တရက် အတွင်းခြံဝန်းဆီမှ အသံတစ်သံ ထွက်ပေါ်လာကာ အပြာရောင်အလင်းတန်းတစ်ခု ဖြစ်တည်လာပြီး ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းကာ မီးတောက်များ ဝါးမြိုခြင်းမှ တားဆီးလိုက်၏။

"ဘိုးဘေးအကြီးအကဲကြီး" ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပျော်ရွှင်စွာ ခေါ်လိုက်မိသည်။

အပြာရောင် ဝတ်စုံဝတ်ဆင်ထားပြီး ဆံပင်များ ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်သည် ခန်းမအတွင်းမှ ထွက်လာသည်။ ၎င်း၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများ ပြည့်နှက်နေ၏။

လန်ကျင်းထန် … သူသည် ထိုက်ရွှမ် အအေးဂိုဏ်း၏ ဘိုးဘေးတစ်ယောက်ဖြစ်၏။သူသည် ပြည့်စုံသော သိုင်းနယ်မြေအဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်သည်။

သူသည် အဆင့်တက်ရန်အတွက် ဂိုဏ်း၏ ကိစ္စများမှ ဖျေက်ဆီးရန် မကြိုးစားခဲ့ပါက သူသည် ထွက်ပေါ်လာမည် မဟုတ်ချေ။

"ဒါက ပြဿနာပဲ"

အခြေအနေ မကောင်းသည်ကို ရိပ်စားမိတော့ကြောင့် စုရှောင်မိုသည် အနီးအနားရှိ မိုးဆွေဟောခန်း အဖွဲ့ဝင်များဆီသို့ သတင်းပို့လိုက်တော့၏...။

……….

အလုပ်ရှုပ်လျက်ရှိသော လီဟိုရှို့သည် ၎င်း၏ အဖွဲ့ဝင်များဆီမှ သတင်းရရှိပြီးနောက် ကျန့်ရာနှင့် အခြားသူများဆီသို့ အလျင်အမြန် သတင်းပို့တော့သည်။ “ဂိုဏ်းချုပ်နဲ့ ထိုက်ရွှမ်ဂိုဏ်းတို့က တိုက်ခိုက်နေပြီ။ သွားပြီး ကူညီရမယ်”

ချက်ချင်းပင် ထိုသတင်းသည် ဂိုဏ်းတစ်ခုလုံးကိ ပြန့်နှံ့သွား၏။ ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲများသည် အလျင်အမြန်ပင် ထွက်ခွာခဲ့ကြ၏။

"ဒါက ထိပ်တန်းဂိုဏ်းတစ်ခုပဲ။ သူတို့က အရမ်းကို အားကောင်းနေလိမ့်မယ်"

ရွှဲ့ရမ်ကွေ့သည် တိုက်ခိုက်ရန် စတင်ကာ အမိန့်ပေးလိုက်တော့၏။ "သားရဲစီးတပ် ၊ကျားသစ်စီးတပ်၊ ခြင်္သေ့စီးတပ် တပ်တွေအကုန်လုံး ထိုက်ရွှမ် ဂိုဏ်းဆီသွားကြမယ်"

"ဝေါင်း …..

ဝူး …

ဘုန်း"

လက်ရှိအချိန်မှာတော့ သံမဏိအရိုးတောင်ကြီးသည် အော်သံများ ကျယ်လောင်စွာ ထွက်ပေါ်လျက် မြေများပင် တုန်ခါလျက်ရှိ၏။

"ဘာတွေဖြစ်နေတာလဲ၊ ဘာတွေဖြစ်ကုန်ကြတာလဲ "

သံမဏိအရိုးမြို့အတွင်း နေထိုင်ကြသော သူ အားလုံးသည် အလန့်တကြားဖြင့် အော်ဟစ်မိကြသည်။

ချင်းယန်မြို့ထဲတွင်ရှိသော မြို့တော်ဝန်သည် သတင်းကြားပြီးသည့်နောက် နှုတ်ခမ်းများ တဆတ်ဆတ် နှင့် တုန်ခါလျက်ရှိ၏။ "နောက်ထပ် သားရဲလှိုင်းကြီးတစ်ခုရာက်လာတာလား"

ဤအရာသည်အစစ်အမှန်ပင် သားရဲလှိုင်းကြီးပင် ဖြစ်၏ ။ ပြိုင်စံရှားဂိုဏ်း၏ သားရဲခန်းမသည် အကြီးအကဲလျို၏ ဦးဆောင်မှုဖြင့် ထိုက်ရွှမ် အအေးဂိုဏ်းဆီသို့ သွားနေကြခြင်းဖြစ်သည်။

အနောက်မှာတော့ သားရဲစီးခန်းမဆီမှ အဖွဲ့ဝင်များသည်လည်း ထပ်ကြပ်မကွာလိုက်ပါလာကြ၏။

"ခေါင်းဆောင်"

စောင့်ကြည့်ရေးမျှော်စင်ထဲမှာတော့ အကြီးအကဲ တစ်ယောက်သည် အံ့အားသင့်စွာပြောလိုက်၏။ "နောက်ထပ် သားရဲလှိုင်းကြီးတစ်ခုက အရှေ့တောင်အရပ်ကို ဉီးတည်နေတယ်"

ထိုက်ရွှမ်အအေးဂိုဏ်းဆီသို့ ဦးတည်သွားနေသော ယွမ်သခင်လေးသည် စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်နေမိသည်။

ဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီးကတည်းက ပြိုင်စံရှားဂိုဏ်း မည်မျှအားကောင်းသည်ကို သိရှိပြီးဖြစ်သည်။ ယနေ့မှာတော့ မိုးဆွေဟောခန်းဆီမှ သတင်းရှိပြီးသည်နှင့် ဂိုဏ်း၏ အားအင်အစစ်သည် ထကြွလာလေ၏။

ဂိုဏ်းချုပ် တိုက်ခိုက်နေသည့်အချိန်တွင် ဂိုဏ်းသားတို့သည် ထပ်ကြပ်မကွာလိုက်၍ တိုက်ခိုက်ရန် စိုင်းပြင်၍ အားတက်တရော ထွက်လာကြသည်။ ဤသည်မှာ စစ်မှန်သော ဂိုဏ်း၏ အရှိန်အဝါပင် ဖြစ်သည်။

တစ်ခြားတစ်ဖက်ကကြည့်မည်ဆိုပါက သူ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို တာဝန်ယူခဲ့စဉ်က အကြီးအကဲ များသည် တစ်ယောက်တစ်ပေါက်နှင့် စည်းလုံးမှုမရှိကြချေ။ သူလုပ်ချင်သည့် အရာများသည်ပင် ထပ်တလဲလဲ ငြင်းဆိုခံရ၏။

"ဒါကမှ ဂိုဏ်းတစ်ခုပဲ "

ယွမ်သခင်လေးသည် စိတ်ထဲမှကြိတ်ကာ ရေရွတ်လိုက်မိ၏။ "ဒါမျိုးကမှ ဘုရင်အဆင့် အသင်းအဖော်တွေပဲ"

All Chapters