← Chapters

အခန်း (၁၀၉၃)

Vol. 74 Ch. 1093

အခန်း (၁၀၉၃)

Vol. 74 Ch. 1093

ကျွင်းချောင်ရှောင်း ထွက်ခွာသွားခဲ့၏။

နဂါးရေကန်မြို့ထဲတွင်ရှိနေသော စစ်သည်များနှင့် အစောင့်အရှောက်များအားလုံးတို့သည် တည်နေရာကြီးတစ်ခုလုံး ရှင်းလင်းသွားသည့်နေရာကိုကြည့်ရင်း ဆွံ့အလျက်ရှိနေကြ၏။ ၎င်းတို့၏ရှေ့တည့်တည့်တွင်တော့ ကြီးမားလှသော မိုင်းတွင်းကြီးတစ်ခုလုံး တည်ရှိနေခဲ့၏။ သို့ပေမဲ့ လေးရက်အတွင်းမှာပဲ တစ်ဖက်လူသည် ပြောင်ရှင်းအောင် တူးထုတ် ခဲ့တော့၏။ မည်ကဲ့သို့များ ပြုလုပ်လိုက်သနည်း။

“စစ်သူကြီး”

ဒုတိယစစ်သူကြီးက ပြောလိုက်သည်။ “သူမထွက်သွားခင်မှာ မြားတစ်သိန်းကျော်အတွက် ဖြေရှင်းရမယ်လို့ ပြောသွားခဲ့တယ်။ ဖြစ်နိုင်တာက ….”

စစ်သူကြီးသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အင်ပါယာသုံးယောက်တို့ကတော့ ပြဿနာတက်ပြီပဲ။”

စစ်သည်ပေါင်းတစ်သိန်းကျော်တို့အား စကားလုံးတစ်ခွန်းတည်းနှင့်တင် ထွက်ခွာသွားအောင် ပြုလုပ်နိုင်သော သိုင်းကျင့်ကြံ သူတစ်ယောက်အား သွား၍ပြဿနာရှာခြင်းသည် ဆိုးရွားသည့်အရာပင် ဖြစ်ပေလိမ့်မည်။ ဟုတ်ပေသည်။ ၎င်းတို့သည် ကျွင်းချောင်ရှောင်းက မှတ်မိနေခြင်းကပင် ကံကောင်းမှုဖြစ်နေတော့၏။ မဟုတ်ပါက သူတို့ပါရောထွေး၍ တိုက်ခိုက် လျှင် ပြဿနာကြီး အကြီးအကျယ်တက်မှာ သေချာတော့၏။

မီးတောက်အင်ပါယာ တည်နေရာ ….

အင်ပါယာနန်းတော် ….

အင်ပါယာသည် နဖူးစပ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းလျက်ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သူ့အား အစောတုန်းက ငွေညှစ်ခဲ့သည့်လူသည် ရွက်သင်္ဘောကြီးနှင့်အတူ ကောင်းကင်ယံအထက်တွင် ပြန်လည်ကာ ရောက်ရှိ နေခဲ့သောကြောင့်ပင် ဖြစ်သည်။ အခြေအနေကို သူသည် ကောင်းကောင်းနားလည်ပြီးသား ဖြစ်သည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက နဂါးရေကန်မြို့သို့ စစ်သူကြီးများကို စေလွှတ်ကာ တိုက်ခိုက်ရန် အမိန့်ပေးခဲ့၏။ သို့ပေမဲ့ ထိုစစ်သူကြီးများအားလုံးသည် ဤကျင့်ကြံသူကြီးအား မြားနှင့်ပစ်လွှတ်တိုက်ခိုက်ခဲ့သေး၏။ ထို့ကြောင့် တစ်ဖက်လူသည် ပြဿနာလာကာ ရှာခြင်းပင် ဖြစ်ပေလိမ့်မည်။

“ပြော။ ကျုပ်တို့ဘယ်လိုဆက်လုပ်ကြမလဲ။”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ သူ့အနေနှင့် ဆဲဆိုရန်လာခြင်းမဟုတ်သလို တိုက်ခိုက်ရန်လာခြင်းလည်း မဟုတ်ပေ။ ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် လာခဲ့ခြင်းသာ ဖြစ်တော့၏။

အင်ပါယာ သည် သူ၏နဖူးစပ်တွင် ရှိနေသော ချွေးများကို သုတကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းပြောတာ ဘာမဆိုဖြစ်ရပါလိမ့်မယ်။”

“လွယ်ကူတယ်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်ဝိညာဉ်ကျောက်တုံး၊ ကျောက်ရိုင်းတုံး၊ ဆေးပင် ဘာဘဲဖြစ်ဖြစ် ခင်ဗျားတို့ပေးနိုင်တာအကုန်လုံးကို ကျုပ်ကို ပေးရမယ်။”

အချိန်နှင့်တည်နေရာပိုးတီအား မွေးမြူရခြင်းသည် အလွန်များပြားလှသော အရင်းအမြစ်များကို ကုန်ခမ်းစေခဲ့၏။ ထို့ကြောင့် ဤအင်ပါယာသုံးယောက်ဆီမှ အရင်းအမြစ်များကို ရယူရန် သူစဉ်းစားထားမိ၏။

“ကောင်းပါပြီ။”

မီးတောက်အင်ပါယာသည် ကျွင်းချောင်ရှောင်း၏ သဘောကို လိုက်လျောလိုက်တော့၏။ သူသည် အလျင်အမြန် ဆိုသလိုပဲ နန်းတော်၏ရတနာတိုက်ထဲတွင် တည်ရှိနေသော အရင်းအမြစ်များအားလုံးကို သွားရောက်ယူငင်ရန် သူ၏ လူများကို အမိန့်ပေးလိုက်တော့သည်။

တစ်ဖက်လူထွက်ခွာသွားပြီးသည့်နောက်မှာတော့ သူသည် လှေကားရင်းတွင်ထိုင်ကာ စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ ထိုအချိန်မှာတော့ တစ်ခြားသော အင်ပါယာနှစ်ယောက်တို့သည်လည်း ကျွင်းချောင်ရှောင်း၏ သဘောကို လိုက်နာနေရ၏။

ကျွင်းချောင်ရှောင်းရောက်ရှိလာသည်ဆိုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရတနာသိုက်ထဲတွင်ရှိနေသော အရင်းအမြစ် များအားလုံးသည် ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။

နှစ်ကြိမ်တိတိ ခြိမ်းခြောက်လုယူခြင်းကို ခံရပြီးသည့်နောက်မှာတော့ အင်ပါယာသုံးယောက်တို့သည် ကျန်းဝေ အင်ပါယာကို အချိန်ကာလတစ်ခုအထိ စစ်တိုက်နိုင်လိမ့်မည်မဟုတ်တော့ချေ။ ထို့ကြောင့် အရှေ့ဘက်ပင်လယ်ဘက်ရှိ တည်နေရာကြီးတစ်ခုလုံးသည် ရှားရှားပါးပါး တည်ငြိမ်အေးချမ်းမှုကို ရရှိသွားခဲ့၏။

သူသည် ကျန့်ရာအား ၎င်း၏ ညီမလေးကို ရှာဖွေရန် ခေါ်ဆောင်လာခဲ့၏။ သို့ပေမဲ့ ကျန့်ရာ၏ ညီမလေးကိုတော့ ရှာမတွေ့ခဲ့ချေ။ ထိုအစား သဘာဝစိတ်ဝိညာဉ်ကျောက်တုံး သန်း ၂၀ ကျော်ကို ရရှိခဲ့၏။ သန်း ၂၀ ကျော်အပြင် များပြား လွန်းလှသော ကျင့်ကြံခြင်းအရင်းအမြစ်များကိုလည်း ရရှိခဲ့သေးသည်။

ဤအရာမှာ သူ့အား သင်ခန်းစာတစ်ခု ကောင်းကောင်းပေးလို့နေတော့၏။ အိမ်မှာတစ်ချိန်လုံးမနေဘဲ အပြင်ဘက်သို့ ရံဖန်ရံခါဆိုသလို ထွက်ခွာနေရန်ဖြစ်တော့သည်။ ထိုသို့ ထွက်ခွာသွားမှသာလျှင် မထင်မှတ်ထားသည့် အကျိုးကျေးဇူး ကို ရမှာသေချာ၏။

“ရောင်းရင်းလေး။”

ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်ရိုင်းတုံးနှင့်ဆေးပင်များအားလုံးကို ထုတ်ယူကာ ပြောလိုက်တော့၏။ “မင်းစိတ်လိုလက်ရ စားလိုက်တော့။”

အချိန်နှင့်တည်နေရာပိုးတီကောင်သည် ချက်ချင်းဆိုသလိုပဲ စိတ်လှုပ်ရှားသွားမိ၏။

“ဂိုဏ်းချုပ်”

ကျန်းတယ်ကျွင်းသည် အထဲသို့ လျှောက်ဝင်လာကာ လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “အစီအရင်ရဲ့ စည်းက အနည်းငယ် လျော့နည်းလာတယ်လို့ ရှင်းရောင်က အာရုံခံမိတယ်တဲ့။ ဒီတော့ မြောက်ပိုင်း သဲကန္တာရနယ်မြေကို သူမနဲ့အတူသွားပြီးတော့ သွားကြည့်လိုက်တယ်။ အခြေအနေက သိပ်မကောင်းဘူး။ လအနည်းငယ်အတွင်းတောင် သိပ်ပြီးခံမယ်လို့မထင်ဘူး။”

“ပိုပြီးတိတိကျကျပြောပါလား။”

“နှစ်ဝက် ဒါမှမဟုတ်ရင် သုံးလ၊ ငါးလအတွင်း ကြားပေါ့။”

ကျွင်းချောင်ရှောင်းသည် အသာထိုင်ကာဖြင့် လက်ချောင်းများကို ဆုပ်နယ်ကာ ပြောလိုက်တော့၏။ “ကြည့်ရတာ တည်နေရာ ချိုးဖြတ်ပြီး ဝင်ရောက်ဖို့အတွက်ကို မြန်မြန်ဆန်ဆန် ကြိုးစားမှဖြစ်မယ်။ ဒီမှာ ဆက်ပြီး ထိုင်ပြီး အသေခံနေလို့မဖြစ်တော့ဘူး။ ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ်။”

ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ “သဲကန္တာရတည်နေရာမှာ မိုးကြိုးအစီအရင်တွေ အများကြီးကို ဖန်တီးထားလိုက်မယ်လေ။ တကယ်လို့ ဝိညာဉ် မျိုးနွယ်တွေ အထဲကို ဝင်လာပြီဆိုတာနဲ့ သူတို့အားလုံးကို ဖောက်ခွဲပစ်လိုက်မယ်။”

“ဒါက ပြဿနာကို အစိတ်အပိုင်းသေးသေးလေးပဲ ဖြေရှင်းနိုင်စွမ်းရှိတယ်။”

ကျွင်းချောင်ရှောင်းက လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “တစ်ဖက်လူကသာ လူအင်အားအများအပြားနဲ့ အလုံးအရင်းဝင်ရောက်ကျူးကျော်လာမယ်ဆိုရင် ကျုပ်တို့အနေနှင့် သူတို့ကို တားဆီးဖို့အတွက် ခက်ခဲတယ်လေ။”

အချိန်နှင့်တည်နေရာ ပိုးတီကောင်၏ သိုင်းအရင်းအမြစ်များကို များများစားစား စားသုံးနေသည့်အခြေအနေကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သူသည် ခေါင်းကို ခါယမ်းကာပြောလိုက်မိသည်။ “ဒီကောင်လေးကို မြန်မြန်ဆန်ဆန် ကြီးထွားစေမှသာလျှင် တစ်ဖက်ဂြိုဟ်အေကောင်းဆုံးသော ကာကွယ်မှုသည် အကောင်းဆုံးသော တိုက်ခိုက်မှုပင် ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းသည် ဝိညာဉ်မျိုးနွယ်များ၏ ကုန်းမြေတိုက်ဆီသို့ အရင်ဆုံးဝင်ရောက်ခွင့်ရရန် မျှော်လင့်နေမိ၏။ ထိုမှသာလျှင် တစ်ဖက်လူများအားလုံး သူ၏ဆီသို့ ရောက်ရှိလာပြီး ပြဿနာမရှာနိုင်အောင် ပြဿနာအရင်းအမြစ်ကို ရှင်းထုတ်ပစ်နိုင်ပေလိမ့်မည်။

“သခင်”

အချိန်နှင့်တည်နေရာပိုးတီကောင်က ပြောလိုက်တော့၏။ “ဒီလိုမျိုး နေ့စဉ်နေ့တိုင်းသာ စားရမယ်ဆိုရင် လအနည်းငယ်အတွင်းမှာပဲ တည်နေရာအဆီးအတားတွေကို ဝါးမြိုနိုင် တဲ့စွမ်းအင်ကို ပိုင်ဆိုင်လာလိမ့်မယ်။”

ကျွင်းချောင်ရှောင်းက မျက်လုံးများ ချာချာလည်သွား၏။ ဤနှုန်းအတိုင်းဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ သိုင်းကျင့်ကြံခြင်းအရင်းအမြစ်များကို စားသုံးမှဖြစ်ပေလိမ့်မည်။

“မဖြစ်သေးဘူး။ မဖြစ်သေးဘူး။”

ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒီထက်များတဲ့ အရင်းအမြစ်တွေကို ရဖို့အတွက် နည်းလမ်းရှာမှဖြစ်မယ်။”

ယွမ်သခင်လေးက ပြောလိုက်သည်။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ ဂြိုဟ်တွေ အများကြီးရှိတယ်လို့ ဂိုဏ်းချုပ်တစ်ခါပြောဖူးတယ်လေ။ ဒီလူတွေဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရဖို့အတွက် ဒီမှာရှိတဲ့ အရင်းအမြစ်တစ်ချို့တလေနဲ့ သွားပြီး လဲလှယ် လိုက်ရင်ရော”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။

“ဒါအဓိပ္ပာယ်ရှိတယ်။ ရန်ငြိုးမရှိဘဲနဲ့ တဘက်လူတွေဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရနိုင်တယ်”

ကုန်းရှန့်သည် ဂြိုဟ်ကြီးများဆီသို့ သွားရောက်၍ လုယက်ခြင်းနှင့် ငွေကြေးခြိမ်းခြောက်တောင်းဆိုခြင်းများကို ပြုလုပ် ၍ မရပေ။ သို့ပေမဲ့ ၎င်းတို့ဆီမှ စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိရန်အတွက် သူ့အနေနှင့် စီးပွားရေးများကို ပြုလုပ် လို့ ရနေသေး၏။

အထူးသဖြင့် ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ ဆဋ္ဌဂံကြယ်ကျောက်တုံးများသည် သူလိုအပ်နေသည့်အရာမျိုး ဖြစ်တော့ ၏။ ထိုအရာများကို ဆယ်သန်းလောက်သာရရှိမည်ဆိုပါက သူ၏ပြဿနာသည် ဖြေရှင်းပြီးသားဖြစ်သွားပေလိမ့်မည်။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်ကာဖြင့် ပြောလိုက်တော့၏။ “ဘာတွေနဲ့သွားပြီး လဲလှယ်ရမလဲ။”

“ဒါက လဲစရာတွေ များပါတယ်။”

ယွမ်သခင်လေးသည် သေသေချာချာစဉ်းစားကာ ပြောလိုက်၏။ “ဥပမာအားဖြင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး၊ ဝိညာဉ်ဖြစ်တည်ခြင်းဆေးလုံး၊ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး အားလုံးကို လဲလို့ရတယ်လေ။ ဒီဂြိုဟ်တွေက ဒီဆေးလုံးတွေကို ကြည့်ပြီး မနှစ်သက်ဘူးဆိုတာမျိုးက မဖြစ်နိုင်ဘူး။ ကျိန်းသေပေါက် ကြိုက်လိမ့်မယ်။ ပြီးတော့ တကယ်လို့ ဆေးလုံးတွေကိုသာ တစ်ခြားဂြိုဟ်တွေကို ရောင်းမယ်ဆိုရင် ကျုပ်တို့အတွက်လည်း ပြဿနာတွေရှိလာနိုင်မှာ မဟုတ်ဘူး။”

ပြိုင်စံရှားဂိုဏ်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဆေးလုံးများကို ရောင်းချသည်ဆိုသော်လည်း အရေအတွက် အရ ကန့်သတ်ထားခဲ့၏။ များများစားစား ရောင်းချနိုင်ခွင့်မရှိချေ။ သူတို့အတွက် ကြီးမားလှသည့် အန္တရာယ်ကြီး ပြန်လည်သက်ရောက်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။ သို့ပေမဲ့ တစ်ခြားဂြိုဟ်များအသီးသီးတွင်တော့ ၎င်းတို့ သည် ပေါပေါများများ လဲလှယ်နိုင်စွမ်းရှိကြ၏။

ဘုတ်

ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေး၏ ပခုံးကို အသာပုတ်ကာဖြင့် စိတ်သက်သာရာရသလို ပြောလိုက်သည်။ “ယွမ်ကြီး။ ခင်ဗျားက တကယ့်ကို စဉ်းစားတတ်တယ်လေ။ ခင်ဗျားရဲ့ အကူအညီနဲ့ဆိုရင် ကျုပ်က ကျားကို အတောင်ပံတပ်ပေးလိုက်သလိုပဲ။ ကောင်းကင်ကြီးက ကျုပ်ကို ကူညီတာပဲ။ သွားကြရအောင်။ ဂြိုဟ်အသီးသီးနဲ့ သွားပြီးတော့ စီးပွားရေးလုပ်ကြမယ်။”

…..

ဂြိုဟ်တိုက်ပွဲတည်နေရာကြီး

ယုဒြာ ကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာအပြင်ဘက်မှာတော့ ကဲ့ကျင်းနန်သည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို ကိုင်ကာဖြင့် အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း ဒီဆေးလုံးက အဲလောက်မှော်ဆန်တာလား။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့ တစ်ခါတည်း စမ်းသပ်ကြည့်လို့ရတယ်လေ။”

“ဘယ်လိုစမ်းသပ်မှာလဲ။”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ယုဒြာကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူတစ်ယောက်၏ လည်ဂုတ်ကို ဖမ်းကိုင်ကာဖြင့် ပခုံးပေါ်မှ ကျော်ကာ ကိုင်ပေါက်လိုက်၏။ ပြီးသည့်နောက်မှာတော့ လက်နှစ်ဖက် နှင့် ခြေထောက်များကို အသုံးပြုကာ ကောင်းကောင်းရိုက်နှက်ခြင်းကို ပြုမူတော့သည်။

ဘုတ် ဘုတ် ဘုတ် ဘုတ်

သိုင်းအုပ်စိုးသူနှင့် နှိုင်းယှဉ်၍ ရနိုင်သော ဤကျွမ်းကျင်သူသည် ခနတွင်းမှာပဲ ကြီးမားသည့် ဒဏ်ရာကို ရရှိရင်း မြေပေါ်လဲကျလျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် လက်ဖြင့် အသာညွှန်ပြကာ ပြောလိုက်တော့သည်။ “အခု ဆေးတိုက်လို့ရပြီ။”

“……”

ကဲ့ကျင်းနန်သည် ဆွံ့အသွားခဲ့တော့သည်။ သူတို့နှစ်ဖက်လုံးသည် များပြားလှသည့် ပူးပေါင်းမှုများကို ပြုလုပ်ဖူးကြ သည့်လူများဖြစ်၏။ ထို့ကြောင့် လေးနက်လှသည့် မိတ်ဆွေရင်းများ၏ ဆက်ဆံရေးကိုလည်း တည်ဆောက်ထားနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ သူမ၏ နောက်လိုက်ပါးစပ်ထဲသို့ ဆေးလုံးအား ပစ်ထည့်လိုက်တော့သည်။

လက်ရှိအခြေအနေတွင် ထူးခြားလှသည့် ကံကြမ္မာအပြောင်းအလဲကို မြင်ရမည့်အချိန်ပင်ဖြစ်တော့၏။

မူလအားဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသော သိုင်းကျင့်ကြံသူသည် ဆေးလုံးကို သောက်သုံးပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ မတ်တပ်ထရပ်လာ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် နီမြန်းလျက်ရှိနေ၏။ အားနည်းလျက်ရှိသည်မှ ချက်ချင်းပဲ အားအင်အပြည့်နှင့် ပြန်လည်ဖြစ်တည်သွားသည်။

“တောင်ကြားသခင် … ကျုပ် … ကျုပ် တကယ့်ကို အဆင်ပြေတယ်။”

ကဲ့ကျင်းနန်သည် ထိုသူ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲပြီးသည့်နောက်မှာတော့ ဒဏ်ရာရှိမရှိကို သေသေချာချာ အတည်ပြုလိုက်သည်။ ပြီးသည့်နောက်မှာတော့ သူမသည် အလန့်တကြားဖြင့် ထ၍ ပြောလိုက်မိ၏။ “ဒါက အံ့အားသင့်စရာပဲ။”

သိုင်းကျင့်ကြံသူများသည် ဒဏ်ရာရရှိခြင်း၊ သို့မဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခြင်းဆိုသည်မှာ သာမန်သာဖြစ် တော့၏။ သို့ပေမဲ့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို သောက်ပြီးသည့်နောက် လူကောင်းပကတိအတိုင်း ပြန်လည် ဖြစ်တည်သွားသည်ဆိုခြင်းမှာတော့ ကောင်းကင်မှ ငြင်းပယ်ရလောက်သည့် ကိစ္စမျိုးပင် ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ထပ်ပြောလိုက်၏။ “ကျုပ်ရဲ့ ဆေးလုံးက စိတ်ဝိညာဉ်အမြူတေ ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကိုပါ တခါတည်း ပြန်ပြီး ဖြည့်တင်းပေးတယ်

“ဂိုဏ်းချုပ်ကျွင်း”

ကဲ့ကျင်းနန်က ပြောလိုက်သည်။ “ဒါက ဘယ်လောက်လဲ။”

သူမသည် အလွန်တရာ စိတ်ဝင်စားနေပြီဖြစ်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့က မိတ်ဆွေရင်းတွေပဲ။ ဒီတော့ ဆေးလုံးတစ်ရာအတွက် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းတိတိကျမယ်။”

“ပြဿနာမရှိဘူး။”

ကဲ့ကျင်းနန်သည် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းပါဝင်သော သိုလှောင်လက်စွပ်ကို ထုတ်ယူပြီးသည့်နောက် မှာတော့ ပြောလိုက်၏။ “အရင်ဆုံး တစ်ထောင်ပေး။”

သူမအနေနှင့် ကျွင်းချောင်ရှောင်းနှင့် ရင်းနှီးလွန်းသော ဆက်ဆံရေးကို ပိုင်ဆိုင်၏။ ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုလည်း မြင့်မားလှသည်ဆို၏။ ထို့ကြောင့် လိမ်လည်ခံရမည်ကို စိုးရိမ်ပူပန်မှုမရှိချေ။

“အတူတူ အလုပ်ပူးပေါင်းရတဲ့အတွက် ပျော်ရွှင်မိပါတယ်။”

အလဲအလှယ်ပြုလုပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိတော့၏။

ယုဒြာကုန်းမြေတိုက်ကြီးဆီမှ စိတ်ဝိညာဉ်ကျောက်တုံးများသည် ဆဋ္ဌဂံကြယ်ကျောက်တုံးလောက် အားမကောင်းလှ ဘူးဆိုသော်လည်း ၎င်းတို့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ စိတ်ဝိညာဉ်ကျောက်တုံးများထက်တော့ နှစ်ဆ ၊ သုံးဆ ပိုမို အားကောင်းလျက်ရှိနေသေး၏။

ထို့ကြောင့် အချိန်နှင့်တည်နေရာပိုးတီကို ကျွေးမွေးရန် အကောင်းဆုံးသောအရာဖြစ်ပေလိမ့်မည်။

…..

ဘုံကိုးပါးကုန်းမြေတိုက်

မိုရှန်ရှမ်းသည် အဓိကဟောခန်းထဲ၌ ၎င်း၏ အကြီးအကဲများနှင့် ဆွေးနွေးလျက်ရှိနေသည်။

နောက်လိုက် တစ်ယောက်သည် ရောက်ရှိလာကာ သတင်းပို့၏။ “မြို့တော်ဝန် … ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ကျွင်းချောင်ရှောင်းက ဧည့်တွေ့လာပါတယ်။”

“သူဘာလို့ ဒီကိုလာတာလဲ။”

မိုရှန်ရှမ်းသည် ချက်ချင်းဆိုသလိုပဲ သတိအပြည့်နှင့်ဖြစ်သွား၏။ ထို့အပြင် အရင်တစ်ချိန်တုန်းက ငွေညှစ်ခံရသည့်ကိစ္စ သူ၏ စိတ်ထဲတွင် တည်ရှိလို့နေသေး၏။ တစ်ဖက်လူသည် သူ့အား ထပ်မံ၍ လာရောက်အနိုင်ကျင့်သည်ဆိုလျှင် အဓိပ္ပာယ်မရှိလှချေ။

“မြို့တော်ဝန်မို”

ခံတပ်၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်တော့၏။ “မတွေ့တာကြာပြီ။ ကျုပ် ခင်ဗျားကို လွမ်းတောင်နေတာ။”

“…..”

မိုရှန်ရှမ်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားတော့၏။ ခင်ဗျားက ကျုပ်ကို လွမ်းတယ်။ ဒါပေမဲ့ ကျုပ်က ခင်ဗျားကို လုံးဝကိုမလွမ်းဘူး။

“ဂိုဏ်းချုပ်ကျွင်း”

မိုရှန်ရှမ်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်တော့၏။ “ဘာလို့လာရှာရတာလဲ။”

ကျွင်းချောင်ရှောင်းသည် ကြိုတင်ပြင်ဆင်ထားသော ထိုင်ခုံပေါ်တွင် အသာထိုင်ချပြီးသည့်နောက်မှာတော့ ပြောလိုက်မိ သည်။ “ဒီကျွင်းက မြို့တော်ဝန်မိုနဲ့အတူ စီးပွားရေးကိစ္စလာပြီးဆွေးနွေးတာ။”

“စီးပွားရေးဟုတ်လား။”

“ဟုတ်တယ်။ တကယ့်ကို ကြီးမားတဲ့ စီးပွားရေးကြီးပဲ။”

All Chapters