← Chapters

အခန်း (၁၀၈၇)

Vol. 73 Ch. 1087

အခန်း (၁၀၈၇)

Vol. 73 Ch. 1087

ဟူး … ဟူး ……..။

အဝါရောင်သဲကန္တာရအတွင်းမှာတော့ လေကြမ်းများသည် တိုက်ခတ်လျက်ရှိ၏။ ဤနေရာကြီးသည် သီးခြားတည်ရှိနေသည် မဟုတ်သော်လည်း တစ်စုံတစ်ယောက်သည် သေချာသတိမထားမိပါက စည်းအတားအဆီး တစ်ခုရှိနေပြီး ထိုအရာပေါ်တွင် စွမ်းအင်လှိုင်းများ ပြေးနေသည်ကို သိရှိနိုင်မည် မဟုတ်ပေ။

"တစ်ခုခုတော့ မှားနေပြီထင်တယ်"

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို လက်ဖြင့် ပွတ်သပ်ကာပြောလိုက်၏။ ရှန့်ကွမ်းရှင်းရောင် အားဖြည့်ထားသော အစီအရင်သည် ဤနေရာတွင် ရှိလို့နေ၏။ အဘယ့်ကြောင့် စွမ်းအင်လှိုင်းများသည် စည်းအတားအဆီးပေါ်၌ လှုပ်ခတ်နေသနည်း။

ဖြစ်နိုင်သည်မှာ ဝိညာဉ်မျိုးနွယ်များသည် အထဲမှနေ၍ ထိုးဖောက်နေခြင်းပင် ဖြစ်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ အသံပို့လွှတ်ကာ မေးမြန်းလိုက်၏။

ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်မူလ ဝိညာဉ် ဖိနှိပ်ခြင်း စေတီထဲသို့ ဝင်လိုက်သည်။

အေားရာ သည် နံပါတ်နှစ်ဟွိုင်အား ကြာပွတ်နှင့် ရိုက်နှက်လျက်ရှိ၏။

နံပါတ်တစ်ဟွိုင်သည် အေးဆေးစွာ ကြည့်ရှုလို့နေ၏။ သူသည် နံပါတ်နှစ်ဟွိုင် ရောက်ရှိပြီးကတည်းက ရိုက်နှက်ခံရခြင်းမှ သက်သာသွား၏။ သူ၏ ကံကောင်းခြင်းဟူ၍ပင် သတ်မှတ်နိုင်လေသည်။

"သခင်"

အားရာ သည် ရိုက်နှက်ပြီးနောက်မှာ မှာတော့ အပြစ်ကင်းစင်သည့် အပြုံးဖြင့်ပြောလိုက်၏။ "သခင် ဒီကို အကျဉ်းသားလာပို့တာလား"

သူသည် ကောင်းကင်မူလဝိညာဉ် ဖိနှိပ်ခြင်း စေတီ၏ လက်နက် စိတ်ဝိညာဉ်ဖြစ်သည်နှင့် အညီ သူမသည် ကျွင်းချောင်ရှောင်းနှင့် ဝိညာဉ်စာချုပ် ရေးထိုးပြီးကတည်းက အလကားမနေခဲ့ရချေ။ သူသည် ဖယောင်းတိုင်များ ၊ကြိုးများဖြင့် ကြိုးစားပမ်းစား မသန့်စင်သော အရာများကို သန့်စင်အောင် ပြုလုပ်ပြီး နေသားကျနေခဲ့၏။

ကျွင်ချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ဖုန်စုပ်စက်ကို ထုတ်ပြီး နံပါတ်သုံး ဟွိုင်ကို ထုတ်ယူလိုက်၏။ အစိမ်းရောင် အလင်းတန်းများ ဖြစ်တည်လာပြီးနောက်မှာတော့ အတားအဆီး အစီအရင်နှင့် တိုက်မိသွားသည်။

ဖြောင်း .. ဖြောင်း ….။

အားရာသည် ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်ကို ထုတ်ကာ ပြောလိုက်၏။ "ထွက်ပြေးဖို့မစဉ်းစားနဲ့”

“ဖြောင်း"

"အား"

နံပါတ်သုံးဟွိုင် သည် နာကျင်စွာအော်ဟစ်လျက်ရှိ၏။ ပြီးသည့်နောက်မှာတော့ သူသည် လူသားအသွင်သို့ ပြောင်းကာ မြေပေါ်သို့ လဲကျသွားတော့၏။

နံပါတ်တစ် ဟွိုင် နှင့် နံပါတ်နှစ်ဟွိုင် တို့သည် ဆွံ့အသွားခဲ့ကြ၏။ အဘယ့်ကြောင့် ငါးယောက်မြောက် ဟောခန်းသခင် သည် သည်နေရာသို့ရောက်ရှိလာသနည်း။ အဖမ်းခံခဲရသည်လား။

နံပါတ်သုံးဟွိုင် သည် မြေပေါ်တွင် လူးလိမ့်ရင်းကနေ အခြားနှစ်ယောက်အား မြင်လိုက်သည့်အခါမှာတော့ မယုံကြည်နိုင်စွာပြောလိုက်၏။ “တတိယအစ်ကိုနဲ့ စတုထ္ထအစ်ကို ….. ဘာလို့ဒီနေရာကို ရောက်နေတာလဲ။”

"တတိယအစ်ကိုနဲ့ စတုတ္ထအစ်ကိုဟုတ်လား။ ဒါဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ဆီရောက်လာတဲ့ ဝိညာဉ်မျိုးနွယ်ကိုးယောက်က အတူတူပဲပေါ့"

စနစ်ကပြောလိုက်၏။ "တူ၊ မတူတော့ မသိဖူး ဒါပေမဲ့ ရောက်လာတာနဲ့ အဖမ်းခံရတာတော့ တော်တော် သနားဖို့ကောင်းတာပဲ"

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ပြောလိုက်သည်။ "ဝိညာဉ်မျိုးနွယ် သုံးယောက် ပေါ်လာတယ်ဆိုရင် ကျန်တဲ့ခြောက်ယောက်ကလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာအုံးမှာပေါ့"

စနစ်ကပြောလိုက်၏။ "ပေါ်လာလည်း မင်းမှာ အဆင့်မြင့်ထားတဲ့ ဖုန်စုပ်စက်ရှိနေတယ်မလား သူတို့ကို ဖမ်းလိုက်ပေါ့"

ကျွင်းချောင်ရှောင်းသည် ပြန်လည်ကာ ပြောလိုက်သည်။ "ဒီသုံးယောက်ကို မိတယ်ဆိုတာ တော်တော်ကံကောင်းလို့ပဲ။ အကယ်လို့ သေချာ ပုန်းအောင်းနေတဲ့ သူတွေသာဆိုရင် ငါမဖမ်းနိုင်လောက်ဘူး။"

"ဒါတော့သေချာတယ်"

စနစ်သည် သဘောကျသွားမိခဲ့၏။ လက်ခံသူအနေ နှင့် အလုပ်လုပ်ဆောင်ရာတွင် ဦးနှောက်မဲ့လုပ်ဆောင်ခြင်း မဟုတ်တော့ချေ။ စဉ်းစား၍လုပ်ဆောင်တတ်လာသည်။

သို့ပေမဲ့ အရေးကြီးသည့် အချိန်တွေမှာတော့ ဘာကိုမှမစဉ်းစားပဲ လုပ်ချင်ရာလုပ်တတ်သည့် အကျင့်ကတော့ ရှိနေသေး၏။

ကျွင်းချောင်ရှောင်းသည် ထိုင်ချပြီးသည့် နောက်မှာတော့ ဝိညာဉ်မျိုးနွယ် သုံးယောက် ကို သေသေချာချာ ကြည့်ရှုကာ ပြောလိုက်သည်။ "ကျုပ် မေးချင်တာရှိတယ်။ ဖြေနိုင်တဲ့သူက တစ်ရက်စာ အရိုက်မခံရဘူး။"

တတိယမြောက် ဟွိုင် သည် ဒေါသတကြီးအော်ဟစ်လိုက်၏။ "ကျုပ်ဘာမှမသိဘူး။ ဘာမှလာမမေးနဲ့"

"ကျုပ် .. ပြောမယ်"

ပထမနှင့် ဒုတိယဟွိုင် သည် တစ်ပြိုင်နှက်တည်း ပြောလိုက်သည်။

"ခင်ဗျားတို့မှာ ဝိညာဉ်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကော ရှိသေးရဲ့လား" တတိယမြောက်ဟွိုင်သည် မေးမြန်းလိုက်မိ၏။

ပထမနှင့် ဒုတတိယမြောက် ဟွိုင် သည် လျစ်လျူရှုထားကြ၏။ ဤရောင်းရင်းသည် တစ်နေကုန် ကျာပွတ်နှင့် အရိုက်ခံရသည့် ခံစားချက်ကို မခံစားဖူးသေးချေ။ထို့ကြောင့် ထိုသို့ပြောနေရဲခြင်းဖြစ်၏။ တစ်ရက်လောက်သာ အရိုက်ခံပြီးပါက သူကပင် ထိပ်ဆုံးမှနေ၍ ဦးဆောင်ကာ ပြောနေပေလိမ့်မည်။

ကျွင်းချောင်ရှောင်းက ပထမဟွိုင် ကို ကြည့်ကာမေးလိုက်၏။ "ခင်ဗျားက ဘာလို့ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးကို ပြန်ချင်တာလဲ"

"ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းတုန်းက သိုင်းအင်ပါယာတွေတိုက်ပွဲဖြစ်ခဲ့တယ်။ အဲတုန်းက ကျုပ်မသေခဲ့ဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ ဝိညာဉ်ကတော့ တော်တော်လေးထိခိုက် သွားတယ်။ ဒါကြောင့် ဝိညာဉ်မျိုးနွယ် ကုန်းမြေမှာရှိတဲ့ ပြန်လည်အားဖြည့်ခြင်းကန်မှာစိမ်လိုက်ရင် စွမ်းအင်တွေ အကုန်ပြန်ရမှာပဲ။"

အားရာသည် ပြုံးမိသွား၏။ ပထမှဟွိုင်၏ အဖြေမှာ တည့်တိုးဆန်လှ၏။ ဤအတောအတွင်း သူမ လေ့ကျင့်ပေးခဲ့သည် မှာ အလကားမဟုတ်တော့ပေ။

"ပြောရရင် အခြားသူတွေကလဲ အဲကန်ကိုသွားပြီးအားဖြည့်ရမှာပေါ့" ကျွင်းချောင်ရှောင်းသည် မေးလိုက်၏။

"မဟုတ်ဘူး"

ဤတစ်ကြိမ်မှာတော့ ဒုတိယဟွိုင် သည် ဦးစွာပြောလိုက်သည်။ "ကျုပ်က ပြန်လည် အားဖြည့်ဖို့မလိုဘူး ဘာလို့လဲဆိုတော့ အားကောင်းတဲ့ ခန္ဓာကိုယ်တစ်ခုကို ပူးကပ်ပြီးအဆင့်တက်နိုင်ခဲ့တယ်.။အဲ့တော့ ကျုပ်ရဲ့ ဝိညာဉ်က ကောင်းမွန်သွားပြီ"

သူသည် အင်ပါယာကျန်းဝေ၏ ခန္ဓာကိုယ်အား ဝါးမျိုခဲ့၏။ ထို့ကြောင့်သူသည် ပြန်၍ကျင့်ကြံရန် မလိုအပ်တော့ချေ။

ကျွင်းချောင်ရှောင်းသည် တတိယဟွိုင်ကို ကြည့်ကာပြောလိုက်၏။ "ကျုပ်မမှားဘူးဆိုရင် ခင်ဗျားကလဲထိခိုက်ထားတယ်။ ဒါပေမဲ့ ဖန်းလင်းယု ရဲ့ ခန္ဓာကိုယ်က အဆင့်နိမ့်တာမို့ ပြန်သွားဖို့လိုတယ်မလား"

"ဟမ့်"

တတိယဟွိုင် သည် နာှခေါင်းရှုံ့လိုက်၏။ သူသည် ရှေ့က နှစ်ယောက်ကဲ့သို့ လွယ်လွယ်ကူကူနှင့် သတင်းပေးမည့်သူမဟုတ်ချေ။

"ဝိညာဉ်ကုန်းမြေက ခင်ဗျားတို့ နှိုးထလာတာကို သိလား"

"သိပါတယ်"

ပထမနှင့် ဒုတိယဟွိုင် သည် ပြိုင်တူ ဖြေလိုက်ကြ၏။ အားရာ သည် မည်မျှလေ့ကျင့်ပေးထားသည်ကို ဤကဲ့သို့ အားတက်ရော ပြိုင်တူ ဖြေသည်ကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။

ကျွင်းချောင်ရှောင်းသည် မေးလိုက်၏။ "ဝိညာဉ်ကုန်းမြေရဲ့ ခွန်းအားကို ကျုပ်ကို ပြောပြ ။ ဘယ်သူကခေါင်းဆောင်တယ်၊ ဘယ်သူတွေရှိတယ်၊ ကျင့်ကြံခြင်းအဆင့်တွေကောဘယ်လောက်မြင့်တယ်"

ဟွိုင်နှစ်ယောက်သည် ပြောချင်၏။ သို့ပေမဲ့ တတိယဟွိုင် သည် မည်သို့မျှမနေဘဲ ပြောလိုက်၏။ "ခင်ဗျားတို့ သစ္စာဖောက်တာကို ဧကရီသာသိသွားရင် သေတာထက်ဆိုးတဲ့ အပြစ်တွေခံရမှာသေချာတယ်"

"အားရာ …. သူ့ကို ကောင်းကောင်းလေ့ကျင့်ပေးလိုက်"

"ဟုတ်ကဲ့ပါ"

အားရာ သည် အပြစ်ကင်းစင်စွာလှမ်းလျှောက်လာ၏။ ပြီးသည့် နောက်မှာတော့ လက်ထဲမှကြာပွတ်ကို တစ်ဖြန်းဖြန်းနှင့် ရိုက်ကာ နတ်ဆိုးဆန်ဆန် ပြုံးလိုက်၏။ "လာခဲ့"

ဖြောင်း .. ဖြောင်း .. ရွှီး ..ရွှီး …။

အားရာ သည် သေချာသင်ကြားပေးလျက်ရှိနေ၏။ ကြာပွတ်၏ မြည်သံနှင့် ဖယောင်းတိုင်မှ တရွှီးရွှီး မြည်သံတို့သည် လေထုထဲတွင် ပြန့်နှံ့နေတော့သည်။

ပထမနှင့် ဒုတိယဟွိုင်တို့သည် ခြေထောက်များပျော့ခွေ၍ ကြောရိုးများစိမ့်တက်သွားခဲ့၏။

"ခင်ဗျားတို့နှစ်ယောက် …"

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းလျှောက်လာပြီး ၎င်းတို့၏ ပခုံးပေါ်လက်တင်ကာ ပြုံး၍ ပြောလိုက်သည် "ဧကရီဆိုတာ ဘယ်သူလဲ "

"ဧကရီ လင်းပင်ပါ။ ဝိညာဉ် မျိုးနွယ်တွေရဲ့ အုပ်ချုပ်သူ" တတိယဟွိုင် သည် ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းကို ခံနေရ၏။

တတိယဟွိုင်၏ အော်ဟစ်သံကို ကြားရချိန်မှာတော့ ပထမဟွိုင်နှင့် ဒုတိယဟွိုင် တို့သည် လျင်မြန်စွာ ဖြေကြားလာခဲ့သည်။

ဝိညာဉ် မျိုးနွယ်၏ အုပ်ချုပ်သူသည် ဧကရီတစ်ယောက် ဖြစ်လို့နေ၏။

ကျွင်းချောင်ရှောင်းသည် မေးလိုက်သည်။ "ခင်ဗျားတို့ ဧကရီက ဘယ်လောက်အားကောင်းလဲ"

ဒုတိယဟွိုင် သည် လျင်လျင်မြန်မြန်ဖြေလိုက်၏။ "ကျုပ်တို့ဧကရီက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အဆင့်နဲ့ပြောရရင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ပဲ"

"အဲလောက် အားနည်းတာလား" ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ ဝိညာဉ်မျိုးနွယ်များသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ပင် ရောက်ရှိလာနိုင်ခဲ့၏။ သို့သော် ၎င်းတို့ ဧကရီ၏ အဆင့်မှာ နိမ့်ကျလွန်းနေသည်။

ထို့အပြင် ဝိညာဉ်မျိုးနွယ်များသည် တိုက်ခိုက်ရေး အရာ၌ အားကောင်းသူများ မဟုတ်ကြချေ။ သူတို့ ကျွမ်းကျင်သည်မှာ အခြားမျိုးနွယ်းစုများ၏ ဝိညာဉ်အား ဝါးမျို ခြင်းပင် ဖြစ်၏။

ပထမဟွိုင် ပြောလိုက်သည်။ "သူရဲ့ အဆင့်က တအားမမြင့်ပါဘူး။ ဒါပေမဲ့ သူမှာ အလုံးစုံ လုပ်ပိုင်ခွင့် ရှိတယ် "

သူက ထပ်ပြောလိုက်၏။ "နှစ်ပေါင်းတစ်သောင်းလောက် ကြာပြီဆိုတော့ ဧကရီက အဆင့် ချိုးဖျက်သွားတာလည်း ဖြစ်နိုင်တယ်"

"ပေါက်ကရတွေ"

ဒုတိယဟွိုင် ကပြောလိုက်၏။ "ဧကရီရဲ့ ပင်ကိုယ် ပါရမီအရဆိုရင် ဝိညာဉ်ကုန်းမြေမှာပဲ နေထိုင်ပြီး အင်မော်တယ်ဆေးလုံး အကူအညီ မယူနိုင်ရင် သိုင်းအင်ပါယာ အဆင့်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"

"ဟုတ်တယ် … ဟုတ်တယ်" ပထမဟွိုင် သည် ထောက်ခံလိုက်၏။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံ နောက်သို့မှီကာ တွေးလိုက်သည်။

ဧကရီက သိုင်းအင်ပါယာအဆင့်လည်း မဟုတ်ဘူး။ ဒါပေမဲ့ ကုန်းမြေတစ်ခုလုံးကို ထိန်းသိမ်းထားနိုင်တယ်။ သူကို ထိန်းချုပ်နိုင်ရင် ဝိညာဉ်ကုန်းမြေကို ထိန်းချုပ်နိုင်တာနဲ့ အတူတူပဲမဟုတ်လား။

"ဒါနဲ့ ခင်ဗျားတို့ ဧကရီက ဘယ်လို ပုံစံ ရှိလဲ.."

"သူမက ချောပါတယ်"

ကျွင်းချောင်ရှောင်းသည် လက်ကိုနောက်ပစ်ကာ ပြောလိုက်၏။ "နောက်ဆုံးတော့ ငါ့ရဲ့ ချောမောမှုကို ထုတ်သုံးရမဲ့ အချိန်ရောက်လာခဲ့ပြီပဲ...."

ကျွင်းချောင်ရှောင်းသည် သူ့အားထောက်ခံမည့်သူမရှိသောကြောင့် ဆက်ကာပြောလိုက်၏။ "ကျုပ်က ဧကရီတစ်ယောက်ကို ဖြားယောင်းဖို့ဆိုတာမခက်ပါဘူး"

"ဝေါ့"

All Chapters