အခန်း (၁၀၉၄)
Vol. 74 Ch. 1094
မိုရှန်ရှမ်းသည် ဆွံ့အလျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် သူ့ဆီသို့ လာရောက်တွေ့ဆုံပြီးသည့်နောက်မှာတော့ စီးပွားရေးပြုလုပ်ရန် ဦးစွာ လာရောက် ဆွေးနွေးလျက်ရှိနေသည်။ ထို့အပြင် အလွန်ကြီးမားသည့် စီးပွားရေး ဟု လည်း ပြောဆိုသုံးနှုန်းလျက်ရှိ၏။
“မဖြစ်သေးဘူး။”
ဤအရာသည် ထောင်ချောက်သာဖြစ်ပေလိမ့်မည်။ ထောင်ချောက်ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် သူ၏ ငွေများကို လာရောက် နှိုက်ယူနေခြင်းပင် ဖြစ်မည်။
“အင်း”
လူသားများကြားတွင် ရှိသော ကတိသစ္စာနှင့်ယုံကြည်မှုဆိုသည်မှာ ဤကဲ့သို့ ပျက်စီးနေပြီဖြစ်၏။ ထိုကဲ့သို့ ကိစ္စမျိုး ဖြစ်ရန် စဦးဖန်တီးခဲ့သူမှာလည်း ကျွင်းချောင်ရှောင်းပင် ဖြစ်တော့၏။
“ဂိုဏ်းချုပ်ကျွင်း”
မိုရှန်ရှမ်းက ပြောလိုက်သည်။ “ကျုပ်က စီးပွားရေးသမားတစ်ယောက် မဟုတ်ဘူးလေ။ စီးပွားရေးဘယ်လိုလုပ်ရမလဲ ကျုပ်ကောင်းကောင်းမသိဘူး။”
ဤအရာသည် ကြည့်ကောင်းလှပြီး နည်းဗျူဟာကျကျနှင့် ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။ အဓိကအားဖြင့် တစ်ဖက်လူသည် သူ့အား လိမ်လည်သွားမည်ကို စိုးရွံ့နေမိ၏။
“စိတ်မပူပါနဲ့ … မြို့တော်ဝန်မို။”
ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာကို ကောင်းကောင်းသိ၏။ ထို့ကြောင့် လေးလေးနက်နက် ပြောလိုက်တော့၏။ “ဒီကျွင်းနဲ့စီးပွားရေးတူတူလုပ်တယ်ဆိုတာ ပိုက်ဆံတွေ အများကြီးရအောင်လုပ်တာပဲလေ။ ခင်ဗျားအနေနဲ့ လုံးဝ မရှုံးစေရဘူး”
သူသည် ထိုသို့ပြောလေ မိုရှန်ရှမ်းမှာ ပို၍ အလိမ်အလည်ခံရတော့မည်ကို စိုးရိမ်နေမိဖြစ်၏။ ထို့ကြောင့် ကြောင်အအဖြင့် ပြုံးကာပြောလိုက်တော့၏။ “ဂိုဏ်းချုပ်ကျွင်းက စီးပွားရေးလုပ်ချင်တယ်ဆိုရင် တစ်ခြားတစ်စုံတစ်ယောက်နဲ့သွားပြီးတော့ စီးပွားရေးလုပ်တာ ကောင်းလိမ့်မယ်လေ။ ကျုပ်က တစ်ကယ်ပဲ ဒီကိစ္စမျိုးတွေကို စိတ်မဝင်စားဘူး။”
“ကောင်းပါပြီ။”
တစ်ဖက်လူသည် စိတ်မပါသည်ကို မြင်ရပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လှည့်ကာထွက်ခွာသွားခဲ့၏။
“အင်း”
သူသည် သက်ပြင်းကိုချကာ ပြောလိုက်သည်။ “ဒီကျွင်းက လူတွေရဲ့ဒဏ်ရာတွေကို ချက်ချင်းပြန်လည်ကောင်းမွန်စေတဲ့ဆေးလုံးကို ယူလာတာ။ ဒီတော့ တစ်ခြားဂြိုဟ်ဆီကို သွားပြီးတော့ အလဲအလှယ်ပြုလုပ်မှပဲဖြစ်တော့မယ်။”
“နေအုံး။”
မိုရှန်ရှမ်းက ပြောလိုက်သည်။ “ခုနတုန်းက ဂိုဏ်းချုပ်ကျွင်း ဘာပြောလိုက်တာလဲ။”
ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်ပြီးသည့်နောက်မှာတော့ သူ၏ညာဘက်လက်ကို မြှောက်လိုက်၏။ ထိုလက်ထဲတွင်တော့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး တစ်ပုလင်း တည်ရှိလို့နေ၏။
“ဒီပစ္စည်းကို ချက်ချင်းပြန်လည်ကောင်းမွန်တဲ့ဆေးလုံးလို့ခေါ်တယ်။ ဒဏ်ရာတွေကို ချက်ချင်းပြန်လည်သက်သာ စေတယ်။ သေမလိုဖြစ်နေတဲ့လူတောင်မှ အသက်ရှုနေရင် ချက်ချင်း ငေါက်ခနဲထထိုင်ရမယ်။”
မိုရှန်ရှမ်းသည် ဤကဲ့သို့ ဆေးလုံး၏အစွမ်းကို သိရှိရသည့်အချိန်မှာတော့ ရုတ်တရက် ဆွံ့အသွားမိ၏။ သူသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးပေါင်း မြောက်များစွာကို အသုံးပြုခဲ့ဖူး၏။ ထို့အပြင် မြင်ခဲ့ဖူးသေးသည်။ သို့ပေမဲ့ ဒဏ်ရာများအားလုံးကို ချက်ချင်းပြန်လည်ကောင်းမွန်စေသည့် ဆေးလုံးဆိုသည်မှာတော့ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်သည်။
သူအား တစ်ဖက်လူသည် အသိဉာဏ်မရှိသည်ဟုထင်မှတ်သောကြောင့် သာမန်ဆေးလုံးများကို ယူဆောင်လာပြီး အရူးလာလုပ်လေသည်လား။ သူတွေးနေသည်ကိုသာ ကျွင်းချောင်ရှောင်း သိရှိမည်ဆိုပါက ကျိန်းသေပေါက် စိတ်ဓာတ်ကျနေပေလိမ့်မည်။
“ကျုပ်က အဲ့လောက်ကြီး ထုံအတဲ့ လူတစ်ယောက်လို့ ထင်နေတာလား။ ကျုပ်က လေးလေးနက်နက် စီးပွားရေး လာလုပ်တာ။ ခင်ဗျားအနေနဲ့ နည်းနည်းတည်တည်တံ့တံ့ တွေးပေးသင့်ပါတယ်။ မြိုတော်ဝန်မို။ တကယ်လို့ မယုံကြည်ဘူးဆိုရင် အဝါရောင်အဆင့် ဒဏ်ရာရတဲ့လူတစ်ယောက်ယောက်ကို စမ်းကြည့်ရအောင်။”
“…….” မိုရှန်ရှမ်းသည် ခဏလောက် ငြိမ်သက်သွား၏။ ပြီးသည့်နောက်မှာတော့ သူ၏ဘေးတွင်ရှိသော အဖိုးအိုတစ်ယောက်ကို လှမ်း၍ကြည့်ရှုလိုက်၏။
အဘိုးအိုသည် အလျင်အမြန်ပဲ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ၎င်း၏ ခံတပ်ထဲတွင် ရှိနေသော ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားသည့် သိုင်းကျင့်ကြံသူကို သွားရောက်ကာ ရှာဖွေတော့သည်။
ဤဘက်ခေတ်ကြီးတွင် ခံတပ် သို့မဟုတ် ဂိုဏ်းတစ်ခုခုထဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသော လူတစ်ယောက်ယောက်မရှိပါက ဘောင်ဝင်လှသည့် တည်နေရာမဟုတ်ကြောင်းပင် သတ်မှတ်နိုင်နေတော့၏။ ဤအရာမှာ ရှက်စရာပင်ဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း”
မိုရှန်ရှမ်းကပြောလိုက်သည်။ “ကျုပ်ရဲ့နောက်လိုက်က အမွေအနှစ်တည်နေရာတစ်ခုဆီကို သွားရင်းနဲ့ ဒဏ်ရာရရှိခဲ့တာ။ နှစ်ပေါင်းများစွာ အိပ်ရာထဲမှာလဲနေတာ။ ဒီပြန်လည်ကောင်းမွန်ခြင်းဆေးလုံးက သူ့ကို ကုသပေးနိုင်ပါ့မလား။”
ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်ရှိစွာ ပြောလိုက်တော့သည်။ “သူ့ရဲ့အဆင့်က ကျုပ်ပြောတဲ့ အဝါရောင်အဆင့်ထဲမှာရှိပြီးတော့ အသက်ရှုနေသေးတယ်ဆိုရင် ချက်ချင်း ငေါက်ခနဲထထိုင်ရမယ်။”
မိုရှန်ရှမ်းသည် လက်ကိုယမ်းခါကာ ပြောလိုက်၏။ “သူ့ကိုခေါ်ထုတ်ပြီး ဂိုဏ်းချုပ်ကျွင်းကို ကုသခိုင်းလိုက်။”
“ကောင်းပါပြီ။”
အဘိုးအိုသည် ခံတပ်ထဲတွင်ရှိနေသော ဒဏ်ရာအပြည့်နှင့် လူအား အသာချီမကာ ခေါ်လာခဲ့တော့၏။ ၎င်းအား မြေပြင် ပေါ်တွင် အသာလှဲထား၏။ ကျွင်းချောင်ရှောင်းသည် လျှောက်လာပြီးသည့်နောက်မှာတော့ တစ်ဖက်လူကို သေချာ ကြည့်ရှုလိုက်၏။ တစ်ဖက်လူသည် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားကြောင်း သူမြင်လိုက်ရ၏။
ထူးခြားလွန်းသောနည်းလမ်းများကို အသုံးပြု၍ အသက်ကို ဆွဲဆန့်ထားသည်သာမဟုတ်ပါက တစ်ဖက်လူသည် သေဆုံးနေသည်မှာ ကြာပြီဖြစ်၏။ တစ်ဖက်လူများအနေနှင့် သူ၏ဆေးလုံးကို မယုံကြည်သောကြောင့် ဤကဲ့သို့ အပြင်းအထန် သေဆုံးလုနီးပါးဖြစ်နေသည့် လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်လာခြင်းပင်ဖြစ်ပေ လိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာဖြင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတစ်လုံးကို ထုတ်ယူကာပြောလိုက်၏။ “ကျေးဇူးပြုပြီး သူ့ပါးစပ်ကို ဟလိုက်ပါ။”
အဘိုးအိုသည် အသာလျှောက်လာပြီးသည့်နောက်မှာတော့ သတိလစ်မေ့မျောနေသည့် သိုင်းကျင့်ကြံသူ၏ ပါးစပ်ကို ဆွဲကာ ဖြဲလိုက်၏။ ပြီးနောက် တွေးလိုက်မိသည်။ ဒီလူရဲ့ မရီဒန်တွေအကုန်လုံးက ဖျက်ဆီးခံလိုက်ရတယ်။ ဒဏ်ရာကလည်း ပြင်းထန်လွန်းတယ်။ အရမ်းကို ကောင်းတဲ့ ကောင်းကင်ရဲ့ ဆေးလုံးမှမဟုတ်ရင် ဘယ်လိုလုပ်သူ့ကို ပြန်လည်ကောင်းမွန်အောင် ကုသနိုင်မှာလဲ။
မိုရှန်ရှမ်းလည်း ထိုသို့ပင် တွေးမိ၏။
ကျွင်းချောင်ရှောင်း၏ ဆေးလုံးသည် အသုံးမဝင်သည်ဆိုပါက သူ့အနေနှင့် ချက်ချင်းပဲ ငြင်းပယ်ရန်အကြောင်းပြချက်ကို ရရှိမည်ဖြစ်သည်။ ထို့အပြင် သူသည် အရူးတစ်ယောက်မဟုတ်ပေ။ အဓိပ္ပာယ်မရှိသည့် ဆေးလုံးများကို အတင်း လာရောင်း၍ အားနာကာ ဝယ်ယူလိမ့်မည်မဟုတ်ပေ။
ရွှီ …။
ကျွင်းချောင်ရှောင်းသည် လက်ချောင်းကို အသာတောက်ထုတ်လိုက်သည့်နောက်မှာတော့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးသည် အပြင်းအထန် ဒဏ်ရာရရှိထားသည့် လူ၏ပါးစပ်ထဲသို့ တန်း၍ ဝင်သွားတော့၏။
“အားလုံးပဲ။ ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရှုရအောင်။”
ဟူး
ဒဏ်ရာရရှိထားသော သိုင်းကျင့်ကြံသူသည် ဆေးလုံးကို သောက်သုံးပြီးသည့်နောက်မှာတော့ ချက်ချင်း ပါးစပ်ထဲမှ သွေးအမဲများအန်ထွက်လာခဲ့၏။ ၎င်း၏မျက်နှာသည် ချက်ချင်းပဲ ပိုမိုကာ ဖြူလျော်သွားခဲ့၏။
အဘိုးကြီးသည် အလောတကြီးဖြင့် နောက်ကို ဆုတ်လိုက်၏။ ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “မြို့တော်ဝန် … ဒီဆေးလုံးက အဆိပ်ပဲ။”
မိုရှန်ရှမ်း၏ မျက်နှာသည် ရုတ်တရက် မဲမှောင်သွား၏။ ပြီးသည့်နောက်မှာတော့ အံ့ကြိတ်ကာပြောလိုက်၏။ “ဒါက ပျော်စရာမကောင်းတော့ဘူး။”
ဤအရာသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးမဟုတ်သည့်အပြင် အဆိပ်ဆေးလုံးတစ်ခုပင်ဖြစ်နေသေး၏။ သူ၏ နောက်လိုက်ဒဏ်ရာများသည် ပိုမိုကာ ဆိုးရွားသွားခဲ့သည်။ စီးပွားရေးလုပ်တာမဟုတ်ဘဲနှင့် ကျိန်းသေပေါက် ပြဿနာလာရှာခြင်းပင်ဖြစ်ပေသည်။
ဟုတ်ပေသည်။ လူတိုင်းဆီမှာ အကန့်အသတ်ဆိုသည်မှာရှိ၏။ ၎င်းဆီသို့ ထပ်မံတလဲလဲရောက်ရှိလာပြီး ဤကဲ့သို့ ပြဿနာရှာသည့် ကိစ္စမျိုးအား ဘယ်သောအခါမှ သည်းခံလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ဂိုဏ်းချုပ်ကျွင်းသည် ဘုံကိုးပါးကုန်းမြေတိုက်ကြီးအား သာမာန်ညောင်ည ဟု ထင်မှတ်နေသည်လား မသိချေ။ ဤကဲ့သို့သောအရာများကို သည်းခံရန်အတွက် သူသည် သူတော်စင်သူတော်ကောင်းတစ်ယောက်လည်း မဟုတ်ချေ။
လက်ရှိအချိန်မှာတော့ မိုရှန်ရှမ်း၏ ခန္ဓာကိုယ်တွင် အလွန်အားကောင်းလွန်းလှသော ဒေါသတရားများ ဖြစ်တည်လာ ၏။ သူသည် အော်ဟစ်လိုက်၏။ “ကျွင်းချောင်ရှောင်း … ခင်ဗျား …”
ရွှီ
ထိုအချိန်မှာပဲ သွေးမဲများအန်ထုတ်လျက်ရှိနေသော ဒဏ်ရာရသည့် သိုင်းကျင့်ကြံသူသည် မျက်လုံးပွင့်လာခဲ့၏။ ၎င်းသည် ငေါက်ခနဲ ထထိုင်လာပြီးသည့်နောက်မှာ မျက်နှာပေါ်တွင် ‘ငါဘယ်သူလဲ။ ဘယ်ရောက်နေတာလဲ။ ဒီနေရာ ဘယ်နေရာလဲ’ ဆိုသည့် အမူအရာမျိုး ထင်ပေါ်လာသည်။
ဘုံကိုးပါးကုန်းမြေတိုက်ကြီး သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အသွားခဲ့ကြ၏။ ၎င်းတို့၏ အဖော်သည် သေလုနီးပါးဖြစ်နေသည်ကို သူတို့နားလည်မိ၏။ သို့ပေမဲ့ ချက်ချင်းပဲ ငေါက်ခနဲ ထထိုင်လျက်ရှိနေ၏။
မိုရှန်ရှမ်းသည် သူ၏ နောက်လိုက် ရုတ်တရက် မတ်တပ်ထရပ်လာသည်ကို မြင်သည့်နောက်မှာတော့ အလောတကြီးဖြင့် သူပြောမိသည့်စကားများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူသည် ဒေါသတရားများကို ပြန်လည်ထိန်းချုပ်ပြီးသည့်နောက်မှာတော့ တန်ပြန်မှုကို ခံစားလိုက်ရပြီး ချက်ချင်း သွေးများပင် အန်ထွက်လာခဲ့သည်။
“ဒါ … ဒါက”
ဆေးလုံးအား အဆိပ်ဟု ပြောခဲ့သော အဘိုးအိုသည်လည်း ဆွံ့အလျက်ရှိနေ၏။ သူတို့ဘက်မှ လူသည် သေဆုံးလုနီးပါး ဖြစ်နေသည်ဖြစ်သော်လည်း လက်ရှိအခြေအနေမှာ အလွန်အားကောင်းလှသော အသက်ဓာတ်များ ပြည့်နေသည့် လူကောင်းတစ်ယောက်ကဲ့သို့ ထောင်ထောင် ထောင်ထောင်နှင့်ပင် ဖြစ်လို့နေတော့သည်။ သူသည် သရဲတစ္ဆေတစ် ကောင်ကို တွေ့လိုက်ရသလို မယုံမကြည် ဖြစ်မိနေ၏။
“မြို့တော်ဝန်မို”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား သူ့ဒဏ်ရာတွေကို စစ်ဆေးကြည့်ပါအုံး။”
ရွှီ
အဘိုးကြီးသည် ရှေ့ဆီသို့ အလျင်အမြန်လျှောက်သွားပြီးသည့်နောက်မှာတော့ ဆွံ့အလျက်ရှိနေသော သိုင်းကျင့်ကြံသူ၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်၏။ သေသေချာချာ စမ်းသပ် စစ်ဆေးပြီးသည့် နောက်မှာတော့ သူသည် မြို့တော်ဝန်ဘက်သို့ လှည့်ကာပြောလိုက်၏။ “သူ သူပြန်ကောင်းသွားခဲ့ပြီ။”
အချက်အလက်အားဖြင့် သူတို့အနေနှင့် သေသေချာချာ မစစ်ဆေးဘူးဆိုလျှင်တောင်မှ ထင်သာမြင်သာ ကြည့်ရှု နိုင်သောအရာပင် ဖြစ်တော့သည်။
“ကျွင်း …. နေပါအုံး။ သူဘယ်ရောက်သွားတာလဲ။”
ကျွင်းချောင်ရှောင်းသည် သူ၏ မြင်ကွင်းထဲတွင် မရှိတော့ချေ။ မြို့တော်ဝန်မိုသည် အလောတကြီးဖြင့် စိတ်ဝိညာဉ် စွမ်းအင်များကို အာရုံဖြန့်ကျက်ကြည့်ရှုလိုက်သည့်အခါမှာတော့ တစ်ဖက်လူသည် တစ်ခြားတည်နေရာဆီသို့ ပျံသန်း သွားပြီဖြစ်ကြောင်းကို သိရှိလိုက်ရ၏။
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “မြို့တော်ဝန်မို … စီးပွားရေးလုပ်ရတာ သိပ်မကောင်းဘူးဆိုတော့ ကျုပ်က တစ်ခြားဝယ်လက်ကိုပဲ ရှာပါတော့မယ်။”
“ဂိုဏ်းချုပ်ကျွင်း။”
သူသည် အလောတကြီးဖြင့် အော်လိုက်သည်။ “နေ … နေပါအုံး။”
ဤကဲ့သို့ ဆန်းကြယ်လွန်းသော ဆေးလုံးများတည်ရှိနေသည်ဖြစ်သည်မို့ မိုရှန်ရှမ်းသည် စီးပွားရေးမပြုလုပ်ဘူးဟု ပြောပါက ရူးနေသည့် လူတစ်ယောက်သာဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် ညှိနှိုင်း၍ ဆောင်ရွက်မှ ဖြစ်ပေလိမ့်မည်။
ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ ခံတပ်အပြင်ဘက် တည်နေရာတွင်တော့ ညှိနှိုင်းဆွေးနွေးမှုစားပွဲသည် ချပြီးသားဖြစ်၏။
ကျွင်းချောင်ရှောင်းသည် မနေချင့်နေချင် မထိုင်ချင့်ထိုင်ချင်နှင့် ထိုင်နေသည့် ပုံပန်းသွင်ပြင်နှင့်ရှိလို့နေသည်။ “ဒီကျွင်းက ပေါက်ကရတွေ လျှောက်ပြောတာကို မကြိုက်ဘူး။ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတစ်လုံးကို ဆဋ္ဌဂံ ကြယ်ကျောက်တုံး ငါးထောင်ကျတယ်။”
ဤဈေးနှုန်းသည် ယုဒြာကုန်းမြေတိုက်ကြီးထက် သူထားရှိခဲ့သည့် ဈေးနှုန်းထက် အဆပေါင်းများစွာ ပိုမိုကာ မြင့်မား လျက်ရှိနေ၏။ ကုန်းရှန့်သည် သူ၏ သူငယ်ချင်းများအပေါ်တွင် သစ္စာရှိသူဖြစ်ကြောင်း ဤအချက်ကို ကြည့်သည် နှင့် သိရှိနိုင်စွမ်းရှိ၏။
“ဒါက …” မိုရှန်ရှမ်းသည် အနည်းငယ်တွန့်ဆုတ်လျက်ရှိသည်။
ကျွင်းချောင်ရှောင်က လေးလေးနက်နက်ပြောလိုက်၏။ “အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ တစ်ယောက်ဖြစ်လာအောင်လို့ ကုန်ဆုံးခဲ့ရတဲ့ ဆဋ္ဌဂံကြယ်ကျောက်တုံး အရေအတွက်ကို ကြည့်ရှုမယ်ဆိုရင် ငါးထောင်ထပ်ပိုပြီးတော့ များမှာပဲလေ။”
“ဒီအရာက တစ်စက္ကန့် ငေါက်ခနဲ ထထိုင် ဆေးလုံးပဲ။ ဒီဆေးလုံးကို သောက်သုံးလိုက်သည်ဆိုသည်နှင့် အသက် နှစ်သက်ရှိသလိုပဲ ပြန်လည်ကောင်းမွန်သွားလိမ့်မယ်။ မြို့တော်ဝန်မိုအနေနဲ့ ဈေးနှုန်းကို မြင့်မားတယ်ဆိုရင် ဒီကျွင်းက တစ်ခြားလိုက်ပြီးရှာတော့မယ်။”
ပြောပြီးပြီးချင်းနောက်မှာပဲ မတ်တပ်ထရပ်ကာ ထွက်ခွာသွားရန် ပြင်လိုက်၏။
“ဂိုဏ်းချုပ်ကျွင်း ….”
မိုရှန်ရှမ်းသည် အလောတကြီးဖြင့် မေးမြန်းလိုက်သည်။ “ဒီ တစ်စက္ကန် ငေါက်ခနဲထထိုင် ဆေးလုံး ခင်ဗျားဆီမှာ ဘယ်လောက်ရှိလဲ။”
အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် လေ့ကျင့်ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ချေ။ စိတ်ဝိညာဉ်ကျောက်တုံးအများအပြားကို ကုန်ဆုံးခဲ့သည်သာမက အချိန်များကလည်း အလွန်ကုန်ခမ်းလွန်းလှ၏။
ဟုတ်ပေသည်။ တစ်စက္ကန့် ငေါက်ခနဲ ထထိုင် ဆေးလုံးသည် အသက်ပိုတစ်ခုတည်ရှိသည်နှင့် ဆင်တူသောကြောင့် သူ့အနေနှင့် တန်ဖိုးထားရမည်ဖြစ်သည်။
“မြို့တော်ဝန်မို။ ဘယ်လောက်လိုချင်လို့လဲ။” ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်၏။
မိုရှန်ရှမ်းသည် ခနလောက်စဉ်းစားပြီးသည့်နောက်မှာတော့ လက်တစ်ချောင်း ကို ထောင်ကာ ပြောလိုက်သည်။ “တစ်သောင်းတိတိပဲ။”
ကျွင်းချောင်ရှောင်းသည် ခုံပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွား၏။ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး တစ်သောင်း ဆိုသည်မှာ ဆဋ္ဌဂံကြယ်ကျောက်တုံး သန်း ၅၀ ကို ဆိုလိုခြင်းပင် ဖြစ်သည်။ သူ့အနေနှင့် သေသေချာချာ မတွက်ချက်ဘူးဆိုလျှင်တောင်မှ အချိန်နှင့်တည်နေရာ ပိုးတီကောင်အား ချက်ချင်းကောင်းကင်ပေါ်သို့ ရောက်အောင် ပြုလုပ်နိုင်သော အရေအတွက်ပင် ဖြစ်တော့၏။ ကျန်သည့်ဆဋ္ဌဂံကြယ်ကျောက်တုံးများကိုပင် ဂိုဏ်း၏ တပည့်များ ကျင့်ကြံရန် ပေးအပ်နိုင်သေး၏။
“ယွမ်ကြီး … ခင်ဗျားကို ကျုပ် သေမတတ် ချစ်သွားပြီ။”
ယွမ်သခင်လေး၏ အကြံပြုချက်မပါပါက ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့သော ကိစ္စမျိုးကို လာ၍ ပြုလုပ်ရန်စဉ်းစား မိလိမ့်မည်မဟုတ်ချေ။
၎င်းသည် ရင့်ကျက်သည့်လူတစ်ယောက်ဖြစ်လာပြီဖြစ်သောကြောင့် စိတ်လှုပ်ရှားနေသည်ဆိုသော်လည်း အပြင်ပိုင်းမှာ တော့ တည်ငြိမ်ဟန်ဆောင်ထား၏။ သူသည် သေသေချာချာ စဉ်းစားသည့် ဟန်ပန်မျိုး ပြုလုပ်ကာ ပြောလိုက်၏။ “မြို့တော်ဝန်မို … တစ်စက္ကန့် ငေါက်ခနဲ ထထိုင် ဆေးလုံးတစ်သောင်းဆိုတာက အချိန်နည်းနည်းတော့ ယူရမယ်။”
“ဘယ်လောက်ယူမှာလဲ။”
“တစ်လ ဒါမှမဟုတ်ရင် နှစ်လပေါ့။”