← Chapters

အခန်း (၁၀၈၀)

Vol. 73 Ch. 1080

အခန်း (၁၀၈၀)

Vol. 73 Ch. 1080

လုချင်းချင်းတစ်ယောက် ကျွင်းချောင်ရှောင်း၏ ရှေ့တွင် ဒူးထောက်လိုက်ခြင်းသည် ဒေါသများကို ပြေပျောက်သွားအောင် ပြုလုပ်လိုက်ခြင်းနှင့် တူညီလှ၏။

ကျွင်းချောင်ရှောင်း ၏ ဒေါသများသည် ချက်ခြင်းပင် တည်ငြိမ်သွားခဲ့သည်။

ဖန်းလင်းယု သည် ဤအခြေအနေတွင် ပြန်လည်လွတ်မြောက်သွားသည်ဟု ခံစားလိုက်မိ၏။ သို့ပေမဲ့ လုချင်းချင်းသည် ဤကဲ့သို့ အလွတ်ပေးလိုက်မည် မဟုတ်ချေ။

ဤအမျိုးသမီး၏ ရှေ့သို ရောက်ရှိလာပြီးသည့် နောက်မှာတော့ တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရန် စိန်ခေါ်လိုက်တော့၏။

"လုချင်းချင်း"

မြေပေါ်တွင် လဲနေသော ဖန်းလင်းယု ၏ မျက်လုံးထဲတွင် ဒေါသများနှင့် ပြည့်နှက်လာခဲ့၏။ "ငါ့ကို အခွင့်ကောင်း ယူချင်တာလား"

နတ်ဆိုးနဂါးလှိုဏ်ဂူထဲတွင် သူမသည် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိနေ၏။ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ချေ။ အဘယ်သို့ တိုက်ခိုက်နိုင်မည်နည်း။

"ဆွစ်"

လုချင်းချင်းသည် လက်ကို ခါယမ်းလိုက်သည့် အခါမှာတော့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးသည် ဖန်းလင်းယု ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွား၏။

ကျွင်းချောင်ရှောင်းသည် ရင်နာနာနှင့် ကြည့်ရှုနေရသည်။ "ဒီမိန်းကလေးက တော်တော်ကံကောင်းတာပဲ"

ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို သောက်သုံးပြီးနောက် ဖန်းလင်းယု ၏ ဒဏ်ရာများသည် ပြန်လည် ကောင်းမွန်သွားခဲ့၏။ သူမသည် မယုံကြည်နိုင်စွာဖြင့် မတ်တပ်ရပ်ကာ ပြောလိုက်၏။ "ငါ့ကိုဘာကျွေးလိုက်တာလဲ"

"သေဆေးပဲ"

လုချင်းချင်းသည် အအေးဓားကို ထုတ်ယူကာပြောလိုက်၏။ "မင်းရဲ့ဓားကို ထုတ်လိုက် ။ ငါ့ထက်ပိုပြီး အားကောင်းတယ်ဆိုတဲ့ သူက ဘယ်လောက်တော်လဲ ကြည့်ရအောင်"

ဖန်းလင်းယု သည်လည်း ရေခဲခန္ဓာကိုယ်ကို ပိုင်ဆိုင်၏။ သို့ပေမဲ့ လုချင်းချင်း ၏ ရှေ့ ရပ်လိုက်သည့်အခါမှာတော့ အသွင်အပြင်နှင့် အော်ရာများအားလုံးသည် အလွန်တရာကွာခြားလျက်ရှိနေ၏။

"ဆွစ်"

ဖန်းလင်းယု သည် ဓားအိမ်ထဲမှ ဓားကိုထုတ်ကာ မုန်းတီးစွာပြောလိုက်သည်။ "လုချင်းချင်း .. ငါက အရင်တုန်းက ဖန်းလင်းယု မဟုတ်တော့ဘူး"

"ဆွစ်"

အအေးဓာတ်များသည် ဓားပေါ်တွင်စုစည်းလာပြီး ရေခဲစက်လေးများပင် ဖြစ်လာခဲ့၏။ သူမသည် ထိုက်ရွှမ်အအေးဂိုဏ်း၏ ရေခဲနည်းစနစ်ကို ထုတ်ဖော်လိုက်၏။

အလွန်တရာအေးခဲလှသော ရေခဲလှိုင်းများသည် လုချင်းချင်းအား စတင်ကာ ရစ်နှောင်တော့သည်။

ရုတ်တရက် ဓားအလင်းတစ်ခု ဖြတ်သန်းသွား၏။

ဖန်းနင်ယုသည် ကြောင်အသွားသည်။ ပြီးသည့် နောက်မှာတော့ သူမ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့သွားသည်။

သူမ၏ လက်ပေါ်ရှိ အရွတ်သည် ဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် သူမ၏ လက်၌ ကိုင်ဆောင်ထားသော လက်နက်မှာ မြေပေါ်သို့ ပြုတ်ကြသွား၏။

"ဆွစ်"

နောက်ထပ် ဓားအလင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ဖန်းလင်းယု ၏ ညာဘက်လက်တွင် ဓားရာကြီးတစ်ခု ဖြစ်တည်လာကာ သွေးများ ကျဆင်းလာပြန်သည်။

"အားနည်းလိုက်တာ" လီချင်းယန် ၊ရှောင်ကျီနှင့် အခြားသူများ အားလုံးသည် ခေါင်းကို ခါယမ်းလိုက်မိထြိုက်ရွှမ် အအေးဂိုဏ်းမှ အထူးပျိုးထောင်ထားသော တပည့်သည် သူတို့၏ စီနီယာအစ်မကြီးနှင့် လက်ရည် ညီစွာ တိုက်ခိုက်နိုင်မည်ဟု ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ တိုက်ပွဲသည် အလွန်ပင် လွယ်ကူနေခဲ့သည်။

လုချင်းချင်းသည် ဓားကို အသာသိမ်းစည်းပြီးနောက် ပြောလိုက်၏။ "အရင်တုန်းကလိုပဲ အားနည်းသေးတယ်..."

ဖန်းလင်းယု ၏ မျက်နှာသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဆိုးရွားစွာ ဖြစ်တည်သွား၏။ သူမ၏ နှလုံးသားတွင် နာကျည်းခြင်းများနှင့် ပြည့်နှက်နေ၏။ ဤမိန်းမသည် သူမကြောင့် ကျင့်ကြံခြင်းအဆင့် ဖျက်စီးခံရပြီး ဖြစ်၏။ သို့ပေမဲ့ ပြန်လည်ကောင်မွန်ပြီးနောက်မှာတော့ သူမထက်ပင် ပို၍သာနေသေးသည်။

အတိတ်တုန်းက လုချင်းချင်းသည် သူမ၏ စီနီယာအစ်မဖြစ်ပြီး သူမ ထက်ပိုအားကောင်း၏။ ယခု အခြေအနေမှာလည်း ထိုကဲ့သို့ ဖြစ်နေသေး၏။

"ဘာကြောင့်လဲ …. ဒါဘာကြောင့် ဖြစ်ရတာလဲ"

"ဆွစ်"

လုချင်းချင်းသည် အလွန်တရာမြန်ဆန်လှသော အရှိန်ဖြင့် ရှေ့သို့ တိုးလာပြီးနောက်မှာတော့ အေးစက်လှသော လက်ဝါးရိုက်ချက်ကြီးဖြင့် ဖန်းနင်ယုအား ရိုက်နှက်လိုက်တော့၏။ ဖန်းနင်ယု၏ စိတ်ဝိညာဉ်အမြူတေသည် ချက်ခြင်း ပေါက်ကွဲထွက်သွားပြီးနောက် တည်နေရာမှာပင် လဲကျသွားသည်။

သူမသည် လက်၏ အရွတ်များ ဖျက်စီးခံရပြီးသည့်အပြင် အမြူတေသည်လည်း ဖျက်စီးခံခဲ့ရ၏။ ထို့ကြောင့် အနာဂတ်တွင် အသုံးဝင်သော သူတစ်ယောက် ဖြစ်တော့မည် မဟုတ်ချေ။

တစ်ချိန်တုန်းက သူမသည် လုချင်းချင်းအား ကျင့်ကြံခြင်းဖျက်စီးရန် အဓိက တွန်းအားပေးခဲ့သူ ဖြစ်၏။ ယခုမှာတော့ သူမသည် တူညီစွာ ဖျက်စီးခံခဲ့ရ၏။

အဓိကပြုလုပ်ခဲ့သည့် အကြီးအကဲရှိုသည်လည်း ကျွင်းချောင်ရှောင်း၏ လက်ချက်ဖြင့် စိတ်ဝိညာဉ်အမြူတေ ပျက်စီးသွားခဲ့ပြီဖြစ်၏။ သူမသည် ပြန်ပြီးကျင့်ကြံနိုင်သည် ဆိုတောင်မှ အရင်လောက် မကောင်းမွန်နိုင်တော့ချေ။

ဤအရာမှာ ဝဋ်ဆိုသည့် အရာပင် ဖြစ်တော့၏။

"ဂိုဏ်းချုပ်"

လုချင်းချင်းသည် ဓားကို ဓားအိမ်ထဲသို့ထည့်ကာ ပြောလိုက်သည်။ "ပြန်ကြစို့"

"အနာဂတ်မှာ အန္တရာယ်မဖြစ်အောင်လို့ မသတ်တော့ဘူးလား " ကျွင်းချောင်ရှောင်းက မေးလိုက်၏။

လုချင်းချင်းက ပြန်လည်ကာ ဖြေလိုက်သည် "လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်တာက ခုနှစ်ထပ် စေတီကြီး တည်ဆောက်တာထက် ပိုပြီးကောင်းတယ်လို့ ဂိုဏ်းချုပ်မပြောခဲ့ဘူးလား"

"အမ်"

ကျွင်းချောင်ရှောင်းသည် ခနတာ ကြောင်ပြီးနောက် စိတ်ထဲမှ ကြိတ်ကာ တွေးလိုက်၏။ ငါအဲ့လိုပြောခဲ့တာလား။

စနစ်က ပြောလိုက်၏။ "ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတုန်းက လီချင်းယန်ကို ကယ်တင်ကာနီး ပြောခဲ့တာလေ"

"ဟုတ်လား … ငါမေ့တောင်နေပြီ"

စနစ်က ထပ်ပြောလိုက်၏။ "ကျင့်ကြံတွေကိုသာ လေးစားတဲ့ ဒီလောကကြီးမှာ လူတွေကို ကယ်တင်တာ ပေါကြောင်ကြောင် လုပ်ရပ်ပဲလေ ဒါကြောင့် အကြီးဆုံးတပည့်ကြီးက ထူးခြားလို့မှတ်ထားတာနေမှာပေါ့"

လုချင်းချင်း၏ ကျင့်ကြံခြင်းကို ဖျက်စီးခဲ့သော လူနှစ်ယောက်သည် ထိုက်သင့်သည့် အပြစ်ကို ခံခဲ့ရပြီး ဖြစ်၏။ ထို့ကြောင့်သူသည် ထိုက်ရွှမ် အအေးဂိုဏ်းအား ခက်ခဲအောင်မပြုလုပ်တော့ဘဲ တပည့်များအား ခေါ်ကာ ပြန်လည်ထွက်ခွာသွားလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ဂိတ်ပါက်သို့ မရောက်ခင်မှာပဲ ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်အား ပြောလိုက်၏။ "ခင်ဗျားက ဂိုဏ်းချုပ်ဖြစ်ဖို့ မထိုက်တန်ဘူး။ ချက်ခြင်း သင့်တော်တဲ့လူကို နေရာလွဲပေးလိုက်တော့"

ထိုက်ရွှမ် အအေးဂိုဏ်းချုပ်၏ မျက်နှာသည် ပျက်ယွင်းသွား၏။

ပြီးသည်နောက် ကျွင်းချောင်ရှောင်း သည် ထွက်ခွာလာခဲ့တော့၏။ တောင်ခြေတွင်ရှိနေသော သားရဲပေါင်း တစ်သိန်းတို့သည်လည်း ဆုတ်ခွာကာ ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လိုက်ကြသည်။။

ဤအချိန်မှာတော့ ထိုက်ရွှမ်အအေးဂိုဏ်းတွင် ဖြစ်ပေါ်နေသော အန္တရာယ်ကြီးသည် ပြီးဆုံးသွားခဲ့တော့၏။ ၎င်းတို့ပေးဆပ်လိုက်ရသည်မှာ တောင်၏ ဂိတ်တံခါး ၊ဂိုဏ်း၏ အစီအရင် ၊ အကြီးအကဲရှို နှင့် အဓိက တပည့်တစ်ယောက်သာဖြစ်တော့၏။

မေ့နေလို့ …. ပြိုင်စံရှားဂိုဏ်း၏ တတိယတပည့် ချီမကာ ထွက်ပြေးသွားသော အတွင်းစည်း တပည့်တစ်ယောက်လည်း ရှိနေသေး၏။

"ကျွန်မကိုလွှတ် … ကျွန်မ ကိုလွှတ်"

"မလွှတ်နိုင်ဘူး လုံးဝမလွှတ်နိုင်ဘူး"

"ရှင် …"

"ဂိုဏ်းချုပ်ကလည်း ကျုပ်ကို မလိုချင်လောက်တော့ဘူး ။ ဒီတော့ ကျုပ်တို့ လောကတစ်ခွင်ကို ပတ်သွားရင် မကောင်းဖူးလား ။ အဓိကတော့ စုမိသားစုဝင်လေးတွေ မွေးထုတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့"

ကောင်းကင်ယံထက်တွင်တော့ စုရှောင်မိုသည် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလျက်ရှိ၏။ ၎င်း၏ လက်ထဲတွင် ပွေ့ချီထားသော ရှရွှေယွင် မှာ တော့ အချိန်ကြာပြီးသည့်နောက် မရုန်းနိုင်တော့ချေ။ မည်သို့ပင် ဆိုစေကာမူ အချစ်သည် အရာအားလုံးကို ပြေလည်သွားစေနိုင်သည် မဟုတ်ပါလော။

All Chapters