အခန်း (၁၀၉၀)
Vol. 74 Ch. 1090
ကျွင်းချောင်ရှောင်းသည် သဲကန္တာရ၏ အစီအရင်ရှေ့တွင် ရက်အနည်းငယ်ကြာ ဆက်လက်ကာ နေထိုင်ခဲ့၏။ သူ့အနေနှင့် အချိန်တိုင်း အားနည်းလွန်းသော စွမ်းအင်လှိုင်းများ လှုပ်ခတ်လျက်ရှိသည်ကို ရှာဖွေ တွေ့ရှိခဲ့၏။ သို့ပေမဲ့ ကြီးမားလှသည့် လှုပ်ရှားမှုတော့ ရှာဖွေ မတွေ့ရှိခဲ့ချေ။
ကြည့်ရှုရမည်ဆိုလျှင် တစ်ဖက်လူများအားလုံးသည် စည်းကို အချိန်အတိုင်းအတာ အတောအတွင်း ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ့အနေနှင့် ဂိုဏ်းဆီသို့ ပြန်မှ ဖြစ်ပေလိမ့်မည်။
အချိန်နှင့်တည်နေရာ ပိုးတီရှိနေသည် ဆိုမှတော့ သူ့အနေနှင့် စိတ်အေးချမ်းသာစွာ ပြုစုရန် လိုအပ်နေသေး၏။ ဝိညာဉ်မျိုးနွယ်များ၏ ကုန်းမြေတိုက်ဆီသို့ ခြေတစ်လှမ်း လှမ်းနိုင်မည်ဆိုလျှင် သူသည် ကျိန်းသေပေါက် ပျော်ရွှင် ရပေလိမ့်မည်။
ဟုတ်ပေသည်။ အချိန်တိုင်း ဤကောင်လေးအား ကျွေးမွေးနေရန်တော့ ယုတ္တိမရှိချေ။ ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ ကျွေးမွေးနေမည်ဆိုလျှင် သူ့အနေနှင့် မွဲပြာကျသွားပေလိမ့်မည်။
လက်ရှိ အခြေအနေ၌ သူလုပ်နိုင်သည့် နည်းလမ်းမှာ တစ်ခုတည်းသာရှိ၏။ ထိုအရာမှာ ဤကောင်ကလေး စားသုံးရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို ခွင့်မပြုပေးဘဲ သလင်းအမြူတေများ၊ ဆေးပင်များ၊ မြေဆီလွှာ များကိုသာ စားသုံးခိုင်းခြင်းပင် ဖြစ်သည်။
လက်ရှိအခြေအနေမှာတော့ အချိန်နှင့်တည်နေရာပိုးတီကောင်လေးအား အရွယ်ရောက်ပြီး ကြီးထွားလာသည်အထိ မွေးမြူနိုင်ဖို့ဆိုသည်မှာ တောဝက်ရိုင်းလေးပေါ်တွင် မူတည်လျက်ရှိ၏။ ဤအရာသည် သူကြိုးစားခဲ့သည့် အရာများအတွက် တန်ပြန်ဟပ်မှုပင် ဖြစ်ပေလိမ့်မည်။
စနစ်သည် ဆွံ့အသွားခဲ့၏။ “စားပြီးပြန်ထွက်လာတဲ့ မြေဆီလွှာတွေကို တစ်ဖက်လူကို ပြန်ပြီးစားခိုင်းတယ်ဆိုတာ စဉ်းစားလိုက်ရင် ရွံ့စရာကောင်းတယ်”
“ဘာဖြစ်တုန်း... ဗိုက်ထဲက ပြန်ထွက်လာတာ ချီးမှ မဟုတ်တာ။ အန်ဖတ်လည်း မဟုတ်ဘူးလေ”
“ပြီးတော့ တောဝက်ရိုင်းလေး စားထားတဲ့ မြေဆီလွှာတွေက ပိုပြီး အားကောင်းလာတတ်တယ်။ ဒီတော့ ဒီကောင်လေးနဲ့ တောဝက်ရိုင်းလေးက တကယ့်ကို အတွဲအဖက်ညီတဲ့ အပေါင်းအသင်းရောင်းရင်းတွေ ဖြစ်လာ နိုင်လိမ့်မယ်”
“ဒါကတော့ ဟုတ်တယ်” စနစ်က ပြောလိုက်သည်။
ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တောဝက်ရိုင်းလေးကို ခေါ်ကာ ပြောလိုက်၏။ “ကောင်လေး... လာအုံး၊ သခင်က မင်းကို ခင်ဖို့ကောင်းတဲ့ ရောင်းရင်းလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်”
“ရောင်းရင်းလေး ဟုတ်လား”
တောဝက်ရိုင်းလေးသည် ဇဝေဇဝါဖြင့် မေးလိုက်မိ၏။ “သခင်... အဲရောင်းရင်း လေးက ဘယ်မှာလဲ”
“မင်းခြေထောက်အောက်မှာ”
“ခြေထောက်အောက်မှာ ဟုတ်လား” တောဝက်ရိုင်းလေးသည် အသာခေါင်းငုံ့ကြည့်ပြီးသည့်နောက် သူ၏ ခြေထောက်ကို အသာမြှောက်လိုက်သည်။ ထိုအချိန်မှာတော့ မြေပေါ်တွင်လဲပြီး ပါးစပ်ထဲမှ အမြှုပ်များ ထွက်လျက် ရှိနေသည့် သေးငယ်လှသည့် ပိုးကောင်လေးတစ်ကောင်ကို ရှာဖွေ တွေ့ရှိလိုက်ရတော့သည်။
..................
ဆေးဥယျာဉ်ထဲမှာတော့ တည်နေရာနှင့်အချိန် ပိုးတီကောင်လေးသည် မျက်လုံးများ တောက်ပြောင်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်သော မြေဆီလွှာများသည် အများကြီး ရှိနေသည်။ ထိုအရာများကိုသာ သူစားသုံးရမည်ဆိုပါက ကျိန်းသေပေါက် ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုး ကြီးထွားလာပေလိမ့်မည်။
“သခင်” သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ကျုပ် မစောင့်နိုင်တော့ဘူး”
“စိတ်မလောနဲ့၊ စိတ်မလောနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းကို တောဝက်ရိုင်းလေး ကျွေးလိမ့်မယ်”
အချိန်နှင့်တည်နေရာ ပိုးတီကောင်က ပြောလိုက်သည်။ “သခင်... ကျုပ်က ကိုယ့်ဘာကိုယ် စားတတ်ပါတယ်။ သူကျွေးစရာ မလိုပါဘူး”
တောဝက်ရိုင်းလေးသည် ရုတ်တရက် ပါးစပ်ကြီးကို ဟပြီးသည့်နောက် မြေဆီလွှာများကို စားကာ ဝမ်းဗိုက်ထဲမှ ပြန်လည်ထွေးထုတ်လိုက်သည်ကို မြင်သည့်အချိန်မှာတော့ ကျွေးမွေးသည်ဆိုသည့်အချင်းအရာကို ချက်ချင်း နားလည်သွားမိ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားစားတော့”
“..........”
တည်နေရာနှင့်အချိန် ပိုးတီကောင်လေးသည် အော်ဟစ်လိုက်မိ၏။ “ယောက်ျားစစ်၊ ယောကျ်ားမှန်တွေဆိုတာက တခြားလူ အန်ထုတ်လိုက်တဲ့အရာတွေကို မစားဘူး”
ထို့အပြင် တစ်ဘက်လူ၏ ဝမ်းဗိုက်ထဲမှ ပြန်လည်ထွေးထုတ်လိုက်သည့်အရာများကို အဘယ်ကြောင့် သူက ပြန်လည်စားသုံးရမည်နည်း။
ဘုတ်
ကျွင်းချောင်ရှောင်းသည် ပိုးတီကောင်အား အသာ လက်နှစ်ဖက်ဖြင့် ညှပ်ကိုင်ကာ မြေဆီလွှာထဲဆီသို့ လှမ်းပစ် လိုက်၏။ ထိုအထဲတွင် အလွန်တရာသန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်ကို အာရုံခံမိသည့်အချိန် မှာတော့ ပိုးတီကောင်လေး၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပသွားခဲ့၏။
ပြီးသည့်နောက်မှာတော့ အစစ်အမှန် ယောက်ျားကောင်းလေးသည် ရူးရူးမူးမူးဖြင့် တခြားသူ အန်ထုတ်ထားသည့် အရာများကို စားသုံးလျက် ရှိနေတော့သည်။
တောဝက်ရိုင်းလေးသည် ဆွံ့အလျက်ရှိနေ၏။ ဒီကောင်လေးသည် သူ့ကဲ့သို့ပင် မြေဆီလွှာများကို စားသုံးသည့် စွမ်းအင်ရှိလို့နေခဲ့၏။
“တောဝက်ရိုင်းလေး”
ကျွင်းချောင်ရှောင်းသည် ၎င်း၏ ဦးခေါင်းကို အသာပုတ်ကာဖြင့် ပြောလိုက်မိသည်။ “အနာဂတ်မှာ ဒီကောင့်ကို မင်းအတွက် ထားလိုက်တော့မယ်။ သူ စိတ်လိုလက်ရ စားသောက်နိုင်အောင် မင်းလုပ်ပေးလိုက်တော့”
“ကောင်းပါပြီ”
တောဝက်ရိုင်းလေးသည် ခေါင်းကို မော့ကာ ပြောလိုက်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထွက်ခွာမသွားခင်မှာပဲ သူသည် အားပြတ်စွာ မေးလိုက်မိသည်။ “သခင်... တိုက်ခိုက်ရေး စွမ်းရည်တစ်ခု ပေးမယ်ဆိုတာ ဘယ်အချိန်ပေးမှာလဲ”
“စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်ဝိညာဉ်သားရဲဟောခန်းကို အမိန့်ပေးပြီးတော့ လိုအပ်တဲ့ အရာကို ရှာခိုင်းတာတယ်။ ပစ္စည်းတွေစုံပြီဆိုရင် ရပြီ”
ပြီးသည့်နောက်မှာတော့ ဦးခေါင်းကို အသာပွတ်ကာ ပြောလိုက်သည်။ “မင်းက ငါ့ရဲ့ ပထမဦးဆုံး ပဋိညာဉ်သားရဲပဲလေ။ ဒီတော့ အားလုံးထက်ပိုပြီး မင်းကို အရေးစိုက် ရမှာပေါ့”
တောဝက်ရိုင်းလေးသည် ရင်ထဲတွင် ထိခိုက်သွားမိ၏။ သူသည် ငိုချင်စိတ်ပင် ပေါက်သွားမိသည်။ သခင် ထွက်သွားပြီးသည့်နောက် သူသည် အချိန်နှင့်တည်နေရာပိုးတီကို ကြည့်ကာဖြင့် အော်လိုက်မိ၏။ “စားလို့ လောက်ရဲ့လား”
“မလောက်ဘူး”
ဆွစ် ဆွစ် ဆွစ်
တောဝက်ရိုင်းလေးသည် မြေဆီလွှာများကို စားသုံးကာဖြင့် ပြန်လည်ကာ အန်ထုတ်လျက်ရှိသည်။ တစ်စုံတစ်ယောက်သည် ထိုအန်ထုတ်ထားသော မြေဆီလွှာများကို ထပ်မံကာ စားသုံး၏။ ၎င်းတို့နှစ်ယောက်သည် လိုက်ဖက်ညီလှသော အရာတစ်ခုကို ပြုလုပ်လျက် ရှိနေတော့၏။
...................
ကျွင်းချောင်ရှောင်း ဆေးဥယျာဉ်ထဲမှ ထွက်ခွာသွားပြီးသည့်နောက် စိတ်ဝိညာဉ်သားရဲဟောခန်းဆီသို့ သွားကာ အဘိုးကြီးညိုအား အဆင့်မြင့် မြေသလင်းအမြူတေရှာဖွေမှုအခြေအနေနှင့်ပတ်သက်ပြီး သွားရောက်ကာ မေးမြန်းသည်။ အဆုံးသတ်မှာတော့ ရှာဖွေရန် မလွယ်ကူသောကြောင့် အချိန်အနည်းယူရမည် ဖြစ်ကြောင်းကိုသာ သိရှိခဲ့ရသည်။
“ကြည့်ရတာ နတ်ဆိုးနဂါးလှိုဏ်ဂူထဲမှာ မြွေလိုမျိုး၊ နဂါးလိုမျိုး သတ္တဝါတွေ ရှိတယ်။ အဲထဲမှာ မြေစိတ်ဝိညာဉ် သားရဲတွေ ရှိနိုင်တယ်။ ငါသွားပြီး ရှာဖွေရမယ်”
တွေးကြည့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်းထဲမှ တစ်ယောက်တည်း ထွက်ခွာသွားခဲ့၏။ စုရှောင်မိုနှင့် ရှရွှေယွင်တို့၏ အချစ်များ စတင်ဖြစ်တည်လာရာ တည်နေရာဆီသို့ ရောက်ရှိခဲ့ တော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် အဆင့်မြင့် စိတ်ဝိညာဉ်သားရဲများကို ရှာဖွေကာဖြင့် သေမတတ် အထိ ရိုက်နှက်နှိပ်စက်နေတော့သည်။
“ငါ့တပည့်ကို အနိုင်ကျင့်ရဲတာ မင်းတို့လားကွ”
ဘုန်း ဘုန်း
“ငါ့ရဲ့တပည့်လေးကို အနိုင်ကျင့်ရဲတာ မင်းတို့လားကွ”
ဘုန်း ဘုန်း
တစ်နာရီလောက် ကြာမြင့်ပြီးသည့်နောက် တခြားသော သိုင်းကျင့်ကြံသူများ လာရောက်လေ့ကျင့်ရသော နတ်ဆိုးနဂါးလှိုဏ်ဂူ၏ မြေပြင်တစ်ခုလုံးသည် တုန်ခါလျက် ရှိနေတော့၏။ ပြီးသည့်နောက်မှာတော့ မြေပြင်တစ်ခုလုံး ချိုင့်ဝင်သွားခဲ့သည်။ ထိုကဲ့သို့သော အရာသည် ကြီးမားလှသည့် ပြောင်းလဲမှုကြီး ဖြစ်သည်။
ထို့ကြောင့် တခြားလာရောက်ကျင့်ကြံကြသော သိုင်းကျင့်ကြံသူများသည် ထိတ်လန့်တကြားဖြင့် ပြောလိုက်မိ၏။ “နတ်ဆိုးနဂါးလှိုဏ်ဂူက ပြိုလဲတော့မှာလား”
ဘန်း
ရုတ်တရက်ဆိုသလိုပဲ ထိုပြိုလဲနေသည့် တည်နေရာကြီးထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ပြီးသည့်နောက်မှာတော့ လူတစ်ယောက်၏ ပုံပန်းသွင်ပြင်သည် လေထုထဲတွင် ပေါ်လာခဲ့၏။ ထိုသူသည် ချောမောလွန်းလှသော လူငယ်တစ်ယောက် ဖြစ်နေသည်။
“ကျွင်းချောင်ရှောင်း... ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”
လာရောက်လေ့ကျင့်ကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်မိ၏။
ဘုတ်
ကျွင်းချောင်ရှောင်းသည် မိမိခန္ဓာကိုယ်ကို အသာဖုန်ခါကာဖြင့် အောက်တွင်ရှိနေသော သိုင်းကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်တော့၏။ “နတ်ဆိုးနဂါးလှိုဏ်ဂူဆိုတာ မရှိတော့ဘူး။ ဒီတော့ မင်းတို့လာရာလမ်းကို ပြန်တော့။ ပြီးတော့ တခြားမှာ သွားလေ့ကျင့်တော့”
ဝှစ် ဝှစ်
ပြီးသည့်နောက်မှာတော့ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံထက်မှ ပျောက်ကွယ်သွားတော့သည်။
“.........”
သိုင်းကျင့်ကြံသူများ၏ အမူအရာသည် နဝေတိမ်တောင်နှင့် ဖြစ်မိနေ၏။ နတ်ဆိုးနဂါးလှိုဏ်ဂူဆိုသည်မှာ ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ တားမြစ်တည်နေရာတွေထဲမှ တစ်ခုဖြစ်၏။ ထိုအရာသည် ပြိုင်စံရှားဂိုဏ်းချုပ်၏ ဖျက်ဆီးခြင်းကို ဤကဲ့သို့ပင် ခံခဲ့ရတော့၏။
..................
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်း ပြန်ရောက်ပြီးနောက် သူသည် စိတ်ဝိညာဉ်သားရဲဟောခန်းမအား အသာဖွင့်ကာဖြင့် အလယ် အလတ်အဆင့် မြေနည်းစနစ်အား အသာနှိပ်ကြည့်လိုက်၏။ လိုအပ်သည့်အရည်အသွေးနှင့် လိုအပ်သည့်ပစ္စည်းများ အားလုံးသည် လိုက်ဖက်ညီသွားပြီ ဖြစ်သောကြောင့် သူသည် အတည်ပြုမည်ဆိုသော ခလုတ်ကို နှိပ်လိုက်သည်။
ဒွီး
မြေဆီလွှာများကို စားသုံးပြီး တည်နေရာနှင့်အချိန် ပိုးတီကောင်အား ကျွေးမွေးလျက်ရှိနေသော တောဝက်ရိုင်းလေးသည် ရုတ်တရက် မျက်လုံးများ ကျဉ်းမြောင်းသွား၏။ သူသည် တည်နေရာထဲမှာတင် ကြက်သေ သေသွား၏။
ဟူး ဟူး
မရင်းနှီးသော မှတ်ဉာဏ်များသည် သူ၏စိတ်ထဲသို့ တိုးဝင်ရောက်ရှိလာခဲ့တော့သည်။ ထိုအသိစိတ်များ အားလုံး တို့သည် သူ၏ အသိစိတ်များနှင့် ပေါင်းစပ်သွားပြီးသည့်နောက် သူသည် အလယ်အလတ်အဆင့် မြေနည်းစနစ် အား ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်သည်။
“နားလည်ပြီ။ နားလည်ပြီ”
တောဝက်ရိုင်းလေး၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် ခြေနှစ်ချောင်းကို ရှေ့ဆီသို့ လှမ်းတက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဒါက သခင် ငါ့ကို ပေးမယ်ဆိုတဲ့ နည်းစနစ်ပဲ”
ဟူး ဟူး …..။
၎င်း၏ ခန္ဓာကိုယ်တွင် အလွန်တရာ များပြားလှသော မြေဓာတ်သဘာဝများ ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ သူ၏ ဦးခေါင်းပေါ်တွင်ရှိသော ဆူးချွန်များသည် တလက်လက် အလင်းတန်းများနှင့် ပြည့်နှက်လာခဲ့သည်။
အန်ထုတ်ထားသော မြေဆီလွှာများကို စားသုံးလျက်ရှိနေသော တည်နေရာနှင့်အချိန် ပိုးတီကောင်သည် အလျင် အမြန်ပဲ မြေပေါ်တွင် တွားသွားလျက် ခပ်ဝေးဝေးဆီသို့ သွားလိုက်မိ၏။ “ဘယ်လောက်သန့်စင်လိုက်တဲ့ မြေဓာတ် စွမ်းအင်တွေလဲ”
ဂျလွတ် ဂျလွတ်
ထိုအချိန်မှာတော့ တောဝက်ရိုင်းလေး၏ ခန္ဓာကိုယ်ရှိ အမွေးအမှင်များသည် ရုတ်တရက် ထောင်မတ်လာပြီး ဖြူးကောင်တစ်ကောင်ကဲ့သို့ ဖြစ်တည်လာ၏။ ၎င်း၏ ခန္ဓာကိုယ်၌ မြေဓာတ်သဘာဝ စွမ်းအင်များသည် ရူးရူးမူးမူး စုဝေးလျက်ရှိသည်။ “ငါ အလယ်အလတ်အဆင့် မြေနည်းစနစ်ကို ထုတ်ပြီး အသုံးပြုကြည့်ရမယ်”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ ထွက်ခွာလာပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည်။ အလွန်အားကောင်းလှသော မြေဓာတ်သဘာဝများသည် တောဝက်ရိုင်းလေး အနားတွင် စုဝေးလျက်ရှိနေ၏။ ပြီးနောက် ဆေးဥယျာဉ်နှင့် များပြားလှသော တောင်ထွတ်များသည် အနည်းငယ် တုန်ခါလာ၏။
“ဘာတွေဖြစ်နေတာလဲ”
ကျင့်ကြံခြင်း သို့မဟုတ် တခြားအလုပ်များနှင့် အလုပ်များလျက် ရှိနေသော တပည့်များသည် အလန့်တကြား ဖြစ်မိသွား၏။ ၎င်းတို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်နောက် ဂိုဏ်းချုပ်၏ ပထမဦးဆုံး ပဋိညာဉ်သားရဲကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
“ချီးတဲ့မှ...”
လီဖေးသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီကောင်ဘယ်လိုဖြစ်လို့ ဖြူကောင်လိုမျိုး ဖြစ်သွား ရတာလဲ”
ဝူး
ထိုအချိန်မှာပဲ တောဝက်ရိုင်းလေးသည် ငုံ့နေသည့်ဦးခေါင်းကို အသာမော့ကာဖြင့် ဝံပုလွေသားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။
ဝူး အူး
၎င်း၏ ခြေထောက်အောက်တွင်ရှိနေသော တည်နေရာကြီးတွင် ကြီးမားလှသော စက်ဝိုင်းပုံသဏ္ဍာန် ပုံရိပ်ယောင်များ ဖြစ်တည်လာခဲ့၏။
“ကောင်းကင်ကိုကြည့်”
တစ်စုံတစ်ယောက်က ထ၍ အော်ဟစ်လိုက်၏။ တပည့်များသည် အပေါ်ကိုမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကောင်းကင်ယံထက်တွင် မြေပေါ်မှာကဲ့သို့ပင် ထူးဆန်းလှသည့် ပုံရိပ်ယောင်များ ဖြစ်တည်လာသည်။
ဝှစ် ဝှစ်
ရုတ်တရက် ထိုထူးဆန်းသော ပုံရိပ်ယောင်များ ဖြစ်ပေါ်နေသည့် တည်နေရာ အတောအတွင်းတွင် မြေဓာတ် သဘာဝများနှင့် ဖြစ်တည်ထားသော ကတော့ချွန်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ တချို့သည့် မြေအောက်မှ ထွက်ပေါ်လာခဲ့ပြီး တချို့သည် အပေါ်မှ ပြုတ်ကျလာလျက်ရှိသည်။ သေသေချာချာ ကြည့်ရှုမည် ဆိုလျှင် မီတာသုံးရာနီးပါးရှိသည့် တည်နေရာအကျယ်အဝန်းကြီးတွင် များပြားလွန်းလှသော မြေဓာတ်သဘာဝ များနှင့် ဖန်တီးထားသည့် အဝိုင်းချွန်များ အားလုံးသည် အပေါ်မှ အောက်မှ ထိုးထွက် ပြုတ်ကျလာလျက် ရှိနေ တော့၏။ ဤအရာသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် တိုက်ခိုက်ရေး နည်းစနစ်မျိုးပင် ဖြစ်တော့၏။
ထုတ်ဖော်အသုံးပြုလိုက်မည်ဆိုလျှင် မြေဓာတ်နယ်မြေကြီးတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ထိုအထဲသို့ ဝင်ရောက် သွားသည့် ပြိုင်ဘက်များ၊ ရန်သူများ အားလုံးတို့သည် မြေဓာတ်သဘာဝ စိတ်ဝိညာဉ်များ၏ ရူးရူးမူးမူး တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်သည်။ ထိုအထဲသို့ ရောက်ရှိသူများသည် တန်ပြန်တိုက်ခိုက်မှုကို မဖြစ်မနေ ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထွက်ပြေး၍ မလွတ်မြောက်နိုင်သော တည်နေရာ အကျယ်အဝန်းတွင် ဖြစ်နေသောကြောင့် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အလယ်အလတ်အဆင့် မြေနည်းစနစ်က တကယ့်ကို တည်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ တိုက်ခိုက်ရတဲ့ ဟာမျိုးပဲ”
တိုက်ခိုက်မှုအကွာအဝေး၏ အပြင်တွင် တည်ရှိနေသော အချိန်နှင့်တည်နေရာ ပိုးတီကောင်လေးသည် သဘောတကျဖြင့် ရှိနေသည်။ သူသည် မြေအဝိုင်းခြုံများ တည်ရှိနေရာ တည်နေရာဆီသို့ ခုန်ဝင်ပြီးသည့်နောက်မှာ တော့ ထိုအရာများသည် မြေဓာတ်သဘာဝ စိတ်ဝိညာဉ်များ အလွန်အားကောင်းသည်ကို သိရှိလိုက်၏။ သူသာ ထိုအရာများကို စားလိုက်မည်ဆိုလျှင် ယခင်ကထက် ပိုမိုကာ အကူအညီ ဖြစ်ပေါ်လာနိုင်မှာ သေချာတော့သည်။