အခန်း (၁၀၈၁)
Vol. 73 Ch. 1081
ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အအေးဂိုဏ်း၏ လေဟာနယ်အထပ်တွင် ရပ်လျက်ရှိသည်။ သူသည် လောကကြီး တစ်ခုလုံးကို စစ်ပွဲဖြစ်ပွားရန်ပင် ဖန်တီးပြုလုပ်လျက်ရှိနေ၏။ သို့ပေမဲ့ လုချင်းချင်းသည် အချိန်ကိုက် ရောက်ရှိလာ ခဲ့ပြီး ဤကိစ္စအားလုံးကို အဆုံးသတ်ခဲ့၏။
သို့ပေမဲ့ အဓိက တရားခံနှစ်ယောက်ကို ဒုက္ခိတဖြစ်အောင်သာ ပြုလုပ်ခဲ့ ၏။ ၎င်းတို့တွင် ရှိနေသော သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များကို လုယက်ခြင်းကို မပြုလုပ်ခဲ့ချေ။ ဤအရာသည် ကုန်းရှန့်၏ စတိုင်မဟုတ်ပေ။
“ချီးတဲ့မှ...”
ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို ရိုက်တာဖြင့် ပြောလိုက်သည်။ “ငါမေ့သွားတာပဲ။ ထားလိုက်တော့။ ထားလိုက်တော့”
သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက် သည်။ “ငါ့ရဲ့ပထမနဲ့ တတိယတပည့်ရဲ့မျက်နှာနဲ့ သူတို့ကို တွက်ကပ်မနေတော့ပါဘူး”
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အမိန့်ပေးလိုက်တော့၏။ “ရှောင်မို့ကို လုပ်စရာရှိတာတွေ လုပ်ပြီး ချက်ချင်းဂိုဏ်းဆီပြန်လာပြီး လေ့ကျင့်တော့လို့ သတင်းပို့လိုက်”
သူ့အနေနှင့် သူ၏တပည့်တစ်ယောက် ချစ်သူရည်းစားထားခြင်းကို ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အလေလိုက်၍ လျှောက်သွားနေခြင်းတော့ ခွင့်မပြုနိုင်ချေ။ ဂိုဏ်းထဲသို့ ပြန်လာပြီး သေသေချာချာ လေ့ကျင့်ခြင်းကိုသာ သူနှစ်သက်၏။
ထို့အပြင် လူငယ်များ အားလုံးသည် အချစ်ကိစ္စနှင့် နှစ်မျောသွားတတ်၏။ ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းကို သတိလက်လွှတ်ထားကြ သူများ ဖြစ်ကြသည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် ဤကိစ္စနှင့်ပတ်သက်၍ အနည်းငယ်တော့ မနာလို ဖြစ်မိနေ၏။ သူသာ သူလျှိုသွား၍ လုပ်မည်ဆိုလျှင်လည်း မိန်းကလေးပေါင်း မြောက်များစွာကို ရရှိနိုင်သေး၏။ ကံကောင်းစွာဖြင့် သူမသွားဖြစ်ခဲ့ချေ။ မဟုတ်ပါက ထိုက်ရွှမ်အအေးဂိုဏ်းမှ မိန်းကလေးများအားလုံးသည် သူ၏ ရည်းစားများ ဖြစ်လာနိုင်ပေလိမ့်မည်။
စနစ်သည် ဆွံ့အသွား၏။ “ဒီလိုယုံကြည်မှုမျိုးက ဘယ်နေရာကနေ ရလာတာလဲ”
“နားလည်ပါပြီ”
လီလိုရှုသည် များပြားလှသော ဂိုဏ်းခွဲဌာနတော်တော်များများကို ဆက်သွယ်ပြီးသည့်နောက် စုရှောင်မိုသည် ရွာငယ်လေးတစ်ခုအတွင်းတွင် နေထိုင်လျက် ရှိနေကြောင်းကို သိရှိခဲ့၏။ ထို့ကြောင့် သူမသည် သတင်းပို့လွှတ်လိုက်သည်။
စုရှောင်မိုသည် တောင်ပေါင်းများစွာကို ကျော်ဖြတ်ပြီးသည့်နောက် ရှရွှေယွင်ကို ထမ်းကာ တိတ်ဆိတ် ငြိမ်သက်သော နေရာတစ်ခုဆီသို့ ခေါ်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ဤနေရာတွင် လွတ်လွတ်လပ်လပ်ဖြင့် အခြေချရန် စဉ်းစားထားခဲ့၏။
“ရွှေယွင်”
စုရှောင်မိုက လေးလေးနက်နက်ပြောလိုက်သည်။ “ဂိုဏ်းချုပ် အဲနေရာကနေ ထွက်သွားပြီ။ ထိုက်ရွှမ် အအေးဂိုဏ်းကိုလည်း မဖျက်ဆီးခဲ့ဘူး။ ဒီတော့ မင်း စိတ်အေးအေး ထားတော့”
ရှရွှေယွင်သည် အခန်းရှေ့တွင် မတ်တပ်ရပ်ပြီးသည့်နောက် မှုန်ကုတ်သည့်မျက်နှာဖြင့် သူ စူးစိုက်ကြည့်နေ၏။ “ဒါဆိုရင် ယွမ်လင်တောင်မှာရှိတဲ့ သားရဲတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ကိစ္စကလည်း ရှင်တို့ ပြိုင်စံရှားဂိုဏ်း စီစဉ်ခဲ့တဲ့ အရာတွေပေါ့”
“ဟုတ်တယ်လေ”
“ဒါဆိုရင် ရှိရှိသမျှ ကိစ္စရပ်တွေ အားလုံးက ပြိုင်စံရှားဂိုဏ်း ကြိုတင်စီစဉ်ထားတဲ့ အရာတွေပေါ့”
“မှန်တာပေါ့” စုရှောင်မိုက ဝန်ခံလိုက်၏။ လက်ရှိအခြေအနေမှာတော့ သူသည် ဆက်လက်၍ ဖုံးကွယ်နေစရာ မလိုအပ်တော့ချေ။
“လူလိမ်” ရှရွှေယွင်သည် အံကို ကြိတ်လိုက်၏။ အရင်တုန်းက ယွမ်လင်တောင်တန်းတွင် သူသည် အသက်ကို ပေး၍ ကာကွယ်ခဲ့သည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ အရာအားလုံးသည် စီစဉ်ထားသည့် အရာများ ဖြစ်လို့နေခဲ့သည်။
စုရှောင်မိုက ပြောလိုက်သည်။ “ရှရွှေယွင်... ကျုပ်ပြောချင်တာက ခင်ဗျားကို လိမ်ခဲ့တယ်ဆိုပေမယ့် တကယ့်ကို လေးနက်နဲ့ မေတ္တာတရားတွေ ရှိနေတာ သေချာတယ်။ ထိုက်ရွှမ်အအေးဂိုဏ်းထဲမှာ သူလျှိုအဖြစ် နေရတယ် ဆိုပေမယ့် ဘယ်သူ့ကိုမှ ထိခိုက်ချင်စိတ် မရှိဘူး။ အကြီးဆုံး စီနီယာအစ်မကြီးနဲ့ ဖန်းလင်းယုတို့ကြားက ပြဿနာကို ရှာဖွေချင်ရုံ သက်သက်ပါပဲ”
သူသည် သတင်းအချက်အလက်များကို ရရှိပြီးသည့်နောက် တချို့သော အရေးကြီးသည့် ကိစ္စရပ်များကိုပင် ဂိုဏ်းချုပ်အား ထိမ်ဝှက်ခဲ၏။ သို့ပေမဲ့ ရှရွှေယွင်သည် ဘာမှမသိဘဲ ထိုကိစ္စကို ထုတ်ဖော်ပြောကြားခဲ့၏။ ထို့ကြောင့်ပဲ ပြဿနာအကြီးအကျယ် တက်သွားခြင်းပင် ဖြစ်တော့သည်။
“ထွက်သွားတော့” ရှရွှေယွင်သည် တံခါးဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်၏။
“ဂိုဏ်းကလည်း စွန့်ပစ်လိုက်ပြီ၊ အခု ခင်ဗျားကိုပါ စွန့်ပစ်လိုက်မယ်ဆိုရင် ဒီလောကကြီးမှာ အသက်ရှင်နေထိုင် ရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ” စုရှောင်မိုသည် စိတ်ပျက်လက်ပျက်ဖြင့် အပြင်ဘက်ဆီသို့ လှမ်းထွက်သွား တော့သည်။
ပြတင်းပေါက် အပြင်ဘက်တွင်ရပ်လျက်ရှိနေသော ရှရွှေယွင်သည် အထီးကျန်ဆန်စွာဖြင့် ကျောပေး ထွက်သွားသော စုရှောင်မိုအား ကြည့်ရှုရင်း ရင်ထဲတွင် နာကျင်လျက် ရှိနေ၏။
ချလွမ်
ခဏလောက် ထွက်ပြီးသည့်နောက် စုရှောင်မိုသည် ခြံဝန်း၏ အရှေ့ဘက်တွင် မတ်တပ်ရပ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူသည် ကျန်းယန်ဓားအား ထုတ်ပြီးသည့်နောက်မှာတော့ ဓားသွားအား အင်္ကျီလက်ဖြင့် သေသေချာချာ သုတ်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ တိကျခိုင်မာသော ဆုံးဖြတ်ချက်များ တည်ရှိလို့ နေသည်။
ရှရွှေယွင်သည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ အလောတကြီးဖြင့် ရှေ့သို့ပြေးထွက်လာပြီး ပြောလိုက်၏။ “ဘာလုပ်ချင်နေတာလဲ”
“ကျုပ်ကို စိတ်မပူနဲ့” စုရှောင်မိုသည် ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်တော့သည်။
ရှရွှေယွင်သည် သူ့အား နှစ်သိမ့်ပေးရန် ကြိုးစားချင်မိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် ဓားကိုကိုင်မြှောက်လိုက်ချိန် မှာတော့ သူမသည် တစ်ဖက်သို့ မျက်နှာလွှဲလိုက်မိ၏။ ထိုအချိန်မှာပဲ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားလာ သည့် အသံကို ကြားလိုက်ရသည်။
ရွှီး
ပြီးသည့်နောက်မှာတော့ တစ်စုံတစ်ခုကို ခုတ်ဖြတ်ခံရသည့်အသံသည် ထွက်ပေါ်လာခဲ့၏။ ရှရွှေယွင်သည် ရင်ထဲမှာ နာကျင်သွားခဲ့၏။ မျက်ရည်များသည် ထိန်းချုပ်၍ မရနိုင်အောင် ကျဆင်းလာခဲ့တော့သည်။ သူမသည် တစ်ဖက်သို့ လှည့်ကာ ပြောလိုက်တော့သည်။ “ဘာလို့ အရာကိစ္စတွေ အားလုံးကို ရှုပ်ထွေးအောင်”
“လာ... ပန်းသီးလာစားအုံး” ရုတ်တရက် စုရှောင်မိုသည် လှီးဖြတ်ထားသော ပန်းသီးအား အသာကမ်း၍ ပေးလိုက်၏။
နင့်နင့်နဲနဲ ခံစားလျက်ရှိသော ရှရွှေယွင်သည် ရုတ်တရက် ဆွံအသွားမိ၏။ တစ်ဖက်သူသည် မိမိကိုယ်ကို သတ်သေနေခြင်းမဟုတ်ပေ။ ပန်းသီးလှီးနေခြင်းသာ ဖြစ်တော့၏။ သူမသည် ဒေါသတကြီးဖြင့် ပြောလိုက်မိသည်။ “စုရှောင်မို.... ရှင်လွန်သွားပြီး”
“အမ်း” စုရှောင်မိုသည် သူမ၏လက်ကို အသာဖမ်းဆွဲပြီးသည့်နောက် တစ်ကိုယ်လုံးကို ရင်ခွင်ထဲသို့ ထည့်ထား လိုက်တော့သည်။ နေဝင်သည့်အချိန်မှာတော့ တစ်ယောက်၏နှလုံးသားထဲတွင် တစ်ယောက် တည်ရှိနေပြီဖြစ်သော ဤစုံတွဲတို့သည် တစ်ယောက်ကို တစ်ယောက် ဖက်ကာဖြင့် လောကကြီးကို မေ့လျော့လျက် ရှိနေတော့၏။
.............
စုရှောင်မိုသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ချက်ချင်း ပြန်မလာခဲ့ချေ။ သူသည် ရှရွှေယွင်နှင့်အတူ ဤရွာကလေး တွင် ခဏတာ အခြေချလျက် ရှိနေ၏။ နေ့စဉ်နေ့တိုင်း သူမအား ခွင့်လွှတ်ပေးရန် ဖျောင့်ဖျလျက်ရှိနေပြီး သူသည် စုကုန်းရှန့် မဟုတ်ဘဲ စုရှောင်မိုဖြစ်သည့်အကြောင်းကို လက်ခံပေးရန်လည်း ပြောဆိုလျက် ရှိနေ၏။
မူလအားဖြင့် အမြဲငြင်းပယ်လျက်ရှိနေသော ရှရွှေယွင်သည် နောက်ပိုင်းတွင် မည်သို့မှ မခံစားနိုင်တော့ချေ။ ဤကိစ္စ အရာအားလုံးကို လွှတ်ချကာဖြင့် လက်ခံပေးခဲ့တော့သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အအေးဂိုဏ်း ၏အရှေ့တွင် မာနကြီးစွာဖြင့် မတ်တပ်ရပ်၍ အရာအားလုံးကို ဖျက်ဆီးနေသည့်မြင်ကွင်းကို မြင်ယောင်မိသည့် အချိန်မှာတော့ သူမသည် မည်သို့မှ မခံစားနိုင်သလို ဖြစ်နေမိ၏။
“ရွှေယွင်”
စုရှောင်မိုက ပြောလိုက်သည်။ “အကြီးဆုံး စီနီယာအစ်မကြီးက အရင်တုန်းက အမှားလုပ်ရင် လုပ်ခဲ့မိ လိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်ပစ်ရလောက်အောင်အထိ မဟုတ်သေးဘူးလေ။ ပြီးတော့ ဖန်းလင်းယုနဲ့ ပတ်သက်ပြီး သူမက မမျှမတ ဆက်ဆံခံခဲ့ရတယ်။ ဒါ့ကြောင့် ဂိုဏ်းချုပ်က အမှန်တရားကို လာရောက်တောင်းဆိုတာ ကျိုးကြောင်း ဆီလျော်တယ် မဟုတ်ဘူးလား”
“..........”
ရှရွှေယွင် သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ လုချင်းချင်း၏ ကိစ္စသည် ဂိုဏ်းထဲ တစ်ခါတစ်ရံမှသာ ပြောဆိုတတ် သည့်အရာမျိုးဖြစ်သည်။ သို့ပေမဲ့ အကြီးအကဲကြီးသည် သူမ၏ အခွင့်အာဏာကို အသုံးပြုကာဖြင့် လုချင်းချင်းအား ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့သည်ဖြစ်ကြောင်း အားလုံးက ရိပ်မိကြတော့သည်။
“နတ်ဆိုးနဂါးလှိုဏ်ဂူမှာတုန်းက အဲမိန်းမက သားရဲတွေ အကုန်လုံးကို အပြင်ကို ထွက်ပြီး တိုက်ခိုက်အောင် ပြုလုပ်ခဲ့တယ်လေ။ တကယ်လို့ ကျုပ်ဆီမှာသာ လုံလောက်တဲ့ အားအင်မျိုး မရှိဘူးဆိုရင် သေသွားခဲ့တာ ကြာပြီးပေါ့” စုရှောင်မိုက ပြောလိုက်၏။
“..........”
“ပြီးတော့ ကျုပ် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတဲ့အချိန်မှာ သတ်ဖြတ်ပစ်ဖို့ဆိုပြီး ရောက်ရှိလာခဲ့သေးတယ် လေ”
တစ်ချိန်လုံး ငြိမ်သက်လျက်ရှိနေသော ရှရွှေယွင်သည် ဦးခေါင်းကို မော့ကာဖြင့် ပြောလိုက်၏။ “ရှင်ပြောချင်တာက ဒီအရာကိစ္စအားလုံးကို ဦးစီးဦးဆောင်ပြုလုပ်ခဲ့တာက စီနီယာအစ်မဖန်းလို့ ပြောချင်တာလား”
“ဒါ အမှန်ပဲ” စုရှောင်မိုက ပြောလိုက်သည်။
ရှရွှေယွင်က ပြောလိုက်၏။ “ကျွန်မတို့ ထိုက်ရွှမ်အအေးဂိုဏ်းရဲ့ ဂိတ်တံခါးကြီးက ကျိုးပြတ်သွားတယ်လေ။ ဒီတော့ ကျင့်ကြံခြင်းလောကမှာ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာက လုံးဝ မရှိတော့ဘူး။ ဒါက ကျွန်မတို့ရဲ့အပြစ်လား”
“ဒါက ….”
စုရှောင်မိုသည် အချိန်အတော်ကြာ ငြိမ်သက်သွား၏။ ပြီးသည့်နောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်က စီနီယာအစ်မကြီးကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာက အရမ်း အရေးကြီးတယ်လေ။ ဒါကြောင့်ပဲ သူက ထိုက်ရွှမ်အအေးဂိုဏ်းရဲ့တောင်ဂိတ်တံခါးကြီးနဲ့ အပြစ်ရှိတဲ့လူနှစ်ယောက်ကို အပြစ်ပေးခဲ့တာပဲ”
ရှရွှေယွင်က ပြောလိုက်သည်။ “ဒီတော့ ကျွန်မက ရှင်တို့ဂိုဏ်းချုပ်ကို ကျေးဇူးတင်ရမှာလား”
“စီနီယာအစ်မ လုချင်းချင်းနဲ့ ဖန်းလင်းယုတို့ရဲ့ကြားမှာရှိတဲ့ ကိစ္စအားလုံးက ပြီးဆုံးသွားခဲ့ပြီလေ။ ဒီတော့ ဂိုဏ်းနှစ်ခုကလား ပျော်ပျော်ရွှင်ရွှင်နဲ့ ဇာတ်သိမ်းရမယ့်ကိစ္စ မဟုတ်ဘူးလား” စုရှောင်မိုက သတိပေးလိုက်၏။
“...........”
ရှရွှေယွင်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
သေချာပေသည်။ တစ်စုံတစ်ယောက်၏ အတွေးအခေါ်နှင့် ကြည့်ရှု ရသည့် ရှုထောင့် မတူညီသလို တွေးခေါ်တတ်သည့် ပုံပန်းသွင်ပြင်များသည်လည်း ပြောင်းလဲသွားခဲ့တော့သည်။
စုရှောင်မိုသည် သူမကို ဆက်လက်ကာ နှစ်သိမ့်ချင်နေမိ၏။ သို့ပေမဲ့ မိုးဆွေဟောခန်းဆီမှ သတင်းအချက်အလက် ကို ကြားပြီးသည့်နောက်မှာ သူသည် စကားလမ်းကြောင်းကို ပြောင်းလိုက်တော့၏။ “ရွှေယွင်... မင်းတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ရာထူးကနေ နှုတ်ထွက်သွးပြီဆိုတဲ့ သတင်းကို ရထားတယ်”
“ဟမ်” ရှရွှေယွင် ကြောင်သွားသည်။
ဂိုဏ်းချုပ်စီ သည် ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးဆီမှ နှုတ်ထွက်သွား သည်ဆိုသည့်သတင်းသည် ကျင့်ကြံခြင်းလောကတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ သူ့အနေနှင့် အဘယ်ကြောင့် ရာထူးမှ နှုတ်ထွက်သွားရသနည်းဆိုသော် နှစ်ပေါင်းများစွာ ကြာမြင့်စွာတည်ရှိခဲ့သော တောင်၏ ဂိတ်တံခါးကြီး သည် ချိုးဖြတ်ခံလိုက်ရပြီး အဓိကဟောခန်းကြီး တစ်ခုလုံးသည်လည်း ဖျက်ဆီးခံလိုက်ရလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူသည် ဂိုဏ်း၏ ဘိုးဘေးအကြီးအကဲများအား မျက်နှာပြရန် ရှက်ရွံ့နေမိခြင်းပင်ဖြစ်၏။ ဤကဲ့သို့ နှုတ်ထွက်ရန်လည်း ဘိုးဘေးအကြီးအကဲကြီး လန်ကျင်းထန်က ခွင့်ပြုပေးခဲ့သည်။
လုချင်းချင်းသည် ပြင်းထန်သည့် မမျှတသော အပြစ်ပေးမှုကို ခံရသည်ဟု သိရှိပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်စီ သည် အကြီးအကဲများအားလုံးကို လက်လွှတ်ထားခဲ့သည့် အခြေအနေကို ပေါ်လွင်သွားခဲ့ပြီးဖြစ်၏။ အရာကိစ္စ အားလုံးသည် ဤအတိုင်းပင် ပျောက်ကွယ်ပြီးဆုံးသွားမည်ဟု ထင်မှတ်ခဲ့သည့်ဖြစ်သော်လည်း ကျွင်းချောင်ရှောင်း သည် ထိုက်ရွှမ်အအေးဂိုဏ်းဆီသို့ ရောက်ရှိလာပြီး ကြီးမားသည့် ပြဿနာကြီးကို ရှာဖွေခဲ့၏။ ဤအရာမှာ သူထင်မှတ်ထားခဲ့သည့် ကိစ္စမျိုး မဟုတ်ခဲ့ချေ။
ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဤကဲ့သို့ ဖြစ်ပေါ်ရခြင်း ကိစ္စရပ်များ အားလုံးနှင့်ပတ်သက်၍ မိမိကိုယ်ကိုယ် နက်နက်နဲနဲနှင့် အပြစ်တင်မိခဲ့၏။ သူ့ကြောင့်ပင် ဂိုဏ်းကြီးတစ်ခုလုံး ဖျက်ဆီးခံလိုက်ရလုနီးပါး ဖြစ်ခဲ့ရသည်ဟု ခံစားလိုက်မိ၏။ ထို့ကြောင့်ပင် နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်။
“အကြီးအကဲတွေရဲ့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ”
စုရှောင်မိုက ပြောလိုက်သည်။ “တတိယအကြီးအကဲက လောလောဆယ် ဂိုဏ်းချုပ်အနေနဲ့ တာဝန် ယူထားတယ်”
ရှရွှေယွင်က ပြောလိုက်သည်။ “တတိယအကြီးအကဲက တစ်ချိန်လုံး ဂိုဏ်းရဲ့အတွင်းစည်းကိစ္စတွေ အကုန်လုံးကို တာဝန်ယူပေးထားတာလေ။ ဒီတော့ ဒီဂိုဏ်းချုပ် ရာထူးကို ယူဖို့အတွက် သူက အသင့်တော်ဆုံးပါပဲ”
“ဟုတ်တယ်”
စုရှောင်မိုက ပြောလိုက်သည်။ “တတိယအကြီးအကဲက ကျုပ်အပေါ် အရမ်းကောင်းတယ်လေ။ ပြီးတော့ သူသာ ကျုပ်ကို တန်ဖိုးမထားဘူးဆိုရင် ခင်ဗျားအနေနဲ့ ကျုပ်ကို မေတ္တာသက်ဝင်လာမှာ မဟုတ်ဘူး”
“ဟမ့်”
ရှရွှေယွင်၏ နှုတ်ခမ်းထောင့်များသည် မဲ့ရွှဲ့သွား၏။ “ဘယ်သူက ရှင့်အပေါ် မေတ္တာသက်ဝင်လို့လဲ”
စုရှောင်မိုသည် သူမကို အသာမှီကာဖြင့် ပြုံးကာ ပြောလိုက်သည်။ “အတိတ်တုန်းက ခံစားချက်တွေက အရေးကြီးတယ်လေ။ အနာဂတ်မှာ ဒီလို ခံစားချက်တွေနဲ့ ရှေ့ကို ဆက်သွားရမှာပဲ မဟုတ်ဘူးလား။ ပြီးတော့ ငါတို့က ကလေးတွေ မွေးရအုံးမယ်လေ”
“ဘယ်သူက ရှင့်ကို ကလေးမွေးပေးမယ် ပြောလို့လဲ” ရှရွှေယွင်သည် ရှက်ရွံ့စွာဖြင့် ခေါင်းကို အသာလှည့်လိုက်၏။
“အွန်း.... ဟုတ်ပြီ”
စုရှောင်မိုက ပြောလိုက်သည်။ “တခြားသတင်းတစ်ခု ရှိသေးတယ်။ မင်းကြားချင်လား”
“ဘာသတင်းလဲ”
“အကြီးအကဲရှက ဒုတိယဂိုဏ်းချုပ် ရာထူးကို ရယူလိုက်တယ်လေ”
“အမ်” ရှရွှေယွင် မျက်လုံးပြူးသွားမိသည်။
စုရှောင်မိုက ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်က ကျုပ်ကို အမိန့်ပေးထားတယ်။ မြန်မြန် ပြန်ခဲ့ဖို့လေ။ ပြီးတော့ သူက ထိုက်ရွှမ်အအေးဂိုဏ်းကို သွားပြီးတော့ ရက်ရောလွန်းတဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတွေနဲ့ အကြီးအကဲရှဆီကနေ ခင်ဗျားကို တောင်းပေးမယ်လို့ ပြောတယ်”
“ကျွန်မအဘိုးရဲ့ စကားက အရေးမကြီးဘူးလေ။ ကျွန်မက အရေးကြီးတာ မဟုတ်လား” ရှရွှေယွင်က ပြောလိုက် သည်။
စုရှောင်မိုသည် အနားသို့ ကပ်သွား၏။ ပြီးသည့်နောက်မှာတော့ ကြည်လင်နှလုံးသား သန့်စင်ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်၏။ ပြီးနောက် လေးလေးနက်နက်ပြောလိုက်သည်။ “ဒါ ခင်ဗျားပေးထားတဲ့ အရာပဲလေ။ အခုထိ သိမ်းဆည်းထားတုန်းပဲ။ ဒါကို စေ့စပ်ပွဲလက်ဆောင်အဖြစ် အသုံးပြုလို့ရလား။ ဒါပေမဲ့ ငြင်းလို့မရဘူး”
ပြီးနောက် သူက ထပ်ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ အထူးရတနာကိုလည်း ခင်ဗျား သိမ်းဆည်းထားသေးတာမလား”