အခန်း (၁၀၇၈)
Vol. 73 Ch. 1078
တိုတောင်းလှသည့်အချိန်အတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်းသည် ထိုက်ရွှမ်အအေးဂိုဏ်း၏ တည်နေရာတစ်ခုလုံးကို အပြင် ဘက်မှ ဝိုင်းရံထားခဲ့ပြီးဖြစ်သည်။ ဤအရာမှာ ဂိုဏ်းတစ်ခုနှင့် မိသားစုကြီးတစ်ခုကြား တိုက်ခိုက်ခြင်းနှင့်ပင် ဆင်တူ နေသည်။
အထူးသဖြင့် ဂိုဏ်းချုပ်၏နောက် ဒုတိယမြောက် အားအငအကောင်းဆုံးသောအခြေအနေကို ပိုင်ဆိုင်သည့် ခရမ်းရောင်ဘုရင်သည် ရှေ့ဆုံးသို့ လှမ်း၍ တက်သွားတော့သည်။ သူသည် မွန်းစတားချီများကို စုစည်းကာဖြင့် ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ကျန်သည့်သူများကို ဝင်ရောက်ကာထိုးနှက်တော့၏။
ဝှစ် ဝှစ် ဝှစ်
ခရမ်းရောင်ဘုရင်၏ လက်သီးချက်များသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိနေပြီး ကောင်းကင်ယံမှ ပစ်ချ လိုက်သည့် ဥက္ကာခဲများကဲ့သို့ အလွန်လျင်မြန်သည့် နှုန်းထားဖြင့် ကျဆင်းလာသည်။
“ဂိုဏ်းအကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်တော့။”
ထိုက်ရွှမ်အအေးဂိုဏ်း၏ အကြီးအကဲများသည် ရုတ်တရက် အော်ဟစ်လိုက်၏။ “မြန်မြန်။ မြန်မြန်။”
ဒွီ … ဒွီ …။
ချက်ချင်းပဲ လေထုထဲတွင် အတားအဆီးအစီအရင်တစ်ခုဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကျိုးပျက်လျက်ရှိနေ သော တောင်၏ ဂိတ်တံခါးကြီးနှင့် ထိုက်ရွှမ်အအေးဂိုဏ်း၏ တောင်တစ်ခုလုံးကို ဖုံးလွှမ်းကာကွယ်လိုက်တော့သည်။
ထိပ်တန်းဂိုဏ်းများအနေနှင့် ဂိုဏ်းအကာအကွယ်အစီအရင်တည်ရှိသည်ဆိုခြင်းမှာ သာမန်သာဖြစ်တော့၏။ သို့ပေမဲ့ ၎င်းတို့သည် အစဉ်အမြဲ ထိုအရာကို ပိတ်ထား၏။ ထို့အပြင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် မည်သူမျှသည် သူတို့ကို လာရောက်မတိုက်ခိုက်ရဲချေ။
သို့သော်ငြား လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် ဤနေရာသို့ ဆင်ကန်းတောတိုး ရောက်ရှိလာပြီးသည့်နောက်မှာတော့ တောင်၏ ဂိတ်တံခါးကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်၏။
ဟုတ်ပေသည်။ လက်ရှိ ကုန်းရှန့်၏ အားအင်အဆင့်အရဆိုလျှင် တစ်ဖက်လူများ၏ ဂိုဏ်းအကာအကွယ်အစီအရင် အသက်ဝင်သွားသည်ဆိုလျှင်တောင်မှ လက်သီးချက် တစ်ချက် ၊ နှစ်ချက်လောက်နှင့် ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည်။
ထို့ကြောင့် တောင်၏ ဂိတ်တံခါးကြီး၌ အတားအဆီးအကာအကွယ်အစီအရင်တစ်ခု ဖန်တီးဖြစ်တည်လာခြင်းမှာ ဘာအဓိပ္ပာယ်မှမရှိလှချေ။ မည်သို့မျှ ရလဒ်မှာ ပြောင်းလဲသွားလိမ့်မည်မဟုတ်ချေ။
ဘုန်း ဘုန်း ဘုန်း …..။
ဂိုဏ်း၏ အကာအကွယ်အစီအရင် အသက်ဝင်သွားသည့်နောက်မှာတော့ ခရမ်းရောင်လက်သီးအိတ်များသည် ကြမ်းတမ်းစွာဖြင့် ထိုအစီအရင်ကြီးအား ထိုးနှက်လျက်ရှိ၏။
ကြမ်းတမ်းလွန်းလှသော မွန်းစတားအော်ရာများသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ထိုက်ရွှမ်အအေးဂိုဏ်း ၏ အဆင့်မြင့်အကြီးအကဲများအားလုံးကို ထိတ်လန့်တုန်လှုပ်စေသည်။
တစ်ဖက်လူသည် လူသားတစ်ယောက်မဟုတ်ကြောင်း သူတို့နားလည်ယုံကြည်မိ၏။
“ကျုပ် ခန့်မှန်းတာမှန်မယ်ဆိုရင်”
အတားအဆီးအစီအရင်၏ အရှေ့တွင် ပျံသန်းလျက်ရှိနေသော ခရမ်းရောင်ဘုရင်သည် ဒေါသတကြီးဖြင့် ပြောလိုက် သည်။ “အရင်တုန်းက သိုင်းနယ်မြေကျင့်ကြံသူ ၅ ယောက်က အနောက်ဘက်သဲကန္တာရထဲမှာ ကျုပ်ကို စည်းခတ်ခဲ့တယ်။ အဲဒီသိုင်းနယ်မြေထဲက တစ်ယောက်က ထိုက်ရွှမ်အအေးဂိုဏ်းကနဲ့တူတယ်။”
“အနောက်ပိုင်း သဲကန္တာရနယ်မြေ ဟုတ်လား။”
“သိုင်းနယ်မြေ ၅ ယောက်က စည်းခတ်လိုက်တယ်။”
ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများအားလုံးသည် ထိတ်လန့်တုန်လှုပ်သွား၏။ ၎င်းတို့အားလုံးသည် သံပြိုင်ဆိုသလိုပဲ ထ၍ အော်လိုက်မိသည်။
“ခရမ်းရောင်ဘုရင်။ ဒီလူက စည်းကို ချိုးဖြတ်ခဲ့တဲ့ ခရမ်းရောင်ဘုရင်ပဲ။”
ဟောခန်းသခင်ကျိသည် သူ၏လက်ကို မြှောက်ကာဖြင့် အလွန်ကြမ်းတမ်းလှသော မွန်းစတားအော်ရာများကို ဖန်တီး ထုတ်လုပ်လျက်ရှိ၏။ သူ၏ မျက်လုံးများသည် ရဲရဲနီလျက်ရှိ၏။ “ဒီနေ့မှာ ကျုပ်က လက်စားချေမယ်။”
ဘုန်း ဘုန်း ဘုန်း
ခရမ်းရောင်မွန်းစတားအော်ရာများနှင့် ဖန်တီးဖြစ်တည်ထားသော လက်သီးချက်များသည် ဥက္ကာခဲများ ပြုတ်ကျလာ သကဲ့သို့ပင် ထိုင်ရွှမ်အအေးဂိုဏ်း၏ အတားအဆီးအစီအရင်ကြီးအား ထိုးနှက်လျက်ရှိနေတော့သည်။
မူလအားဖြင့် အလွန်တရာမာကြောလှသော အတားအဆီးအစီအရင်သည် တိုက်ခိုက်မှုများကို ခံယူပြီးသည့်နောက် မှာတော့ ကြမ်းကြမ်းတမ်းတမ်းနှင့် စတင်ကာ တုန်ခါလာခဲ့၏။
“မြန်မြန်။ မြန်မြန်။ စစ်ကူခေါ်တော့။”
ထိုင်ရွှမ်အအေးဂိုဏ်းမှ ဂိုဏ်းချုပ်သည် ထ၍ အော်ဟစ်လိုက်တော့သည်။
အစီအရင်ဟောခန်းတွင် ရှိနေသော အစီအရင်ဆရာများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပြီး သည့်နောက်မှာတော့ ဂိုဏ်း၏ အကာအကွယ်အစီအရင်ကြီးအား ပိုမိုတည်ငြိမ်သွားစေရန် အားဖြည့်ကြတော့၏။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းနှင့် လန်ကျင်းထန်တို့သည် လေထုထဲတွင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လျက်ရှိနေသည်။
ထိုင်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲများအားလုံးသည် ဂိုဏ်း၏ အကာအကွယ်အစီအရင်ထဲ၌ ပုန်းအောင်းပြီး ခရမ်းရောင်ဘုရင်၏ တိုက်ခိုက်မှုကို ခုခံနေရ၏။
တောင်၏ ခြေရင်းလေးဘက်လေးလံတွင်တော့ ကျုံးရီဦးဆောင်သော ဝံပုလွေစီးသားရဲအဖွဲ့ဝင်များအားလုံးသည် နေရာယူထားကြပြီဖြစ်၏။ အကြီးအကဲညို ဦးဆောင်သော သားရဲပေါင်းတစ်သိန်းကျော်တို့အားလုံးဟာလည်း နေရာ အနှံ့ကို ဖြန့်ကျက်ပြီးသည့်နောက် ဝိုင်းရံထားသည်။ ၎င်းတို့အားလုံးသည် ထိုင်ရွှမ်အအေးဂိုဏ်းကို အလုံးစုံ ဝိုင်းရံထားခဲ့ပြီးပြီဖြစ်သည်။
အလယ်ပိုင်းကုန်းပြင်မြင့်ဒေသ၏ စောင့်ကြည့်ရေးမျှော်စင်ထဲမှာတော့ ခေါင်းဆောင်သည် မြေစိတ်ဝိညာဉ်ပစ္စည်းဆီမှ သတိပေးသည့်အချက်ပြမှုကို မြင်ရပြီးသည့်နောက်မှာတော့ ၎င်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင် လျက်ရှိ၏။ “သူတို့က တကယ်ပဲ ထိုင်ရွှမ်အအေးဂိုဏ်းကို သွားပြီး တိုက်ခိုက်တာကိုး။”
“ဂိုဏ်းချုပ်”
အကြီးအကဲတစ်ယောက်သည် လှမ်းဝင်လာပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “စည်းကို ချိုးဖြတ်ပြီး ထွက်ပြေးသွားတဲ့ ခရမ်းရောင်ဘုရင်က သားရဲရိုင်းတစ်သိန်းကျော်ကို ဦးဆောင်ပြီး ထိုင်ရွှမ်အအေးဂိုဏ်းကို တိုက်ခိုက်တာပဲ။ အခု ထိုင်ရွှမ်အအေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က စစ်ကူ တောင်းထားတယ်။”
“ဘာ” ခေါင်းဆောင်သည် ထ၍ ခုန်လုမတတ် ဖြစ်သွားတော့သည်။
ဤစောင့်ကြည့်ရေးမျှော်စင်သည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ဒုက္ခပေးနေသည့် အချိန်တွင် မည်သည့်ပါဝင်ပတ်သက်မှုမျိုးကိုမျှ မလုပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် ဂိုဏ်းများအကြား ဖြစ်ပွားသည့် ပဋိပက္ခသာဖြစ်၏။
သို့ပေမဲ့ ခရမ်းရောင်ဘုရင်သည် တည်နေရာတစ်ခုလုံးကို ရှုပ်ထွေးအောင် ပြုလုပ်ပြီး မောင်ပိုင်စီးချင်သည့် လူတစ်ယောက်ဖြစ်၏။ လူသားမျိုးနွယ်တစ်ခုလုံးအတွက် အန္တရာယ်ကြီးတစ်ခုပင်ဖြစ်တော့၏။ ထို့ကြောင့် ၎င်းတို့ အနေနှင့် ဘေးမှထိုင်ကာ ရပ်ကြည့်၍ မဖြစ်တော့ချေ။
“မြန်မြန်”
“နိုင်ငံအသီးသီးမှာရှိတဲ့ အုပ်ချုပ်သူတွေ အကုန်လုံးကို ဆက်သွယ်လိုက်။ သူတို့အားလုံးရဲ့ လက်ရွေးစင်တပ်တွေ အကုန်လုံးကို ထိုင်ရွှမ်အအေးဂိုဏ်းဆီကို လွှတ်ပြီးတော့ စစ်ကူပေးဖို့ ပြောလိုက်ကြ။ မြန်မြန်။”
“ကောင်းပါပြီ။”
“မြို့တော်ဝန်ဟန်နှင့် အခြားသူတွေအားလုံးကို ဆက်သွယ်လိုက်။ သူတို့အားလုံးကို ထိုင်ရွှမ်အအေးဂိုဏ်းဆီကို မြန်မြန် သွားဖို့ပြော။”
“ကောင်းပါပြီ။”
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ အဆင့် ၅ ဂိုဏ်းနှင့်အထက် လူတွေအကုန်လုံးဟာ အဆင့် ၁ သတိအနေအထား နဲ့နေထိုင်ဖို့ပြောထားကြ။ တတိယအဆင့်နဲ့အထက် ဂိုဏ်းတွေအကုန်လုံးက ထိုင်ရွှမ်အအေးဂိုဏ်းဆီကို သွားပြီးတော့ ကူညီကြ။”
“ကောင်းပါပြီ။”
…
စောင့်ကြည့်ရေးမျှော်စင်၏ အခွင့်အာဏာသည် ထပ်မံကာ အသက်ဝင်လာခဲ့တော့သည်။ ၎င်းတို့သည် ကုန်းမြေတိုက် ကြီးတစ်ခုလုံးဆီသို့ မြန်မြန်ဆန်ဆန်ပဲ သတင်းပေးပို့မှုများကို ပြုလုပ်ကြ၏။ မူလအားဖြင့် တည်ငြိမ်လျက်ရှိနေသော လောကကြီးတစ်ခုလုံးသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်သွားခဲ့တော့၏။
ဝှစ် ဝှစ် ဝှစ်
ထိုင်ရွှမ်အအေးဂိုဏ်းနှင့် အနီးဆုံးတွင်ရှိသော လက်ရွေးစင်ဂိုဏ်းများအသီးသီးတို့သည် ၎င်းတို့၏ ထိပ်တန်းကျွမ်းကျင် သူများအားလုံးကို အမြန်ဆုံးစေလွှတ်ကြ၏။
ခရမ်းရောင်ဘုရင်ပေါ်ထွက်လာမှုတွင် စောင့်ကြည့်ရေးမျှော်စင်သည် အဆင့် ၁ သတိပေးမှုကိုပင် ပြုလုပ်ခဲ့၏။ ထို့ကြောင့် ကြမ်းတမ်းလှသော တိုက်ခိုက်ပွဲကြီးဖြစ်ပေါ်တော့မှာ သေချာ၏။ ၎င်းတို့အားလုံးသည် စိတ်ကို ကြိုတင် ပြင်ဆင်ကာဖြင့် အရောက်လှမ်းလာခဲ့ကြတော့သည်။
ပထမဦးဆုံးလှမ်းလာခဲ့ကြသော လက်ရွေးစင်ကျွမ်းကျင်သူများအားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်ခဲ့သည့်သူများသာဖြစ်သည်။ ၎င်းတို့အားလုံးသည် ကုန်းမြေတိုက်ကြီး၏ လုံခြုံရေးအတွက် ကိုယ့်၏ အသက်ကိုပင် ပဓာနမထားတတ်သောသူများလည်း ဖြစ်၏။
လက်ရှိအခြေအနေမှာတော့ လောကကြီးတစ်ခုလုံးတွင်ရှိနေသော အားအကောင်းဆုံး ကျွမ်းကျင်သူများအားလုံး သည် ထိုင်ရွှမ်အအေးဂိုဏ်းဆီသို့ ဦးတည်လာခဲ့ကြသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် လောကစစ်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည့်သကဲ့သို့ပင်။
သို့ပေမဲ့ အဓိကပြဿနာဖြစ်နေသည့် ကျွင်းချောင်ရှောင်းမှာတော့ လန်ကျင်းထန်နှင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လျက် ရှိနေသေးသည်။
သူသည် ခရမ်းရောင်ဘုရင်၏ ဂုဏ်ပုဒ်ပေါ်သွားပြီဖြစ်ကြောင်းကို သတိမပြုမိချေ။ ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်နှင့် စည်းဓားမော့၏အစွမ်း အရဆိုလျှင် ခရမ်းရောင်ဘုရင်အကြောင်းကို မပြောနှင့်။ ရောင်မုန့်ယဉ်တစ်ယောက် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို အသက်ဝင်ခဲ့သည်ဆိုသည့်အကြောင်း ပေါ်သွားလျှင်ပင် သူသည် စိုးရွံ့လိမ့်မည်မဟုတ်ချေ။
“ဒါက ကိစ္စကြီးမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် လောကကြီးကို ရင်ဆိုင်ပစ်လိုက်မယ်။”
…
ဘုန်း ဘုန်း
ထိုင်ရွှမ်အအေးဂိုဏ်း၏ အစီအရင်ရှေ့မှာတော့ ခရမ်းရောင်ဘုရင်သည် ဆက်တိုက်တိုက်ခိုက်လျက်ရှိ၏။ သူသည် နှစ်ပေါင်းထောင်ချီ စည်းခတ်ခံရသည်ကို ပြန်လည်တွေးတောပြီးသည့်နောက်မှာတော့ အလွန်တရာ ဒေါသထွက်လျက် ရှိ၏။ ထို့ကြောင့် တစ်ဖက်လူများ၏ ဂိုဏ်းအကာအကွယ်အစီအရင်အား ဆက်တိုက်ထိုးနှက်ခြင်းကို ပြုမူနေတော့သည်။
ဘုန်း
ရုတ်တရက် ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားလှသော အမြှောက်ဆံကြီးတစ်ခုသည် အစီအရင်ကြီးအား တိုက်ရိုက်ထိမှန်၏။ ပြီးသည့်နောက်မှာတော့ အစီအရင်ကြီးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါ သွား၏။
ဒွီ ..။
ထိုင်ရွှမ်အအေးဂိုဏ်းမှ အစီအရင်ဆရာများအားလုံးသည် ခရမ်းရောင်ဘုရင်၏ တိုက်ခိုက်ချက်ကိုပင် မနည်းရုန်းကန် ကာ ခုခံနေကြရပြီဖြစ်၏။ ယခုအချိန်မှာတော့ ၎င်းတို့အားလုံးသည် သွေးများအန်ထွက်လာခဲ့ကြ၏။ မျက်နှာအကုန်လုံး သည်လည်း ဖြူရော်ကုန်ကြသည်။
ဘုန်း …..။
ခပ်ဝေးဝေးရှိ တောင်၏ ထိပ်တည်နေရာတွင် ထိုင်လျက်ရှိနေသော ရှောင်ကျီသည် အမြှောက်ကြီးနှင့် ထပ်မံကာ ပစ်လွှတ် လိုက်သည်။ ခရမ်းရောင်ဘုရင်သည်လည်း အားအားယားယားမနေချေ။ အမြှောက်ကြီး၏ အကူအညီရရှိနေတုန်းမှာပဲ သူသည် ဂိုဏ်း၏ အတားအဆီးအစီအရင်ကို ချိုးဖြတ်လျက်ရှိနေ၏။
ဖြောက် ဖြောက် ဖြောက် ဖြောက်
ဘုန်း
အဆုံးသတ်မှာတော့ ထိုင်ရွှမ်အအေးဂိုဏ်း၏ အတားအဆီးအစီအရင်သည် မည်သို့မျှ မခံစားနိုင်တော့ဘဲ ချက်ချင်း ပျောက်ကွယ်သွားရတော့သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း
အစီအရင်ဆရာ တစ်ဒါဇင်ကျော်တို့အားလုံးသည် အနောက်ဘက်သို့ လွှင့်စင်သွားခဲ့ကြ၏။ ၎င်းတို့သည် သွေးတွေ အန်ထွက်ရင်း မြေပေါ်သို့ လဲကျသွားခဲ့၏။
“သေစမ်း”
အစီအရင်ကျိုးပျက်သွားပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်။ သူသည် လက်သီးတွင် မွန်းစတားချီများကို စုဝေးပြီးသည့်နောက်မှာတော့ ထိုင်ရွှမ်အအေးဂိုဏ်း၏ အကြီးအကဲများကို ဝင်ရောက်ထိုးနှက်တော့သည်။
သူ၏ ရည်ရွယ်ချက်သည် သတ်ဖြတ်ရန်မဟုတ်ပေ။ အရာအားလုံးကို ဖျက်ဆီးပစ်ရန်သာ ဖြစ်၏။
“သူ့ကို တားထားကြ။” ထိုင်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
ဟူး …. ဟူး …။
၎င်းတို့၏ လုံခြုံရေးကိုပင် မတွေးကြတော့ဘဲ အထက်ပိုင်းအကြီးအကဲတစ်ဒါဇင်ကျော်တို့အားလုံးသည် ရှေ့ဆီသို့ လှမ်းတက်လာပြီးနောက် တိုက်ခိုက်ရေးနည်းစနစ်အစုံကို ထုတ်ဖော်ကာ မွန်းစတားချီများကို ရင်ဆိုင်ကြတော့၏။
ဘုန်း ဘုန်း
ဤနှစ်ပိုင်းအတွင်း ခရမ်းရောင်ဘုရင်၏ အားအင်အဆင့်သည် အလွန်အမင်းတိုးတက်လာခဲ့၏။ ထို့ပြင် ဒေါသတရားပါ ပါဝင်လာပြီးဖြစ်သောကြောင့် သူ၏ အားအင်အဆင့်များသည် ကြောက်ခမန်းလိလိ ဖြစ်နေတော့၏။
လက်ရှိအခြေအနေမှာတော့ သူသည် မွန်းစတားချီများကို စုစည်းပြီးသည့်နောက် ထိုင်ရွှမ်အအေးဂိုဏ်း၏ အဓိက ဟောခန်းကြီးအား ဖျက်ဆီးလျက်ရှိနေ၏။ အဓိကဟောခန်းဆိုသည်မှာ ဂိုဏ်းတစ်ခု၏ အခြေခံပင်ဖြစ်သည်။ ထို့ကြောင့် သူသည် နှစ်ပေါင်းတစ်ထောင်ကျော် စည်းခတ်ခံရသည့်အမုန်းတရားအတွက် ကျိန်းသေပေါက် ဤအရာကို ဖျက်ဆီးပြီး လက်စားချေရပေလိမ့်မည်။
“သားရဲ …. အဲ့လောက်ကြီး မောက်မာမနေနဲ့။”
အဓိကဟောခန်း၏ တည်နေရာထဲမှာတော့ အလင်းတန်းများသည် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့အားလုံးသည် အလွန်အားကောင်းလှသော တိုက်ခိုက်ရေးနည်းစနစ်ကို အသုံးပြု၍ အကာအကွယ်အစီအရင်တစ်ခုကို ဖန်တီးလိုက်ကြ၏။
ဘုန်း
မွန်းစတားချီများသည် အစီအရင်ပေါ်သို့ ထပ်မံကာ ကျဆင်းခဲ့၏။ သို့ပေမဲ့ ဘာတစ်ခုမှ ထူးခြားမလာခဲ့ချေ။ ခရမ်းရောင် ဘုရင်သည် မျက်မှောင်ကုတ်သွား၏။ ချက်ချင်းပဲ အနောက်ဘက်သို့ ပျံသန်းလိုက်သည်။ ဘယ်ကမှန်းမသိဘဲ ပေါ်လာခဲ့သည့်လူများအားလုံးသည် သိုင်းနယ်မြေကျင့်ကြံသူများဖြစ်လို့နေသည်။
“ဂိုဏ်းချုပ်”
ထိုက်ရွှမ်အအေးဂိုဏ်း၏ အကြီးအကဲသည် ပျော်ရွှင်စွာ ပြောလိုက်တော့၏။ “စစ်ကူတွေရောက်လာပြီ။ စစ်ကူတွေ လာပြီ။”
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ ကောင်းကင်ယံထက်၌ စစ်ကူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့သည် အလွန်အားကောင်းလှသော ကျင့်ကြံခြင်းနည်းစနစ်များကို ထုတ်ဖော်ကာဖြင့် ထိုက်ရွှမ်အအေးဂိုဏ်း အား ကာကွယ်ပေးရန် ကြိုးစားကြတော့သည်။
ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။
ဘုန်း ဘုန်း
ကောင်းကင်ယံမှာတော့ ကျွင်းချောင်ရှောင်းနှင့် လန်ကျင်းထန်တို့သည် တိုက်ကွက်အနည်းငယ်ကို တိုက်ခိုက်ပြီးသည့် နောက်မှာတော့ အောက်ဘက်သို့ ခုန်ဆင်းလာကြ၏။ ၎င်းတို့သည် ပျက်စီးနေသော ဂိတ်တံခါးကြီးရှေ့တွင် ရပ်လျက်ရှိနေပြီး ၎င်း၏ မျက်လုံးများသည် ဒေါသတရားများနှင့် ပြည့်နှက်နေသည်။
“ခင်ဗျားတို့က ထိုက်ရွှမ်အအေးဂိုဏ်းကို ကာကွယ်ပေးချင်တာလား။”
ယခုမှရောက်လာသော မြို့တော်ဝန်ဟန်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း။ ဘာလို့ဒီကို ရောက်နေတာလဲ။”
စစ်ကူပေးရန် ရောက်ရှိလာခဲ့ကြသော တစ်လောကလုံးမှ လူများအားလုံးသည်လည်း ဆွံ့အသွားခဲ့ကြသည်။
“အားလုံးပဲ။”
ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်သည် လေးလေးနက်နက် ပြောလိုက်၏။ “အခုဒီနေရာမှာ ရှိနေတာက ခရမ်းရောင်ဘုရင်ပဲ။ ခရမ်းရောင်ဘုရင်ဆိုတဲ့ကောင်က ကျွင်းချောင်ရှောင်းနဲ့အတူ ရောက်လာတာ။”
စစ်ကူများအားလုံးသည် မျက်လုံးပြူးသွားမိ၏။
“ဒါအမှန်ပဲလေ။”
ကျွင်းချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။ “ခရမ်းရောင်ဘုရင်က ပြိုင်စံရှားဂိုဏ်းရဲ့ ဟောခန်းသခင်ပဲ။”
“……”
မြို့တော်ဝန်ဟန်၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့၏။ ခရမ်းရောင်ဘုရင်သည် ကုန်းမြေတိုက်တစ်ခုလုံး၏ အဓိက ရန်သူကြီးဖြစ်သည်။ ထို့အပြင် သူသည် တစ်လောကလုံးကို ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်ခဲ့သည့်သူ တစ်ယောက်လည်း ဖြစ်၏။ အဘယ့်ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် ထိုလူအား ဟောခန်းသခင်အဖြစ် ခန့်အပ်ထားရသနည်း။
ဝှစ်
ကျွင်းချောင်ရှောင်းသည် ကျန်းယန်ဝတ်စုံကို ဝတ်ဆင်ပြီးသည့်နောက်မှာတော့ စက်အတောင်ပံကို အသက်သွင်းလိုက် သည်။ ပြီးသည့်နောက်မှာတော့ ကျန်းယန်မျက်နှာဖုံးကို ကောက်တပ်ကာ တစ်လုံးချင်း ပြောလိုက်တော့သည်။ “ဒီနေ့မှာ ကျုပ်က ထိုက်ရွှမ်အအေးဂိုဏ်းကို ပစ်မှတ်ထားတာ။ တကယ်လို့ ခင်ဗျားတို့တွေ သူ့ကို ကာကွယ်ပေးချင် တယ်ဆိုရင် ပြိုင်စံရှားဂိုဏ်း၏ ရန်သူပဲ ဖြစ်လာမှာ။ ကျုပ်တို့က သူသေကိုယ်သေ တိုက်ခိုက်ရမှာပဲ။”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် အလွန်တရာ အားကောင်းလွန်းလှသည်လား။ သို့မဟုတ် အင်ပါယာကျန်းဝေသည် အလွန်တရာ အားကောင်းလွန်းခဲ့သည်လား။ မဟုတ်ပေ။ တကယ်တမ်းမှာတော့ ထိုသူများအားလုံးသည် ကျွင်းချောင်ရှောင်း၏ ရှေ့တွင်တော့ အလွန်တရာ အားနည်းလွန်းလှ၏။
ကျွင်းချောင်ရှောင်း သည် တလောကလုံးကိုပင် စိန်ခေါ်လျက်ရှိနေ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် တစ်လောကလုံး ကို ခြိမ်းခြောက်နေခြင်းပင်ဖြစ်သည်။