အခန်း (၁၀၈၆)
Vol. 73 Ch. 1086
“အံ့အားသင့်စရာပဲ။”
မြောက်ပိုင်းသဲကန္တာရနယ်မြေဆီသို့ သွားရာလမ်းမှာတော့ ဖန်းလင်းယုသည် သူမ၏ စိတ်ထဲတွင်ရှိနေသော အံ့အားသင့်မှုများကို ဖုံးကွယ်၍ မရနိုင်တော့ချေ။ လုချင်းချင်းသည် သူမ၏ လက်မှ အကြောများအားလုံးကို ဖျက်ဆီးပြီးသည့်နောက် ဒန်ဒန်နှင့် စိတ်ဝိညာဉ်အမြုတေများကိုပါ ဖျက်ဆီးပစ်ခဲ့သေး၏။
ထို့ကြောင့် သူမသည် ကျင့်ကြံရန် အခွင့်အရေးလုံးဝမရှိတော့ချေ။ သို့ပေမဲ့ သူမဆရာ၏ ကျင့်ကြံခြင်းများကို စုပ်ယူပြီးသည့်နောက် မှာတော့ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသည့်အပြင် လက်ရှိအခြေအနေမှာတော့ သိုင်းအုပ်စိုးသူအဆင့်ကိုပင် ချိုးဖြတ်ရောက်ရှိသွားခဲ့သည်။
“ကောင်မလေး။”
တတိယမြောက်ဟွိုင်က ပြောလိုက်သည်။ “မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဖျက်ဆီးခံလိုက်ရလည်း ကိစ္စမရှိဘူး။ အခု သိုင်းနယ်မြေကျင့်ကြံသူရဲ့ စွမ်းအင်တွေကို စုပ်ယူပြီးတဲ့အချိန်မှာ ပြန်ပြီးတော့ ကောင်းမွန်သွားခဲ့တယ်။”
ဖန်းလင်းယု၏ မျက်နှာသည် တောက်ပလျက်ရှိနေ၏။ ထိုက်ရွှမ်အအေးဂိုဏ်းတွင် များပြားလှသော အရင်းအမြစ်များ ရှိသည်ဆိုလျှင်တောင်မှ သူမသည် သာမန်လူများထက် အနည်းငယ်သာ ပိုမိုမြန်ဆန်အောင် အဆင့်တက်နိုင်ခဲ့၏။ သို့ပေမဲ့ ယခု တစ်ခြားသောသူများ၏ စွမ်းအင်များကို တိုက်ရိုက်စုပ်ယူပြီးသည့်နောက်မှာတော့ သူမ၏ ကျင့်ကြံခြင်း အဆင့်သည် ချက်ချင်းပဲ တိုးတက်သွားခဲ့တော့၏။ ဤအရာမှာ အိပ်မက်မက်နေသကဲ့သို့ပင် ဖြစ်တော့၏။
“သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူနဲ့ သိုင်းနယ်မြေကျင့်ကြံသူအဆင့်ဆီကို ချိုးဖြတ်ရောက်ရှိနိုင်ပါ့မလား။”
“ငါ့ရဲ့အကူအညီနဲ့ဆိုရင် မင်းအနေနဲ့ သိုင်းအင်ပါယာအဆင့်ဆီကို ချိုးဖြတ်ရောက်ရှိဖို့ဆိုရင်တောင် ပြဿနာမရှိဘူး။”
ဖန်းလင်းယု၏ မျက်နှာတစ်ခုလုံးသည် ဝင်းလက်သွားခဲ့တော့၏။ “ဟုတ်”
တတိယမြောက်ဟွိုင်သည် ထပ်ကာ ပြောလိုက်တော့၏။ “မင်းအနေနဲ့ ပိုပြီးတော့ကျင့်ကြံခြင်းအဆင့်ကို မြန်ဆန်ချင်တယ်ဆိုရင် စွမ်းအင်တွေကို ပိုပြီးစုပ်ယူဖို့လိုတယ်။ ဒါမှ အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိလာမှာပဲ။”
ဖန်းလင်းယု၏ ခန္ဓာကိုယ်ထဲတွင် ဟွိုင်ရောက်ရှိလာရသည့် အဓိကရည်ရွယ်ချက်သည် ၎င်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရန်ပင် ဖြစ်တော့၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည်သာ ပိုမိုကာ မြင့်မားလာသည်ဆိုပါက သူ့အတွက် အလုံးစုံ ပိုမို၍ အကျိုးကျေးဇူးများ ရှိပေလိမ့်မည်။
ပထမဟွိုင်သည်လည်း ထိုကဲ့သို့ပင် တိုင်လုအား ဦးနှောက်ဆေးခဲ့တော့၏။ သို့ပေမဲ့ အစ်ကိုကြီး ခရမ်းရောင်မာဖလာ သည် အပြစ်ကင်းစင်လှသည့်လူများကို ထိခိုက်နာကျင်အောင် ပြုလုပ်ချင်သည့်စိတ်မရှိပေ။ သူ၏ ကျင့်ကြံခြင်း အဆင့်များကို တိုးတက်ရန်အတွက် သစ်ပင်ပန်းမန်များကိုသာ စုပ်ယူခြင်းပြုမူခဲ့၏။ ဖန်းလင်းယုမှာတော့ ခြားနားလွန်းလှ၏။ သူမအနေနှင့် သူမအား သမီးတစ်ယောက်ကဲ့သို့ ပြုစုပျိုးထောင်ခဲ့သည့် သူမ၏ ဆရာကိုပင် လက်ဖြင့် သတ်ဖြတ်ခဲ့သူတစ်ယောက်ဖြစ်၏။
ထို့ကြောင့် ဤမိန်းကလေးသည် မည်မျှကြမ်းတမ်းပြီး အကြင်နာတရားကင်းမဲ့လှသည်ဆိုခြင်းကို သိသာသည်။
ထို့ကြောင့် မြောက်ပိုင်းသဲကန္တာရဆီသို့ လာရာလမ်းမှာတော့ သူမသည် တစ်ခြားသော သိုင်းကျင့်ကြံသူများ အားလုံး၏ စွမ်းအင်များကို စုပ်ယူရင်း ဝါးမြိုလျက်ရှိခဲ့၏။ ကြီးမားသည့် အကျိုးသက်ရောက်မှုကို ရရှိပြီး သည့်နောက်မှာတော့ သူမသည် ပိုမိုကာဖြင့် လောဘတက်လာခဲ့၏။ “လုချင်းချင်း … ဒီစွမ်းအင်နဲ့ဆိုရင် ငါမင်းကို ကျိန်းသေပေါက် သတ်ဖြတ်ပစ်မယ်။”
ဖန်းလင်းယု၏ လက်စားချေချင်စိတ် စိတ်ဆန္ဒများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ သူ့အနေနှင့် အပြစ်ကင်းစင် သည့်လူများ ဟုတ်သည် ၊ မဟုတ်သည်ကို တွေးတောမနေတော့ချေ။ မြန်မြန်ဆန်ဆန်နှင့် ပိုမိုအားကောင်းရန်သာ အာရုံစိုက်လျက်ရှိနေတော့၏။ သူမ၏ အားအင်များ ဆထက်ထမ်းပိုး တိုးတက်လာသည်ကိုမြင်သည်နှင့် အဆင်ခြင်မဲ့ ကိစ္စရပ်များကို ထပ်ခါတလဲလဲ ပြုလုပ်တော့၏။ ထို့ကြောင့်ပင် မိုးဆွေတေစ်ဖက်လူသည် မြောက်ပိုင်းသဲကန္တာရနယ်မြေထဲသို့ သွားရာလမ်းတွင် ရှိနေပြီဖြစ်ကြောင်းကို သိရှိပြီးသည့်နောက်မှာ တော့ ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ လိုက်လာတော့သည်။
“တတိယမြောက်ဟွိုင်က အတားအဆီးအစီအရင်ကြီးရှိတဲ့ဆီကို သွားတာဖြစ်ရမယ်။ ငါ သူ့ကို အဲ့မှာ စောင့်မှဖြစ်မယ်။”
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည် အမြန်ဆုံးနှုန်းထားဖြင့် ကောင်းကင်ပေါ်တွင် ပျံသန်းထွက်ခွာသွားခဲ့၏။ မကြာခင်မှာပဲ သူသည် သဲကန္တာရဆီသို့ ရောက်ရှိလာ၏။ ပြီးနောက် ရှန့်ကွမ်းရှင်းရောင်အားဖြည့်ထားခဲ့သော အစီအရင်၏ ရှေ့တွင် ခပ်တည်တည်နှင့်ထိုင်နေ၏။
ဝှစ် ဝှစ်
လေများတိုက်ခတ်လာပြီးသည့်နောက်မှာတော့ သဲများသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နှက်နေခဲ့၏။ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ကာကွယ်ထားခြင်းမရှိသောကြောင့် ကုန်းရှန့်သည် မကြာခင်မှာပဲ ကြီးမားလှသည့် သဲရုပ်ထုကြီးတစ်ခုကဲ့သို့ပင် မြေပြင်ပေါ်တွင် ဖြစ်တည်လျက်ရှိသည်။
ရွှီ ရွှီ ….။
ဘယ်လောက်မှန်းမသိသည့်အချိန်ကာလတစ်ခုမှာတော့ အဝတ်တစ်ခုပါသော ခမောက်ကို ဆောင်းထားသည့် ဖန်းလင်းယုသည် ရောက်ရှိလာခဲ့တော့၏။ သူမက မေးလိုက်သည်။ “စီနီယာ။ ဒီနေရာလား။”
“အင်း …. မဆိုးဘူးပဲ။”
တတိယမြောက် ဟွိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ သူ့အနေနှင့် အစီအရင် အင်ပါယာချန်ခဲ့သော အတားအဆီးအစီအရင်အား အစောကြီးကထဲက သတိပြုမိပြီးပြီဖြစ်သည်။ ထိုအရာကိုသာ ချိုးဖြတ်နိုင်မည်ဆိုပါက သူသည် အဓိကကုန်းမြေဆီသို့ ပြန်နိုင်မည်ဖြစ်၏။
သူ၏ အထူးနည်းစနစ်များကို အသုံးပြု၍ ယခင်တုန်းကအတိုင်း အလွန်အားကောင်းလှသည့်အခြေအနေဆီသို့ ပြန်လည်ရောက်ရှိတော့မည့်အခြေအနေဆီကို တွေးတောရင်း စိတ်လှုပ်ရှားလျက် ရှိနေသည်။
ထိုအခြေအနေသို့ ရောက်ရှိပြီးပြီဆိုပါက သူသည် ဤနေရာဆီသို့ ပြန်လာပြီး ရှိရှိသမျှသော လူများအားလုံးကို သတ်ဖြတ်ပစ်ရန် ကြံစည်ထား၏။
“ဘာလုပ်ရမှာလဲ။”
ဖန်းလင်းယုက မေးလိုက်သည်။ သူမအနေနှင့် အောင်မြင်စွာ ဦးနှောက်ဆေးကြောခြင်းကို ခံထားရသူတစ်ယောက် ဖြစ်သည်မို့ စိတ်တစ်ခုလုံးတွင် ပိုမိုအားကောင်းရမည်ဆိုသော စိတ်ဆန္ဒတစ်ခုကလွဲရင် တစ်ခြားဘာမှမရှိတော့ချေ။ ဟုတ်ပေသည်။ သူမ၏ လက်ရှိပြုမူဆောင်ရွက်မှုများသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည် ဆိုသည်ကို သိသည်ဆိုလျှင်တောင်မှ သူမသည် ကျိန်းသေပေါက် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။
အဘယ့်ကြောင့်ဆိုသော် လောကကြီးတစ်ခုလုံး အေးချမ်းလုံခြုံခြင်းသည် သူမနှင့် ဘာမှမသက်ဆိုင်ချေ။ သူမ သိသည်မှာ သူမကိုယ်သူမ အားကောင်းရန် ပြုလုပ်ချင်ခြင်းသာဖြစ်တော့၏။ သူမအနေနှင့် လုချင်းချင်းအား ခြေထောက်အောက်တွင် နင်းခြေ၍ အားရပါးရ ဆဲဆိုချင်မိ၏။
“အနီးကို ကပ်သွားလိုက်။”
တတိယမြောက် ဟွိုင်က ပြောလိုက်သည်။ “ငါ အစီအရင်ကို ချိုးဖြတ်ပစ်မယ်။”
“ကောင်းပါပြီ။”
ဖန်းလင်းယုသည် အနားဆီသို့ လျှောက်သွားတော့၏။ ဘေးနားတွင် လူသားတစ်ယောက်ကဲ့သို့ ရုပ်ထုတစ်ခုရှိနေသည် ကို တွေ့သော်လည်း သူမသည် သေသေချာချာ သတိမပြုမိပေ။
“ကောင်မလေး”
တတိယမြောက်ဟွိုင်က ပြောလိုက်သည်။ “ငါ့ကို မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်ပေး။ ဒါဆိုရင် ဒီအစီအရင်ကြီးကို ချိုးဖြတ်ပြီး အကောင်းမွန်ဆုံးသော အမွေအနှစ်တွေကို ရရှိအောင် ဖန်တီးပေးမယ်။”
“အကောင်းမွန်ဆုံးသော အခွင့်အရေးတွေဟုတ်လား။” ဖန်းလင်းယု၏ မျက်လုံးများသည် ဝင်းလက်တောက်ပလျက်ရှိနေ၏။ သူမသည် ချက်ချင်းပဲ စိတ်ကို လျှော့လိုက်၏။
ဤမိန်းကလေးသည် အလွန်တရာ ကြမ်းတမ်းပြီး ကောက်ကျစ်လှသည်ဆိုသော်လည်း တိုင်လုကဲ့သို့ပင် ဉာဏ်ရည် မြင့်မားလှသူတစ်ယောက်မဟုတ်ချေ။ သူမ၏ခန္ဓာကိုယ်ကို တစ်ဖက်လူအား ထိန်းချုပ်ခွင့်ပေးလိုက်ခြင်းသည် တစ်သက်လုံး ထိန်းချုပ်နိုင်ခွင့် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်းကိုလည်း သေသေချာချာ စဉ်းစား တွေးတောနိုင်ခြင်းမရှိချေ။
ဝှစ် ဝှစ်
အစိမ်းရောင်ဓာတ်သဘာဝများသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အဝါရောင်သဲကန္တာရကြီးထဲတွင် ပြည့်နှက်သွား၏။
ဖန်းလင်းယု၏ စိတ်တစ်ခုလုံးသည် ထိန်းချုပ်ခြင်းကို ခံလိုက်ရ၏။ သူမ၏ မျက်လုံးများသည်လည်း အစိမ်းရောင် တောက်လာခဲ့တော့သည်။ ဇွန်ဘီးများကဲ့သို့ပင် ဖြစ်သည်။
ဖြောက် ဖြောက် ဖြောက် ဖြောက်
“ဟားဟား ဟား ဟား ဟား”
တတိယမြောက်ဟွိုင်သည် ထူးဆန်းစွာဖြင့် ရယ်မောလိုက်တော့၏။ “ဒီမိန်းကလေးက လှည့်စားဖို့ အရမ်းကို လွယ်တာပဲ။ ဘာအားစိုက်ထုတ်မှုမှမရှိဘဲ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်နိုင်ပြီ။ ငါ့အနေနဲ့ အစီအရင်ကို ချိုးဖြတ်ပြီးတော့ ဝိညာဉ်ကုန်းမြေကို ပြန်နိုင်ပြီဆိုရင် ဒီဟောခန်းသခင်က ကျိန်းသေပေါက် ပြန်လာပြီး ဒီလောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။”
“ရောင်းရင်း။ ကျေးဇူးပြုပြီး မျက်နှာလေးလှည့်လိုက်ပါအုံး။”
အားရပါးရ ရယ်လျက်ရှိသော တတိယမြောက်ဟွိုင်သည် ဆွံ့အသွား၏။ အမှတ်မထင်နဲ့ သူသည် ခေါင်းကို အသာ လှည့်လိုက်တော့၏။
ဖောက်
ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီး၏ ပြောင်းဝအား တစ်ဖက်လူ၏ ခေါင်းတည့်တည့်တွင် တည်ကာ ပြောလိုက်သည်။ “ဝိညာဉ်ကုန်းမြေတိုက်ကို ပြန်မလို့လား။ စိတ်ကူးလေးကတော့ ကောင်းပါရဲ့။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။”
တတိယမြောက်ဟွိုင်သည် ဘာတွေဖြစ်နေသည်ကို သေချာမသိခင်မှာဘဲ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီး၏ အထူးလုပ်ဆောင်နိုင်မှုသည် အသက်ဝင်သွားခဲ့တော့သည်။ သူ၏ ဝိညာဉ်တစ်ခုလုံးသည် ရုတ်တရက် ဆိုသလိုပဲ ဖန်းလင်းယု၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခြင်းကို ခံရပြီး ဤဖုန်စုပ်စက်ထဲသို့ ရောက်ရှိသွားခဲ့တော့၏။
ဝှစ်
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်တော့၏။ “နောက်တစ်ယောက် ထပ်ရပြန်ပြီ။”
သမိုင်းတွင် ၃ စက္ကန့်အတွင်း ရန်သူ၏ လက်ထဲသို့ ရောက်ရှိသွားသော အဆိုးဝါးဆုံး ဝိညာဉ်မျိုးနွယ်ဟုပင် မှတ်တမ်းတင် နိုင်လောက်သည့် တတိယမြောက် ဟွိုင်ပင် ဖြစ်လေသည်လား။ ပထမနှင့်ဒုတိယဟွိုင်များသည် အနည်းဆုံးတော့ သူတို့၏ အစွမ်းသတ္တိကို ထုတ်ဖော်ပြသခွင့် ရခဲ့သေးသည်။
တစ်ယောက်သည် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး အခြားတစ်ယောက်မှာတော့ အရှေ့ပင်လယ်ထဲတွင် အင်ပါယာ တစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင်ပင် ကိန်းအောင်းနေထိုင်ခွင့်ရခဲ့၏။ ဝိညာဉ်မျိုးနွယ်ချင်းတူသည်ဆိုလျှင်တောင်မှ တတိယမြောက်ဟွိုင်သည် ရှက်ရွံ့စရာ ကောင်းလွန်းနေ၏။
ဘုတ်
ဖန်းလင်းယုသည် မြေပေါ်သို့လဲကျသွား၏။ သူမ၏ မှုံမှိုင်းနေသော မျက်နှာများသည် ပြန်လည်ကာ ကြည်လင်လာခဲ့သည်။
ချက်ချင်းပဲ သူမ၏ လက်ကောက်ဝတ်နေရာမှ စူးရှသည့် နာကျင်မှုကို ရရှိလိုက်၏။
ချက်ချင်းပဲ သူမ၏ ဦးခေါင်းနေရာမှ စူးရှသည့် နာကျင်မှုကို ရရှိလိုက်၏။ ထို့ကြောင့် ထိတ်လန့်တကြားဖြင့် အသာထိ ကြည့်လိုက်သည့်အချိန်မှာတော့ သူမသည် ကတုံးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်ကို သိရှိလိုက်ရတော့သည်။
“ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖြစ်နေတာလဲ။”
ရုတ်တရက် ဖန်းလင်းယုသည် သူမ၏ ဘေးနားတွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းကို တွေ့သွား၏။
ကျွင်းချောင်ရှောင်းသည် လက်နက်များကို တစ်ခုပြီးတစ်ခု ထုတ်လျက်ရှိနေတော့သည်။ “ကိုယ့်ရဲ့ဆရာတစ်ယောက်ကို ဘယ်လိုစိတ်ဓာတ်မျိုးနဲ့များ သတ်ပစ်လိုက်တာလဲ။ မင်းက အရင်ဘဝတုန်းက မိစ္ဆာတစ်ကောင် ဝင်စားတာပဲ ဖြစ်လိမ့်မယ်။”
အဆုံးသတ်မှာတော့ ကုန်းရှန့်သည် သီလ၊ သမာဓိနှင့် ပြည့်စုံသည်ကို ကိုယ်စားပြုသော ကွမ်ယု၏ နဂါးစိမ်းလခြမ်း ဓားမော့ကြီးကိုသာ ထုတ်ယူ၍ သတ်ဖြတ်ရန် ရွေးချယ်လိုက်တော့သည်။ ဤအရာသည် အကြင်နာတရားကင်းမဲ့လှသော လူများကို သတ်ဖြတ်ရန် သင့်တော်သည့်လက်နက်ပင်ဖြစ်တော့၏။
“ဘာ … ဘာ …. ဘာလိုချင်လို့လဲ။ ကျွန်မ .. ရှင့်ရဲ့ ကျေးကျွန် .. အစေခံ … မယားငယ်အဖြစ်နေရမယ်ဆိုရင်တောင် ရပါတယ်။ ကျွန်မကို မသတ်ပါနဲ့”
ဖန်းလင်းယု၏ မျက်လုံးများသည် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ သူမ၏ နှလုံးသားထဲတွင် သေဆုံးခြင်းအော်ရာများသည် ပြည့်နှက်လာခဲ့သည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် ဓားမော့ကြီးကို အသာမြှောက်လိုက်၏။ လေများသည် တဟုန်းဟုန်းနှင့် တိုက်ခိုက်လာပြီး သည့်နောက်မှာတော့ ဤအမျိုးသမီး၏ လည်ပင်းပေါ်တွင် ထင်ရှားသည့် ဓားရာကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။
“ချင်းချင်းက မသတ်ပေမဲ့ ငါမင်းကို သတ်မယ်။”
ကျွင်းချောင်ရှောင်းသည် ခံစားချက်ကင်းမဲ့လှသည့် လူသတ်သမားတစ်ယောက်ကဲ့သို့ သတ်ဖြတ်ကာ ပြောလိုက် တော့၏။
ဘုတ်
ဓားအလင်းဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ သွေးများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။ အဝါရောင်သဲများပေါ် တွင် အနီရောင်သွေးများသည် ရဲရဲတောက်လျက်ရှိ၏။
ဖန်းလင်းယု၏ ခေါင်းကြီးသည် ခန္ဓာကိုယ်နှင့်ကင်းလွတ်ကာဖြင့် မြေပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျတော့၏။ သူမ၏ မျက်လုံးထဲတွင်တော့ အသနားခံနေသည့် အရိပ်အယောင်များ ပြည့်နှက်လျက်ရှိနေတုန်းပင်။
ဤကဲ့သို့ ကပ်ဘေးကြီးမှ လွတ်မြောက်တတ်သော ဗီလိန်မျိုးသည် ပြန်လည်ကာဖြင့် ဒုက္ခပေးတတ်ကြောင်းကို သူသည် အရင်ဘဝက ဝတ္တုများကို ဖတ်ရှုပြီး သိရှိထားပြီဖြစ်၏။ ထို့ကြောင့် ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေရန် ကျွင်းချောင်ရှောင်းသည် သူ၏ ရန်သူများနှင့်ပတ်သက်၍ အလုံးစုံသတ်ဖြတ်ခြင်းကို ပြုမူတတ်၏။
“ပြီးတော့ ငါ့ဆီမှာ နွားလို၊ မြင်းလို၊ ကျွန်လိုမျိုး နေထိုင်မယ်လို့တောင် တောင်းပန်လိုက်သေးတယ်။ အဲ့ဒါမျိုးတွေကို ငါက လိုအပ်နေမယ်လို့များ ထင်နေလား။”
“လက်ခံသူက အဲ့ဒါမျိုးတွေ မလိုအပ်ပါဘူး။”
စနစ်က စောဒကတက်လိုက်သည်။ “လိုနေတာ ကောင်မလေးတစ်ယောက်ပဲ။”
…
ဝှစ် ဝှစ် ဝှစ်
တောက်ပလွန်းသော မီးတောက်များ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ဖန်းလင်းယု၏ ခန္ဓာကိုယ်သည် ပြာအဖြစ် သို့ ကျသွားခဲ့၏။ လက်ရှိအချိန်တွင်မှာတော့ သူမသည် အစစ်အမှန် သေဆုံးသွားခဲ့ပြီဖြစ်၏။ ပြန်လည်နိုးထလာရန် အခွင့်အရေးလုံးဝမရှိတော့ချေ။
ဆွစ်
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ပြန်လည်သိမ်းဆည်းလိုက်၏။ ထွက်ခွာရန် ပြင်လိုက်ချိန်မှာပဲ သူသည် အစီအရင်ဆီမှ စွမ်းအင်လှိုင်းများ တလက်လက်နှင့်ပြေးနေသည်ကို သတိပြုမိသွား၏။ ထို့ကြောင့် ရုတ်တရက် ရပ်တန့်လိုက်၏။
“ဖြစ်နိုင်တာက…”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေက အခြားတစ်ဖက်ကနေ စည်းကို ချိုးဖြတ်ဖို့ ကြိုးစားနေတာပဲဖြစ်မယ်။”
….
“ဟုတ်ပြီ။”
ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်နှင့် ကြယ်ကြွေကုန်းမြေတိုက်ကို ချိတ်ဆက်ထားသော တည်နေရာလမ်းကြောင်း၏ အရှေ့ဘက်မှာတော့ ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူတစ်ယောက်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်မိ၏။
“ငါးယောက်မြောက် ဟောခန်းသခင်က နိုးထလာခဲ့ပြီတဲ့။ ငါတို့အစီအရင်ကို ချိုးဖြတ်ဖို့ အတူတူ အလုပ်လုပ်လို့ရပြီ။”
ဟား ဟား ဟားဟား
“နောက်ဆုံးမှာတော့ ငါတို့ ဧကရီမရဲ့ ခေါင်းဖြတ်ခြင်းကို မခံရတော့ဘူးကွ။”
ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူများအားလုံးသည် ပျော်ရွှင်သွားခဲ့ကြ၏။ သို့ပေမဲ့ ငါးယောက်မြောက် ဟောခန်းသခင်သည် နိုးထလာပြီး မကြာခင်မှာပဲ ကျွင်းချောင်ရှောင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ကို သူတို့မသိရှိခဲ့ကြချေ။
ပို၍ ဆိုးရွားသည်မှာ နှင်းဆီဧကရီသည် သူတို့အား ဤအတားအဆီးအစီအရင်ကြီးကို ချိုးဖြတ်ပေးရန် အမိန့်ပေးခဲ့၏။ သို့ပေမဲ့ သူတို့ ဤနေရာကို ချိုးဖြတ်နေကြောင်း ကုန်းရှန့်က သိရှိသွားခဲ့ပြီဖြစ်သည်။
ကုန်းရှန့်သည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်တော့၏။ “အစီအရင်မှာ စွမ်းအင်လှိုင်းတွေဖြစ်နေတယ်။ တစ်စုံတစ်ယောက်က အစီအရင်ကို ချိုးဖြတ်နေတာကို ရှင်းရောင် မသိဘူးလားမသိဘူး။”