အခန်း (၁၀၈၈)
Vol. 73 Ch. 1088
တတိယမြောက်ဟွိုင် အား အားရာ ဆီသို့ လွှဲပေးပြီးနောက် ကျွင်းချောင်ရှောင်းသည် အပြင် လောကသို့ ပြန်လာခဲ့တော့သည်။
ဝိညာဉ်ကုန်းမြေအား လွယ်လွယ်ကူကူ သိမ်းနိုင်ရန်မှာ ဧကရီအား အညံ့ခံအောင် ပြုလုပ်ရန်ပင် ရှိတော့၏။ သူမအား လွယ်လွယ်နှင့် အညံ့ခံအောင် မည်သို့ ပြုလုပ်ရမည်နည်း။ ကျွင်းချောင်ရှောင်းသည် နည်းလမ်းနှစ်ခုကို မြန်မြန်ပင် စဉ်းစားမိ၏။
ပထမတစ်ခုမှာ သွားရောက်ရိုက်နှက်ကာ အညံ့ခံစေခြင်းဖြစ်၏။ ဒုတိယမှာ သူ၏ ချောမောလှပသောမျက်နှာအား အသုံးပြုခြင်းပင် ဖြစ်သည်။
နှစ်တစ်သောင်းကြာပြီးနောက် ဧကရီသည် မည်မျှအားကောင်းသွားမည်ကိုမသိချေ။ ထို့ကြောင့်သူသည် ဒုတိယ နည်းလမ်းကို အသုံးပြုရန်သာ ရှိတော့၏။
စနစ်သည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ထုတ်၍ပြောမည်ဆိုလျှင်လည်း သွေးအန်ကာ တည်နေရာ တစ်ခုလုံး သွေးချင်းနီ သွားပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် လက်ရှိဧကရီမှာ လင်းပင်မဟုတ်တော့သည်ကို မသိပေ။
ဘုန်း … ဘုန်း ….။
ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ တည်နေရာမှာတော့ စွမ်းအင်လှိုင်းများ ပေါက်ကွဲကာ မြေပြင်တွင် လက်သီးရာကြီးရှိလို့နေ၏။ ကျွင်းချောင်ရှောင်းသည်သာ ထိုနေရာတွင် ရှိနေပါက ထိတ်လန့်နေပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် စွမ်းအင်လှိုင်းများ၏ ပိုင်ရှင်သည် ထိုက်ရ့ွှမ် အအေးဂိုဏ်း၏ လန်ကျင်းထန် ထက် အားမနည်းသောကြောင့်ပင်။
တောင်၏ထိပ် တည်နေရာတစ်ခွင်မှာတော့ နှင်းဆီပွင့်ဖတ်များ ကျဆင်းလျက်ရှိပြီး နှင်းဆီဧကရီ ၏ မျက်နှာထက်တွင် အလွန်ကြည့်ကောင်းလှသော အပြုံးတစ်ခုက တွဲခိုလျက်ရှိသည်။
ဝိညာဉ်မျိုးနွယ်များသည် ထိတ်လန့်နေမိ၏။ အဘယ့်ကြောင့်ဆိုသော် ဧကရီမသည် အလွန်အားကောင်းလွန်းနေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် မူလနယ်မြေအဆင့်သို့ပင် ရောက်ရှိနေ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဆင့်နှင့်နှိုင်းယှဉ်ပါက သိုင်းနယ်မြေအဆင့်ကျင့်ကြံသူထက် ပို၍ အားကောင်းသေးသည်။ သူမသာ မူလနယ်မြေအဆင့်ကို ထိုးဖောက်သွားပါက သိုင်းအင်ပါယာအဆင့်နှင့်ပင် တူညီ၍ အထက်နယ်ပယ်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
"ကျုပ်တို့ဧကရီမက အရမ်းကို စွမ်းအားကြီးလွန်းတယ်"
ဝိညာဉ်မျိုးနွယ်တို့၏ မျက်လုံးများထဲတွင် ချီးကျူးမှုများဖြင့် ပြည့်နှက်လျက်ရှိ၏။
ဝိညာဉ်မျိုးနွယ်တွင် ဧကရီလေးပါးရှိခဲ့၏။ ကျန်သုံးပါးမှာ သာမန်ပင်ဖြစ်၏။ သို့သော် နှင်းဆီဧကရီမှာတော့ ကုန်းမြေတိုက်ကြီး၏ အမြင့်ဆုံးအဆင့်ကိုပင် ရာက်ရှိခဲ့၏။ ဤသို့ရောက်ရှိရခြင်းမှာ သူမသည် အခြားဂြိုလ်များသို့ သွားရောက် ကာ တိုက်ပွဲများကြားမှသင်ယူခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် အားအကောင်းလှဆုံးနှင့် အဆုံးမဲ့သော အခွင့်အာဏာကို ပိုင်ဆိုင်သူ ဖြစ်လာခဲ့၏။ နှင်းဆီဧကရီသည် အနှိုင်းးမဲ့သောတည်ရှိမှုမျိုးပင် ဖြစ်တော့၏။
"ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီ သွားတဲ့ အစီအရင်က အခုထိ မပွင့်သေးဖူးလား"
"အရှင်မ ကျုပ်တို့ ကြိုးစားနေပါတယ်"
"အမှိုက်တွေပဲ"
ဧကရီမသည် မျက်မှောင်ကြုံ့သွားခဲ့၏။သူမ၏ လူများ အလုပ်လုပ်ပုံကို စိတ်ပျက်မိ၏။ လွန်ခဲ့သော နှစ်တစ်သောင်း က ယခင် ဧကရီသည် ဟောခန်းသခင် ကိုးယောက်အား ကြယ်ကြွေကုန်းမြေတိုက်ဆီသို့ စေလွှတ်ခဲ့၏ ။ သို့သော် ထိုသူတို့သည် အဲအချိန်မှစ၍ ပြန်မလာခဲ့ကြပေ။ အရင် ဧကရီထားခဲ့သော တာဝန်များသည် သူမ၏ ပုခုံးပေါ်သို့ ရောက်ရှိလာခဲ့၏။
………
"ထိုက်ရွှမ်ဂိုဏ်းရဲ့ ဘိုးဘေးကို ကျုပ်က သိုင်းကွက်တစ်ရာကျော်လောက်တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ အထက်စီး ကနေမတိုက်နိုင်ခဲ့ဘူး"
ကျွင်းချောင်ရှောင်းသည် ပြောကာ အစီအရင်၏ ရှေ့တွင် မတ်တပ်ရပ်လိုက်၏။ များပြားလှသော လက်နက် အသုံးအဆောင်များကို သုံးလျှင် သူသည် ကောင်းကင်အဆင့် သတ္တဝါများကိုပင် တိုက်ခိုက်နိုင်၏။ သို့သော် ဤသည်မှာ သတ္တဝါများသာဖြစ်၏။ လန်ကျင်းထန်သည်လည်း ထိုသို့အနိုင်ယူနိုင်ပေလိမ့်မည်။
"ဒါပေမဲ့ ဧကရီက အဆင့်နိမ့်တာပဲ ။ ငါ့ရဲ့ချောမောမှုကို အသုံးမချနိုင်ရင်တောင်မှ တိုက်ခိုက်နိုင်သေးတာပဲ"
ကျွင်းချောင်ရှောင်သည် လက်ကိုခါယမ်းကာပြောလိုက်၏။ "ခက်တာက အစီအရင်ထဲ ဘယ်လိုဝင်ရမလဲ"
အစီအရင်အား အတွင်းဖက်မှကြည့်လျှင် ဝိညာဉ်မျိုးနွယ်များသည်လည်း ထိုဖောက်နေသည်ကို တွေ့မြင်နိုင်၏။
ရန်သူ မှသူ့အားလာမတိုက်ခင် ဦးအောင် တိုက်တတ်သည်မှာ သူ၏ အမူအကျင့်ပင် ဖြစ်၏။ ဧကရီမအား ဦးအောင်တိုက်ခိုက်ခြင်းသည် သူ၏ အန္တရာယ်များအားပြေပျောက်သွားစေလိမ့်မည်။
စနစ်က ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးဆီကို သွားတဲ့ ဂိတ်တံခါးတောင် ရှိတယ်ဆိုမှတော့ တခြား စကြဝဋ္ဌာထဲက ဂြိုဟ်တွေဆီ သွားလို့ရတဲ့ တည်နေရာ ရွေ့ပြောင်းခြင်း ဂိတ်တံခါးလည်း ရှိနေနိုင်တယ် မဟုတ်လား”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများပင် ချာချာလည်သွားခဲ့၏။ စနစ်သည် သူ့အား ဂိုဏ်းစုဆောင်းမှတ်များအား အသုံးပြုစေခြင်းပင်ဖြစ်၏။ အခြားဂြိုလ်သို့သွားရောက်သည့် ဂိတ်သည် ဂိုဏ်းစုဆောင်းမှတ် မည်မျှကုန်ကျလိမ့်မည်ကို သူမသိချေ။
စနစ်က ပြောလိုက်၏ ။ "အခွင့်အရေးက လက်ခံသူ ရှေ့မှာပဲ"
"ဟုတ်ပြီ ငါ့အနေနဲ့ ဂိုဏ်းစုဆောင်းမှတ်တွေ သုံးမယ်ဆို ဘာအကျိုးကျေးဇူးတွေရမှာလဲ"
"လက်ခံသူအနေနဲ့ ဂြိုလ်တွေကို သွားနိုင်တဲ့ဂိတ်တံခါး ရှိပြီဆိုရင် အခြားဂြိုလ်တွေကနေ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ရရှိနိုင်ပြီမဟုတ်လား"
စနစ်သည် အလွန်ကောင်းသော စနစ်မဟုတ်သော်လည်း အရောင်း ပညာပြည့်ဝလွန်း သောစနစ်တစ်ခု ဖြစ်သည်မှာသေချာ၏။ သူအနေ နှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ တပည့်များအား သိုင်းအုပ်စိုးသူ ထက်ပိုသော အဆင့်များသို့ရောက်ရှိစေချင်ပါက ပိုမိုများပြားသောအရင်းအမြစ်များ လိုအပ်သည်မှာ အမှန်ပင်။
"အမှန်ပဲဟ"
စနစ်ကပြောလိုက်၏။ "ပိုကောင်းတဲ့အရာတွေ လုပ်မယ်ဆိုရင် ရေရှည်ကို မျှော်ကြည့်တတ်ဖို့လဲ လိုတယ်"
ကျွင်းချောင်ရှောင်းသည် အလယ်အလတ်စတိုးကို ဖွင့်ကာ ပြောလိုက်သည်။ "စမ်းကြည့်ရအောင်"
“……..” စနစ်။ သူသည် ဤမျှ အာပေါက်မတတ် ပြောဆိုနေသည် ဆိုသော်လည်း လက်ခံသူမှာ အဆင့်မြင့် စတိုးဆီသို့ပင် သွားချင်စိတ်မရှိချေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "အလယ်အလတ်အဆင့် စတိုးကလည်း ပစ္စည်းကောင်းတွေရှိပါတယ်"
အမှန်ပင် ဖြစ်၏။ အဆင့်မြင့်တင်ထားသော အမြောက်ကြီး ၊ဖုန်စုပ်စက်တို့မှာလည်း ဤစတိုးမှရရှိခဲ့ခြင်း ဖြစ်သည်။
စနစ်သည် ပြောလိုက်၏။ "အဆင့်မြင့် စတိုးက အကောင်းဆုံးပဲလေ။ အလယ်အလတ်စတိုးက ကံတရားနဲ့လည်း ဆိုင်သေးတယ်။ လက်ခံသူ … ဂိုဏ်းစုဆောင်းမှတ်တွေ မဖြုန်းတာ ကောင်းမယ်ထင်တယ်နော်"
"ဒါကို ငါမယုံဘူး"
ကျွင်းချောင်ရှောင်းသည် စတိုးထဲသို့ ဝင်ကာ ချက်ချင်း restart ကိုနိပ်လိုက်၏။ "လက်ခံသူထပ်ပြီး စိတ်ခံစားချက် တိုးမြှင့်စေတဲ့ ဆေးရည် ရခဲ့ပြန်ပြီလား"
ဤတစ်ချိန်မှာတော့ သူသည် ဆေးရည် နှင့် သိုင်းကျမ်းများကိုပါရရှိခဲ့၏။ သူသည် အချိန်မဖြုန်းဘဲ အားလုံးကို ဝယ်ယူလိုက်၏။
စနစ် "...."
ကျွင်းချာင်ရှောင်းသည် ဤအချိန်မှာတော့ အမှတ်တစ်သောင်းကို အသုံးပြုပြီးဖြစ်၏။ သူသည် တစ်စက်ကလေးမှ နောင်တမရချေ။
"ဒင် … ဂိုဏ်းစုဆောင်းမှတ် ၅၈၉၀၀ / ၇၀၀၀၀"
“ဒင် .. ဂိုဏ်းစုေဆောင်းမှတ် ၅၇၉၀၀ / ၇၀၀၀၀”
"ဒင် … ဒင် .."
သူသည် restart လုပ်လိုက်တိုင်း သူ၏ အမှတ်များသည် ကုန်ဆုံးလျက်ရှိနေ၏။ သူရရှိသော သိုင်းနည်းစနစ် များမှာ အနည်းငယ် နိမ့်ကျသည် ဆိုသော်လည်း လေ့ကျင့်၍ရသေး၏။
ထို့ပြင် ဂိုဏ်း၏ နည်းစနစ်ခန်းမတွင်သာ ထားရှိလိုက်ပါက တပည့်များ ရွေးချယ်စရာ များလာမည်ဖြစ်၏။ လက်နက်နှင့် အသုံးအဆောင်များကိုတော့ ပြိုင်စံရှားဂိုဏ်း၏ ကျောက်ရိုင်းများအပေါ် မူတည်၍ အသုံးပြုနိုင်စွမ်းရှိလို့နေသည်။
စနစ်သည် ဆွံ့အလျက်ရှိနေ၏။ ဒီကောင် တခြားဂြိုဟ်တွေဆီကို သွားပြီး ကျင့်ကြံခြင်းအရင်းအမြစ်တွေ မရှာဘဲ စတိုးထဲ ဝင်ပြီး အကုန်သမ နေတာပါလား။
"ပေါက်ကရတွေ"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ဂိုဏ်းစုဆောင်းမှတ်တွေကို ဒီမှာမသုံးလို့ ဘယ်နေရာမှာ သွားသုံးရမှာလဲ"
"ဒင် … ဂိုဏ်းစုဆောင်းမှတ် ၃၈၇၀၀ / ၇၀၀၀၀"
Refresh ကို ထပ်ကာ ထပ်ကာ နှိပ်ပြီးသည့်နောက် သူသည် သိုင်းကျမ်း ဆယ်အုပ်၊ ဓားဖော်မြူလာ အခုနှစ်ဆယ်၊ ဓား ၊ လှံ ၊ပုဆိန်၊ တူတို့၏ ပန်းပဲ ဖော်မြူလာ စသည့်တို့ကို ရရှိခဲ့၏။
"နေအုံး"
ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုအပေါ်သို့ မျက်စိကျသွားသည်။ "တည်နေရာနှင့်အချိန် ခုန်ကူးနိုင်သော ပိုးကောင် ဟုတ်လား"
သူသည် ချက်ချင်း ကြည့်ရှုလိုက်၏။
"အမျိုးအစား - တည်နေရာနှင့် အချိန် ခုန်ကူးနိုင်သောပိုးကောင်။
မိတ်ဆက်- စကြဝဋ္ဌာ အတွင်းပိုင်းရှိ အချိန်နှင့် တည်နေရာကို ခုန်ကူးနိုင်သော အင်းဆက်တစ်မျိုး။
အကျိုးသက်ရောက်မှု -ကောင်းကင်နှင့် တည်နေရာတွင် မည်သည်ကိုမဆိုသွားလာနိုင်၏။
အကျိုးမသက်ရောက်မှု-ဤပိုးကောင်သည် တည်နေရာ အစီအရင်အား ဖျက်စီးရန်အရွယ်မရောက်သေးပေ။
ဂိုဏ်းစုဆောင်းမှတ် - ၂၀၀၀၀"
"ဟားဟားဟား"
ကျွင်းချောင်ရှောင်းသည် အားပါးတရ ရယ်မောလိုက်၏။ "ဒါပဲ … ဒါပဲ မဟုတ်လား"
“………” စနစ်သည် ဆွံ့အနေမိသည်။