အခန်း (၁၀၉၅)
Vol. 74 Ch. 1095
တစ်ဖက်လူသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတစ်သောင်းကို တာင်းဆိုလိမ့်မည်ဟု ကျွင်းချောင်ရှောင်း မထင်မှတ်ထားခဲ့ချေ။ ဤအရာသည် များပြားလှသော ပမာဏဖြစ်ပြီးသူ့တွင် ပစ္စည်းမရှိချေ။
ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ဖော်မြူလာ ရစဉ်ကတည်းက သူသည် လီချင်းယန်အား ထုတ်လုပ်ရန် ညွှန်ကြားထားခဲ့၏။
သို့ပေမဲ့ ဆေးပင် အကန့်အသတ်ကြောင့် အများအပြားမထုတ်လုပ်နိုင်ခဲ့ပေ။ ထို့ပြင် ဆေးလုံးသည် တပည့်များ တိုက်ပွဲတည်နေရာသို့ သွားရာတွင် အသက်အပိုဖြစ်စေရန် ဖန်တီးထုတ်လုပ်ထားသည့် အတွက် တပည့်များတိုက်ပွဲတည်နေရာသို့ သွားချိန်တွင်သာ တကူးတက ယူဆောင်သွားတတ်သည့် ဆေးလုံးဖြစ်သည်မို့ အများကြီး မထုတ်လုပ်သည်မှာ သဘာဝပင် ဖြစ်တော့သည်။
ဤဖြစ်ရပ်သည် ကျွင်းချောင်ရှောင်းအား များစွာ သတိထားမိစေခဲ့၏။ နောင်တွင် ပစ္စည်းအများအပြားထုတ်ရန် စဉ်းစားမိလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း"
မိုရှန်ရှမ်း သည် လေးလေးနက်နက်ပြောလိုက်၏။ "ကျုပ်တို့ရဲ့ ပူးပေါင်းမှုက အဆင်ပြေပြေဖြစ်စေချင်တယ် ဘာလှည့်စားမှုမှ မပါဘဲနဲ့ပေါ့"
သူဆိုလိုသည်မှာ ‘ကျုပ်ကို မလှည့်စားနဲ့ ကျုပ်အရူးမဟုတ်ဘူး’ ဟူ၍ပင် ဖြစ်၏။ များပြားပြီး တန်ဖိုးကြီးမားလွန်းသော ဆေးလုံးများသည် အသုံးမဝင်မည်ကို သူစိုးရိမ်သည်။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့တိုးကာ လက်မြောက်ပြီးပြောလိုက်၏။ "ကျုပ်က စီးပွားရေးလုပ်တဲ့နေရာမှာ အရိုးသားဆုံးပဲလုပ်တယ်။ တစ်ကယ်လို့ လိမ်ညာခဲ့ရင် မိုးကြိုးပစ်ပါစေလို့ ကျိန်ဆိုလိုက်မယ်"
"ဂိုဏ်းချုပ်ကျွင်း ခင်ဗျားက အရမ်းကို လေးနက်လွန်းတယ်" မိုရှန်ရှမ်း သည် ထိုသို့ပြောပြီးသည့်နောက်မှာတော့ အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သို့ေ"ခင်ဗျားတို့ စမ်းသပ်ခဲ့တဲ့လူအတွက် ဆေးလုံးဖိုး ပေးအုံးလေ"
စနစ် "..."
ဤအရာသည် မိမိပစ္စည်းအရည်အသွေးကောင်းမွန်ကြောင်း ကြော်ငြာ၍ စမ်းသပ် သောက်သုံးခိုင်းသည့် အရာဖြစ်၏။ သို့ပေမဲ့ လက်ခံသူသည် ပိုက်ဆံတောင်းလျက်ရှိသည်။
"ဘယ်လောက်လဲ"
"၄၉၉၉ ပါ"
စမ်းသပ်သည့် ဆေးလုံးနှင့် ရောင်းချသည့် ဆေးလုံးသည် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးသာ ကွာခြား၏။ ဤအရာသည် အမှန်ပင် အမြတ်ကြီးစားခြင်း ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနှင့် စိတ်ဝိညာဉ်ဖြစ်တည်ခြင်းဆေးလုံးတို့ကို ရောင်းချ ချင်မိ၏။ သို့သော် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနှင့်သာ အဆင်ပြေနေသောကြောင့် ကျန်ဆေးလုံးများကို ရောင်းချရန် မလိုအပ်တော့ချေ။
"အကြီးအကဲဝေ"
ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် သူသည် မြန်မြန်ဆန်ဆန်ပင်ပြောလိုက်၏။ "ဆေးပင်တွေ စိုက်ပျိုးမှုကို ပိုပြီးတိုးချဲ့ဖို့လိုနေပြီ"
"ကောင်းပါပြီ"
အကြီးအကဲဝေသည် ပြီးသည့်နောက်မှာတော့ ဆေးပင်စိုက်ခင်းကို ပို၍ချဲ့ထွင်တော့၏။ ပြီးနောက် အဖွဲ့သားများကိုခေါ်ကာ ဆေးပင်များကို စိုက်ပျိုးတော့၏။
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်း၏ စားပွဲဆီသို့ ရောက်ရှိလာပြီးနောက်မှာတော့ ဆဌဂံကြယ် ကျောက်တုံးတစ်တုံး ကို ယူကာ ပြောလိုက်သည်။ "မင်းအနေနဲ့ ဒီလို အရည်အသွေးကောင်းတဲ့ စိတ်ဝိညာဉ်ကျောက်တုံး တွေရမယ်ဆို ကြီးထွားဖို့ဘယ်လောက်လိုမလဲ"
"ဆယ်ရက်ပါ" အချိန်နှင့်တည်နေရာ ပိုးကောင်သည် အချိန်မဆွဲဘဲ ပြန်ဖြေလိုက်၏။
“…….” ကျွင်းချောင်ရှောင်းသည် တုန်ယင်သွား၏။
ဆဌဂံ ကြယ်ကျောက်တုံး ဆယ်သန်း။
ဤအရာသည် သူအနေ့ဖြင့် စုပ်ယူမည်ဆိုတောင်မှ ရက်ပေါင်းအများပြား ကြာမြင့်မည်ဖြစ်၏။ သို့သော် အချိန်နှင့် တည်နေရာ ပိုးကောင်သည် ဆယ်ရက်နှင့်ပင် စုပ်ယူနိုင်သည်ဟု ဆို၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ကျွင်းချောင်ရှောင်းသည် ထိုင်ကာ စဉ်းစားလိုက်မိ၏။ "နှစ်လအတွင်းမှာသာ အကြီးအကဲဝေတို့ ဆေးလုံးတွေထုတ်နိုင်ခဲ့ရင် ဝိညာဉ်မျိုးနွယ်တွေကို မီနိုင်သေးတယ်။ ဒါပေမဲ့ မထင်ထားတဲ့ ပြဿနာတွေသာ တက်လာခဲ့ရင် သွားပြီပဲ "
သူအနေဖြင့် အရာအားလုံးကို စေ့စေ့စပ်စပ်စဉ်းစားနေ၏။ ပြီးသည့်နောက်မှာတော့ သူသည် တပည့်များအား မြောက်ပိုင်းသဲကန္တာရ နယ်မြေရှိ အစီအရင်တွင် ဝိညာဉ်မျိုးနွယ်များ ကျူးကျော်မလာစေရန်အတွက် စောင့်ကြည့်ရန် စေလွှတ်ခဲ့၏။
"ဂိုဏ်းချုပ်"
ယွမ်သခင်လေးသည် အကြံပြုလိုက်သည်။ "တကယ်လို့ ဝိညာဉ်မျိုးနွယ်တွေက ကျုးကျော်လာမယ်ဆိုရင် အလုံးအရင်း နဲ့ဝင်လာမှာသေချာတယ် ။ ဒီတော့ အဲနားမှာ မြို့ခံတပ်တစ်ခုတည်ထားပြီး သူတို့လာတာနဲ့ ဦးအောင်တိုက်လိုက်မယ်လေ"
ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေးပေါ်သို့ လက်တင်ပြီးပြောလိုက်၏။ "နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ခင်ဗျားလို ပါရမီရှင်ကို ကန်ထုတ်လိုက်တာ ကျုပ်တစ်ကယ် ကျေးဇူးတင်မိတယ်”
“…....." ယွမ်သခင်လေးသည် တိတ်ဆိတ်သွားမိ၏။ သူ၏ နှလုံးသားထဲတွင်တော့ အော်ဟစ်နေမိ၏။ ခင်ဗျားကြောင့် ကန်ထုတ်ခံရတာလေ။
သူအနေနှင့် ပြိုင်စံရှားဂိုဏ်းသို့ဝင်စဉ်က အနည်းငယ် ဇဝေဇဝါဖြစ်နေ၏။ သို့သော် အချိန်ကြာလာသည့် အခါမှာတော့ ဂိုဏ်း၏ အခြေအနေကို ပို၍သိလာတော့၏။ စားသောက်ခန်းတွင် တာဝန်ယူလျက်ရှိနေသော အားဟိုင်နှင့် ရိဟိုင်ပင်လျင် သိုင်းဘုရင်အဆင့် ကျင့်ကြံသူဖြစ်လို့နေ၏။
ပိုပြီး အံ့ဩရသည်မှာ ဂိုဏ်းချုပ်သည် သူ၏ တပည့်အတွက်နှင့် တစ်လောကလုံးကို ရင်ဆိုင်ရဲခြင်းပင် ဖြစ်၏။ ထိုကဲ့သို့အရာမျိုးသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းတွင်ပင် မရှိချေ။
"ကျုပ် ယွမ်ဖန်က နေရာအမှန်ကို ရောက်သွားတာပဲ။ ကျုပ်တို့ရဲ့ဆက်နွယ်မှုက ကြီးမားတဲ့အောင်မြင်မှုကို ရရှိလိမ့်မယ်"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ဥပမာ ပြောရမယ် ဆိုရင် ကျုပ်က မြင်းမောင်းသူ တစ်ယောက် ဖြစ်ပြီးခင်ဗျားက မြင်းတစ်ကောင်ပေါ့။ ပြီးတော့ မြက်ခင်းပြင်ပေါ်မှာ ကျုပ် တစ်ကလောက် ၊ တစ်ကလောက် နဲ့ ခင်ဗျားကို မောင်းပြီး ကြီးမားခမ်းနားလွန်းတဲ့ တည်နေရာကြီးဆီကို အတူတူ သွားနေတယ်လို့ အြားရစရာကောင်းတယ် မလား"
ယွမ်သခင်လေးသည် မြေပေါ်သို့လဲကျလုမတတ် ဖြစ်သွား၏။ ဂိုဏ်းချုပ်သည် သူ့အား တစ်ကလောက် ၊ တစ်ကလောက် နှင့် စီးပြီး သွားအုံးမည်ဟု ဆိုနေချေသည်။ မည်မျှဆိုးရွားလှသော ဥပမာနည်း။
စည်းအစီအရင်ကြီးအား တစ်ဖက်မှ လူများသည် ဖောက်ထွင်းလျက်ရှိနေသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် လုံခြုံအောင် အစာင့်များချထား၏။ သို့သော် ဤမျှနှင့်ပင် မလုံလောက်သေးချေ။ ထို့ကြောင့် ယွမ်သခင်လေး၏ အကြံအတိုင်း မြင့်မားလှသော ခံတပ်ကြီးများတည်ဆောက်ရန် ဆုံးဖြတ်လိုက်တော့၏။
"မြို့တော်ဝန်"
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ကမ်းပေးရင်းပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းက ဂိုဏ်း တော်တော်များများနဲ့ အရောင်းအဝယ်လုပ်နေတာလေ။ အဲ့တော သဲကန္တာရထဲမှာ မြို့သေးသေးလေးတစ်ခု ဆောက်ဖို့ ခွင့်ပြုပေးပါ့လား"
"ဒါက"
အသက်အလယ်ပိုင်းလူတစ်ယောက်သည် တွေဝေ ငေးငိုင်သွား၏။ ဤသူသည်မှာ မြောက်ပိုင်းသဲကန္တာရ၏ မြို့တော်ဝန်ပင် ဖြစ်တော့၏။
တောဝက်ရိုင်းလေး နှင့် လီချင်းယန်တို့သည် ခံတပ်တည်ဆောက်ရာတွင် အလွန်တော်ကြ၏။သို့သော် သူများ၏ ပိုင်နက် ဖြစ်သောကြောင့် ခွင့်ပြုချက်တော့ ယူရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်း၏ ဂုဏ်သိက္ခာကြောင့် မြို့တော်ဝန်စွန်းသည် မည်သို့မျှငြင်းဆန်ခြင်း မပြုခဲ့ချေ။ ထို့ပြင် သူအားပေးသော စိတ်ဝိညာဉ်ကျောက်တုံးများအားလဲ မယူခဲ့ချေ။
"နည်းလို့လား"
"မဟုတ်ပါဘူး … မဟုတ်ပါဘူး…."
မြို့တော်ဝန်စွန်းသည် အသာပြန်ပေးကာဖြင့် ပြောလိုက်၏။ "သဲကန္တာရဆိုတာ လူတွေ နေထိုင်ဖို့မသင့်ဘူးလေ။ ဒါပေမဲ့ ဂိုဏ်းချုပ်ကျွင်းက မြို့တည်ချင်တယ်ဆို မတားပါဘူး။ ကျုပ်အနေနဲ့ကတော့ ဒါတွေ မလိုအပ်ပါဘူး"
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာပြောလိုက်၏။ "ဒါဆိုလည်း ကျေးဇူးတင်ပါတယ်"
ထွက်ခွာသွားပြီးသည့် နောက်မှာတော့ မြို့တော်ဝန်စွန်းသည် ပြောလိုက်သည်။ "တစ်နှစ်လုံးနီးပါး သဲမုန်တိုင်းတွေရှိတဲ့ နေရာမှာ ကုန်ပစ္စည်းတွေဖလှယ်ဖို့ မြို့တည်ဆောက်ချင်တယ်ဆိုတော့ ဂိုဏ်းချုပ်ကျွင်းက ဘာတွေတွေးနေတာလဲ"
ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ လီချင်းယန်သည် ပစ္စည်းများကို ယူဆောင်ကာ တည်နေရာကို တိုင်းထွာပြီး အဆောက်အဦးများ ဆောက်လုပ်တော့၏။
"စကြရအောင်"
"ကောင်းပါပြီ"
များပြားလှသော လုပ်သားများသည် တစ်ပြိုင်နက်တည်း ကြိုးစားလိုက်ကြ၏။ သူတို့သည် ကြီးမားလှသော ခံတပ်ကြီးကို ဆောက်လုပ်မည် ဖြစ်သဖြင့် သူတို့ အသုံးပြုသော ပစ္စည်းများမှာလည်း အခိုင်ခန့်ဆုံးကိုသာ ရွေးချယ်ကြသည်။
လီချင်းယန်သည် တည်နေရာတွင် ဆောက်လုပ်မည့်ပုံစံအား ကြည့်ရှုပြီးနောက် သေချာ ညွှန်ကြားဆောက်လုပ်တော့၏။
ကျွင်းချောင်ရှောင်းသည်လည်း အလကားမနေချေ။ အစီအရင်ခန်းမအား ခေါ်ယူ၍ မြို့နှင့် ဂိုဏ်းအား တည်နေရာရွေ့ပြောင်းခြင်း အစီအရင်များကို ပြုလုပ်စေသည်။
"တကယ့်ကို ကြီးမားတဲ့ လုပ်ငန်းစဉ်ကြီးပဲ"
အကြီးအကဲကျန်း နှင့် ရှန့်ကွမ်းရှင်းရောင် တို့သည် အလုပ်များလျက်ရှိ၏။ ၎င်းတို့သည် အကန့်အသတ် နှင့်သာရှိသောကြောင့် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်သည် အဝေးသို့ မရွှေ့ပြောင်းနိုင်ချေ။ သို့သော် တစ်နေရာပြီးတစ်နေရာ တည်ဆောက်ထားခြင်းဖြင့် သဲကန္တာရဆီသို့ချိတ်ဆက်နိုင်၏။
"ဟောခန်းသခင် ဖန်း"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "ဖြစ်နိုင်သမျှ လက်နက်တွေ အကုန်လုံးကို စိတ်ဝိညာဉ် တွေနဲ့ ပေါင်းစပ်ထားတာလိုချင်တယ်"
"ကောင်းပါပြီ"
ဖန်းရီကျိသည် လက်နက်များအား စိတ်ဝိညာဉ်ပေါင်းစပ်ရင်း နေ့စဉ်နေ့တိုင်း အလုပ်များလျက်ရှိ၏။ သို့သော် သူ၏ ဘဝသည် ပြည့်စုံနေသည်ဟု ခံစားနေမိ၏။
ပုံမှန်အားဖြင့် ငြိမ်သက်နေသော ပြိုင်စံရှားဂိုဏ်းသည် ကျွင်းချောင်ရှောင်း၏ အမိန့်အောက်မှာတော့ အလွန်တရာ အလုပ်များလျက်ရှိနေတော့သည်။
ဤသည်မှာ စစ်ပွဲတစ်ခု စတင်ရန် အစပျိုးနေခြင်းပင် ဖြစ်နိုင်ပေ၏။
အချိန်များသည် တစ်ရွေ့ရွေ့ကုန်ဆုံးကာ တစ်လခန့်ကြာပြီးသည့် အချိန်မှာတော့ မြောက်ပိုင်းသဲကန္တာရထဲတွင် မြို့တစ်ခု ဖြစ်တည်လာခဲ့တော့သည်။
အဝေးမှကြည့်လျှင် အဝါရောင်သဲများကြားတွင် ကြီးမားလှသော ခံတပ်ကြီးတစ်ခု တည်ဆောက်ထားဟန်တူ၏။ မြို့၏ လေးဖက်လုံးတွင်ရှိတော့ ဂိတ်တံခါးများတွင် အင်္သချေမြို့ ဟု ရေးသားထား၏။
"ဂိုဏ်းချုပ်"
မြို့၏ မျှော်စင်မှာတော့ လီချင်းယန်သည် မိတ်ဆက်ပေးလိုက်တော့၏။ "ဒါက ကာကွယ်ရာမှာ သုံးတဲ့မြို့ပဲ။ စစ်သည်ပေါင်းတစ်သန်းလောက် ထည့်ထားမယ်ဆိုရင်တောင် ပြဿနာမရှိဘူး"
"မဆိုးဘူး … မဆိုးဘူး" ကျွင်းချောင်ရှောင်းသည် ခေါင်းကိုညိတ်ကာပြောလိုက်၏။ ဂိုဏ်းတွင် စီမံခန့်ခွဲမှုတော်သော လူရှိနေပြီဖြစ်သော်လည်း သူ၏ တပည့်အားလည်း အလွန် ချီးကျူးမိသည်။ အဘယ်ကြောင့်ဆိုသော် လီချင်းယန်သည် မျက်နှာလွှဲထား၍ပင် ရသောလူ မဟုတ်ပါလား။