အခန်း (၁၀၉၂)
Vol. 74 Ch. 1092
“သတ် … သတ် …… သတ်ကြ”
ဂျိန်း … ဂျိန်း …။
အင်ပါယာ သုံးယောက်တို့သည် စစ်သည်ပေါင်း ငါးသိန်းကျော်ကို အသုံးပြုကာဖြင့် ကျန်းဝေအင်ပါယာ၏ စစ်တပ် အခြေချရာ တည်နေရာကို တိုက်ခိုက်လျက်ရှိနေ၏။
ဤနေရာသည် နဂါးရေကန်မြို့ပင်ဖြစ်တော့၏။ ၎င်းတို့သည် မြို့၏ မီတာတစ်ရာပတ်ဝန်းကျင်အား ဝိုင်းပတ်ကာ တိုက်ခိုက်လျက် ရှိနေသည်။ အလွန်တရာ ကြမ်းရမ်းလှသည့် တိုက်ပွဲပင် ဖြစ်သည်။ ဤတိုက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် ရလဒ်သည် အရှေ့ပင်လယ် တည်နေရာကြီး တစ်ခုလုံး၏ အခြေအနေကို ဆုံးဖြတ်ပေးတော့မည် အခြေအနေပင် ဖြစ်တော့သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းဝေအင်ပါယာမှ တာဝန်ရှိသူတို့သည် ရှိရှိနေသမျှသော လက်ရွေးစင်တပ်များကို ခေါ်ယူကာဖြင့် နဂါးရေကန်မြို့အား ကာကွယ်ရန် ဆုံးဖြတ်ခဲ့ကြ၏။ နှစ်ဖက်စစ်သည်များသည် မြို့၏ အပြင်ဘက်တွင် ရက်ပေါင်း များစွာ တိုက်ခိုက်လျက် ရှိနေ၏။ နှစ်ဖက်လုံးသည် အောင်မြင်မှုနှင့် ကျရှုံးမှုများကို အသီးသီး ပိုင်ဆိုင်နေကြ၏။ မည်သူမှသည် အသာမရနိုင်ခဲ့ချေ။ အခြေအနေမှာ ဤကဲ့သို့ ညီမျှနေသည့် အခြေအနေသို့ ရောက်ရှိနေခဲ့၏။
“ဒီတစ်ကြိမ်မှာတော့ ဒီမြို့ကို ငါတို့အပိုင်သိမ်းနိုင်မှဖြစ်မယ်” အင်ပါယာသုံးယောက်တို့၏ တပ်ဖက်မှာတော့ အဆင့်မြင့်မားလွန်းလှသော စစ်သူကြီးများအားလုံးသည် လေးနက်စွာဖြင့် ပြောဆိုလိုက်မိကြသည်။
၎င်းတို့သည် တောက်လျှောက်တိုက်ခိုက်နေကြသူဖြစ်၏။ သို့ပေမဲ့ အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့သည် ဆိုသော်လည်း နဂါးရေကန်မြို့အား အပိုင်မသိမ်းနိုင်ခဲ့ချေ။ ကြာရှည်စွာ တိုက်ခိုက်နေသည်ဆိုပါက စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်လာသည်သာမက ၎င်းတို့၏ စားနပ်ရိက္ခာများသည်လည်း ကုန်ဆုံးသွား ပေလိမ့်မည်။ ရေရှည်ခံလိမ့်မည် မဟုတ်ချေ။
“စစ်သူကြီး”
ထိုအချိန်မှာပဲ စစ်သည်တစ်ယောက်သည် ရောက်ရှိလာကာ သတင်းပို့လိုက်သည်။ “အပြင်ဘက်မှာ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု တစ်ခုခု ဖြစ်ပေါ်နေတယ်”
“ဟုတ်လား” ဗျူဟာမှူးများနှင့် စစ်သူကြီးများအားလုံးသည် ကြောင်အသွားမိ၏။ ပြီးသည့်နောက်မှာတော့ ၎င်းတို့ သည် စစ်သည်ရွက်ဖျင်တဲများဆီမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြ၏။ အပြင်ဘက်တွင်တော့ အလွန် လင်းလက်တောက်ပလျက်ရှိနေသော အလင်းတန်းများသည် စစ်ပွဲဖြစ်ပွားနေရာ တည်နေရာတွင် ပေါ်ပေါက်လာခဲ့ တော့၏။
သိုင်းကျင့်ကြံသူတစ်ယောက်သည် လေးနက်စွာဖြင့် ပြောလိုက်တော့သည်။ “ဒါက စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတဲ့ လက္ခဏာပဲ။ ဒီနဂါးရေကန်မြို့ရဲ့ တိုက်ခိုက်ရေးတည်နေရာအောက်မှာ စိတ်ဝိညာဉ် မိုင်းတွင်းတစ်ခုခု တည်ရှိနေတာ ဖြစ်လိမ့်မယ်”
စစ်သူကြီးသုံးယောက်တို့၏ မျက်လုံးများသည် တောက်ပလျက် ရှိနေတော့သည်။ စစ်သည်များကို ဦးစီးဦးဆောင်၍ စစ်ပွဲများ တိုက်ရသည့် စစ်သားများ ဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းတို့သည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများ၏ အရေးပါမှုကို ကောင်းကောင်းနားလည်ကြသည်။
“အမိန့် ပေးလိုက်တော့”
အင်ပါယာသုံးဦးဘက်မှ စစ်သည်များသည် ထိုအချိန်မှာပဲ အော်ဟစ်လိုက်ကြ၏။ “ဒီနေ့ ကျုပ်တို့ နဂါးရေကန်မြို့ကို အပိုင်သိမ်းကြမယ်။ ပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတဲ့ မိုင်းတွင်းကြီးကို သိမ်းရမယ်”
“ကောင်းပါပြီ”
.......
“သတ် သတ် သတ်ကြ” တိုက်ပွဲအတွင်းမှာတော့ အင်ပါယာသုံးဦးဘက်မှ စစ်သည်ပေါင်း တစ်သိန်းကျော်တို့သည် အရှေ့သို့ ချီတက်လာခဲ့ကြသည်။ ၎င်းတို့သည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် ရေလှိုင်းကြီးကဲ့သို့ အလုံးအရင်းနှင့် ဝင်ရောက် တိုက်ခိုက်ကြတော့သည်။
“ငါတို့ကတော့ ဒုက္ခပဲ”
နဂါးရေကန်မြို့၏ နံရံပေါ်မှာတော့ မြို့ကို စောင့်ကြပ်လျက်ရှိနေသော စစ်သူကြီးသည် စိတ်ဝိညာဉ်စွမ်းအင်များ တလက်လက် တောက်ပလာသည်ကို တွေ့ရှိပြီးသည့်နောက်မှာတော့ မျက်မှောင်ကုတ် လျက်ရှိသည်။ “ဒီမြို့က ကြာရှည်ခံမှာ မဟုတ်တော့ဘူး”
စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာဆိုသည်မှာ မြေအောက်ထဲတွင် စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်း တည်ရှိနေသည့် သဘောသဘာဝပင် ဖြစ်သည်။ ထိုအရာမှာ ကြီးမားသည့် ပြဿနာကြီး ဖြစ်တော့၏။ အင်ပါယာသုံးဦးဘက်မှသည် ၎င်းတို့၏ အသက်များကို စတေးကာ ကျိန်းသေပေါက် စတင်၍ တိုက်ခိုက်ပေတော့မည်။
“ချီးတဲ့မှ...”
ဒုတိယစစ်သူကြီးသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ဒီနေရာမှာ အရှင်မင်းကြီးသာ ရှိနေမယ် ဆိုရင် ဒီအင်ပါယာသုံးဦးက လာတိုက်ခိုက်ရဲမှာ မဟုတ်ဘူး”
အရင်တုန်းကလိုဆိုလျှင် တစ်ဖက်လူများ အားလုံးသည် သူတို့၏ ကျန်းဝေအင်ပါယာဆီသို့ မျက်စောင်းပင် မထိုးရဲကြချေ။ လက်ရှိ အခြေအနေမှာတော့ အင်ပါယာကျန်းဝေ သေဆုံးပြီးသည့်နောက် ၎င်းတို့သည် ထပ်တလဲလဲ တိုက်ခိုက်ခြင်းကို ခံနေရ၏။
“ဒီလိုပြောနေရုံနဲ့ ပြဿနာကိုဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
မြို့စောင့်စစ်သူကြီးတစ်ယောက်သည် တိကျသေချာသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “အမိန့်ကို ပေးလိုက်တော့။ ကျုပ်တို့ သေတဲ့အထိ နဂါးရေကန်မြို့ကို ကာကွယ်ရမယ်”
“ကောင်းပါပြီ” ဒုတိယစစ်သူကြီးသည် အလောတကြီးဖြင့် အမိန့်ကို ပေးအပ်လိုက်တော့သည်။ စစ်သည်ပေါင်း နှစ်သိန်းကျော်တို့သည် မြို့ကို စောင့်ကြပ်နေရာမှတစ်ဆင့် ၎င်းတို့၏စိတ်ကို ပြင်ဆင်ပြီးသည့်နောက်မှာတော့ ဤမြို့ကြီးကို အလုံးစုံ ခုခံကာကွယ်ရန် ပြင်ဆင်လိုက်ကြတော့၏။
“သတ်.. သတ်”
တိုက်ခိုက်ရေး တည်နေရာထဲမှာတော့ အင်ပါယာသုံးဦးဘက်မှ စေလွှတ်လိုက်သော စစ်သည်များသည် ရှေ့သို့ လှမ်းတက်လာခဲ့တော့သည်။
နဂါးရေကန်မြို့၏ အပြင်ဘက်နားတွင် ကြီးမားလှသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်ရန် ပြင်ဆင်နေသည့်အချိန်မှာပဲ ကောင်းကင်ကြီးသည် ရုတ်တရက် မှောင်မဲသွား၏။ အားလုံးက အပေါ်သို့ မော့၍ ကြည့်လိုက်သည့်အချိန်မှာတော့ ကြီးမားလွန်းလှသော ရှေးသင်္ဘောကြီးတစ်စင်းသည် လေပေါ်တွင် တည်ရှိနေ သည်ကို မြင်လိုက်ရကြ၏။
ရှေ့ဆီသို့ လှမ်းတက်နေကြသော အင်ပါယာသုံးဦးဘက်မှ စစ်သည်များသည် ရပ်တန့်လိုက်ကြသည်။ ပြီးသည့် နောက်မှာတော့ ဘယ်ကပေါ်လာမှန်းမသိသည့် ရွက်သင်္ဘောကြီးကိုကြည့်ကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ရွက်သင်္ဘောကြီးက ပျံနိုင်တာလား”
နဂါးရေကန်မြို့ကို စောင့်ကြပ်နေကြသော စစ်သည်များ အားလုံးသည်လည်း ဆွံ့အသွားကြ၏။ ၎င်းတို့သည် နှစ်ဖက် ရင်ဆိုင်တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အချိန်တွင် တိုက်ခိုက်မည့်တည်နေရာ၏ အလယ်တည့်တည့်၌ ကြီးမားလှသည့် ရွက်သင်္ဘောကြီးတစ်စင်းသည် ပျံသန်းကာဖြင့် အပေါ်တွင် မြဲမြဲရပ်လျက်ရှိသည်။ ဤမြင်ကွင်း သည် အလွန်အံ့အားသင့်စရာ ကောင်းလွန်းနေ၏။
“စစ်သူကြီး”
ဒုတိယစစ်သူကြီးသည် ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ “ဒါက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”
မြို့အား စောင့်ကြပ်လျက်ရှိနေသော စစ်သူကြီးသည်လည်း ရွက်သင်္ဘော၏ ပဲ့တည်နေရာတွင် မတ်တပ်ရပ်နေသော အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို လှမ်း၍ မြင်ရ၏။ သူ၏ မျက်လုံးများသည် ထိတ်လန့် တုန်လှုပ် နေတော့သည်။ “သူ ဘာလို့ ထပ်ရောက်လာတာလဲ”
“ဟေး ဟေး ဟေး”
ကျွင်းချောင်ရှောင်းသည် မိုက်ကိုကိုင်ကာဖြင့် သူ၏အသံကို အရင်ဆုံး စမ်းသပ်လိုက်သည်။ ပြီးနောက် ကြည်လင်ရှင်းလင်းသည့်အသံဖြင့် ပြောလိုက်တော့သည်။ “အောက်ကလူတွေ သေသေချာချာ နားထောင်ကြ။ ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်ကာကို စပြီး တွေ့ခဲ့တဲ့လူက ကျုပ်ပဲ။ ဒီတော့ မသေချင်ရင် မြန်မြန်ထွက်သွားကြ”
အလွန်တရာဟိတ်ဟန်ကောင်းလှပြီး၊ အလွန်တရာ မောက်မာလှသည့် လေသံနှင့် အပြုအမူမျိုးပင် ဖြစ်တော့သည်။
“ဟမ့်”
အင်ပါယာသုံးဦးဘက်မှ စစ်သူကြီးများသည် အေးစက်စက်နှင့် ပြောလိုက်၏။ “ကျုပ်တို့ရဲ့ရှေ့မှာ ခုမှ ပေါ်လာပြီး ဘယ်လိုဖြစ်ပြီး အရင်တွေ့တယ်ဆိုတဲ့ စကားမျိုးကို ပြောရဲတာလဲ”
“စစ်သူကြီး”
အခြားတာဝန်ရှိသူတစ်ယောက်က ပြောလိုက်တော့သည်။ “အခု ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေအရဆိုရင် ဒီနေရာရဲ့အောက်မှာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ရှိကိုရှိလိမ့်မယ်။ ကျုပ်တို့ လျော့ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် အထက်ပိုင်း အကြီးအကဲတွေ အကုန်လုံးက ကျုပ်တို့ကို အပြစ်တင် လိမ့်မယ်လေ”
“ရွက်သင်္ဘောပေါ်မှာ ရပ်နေတဲ့လူက ကျန်းဝေအင်ပါယာဆီက သိုင်းကျင့်ကြံသူ တစ်ယောက်ယောက် ဖြစ်လိမ့်မယ်။ ဟိတ်ကြီးဟန်ကြီး လုပ်နေတာပဲဖြစ်မယ်” တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်သည်။
သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ အင်ပါယာသုံးဦးဘက်မှ စစ်ဗိုလ်ချုပ်များက အမိန့်ပေးလိုက်တော့ သည်။ “သူ့ကို ပစ်ချလိုက်ကြ”
“ကောင်းပါပြီ”
ဆွစ် ဆွစ် ဆွစ်
တိုက်ပွဲထဲတွင် ရှိနေသော စစ်သည်များအားလုံးသည် အမိန့်ကို ရရှိပြီးသည့်နောက်မှာတော့ ၎င်းတို့၏ လေးများကို မြှောက်လိုက်သည်။ များပြားလှသော အလင်းတန်းများသည် မြား၏ထိပ်တွင် ဖြစ်တည်လျက် ရှိနေတော့၏။
“မြားတွေကို ပစ်လိုက်တော့”
ဝှစ် ဝှစ် ဝှစ်
ထက်ရှလွန်းလှသော မြားပေါင်းတစ်သိန်းတို့သည် လေးကြိုးမှတဆင့် ရွက်သင်္ဘောကြီးဆီသို့ ရောက်ရှိလာတော့ သည်။
နဂါးရေကန်မြို့ကို စောင့်ကြပ်လျက်ရှိနေသော စစ်သူကြီးသည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ အလွန်တရာ ပျော်ရွှင်သွားမိ၏။ ရွက်သင်္ဘောပေါ်တွင်ရှိနေသောလူသည် အင်ပါယာကျန်းဝေကိုပင် သတ်ဖြတ်နိုင် ခဲ့သော လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ၎င်း၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းနေမှာ သေချာ၏။ သို့ပေမဲ့ အင်ပါယာသုံးဦးဘက်မှ လူများသည် ထိုလူအား စတင်ကာ တိုက်ခိုက်လျက်ရှိသည်။ ထိုအရာမှာ သေလမ်းရှာခြင်းပင် ဖြစ်ပေလိမ့်မည်။
ဟူး ဟူး
ထိုအချိန်မှာတော့ အလွန်တရာ ကျယ်ပြောပြီး အားကောင်းလွန်းလှသော အော်ရာများသည် ရွက်သင်္ဘောဆီမှ ထွက်ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ လေထုထဲသို့ ပျံ့နှံ့သွားတော့သည်။ ထက်ရှလှသော မြားများသည် တည်နေရာတွင် ငြိမ်ငြိမ်သက်သက် ရပ်တန့်သွား၏။
ဆွစ် ဆွစ် ဆွစ်
မျက်စိတမှိတ်အတွင်းမှာပဲ လေထဲတွင်ရှိနေသော မြားပေါင်းတစ်သိန်းကျော်တို့သည် ချုပ်နှောင်ခြင်းကို ခံလိုက်ရ သည်။
“ဒါ.. ဒါ” အင်ပါယာသုံးဦးဘက်မှ စစ်ဗိုလ်ချုပ်များနှင့် စစ်သည်များသည် မျက်လုံးအပြူးသား ဖြစ်သွားကြ သည်။ ၎င်းတို့သည် လေထုထဲတွင် ဖြစ်နေသော မြင်ကွင်းကို ကြည့်ရှုရင်း မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးဆီမှ ပျံသန်းထွက်ခွာလာပြီးသည့်နောက် အလွန်အားကောင်းလှသော သူ၏အော်ရာများကို ထုတ်ဖော်လိုက်၏။ မြားများသည် တည်နေရာထဲတွင် စုစည်းလာပြီးသည့်နောက်မှာတော့ အနောက်ဘက်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။
ဆွစ်
အားလုံးသည် သရဲတစ္ဆေကို မြင်လိုက်ရသလို ကြောက်လန့်သွားခဲ့ကြ၏။
“စစ်သူကြီး”
အကြီးအကဲတစ်ယောက်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဒီလူက မရိုးရှင်းဘူးပဲ”
ကျွင်းချောင်ရှောင်းသည် လေထဲတွင် လွင့်မျောလျက်ရှိနေ၏။ ၎င်း၏ ဦးခေါင်းထက်တွင်တော့ မြားများ အားလုံး သည် ငြိမ်သက်စွာ တည်ရှိနေတော့သည်။ သူသည် ထူးမခြားနားသလို ပြောလိုက်၏။ “မင်းတို့အင်ပါယာတွေဆီကို ပြန်ကြ။ ပြီးရင် ရတနာသိုက်ကို ဖွင့်ထားလို့ ပြောလိုက်။ ကျုပ် စိတ်ဝိညာဉ်ကျောက်တုံးတွေ လာယူမယ်”
သူသည် ခဏလောက် ရပ်တန့်ပြီးသည့်နောက်မှာတော့ သူ၏အကြည့်များသည် အေးစက်ကာ ကြမ်းတမ်းလာခဲ့ တော့၏။ “သွားကြစမ်း”
ဟူး ဟူး
ဓားနှင့် သိုင်းနယ်မြေအဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ အလွန်ကြီးမားလှသည့် လှိုင်းကြီး အဖြစ် ဖြစ်တည်ပြီး စစ်သည်များဆီသို့ ရောက်ရှိသွားခဲ့သည်။ အားလုံးသောသူများသည် ဝိညာဉ်တစ်ခုလုံးပင် နာကျင်သွားသည့် အတွေ့အကြုံမျိုးကို ခံစားလိုက်ရသည်။
ဘုတ်
အင်ပါယာသုံးဦးဘက်မှ စစ်သူကြီးများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပေါ်သို့ လဲကျသွားခဲ့ကြ၏။ ၎င်းတို့သည် ဖြူလျော်နေသည့် မျက်နှာသွင်ပြင်နှင့် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “နောက်ဆုတ်၊ နောက်ဆုတ်၊ နောက်ဆုတ်ကြ”
ဆွစ် ဆွစ် ဆွစ်
နဂါးရေကန်မြို့၏ တိုက်ခိုက်ရေးတည်နေရာတွင် စုဝေးနေကြသော စစ်သည်ပေါင်း တစ်သိန်းကျော်တို့သည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားကြတော့သည်။ ၎င်းတို့ အားလုံးသည် ဖနောင့်နှင့်တင်ပါး တစ်သားတည်း ကျအောင် ပြေးသွားခြင်းပင် ဖြစ်တော့သည်။
“သူတို့ပြေးသွားကြပြီပဲ” ကျန်းဝေအင်ပါယာ၏ စစ်သည်များသည် ပျော်ရွှင်သွားခဲ့ကြ၏။ သို့ပေမဲ့ လေထဲတွင် ရပ်တန့်လျက်ရှိနေသော ကျွင်းချောင်ရှောင်းကို ကြည့်ရှုပြီးသည့်နောက် ၎င်းတို့၏ မျက်လုံးထဲတွင် ထိတ်လန့် ကြောက်ရွံ့မှုမျိုးတော့ ရှိနေသေး၏။ တစ်ဖက်လူသည် စိတ်သဘောမတွေ့၍ သူတို့၏ မြို့ကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်နေမိ၏။ တကယ်တမ်း ဖျက်ဆီးပစ်မည်ဆိုလျှင် လက်ဖျောက်တစ်ချက်တီးရုံဖြင့် သူတို့အားလုံး သေဆုံးသွား နိုင်၏။
သို့ပေမဲ့ ဤကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ် စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာသည် တိုက်ခိုက်ရေး တည်နေရာတွင် ပေါ်နေခြင်းဖြစ်၏။ အင်ပါယာသုံးဦးဘက်မှ စစ်သည်များကို ခြောက်လန့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ဆင်းသက်လာပြီးသည့်နောက် ခြေချိတ်ကာ ထိုင်လျက်ရှိသည်။
“ဂိုဏ်းချုပ်”
ကျန့်ရာက ပြောလိုက်သည်။ “ဒီပတ်ဝန်းကျင် ပြောင်းလဲမှုက သံမဏိအရိုးတောင်မှာရှိခဲ့တဲ့အရာထက် ပိုပြီး အားကောင်းနေတယ်။ ဒီတော့ အောက်မှာရှိနေတဲ့ စိတ်ဝိညာဉ်မိုင်းတွင်းက တော်တော်ကြီး ကြီးမားလိမ့်မယ်နဲ့ တူတယ်”
ကျွင်းချောင်ရှောင်းက သွားဖြီးကာ ပြောလိုက်သည်။ “ဒါက မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးပဲ”
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ များပြားလှသော လွတ်လပ်သည့် ကျင့်ကြံသူများနှင့် အရှေ့ပင်လယ်တွင် ရှိနေသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် ဒန်ထျန်ထဲတွင်ရှိနေသော စွမ်းအင် များကို စုစည်းကာဖြင့် အော်လိုက်၏။ “ကျုပ် ဒီနေရာကို အပိုင်သိမ်းထားပြီးပြီ။ ဒီကနေ မြန်မြန်ထွက်သွားတော့”
သူ၏ အသံတွင် ဓားနှင့်သိုင်းသူတော်စင်တစ်ယောက်၏အော်ရာများ ပါဝင်လျက်ရှိ၏။ ထို့ကြောင့် ရောက်ရှိလာခဲ့ ကြသော သိုင်းကျင့်ကြံသူများ၏ စိတ်များကို တုန်ခါသွားစေခဲ့တော့၏။ ၎င်းတို့ အားလုံးသည် ချက်ချင်းပဲ မျက်နှာတွေ ပျက်ယွင်းကာဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
တစ်စုံတစ်ယောက်သည် ကြောက်မက်ဖွယ်ရာကောင်းလှသော အားအင်အဆင့်ကို ပိုင်ဆိုင်နိုင်သည်ဆိုလျှင် ရှိရှိနေသမျှသော လူများ အားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည်ဆိုသည်မှာ သဘာဝပင် ဖြစ်တော့၏။
........
ဆွစ်
ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ အလင်းတန်းများသည် ပျောက်ကွယ်သွားခဲ့ကြ၏။ ပြီးသည့်နောက် မှာတော့ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုအက်ကွဲကြောင်းများမှတဆင့် ကောင်းကင်နှင့် မြေကြီးကြားတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ထွက်ပေါ်လာတော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနေရာရဲ့အောက်မှာ များပြားလှတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိနေတာကိုး”
ဆွစ် ဆွစ်
သူသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ဓာတ်ငါးပါးခန္ဓာကိုယ်ကို အသက်သွင်းလိုက်တော့သည်။
ဟူး ဟူး
သန့်စင်သည့် မြေဓာတ်သဘာဝများ ထွက်ပေါ်လာပြီးသည့်နောက် အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားတော့သည်။ ပြီးသည့်နောက်မှာတော့ ထိုမြေပြင်ကြီးကို စတင်ကာ ချဲ့ထွင်တော့၏။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ကြီးမားပြီး နက်ရှိုင်းလွန်းလှသော တွင်းကြီးတစ်ခုသည် ပေါ်ပေါက်လာခဲ့တော့သည်။
အထဲတွင်ရှိနေသော မြေဆီလွှာများထဲမှာတော့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများ အများအပြား တည်ရှိနေသည်ကို အတိုင်းသား မြင်နေရ၏။
စနစ်က ပြောလိုက်သည်။ “ဒါက ကြီးမားလှတဲ့မိုင်းတွင်းကြီးပဲ။ အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်း လောက်ရှိမယ်နဲ့တူတယ်”
ကျွင်းချောင်ရှောင်းသည် အထဲသို့ ခုန်ချပြီးသည့်နောက်မှာတော့ စတင်ကာ တူးယူတော့သည်။ ဓာတ်ငါးပါး ခန္ဓာကိုယ်နှင့် ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို အသက်သွင်းပြီးသည့်နောက်မှာတော့ သူသည် အလွန် မြန်ဆန်စွာဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို တူးထုတ်နိုင်စွမ်း ရှိနေတော့သည်။
အားလုံး တူးယူပြီးသည့်နောက် မှာတော့ သေသေချာချာ ရေတွက်လိုက်တော့သည်။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်ကျော်ပင် ရရှိလို့နေခဲ့၏။
“ကောင်းလိုက်တာ”
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောဆီသို့ ပျံတက်ပြီးသည့်နောက်မှာ အင်ပါယာသုံးဦး တည်ရှိရာ နေရာဆီသို့ လှမ်းကြည့်လိုက်၏။ “သွားကြရအောင်။ မြားပေါင်းတစ်သိန်းကျော်အတွက် နစ်နာကြေး သွားတောင်းရမယ်”