အခန်း (၁၀၈၅)
Vol. 73 Ch. 1085
ဆေးဟောခန်းထဲမှာတော့ စွန်းပုကုံးသည် အလောင်းကြီးကို သေသေချာချာထပ်ကာတလဲလဲ စစ်ဆေးကြည့်ရှုပြီးသည့် နောက်မှာတော့ တိကျခိုင်မာစွာ ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်။ ဒါက မိန်းမတစ်ယောက်ရဲ့ အလောင်းပဲ။”
“………”
ကျွင်းချောင်ရှောင်းသည် ထ၍ ကန်ချင်စိတ်ပင် ပေါက်သွားမိ၏။ ဤအလောင်းကြီးသည် ညှိုး၍ခြောက်ကပ်လျက် ရှိနေသော အလောင်းတစ်ခုဖြစ်သည်ဆိုလျှင်တောင်မှ ပုံပန်းသွင်ပြင်ကို ကြည့်ရှုလိုက်လျှင်နှင့် ယေဘုယျအားဖြင့် အမျိုးသမီးတစ်ယောက်၏ အလောင်းဖြစ်ကြောင်း သိရှိနိုင်၏။
မိနစ်သုံးဆယ်လောက် သေသေချာချာလေ့လာပြီးသည့်နောက်မှာတော့ အဘယ့်ကြောင့် တစ်ချက်ကြည့်ရုံနှင့် လူတိုင်းသိရ သည့် ခန့်မှန်းသုံးသပ်မှုမျိုးကို ပေးအပ်နေရသနည်း။
“သူရဲ့အသက်ကို မသိဘူးဆိုပေမဲ့ ပုံစံကြည့်ရတာ မသေခင်ထဲက နည်းနည်း အသက်ကြီးတဲ့ လူတစ်ယောက်ဖြစ်မယ်။” စွန်းပုကုံးက ထပ်ကာပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “တစ်ခြားသဲလွန်စတွေ ဘာရသေးလဲ။”
စွန်းပုကုံးသည် မေးစေ့ကို အသာပွတ်ကာဖြင့် ဟိတ်ကြီးဟန်ကြီးဖြင့် ပြောလိုက်တော့သည်။ “ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ဒီအမျိုးသမီးအလောင်းက အသက်ရှင်စဉ်တုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ တယ်လေ။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မရီဒန်တွေ အကုန်လုံးက ပျက်စီးခဲ့တယ်။”
ကျွင်းချောင်ရှောင်းက အံ့အားသင့်သွားမိသည်။ “မင်း ဒီကိစ္စကို သိတယ်ဟုတ်လား။”
“သာမန်လူတစ်ယောက်ရဲ့ ဒဏ်ရာရပြီးဖြစ်ပေါ်ခဲ့တဲ့ အသားအဒေဏ်ရာမရခင် ဖြစ်ပေါ်ခဲ့တဲ့ အသားအရေ က ကွာခြားတယ်လေ။ ဥပမာအားဖြင့် …….”
စွန်းပုကုံးသည် ဆေးဘက်ဆိုင်ရာ ရှင်းပြချက်များကို သေသေချာချာ ပြောဆိုလျက်ရှိနေတော့၏။
“အံ့အားသင့်စရာပဲ။ အံ့အားသင့်စရာပဲ။”
သုံးသပ်ချက်များကို နားထောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အကြီးအကဲဝေ ဆီက ဆေးပညာတွေကို မင်းကို သင်ယူခိုင်းခဲ့တာ အလကားမဖြစ်တော့ဘူးပဲ။”
အကြီးအကဲဝေက ပြောလိုက်သည်။ “ကျုပ်က သူ့ကို ပြုစုပျိုးထောင်ပေးရုံပါပဲ။ ဆေးပညာနဲ့ ပတ်သက်တဲ့ စွမ်းရည်မှာတော့ ကျုပ်က အကန့်အသတ်ရှိ တယ်လေ။ တကယ်တော့ ပုကုံးက ဂိုဏ်းချုပ်ယူလာတဲ့ ဆေးသူတော်စင်ဆီကရတဲ့ ဆေးမှတ်တမ်း ကို ဖတ်ရှုပြီး ဒီလိုအခြေအနေမျိုး ရောက်လာခဲ့တာပဲ။ သူက တကယ့်ကို ပါရမီရှင်လေ။”
ကျွင်းချောင်ရှောင်းသည် စွန်းပုကုံး၏ ပခုံးကို အသာပုတ်ကာဖြင့် အားပေးလိုက်၏။ “သေသေချာချာ လေ့လာထား။ နောက်ဆိုရင် ဆေးဟောခန်းရဲ့ ဒုတိယဟောခန်းသခင်နေရာက မင်းကို စောင့်နေ မယ်။”
“ကောင်းပါပြီ။”
စွန်းပုကုံးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် အလောင်း၏ ဝမ်းဗိုက်နေရာကို လက်ညှိုးထိုးပြလိုက်၏။ “ဂိုဏ်းချုပ်။ ဒါက ဒဏ်ရာရထားတဲ့ နေရာပဲ။ အပြင်ပိုင်းအား တစ်ခုခု သက်ရောက်မှုကြောင့် ဖြစ်လာတာလေ။”
“အင်း”
“ပြီးတော့ ဒဏ်ရာရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ရင် တစ်စုံတစ်ယောက်က ခြေထောက်နဲ့ ကန်ထားတာပဲ။”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “တစ်စုံတစ်ယောက်က မရီဒန်တွေ ချိုးဖြတ်အောင် ကန်လိုက်တယ်ဆိုတော့ ဒီနည်းလမ်းက တော်တော့်ကို ကြမ်းတမ်း တာပဲ။ ဒါ ဝိညာဉ်မျိုးနွယ်တွေရဲ့ လက်ချက်များ ဖြစ်နေမလားမသိဘူး။”
စနစ်က ပြောလိုက်သည်။ “လက်ခံသူ …. ထိုက်ရွှမ်အအေးဂိုဏ်းမှာတုန်းက တစ်စုံတစ်ယောက်ကို ခြေထောက်နဲ့ကန်ပြီးတော့ ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သေး တယ် မဟုတ်ဘူးလား။”
“…….”
ကျွင်းချောင်ရှောင်းသည် တူညီသည့်အရာကို ပြုလုပ်ခဲ့သည်ဖြစ်ကြောင်း သတိရသွားပြီးသည့်နောက်မှာတော့ သူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ “ဒီအမျိုးသမီးအလောင်းက အကြီးအကဲရှို တော့ မဟုတ်နိုင်ပါဘူးနော်။ ဟုတ်လား။”
အတပ်သေချာမသိဘူးဆိုသော်လည်း အိုမင်းနေသည့် လူတစ်ယောက်ဖြစ်၏။ ထို့ပြင် ဝမ်းဗိုက်တွင် ကန်ချက်ကြီးတစ်ခု ရှိနေပြီး မရီဒန်များလည်း ချိုးဖြတ်လျက်ရှိနေ၏။
ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းဝတ်စုံကိုသာ ဝတ်ဆင်မထားသည်ကလွဲ၍ ကျန်သည့်အရာအားလုံးသည် တိုက်ဆိုင် လျက်ရှိနေသည်။
“ဒီစုန်းမကြီး နဲ့ ဖန်းလင်းယု က ဂိုဏ်းကနေ ထွက်သွားပြီးသည့်အချိန်မှာ ဂိုဏ်းဝတ်စုံတွေကို မဝတ်သွားတာ ကျိန်းသေတယ်လေ။ ဒီတော့ သူတို့ပဲ ဖြစ်နိုင်တယ်။”
ခနလောက်ခန့်မှန်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခြောက်ကပ်လျက်ရှိသော အလောင်းကိုကြည့် ကာ ပြောလိုက်တော့၏။ “ဒါက ကျိန်းသေပေါက် အကြီးအကဲရှို ပဲ။”
သူ ဤကဲ့သို့ ပြောဆိုနေချိန်မှာပဲ လုချင်းချင်းသည် လှမ်းလျှောက်လာကာ ပြောလိုက်တော့၏။ “အလောင်းထဲမှာ အားပျော့တဲ့ လက်ကျန် ရေခဲဓာတ်သဘာဝတွေ ရှိနေသေးတယ်လေ။ ဒီတော့ သူက အသက်ရှင်ခဲ့ တုန်းက ရေခဲဓာတ်သဘာဝကို သိုင်းကျင့်ကြံသူတစ်ယောက်ပဲ။”
ကျွင်းချောင်ရှောင်းသည် ပိုမိုတိကျခိုင်မာစွာဖြင့် ပြောလိုက်မိ၏။ “ဒါက ကျိန်းသေပေါက် အကြီးအကဲရှို အမှန်ပဲ။”
သူမသည် သေသွားခဲ့ပြီဖြစ်၏။ ထိုသို့ဆိုလျှင် ဖန်းလင်းယုသည် မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။ ထိုက်ရွှမ်အအေးဂိုဏ်းက ရရှိထားသော သတင်းအချက်အလက်များအရဆိုလျှင် ထိုနှစ်ယောက်သည် အတူတူ ပျောက်ကွယ်သွားကြခြင်းဖြစ်သည်။
“ဂိုဏ်းချုပ်”
စွန်းပုကုံးသည် ထိုအလောင်းကောင်၏ ဦးခေါင်းနေရာကို ညွှန်ပြကာ ပြောလိုက်၏။ “ဒီမှာကုတ်ရာလေးရှိတယ်လေ။ စိတ်ဝိညာဉ်စွမ်းရည်တွေ ဒီနေရာကနေ စုပ်ယူခံရတာလည်းဖြစ်နိုင်တယ်။”
သူသည် ခေါင်းကို အသာလှည့်ကာဖြင့် ကြည့်ရှုလိုက်၏။ သူသည် ခေါင်းကို အသာလှည့်ကာဖြင့် ဂိုဏ်းချုပ်အား ဟန်ပါပါ ပြောလိုက်၏။
သို့ပေမဲ့ ရုတ်တရက် ခေါင်းကိုလှည့်လိုက်သည့်အချိန်မှာတော့ လန့်ကာ အနောက်ဘက်သို့ ခုန်လိုက်မိ၏။ အဘယ့် ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ကာဖြင့် မျက်နှာပေါ်တွင်လည်း ကြီးမားလှသည့် မျက်မှန်ကြီးတစ်ခုကို တပ်ထားလျက်ရှိနေသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။
“ဘယ်တုန်းက အင်္ကျီလဲလိုက်တာလဲ။ မြန်လိုက်တာ။”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ငုံ့ကာဖြင့် မျက်မှန်မှတဆင့် ထိုအလောင်းကောင်းကြီးကို ကြည့်ရှုလျက်ရှိနေ၏။ “ခန္ဓာကိုယ်ရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ရတာ အသက်ရှင်ချိန်တုန်းက သိပ်ပြီး ရုန်းကန်ခဲ့ပုံမပေါ်ဘူး။ ဆိုလိုတာက တရားခံက သူနဲ့အရမ်းရင်းနှီးတာကြောင့် အလစ်ငိုက်မိပြီး သေသွားတာပဲ။”
“ဒါအမှန်ပဲ။” ရုတ်တရက် ရောက်ရှိလာသော ရှောင်ကျီက ဝင်ကာ ပြောလိုက်သည်။
စွန်းပုကုံးသည် ရုတ်တရက် ထကာ အော်လိုက်၏။ “အစ်ကိုရှောင်။ ဘယ်လိုဖြစ်ပြီးတော့ အလောင်းကောင်နား သွားပြီး အင်္ကျီချွတ်ကြီးနဲ့ နေနေတာလဲ။ အနောက်ကို ဆုတ်။”
ရှောင်ကျီသည် အသာနောက်သို့ ဆုတ်လိုက်၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းငုံ့ကာ သေသေချာချာ ကြည့်ရှုလျက် ရှိ၏။ သူ၏ မျက်မှန်ဆီမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး အလောင်းကို သေသေချာချာ စစ်ဆေးကြည့်ရှုနေ၏။ ပြီးနောက် ပြောလိုက်သည်။ “အမှန်ပဲ။ ငါသုံးသပ်တာ အမှန်ပဲ။ သူက ရုတ်တရက် သတ်ဖြတ်ခံလိုက်ရတာပဲ။”
“ဂိုဏ်းချုပ်”
လုချင်းချင်းက ပြောလိုက်သည်။ “အကြီးအကဲရှို ကို သတ်တဲ့လူက ဖန်းလင်းယုမဟုတ်လား။”
“သိပ်မှန်တာပေါ့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“…….”
စွန်းပုကုံးသည် တည်နေရာတွင် လဲပြိုလုမတတ်ဖြစ်နေ၏။ တစ်ယောက်နှင့်တစ်ယောက် ဘာစကားတွေမှန်းမသိ ဟိုဒီလျှောက်ပြောရင်းမှတဆင့် အကြီးဆုံးအစ်မကြီးသည် တရားခံကို ပြောဆိုခဲ့ပြီး ဂိုဏ်းချုပ်ကလည်း အတည်ပြုပေးခဲ့၏။ သောက်ကျိုးနည်းလှချေသည်တကား။
“ကျုပ်သိပြီ။” ရှောင်ကျီသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။
စွန်းပုကုံးသည် ရူးသွပ်တော့မလိုပင် ဖြစ်နေ၏။ “အစ်ကိုကြီး အင်္ကျီသွားဝတ်ပါတော့။ ဘယ်လိုဖြစ်ပြီးတော့ အလောင်းကောင်နားကို လာပြီး ဒီလိုမျိုးတွေ လုပ်နေတာ လဲ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေက လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းဆည်းဖို့ဆိုရင် အငြိုးတရားတွေ၊ အမုန်းတရား တွေ တည်ရှိနေတဲ့ လူမျိုးကို ရွေးချယ်ဖို့ လိုတယ်လေ။”
“တိုင်လုကလည်း အဲ့လိုပဲ။ ဖန်းလင်းယုက မင်းကြောင့် လက်ရဲ့အကြောတွေ အဖြတ်ခံထားရပြီး ကျင့်ကြံခြင်းအဆင့်က ဖျက်ဆီးခံထားရတယ်။ ဒီတော့ များပြားလှတဲ့ အငြိုးတရားတွေ တည်ရှိနေမှာပဲလေ။ ဒီလိုလူမျိုးက ဝိညာဉ်မျိုးနွယ် တွေအတွက် အကောင်းမွန်ဆုံးသော လက်ခံသူတစ်ယောက်ဖြစ်လာလိမ့်မယ်။ ဒီတော့ …”
သူသည် မျက်မှန်ကို ပင့်တင်ကာ ပြောလိုက်တော့၏။
“ဖြစ်နိုင်တာ တစ်ခုပဲရှိတော့တယ်။ ဖန်းလင်းယုရဲ့ ခန္ဓာကိုယ်ကို ဝိညာဉ်မျိုးနွယ်တစ်ယောက်ယောက်က အပိုင်သိမ်း ထားမယ်။ ပြီးတော့ အကြီးအကဲရှို ရဲ့ ကျင့်ကြံခြင်းအဆင့်ကို စုပ်ယူပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင် တာပဲ။”
လုချင်းချင်းသည် အေးစက်သည့်မျက်နှာဖြင့် ပြောလိုက်၏။ “အကြီးအကဲရှို က ဖန်းလင်းယုကို ငယ်ရွယ်စဉ်ထဲက ခေါ်လာပြီး သေသေချာချာ သမီးအရင်းလို ပြုစုပျိုးထောင်ခဲ့တာ။ ဒါကိုဘယ်လိုဖြစ်ပြီးတော့ သတ်ဖြတ်ရဲရတာလဲ။ ကြင်နာတတ်တဲ့ နှလုံးသားမရှိလိုက်တာ။”
ကျွင်းချောင်ရှောင်းသည် ဖန်းလင်းယု မည်ကဲ့သို့ ပြုလုပ်ပြီး မည်ကဲ့သို့ စိတ်ထားရှိသည် ဆိုသည့်အကြောင်း နှင့်ပတ်သက်ပြီး ဂရုမစိုက်ချေ။ သူဂရုစိုက်သည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ တတိယမြောက် ဝိညာဉ်မျိုးနွယ်တစ်ကောင် ပုန်းအောင်းနေသည်ဆိုခြင်းအကြောင်းပင်ဖြစ်၏။
ဖြောက်
သူသည် လက်ဖြောက်တီးကာဖြင့် ခေါင်းကို ခါရမ်းလိုက်၏။ “ငါ လုပ်စရာတွေ ထပ်ပြီးပေါ်လာပြန်ပြီ။”
ဖန်းလင်းယု၏ ခန္ဓာကိုယ်ကို ဝိညာဉ်မျိုးနွယ်တစ်ကောင် အပိုင်သိမ်းထားခြင်းသည် ကြောက်မက်ဖွယ်ရာ မဟုတ်ပေ။ အနည်းဆုံးတော့ ကုန်းရှန့်အနေနှင့် ရှာဖွေနိုင်စရာ သဲလွန်စတစ်ခုကို ရရှိနေထားသည်မှာ ကောင်းသောအရာပင် ဖြစ်တော့သည်။
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အမိန့်ပေးလိုက်၏။ “နေရာအသီးသီးမှာရှိတဲ့ သတင်း အချက်အလက်ကွန်ယက်ကို ထပ်ပြီးတော့ သတင်းပို့ထားလိုက်။ ဖန်းလင်းယုကို ရှာဖွေဖို့လေ။ ပြီးတော့ ညှိုးခြောက်နေတဲ့ အလောင်းတွေရှိနေတဲ့ နေရာမျိုးကို သေသေချာချာ ဂရုစိုက်ရှာဖွေဖို့။”
“ကောင်းပါပြီ။” လီလိုရှုသည် ထပ်မံကာ အလုပ်များသွားခဲ့၏။
သတင်းအချက်အလက်ဌာနတစ်ခုလုံးသည် များပြားစွာ အလုပ်လုပ်လျက်ရှိနေကြတော့၏။ အချိန်အတိုအတွင်းမှာပဲ တည်နေရာအသီးသီးဆီမှ သတင်းအချက်အလက်များသည် မိုးဆွေဟောခန်းသို့ ရောက်ရှိလာနေသည်။
“ဂိုဏ်းချုပ်”
မကြာခင်မှာပဲ လီလိုရှုသည် လာရောက်ကာ သတင်းပို့၏။ “မြောက်ပိုင်းသဲကန္တာရနယ်မြေထဲမှာ သံသယဖြစ်စရာလူတစ်ယောက်ရှိတယ်တဲ့။”
“မြောက်ပိုင်း သဲကန္တာရဟုတ်လား။”
ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်ကာ ပြောလိုက်မိ၏။ “အဲနေရာမှာ တည်နေရာလမ်းကြောင်းတစ်ခု ရှိနေတယ်လေ။”
“တတိယဟွိုင်က အဲ့ကို သွားချင်တာလား။”
အားရာ၏ ထိန်းကျောင်းလေ့ကျင့်မှုကို ခံရသော ပထမဦးဆုံးသော ဟွိုင်သည် အရာအားလုံးကို ဝန်ခံပြီးသားဖြစ်၏။ ထို့ကြောင့် ကုန်းရှန့်သည် ဤနေရာ ဤအကြောင်းအရာများနှင့် ပတ်သက်လျှင် ရင်းနှီးလျက်ရှိနေ၏။
ဥပမာအားဖြင့် မြောက်ပိုင်းသဲကန္တာရဆီသို့ ရီရှင်းချန်နှင့် ရှန့်ကွမ်းရှင်းရောင်တို့ကို ခေါ်ကာသွားခဲ့တုန်းက အင်ပါယာ ချန်ရစ်ခဲ့သော အစီအရင်အား ရှန့်ကွမ်းရှင်းရောင်ကို အဆင့်မြှင့်တင်ခိုင်းခဲ့၏။ ထိုအချိန်တုန်းကပင် သူသည် တိုင်လုနှင့် ရင်ဆိုင်တွေ့ခဲ့ရသေးသည်။
တတိယမြောက် ဟွိုင်သည် ဤနေရာသို့ ပြန်သွားခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိနိုင်၏။ ပထမအားဖြင့် သူ၏ ကိုယ်ပိုင် လောကဆီသို့ ပြန်၍ ကျင့်ကြံခြင်းများကို ပြန်လည်ကောင်းမွန်အောင်ပြုလုပ်ရန်ဖြစ်နိုင်သလို ဒုတိယအနေဖြင့် ဖန်းလင်းယုအား အလုံးစုံဝါးမြိုပစ်လိုက်ရန်ပင် ဖြစ်တော့၏။
“ကြည့်ရတာ။”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “တတိယမြောက် ဟွိုင်ကလည်း ပထမဟွိုင်လိုမျိုး အခြေအနေမျိုးဖြစ်နေတယ်။ သူက ဝိညာဉ်မျိုးနွယ်တွေရဲ့ လောက ကို အမြန်ဆုံး ပြန်ချင်တာဖြစ်မယ်။”
“ဟားဟား ဟား ဟား”
သူသည် မျက်နှာကို အုပ်ကာ ကာဖြင့် ဗီလိန်တစ်ယောက်ကဲ့သို့ ရယ်မောလိုက်၏။ “ဒီလိုဖြစ်ပြီဆိုမှတော့ ဘယ်လိုလုပ် ပြန်သွားလို့ရတော့မှာလဲ။”
ဝှစ်
ပြိုင်စံရှားဂိုဏ်း၏ ကောင်းကင်ယံအထက်မှာတော့ အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ ကျွင်းချောင်ရှောင်းသည် မြောက်ပိုင်း သဲကန္တာရဆီသို့ ဦးတည်ကာ ပျံသန်းလျက်ရှိနေသည်။
လီလိုရှုသည် ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။
“ရှေးတုန်းကတည်းက လောကကြီးတစ်ခုလုံးကို ရှုပ်ထွေးအောင်လုပ်ခဲ့တဲ့ ဝိညာဉ်မျိုးနွယ်တွေက ဂိုဏ်းချုပ်လို လူမျိုးနဲ့ သွားတွေ့ရတာ ကံဆိုးတာပဲ။”
…
မြောက်ပိုင်းသဲကန္တာရနယ်မြေထဲမှာတော့ ဖန်းလင်းယုသည် အဝါရောင်သဲများကြား၌ အလျင်မြန်ဆုံးနှုန်းဖြင့် ပြေးလွှားလျက်ရှိနေ၏။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိသော တတိယမြောက်ဟွိုင်သည် လမ်းတစ်လျှောက်တွင် သူမ၏ ဦးနှောက်အား စကားလုံးများဖြင့် ဆေးကြောလျက်ရှိနေတော့၏။